♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 12, 2016

" ဆရာဝန်အရူးမ ဒေါက်တာ မပေါပေါသွပ် (M.B.B.S. Y.Y.T.M ) " (ပို့စ် အဟောင်းလေးပါ )


တနေ့ သ၌ ဆရာဝန်မ ပေါပေါသွပ်သည် သူ့ခင်ပွန်းဖြစ်သူနှင့် ငါးခြောက်ကြော်လုစားကြရာမှ အချင်းဖြစ်ပွားခဲ့လေသည်။ ထိုသို့ 
ဖြစ်ပွားပြီး ထိုအပတ်အတွင်း၌ ပေါပေါသွပ် သတ်ထားသည့် ဏ်ရာဒဏ်ချက်တို့ဖြင့် ခင်ပွန်းမှာ နေထိုင်မကောင်း
 ဖြစ်ရလေသည်။ 
နေထိုင်မကောင်း ရုပ်မအီမသာ ဖြစ်နေသော ခင်ပွန်းအား သူမ တွေ့သောအခါ........ 

နေကောင်းလားကိုကို….

နေမကောင်းဘူးလို့…ပေါပေါကထင်တယ်..

တကယ်တော့လေနေမကောင်းဘူးဆိုရင်ဆေးသောက်ရတယ်..

ဆေးမသောက်ချင်ရင်ဆေးထိုးလေ…အပ်ကြီးနဲ့ထိုးတော့နာမှာပေါ့..ဟင့်အင်းထိုးမှာပဲ ….တကယ်ပြောနေတာ..

သေသွားတဲ့ကြောင်လေးသိတယ်မဟုတ်လား…အဲ့ရာဆရာဝန်ကြီးကသူ့မိန်းမကိုစိတ်တိုနေတာနဲ့သူ့ရှေ့မှာအိပ်နေ

တဲ့ကြောင်လေးကို လာစမ်းဒီကို..ဆိုပြီးထိုးလိုက်တာ..ခြေလှမ်းသုံးလှမ်းပဲလှမ်းနိုင်တယ်..ကိစ္စ

ချောသွားတယ်….ဒီကလဲကိုကို့ ကိုယ်စိတ်တိုနေတော့ ဆင်ကိုထိုးတဲ့ဆေးထိုးအပ်ကြီးနဲ့ကိုကို့ရဲ့မဲပြောင်ပြီးအမွေး

ငုတ်တိုဗလပွနှင့်..မွေးကျွတ်နာတစီစီနှင့်အရုပ်ဆိုးတဲ့တင်ပါလေးကို….ဟော့သလိုမျိုး….

ဟော့သလို..ဟော့သလို..ဒီလို..ဒီလို..အရမ်းထိုးပစ်ချင်နေ

တာသိလား ကိုကိုနော်ပြေးဖို့မစဉ်းစားနဲ့…ဒီကအရမ်း…အရမ်းထိုးချင်နေတာ…ဆေးကျောင်းပြီးထားတာမကြာသေး

ဘူးနော်…အရမ်းလက်တဲ့စမ်းချင်နေတာသိလား….အိမ်ဘေးကမဲလုံးတို့ ဖွားဖွားကို…ဒီကလေ..ချောင်းဆိုးတာကို

အဆုပ်မကောင်းလို့ဆိုပြီး…ခွဲစိပ်ကုသပေးလိုက်တာ…အဖွားကြီး..မြေအောက်ကမ္ဘာရောက်သွားတာသိတယ်မဟုတ်

လား….ကိုကို့ကိုယ်ကြည့်ရတာ..တော်တော်အားနည်းနေပုံရတယ်…ကိုကို့ကိုယ်..အားရှိလာအောင်..အားဆေး

" နှလုံးသားထောင့်တစ်နေရာကို ရိုက်ခတ်စေမယ့် အချစ်ဆိုရိုးစကားများ "


ကမ္ဘာတစ်ဝှမ်းမှာ အချစ်နဲ့ပတ်သက်ပြီး ဆိုရိုးစကား များစွာရှိနေပါတယ်။ သင်ဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ ဒီဆိုရိုးစကားလေးတွေဟာ သင့်နှလုံးသားကို ရိုက်ခတ်သွားပါလိမ့်မယ်။ အဲ့ဒီဆိုရိုစကားတွေဟာ ဘာတွေများ ဖြစ်လိမ့်မလဲ။

