♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2014

"ကဲ...ပျိုမေတို့ သကြားတစ်ဇွန်းနဲ့ မျက်နှာကို နုပျိုချောမွတ် စေရန် "

အဆင့် (၁) သင်နှစ်သက်ရာ မျက်နှာသစ် ဆပ်ပြာကို သုံးပါ။ ရေနွေးနွေးဖြင့် မျက်နှာသစ် ပေးပါ။
အဆင့် (၂) သကြားအနု (Granulated Sugar) ကိုစားပွဲတင်ဇွန်း (၁)ဇွန်း ထည့်ပါ။
အဆင့်(၃) မျက်နှာတစ်ပြင်လုံးကို စက်ဝိုင်း ပုံသဏ္ဍာန်ဖြင့် ညင်သာစွာ ပွတ်ပေးပါ။ (မျက်လုံး ပတ်ဝန်းကျင် တစ်ဝိုက် မပါပါ)
အဆင့် (၄) သကြားမှုန့်များမှ အလိုအလျောက် တာဝန်ယူမည် ဖြစ်သဖြင့် မျက်နှာကို လုံးဝ လုံးဝ ကြမ်းတမ်းစွာ မပွတ်ပါနှင့်။

"အရှေ့တိုင်း အနောက်တိုင်း စုန်းကဝေအကြောင်း...။ "



 (က) အရှေ့တိုင်း (မြန်မာ)ယုံကြည်မှု

စုန်းဟူသည် ဇုဏှသဒ္ဒါမှဆင်းသက်၍ ဇုဏ်း မှ ရွေ့လျှောလာကာ စုန်းဟူ၍ ဖြစ်လာခြင်းပေတည်း။ ပညာစက်ဖြင့် တောက်ပမြူးတူးတတ်သောသူ ဟုဆိုလိုသည်။

ဥရူနတ် ၊ဇော်ဂနီနတ်၊ ဂန္ဓဗ္ဗနတ်တို့အား မှီကပ်ကိုးကွယ်ခြင်းဖြင့် တစ်စုံတစ်ယောက်အား နှိပ်စက်ခြင်း၊ ဖမ်းစားခြင်း စသည့်ပြုနိုင်စွမ်းရှိကြပေသည်။
စုန်း(၇)မျိုး ရှိသည်။။

(၁) ဆင်ကွပ်။ (၂) နဖားတပ်။ (၃) ရွာသူ၊ (၄) ရွာသမီး၊ (၅) ကဝေ၊ (၆) အိမ်တလိမ့်၊ (၇) ဇောဂိနီ လို့ စုန်း ခုနှစ်မျိုးရှိတယ်။

" ဂျစ်တူးပြောတဲ့ ငှက်ပုံပြင်"



ဂျစ်တူးပြောတဲ့ယုန်ပုံပြင်ကိုမှတ်မိသေးလား ဘဘ။ အင်း ဒီတစ်ခါ နောက်ပုံတစ်ခုထပ်ပြောပြဦးမယ်။ ဒီပုံပြင်က မှတ်သားစရာလေးတွေလည်း ပါတော့ ဘဘတို့လို အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတွေမှတ်ထားသင့်တယ်။ပုံပြင်က ငှက်လေးတစ်ကောင်အကြောင်း။ ဘာငှက်လည်းလို့မမေးနဲ့လေ။ ဂျစ်တူးလည်းမသိဘူး။ စာကလေးဖြစ်ရင်ဖြစ်မယ်။ခိုဖြစ်ရင်ဖြစ်မယ်။ အင်း…..ခိုတော့မဖြစ်နိုင်ဘူး။ ခိုတွေက တအား ညည်းတတ်ကြတယ်။ ငှက်သောကကြီးတွေ။ သီချင်းဆိုတတ်ရင်ပြိးရောဗျာ။ ဘာငှက်ဖြစ်ဖြစ်။
ဟိုရှေးရှေးတုန်းကတဲ့။ အဲ ဟိုရှေးရှေးတုန်းကလည်းမဟုတ်ဘူး။ အချိန်ကာလအသိအကျမသိရတဲ့ တစ်ခါတုန်းကလို့ပဲ မှတ်လိုက် ဘဘရာ။

