♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 12, 2015

"စနစ်တကျ အကျိုးရှိရှိ ဆေးဖက်ဝင် ရေချိုးနည်း နှင့် မြင်သူတကာ သင့်ကို စွဲလမ်းလာစေမယ့် မှော်ရေချိုးနည်း "

သင့်ကိုပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် မှော်ရေချိုးနည်းက ရေချိုးကန်ရှိရပါမယ်။ ရေချိုးကန်ထဲကို ရေအပြည့်ဖြည့်ပါ။ ပြီးတော့ နှင်းဆီပန်းပွင့်ဖတ်လေးတွေ အပြည့်ဖြစ်သွားအောင် ထည့်ပါ။ Vanilla ရနံ့ ဖယောင်းတိုင် ဒါမှ မဟုတ် Vanilla ရနံ့ အမွှေးတိုင် အချို့ကို ထွန်းပါ။ ရေထဲမှာ ၀င်စိမ်ပြီး သင့်ကိုယ်သင် သင်ဖြစ်ချင်တဲ့ အရမ်းလှတဲ့ ရုပ်ရည်မျိုးဖြစ်နေပြီလို့ နက်နက်ရှိုင်းရှုင်း (လေးလေးနက်နက်) စိတ်ကူးပါ။ ၅ မိနစ်လောက်ကြာရင် ဒီဂါထာလေးကို ရွတ်ဆိုပါ။ ((ရေချိုးကန်မရှိလဲ စည်ပိုင်းပြတ်ထဲ ရေထည့်ချိုးနိုင်ပါတယ်....))

"Lord of the Earth, Air, Fire, Sea 
Let the water beauty 
Shine through me." 

အသံထွက် 

{လော့ဒ်အောဖ် သည် အာသ်၊ အဲ၊ ဖိုင်းယား၊ စီး။
လက်တ် သည် ဝေါတား ဗျူးတီး။
ရှိုင်းထရူးမီး}

 ပြီးတော့ မိမိ စိတ်ကြိုက်အတိုင်း ရေချိုးနိုင်ပါပြီ။ ရေရဲ့ အလှက သင့်အပေါ်မှာ လင်းလက်တောက်ပပြီး သင်ဟာ

" သင့်ဗိုက်ကြီး ပူနေပါသလား....သက်ရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ...ပြားသွားစေရပါလိမ့်မယ်"


"သက်ရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ"
အသက်ကြီးလာလျှင် ယောက်ျား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟု ဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သက်ရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများ သေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။ သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။

ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက် ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်း ဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။
ဆေးသောက်နည်း---
နေ့စဉ် နံနက်စောစော (၆) နာရီမှာဖြစ်စေ၊ (၇) နာရီမှာဖြစ်စေ နံနက်စာ (Breakfast) မစားမီ ဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်း ပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။
ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။
နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။
နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကို ရေဖြင့်သန့်စင်သည့်အခါ

" "ဦးဦးတို့ချစ်တဲ့ မိန်းကလေးကတော့ ..."


"ဦးဦးတို့ချစ်တဲ့ မိန်းကလေးကတော့ ..."
မိန်းကလေးတွေထဲမှာလည်း ရွယ်တူ ယောင်္ကျားလေးတွေထက် အသက်နည်းနည်းကြီးသူတွေနဲ့မှ စွန်တဲ့သူတွေလည်း ရှိတယ်နော်။ဘယ်လို မိန်းကလေးက ဦးဦးတို့ ချစ်တဲ့သူ ဖြစ်မှာလဲ။

လှလှ ဝဝလေး ဖြစ်နေသူ
ဦးဦးတို့က မော်ဒယ်လို ပိန်ပိန်ပါးပါးလေးတွေထက် မမလှလှ ဝဝလေးကို ပိုပြီး ချစ်တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းစားနေတဲ့ပုံလေးကို ကြည့်ရင်းတောင် ဦးဦးတို့ ရင်တွေခုံနေပြီပေါ့။ ဦးဦးတို့က မော်ဒယ်လို အရမ်းလှနေတဲ့ မိန်းကလေးကျတော့ ဘယ်လို ချင်းကပ်ရမလဲဆိုတာကို တွေးပြီး ကြောက်တတ်တယ်။

ရယ်စရာပြောရင်လည်း ပြုံးပြီးနားထောင်နေတတ်သူ
ဦးဦးတို့ရဲ့ ရယ်စရာကဏ္ဍမှာ ပြောစကားတွေက နည်းနည်း ကြမ်းတတ်ပင်မဲ့လည်း ဘာမှနားမလည်သလို ဟန်ဆောင်ပြီး နားထောင်နေတတ်သူလေးကို ချစ်တတ်ပါတယ်။

ချွဲတော်သောသူ
အလုပ်ထဲမှာ မသိနားမလည်တာကို ချက်ချင်း အထက်အရာရှိ ဦးဦးတွေကို မေးတတ်တဲ့သူလေးက အဖြေကိုရလျှင် ချက်ချင်း ကြိုးကြိုးစားစား လုပ်နေတာကို မြင်ရတဲ့ ဦးဦးတို့က ပီတိဖြစ်နေတာပါ။

အမြဲတမ်း ပြုံးပြုံးလေးနေသူ
ချောလှတာထက် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတတ်သူလေးဆိုရင် ဦးဦးတို့ ရင်ထဲလဲ အေးတယ်လေ။

ကျေးဇူးတင်စကားကို လက်ကိုင်ထားသူ
ဦးဦးတို့က ကိုယ့်ထက်အသက်ငယ်တဲ့သူတွေကို ကိုယ့်လက်အောက်ငယ်သားတွေကို ကျွေးမွေးရတာတွေလည်း

"အိမ်ထောင်ပြုခြင်းနှင့် နေ့နံရွေးခြင်းဆိုင်ရာ အယူအဆများ"


"၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း"
                            
  မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။
ဥပမာပြောရရင် ....

♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင် ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
♦ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
♦ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။

ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့
အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။

ဝါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီးချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို

" အမျိုးသမီးများ သတိပြုဆင်ခြင်စရာတွေပါ ပိုစ်ရှည်ပေမယ့် သေချာဖတ်စေချင်ပါတယ် "

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ကိုယ်ဝန်သွားဖျက်တာ ကလေးက မကျလို့ တဲ့ ထိုင်းလက်သည် အိမ်ကနေပြန်လာပြီး မဲဆောက်က မြန်မာလက်သည်နဲ့  သွားပြန်ဖျက်ဖို့  ကားစီးတာ အဲ့ဒီ ကားပေါ် မှာပဲ ဆုံးသွားတယ်။ သူထိုင်နေတဲ့ ထိုင်ခုံက ဒရိုင်ဘာနောက်က ခုံလေးမှာ ကားပေါ်စတက်တော့ မျက်နှာသွေးမရှိသလိုဖြူဖျော့ နေလို့ ဒရိုင်ဘာက ညီမ နေမကောင်းဘူးလားလို့ မေးတယ်တဲ့။ အမျိုးသမီးက ဟုတ်တယ် ကိုယ်ဝန်သွားဖျက်တာ မကျလို့ မဲဆောက်ကမြန်မာလက်သည်မှာသွားပြန်ဖျက်မယ် လို့ ပြောပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်တာ ကားရပ်သွားတာတောင် လုံးဝပြန်မနိုးလာတော့ဘူးတဲ့။ ကားပေါ် မှာ လူသေတယ်လို့ သတင်းကြားရောတစ်ကားလုံးလန့် ဖြန့် ပြီးထွက်ပြေးကြတာပေါ့။ အဲ့ဒါ ရဲတွေရောက် လာ လို့ အလောင်းကိုသယ်တာ အလောင်းကို လုံးဝ သယ်ထုတ်လို့ မရဘူး၊အလောင်းက တအားလေးတာ တဲ့။ ယောကျာ်း အားနဲ့ လေးငါးယောက်လောက်ဝိုင်းပြီးမတာတောင် လုံးဝ မလို့ မရဘူးတဲ့ ၊အဲ့ဒါနဲ့ ရဲတွေက ထိုင်းဘုန်းကြီး ၂ပါးပင့်လာပြီး ဘုန်းကြီးတွေက ပရိတ်ရွတ်၊ပရိတ်ရေဖြန်းတော့မှ အလောင်းသယ် လို့ ရသွား တာ ။အဲ့ဒီသတင်းကြည့်ပြီး အလောင်းသယ်ထုတ်သွားတာကိုမြင်တော့ ကြက်သီးတွေတောင် ထသွား တယ် ။တော်တော်လဲ သံဝေဂရတယ်။
 တစ် နေ့ က အသိအစ်မတစ်ယောက် အိမ်သွားလည်ရင်း နဲ့ အစ်မပြောပြတဲ့သတင်းလေးပါ။ ချမ်းချမ်းတို့ မြို့  က ကောင်လေးတစ်ယောက် အလုပ်လုပ်ရင်း စက်ရုံကိုအသစ်ပြောင်းလာတဲ့ ကောင်မလေးနဲ့ ရီးစားသက်တမ်း ၇ ရက်အတွင်းမှာ ယူလိုက်ပါတယ်။မင်္ဂလာလဲ မြန်မာလိုသေချာဆောင်လိုက်ပါတယ်။မင်္ဂလာဆောင်ပြီး ၈ ရက်မြောက်နေ့  မှာ ကွဲသွားပါတယ်။အကြောင်းရင်းက ကောင်မလေး အလုပ်လုပ်နေရင်း မူးလဲလို့ စက်ရုံထဲ က ဆေးပေးခန်းမှာ သွားစစ်တော့ ကိုယ်ဝန်သုံးလ ၇ှိနေလို့ တဲ့။ ကောင်မလေးနဲ့ ကောင်လေး ရီးစားသက်တမ်းက ၇ ရက် လက်ထပ်ပြီးတာက ၈ ရက် စုစုပေါင်းတွေ့ ရတဲ့ရက်က တစ်လတောင်မပြည့်သေးဘူး ၁၅ ရက်ပဲရှိသေး တယ်။ အခု ဗိုက်ထဲက ကလေးက ၃ လတောင်ဆိုတော့ ဒီကိုယ်ဝန်ဟာ သူနဲ့ ရတာမဟုတ်လို့ ကောင်လေးက လှည်းကျိုးထမ်းတဲ့ နွားတော့ အဖြစ်မခံဘူးဆိုပြီး ကောင်မလေးနဲ့ ချက်ချင်း ကွာလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ဇနီးဖြစ်နေပြီမို့ 

" ထူးထူးခြားခြားပုံနှင့် ဟာသပုံများ... ရယ်မောခြင်းသည်အသက်ရှည်၏...... "

                              အမှောင်ထဲက မလင်း...မီးမလာရတဲ့ကြားထဲက.. မှောင်မိုက်

ဒီလိုကြင်နာကြပါနော်

September 11, 2015

" တိုတိုထွာထွာ ရယ်စရာ ဟာသလေးများ..... ဟားဟားဟား ဟိဟိဟိ..ခ်ခ်ခ် ပေါ့ "

 
သူ့နေရာသူပြန်သွား " ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့်


မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီ

"ကိုယ်ဝန်ရှိမှန်းမသိဘဲ အကျိတ်ဟုထင်၍ ဆေးခန်းသွားပြစဉ် အငှားယာဉ်ပေါ်၌ ကလေးငယ်တဦး မွေးဖွားမှုဖြစ် "

 
ကိုယ်ဝန်ရှိမှန်းမသိဘဲ အကျိတ်ဟုထင်၍ ဆေးခန်းသွားပြစဉ် အငှားယာဉ်ပေါ်၌ ကလေးငယ်တဦး မွေးဖွားမှုဖြစ် စဉ်တခု စက်တင်ဘာ ၈ ရက် ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနှင့်ပတ်သက်၍ ကိုဇာညီသစ္စာက ''သူ့ကို ဆီးစစ်တာ သုံးကြိမ်လုပ်တာ မရှိဘူးဘဲပြတယ်။ သူ့ဗိုက်က အောင့်တယ်လို့ပြောတော့ သွေးလုံးလား၊ လေလုံးလားဆိုပြီး ဆေးခန်းပြမလို့ စီစဉ်နေတုန်း ဗိုက်က မခံမရပ်နိုင် နာလို့ ဆေးခန်းသွားပြမှ ကလေးက ခေါင်းပြူပြီး အမြန်ကားငှားသွားရင်း ကားပေါ်မှာ မွေးလိုက်တာ''ဟု အမျိုးသမီး၏ခင်ပွန်း ကိုဇာညီသစ္စာက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