(ဂရိ) - အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုနေတယ်။

(အီတာလျံ) - အချစ်ဦးနဲ့ တူတဲ့ အချစ်ဆိုတာ ဘယ်သောအခါမှ မရှိနိုင်။

(ပြင်သစ်) - အချစ်အတွက် အကြောင်းပြချက်ရှာဖို့ ကြိုးစားလေလေ အကြောင်းပြချက် မဲ့သွားတတ်လေလေပါပဲ။

(အာရေဗျ) - လူတစ်ယောက်ကို မျက်စိလည်းမမြင် နားလည်းမကြားအောင် လုပ်နိုင်တာ အချစ်ပဲရှိတယ်။

(တရုတ်) - ချစ်သူတွေရဲ့ နှလုံးခုန်သံထပ်တူကျအောင် ချည်နှောင်ပေးတတ်တာက အချစ်ဖြစ်တယ်။

(အိန္ဒိယ) - မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်နိုင်တာ အချစ်ကြောင့်ပါပဲ။

(အာမေးနီးယန်း) - လူတစ်ယောက်မှာ နားရွက်သုံးခုရှိပါတယ်။နှစ်ခုကတော့ ဦးခေါင်းရဲ့ ဘယ်နဲ့ညာနှစ်ဖက်မှာ

" ကလဲ့စားချေတတ်တဲ့ မိန်းမ "

အိမ်ထောင်သက် ၃၇ ကျော်ကြာပြီးမှ Jake ဆိုတဲ့ ယောက်ျားဖြစ်သူက သူ့ရဲ့ အတွင်းရေးမှူး မိန်းကလေးနဲ့လက်ထပ်နိုင်ဖို့အတွက် ဇနီးဖြစ်သူ Edith  ကို တရားရုံးမှာ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ ဇနီးဖြစ်သူက လက်မခံနိုင်ပေမဲ့ Jake မှာ ပိုကောင်းတဲ့ ရှေ့နေတွေ ရှိတဲ့အတွက် ကွာရှင်းပေးခဲ့ရပါတယ်။
ဒါ့အပြင် သူတို့ ဇနီးမောင်နှံနေခဲ့တဲ့ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ အိမ်ကြီးမှာ ဇနီးအသစ်စက်စက် အတွင်းရေးမှူးမလေးက နေချင်ပါတယ်လို့ ပူဆာတဲ့အတွက် ဇနီးဟောင်းဖြစ်သူကို အိမ်ကြီးပေါ်က ဆင်းပေးဖို့ သုံးရက်ပဲ အချိန်ပေးခဲ့ပါတယ်။
Edith က ပထမနေ့မှာ သူပိုင် ပစ္စည်းတွေကို ထုတ်ပိုးပြီး ဒုတိယနေ့မှာတော့ ပစ္စည်းတွေကို သယ်သွားခဲ့ပါတယ်။ တတိယနေ့မှာတော့ ဒီအိမ်ကြီးပေါ်က မသွားခင်မှာ ပုဇွန်နဲ့ ငါးဆားနယ်ဥတွေ အများကြီး ဝယ်လာပြီး ချက်စားပါတယ်။ စားပြီးသွားတဲ့ အခါမှာတော့ အိမ်ကြီးရဲ့ တစ်ခန်းဝင် တစ်ခန်းထွက်ပြီး  ခန်းဆီးလိုက်ကာတပ်တဲ့  တုတ်ချောင်းတွေရဲ့ အတွင်းထဲမှာ ပုဇွန်ခေါင်းတွေနဲ့ ငါးစားနယ်ဥတွေကို လိုက်ထည့်ခဲ့ပါတယ်။ပြီးနောက်မှာတော့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ထွက်လာခဲ့ပါတယ်။
 နောက်တစ်နေ့မှာ သူဌေးကြီးတို့ ဇနီးမောင်နှံအသစ် ရောက်ရှိလာပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ တစ်ရက် နှစ်ရက် အကြာမှာပဲ အိမ်ကြီးထဲက အပုပ်နံ့တွေထွက်လာပါတယ်။ အနံ့တွေပျောက်သွားအောင် အမွှေးနံ့တွေ ဖျန်း၊ကြွက်လို အကောင်တစ်ကောင်ကောင် သေနေတာကြောင့် အနံ့ထွက်တယ်ထင်လို့ ရှာပေမဲ့လည်း ဘာမှ မတွေ့ကြပါဘူး။ တအိမ်လုံးမှာလည်း နေလို့မရအောင် အနံ့ဆိုးတွေ ထွက်နေပါတယ်။
တစ်အိမ်လုံးကို ကော်ဇော အကောင်းစားတွေလဲ၊ လေဝင်လေထွက်ပေါက်တွေကို သန့်ရှင်းရေးလုပ်ရှာဖွေပေမဲ့ ဘယ်လိုမှ  အစရှာမရခဲ့ပါဘူး။အနံဆိုးတွေက ပိုပြီး ပြင်းထန်လာတဲ့အတွက် အလုပ်သမားတွေကို လည်း ခေါ်လို့မရတော့သလို