"ဘိုလီးဗီးယားနိုင်ငံ လာပက်ဇ်မြို့ရှိ စုန်းဈေး"




 တောင်အမေရိကမှာရှိတဲ့ လမ်းဘေးဈေးဆိုင်များပင် ဖြစ်ပါသည်။ ကမ္ဘာ့အမြင့်ဆုံး မြို့တော် (၁၁၂၀၀ ပေ) ဖြစ်သော လာပဲ့ဇ်မြို့တွင် တည်ရှိပြီး စုန်းမများ ၊ ဆေးဆရာများ ၊ နတ်ဆရာများ ၊ ဗေဒင်ဆရာများ ၊ ရှေ့ဖြစ်ဟောသူများ နှင့် မှော်ဆရာများသည် ပစ္စည်းများအတွက် လာရောက်ဝယ်ယူကြတယ်လို့ ဆိုပါတယ်။

"ဖူးစာ ရှာပုံတော်"

Share
ရေကူးဝတ်စုံဝတ် အမျိုးသမီးငယ် လေးက ရေကူးကန်ထဲသို့ ပက်လက်လန် အနေအထားဖြင့် ခုန်ချရန်အတွက် အ သက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ ရေကူး ကန်ထဲ တွင်တော့ သက်လတ်ပိုင်း အရွယ် အမျိုးသားများက သူမကို ဆီး ဖမ်းဖို့ အသင့်အနေအထားနှင့်။ ထိုအ မျိုးသားများမှာ နေရာဒေသမတူ။ အ လုပ်အကိုင်မတူကြ။ သို့ရာတွင် အားလုံး တွင် တူညီသည်က သင့်တော်သည့် အမျိုးသမီးငယ်တစ်ဦးနှင့် လက်ထပ်ရ ရေး မျှော်မှန်းချက်ပင် ဖြစ်သည်။

November 28, 2014

အမျိုးသားပညာရေးဥပဒေဖျက်သိမ်းရန် မန္တလေးတွင်ဆန္ဒပြ


အမျိုးသားပညာရေးဥပဒေဖျက်သိမ်းပစ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို ဒီနေ့ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။ မြင်းခြံခရိုင်၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ မိတ္တီလာ ခရိုင် မုံရွာခရိုင်နဲ့ မန္တလေးခရိုင်က ကျောင်းသားသမဂ္ဂအဖွဲ့ ဝင် ၅၀ ကျော်ခန့် နဲ့ မြို့ ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ ပါဝင်ခဲ့ကြပြီး  မန္တလေးမြို့တော်ခန်းမရှေ့ ၂၆ ဘီလမ်းပေါ်တွင် ညနေပိုင်းအထိ ထိုင်သပိတ်ဆင်နွဲမယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ  - တေဇလှိုင်/ဧရာဝတီ

"ရာသီလာချိန် မိန်းကလေးတွေ ဘာတွေ တွေးတတ်သလဲ.."

အမျိုးသမီးတွေဟာ ဓမ္မတာရက်အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိုးတွေ၊ အကြောင်းမရှိ ၀မ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန်ခံစားရဲ့ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုခံစားမှုတွေ ရှိနေချိန် ဘေးနားက လူတွေရဲ့ နားလည်မှုနဲ့အားပေးမှုကို လိုအပ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့တွေးလေ့၊ ခံစားရလေ့ရှိတဲ့ အရာတွေကတော့

၁။ ကြည့် ဒီလိုနေ့မျိုးမှ ရာသီလာရသလား။ ခရီးသွားမယ့်ရက်နဲ့တော့ တိုက်ပါပြီ။

ခရီးတစ်ခုခုသွားတော့မယ်ဆို အဲ့ဒီရက်က ရာသီလာမယ့်အချိန်နဲ့မှ လွတ်ရဲ့လား။ ကွက်တိဖြစ်နေပြီလား ဆိုတာလည်း စဉ်းစားရတာအမောပါ။ ရက်တိုက်ပြီဆိုရင်တော့ အမျိုးသမီးတွေအတွက် စိတ်ပျက်ရပြီပေါ့။