ကိုဇာညီသစ္စာတို့ ဇနီးမောင်နှံသည် ယုဇနဥယျာဉ်တွင် နေထိုင်ကြပြီး သားဦးလေးအား မွေးဖွားထားသည်မှာ တနှစ်နှင့် ၁ လသာကြာမြင့်သေးသည်ဟု ဆိုသည်။ ယင်းကဲ့သို့ သားဦးလေးမွေးဖွားပြီး မကြာမီဒုတိယ ကလေး မွေးဖွားမည်ဟုလည်း မထင်မိကြောင်း၊ ဗိုက်ထဲမှ အလုံးအကျိတ်အတွက် ဆေးကုရန် ပြင်ဆင်နေခြင်းဖြစ်သည် ဟု ဆိုသည်။

အငှားယာဉ်ပေါ်တွင် ကလေးမီးဖွားခြင်းနှင့်ပတ်သက်၍ ယုဇနနှင့်နီးစပ်သည့် တောင်ဒဂုံရတနာအထွေထွေ ဆေးရုံသို့ သွားရောက်စဉ် လမ်း၌ မွေးဖွားခြင်းဖြစ်ကြောင်း ဆိုသည်။ ''ကားသမားက တော်တော် အတွေ့အကြုံ ကြွယ်တယ်၊ ကလေးငိုသံကြားတာနဲ့ အချိန်စမှတ်လိုက်ပြီး သူ့အကူအညီလည်း အများကြီးရတယ်၊ ရတနာ အထွေထွေဆေးရုံရောက်တော့ လုပ်စရာရှိတာ အကုန်လုပ်ပေးပြီးမှ စံပြဆေးရုံကြီးကို လွှဲပေးတယ်။ အခုတော့ ကလေးရော မိခင်ရော ကျန်းကျန်းမာမာပါပဲ''ဟု

" သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ) "

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သောအားနာခြင်းမျိုး
စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်

မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။
(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်

မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။

သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း

စိုးရိမ်နေသည်။

သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်

ကသိကအောက်နှင့် မသက်သာ။

ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။

ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း

" န၀ရတ်ရတနာ ကိုးပါးနှင့် သိမှတ်ဖွယ်ရာ အဖြာဖြာ" ဖတ်သာကြည့်ကြပေတော့....





                                                        Navaratna Ring

န၀ရတ် ကိုးပါး

န၀ရတ် ဟူသည် န၀ရ တန ဟူသော ပါဠိမှ လာ၍ ရတနာ ကိုးပါးဟု အနက်ရ သည်။ ထိုကိုး ပါးသော ရတနာ တို့မှာ - ၁။ ပုလဲ ၂။ သန္တာ ၃။ နီလာ ၄။ စိန် ၅။ ကြောင် ၆။ မြ ၇။ ဥဿ ဖယား ၈။ ပတ္တမြား နှင့် ၉။ ဂေါ်မုတ် တို့ ဖြစ် ကြသည်။ ဒီလက်စွပ်ဟာ ဆိုရင်ဖြင့် ရွှေချိန် 7.6. gram ငါးမူးသား သုံးထား ပါတယ် ဒီကနေ့ ပေါက်ဈေး နဲ့ဆိုရင် အပြီစီး 15000/ b လောက်ကျ မှာဖြစ်ပါတယ် ရွှေရော ကျောက်ရော ပေးရင်တော့ လက်ခ 1500/ထဲပါ ။

ယင်းရတနာ ကိုးပါးစ လုံးသည် ကျောက်မျက်မျိုး တွင် ပါဝင်သော ရတနာ များဖြစ် သည်။ ၄င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာ တို့သည် အဖိုး အတန်ဆုံး ဖြစ်ကြ သည်။ ပုလဲ နှင့် သန္တာသည် တွင်းထွက် ကျောက်မျက်များ မဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်း မှရ၍ သန္တာကို သန္တာ ကောင်များ ရှိသော သန္တာ ကျောက်တန်း များမှ ရသည်။ နီလာ နှင့် ပတ္တမြားမှာ ကျောက်မျက်အ မာမျိုး တမျိုးတည်း ပင်ဖြစ်၍ အသွေး အရောင် ၌သာ ခြားနား ခြင်းရှိ ကြသည်။ ပတ္တမြား သည် သွေးကဲ့သို့ နီသော အရောင်ရှိ၍ နီလာသည် တောက်ပသော အပြာ ရောင်ရှိသည်။ စိန်ကို ကျောက်မျက် တို့၏ ဘုရင် ဟုပင် ခေါ်သည်။ ကျောက်မျက် အမျိုးပေါင်း ၁၂၀-ခန့်ရှိ သည့်အနက် စိန်သည် အမာ ဆုံးသော ကျောက်မျက် ဖြစ်သည်။ ကြောင်ကို ကြောင် မျက်ရွဲ ဟုလည်း ခေါ်ကြသည်။ မြတွင် ကြည်လင် စိမ်းမြသော အရောင်ရှိ သည်။ သို့သော် စိန်၊ နီလာနှင့် ဥဿ ဖယား တို့လောက် မမာချေ။ ဂေါ်မုတ်သည် ကျောက် သလင်းနှင့် ရော၍ တွေ့ရ တတ်သော ကျောက်မျိုး ဖြစ်သည်။ အထက်ပါ ရတနာ ကိုးပါး စီခြယ် အပ်သော လက်စွပ်ကို န၀ရတ် လက်စွပ်ဟု ခေါ်သည်။

ပဒေ သရာဇ်ခေတ် မြန်မာ ဘုရင် များ၏ အသုံး အဆောင်များ ဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊

" နှစ်ရှည်ဆေးလိပ် သောက်သူတွေအတွက် အဆုတ်သန့်ဆေး "

 
နှစ်ရှည်ကြာ ဆေးလိပ်သောက်သူအများစုဟာ ချောင်းဆိုးရင်ကျပ်နာသို့မဟုတ်အတောမသတ်နိုင်တဲ့
ချောင်းဆိုးဝေဒနာကို ခံစားကြရပါတယ်။ဒါကို နေ့စဉ်နဲ့အမျှ အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။

လိုအပ်သောပစ္စည်းများ
  • ကြက်သွန်နီ (၁) ကီလို
  • ရေ (၁) လီတာ
  • သကြားအညို (၄၀၀) ဂရမ်
  • နနွင်း လက်ဖက်ရည်ဇွန်း (၂) ဇွန်း
  • စိတ်စိတ်လေးလှီးထားတဲ့ ဂျင်း
သကြားကို ရေနဲ့ရောပြီး မီးဖိုပေါ် ကျိုချက်ပေးပါ။ ဂျင်း၊ နနွင်းနဲ့ ကြွက်သွန်နီအခွံခွာ၊ ခလယ်ကနေလေး
ပိုင်းပိုင်းပြီး ရောထည့်ပါ။ရေစတင် ဆူပွက်လာရင် မီးအပူရှိန်လျော့ပါ။ ရေထက်ဝက်လောက်ခန့် လျော့

"ရွှေအမျိုးအစားများ.. ရွှေချိန် ရွှေဈေး တွက်ပုံတွက်နည်းများ ဖော်မြူလာများနှင့် ရွှေအကြောင်း မှတ်သားစရာများ"

ရွှေဆိုသည်မှာ..........
-အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
-ရွေးသုံးဆယ်စပ်
-မိုးကြိုး

"ရွှေ" ကိုချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည်စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင် "ကျပ်သား" ၊ "ပဲသား" ၊ "ရွေးသား" ဟူ၍ အဆင့်ဆင့် ပါရှိသည်။
တစ်ကျပ်သား = ၁၆ ပဲသား
တစ်ကျပ်သား = ၁၂၈ ရွေးသား (ရန်ကုန်အချိန်)
တစ်ကျပ်သား = ၁၂၀ ရွေးသား (မန္တလေးအချိန်)
၁-ပဲသား = ၈ ရွေးသား (ရန်ကုန်အချိန်)
၁-ပဲသား = ၇.၅ ရွေးသား (မန္တလေးအချိန်) ။
အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈
ငါးမူးသား = ၈ဲ (ရှစ်ပဲ) = ရွေး ၆၄
တစ်မတ်သား = ၄ဲ = ရွေး ၃၂
တမူးသား = ၂ဲ = ရွေး ၁၆
တပဲသား = ရွေး ၈ ။

အောက်ပါတို့မှာ မန္တလေး အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး ။
(ငါးမူးသားကျတော့ရွေး၆၀ဖြစ်ပြီးတစ်မူးသားကျတော့ ၁၅ရွေးဖြစ်နေခြင်းမှာကျနော်လဲမသိရှေးအရင်လူများ
လက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)

September 10, 2015

" ရောင်းအား တက်စေတဲ့ ဆရာသုတဆန်း၏ ကွမ်းမန်း "

မလှဦးကွမ်းယာဆိုင်မှာ လွန်စွာရောင်းကောင်းသောဆိုင်ဖြစ်၏။ အမြဲလိုလို ကွမ်းယာစားသုံးသူများနှင့် စည်ကားနေတတ်၏။ ကားဂိတ်နှင့် မနီးမဝေးတွင် ရောင်းချနေသော ကွမ်းယာဆိုင်နှစ်ဆိုင်ပင် သူမ လောက်မရောင်းရ။ သူမတွင် ဘာအဆောင်ကောင်းများရှိနေသနည်းဟု ကျွန်ုပ်အနေနှင့် အမြဲတွေးမိ၏။ ကျွန်ုပ်ကိုယ်တိုင်လည်း တခါတရံကွမ်းစားတတ်ချေရာ ၀ယ်၍လည်းစားဖူး၏။ စားသည်ဟုပြောသည်ထက် မြည်းသည်ဟုပြောခြင်းက ပို၍မှန်ပေလိမ့်မည်။ 

ကွမ်းတယာ၏ ကောင်းခြင်းမူလကို ကျွန်ုပ်၏အယူအဆအရ ပထမဆုံး ထုံးက အဓိကကျသည်ဟုဆိုချင်
ပါသည်။ တနင်္လာ ( ကွမ်း ) ၏ အနိုင်ဓာတ် ဆပွတ် စနေ ( ထုံး ) မကောင်းလျှင် ကွမ်းမကောင်းနိုင်ပါ။ ထုံးပေါက်၍မိတ်ပျက်သွားသောဆိုင်များ ကိုယ်တွေ့မျက်မြင်တွေ့ဖူးပါ၏။ နောက်တဖန် “ နဂိုရှိမှ 
နကိုင်းထွက် ” ဆိုသည့်စကားအတိုင်း မူလကွမ်းရွက်ကောင်းပါမှလည်း ကွမ်းယာကောင်းတတ်ပါသည်။ မူလကွမ်းရွက်ကိုက ကွမ်းကြမ်းဖြစ်နေလျှင် ထုံးမည်မျှကောင်းစေကာမူ အလွန်စပ်သည့်ကွမ်းယာသာ
 ဖြစ်ပါလိမ့်မည်။ ကောင်းမည်မဟုတ်ပါ။ ထို့အတူ ကွမ်းသီးဖန်လွန်းပါကလည်း ကွမ်းပျက်ပါသည်။ ယခု မလှဦးကွမ်းယာပစ္စည်းများကို ကျွန်ုပ်ဆန်းစစ်မိသည်မှာ …
 
( ၁ ) ကွမ်းသီးမဖန်လွန်းပါ။
( ၂ ) ကွမ်းရွက်စံချိန်မှီသည်။
( ၃ ) ထုံးမည်မျှထည့်ထည့်မပေါက်ပါ။ အစပ်ကောင်းပုံရသည်။
ထူးခြားချက်အနေနှင့် ၎င်းယာပေးသည့်ကွမ်းနှင့် ကျွန်ုပ်ကိုယ်တိုင်ယာစားသည့် ကွမ်းချင်းပင်

" ဒီတစ်ပတ်အတွက် ဟင်းအမယ် ပဲငံပြာရည်နဲ့ သံပုရာရည်နှပ် ကြက်ကြော်"

 
ပဲငံပြာရည်၊ သံပုရာရည်နဲ့ နှပ်ထားတဲ့ ကြက်ပေါင်ကြော်လေးဟာ ရိုးရှင်းပေမယ့် တကယ် အရသာထူးတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ရလည်း လွယ်ကူပြီး အကုန်ကျသက်သာတဲ့ ချက်ပြုတ်နည်း တစ်ခုဖြစ်ပါတယ်။ကြက်သားကြော်ကြိုက်နှစ်သက်သူတွေအတွက်ယင်းချက်ပြုတ်နည်းလေးကိုဖော်ပြပေး
လိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