" ၁ မိနစ် အနမ်းခြွေခြင်းဖြင့် ၃ ကယ်လိုရီ လောင်ကျွမ်းစေ "

ဒီအချက်ကို ယုံကြည်လက်ခံဖို့ တစ်မျိုးဖြစ်နေပေမယ့် အနမ်းကြွေခြင်းဖြင့် တစ်မိနစ် ၃ ကယ်လိုရီ ခု အမှန်တကယ်
 လောင်ကျွမ်းစေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ စပ်လျဉ်းပြီး အချင်းချင်း ခံစားချက်ကို ဖော်ထုတ်ပြသတဲ့အခါ အနမ်းကြွေ
ခြင်းက ဘယ်လောက် အစွမ်းထက်ကောင်းမွန်ကြောင်း လေ့လာသိရှိရတာ အသစ်အဆန်း အံ့သြဖွယ်မဟုတ်တော့ပါ။
တခြားအကြောင်းအရာများအနက် အနမ်းပေးခြင်းက သွေးပေါင်ကျစေကြောင်း၊ သွားပိုးပေါက်များ ခုခံကာကွယ်ပေးကြောင်း၊
ခေါင်းကိုက်ဝေဒနာ သက်သာပျောက်ကင်းကြောင်းနဲ့ ၁ မိနစ် ၃ ကယ်လိုရီ  လောင်ကျွမ်းစေကြောင်း သိရပါတယ်။
ဒီအချက်ကို သုတေသီ Dr. Alexander DeWees မှ ရှာဖွေ့တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ဟာ သူ့ လက်တွေ့စမ်း

" ပခုံးနာနေရင် ဘာတွေလုပ်သင့်လဲ "



- ပခုံးကို တတ်နိုင်သမျှ အနားပေးပါ။ ဘယ်ပစ္စည်းမဆို အလျင်စလို ကောက်ကိုင်ခြင်း၊ အလျင်စလိုမခြင်းတွေ မလုပ်ပါနဲ့။ စိတ်ရှည်ပါ။

- ရေခဲအိတ် ကပ်ပေးပါ။ ကပ်တဲ့အခါမှာ ပါးတဲ့အဝတ်စနဲ့ရေခဲကို ပတ်ဖို့ အရေးကြီးပါတယ်။ နှစ်နာရီတစ်ခါလောက် အရောင်ကျသက်သာသွားတဲ့ထိ ကပ်ပေးသင့်ပါတယ်။ ကပ်ရင်လည်း အချိန် ၁၅ မိန်လောက်ကပ်ပေးပါ။

- အလုပ်ခွင်မှာ ခဏခဏလှည့်ရတာမျိုး မဖြစ်အောင်နေပါ။ အမြင့်ကြီးမှာရှိတဲ့ ပစ္စည်းကိုလှမ်းယူရတာမျိုး မလုပ်ပါနဲ့။ ကွန်ပြူတာ ဖန်သားပြင်ဟာ မျက်လုံးနဲ့ တစ်တန်းတည်း ရှိနေရင် အကောင်းဆုံးပါပဲ။

- လေ့ကျင့်ခန်းအပျော့စား လုပ်ပေးပါ။ တံခါးဝမှာရပ်ပြီး တံခါးဘောင်နှစ်ဘက်ကို လက်နဲ့ကိုင်ထားပါ။ ခန္ဓာကိုယ်ကို

" ဓာတ်လှေကား သုံးမယ်ဆိုရင် ဖုန်းတစ်လုံး ကိုယ်နှင့်မကွာ သယ်ဆောင်သွားသင့်ပါတယ် "

 

ဓာတ်လှေကားထဲ တစ်လမျှ ပိတ်မိပြီး သေဆုံးနေသည့် အမျိုးသမီးကိစ္စ တရုတ်တွင် ဝေဖန်မှုများ မြင့်တက်နေ