မဖြစ်သင့်သော ရွေ့လျား ပြောင်းလဲလာသည့် မြန်မာ စကားလုံးများ အကြောင်း

 
“အဲလို”
“အဲတော့”
“အာ့ကို”
“အာ့က”
“ဘာလို့”
“ဟုတ်တယ်
မလား”…

" ကန်စွန်းဥ ရွှေချီ ဆနွင်းမကင်း၊ ကန်စွန်းဥ အုန်းနို့ သာကူ "


ကန်စွန်းဥ ရွှေချီ ဆနွင်းမကင်း

ပါဝင်ပစ္စည်းများ -
၁။ ကန်စွန်းဥပြုတ် – ၂ လုံး ( ချေထားသော ကန်စွန်းဥပြုတ် – 4 cups )
၂။ အုန်းနို့ ( coconut cream ) – ၁ ဗူး

" စော်ကြည်စေမည့် ဘဲကြည်စေမည့် မှော်နည်းလမ်းလေးတစ်ခု "


   မှော်နည်းလမ်းဆိုကတည်းက ဟဲဟဲ . . .စိတ်ဝင်စားသွားကြပြီမဟုတ်လား။ သူငယ်ချင်းတွေလည်းလိုက်လုပ်ကြမယ်လို့ထင်ပါတယ်။ ဟဲဟဲ အောက်လမ်းလို့ထင်ချင်ထင်၊ အထက်လမ်းလို့ထင်ချင်ထင်၊ ထင်ချင်သလိုထင်ကြဗျာ။ ဒါပေမယ့် ဥပဒေနဲ့မငြိစွန်းတာတော့သေချာတယ်ဗျာ။
       

" စိတ်ညှို့ပညာ (သို့) အိပ်မွေ့ချခြင်း "

စိတ်ညှို့ပညာသမိုင်းကြောင်း

စိတ်ညှို့ပညာကို ရှေးပဝေဿဏီအခါတုန်းက အိမ်မွေ့ပညာ (ခ)
အိမ်မွေ့ချခြင်းပညာရပ်ဟု သုံးနှုန်းခဲ့ကြသည်။ ဒီပညာရပ်သည် အိန္ဒိယ ၊ အီဂျစ်
၊ဂရိ နှင့် ရောမ အစရှိသော စိတ်ပညာများထွန်းကားရာ တိုင်းပြည်ကြီးမှာ
ဆင်းသက်လာကြဟု အဆိုပြုချက်များ ရှိခဲ့ကြသည်။ ဒီပညာရပ်ကို လက်တွေ့စနစ်တကျ
သိပ္ပံနည်းအရ သုတေသနပြုလုပ်ခဲ့သူမှာ လွန်ခဲ့သော အနှစ်နှစ်ရာလောက်က
ဂျာမန်လူမျိုးဆရာကြီး " မက်စ်မား " ပဲ ဖြစ်ပါသည်။ သူ၏အမည်အရှည်ကောက်မှာ
Franz Anton Mesmer(1734–1815) ဖြစ်ပါသည်။ 1734 မှာ မွေးဖွားခဲ့ပါသည်။

November 27, 2014

ရန်ကုန်သို့ ဝင်သော နယ် မှတ်ပုံတင် ကားများ မြို့ဝင်ကြေး ကောက်ခံမ


နိုဝင်ဘာ ၂၆ရက်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် များအား မြို့ဝင်ကြေး ကောက်ခံ သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။

မြို့ဝင်ကြေး ပေးဆောင်ထားသည့် မော်တော်ယာဉ် များအနေဖြင့် ရန်ကုန်မြို့ အတွင်းမှ ပြန်လည်ထွက်ခွာသည့်အခါ သက်သေခံ လက်မှတ်ကို ပြသ ရမည်ဖြစ်ပြီး ယင်းလက်မှတ်ပြသနိုင်မှု မရှိလျှင် မြို့ဝင်ကြေး ကောက်ခံသောနေ့မှ စ၍ ပြန်လည် ထွက်ခွာသည့် နေ့အထိ သတ်မှတ် နှုန်းထားများအတိုင်း ရက်အလိုက် တွက်ချက် ပေးဆောင်ရမည်ဖြစ်သည်။