· ကြက်ပေါင်/ ကြက်တောင်ပံ ၁ ပေါင်

· ပဲငံပြာရည် ၁/၄ ခွက်

· သံပုရာရည် ထမင်းစားဇွန်း (၂) ဇွန်း

. တမာတို ကက်ချတ် ( ခရမ်းချဉ်သီး ဆော့) ၁ ခွက်
· ဆီ သင့်ရုံ
. ဆား သင့်ရုံ

လုပ်ပုံလုပ်နည်း။ ။
 
ကြက်သားကို သွားကြားထိုးတံ တုတ်အသစ်နှင့် အပေါက်လေးတွေဖြစ်အောင် နေရာအနှံ့ထိုးပေးပါ၊ ပြီးလျင်
ကြက်သား၊ ပဲငံပြာရည်နဲ့ တမာတိုဆော့ သံပုရာရည်ကို ပန်းကန်တစ်လုံးမှာ ရောပြီးလက်နှင့် သေချာနှံ့
အောင်နှယ်ပါ။ ပြီးလျင်.... ရေခဲသေတ္တာထဲ အနည်းဆုံး ၁ နာရီ နှပ်ထားရပါမယ်။

" လူစိတ်ပျောက်နေသူ အဖိုးကြီးတစ်ဦးအား ဇနီးနှင့် သားကို လှောင်အိမ်ထဲမှာ ချုပ်နှောင်ခဲ့မှုဖြင့် ဖမ်းဆီး "

 
အာဂျင်တီးနားနိုင်ငံကအသက်(၆၆)နှစ်အရွယ်ရှိအိုဗီယေဒိုဟာဇနီးဖြစ်သူနဲ့ အော်တစ်ဇင် ရောဂါခံစားနေရတဲ့ သားဖြစ်သူကို ကာလကြာရှည် ချုပ်နှောင် ခဲ့တာကြောင့် ဖမ်းဆီး စစ်ဆေး ခံနေရပြီ ဖြစ်ကြောင်း သိရပါတယ်။ အိုဗီယေဒိုဟာ အသက် ( ၆၁)နှစ် အရွယ် ဇနီးနဲ့ အသက် (၃၂)နှစ် အရွယ် သားဖြစ်သူ တို့ကို ချုပ် နှောင် ခဲ့ခြင်း ဖြစ်ပါတယ်။ ချုပ်နှောင်မှု အချိန် ဘယ်လောက် ပြုလုပ် ခဲ့သလဲ ဆိုတာ သိရှိရခြင်း မရှိပေမယ့် အနည်းဆုံး နှစ်နှစ်ဝန်းကျင် မှာ ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။

အိုဗီယေဒိုဟာ ပင်လယ် ကမ်းခြေနားမှာ ရှိတဲ့ နေအိမ်မှာ ဇနီးနဲ့ သားဖြစ်သူကို ချုပ်နှောင် ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူဟာ အော်တစ်ဇင် ရောဂါ ခံစား နေရပေမယ့် ဖေးမခြင်း မရှိတဲ့ အပြင် နှိပ်စက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ သားဖြစ်သူကိုကြိုး၊ သံကြိုးစတာတွေနဲ့ ချည်နှောင် ခဲ့တဲ့ အပြင် အုတ်နံရံ ခတ်ထားတဲ့ အခန်းထဲမှာ ချုပ်နှောင် ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးသားဖြစ်သူကို ခွေးစာတွေ
 ကျွေးခြင်း၊ ရေထဲကို ဓာတ်ဆီ ထည့်တိုက်ခြင်း တို့ကို ပြုလုပ် ခဲ့ပါတယ်။ တရားရေးဆိုင်ရာ တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ ချုပ်နှောင်ထားတဲ့ အခန်းဟာ ငရဲစခန်း အလား ဖြစ်နေပြီး အညစ်အကြေးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အိုဗီယေဒို အနေနဲ့ ဘာကြောင့် ဒီလို လုပ်ရတာကို မသိရတာကြောင့် စုံစမ်း သွားမှာ ဖြစ်ပါတယ်။ အိုဗီယေဒိုမှာ အခြား သားသမီးတွေ ရှိနေပေမယ့် ကြောက်လန့်တာကြောင့် နှုတ်ပိတ် နေခဲ့ရတယ်လို့

" ဘာမှန်းမသိတဲ့သူက ဘာမှန်းမသိအောင်ရေးထားတဲ့ ဘာမှန်းမသိတဲ့ဘလော့ဂ်ထဲက ဘာမှန်းမသိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ"

 
..ဟာာာာာာာ!!! ဘာမှန်းမသိတဲ့ကောင်က ..ဘာမှန်းမသိပဲ ဘာတွေရေးထားလဲ..


ဘာမှန်းမသိတဲ့ ကောင်လေးတစ်ယောက်က ဘာမှန်းမသိတဲ့ လင့်လေးတစ်ခုကိုပို့လိုက်တာ ဘာမှန်းသိတဲ့ မမက စိတ်ဆိုးသွားတယ် တစ်ချိန်ကသူငယ်ချင်းသုံးယောက်ရှိတယ် အရမ်းခင်တယ်လို့ယူဆခဲ့တယ်
အရမ်းလည်းခင်ပါ တယ် ပြောမနာဆိုမနာလို့ပြောရမှာပေါ့ အဲဒီမှာဘာမှန်မသိတဲ့ လင့်လေးတစ်ခုကြောင့် ဘာမှန်းမသိလိုက်ရပဲဝေးသွားခဲ့တယ် ခင်မင်မူပျက်ခဲ့ရတယ်အဲထဲမှာ ဘာမှမသိလိုက်တဲ့သက်ထွန်းကအစစ်
ပါသွားတယ်ဘာမှန်းမသိလို့ပို့လိုက်တာပါဘာမှန်းသိတဲ့သူတစ်ယောက်ရဲ့အမုန်းကိုလက်ခံဖို့အတွက်ဆိုဘာ
မှန်းမသိတဲ့ဟာကိုမပို့လိုက်ပါဘူးအဲဒါဘာမှန်းမသိလို့ပါ ကျွန်တော်တကယ်ဘာမှန်းမသိတာပါခွင့်လွှတ်
ဖို့တောင်းပန်ပါတယ် နောက်အဲလိုမဖြစ်စေရဘူးလို့ကတိပေးတယ်နော်ကျွန်တော်မမကိုကတိပေးတာဒါနဲ့
ဆိုနှစ်ခါရှိပြီကျွန်တော်တို့ကဘာမှန်းမသိပဲလုပ်လိုက်တဲ့အကြောင်းကြောင့်ဘာမှမသိပဲဘလော့ခံခဲ့ရပါတယ်
ဘာမှန်းသိလိုက်ရတာကတော့ မမကိုနေ့တိုင်းလွမ်းနေမိတာပါပဲဘာမှန်းမသိတဲ့သူတစ်ယောက်ကို ဘာမှန်းသိလိုက်တဲ့မမကစိတ်ဆိုးတာပြေစေချင်ကြောင်းတောင်ပန်ပါတယ် မမရယ်

                                   ဘာမှန်းမသိတဲ့ ကောင်လေးကို
နာလည်ပေးစေချင်ပါတယ်ဘာမှန်းသိတဲ့မမတစ်ယောက်အနေနဲ့ပေါ့ဘာမှမဟုတ်တဲ့လင့်လေးတစ်ခုကြောင့် ဘာမှန်းမသိတဲ့ကောင်လေးတစ်ယောက်ကိုခွင့်လွှတ်ပေးပါတော့လို့တောင်းပန်ပါတယ်ကျွန်တော်မခံစား
နိုင်တော့ဘူးမမရယ် ကျွန်တော်မမကိုသတိရတယ်

( ဘာမှန်းမသိတဲ့  ပုံပြင်လေးကို ဘာမှန်းမသိဖက်ပြီး ဘာမှန်းတော့သိတဲ့ စိတ်နဲ့ ပြုံးဖြစ်အောင်ပြုံးမိတယ်

"ဗြိတိန်နိုင်ငံသူ အမျိုးသမီးတစ်ဦး နေ့တိုင်း ကျွဲရိုင်းဗူး ၂၈ ဗူး သောက်ပြီးနောက် မျက်လုံးကွယ်သွားခြင်း"

 
 Lena Lupari
နေတိုင်း Red Bull ဗူး ဒါဇင်နဲ့ ချီသောက်ပြီးနောက် အမြင်အာရုံကို စတင်ဆုံးရှုံးခဲ့တယ်လို့ အမျိုးသမီး
တစ်ဦးက အခိုင်အမာပြောဆိုခဲ့ပါတယ်။

Lena Lupari ၂၆ နှစ်က ယင်းအားဖြည့်အချိုရည် (၇) လီတာ သောက်ရာကနေ အလေးချိန်တက်ပြီး ဦးနှောက်ကို ယောင်ကိုင်းစေခဲ့ပါတယ်။ ကလေး (၃) ယောက်အမေဖြစ်တဲ့သူက ခန္ဓာကိုယ်ထဲ နေစဉ် ကယ်လိုရီး ၃,၀၀၀ သွင်းယူနေခဲ့ပြီး ဇွန်လက သူမ လဲကျခဲ့တဲ့အချိန်ထိ သူမခန္ဓာကိုယ်အဖို့ အသက်
အန္တရာယ်ကို သတိမပြုမိခဲ့ပါဘူး။

ကျွန်မ တစ်နေ့ကို Red Bull ၂၈ ဗူးသောက်လေ့ရှိပါတယ်။ ညဆိုရင် ထမင်းပဲစားတယ်။ ဒါပေမယ့် အဲဒါက ခေါက်ဆွဲခြောက်ထုပ်စတဲ့ fast-food အစားအစာတွေသာ ဖြစ်ပါတယ်။ ၅ နှစ်ခန့် ခေါင်းတစ်ခြမ်း ကိုက်တာတွေ၊ ခေါင်းကိုက်ရောဂါတွေ ခံစားခဲ့ရပေမယ့် လျစ်လျူရှူပြီး အကိုက်အခဲပျောက်ဆေးတွေကိုသာ သောက်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

နောက်တော့ အမြင်အာရုံ ဆုံးရှုံးလာပြီး အိပ်ရာကနေ ခေါင်းမထောင်နိုင်ဖြစ်ကာ ဆေးရုံမှာ ၇ရက်နေခဲ့

" ဝိတ်လျှာ့ချဖို့အတွက် ဟောင်ကောာင်မှ အမျိုးသမီးတစု နေကသိုဏ်းရှုခြင်း ကျင့်စဉ်ကိုကျင့်ကြခြင်း ခေတ်စားလာ "

ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းပေါင်းများစွာထဲမှာ အဆိုးရွားဆုံး ကိုယ်အလေးချိန်လျှော့ချတဲ့ နည်းလမ်း တစ်ခုထွက်ပေါ်လာပါတယ်။ ဟောင်ကောင်မှာ ရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက် နေကို စိုက်ကြည့်နေကြတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဟောင်ကောင်ရဲ့ ရိုးရာ ကျန်းမာရေးသုံး အစားအစာ တွေဖြစ်တဲ့ လက်ဖက်စိမ်းနဲ့ ဓါတ်ပေါင်းချွေးထုတ်ခန်း တို့ဟာ ရေရှည် အသုံးပြုခြင်းမရှိကြတော့ပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ် အလှအပ ကို ထိန်းသိမ်းဖို့အတွက် နေကို ကြည့်နေတာတော့ ဆိုးရွားလှပါတယ်။

အမျိုးသမီး တစ်ချို့ဟာ Sam Ka ကျေးရွာမှာ ရှိတဲ့ ကမ်းခြေမှာ နေမ၀င်ခင် နေကို တိုက်ရိုက်ကြည့်နေကြတာ ကို တွေ့ခဲ့ရတယ်လို့ Coconuts Hong Kong သတင်းဌာနကဖော်ပြထားပါတယ်။

အစားအသောက် ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ နေကို ကြည့်ခြင်းဟာ သင့် ကို

September 9, 2015

" သူဟာ မိမိဖူးစာရှင် အစစ်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အချက် (၃) ချက် "