တရုတ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရာမှ အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိပြီး သေဆုံးနေမှုအပေါ် အွန်လိုင်းတွင် ထိတ်လန့်တကြား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး၏ အခြေအနေ ဆိုးရွားစွာ ဖြစ်နေသော ရုပ်အလောင်းကို သူမ သေဆုံးပြီး တစ်လမျှ အကြာတွင် ဓာတ်လှေကားထဲ၌ ပြန်လည် တွေ့ရှိခဲ့သည်။ ဇန်နဝါရီ ၃၀ က ရှီယန်းရှိ ဂေါင်လင်း ရပ်ကွက်မှ လူနေတိုက်ခန်းတွဲ တစ်ခုတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်သားနှစ်ဦးက ဓာတ်လှေကားကို ဓာတ်အား ဖြတ်တောက် ခလုတ်ပိတ်သွားခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးမှာ ဓာတ်လှေကား အတွင်း၌ ရှိနေခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။

ဓာတ်လှေကားသည် ၁၀ ထပ်နှင့် ၁၁ ထပ်ကြား၌ ရပ်တန့်နေရာ ပြုပြင်ထိန်းသိမ်းရေး လုပ်သားများက အတွင်း၌ လူရှိမရှိ ဖွင့်၍ စစ်ဆေးရမည့်အစား အော်ဟစ်၍သာ မေးမြန်းခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်က တုံ့ပြန်သည့် အသံ မကြားသည့်အခါ ဓာတ်အားခလုတ်ကို အဆုံးထိ ပိတ်သွားပြီး ဓာတ်လှေကားကို ထိုအတိုင်း ချန်ခဲ့ကာ ထွက်ခွာသွားသည်။

တရုတ် နှစ်သစ်ကူး ပွဲတော်အပြီး မတ် ၁ ရက်တွင် ယင်းနေရာသို့ ပြန်ရောက်လာပြီး ဓာတ်လှေကားကို ဖွင့်လိုက်သည့် အခါတွင်မူ အမျိုးသမီး၏ အလောင်းကို ရှာတွေ့ခဲ့ကြသည်။ အဆိုပါ တိုက်ခန်းတွဲတွင်ပင် နေထိုင်သည့် အမျိုးသမီးသည် သေဆုံးနေသည်မှာ ရက်ပေါင်း ၃၀ မျှ ကြာမြင့်နေခဲ့ပြီဟု မှုခင်းစစ်ဆေးရေး အရာရှိများက ကောက်ချက်ချခဲ့သည်။

အိမ်နီးနားချင်းများက အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေပြီး တစ်ဦးတည်း အထီးကျန်စွာ နေထိုင်တတ်ကြောင်း ဆိုသည်။ ဒေသခံ ရဲတပ်ဖွဲ့က ပေါ့လျော့ခဲ့သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့သလို အဆောက်အအုံကို ပုံမှန်စစ်ဆေးရန် တာဝန်ယူထားသည့် ကုမ္ပဏီနှင့် ဓာတ်လှေကား ကြံ့ခိုင်မှု ပုံမှန်စစ်ဆေးရေး လုပ်ဆောင်ရမည့် ကုမ္ပဏီများကိုပါ စစ်ဆေးနေသည်။

သတင်းများက မိသားစု မျိုးရိုးအမည် ဝူဟုသာ ဖော်ပြသည့် အမျိုးသမီးသည် ချောက်ချား တုန်လှုပ်စွာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ရင်ခွဲစစ်ဆေးမှုများအရ သူမသည် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ခြင်း

March 11, 2016

" သိပ္ပံပညာအရ အလိမ်ညာတတ်ဆုံး လူ(၇)ယောက် "

ကမ္ဘာဘယ်သူကမှ ဖောက်ပြန်လိမ်ညာတတ်တဲ့သူတစ်ယောက်ကို လက်တွဲဖော်အဖြစ်ရှိစေလိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းတရားတွေကြောင့် လိမ်ညာတတ်သူတွေနဲ့ ပတ်သက်ကြရတာတွေ ရှိခဲ့ဖူးပါတယ်။ လိမ်ညာတတ်တဲ့သူတွေမှာ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေရှိနေတာကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာအမြင်အရ အလိမ်ညာတတ်ဆုံးသူတွေကတော့-

၁) ၉ နဲ့ဆုံးတဲ့ အသက်အရွယ်ရှိသူတွေ

Proceedings of the Natural Academy of Sciences က ပြုလုပ်တဲ့ လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ အသက် ၂၉၊ ၃၉၊ ၄၉နှစ်အရွယ်ရှိတဲ့သူတွေက ပိုပြီးဖောက်ပြန်တာတွေ့ရှိခဲ့ပါတယ်။ ဆယ်စုနှစ်သစ်တစ်ခုကို ကူးပြောင်းခါနီးမှာ ဘဝရဲ့ ရွေးချယ်စရာတွေကို အပြောင်းအလဲ လုပ်လိုစိတ်တွေ ပြင်းထန်နေတတ်လို့ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