လင်းယုန် မိုးကောင်းကင် အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး

ကျွန်တော် သတင်းစာထဲမှာတွေလို့ တင်ပေးလိုက်တာပါဗျာ သူငယ်ချင်းတို့ အဆင်ပြေမယ်လို့ ထင်ပါတယ် ကျွန်တော်မောင်စိုးကတော့ express ကာကြီးတွေကို ချစ်မြတ်နိုးတစ်ယောက်ပါ
လင်းယုန် မိုးကောင်းကင်ယာဉ်လိုင်းလဲ အဆင်ပြေပါစေ
အန္တရာယ်ဘေးကင်းပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါ
တယ်
mgsoemin1995@gmail.com
mgsoe phone- 09250370904

" အချစ်ရေ ငါလေ မင်းကို ဆားလေး တစ် pinch လိုတန်ဘိုးထားတယ် "

 
အချစ်ရေ ငါလေ မင်းကို
ဆားလေး တစ် pinch လိုတန်ဘိုးထားတယ်
ဆားတစက် မပါရင် အရသာရှိပါ့မလား
အချစ်ရေ ငါလေ မင်းကို
သကြားလေး တစ်ဇွန်းလို တန်ဘိုးထားတယ်
သကြားမပါတဲ့ အရည်က ချို့ပါ့မလား
အချစ်ရေ ငါလေ မင်းကို
ရေလေး တစ်ဗူးလို တန်ဘိုးထားတယ်
ရေငတ်ရင် ရေဗူးပါမှဖြစ်မယ်လေ
အချစ်ရေ ငါလေ မင်းကို
အနွေးထည်လေး တစ်ထည်လို တန်ဘိုးထားတယ်
သိပ်ချမ်းရင် အနွေးထည်မရှိလို့မဖြစ်ဘူး
အချစ်ရေ ငါလေ မင်းကို

" ငါးပုတ်ခြောက် ထမင်းကြော် (Wutyee Food House)

ငါးပုတ်ခြောက် ထမင်းကြော် (၂ယောက်စာ)

ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ဆန် – နို့ဆီဗူး ၁လုံး (အနည်းငယ် မွထားပေးပါ)
၂။ ငါးပုတ်ခြောက် – ၂လက်မအရွယ်
၃။ မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပေးထားပါ)
၎။ ဘိုစားပဲ – ရခု ( အတုံးသေးများ လှီးပေးပါ)
၅။ ပြောင်းဖူးသေး – ၅ခု ( အတုံးသေးများ တုံးပေးပါ)

၆။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

"လှတောသား စကားတောင်းစား ဟာသမှတ်စုများ"

 ဘုန်းကြီးလူထွက်လျောက်ထုံး
**********************

 ဘုန်းကြီးလူထွက်တစ်ဦးသည် သူနေထိုင်ခဲ့သော ကျောင်းအနီး၌ပင်ပန်းကြီးစွာ လယ်ထွန်နေစဉ် ဆရာတော်ဖြတ်သန်းသွားခိုက်ကြုံ၍ ထွန်ပေါ်မှဆင်းပြီးဝတ်ဖြည့်ရာ
"ရသေ့ကြီရဲ့ မုတ်ဆိတ်မွေးကို မိဖုရားကြီးက ဆောင့်ဆွဲတဲ့ဇာတ်ကို သတိမရဘူးလား"
"ရပါတယ်ဘုရား,ရပုံများတော့ တပည့်တော်ရဲ့ အသားအရေကိုသာ ကြည့်ပါတော့ဘုရား, သစ်ကြားသီး မီးဖုတ်ထားတဲ့ အတိုင်းပါပဲ ဘုရား ကျောတစ်ပြင်လုံးလဲ မီးကျောင်းအရေခွံခွာ နေလှန်းထားသလားမှတ်ရ ဒီကျောင်းနားလာပြီ လယ်လုပ်မိတော့ ဘုရားပရိဝုဏ်ကို ကျောပေးပြီး အိမ်သာဆောက် မိသလိုဖြစ်နေပြီဘုရား" ဟုပြန်လည်လျှောက်ထားလေ၏။ ပြုံးပျော်နိုင်ပါစေ

 
အလှူအိမ်မှလက်ဖက်ခွက်
************************

"မိန်းကလေးများ အသားဖြူ ချင်ရင် "