 
သင့်ရဲ့အချစ်ရေးမှာ သင်နားလည်သဘောပေါက်ဖို့ လိုအပ်တဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဒါတွေကို မသိဘူးဆိုရင် အချစ်ရေးမှာ မိမိရင်းနှီးမြုပ်နှံထားတဲ့ အရာတွေအားလုံး အလဟသ ဖြစ်သွားနိုင်ပါတယ်။
အမျိုးသမီးတစ်ဦးအနေနဲ့ အသက်အရွယ် တချို့ကျော်လာပြီဆိုတာနဲ့ ကိုယ်နဲ့ ရှေ့ဆက်လက်တွဲမယ့် အမျိုးသားတစ်ဦးနဲ့ ချိန်းတွေ့ဖို့ အလွန်အမင်း အရေးကြီးလာပါတယ်။
မိမိ သမီးရည်းစားဆက်ဆံရေးမှာ ဒီလူဟာ သင့်တော်မှန်ကန်တဲ့လူလား ဒါမှမဟုတ် အပျော်တမ်းအတွက် သက်သက်ပဲလားဆိုတာ စမ်းစစ်ကြည့်ရအောင်။

(၁) ချစ်သူရည်းစားဘဝ ရေရှည်ထိန်းသိမ်းနိုင်ခြင်း
ချစ်သူရည်းစားဘဝကို ရေရှည် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မယ်ဆိုရင် ဒါဟာ နှစ်ဦးစလုံး အချင်းချင်း စိတ်ရှည်သည်းခံကြတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ရေရှည်သမီးရည်းစား ဘဝဆိုတာ ခက်ခဲတယ်။ အဲဒါကို ကျော်လွှားနိုင်တာ အနာဂတ်မှာ အတူတကွ အောင်မြင်မှုများစွာ ရရှိနိုင်မယ့် အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

(၂) သင့်အကြောင်း လူတွေကိုပြောပြနေ
သူဟာ သင့်ရဲ့ နံပါတ် ၁ ပရိသတ်တစ်ဦးပါ။ သင် တစ်ခုခုလုပ်တိုင်း အဲဒါကို သူ့သူငယ်ချင်းတွေဆီ ကြွားလုံးထုတ် ပါလိမ့်မယ်။ ဘာဖြစ်ဖြစ် ပြသနာမဟုတ်ဘူး။ သူ့ဘဝမှာ သင်ရှိနေဖို့ သူမရှက်မကြောက်ရှိနေတဲ့ အဓိပ္ပါယ်ဖြစ်တယ်။

(၃) သူစွန့်လွှတ် အနစ်နာခံခဲ့မှုများ
သူ့အပေါင်းသင်းများနဲ့ ဘောလုံးပွဲကြည့်ဖို့ ပျက်ကွက်ပြီး သင့်အနားနေနိုင်ရင် သူဟာ သင့်ဖူးစာရှင် အစစ်ဖြစ်ပါတယ်။ သူ ဒါကို

" အသုံးပြုသူရဲ့ ဖုန်းကို lock ချအပိုင်စီးကာ၊ ငွေ ညှစ်နေတဲ့ ညစ်ညမ်း App "

 
လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Zscaler က ပညာရှင်တွေဟာ ဖုန်းကို lock ချပစ်ပြီး၊ ပြန်ဖွင့်ပေးဖို့ အတွက် ဒေါ်လာ ရာကျော် တောင်းခံလျက်ရှိတဲ့ ညစ်ညမ်း app Adult Player ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

အဆိုပါ Adult Player app ဟာ အသုံးပြုသူရဲ့ခွင့်ပြုချက်မရရှိဘဲ ဓာတ်ပုံတွေကို အလိုအလျောက်ရိုက်ယူကာ အွန်လိုင်းပြန်ပေးငွေ ဒေါ်လာ ၅၀၀ ကို PayPal က တဆင့် ပေးချေဖို့ ငွေညှစ်လျက်ရှိပါတယ်။ ပြန်ပေးငွေရမှ ဖုန်းကို unlock လုပ်ပေးပြီး ပုံတွေကို ဖျက်ပစ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ app ခိုင်းစေတဲ့အတိုင်း ပြန်ပေးငွေပေးပြီးသည့်တိုင်အောင် ဖုန်းကို ပြန်သုံးလို့ မရဘူးလို့  Adult Player app တိုက်ခိုက်မှုကို ခံခဲ့ရသူတစ်ချို့ က ဆိုပါတယ်။

Zscaler က လုံခြုံရေးဆန်းစစ်မှုပညာရှင်တွေက ပြန်ပေးငွေကို ပြန်ပေးစရာမလိုဘဲ အဆိုပါ malicious app ကို ဖယ်ထုတ်နိုင်မယ့်နည်းလမ်းကို ဖော်ပြခဲ့ပါတယ်။ ဖုန်းကို safe mode နဲ့ restart ပြန်ချပြီး ၊ device administrator mode ကနေ အဆိုပါ app ကို select လုပ်ကာ၊ disable လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အခုလို လုံခြုံရေးအန္တရာယ်ရှိတဲ့ malicious app တွေကို Google Play ကနေ install လုပ်နိုင်မှာမဟုတ်ဘဲ၊

" ခုံအဝယ်မတော်မိလို့ .. ဘီလူးသောင်းကျန်းတဲ့ ဖြစ်အင် "

အပြင်ကနေ တံခါးကို တဝုန်းဝုန်း ထုနေတာကြောင့် ကိုမြခင် နိုးလာတယ်..။  (တောက်.. ဒီကောင်တွေ လာပြန်ပြီလား..)
အိပ်ယာကနေ ဆတ်ကနဲ ထထိုင်တော့ မလေးနွယ် အတင်းဆွဲထားပြီး…
(ကိုမြခင်.. ရှင်အသာနေပါ… အချိန်တန်ရင် ဒင်းတို့ ပြန်သွားပါလိမ့်မယ်…ဘာမှန်းသိတာမဟုတ်ပဲ..)
ဇနီးဖြစ်သူ တားနေတာမို့သာ ကိုမြခင် ပြန်အိပ်လိုက်ရတာ၊ တကယ်ဆိုရင် အပြင်ကို ငှက်ကြီးတောင်ဓားကိုဆွဲပြီး ထွက်ချဲလိုက်ချင်တာ…။ အံတကြိတ်ကြိတ် ဖြစ်နေတဲ့ ကိုမြခင်ကို မလေးနွယ်ကလဲ အလွတ်မပေးရဲသလို အတင်း လက်ကို ဖက်ထားပြီး ပြန်အိပ်ဖို့ ချော့ပြောရတယ်..။ ဒီလိုနဲ့ တဝုန်းဝုန်း လာထုလိုက် ပျောက်သွားလိုက်နဲ့ ညနက်ရဲ့ ငရဲတွင်းမှာ ကိုမြခင်တို့ ပြန်ပြီး အိပ်မောကျသွားခဲ့တယ်..။
မနက်လင်းတော့ မနေနိုင်စွာပဲ အိမ်ရှေ့ကိုထွက်ကြည့်တော့ အိမ်ရှေ့မှာ ခြေရာတွေ ရှုပ်ပွနေတာကို တွေ့လိုက်ရတယ်.။ ဒီတစ်ခါ ခြေရာကိုပါမြင်ရတာ ပထမဆုံးပါ..။
(မလေးရေ.. မလေး… လာပါဦးဟ…)
ကိုမြခင်ရဲ့ အလန့်တကြားအော်သံအဆုံးမှာ မလေးနွယ်တစ်ယောက် အူယားဖားယား အပြေးလေးရောက်လာတယ်..။
(ဟင်…………………….. ခြေရာတွေ မနည်းပါလား…)
(အေး ဟုတ်တယ် မလေး…။ ငါတော့ ရွာထဲကိုသွားပြီး ကာလသားတွေ သွားခေါ်မှ ဖြစ်တော့မယ်ထင်တယ်…)
ဒီတစ်ခါ ကိုမြခင်ရဲ့စကားကို မလေးနွယ်တစ်ယောက် မပယ်ရှားတော့ဘူး..။
(အင်း ကျွန်မလဲ လိုက်ခဲ့မယ်..။ ဒီမှာတော့ တစ်ယောက်ထဲ မနေရဲတော့ဘူး..)
သိပ်မကြာလိုက်ပါဘူး..။ မနက်စာ စားသောက်ပြီးတာနဲ့ ကိုမြခင်တို့လင်မယား ရွာဘက်ကို

" မီးဖိုချောင်နံရံနောက်က နှစ်(၅၀)ကျော် သိမ်းဆည်းထားခဲ့တဲ့ ဒေါ်လာ၅သောင်းနှင့် စိတ်ဝင်စားစရာ သဲလွန်စများ "

 
အံ့အားသင့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံ ဖီးနစ်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အဲဒီနယ်မှာရှိတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မီးဖိုချောင်အတွက် ပြန်လည်ပြုပြင် ပြင်ဆင်မှုများကို လုပ်နေစဉ်မှာ နံရံနောက်ကွယ်မှာ ၀ှက်ထားတဲ့ ဒေါ်လာ ၅သောင်းကို တွေ့ရှိခဲ့ရခြင်းပါ။

ဒီ အဖြစ်အပျက်အကြောင်းကို ဇနီးသည်ဖြစ်သူက Imgur ဆိုတဲ့ လူမှုမီဒီယာတစ်ခုမှာ ဖော်ပြပြောဆိုခဲ့ပါ တယ်။

သူမနဲ့ သူမရဲ့ခင်ပွန်းသည်ဟာ မီးဖိုချောင်ကို ပြင်ဆင်နေစဉ်အတွင်း မီးဖိုချောင်နံရံတစ်ခုရဲ့နောက်ကွယ်မှာ မီးခံသေတ္တာနဲ့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ ဒေါ်လာ (၅)သောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီအချိန်တုန်းက နံရံကိုဖယ်လိုက်စဉ် ဆေးဗီဒိုနောက်ကွယ်မှာ မီးခံသေတ္တာရဲ့လျို့ဝှက်နံပါတ်ကို တွေ့ရပြီး မီးခံသေတ္တာကို ကုတ်နဲ့ ဖွင့်ဖို့ (၆)ကြိမ်လောက် ကြိုးစားခဲ့ရပါတယ်လို့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့မှတ်မိတဲ့ အကြောင်းကို ပြန်ပြောင်းအောက်မေ့ ပြောဆိုထားပါတယ်။

မီးခံသေတ္တာကို ဖွင့်လိုက်ချိန် တွေ့လိုက်ရတာကတော့ (၁၀၀)တန် ပါဝင်တဲ့ ဒေါ်လာ (၅၁,၀၈၀)နဲ့ (၁၉၆၀)ခုနှစ် ရက်စွဲပါ ၀ီစကီတစ်ပုလင်းပဲ ဖြစ်ပါတယ်။ “ကျွန်မတို့ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ခဏနေဦး.. အဲဒါထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့တောင် အယ်ဒီ့ကို အော်ပြောလိုက်ပါသေးတယ်။

" ပထမဦးဆုံး တရားဝင် အာဟာရဖြည့်စွက်ဆေးခြောက်သောက်ဆေး ဥရောပမှာ စတင်ရောင်းချ "

 
ပထမဆုံး တရားဝင် အာဟာရဖြည့်စွက်ဆေးခြောက်သောက်ဆေးကို ဥရောပမှာ ဈေးကွက်စတင်ခဲ့ပြီး အခုအခါမှာ အွန်လိုင်းစတိုးတစ်ခုကနေ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။

‘Satiphram’ လို့ ခေါ်တဲ့ ၁၀ မီလီဂရမ်ဆေးပြားတွေကို ‘အာဟာရဖြည့်စွက်ဆေး’ အဖြစ် ဈေးကွက် တင်သွင်းခဲ့တာဖြစ်ပြီး ဆေးထုတ်လုပ်သူ MMJ Phytotech ရဲ့ အင်တာနက်စာမျက်နှာမှာ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီဆေးတွေကို တရားဝင်ခွင့်ပြုရခြင်းရဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ခံစားရတဲ့ ဆေးမိသလို ထုံထိုင်းနေတဲ့ ‘high’ ခံစားမှုမျိုးကို ပေးစွမ်းနိုင်တဲ့ ဆေးခြောက်ဓာတ်ပေါင်းပစ္စည်း THC မပါဝင်မှုကြောင့်ဖြစ်ပါတယ်။

ဒီအစား CBD လို့ ခေါ်တဲ့ တခြားဆေးခြောက်ဓာတ်ပေါင်းတစ်မျိုးပါဝင်ပြီး အဆိုပါဒြပ်ပေါင်းက နာတာရှည် နာကျင်ကိုက်ခဲမှုရောဂါ၊ စိတ်ဖိစီးမှုရောဂါနဲ့ တခြား ဆိုးရွားတဲ့အဖျားရောဂါတွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