၂)အရပ်ရှည်တဲ့ ယောက်ျားများ

အိမ်ထောင်ပြင်ပ အပျော်ရှာရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IllicitEncounters.comတစ်ခုရဲ့ လေ့လာချက်အရ အရပ် ၅ပေ ၁၀လက်မကျော်တဲ့ ယောက်ျားတွေက သာမန်အရပ်ရှိတဲ့ ယောက်ျားတွေထက် ၂ ဆ ပိုပြီးဖောက်ပြန်တာတွေ့ရပါတယ်။

၃)ရော့ခ်အင်ရိုး ဂီတ ပရိသတ်များ

အခြားစစ်တမ်းတစ်ခုက ဖောက်ပြန်သူအားလုံးရဲ့ ၄၁%က ရော့ခ်အင်ရိုး ပရိသတ်တွေလို့ဆိုပါတယ်။

၎)IT နယ်ပယ်တွင် အလုပ်လုပ်သော ယောက်ျားများ

သူတို့ရဲ့နူးညံ့တဲ့ ခေါင်းစွပ်အင်္ကျီတွေ၊ဆွဲဆောင်မှုရှိရှိ တပ်တတ်တဲ့ မျက်မှန်တွေနဲ့ စိတ်ရှည်သည်းခံမှု တွေကြောင့် အတွေးမှားသွားနိုင်ပေမဲ့ သူတို့ကလည်း အဖောက်ပြန်ဆုံး သူတွေထဲမှာ ပါဝင်ပါတယ်။

၅)ပြင်သစ်လူမျိုး

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအရ ၇၅% သောပြင်သစ်တွေကအိမ်ထောင်ရေး ဖောက်ပြန်တဲ့သူတွေ ဖြစ်တာကို
 တွေ့ရှိရပါတယ်။

၆)ဈေးဝယ်ထွက်ရတာ အရမ်းကြိုက်တဲ့သူ

အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံက စတင်ဖောက်ပြန်တဲ့အချိန်မှာ အလှပြင်ပစ္စည်းအတွက် ငွေ အများကြီးအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ ၂၇%က သူတို့ရဲ့ ဝယ်ယူမှုတွေအတွက် လျှို့ဝှက်ကတ်တွေကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

၇)တွစ်တာကို အလွန်အကျွံ အသုံးပြုသူများ

University of Missouri က ပြုလုပ်တဲ့စစ်တမ်းအရ တွစ်တာအသုံးပြုတာများလေ ရှုပ်ထွေးတဲ့

" မြန်မာရှေးဘုရင်မင်းဆက်များ ( ဗဟုသုတအနေနဲ့မှတ်သားသိမ်းဆည်းဖို့ ) "

 
●ပထမတကောင်းမင်းဆက်၊
●ဒုတိယတကောင်းမင်းဆက်၊
●သရေခေတ္တရာပထမမင်းဆက်၊
●သရေခေတ္တရာဒုတိယမင်းဆက်၊
●ပုဂံမင်းဆက်၊
●ပင်းယမင်းဆက်၊
●စစ်ကိုင်းမင်းဆက်၊
●မဂဒူး မင်းဆက်၊
●အင်းဝမင်းဆက်၊
●တောင်ငူမင်းဆက်၊
●မွန်မင်းဆက်၊
●ရခိုင်မင်းဆက်၊
●ညောင်ရမ်းမင်းဆက်၊
●ကုန်းဘောင် မင်းဆက်

■ပထမ-တကောင်းမင်းဆက်■
----------------------------------
ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက

" ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းတို့ ၏ အားသာချက်၊ အားနဲချက်များ "

 
ကလေးတွေအတွက် လူ့ လောကကို ၀င်လာဖို့  နည်းလမ်း၂သွယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အနေနဲ့  ကျန်းမာရေးကောင်းမွန်နေရင် ရိုးရိုးမွေးလို့ ရသလို ကျန်းမာရေး အားနဲချက် ရှိနေ ရင်တော့ ခွဲမွေး ရလေ့ရှိပါတယ်။ အဓိကကတော့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့  အသက်ရှင် သန်နေဖို့ ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ ရိုးရိုးမွေးနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အလှမပျက်ချင်လို့  ခွဲမွေးကြတဲ့ အမျိုးသမီးဦးရေဟာ များသည်ထက်များလာပြီး ခွဲမွေးတာကိုက ဖက်ရှင်လိုဖြစ်နေတဲ့အတွက် ပညာရှင်များက ရိုးရိုးမွေးခြင်းနဲ့  ခွဲမွေးခြင်း တို့ ရဲ့  အားသာချက်၊ အားနဲချက်တွေကို နှိုင်းယှဉ်ဖော်ပြထား ပါတယ်။