 
 လိမ္မော်ခွံနဲ့ အသားဖြူနည်း
     လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့အချိန်မှာကြိတ် ပြီးပေါင်ဒါလို အမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှ နိုးအစိမ်းနဲ့ရောပြီးပျစ်ခဲနေအောင် ဖျော်ပါ ။ အဲဒီ အရည်ကို အရေပြား ကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။

"ရည်းစားမရှိတဲ့ အပျို ကြီး မမတွေကို မပြောသင့်တဲ့ စကားများ"

ရည်းစားထားရမယ့်အရွယ် ရောက်နေပြီဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် တစ်ယောက်တည်းဖြစ်နေတတ်တဲ့ အပျိုကြီးမမတွေ ရှိပါတယ်။ အသက် ၂၅ ကျော်လာပြီမို့ သူတို့ကို ဒီလိုစကားမျိုးတွေ ပြောမိရင် စိတ်တိုတတ်ကြတယ်၊ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရည်းစားမရတာ၊ မထားချင်လို့ မထားတာ စသဖြင့် ကိုယ်မသိတဲ့ အကြောင်းအရာတစ်ခုကို သူ့မျက်နှာရိပ်မျက်နှာကဲတောင် မကြည့်ပဲ ပြောချင်တာပြော၊ မေးချင်တာမေးတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ တစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ မို့လို့ပါ။

November 26, 2014

ဘာရီယာတုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ခရီးသည် ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောယာဉ် လမ်းပြုပြင်ရန် အမှတ်အသားချထားသည့် ဘာရီယာတုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ဒဏ်ရာရ
နေပြည်တော်၊ နိုဝင်ဘာ ၂၅

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅/၁-၂)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

"မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား???"



၁) မနှိုင်းနဲ့


"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

" ကားမောင်းရင်း ပညာသားပါပါ အီးဘယ်လိုပေါက်မလဲ "

ကိုဖြိုးအာကာထွန်းဝေလင်းမိုး.....(ဟူးးးးးးမောလိုက်တာ)...ကသူသိချင်တဲ့ အကြောင်းလေးကို စီဘောက်စ်မှာ မေးထားလေတော့... တတ်သိကြုံဘူး ခဲ့ကြတဲ့ ဝါရင့်ယာဉ်မောင်းဆရာကြီးတွေ
ဆီမှာ ချဉ်းကပ်လို့ မေးမြန်းသိရှိခဲ့တာလေးတွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်...ဟီးး
  • ယာဉ်မထွက်မှီကတည်းက ကိစ္စလေးတွေကို ပြီးအောင် ပြုလုပ်ထားရပါတယ်တဲ့....ဒါမှ လမ်းခရီးမှာ အခက်မကြုံတွေ့ရမှာဖြစ်ပါတယ်... 
  • နီးစပ်ရာ ရပ်နားစခန်းရှိရင် အဲဒိနေရာ ခနရပ်ပြီး ကိစ္စပြေလည်အောင် ပြုလုပ်ရမည်..
  • အစားအသောက် စားတဲ့နေရာမှာ လေစာတို့ မန်ကျီးမှည့်တို့ ကိုရှောင်ရမည်....

"နာစရုဒင် ပုံပြင်(၁) "

နာစရုဒင်ဟာ တရားဓမ္မကို ရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူဟာ သူ့မြည်းကိုစီးပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုစတဲ့နေရာတွေကိုသွားပြီး ဆရာသခင်တွေဆီက မေးမြန်းလေ့လာတယ်။ ဒါပေမယ့် သူဘာမှ အထူးအထွေ မတွေ့ရှိခဲ့ဘူး။

နီပေါဘက်ဆီက ဆရာသခင်တစ်ပါးအကြောင်း သတင်းစကားတွေကြားရတော့ နာစရုဒင်ဟာ အဲ့ဒီဆရာသခင်ထံသွားဖို့ အားထုတ်တယ်။ ဆရာသခင်နဲ့တွေ့ဖို့ တောင်ပေါ်တက်နေတုန်းမှာပဲ နာစရုဒင်ရဲ့ မြည်းဟာ ပင်ပန်းမောလျစွာနဲ့ သေဆုံးသွားတော့တယ်။ ဒါနဲ့ နာစရုဒင်လည်း သူ့မြည်းကို မြုပ်ပြီး ၀မ်းနည်းစွာနဲ့ စိတ်ပျက်လက်ပျက်ထိုင်နေတာပေါ့။