CBD ထုတ်ကုန်ပစ္စည်းတွေဟာ ကင်ဆာအပါအ၀င်တခြားရောဂါအများအပြားကို တိုက်ဖျက်နိုင်တဲ့

" ကုပ်ရိုး ကျီးပေါင်း တက်ရခြင်း အကြောင်း နှင့် လေ့ကျင့်ခန်းပုံများ "


ကုပ်ရိုး ကျီးပေါင်း မတက်စေချင် ရင်တော့ အနေအထိုင် သတိထား ရပါ လိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက် အရွယ်လေး ရလာပြီ ဆိုရင် ဇာတိပြလာ တက်သော ရောဂါမျိုး လည်း ဖြစ်ပါတယ် ။ ဒါကြောင့် အဲဒီရောဂါ မဖြစ် အောင် ကြိုတင် ကာကွယ်ချင် ပါတယ် ဆိုရင်တော့ ရာနှုန်းပြည့် ကြိုတင်ကာကွယ် လို့  မရသော ရောဂါမျိုး လည်း ဖြစ်ပါတော့တယ်။

ကာကွယ်နိုင် သည့် သဘော ကတော့ လည်ပင်းညောင်း လာလျှင် ဦးခေါင်း ကို တဖက်စီ အသာရာ လှည့်ချိုးပေးပါ ဒီနေရာ မှာ အဓိကပြောချင်တာက ဇာက်ချိုး ရတယ် ဆိုတော့ တစ်ချိုက အားနဲ့ လှည့် ချိုးကြ ပါတယ် ။ 


အဲဒီလို လုပ်ဆောင်ချက် ဟာ လွဲမှားခြင်း ဖြစ်နေကြောင်း ကိုလည်း အထူး သတိရှိစေ ချင်ပါတယ် ။

စာအုပ် စာပေ ဖတ်သူများ အနေဖြင့် ကြာရှည်စွာ ခေါင်းငုံ့ စာဖတ်ခြင်းမျိုး ကို အထူးပင် ရှောင်ရှားသင့်ပါ သည်။ 

ကွန်ပျုတာ နှင့် ဖုံး များကို ရေရှည်ကြည့်ခြင်း သုံးစွဲခြင်း များကို လုပ်ဆောင်နေ ပါက ဦးခေါင်း ကို တည့်မတ် စွာ သုံးစွဲခြင်းဖြင့် အကြော များ ပြေလျော့နေသည့် ပုံစံမျိုးဖြစ်နေပါစေ။

ညပိုင်း အိပ်စက်သည့် အခါတွင် ခေါင်းအုံး အမာ များနှင့် အမြင့် ထားပြီး အိပ်ခြင်း မျိုးသည် ကုပ်ရိုး ကျိုးပေါင်း တက်ခြင်း ကို ဖြစ်ပေါ်စေပါသည်။ ဒါကြောင့် ညပိုင်း အိပ်စက်သည့် အခါတွင် ခေါင်းအုံး သည့် မနိမ့်အမြင့် အနေ ထားဖြင့်သာ အိပ်စေ သင့်ကြောင့် ပြောကြားပါရစေ။

ကုပ်ရိုး ကျီးပေါင်းတက်ခြင်း လက္ခဏာများ အနေ ကတော့ နောက်စေ့ နောက်ဖက် အောက်ဘက် နေ
ရာတွေ မှာ မကြာခဏ ကြာရှည် စွာ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ လည်ကုပ် တစ်ဆင့် နောက်စေ့၊ ပခုံး၊ လက်ဖျံ နှင့်

" မိုးအကုန် ဆောင်းကာလမှာ ထိုင်းနိုင်ငံလုပ် ချည်သား ခါးရှည် အင်္ကျီလေးတွေ ဝတ်ကြမယ်"

Made in Thailand ချည်သားခါးရှည်လေးတွေပါ။ မိုးရာသီအကုန် ဆောင်းရာသီ အေးအေးစိမ့်စိမ့်လေးမှာ အပေါ်ဝတ်အဖြစ်လည်းဝတ်နိုင်သလို တထည်တည်းလည်းဝတ်နိုင်ပါတယ်။ ချည်သားအေးအေးလေးမို့ပေါ့ပေါ့ပါးပါးလေးနဲ့ဝတ်လို့အရမ်းကောင်းပါတယ်။ Instock ရှိလို့စောင့်စရာမလိုပါဘူး။
*Price - 9500
*Freesize
*Made in Thailand
*Instock items
*မှာယူလိုပါက ..............

September 8, 2015

" အသက် ၁၁နှစ်အရွယ် သားဖြစ်သူကို စုန်းအတတ်လိုက်စားသည်ဟုဆိုကာ မိဘနှစ်ဦးစလုံးက သားဖြစ်သူကို မီးရှို့သတ်ရန်ကြိုးစား "


နိုင်ဂျီးရီးယားနိုင်ငံက ပုလိပ်တွေ ပြောဆိုတာက မိဘနှစ်ဦးကို သားအရင်းဖြစ်သူအား စုန်းဖြစ်သည်ဟုဆိုကာ မီးရှို့သတ်ရန်ကြံစည်
မှုနှင့်ဖမ်းဆီး အရေးယူထားကြောင်း သိရပါတယ်။
Akwa Ibom (အက္ကဝါ အီဘွမ်) အရပ်မှ အသက် ၁၁နှစ် အရွယ်ရှိတဲ့ကလေး (Nmeyene Christopher Eyo)  နေမ်ယေနေ ခရစ္စတိုဖာ အျို ကို Christopher Amos Essie (ခရစ္စဖာ အေမောစ် အက်စ်စီး) နှင့် Amos Johnson (အေမောစ် ဂျောန်စင်)တို့
မီးတင်ရှို့ခဲ့ကြပါတယ်။

စစ်ဆေးမေးမြန်းသူတွေကို ကလေးငယ် ပြောကြားခဲ့တာကတော့ သူ့မိဘတွေနှင့် ပြသနာတက်ရခြင်းရဲ့ အကြောင်းရင်းကတော့ သူဟာ ဘီစကွတ်တွေ ကျွေးတာ ခံခဲ့ရကြောင်း အိပ်မက်မက်ခဲ့တယ်လို့ တမနက်မှာ အဘွားဖြစ်သူကို သူကပြောပြမိရာ သူမက သူ့အဖေကို ဒီကလေးဟာ စုန်းဖြစ်တယ်၊ ဒီကလေးကို အမြန်ဆုံးကုသရမည် သို့မဟုတ်ပါက မိသားစု တစုလုံးကို ဒီသူငယ်က ဖျက်ဆီးလိမ့်မည်လို့ ပြောဆို အသိပေးခဲ့ပါတယ်။

သူတို့တွေဟာ ကလေးငယ်ကို အမျိုးမျိုးကြိုးစာကာ ကုသခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူဟာ ကလေးငယ်ကို ခရစ်ယာန် ဘုရားကျောင်းသို့ ခေါ်ဆောင်သွားပြီး မီးလောင်စေသော အရည်များ ပက်ဖျန်းကာ မီးတင်ရှို့ခဲ့ပါတယ်။ 

" Toyota Probox 2NZ-FE VVT-i 1300 cc ကားများ မီးလောင်နိုင်သော အကြောင်းရင်းများ "


ယခုအကြောင်းအရာသည် ပရိုဘောက် ၁၃၀၀စီစီ ကားများမီးလောင်နိုင်သောအကြောင်းရင်းများကိုအတတ်နိုင်ဆုံးလေ့လာ
တင်ပြသွားမည် ဖြစ်ပါသောကြောင့်... 2NZ-FE VVT-i (Variable Valve Timing and intelligence system)Engine ၏ VVT-i စနစ် ဖွဲ့စည်းအလုပ်လုပ်ပုံ၊ပရိုဘောက် ၁၃၀၀ တွင်တပ်ဆင်ထားသော ဆီ၊ရေ၊လေ၊မီးစနစ်နှင့် အိတ်ဇောပိုက်(Exhaust Manifold)အကြောင်း၊ အင်းတက်(Intake Manifold) ဖွဲ့စည်းထားပုံ၊ EVAP (Evaporative Emission Controlsystem)စနစ်အလုပ်လုပ်ပုံ၊ CC(Charcoal Canister)ဆီငွေ့သိုလှောင်ဗူး တည်ရှိပုံနှင့် အလုပ်လုပ်ပုံ၊ ရေတိုင်ကီနှင့် Cooling Fan ပန်ကာအကြောင်း၊Water Temperature light ရေအပူချိန်ပြမီး အလုပ်လုပ်ပုံနှင့် ဒိုင်ခွက်အတွင်းတည်ရှိပုံတို့ကို တင်ပြကာ သုံးသပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီအကြောင်းအရာကို ကျွန်တော်နှင့် ကျွန်တော်ဆရာများဖြစ်သော ချင်းရိုင်းခရိုင် တွင် တည်ရှိသော ဝပ်ရှော့လုပ်သက်(၄၀) ကျော်၊ ယခု အသက် ၆၀ ကျော်ရှိ ချင်းရိုင်းမှ ဆရာနှင့် အဓိကဆွေးနွေးကာ ဘန်ကောက်ရှိ မော်တော်ယာဉ် နည်းပညာတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့ကာ ယခု EFI ကားများကိုသာ အဓိကပြုပြင်သော ဝပ်ရှော့ဖွင့်ထားသော ဆရာထံတင်ပြ ဆွေးနွေးပြီး သုံးသပ်ချက်ရယူပါသည်။ကျွန်တော့်ဆရာများမှာ ကားကိုမမောင်းစမ်းကြည့်ရသော်လည်း ပရိုဘောက်ကား အင်္ဂျင်ခန်း၊အတွင်းခန်း၊ ရေအပူချိန်ပြမီးတည်နေရာ ဓါတ်ပုံများစွာဖြင့်ဆွေးနွေးပြီး ကျွန်တော်တစ်ဦးတည်းသာ ကားကိုမောင်းစမ်းကြည့်ခြင်း၊ကားကို သေချာစွာ စစ်ဆေးကြည့်ရှု့ခဲ့ခြင်းကြောင့် အားနည်းချက်ရှိခဲ့သော် ကျွန်တော်တစ်ဦးတည်း၏ အားနည်းချက်သာဖြစ်ပါကြောင်း ဝန်ခံပါသည်။ အတတ်နိုင်ဆုံး အဖြစ်နိုင်ဆုံးနည်းလမ်းများကို သုံးသပ်ပြီးမှ ပရိုဘောက်ကား ပိုင်ရှင်များအတွက် စိတ်ချလုံခြုံနိုင်သော နည်းလမ်းများကို သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။ကားရှင်များနားလည် သဘောပေါက်စေရန် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြသွားပါမည်။

2NZ-FE VVT-i Engine ၏ VVT စနစ်အလုပ်လုပ်ပုံမှာ အင်္ဂျင် Camshaft ကင်းမရှပ်တွင် VVT Pulley ပါရှိပြီး

" လူတိုင်းအတွက် အခမဲ့ အထူးကုဆေးခန်းအကြောင်းကို Like & Share ပေးပါ "

 
လှိုင်သာယာ၊ အင်းစိန်၊ သမိုင်း၊ ဧရာဝတီ..တိုင်း... က.မိတ်ဆွေ များ..ခင်ဗျား..လက်တို့..သတင်းပေး
ခြင်းဖြင့်..နွမ်းပါးသူ များကို..ကူညီပေးစေချင်ပါတယ်..။
အများအတွက်..ကျန်းမာရေးအတွက်..ကောင်းသတင်းမို့..ကျယ်ပြန်စေချင်လို့ပါ.

လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့က..လှိုင်သာယာ၊
ကျန်စစ်သားလမ်းမကြီးပေါ်မှာ.. လှိုင်သာယာ၊ မြို့ဦးစေတီ..မျက်နှာချင်းဆိုင်မှာ..ကုသိုလ်ဖြစ်..ဆေးခန်း.
ဖွင့်ထား ပါတယ်..။ အခမဲ့..ဆေးခန်းပါ..။

ငွေကြေး..တစ်ပြား..တစ်ချပ်မှ..ပေးရန် မလိုအပ်တဲ့..ဆေးခန်းပါ..။ ဆေးခန်း က..သပ်သပ် ရပ်ရပ်နဲ့..သားသား နားနား..လေးဖြစ်နေတာရယ်.. အထူး ကု..ဆရာဝန်ကြီးတွေ..ထိုင်တာရယ်..ကြောင့်..အချို့နွမ်းပါး သူများက.. ဟန့်..နေ သလား..လို့..မြင်မိပါတယ်..။

ကျွန်တော်တို့..မြန်မာတွေ က..ဆိုင်ခန်း ကို..မှန်ကာ..လိုက်ရင်တောင်.. ၀င်ဘို့..၀န်လေး သွား..တတ်သူ..အများစု..မို့..ပါ..။ ဆေးခန်းမှာ..ဆေးပညာ၊ ခွဲစိတ်၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေး.. အထူးကု.. သမားတော်ကြီး များ..လည်း..ထိုင်ပါတယ်..။ စမ်းသပ်ခ..အခမဲ့..ပါ.. ဆေးဖိုးဝါးခ..အခမဲ့..ပါ.. KBZ ဘဏ် က..သိန်း တစ်ထောင်..မတည်..အလှူ ထည့်ဝင် ထားပါတယ်..။ အခြား..လစဉ်.. အလှူ ရှင် များ..ရှိပါတယ်..။ ဆေး အလှူ ရှင်များလည်း..ရှိပါတယ်..။ လိုအပ် လာရင်..အင်းစိန်ဆေးရုံကြီး၊ ရန်ကုန် အနောက်ပိုင်းဆေးရုံ၊ ရန်ကုန် အထူး ကုဆေးရုံကြီး၊ များမှာရှိတဲ့..ဆရာဝန်ကြီးများနဲ့..ဆက်သွယ်.ပြီး..ဆက်လက် ကုသနိုင် ဘို့..ကူညီပေးဦး မှာပါ..။

Minor Surgery Case များကို..လှိုင်သာယာ..ထွန်းဖောင်ဒေးရှင်း က..ဆေးရုံ က.. ခွဲစိတ် ခန်းမှာ..

" တင်သားကြီးကြီး မိန်းမတွေကို ဘာကြောင့်ယောက်ျားတွေ ကြိုက်ရလဲ "

 
Kim Kardashian
ကမ္ဘာကျော် မင်းသမီးချော ရုပ်သံ တင်ဆက်သူ ကင်မ်ကာဒစ်ရှန် ကဲ့သို့ ပေါင်သားပြည့်ပြီး တင်သား လုံးဝန်း လှပသည့် အမျိုးသမီး များသည် ဉာဏ်ရည် ထက်မြက်သည့် ရင်သွေးများကို မွေးဖွားနိုင်ကြောင်း လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။

ပစ်စဘာ့ဂ်ခ်ျ တက္ကသိုလ်မှ သုတေသီများ ၏ လေ့လာချက် အရ တင်သားနှင့် ပေါင်သားတွင် အဆီများစွာ ရှိသော အမျိုးသမီးများ သည် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သည့် ရင်သွေးငယ်များ မွေးဖွား နိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။

အမျိုးသမီးများ၏ ပေါင်နှင့် တင်ပါးရှိ အဆီများသည် ကလေးငယ်၏ ဦးနှောက်ကို ဖွဲ့စည်းရန် ကုန်လှောင်ရုံ တစ်ခုကဲ့သို့ လုပ်ဆောင်ပေးကြောင်း ၄င်းတက္ကသိုလ်မှ ပြည်သူ့ ကျန်းမာရေး ဆရာဝန်တစ်ဦး ဖြစ်သူ ပါမောက္ခဝေလ်လက်စ်ဆက်ခ် က Sunday times သတင်းဌာန သို့ ပြောကြားခဲ့သည်။

အာရုံကြော စနစ်ကို တည်ဆောက်ရန် အတွက် အဆီများစွာ လိုအပ်ကြောင်း၊ အမျိုးသမီး များ၏ တင်သားနှင့် ပေါင်သားများမှ အဆီများသည် လူသားတို့၏ ဦးနှောက်တွင် အဓိကကျသည့် အစိတ်အပိုင်း ဖြစ်သော DHA (docosahexaenoic acid) ကို ဖြစ်စေနိုင်ကြောင်း ၄င်းက ဆိုသည်။ အဆိုပါ နေရာများတွင် ကိုယ်ခန္ဓာအတွက် အရေးပါသော အစာအာဟာရ များကို သိုလှောင် ထားသည့်

*လက်မထပ်ပါနဲ့*

 
 ဟိဟိ..ငါကတော့ အိုရဦးမယ်..ခ်ခ်ခ်
*လက်မထပ်ပါနဲ့*
----------------------
Sex အတွက်ကြောင့် လက်မထပ်ပါနဲ
့-
ကိုယ့်အသက်အရွယ်ကြောင့် စဉ်းစားပီးလက်မထပ်ပါနဲ့ 
-
အသက်ကြီးလာပီ အိမ်ထောင်ပြုမှ ဖြစ်တော့မယ်လို့ တွေးပီး လက်မထပ်ပါနဲ့
-
အထီးကျန်မှုကြောင့်လဲ လက်မထပ်ပါနဲ့ 
-
ငွေကြေးအထောက်အပံ့လိုအပ်လို့  လူတစ်ယောက်ကို လက်မထပ်ပါနဲ့ 
-
အမှားတစ်ခုကြောင့် ကိုယ်ဝန်ရပီး လက်ထပ်လိုက်ရခြင်းမျိုး မဖြစ်ပါစေနဲ့ 
-
လူတစ်ယောက်ကို ဆုံးရှုံးရမှာစိုးလို့  အပိုင်သိမ်းလက်ထပ်ခြင်းမျိုးလဲ မလုပ်ပါနဲ့ 
-
မိသားစုဖိအားတွေကြောင့်လဲ ကိုယ်မချစ်တဲ့သူတစ်ယောက်ကို အတင်းလက်ထပ်မယူပါနဲ့ 
-
တခြားသူတွေရဲ့ မင်္ဂလာဆောင်တွေကို အားကျပီးလဲ မယူပါနဲ့ 
-
ကိုယ့်သူငယ်ချင်းတွေအားလုံးယူကုန်ကြပြီဆိုပြီး ကိုယ်လဲယူတော့မယ်လို့ တွေးပြီး လက်မထပ်ပါနဲ့ 
--------------------

*လက်ထပ်ပါ*
-------------------
ကိုယ့်ကိုလဲ သူကတန်ဖိုးထားပြီး ကိုယ်ကလဲသူ့ ကို အမှန်တစ်ကယ်မြတ်နိုးတယ်ဆိုရင် လက်ထပ်ယူပါ

" ခြေဖနောင့်ကွဲပျောက်စေမည့် သဘာဝနည်းလမ်းများ"

 
 ခြေဖနောင့်ကွဲလို့ တချို့ဆို ဖိနပ်တောင်စီးရတာ နာတဲ့အထိ ဖြစ်ကြပါတယ်တဲ့။ ဖနောင့်ကွဲ သက်သာအောင် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေကလဲ တပုံတပင်ပါပဲ။ အလွယ်ကုစားတဲ့နည်း ၁၀ နည်းလောက်ကို ရှာတွေ့လို့ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ တင်ပြလိုက်ပါတယ်

(၁) သံပုရာ Foot mask

မျက်နှာလိမ်းတော့ Facial Mask ပေါ့။ ခြေထောက်ဆိုတော့ Foot Mask ပေါ့နော။
ခြေထောက်တွေ နှစ်ပြီး စိမ်ထားဖို့ ရေတဇလုံလောက် ယူ။ အဲ့ဒီထဲကို ဆားကြမ်း၊ သံပုရာရည်၊ ဂလစ်စရင်း အလှဆီ၊ နှင်းဆီရည်တွေ ထည့်၊
ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါ။
ပြီးရင် ချေးတွန်းကျောက် (သို့မဟုတ် ရေမြှုပ်ကျောက်ကို သုံးပြီး ခြေဖနောင့်နဲ့ ခြေထောက် ဘေးဖက်တွေကို ပွတ်တိုက်ပေးရပါမယ်။ ပြီးတော့ ဆေးဖော်မယ်နော။ ရေမရောထားတဲ့ ဂလစ်စရင်း အလှဆီ 1 tsp (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ နှင်းဆီရည် တဇွန်း၊ သံပုရာရည် တဇွန်း၊ အားလုံး ရောမွှေ။ ပြီးရင် ကွဲနေတဲ့ ဖနောင့်နေရာကို လိမ်းပေးပါ။ လိမ်းဆေးဟာ စေးကပ်ကပ် အနှစ် ဖြစ်တာကြောင့် ခြေထောက်မှာ ခြေအိတ်စွပ်ထားလို့ရပြီး တညလုံး ၀တ်ထားလို့ရပါတယ်။ မနက်ကျရင်တော့ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပေါ့။ ဒီနည်းကို ခြေဖနောင့်ကွဲ ပျောက်ပြီး နူးညံ့ပျော့ပျောင်းလာတဲ့အထိ အကြိမ်ကြိမ် လုပ်ဆောင်ပေးပါနော်။

(၂) အသီးအရွက်အဆီ

ခြေဖနောင့်ပေါ်က အသားအရေ ခြောက်သွေ့တာဟာလဲ ဖနောင့်ကွဲစေတဲ့

September 7, 2015

" ဖြစ်မှ ဖြစ်ရလေ မမနွားရယ်...လုပ်လိုက်ရင် အဆန်းချည်းပဲ" ခ်ခ်ခ်

အင်္ဂလန်မှ မီးသတ်သမားတွေက မီးသတ်အဖွဲ့ဝင်နှစ်ဦးဟာ ဥယျာဉ်ထဲမှာထားရှိတဲ့ ထိုင်ခုံကြားထဲမှာ
ခေါင်းညပ်နေတဲ့ နွားတစ်ကောင်ကို ကူညီကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Northamptonshire မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့က ကြာသာပတေးနေ့ မနက် ၇နာရီ ၅၀မိနစ်ခန့်က ပလတ်စတစ်ခုံကြားမှာ ခေါင်းညပ်နေတဲ့ နွားကလေးပုံကို Tweeter မှာ ဖော်ပြခဲ့ပါတယ်။

Mounts နဲ့ Wellingborough မှ မီးသတ်အဖွဲ့ဝင်နှစ်ယောက်က အင်္ဂလန် Bouhton ရပ်မှာရှိတဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ နွားကလေးကို သွားရောက်ကူညီခဲ့ကြတာဖြစ်ပါသတဲ့။

မီးသတ်ဌာနအဆိုအရ မီးသတ်သမားတွေက ခေါင်းပေါ်မှာ ထိုင်ခုံစွပ်နေတဲ့ နွားလေးကို

" ပဲပြုတ်နှင့် ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူးများ"



ကျွန်မတို့ မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက်၊ နေထိုင်မှုစံနစ်ပြောင်းလဲလာသည်နှင့်အမျှ၊ အစား အသောက်ပုံစံလည်း ပြောင်းလဲ လို့ လာနေပါပြီ။ မည်သို့ ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခု ကတော့ ပဲပြုတ်စားသုံးသောယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ ထက် တိုင် မြန်မာနိုင်ငံ၏ မြို့ ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံက်ချိန်ခါ တေးသံသာကို ကြားရစမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော် အဖြစ် တစ်ဖုံ၊ နံပြား/အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာ သာမရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော် ဟင်းလျာများအဖြစ်စားသုံးနိုင်သလို၊ ပဲပြုတ်ကိုမျှစ်ဖြင့်ရောကြော်ကာ၊ အရသာရှိရှိ စား သုံးလေ့ရှိကြ၏။ ထို့  ပြင် မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာမျာြး ဖစ်ကြသော၊ ရေမုန့် /မုန့် လင်မယား /ကောက်ညှင်းပေါင်း/လမ်းသရဲမုန့်  တို့ မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ၊ ပဲပွလာအောင်ဆော်ဒါဖေါက်ပေးပြီး၊ အရ သာနှင့် အရောင်တို့ အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။ မိမိပတ်ဝန်းကျင်မှာ စားတော် ပဲပြုတ်ကို နေ့ တဓူဝမြင်တွေ့ နေကြရသော်လဲ၊ ကျန်းမာရေး အတွက် မည်မျှထိအရေးပါကြောင်းကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲ တွင် လူသားတို့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော ဗီတာမင်မင်နှင့်သတ္တုဓာတ် တို့ အလုံအလောက် ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှိသည့် အတွက် နေ့ စဉ်စားသုံးပေးသင့်သော အာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနှင့် WHFoods တို့ မှ အခိုင် အမာထောက်ခံထားကြပါသည်။

1. ပဲပြုတ်ထဲတွင် အဆီဓာတ် နှင့် ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရ ဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။

