
၁။သင့်ချစ်သူဟာ သင့်ကိုတစ်ခါမက လိမ်ညာဖူးသူတစ်ယောက်လား။
စုံတွဲတိုင်းကတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ် သစ္စာရှိပြီး မလိမ်မညာတတ်တဲ့သူတွေမျိုးကိုသာ လိုချင်တာချည်းပါပဲ။ ဒါပေမယ့် ကမ္ဘာတ၀ှမ်းက ကွဲသွားကြတဲ့၊ လမ်းခွဲသွားကြတဲ့ စုံတွဲတွေကတော့ ဒီလို အလိမ်အညာပြသနာတွေကြောင့် ဖြစ်ပေါ် လာတာလို့ စစ်တမ်းတွေအရ သိရမှာပါ။ ဒီလိုအခြေအနေမျိုး ကြုံလာရမယ်ဆိုရင် သင်က ကိုယ့်ကိုကိုယ် မေးခွန်းလေးတစ်ခု မေးကြည့်ပါ။ အဲ့ဒါကတော့ ငါ့ကို သူ ဒီလိုလုပ်တာ အကြိမ်ဘယ်လောက် ရှိနေပြီလဲဆိုတာပါပဲ။ ဒါ ပထမဆုံးအကြိမ်ဆိုရင်တော့ သင်သူ့ကိုချစ်နေသေးရင် နှစ်ယောက်သားသဘောတူညီချက် သေချာယူပြီး ဇာတ်လမ်းကို ဆက်နိုင်ပါတယ်။ ဒီလို မဟုတ်ပဲ သူက ထပ်ခါထပ်ခါ လိမ်ညာနေတာမျိုးဆိုရင်တော့ သင့်ဘက်က ရှေ့ဆက်ဖို့ စဉ်းစားသင့်ပါပြီ။
၂။သင်ချစ်သူက သင့်ကို စိတ်အနာတရဖြစ်အောင် အမြဲလုပ်တဲ့သူ၊ သိက္ခာကျအောင် အမြဲလုပ်တဲ့သူ တစ်ယောက်လား။
ချစ်သူနှစ်ဦးဆိုတာ အကျင့်တွေ၊ ခံယူချက်တွေ တူချင်မှတူကြတာပါ။ အိမ်ထောင်သည်ဖြစ်သွားရင်တောင် ယောင်္ကျားနဲ့မိန်းမ ဒီလိုမတူညီတဲ့ အခြေအနေတွေကို ညှိယူရဦးမှာပါပဲ။ ဒါပေမယ့် မတူညီတဲ့အမြင်၊ အယူအဆ၊ အကျင့်တွေက သင်တို့နှစ်ဦးကို သက်တောင့်သက်သာ မဖြစ်စေပဲ နာကျင်ခံစားရမယ့် အခြေအနေမျိုးတွေ ဖြစ်လာရင်၊ သင့်ချစ်သူက သင့်အပေါ် ပြောဆိုဆက်ဆံပုံတွေက သင်ခံစားနာကျင်လာရပြီဆိုရင်တော့ ရှေ့ဆက်ဖို့ သင်ပြန်စဉ်းစားဖို့ လိုပါပြီ။
၃။သင်ဟာ ဒီအချစ်ရေးမှာ ဘယ်တော့မှ မပျော်ရဘူးလား၊ စိတ်ဖိစီးမှုတွေ အမြဲခံစားနေရသလား။
သင်ဟာ ဒီအချစ်ရေးမှာ ပျော်ရခဏဆိုသလို အချိန်တော်တော်များများ စိတ်ပျက် စိတ်ဆင်းရဲနေရသလို စိတ်ဖိစီးမှုတွေလည်း