"မြန်မာစာရေးနည်းမှ ယတိဗေဒအကြောင်း"






ယတိဗေဒ ခေါ်  မြန်မာစာရေးသားနည်း
(လယ်တီအရှင်ကေလာသ)

`မြန်မာစာသည် တို့စာ´
`မြန်မာစကားသည် တို့စကား´ ဟူသည့်အတိုင်း မြန်မာနိုင်ငံသားတိုင်းသည် မြန်မာစာတတ်ရမည်။ မြန်မာစကားပြောတတ်ရမည်ဖြစ်သည်။ မြန်မာစာနှင့် မြန်မာစကား တွင်လည်း `နှုတ်တစ်ရာ စာတစ်လုံး´ ဆိုသည့်အတိုင်း စကားထက် စာက ပိုမို၍ အရေးကြီးလှပါသည်။ ကျနော်တို့တတွေသည် သူငယ်တန်းကတည်းက မြန်မာစာသင်လာရသည်ဆိုသော်လည်း မြန်မာစာ၏ အရေးပါပုံ၊ အသုံးဝင်ပုံ၊ အသုံးပြုပုံ၊ သဒ္ဒါတွေကို ရေရေရာရာနားမလည်ခဲ့ကြပါ။ ကမ္ဘာသုံးစကားဖြစ်သော အင်္ဂလိပ်စာနှင့် ယှဉ်ကြည့်လျှင် မြန်မာစာ၊ မြန်မာသဒ္ဒါသည် စနစ်မကျဟူ၍ ပြောဆိုသုံးသပ်ဝေဖန်နေကြသည်ကို ကြားဖူး၊ ဖတ်ဖူးပါသည်။

November 25, 2014

'ရွှေမန်းသူ'' ၀င်တိုက်၍ လှမ်းလျှောက်နေသူ ၁ ဦး သေဆုံး

''ရွှေမန်းသူ'' ၀င်တိုက်၍ လှမ်းလျှောက်နေသူ ၁ ဦး သေဆုံး

အမြန်လမ်းဘေးတွင် လမ်းလျှောက် နေသူအား အရှိန်မထိန်း နိုင်သော ခရီးသည်တင်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ သေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ဝဝ၃ဝ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၅/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်နေ မြင့်သိန်း(၄၇)နှစ်မောင်းနှင်လာသော 9E/**** ''ရွှေမန်းသူ''ခရီးသည်တင်မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး ကွန်ကရစ်လမ်းအစပ်၌ လမ်းလျှောက်နေသည့် ရမည်းသင်းမြို့နယ်၊ ရှမ်းဘုရားရွာနေ ဇော်မြင့်(၂၃)နှစ်အား နောက်မှ ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရှိရသည်။

"အချစ်ရေ ငါလေ ခုတလော ရူးနေတယ် "

 

အချစ်ရေ ငါလေ ခုတလော ရူးနေတယ်
အချစ်ရေ ငါလေ ခုတလော ဖောက်နေတယ်
အချစ်ရေ ငါလေ ခုတလော ဂစ်နေတယ်
ချစ်ရေ ငါလေ ခုတလော ရစ်နေတယ်
ချစ်ရေ ငါလေ ခုတလော မျှစ်နေတယ်..
လိုချင်တာ ကိုမရတော့ စိတ်ပျက်တယ်
မလိုချင်တာ ကိုယ်ရတော့ စိတ်ပျက်တယ်
မကြုံချင်တာ ကြုံရတော့ စိတ်ပျက်တယ်
ကြုံချင်တာ ကြုံမရတော့ စိတ်ပျက်တယ်
ဆုံချင်သူကို မဆုံရတော့ စိတ်ပျက်တယ်
မဆုံချင်သူကို ဆုံရတော့ စိတ်ပျက်တယ်

" အာလူးဖျော်ရည် ဘာကြောင့်သောက်သင့်တာလဲ "