2. ပဲပြုတ်ထဲတွင်ချေဖျက်လွယ်သောအမျှင်ဓာတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓာတ်များသည် အစာခြေ လမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့ လျားစေသည့် အလိုအလျောက်ကြွက် သားလှုပ်ရှားမှု ကို အားပေး သဖြင့် ၀မ်းမချုပ်စေပါဘူး။

3. စားတော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရော

" မယက သို့တည်းမဟုတ် ယဉ်ယဉ်ကျေးကျေး ခေါ်ရလျှင် ..မဟာ ဇ-န-က ကြီးများ " (ဟာသ)


 

ခက်ဆစ်အဓိပ္ပာယ်။ 
ဇ-န-က = ဇနီးကြောက်။
ပထမဆုံးသူငယ်ချင်းက အတော်ရိုးတယ် တက္ကသိုလ်ကျောင်းဆင်းတဲ့အထိ ရည်းစားမထားဖြစ်ဘူး ချေးများ တာလဲ ပါပါတယ်၊ အဲကျောင်းပြီးလို့ အလုပ်ဝင်လုပ်တော့မှ သူတို့အိမ်ကိုငှားနေတဲ့ မိသားစုထဲက ကောင်မလေး ကို သွားစိတ်ဝင်စားတာ၊ ကောင်မလေးက ဆယ်တန်းကို နှစ်ခါကျ အပြင်ဖြေပေါ့နော်။
ကျွန်တော့သူငယ်ချင်းကြီးကို ကောင်မလေးက နဲနဲပါးပါး အထင်တကြီးတော့ ရှိပါလိမ့်မယ်၊ အချိန်တိုတို အတွင်း ရည်းစားဖြစ်၊ သိပ်မကြာခင်မှာပဲ သည်ကောင့်နောက်ကို ကောင်မလေး လိုက်ပြေးသွားပါတယ်၊ သည်ခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ဘူးလေ ထားလိုက်ပါတော့။

ယောက္ခမအိမ်တက် ချွေးမ မျက်နှာမငယ်ရလေအောင် သူငယ်ချင်းက သူ့ မိန်းမငယ်ငယ်လေးကို အတော်လေး အလိုလိုက်ရှာပါတယ်၊ ဒါပေမဲ့လေ အစ္စရေးနဲ့ ပါလက်စတိုင်းသာ ငြိမ်းချမ်းရေး ရချင်ရသွားမယ် ချွေးမနဲ့ ယောက္ခမ ဆိုတာ ကမ္ဘာဦးထဲက ညိခဲ့ကြတာလားမသိ၊ နေ့တိုင်း တစ်ဂျိန်းဂျိန်း။
တစ်နေ့တော့ သူငယ်ချင်း အလုပ်သွားနေတဲ့အချိန် သူ့မိန်းမလေး အိမ်ပေါ်က ဆင်းသွားပါတယ်၊ ထုံးစံအတိုင်း ယောက္ခမနဲ့ ရန်ဖြစ်ပြီး သည်တစ်ခါတော့ မနေတော့ဘူးဆိုပြီး ဆင်းသွားတာပါ၊ ကံကဆိုးချင်တော့ ကျွန်တော် နဲ့ နောက်ထပ်သူငယ်ချင်း တစ်ယောက်ကလဲ အဲသည်နေ့မှ အဲသည့်သူငယ်ချင်းအိမ်ကို သွားလည်မိပါတယ်၊ သူငယ်ချင်းက ရုံးက ပြန်မရောက်သေးတော့ သူငယ်ချင်းရဲ့အမေကလဲ ကောင်မလေး ဆိုးတဲ့အကြောင်းတွေကို မျက်ရည်လည်ရွဲနဲ့ ပြောပြနေရှာပါတယ်။

သိပ်မကြာပါဘူး သူငယ်ချင်း အိမ်ကိုပြန်ရောက်လာပါတော့တယ်၊ အမေဖြစ်သူကို သူငယ်ချင်းက
“အမေ ငယ်လေးရော” (သူငယ်ချင်းက သူ့မိန်းမကို ငယ်လေး လို့ခေါ်ပါတယ်)
“နင့်မိန်းမ အိမ်က ဆင်းသွားပြီ”
“သိတယ် သိတယ် တစ်နေ့သည်လိုဖြစ်လိမ့်မယ်ဆိုတာ သိတယ်”ကျွန်တော့သူငယ်ချင်းက ဗွီဒီယိုမင်းသား အိုက်တင်နဲ့ လက်နှစ်ဖက်ကို အပေါ်မြောက်ပြီး ပြောနေပါတယ်၊ ရုပ်ရှင်တို့ ဇာတ်ပွဲတို့ မကြည့်ဖြစ်တာကြာပြီဖြစ်လို့ ဗွီဒီယိုမင်းသားနဲ့ ယှဉ်ပြောလိုက်တာပါ၊
“အမလေး မွေးရကျိုးနပ်တဲ့ သားကြီး၊ နင် မကျေနပ်ရင် နင်ပါအိမ်ပေါ်က ဆင်းသွား”
“ဆင်းမှာပါ ဆင်းမှာပါ ကျွန်တော် ထမင်းအရင်စားလိုက်ဦးမယ် ပြီးရင် ချက်ခြင်းလိုက်သွားမှာပါ”
အဖွားကြီးလဲ ပါးစပ်လေး အဟောင်းသားဖြစ်သွားရှာပါတယ်၊ ကျွန်တော်တို့လဲ ငိုရအခက်

" ယောက်ျားတွေ လက်မလွှတ်နိုင်သော မိန်းကလေး ဆိုတာ"

 
ယောက်ျားတွေ လက်မလွှတ်နိုင်သော မိန်းကလေးဆိုတာ လောကကြီးမှာရှိပါတယ်။

ဒီစာလေးကို ယောက်ျားလေးတွေရော၊ မိန်းကလေးတွေကိုပါ ဖတ်စေချင်ပါတယ်။

၀၁. ဥာဏ်ထက်ပြီး သူနဲ့နေရင် ဥာဏ်ရည်တက်လာတယ်လို့ ခံစားရတယ်။

ဥာဏ်ကောင်းတဲ့ မိန်းကလေးဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်ထက်ဥာဏ်ကောင်းလို့ မနာလိုမဖြစ်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ အားသာချက်တွေ တူညီမှုမရှိပါ။ ကိုယ့်ကို တိုးတက်စေမဲ့သူက ဘေးနားမှာ ရှိတယ်ဆိုတာ ဝမ်းသာစရာပါ။

၀၂. ဘယ်အချိန်မဆိုဘေးမှာရှိပြီး အားပေးနေသူ။

ဘယ်အချိန်မဆိုဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကို အေးချမ်းစေပါတယ်။

၀၃. ကိုယ့်ရဲ့အားသူချက်ဆိုတာ ဘယ်လဲဆိုတာကို ရှင်းပြပေးသူ။

အမှားလုပ်မိချိန်၊ အလုပ်ကအဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူက ကိုယ့်ကို အမြဲအားပေးနေတယ်။ အားပေးတာတစ်ခုထဲမဟုတ်ပဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာကိုပါ သင်ပြပေးသူပါ။ ကမ္ဘာပေါ်မှာ မင်းကအတော်ဆုံးပဲလို့ သူကပြောနေမှာပါ။

၀၄. ဘယ်နေရာမှာ မဆို ကူညီ၊ အားပေးဖို့ရန် အသင့်ရှိနေသူ။

စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ ဘယ်လို ပြသာနာတွေ ကြုံကြုံ သူက အနားမှာ

"အသဲကွဲ တောင်ထိပ်ပေါ်က သူရဲကောင်း တောင်ဆိတ်များ ပုံပြင် "

 
တရုပ်ပြည် တနေရာမှာ အသဲကွဲတောင်ထိပ် လို့ခေါ်တဲ့ တောင်တန်း တစ်ခု ရှိပါတယ်။ အဲ့ဒီတောင်တန်း ရဲ့ ထူးခြားချက် ကတော့ တောင်တန်းကြီး ဟာဆိုရင် တောင်ထိပ် ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ ခွဲ ထားသလို နှစ်ခြမ်းကွဲနေပါတယ်။ 

အဲဒီလို ပိုင်းခြား ထားတဲ့ အပိုင်းနှစ်ပိုင်း ဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ) မီတာလောက် ဝေးပါတယ်။ ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးသန် တဲ့ စမ်းချောင်း က ဖြတ်သန်း စီးဆင်းနေ ပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြ တဲ့နေရာလေးဖြစ်ပါတယ်။

 တောင်ဆိတ် များဟာ ရိုးရိုး ဆိတ် ထက် အကောင် အားဖြင့် ကြီးမာပြီး အထီးရော အမ ပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျို  ပါ ရှိကြပါတယ်။ အထူးခြားဆုံး ကတော့ ခုန်တဲ့နေရာ မှာ အင်မတန်တော် တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူတို့တွေ ဟာ (၆)မီတာ ထိအောင် ခုန်နိုင်ပါတယ်။ နောက်ပြီး သူခုန် လို့ ကျတဲ့နေရာ မှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက် ချဖို့ ရတာနဲ့ မနား ပဲ ဆက်တိုက် ခုန်နိုင်စွမ်း လည်းရှိပါတယ်။ 

ရှားပါးပြီး ဆေးဖက် ဝင်တဲ့ သတ္တဝါ မျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုး လုပ်သူများ ဟာ ခက်ခက် ခဲခဲ  ရှာဖွေ ဖမ်းဆီးရပါတယ်။ တောင်စောင်းတောင်ထိပ်များ မှာသာ ကျက်စားလေ့ ရှိတဲ့ အတွက်ကြောင့်လည်း ဖမ်းဆီးဖို့ကို မဆိုထား နဲ့ တွေ့ရဖို့တောင် အင်မတန် မှ ခက်ခဲလှပါတယ်။ ကျွန်တော်ဟာ မုဆိုးတစ်ယောက် ပါ။ 

ဒါကြောင့် ခုလို ရှားပါတဲ့ တောင်ဆိတ်ကို ပစ်ခတ် ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြား ကို သွားခဲ့ပါတယ်။ ခက်ခဲစွာ နဲ့ တောင်ဆိတ်တွေ ရှိရာအသဲ ကွဲတောင်ထိပ် ကို ရောက်အောင် တက်လာခဲ့ ပါတယ်။ တောင် ထိပ်ရောက်တော့ တောင်စွန်း တစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေ ကို တွေ့ရပါတော့တယ်။ 

ကျွန်တော်တို့ အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံး ကို ပိတ်ဆို့ ထားလိုက်ပါတယ်။ ထွက်ပေါက်ဆို လို့ ထက်ချမ်း ကွဲနေတဲ့ တောင်တစ်ဖက် ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန် မှာ တောင် ဆိတ်တွေ ဟာ သူတို့ အသက်အန္တရယ် ကို ကြောက်လန့်နေ တာကြောင့် ပျာယာခက်နေပါတယ်။ သူတို့ လွတ်မြောက်ဖို့ ဆိုတာ တစ်ဖက်ကမ်းခြားနေ တဲ့ တောင်စောင်း

" Water intoxication ရေသောက်လျှင် အဆိပ်တက်သော ရေဆိပ်တက်ရောဂါ"

ရေဆိပ် သင့်ခြင်း လို့ ခေါင်းစ ဉ် တပ်ပေမဲ့ သောက် တဲ့-သုံးတဲ့ရေထဲ မှာ အဆိပ် ပါတာ မဟုတ် ပါ။ ရေသန့်ဗူး ထဲ ကရေတွေ တအားကြီး သောက်ရင် လဲ အဆိပ် သင့်နိုင် တာ ကို ပြောတာဖြစ်ပါတယ်။

 ဆေးစာ နဲ့ ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင် တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေ မယ်။ Electrolytes ဓါတ်ဆား အချိုး အစား မမျှရာ ကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်း တာဖြစ်စေတယ်။ 

အမှတ် တမဲ့တော့ ရေတွေ တအားသောက် တယ် ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင် ကြ ရင် ဖြစ်နိုင်တယ်။ 

၁၂-၁-၂ဝဝ၇ တုန်း က Hold Your Wee for a Wii ရေသောက်ပြီး သေး မပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲ ဝင်သူ ၂၈ နှစ် အရွယ်၊ ကလေး ၂ ယောက် အမေ Jennifer Strange ဟာ သေသွား လို့ ပြိုင်ပွဲ စီစဉ်တဲ့ The End ရေဒီယို က ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက် ရတယ်။