အာလူးဖျော်ရည်နဲ့ ပတ် သက်လို့ သုတေသီအချို့က အစာ အိမ်ရောင်ရမ်းနာအတွက် သဘာ ဝဆေးဝါးတစ်ခုလို့ ဆိုထားကြပါ တယ်။ အစာအိမ်နဲ့အူလမ်း ကြောင်းထဲ အနာရောဂါမဖြစ်ပွား ဖို့အတွက် အာလူးဖျော်ရည်လက် ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေ အနည်းငယ်နဲ့ရောစပ်ပြီး မနက် စာ၊ နေ့လယ်စာနဲ့ ညစာမစားခင် နာရီဝက်လောက် အလိုမှာ သောက်ပေးသင့်တယ်လို့သိရပါ တယ်။

"ကားမောင်းနည်း"

 
 
ကား မ မောင်းတတ်သေး တဲ့ fri များ အတွက် ,ဗဟုသုတ နှင့် အ ခြေခံနားလည် ရန် ရည်၇ွယ်သည်
ပထမ အ နေနဲ့ manual gear type ကို ဖော်ပြ ပါမည်
-manual gear သည် အောက် တွင် ပြထားသည့် ပုံအတိုင်း ထိုးရမည
-manualgear ကားများတွင် ခြေနင်း ၃ ခု ပါသည်,ညာဘက် အစွန် သည် လီဗာ,အလယ်ည် ဘရိတ်,ဘယ်ဘက်တွင် ကလပ် ရှိသည်

"အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော် "


အမျိုးသားတွေက အပြင်ပန်း အလှကို ငြိတွယ်တတ် ကြတယ်လို့ သိထားကြပေမယ့် အမြင် ပေါ်မှာစွဲလန်းမိတာမှုက ခဏတာပါပဲ။ အဲဒါက အချစ်မဟုတ်သလို၊ တသက်လုံးလက်တွဲဖို့လည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလိုပဲ၊ အမျိုးသားတွေမှာ မိန်းကလေးတစ်ယောက်ဆီမှာ လိုက်ရှာတဲ့ “စံ” ရယ်လို့ရှိပါတယ်။

"ဂျိုင်းသားဖွေးဖွေးလေး ဖြစ်စေချင် "


 
 
 
 
 
 
 
 ယေဘုံယျအားဖြင့် ဂျိုင်းချွေးထွက်ခြင်းက ဂျိုင်းမည်းခြင်းနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ သို သော့် ဂျိုင်းချွေးနံ့ မနံအောင် ဂျိုင်း ကို ရေမွှေးဆွတ်ကြ၊ လှချင်၍ ဂျိုင်းဖြူစေတဲ့လိမ်းဆေးတောင့်တွေသုံးကြတာကြောင့် ဓာတ်မတည့်ဘဲ ကြာလာတဲ့အခါ ဂျိုင်းမည်း လာစေပါတယ်။ အများရှေ့ လက်မမြှောက်ရဲတာကြောင့် အင်္ကျီလက်ပြတ်လှလှတွေမြင်တိုင်း မ၀တ်ဆင်နိုင်လို့ သွားရည်ကျ/ လက်မှိုင်မချကြပါနဲ့ ။ ဟောဒီမှာ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

November 24, 2014

"တာတေ ဂူဖောက်သူ" (ဝါ) ကိုယ်တွေ့ မဖဲဝါ (၂)


 

ရောသမ ချစ်မိတ်ဆွေများ အတွက် ယခင်က လင့်သက်သက်သာပေးခဲ့တဲ့ "တာတေ ဂူဖောက်သူ" (ဝါ) ကိုယ်တွေ့ မဖဲဝါ (၂) ကို ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်....ချစ်ညီအစ်ကို
မောင်နှမ အများစုအနေနှင့် ဖတ်ပြီးသားဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်....မဖတ်ရသေး
သော ညီအစ်ကို မောင်နှမများ အတွက် ရည်ညွန်းကာ တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်...အား
လုံးသော ချစ်မိတ်ဆွေများကို လေးစားလျက်..


"ကိုယ်တွေ့မဖဲဝါ    (၂) ဂူဖောက်သူ"
ဆရာကိုပေသီးတစ်ယောက် တာတေ့မျက်စေ့အောက်မှာတင် မရှုမလှ ဖြစ်သွားခဲ့ရပြီးတဲ့နောက်တော့ တာတေလည်း တော်တော့်ကို ခြေငြိမ်သွားခဲ့တယ်.. ထနောင်းကုန်းမှာပဲ ရပ်ရေးရွာရေးလုပ်တယ်..

" မိန်းမချောချောလှလှပိုးပန်းလိုလျှင် လိုက်နာရမည့်အချက် (၁၀)ချက်"





( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။

( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထား ပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။

"ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး "











 ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး
သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား?? စိတ်ညစ်နဲ့တော့နော်။ ဖြေဆေးပေးမယ်။ ချွေးနံ့တွေလည်းပျောက် စိတ်ညစ်တာလည်းပြေဖို့ ဖြေဆေးလေးတွေလေ။ :D ယူလိုက်နော်..။

"ကြက်ဟင်းခါး သီး၏ ကျန်းမာရေး စွမ်းပကား"







ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

ကြက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။

"ထိုင်းစတိုင် ငပိထမင်းကြော်" (Wutyee Food House)


ထိုင်းစတိုင် ငပိထမင်းကြော်လေးပါ။  ငပိထမင်းကြော်မှာ သရက်သီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး အရသာကြောင့် ချဉ်စပ် အရသာလေးနဲ့ စားလို့ကောင်းပါတယ်။ စားလို့လည်း ကောင်းပြီ လုပ်ရတာ လွယ်လွယ်လေးမို့ တူတူ လုပ်စားကြည့်ရအောင်…

November 23, 2014

"သင်သာ သူ့ကိုတကယ်ချစ်တယ်ဆိုရင် - - - -"

တခါတုန်းက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ် ။ ကောင်လေး က ဆင်းရဲတဲ့မိသားစုက လာတဲ့အတွက် ကောင်မလေး မိဘတွေက သဘောမတူပါ
ဘူး ။

"အုန်းရည်သောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ"


အုန်းရည်သောက်ခြင်းကြောင့် ရရှိမည့် ကျန်းမာရေး အကျိုး ကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

အုန်းရည်သောက်ခြင်းကြောင့် သွေးလည်ပတ်မှုကို အားကောင်း စေပြီး သွေးတိုးခြင်းကို လျှော့ချပေးနိုင်သည့်အတွက် နှလုံးထိခိုက်မှုနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို လျှော့ချပေးနိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။

"ထိုင်းဆေးသိပ္ပံဌာန သတိပေး"

  အမျိုးသားများ အတွက် ရောင်းချသော ဆေးဘက်ဝင် အပင်မှ ထုတ်လုပ်ထားသည် ဆိုသည့် လိင်အား တိုးဆေး အချို့တွင် ပန်းသေပန်းညိုး ရောဂါကို ကုသသည့် ဗီယာဂရာ ဆေးတွင် ပါဝင်သော ဓါတုဒြပ်ပေါင်းနှင့် ဆင်တူသော အေးလ်ဒင် နာဖီးလ်(Aildenafil)ပါဝင်ကြောင်း တွေ့ရှိ ထားသည်။

"အမျိုးသမီးများ၏ ဗိုက်သား နိုင်ငံရေး"








ဖက်ရှင်ရေးရာ မဂ္ဂဇင်း Vogue  ၏ စက်တင်ဘာလထုတ် စာစောင်တွင် တင်ပါး ကြီးသူများ ခေတ်ကို ရောက်ရှိပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ခေတ် အဆက်ဆက်ကို ကြည့်လိုက်လျှင် လူများသည် တင်ပါး ကြီးကြီးနှင့် အမျိုးသမီးများကို နှစ်သက် ခဲ့ကြသောကြောင့် ဖက်ရှင် မဂ္ဂဇင်း၏ ဖော်ပြချက်ကို စောဒက တက်စရာ မရှိပါချေ။ ထို့ပြင် တင်ပါးများ သာမက ပေါင်တံများပါ ယနေ့ခေတ် မီဒီယာများ၏ အလေးပေး ဖော်ပြခံ နေရပါသည်။ ယင်းကြောင့် ယနေ့ ခေတ်ကို တင်ပါးနှင့် ပေါင်တံများ၏ ခေတ်ဟုပင်  ခေါ်ရမလို ဖြစ်နေပါသည်။
Subscribe

လာလည်သူများ

free counters