 ဆေးရုံတွေ မှာ လူနာ ကို လိုတာ ထက်ရေ ပါတဲ့ Drips တွေ အများကြီး သွင်းရင် လဲ ဒုက္ခပေး မယ်။ ရေကောင်းရေ သန့် ကနေ အဆိပ် လို့ ခေါ်တော့မယ်။ 

တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။ လူ့ ကိုယ်ခန္ဓာ မှာ ပါးစပ်နှုတ်ခမ်း ကနေ စအို အထိ ရှိတဲ့ အစာ လမ်းကနေ ရေ ကို စုပ်ယူနိုင်စွမ်း ရှိတယ်။ 

အစာအိမ် နဲ့ အူတွေ ကနေ အများ ဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ (ဆိုဒီယမ်) ဓါတ်ဆား က တွဲနေတယ်။ တသမတ် ထဲ မျှနေ ရတယ်။ (ဆဲလ်) တခု ရဲ့ အပြင် ဝန်းကျင် နဲ့ (ဆဲလ်) အတွင်း ကလဲ မျှနေရတယ်။ ရေက များ သွားချိ န်မှာ (ဆိုဒီယမ်) က နည်း သွားမယ်။ Hyponatremia ခေါ်တယ်။ 

တစ် နေရာရာ မှာ ဓါတ်ဆား အချိုး အဆ ကဲမယ်-နည်းမယ် ဆိုရင် (ဆဲလ်) နံရံ ကနေ Osmosis (အော့စ်မောဆစ်) အပြန် အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ် အရ ညီစေအောင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကား လာလိမ့်မယ်။ Intracranial pressure ဦးနှောက် ထဲ မှာ ဖိအားတွေ တက်လာ လိမ့်မယ်။ 

Water intoxication ရေ အဆိပ် သင့်ခြင်း လက္ခဏာတွေ စတော့မယ်။ 

September 6, 2015

" ကိုလူပျိုနဲ့ လယ်တောသူ "

 
ရှစ်တိုင်းတစ်ခွင် အုံ့ ကာဆိုင်း
မှိုင်းလို့ ရီမှောင် ညိုရောင်ဖြာသန်း
လျှပ်နွယ်လျှပ်ပန်း အာကာလန်းပ
ဆန်းလရာသီ ပန်းခတ္တာ
ဝတ်မှုံပျံ့ သင်း ပျိုတိုင်းဆင်ခြင်
မဆင်နဲ့ ပျို ပန်းညှိုးမပေါ့။

လူပျို။ ။ နားဆင်ကွယ် နားဆင်
မောင်အိုးစည်ဗုံမောင်း မိုးထက်သို့ လွှမ်း
နားကပ်ဆင်လေ့။
 
ကောက်စိုက်သမလေး။ ။ ချစ်ပါတဲ့ကြိုက်ပါ လူပျိုတွေ
လယ်ကန်သင်းက ပျင်းတိုင်းလာ
မချစ်နိုင်ပါလေ မကြိုက်နိုင်ပါလေ
နှမငယ်လေး ကိုယ်မအား
ရဲစားနှင့်လေး။

လူပျို။ ။ ဝါဝါသနပ်ခါးခေါက်ကိုလ
ကျောက်ပြင်ထက်တင်
လယ်ကွင်းပြင်ဘက်
သနပ်ခါးနှစ်ကိုလ
သွေးခြယ်ကာ အလှဆင်။
 
ကောက်စိုက်သမလေး။ ။ လယ်ကန်းသင်းဘောင်ပေါ်ရိုးက

" ပထမဆုံး လူချင်းတွေ့ ဒိတ်လုပ်တဲ့အခါ ဒီအချက်တွေ ရှောင်သင့်တာ "

 
 တစ်စုံတစ်ဦးနဲ့ စတင် ချိန်းတွေ့တော့မယ်ဆိုရင် သင့်အနေနဲ့ မလုပ်ဆောင်သင့်တဲ့ အရာတွေ ရှိနေပါတယ်။ သင်နဲ့အွန်လိုင်းမှာ ဘယ်လောက်ထိ ခင်မင်ခဲ့ ခင်မင်ခဲ့၊ သင့်အကြောင်းတွေ ပြောဖူးခဲ့ပါစေ၊ လူချင်းတွေ့ဆုံတဲ့ ပထမဆုံး အကြိမ်မှာတော့ သင်အနေနဲ့ ဒီအချက်တွေ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

အလျင်စလို အကုန်ဖွင့်ဟပြောဆိုခြင်း
အချစ်ရေးနဲ့ ပတ်သက်မှု ရှိလာတဲ့အခါ အရေးကြီးအကြောင်းအရာ သို့မဟုတ် မိမိရဲ့ လတ်တလော ခံစားချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ သင့်တော်ကောင်းမွန်တဲ့ အချိန်ကို စောင့်ဆိုင်းဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ပထမဆုံး ချိန်းတွေ့ရက်တွေမှာ အကုန်အစင်ဖွင့်ပြောလိုက်တာဟာ မိမိရဲ့ရှေ့ဆက်မယ့် အချစ်ရေးမှာ ပြသနာတွေဖြစ်စေတတ်ပါတယ်။

လိင်ကိစ္စကို အလျင်စလိုမဖြစ်နဲ့
မိမိလက်တွဲဖော်နဲ့ ရင်းနှီးမှုရဖို့ အချိန်ကောင်း တစ်ခုဆိုတာ ရှိပါတယ်။ သို့သော် ချိန်းတွေ့တွေ့ချင်း ဒီလိုအတူနေဖို့ ဆုံးဖြတ်လိုက်တာဟာ ဘယ်လိုမှ  မသင့်တော်ပါဘူး။ သူ/သူမနဲ့ ကိုယ်ထိလက်ရောက် ပတ်သက်မှု မရှိမီ မိမိလူဟာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်ဖို့  အချိန်အများကြီး ရင်းနှီးလာအောင် လုပ်ရပါမယ်။

မကြာခဏ ဖုန်းခေါ်မေ့ဆေ့ခ်ျပို့တာမျိုး မလုပ်ပါနဲ့
အသက်အရွယ် ကွာဟမှုရှိနေရင်တောင် စတင်ချိန်းတွေ့တဲ့အခါ အဲဒီအကြောင်းကို ဖုံးကွယ်ထားဖို့ လိုပါတယ်။ ဖုန်းမကြာခဏ ခေါ်ဆိုလွန်းတာ၊ မေ့ဆေ့ခ်ျတွေပို့လွန်းတာဟာ ခံစားချက်ကို အနှောင့်အယှက်ဖြစ်စေပြီး နောက်ဆုံး

" စွန့်ပစ်ခံ ကလေးငယ် ခွေးမကြီးနို့ကို သောက်ပြီး အသက်ရှင် "


ချီလီနိုင်ငံမှာ စွန့်ပစ်ခံ ထားရတဲ့ အသက် ၂ နှစ် အရွယ် ကလေးလေး တဦးဟာ ခွေးမကြီးရဲ့ နို့ကို
သောက်ရင်း အသက်ရှင်နေ တာကို အိမ်နီးချင်း တွေက တွေ့ရှိခဲ့ ကြပါတယ်။

လမ်းလျှောက် စမ်းခါစ အရွယ် ကလေး aလးကို အရာရှိတွေက အာရီကာ ဒေသထဲက ကား အဟောင်းတွေ စွန့်ပစ်ရာ နေရာမှာ တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။

အခြေအနေကို သွားကြည့် ခဲ့တဲ့ အရာရှိ ဒေးဂိုး ဂါဂျာဒိုက ကလေးဟာ စွန့်ပစ်ခံ ထားရတဲ့ ပုံစံမျိုး ဖြစ်ပြီး
ခွေးမကြီးရဲ့ နို့ကို စို့ရင်းနဲ့ အသက်ရှင်နေ ရရှာ တယ်လို့ ပြောပြ ပါတယ်။

ငတ်ပြတ်နေတဲ့ ကလေးက ကိုယ်ဝန်ဆောင် ခွေးမကြီး နို့ကို စို့နေတာကို တွေ့ခဲ့ရတာ အလွန်စိတ်
မကောင်း ဖြစ်ခဲ့ရတယ် လို့လည်း အိမ်နီးချင်း လောရီ အက်ကူဒါရိုက ပြောပါတယ်။

ကလေးလေးရဲ့ ဇာတ်လမ်းကြောင့် ချီလီမှာ လူတွေ ဒေါသထွက်စရာ ဖြစ်ခဲ့ကြပြီး အရာရှိတွေက ကလေး
ကို စောင့်ရှောက်ပေးဖို့ ခေါ်ယူသွားပါတယ်။

ချီလီ ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့က မာစီလာ လပ်ဘရာနာက ဥရောပ ကမ်းခြေမှာ ပြောင်းရွှေ့
အခြေချတဲ့ မိသားစုထဲက ရေမြုပ်သေတဲ့ ကလေးတဦးရဲ့ အလောင်းကို တွေ့ရကြောင်း၊ ချီလီမှာ

" အိမ်မှာ ယင်ကောင်တွေ လာရင် "



စားသောက် နေတုန်း ယင်အုံ လာရင် အရသာ ပျက်တယ်ပေါ့ဗျာ။ ယင် အုချ သွားရင် ရောဂါ ဘယလည်း ပျံ့နှံ့နိုင်သေး။

လွယ်လွယ် ကူကူ နည်းလမ်းလေး တစ်ခုကို Funzug က အကြံပြု ထားပါတယ်။

ပုံထဲကအတိုင်း............

  • + ပလတ်စတစ်အိပ် အကြည် ...လေး၊ငါး အိပ်ကို ရှာ။
  • + အကြွေစေ့ တစ်အိပ် အတွက် လေး၊ငါးစေ့ ကိုလည်း ရှာထား။ ( ဒါကတော့ ကျွန်တော်တို့ အတွက် ခက်မယ်ဗျ။ အကြွေ က ရှားပါ ဘိသနဲ့)
  • + အိပ်တွေထဲကို ရေဖြည့်။
  • + အိပ်ကို လုံအောင်ပိတ်၊ ယင်ကောင်တွေ လာတတ်တဲ့ နေရာတွေမှာ ချိတ်ဆွဲ ထားလိုက်ရုံ ပါပဲတဲ့။ မျက်လှည့် လိုလို၊ လက်လှည့် လိုလို ပေါ့ဗျာ။

သိပ္ပံနည်းကျ ရှင်းပြတာက သည်လို ပါတဲ့ဗျ။

ရေမော်လီကျူးလေးတွေဟာ အလင်းယိုင်၊ အလင်းပြန် တတ်ပြီး သက်တန့် ရောင်စဉ် ဖြာစေတဲ့ Prism Effect ရှိပါတယ်။
ရေမော်လီကျူး သန်းပေါင်းများစွာ ထည့်ထားတဲ့ အိပ်ထဲကို အကြွေစေ့ တွေ ထည့်လိုက်တော့ အဲဒီ ရောင်စဉ် တွေဟာ..အကြွေတွေကို ရိုက်ခတ်ပြီး ကြုံရာ ကျပန်း မျိုး ပေါင်း စုံအောင် ရောင်စဉ် ဆန်းတွေ ဖြစ်ပေါ် လာစေ ပါတယ်တဲ့ဗျာ။

ယင်ကောင်လို အင်းဆက် တွေရဲ့ မျက်လုံးဟာ မှန်ဘီလူး ချပ်ငယ်လေးပေါင်း များစွာနဲ့ ဖွဲ့စည်း ထားပေတာမို့ သူတို့ဟာ ပစ္စည်း တစ်ခုထဲကို ကြည့်ရင်တောင် ပုံရိပ် အမျိုးမျိုး မြင်ရပါတယ်။ အခု ချိတ်ထားတဲ့ ရေအိပ်ကို

" ခါးရိုးစောင်း ခါးရိုးကောက်နေသော ဝေဒနာရှင် ကလေးငယ်များကို ကုသပေးရန် နှိုးဆော်ခြင်း "





Credit : http://www.simon-vlog.com/search/label/%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%8A%E1%82%8A%E1%80%94%E1%80%B9?updated-max=2012-11-17T18:20:00-08:00&max-results=20&start=60&by-date=false#axzz3kuSHyZhS

" Facebook ပေါ်မှာ ငွေရှာမည်ဆိုရင် ....."


 
 စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ 
အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ် ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။ ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ် ထင်ပါတယ်။ 
တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာ တာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။
 Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။
 ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင် ပါတယ်။ သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူ များ က https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ 
ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal
Subscribe

လာလည်သူများ

free counters