အမွှာပူးမွေးမယ်၊ ဆီးချို၊ သွေးတိုးတွေလို ကျန်းမာရေး အားနဲချက်ရှိမယ်၊ HIV ဝေဒနာသည်ဖြစ်နေမယ်၊ ဒါမှမဟုတ် အချင်းနဲ့ ပါတ်သက်တဲ့ပြဿနာတွေ ရှိနေမယ်ဆိုရင် ခွဲမွေးရလေ့ရှိပြီး ကာယကံရှင်ကိုလည်း သူခွဲမွေးမှ ရမယ်ဆိုတာကို ကြိုတင်အသိပေးထားလေ့ ရှိပါတယ်။ ကလေးအရွယ် ကြီးလွန်းပြီး မိခင် တင်ပဆုံ ကျဉ်းလွန်းရင်လည်းကောင်း၊ ကလေးက မွေးလမ်းကြောင်းကို ခေါင်းမတည်ထားသလို အဲဒီ လိုခေါင်းတည်လာအောင် အပြင်ကနေလှည့်ပေးတာ ကလည်း မအောင်မြင်ရင်လည်းကောင်း ခွဲမွေးရပါ တယ်။ တစ်ခါတလေ မွေးခန်းထဲကိုရောက်ပြီးမှ ကလေးအောက်စီ ဂျင် မရတော့တဲ့ ပြဿနာမျိုးဖြစ်ပြီး အရေးပေါ်ခွဲမွေး လိုက်ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်း မှာတော့ လိုအပ်လို့ ခွဲမွေးရတဲ့အပြင် မွေး လူနာရဲ့ တောင်းဆိုချက်နဲ့  ခွဲမွေးပေးရတာတွေ ပိုများလာ တာပဲ ဖြစ်ပါတယ်။
ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက်ပိုပြီး ဘေးအန္တရယ် ကင်း တယ်လို့ ထင်ရပေမယ့် ခွဲမွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်အန္တရယ်တွေ ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။
ခွဲမွေးတယ်ဆိုတာ လူနာရဲ့ ဝမ်းဗိုက်ကို ဖွင့်ရပါတယ်။ သားအိမ်ကို ဆက်ပြီးဖွင့်ရပါတယ်။ ကလေးကို ဆွဲထုတ်ရပါ တယ်။ ပြီးရင် သားအိမ်နဲ့ ဝမ်းဗိုက်ကို ပြန်ပိတ်ရပါတယ်။ ဒါဟာ အကြီးစားခွဲစိပ်မှု တစ်ခုဖြစ် ပါတယ်။ တခြား အကြီး စား ခွဲစိပ်မှုတွေလိုပဲ လူနာကိုအသက်အန္တရယ်ဖြစ်စေနိုင်ပြီး ဒီနေရာမှာ အသက် ၂ချောင်းကိစ္စကို ပြောနေတာဖြစ်ပါ တယ်။
ရိုးရိုးမွေးရတာ ပိုပြီးမိခင်ဆန်တယ်လို့  ခံစားရပါတယ်။ ကိုယ်နဲ့ အတူ ၉လလုံးလုံးအတူရှိနေတဲ့ကလေးကို ကိုယ့်ရဲ့  အားနဲ့ ပဲ လူ့ လောကထဲ ကိုရောက်အောင် တွန်းပို့ ပေးရတာ တစ်ကယ်ပဲ ပီတိဖြစ်စရာပါ။ မိခင်နဲ့ ကလေးရဲ့  သံယောဇဉ်ကိုလည်း အများကြီး ပိုစေနိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်ဟု ရိုးရိုးမွေး ဖွားခြင်းကိုသာ ဦးစားပေး ရွေး ချယ်ခဲ့သူ ကလေး ၆ ဦး

" မိတ်ကပ် ချစ်သူ မမတို့အတွက် အလန်းလေးတွေ အဆန်းလေးတွေ သုံးပုံသုံးနည်းလေးတွေ လိုချင်ရင်မှာလို့လဲရတယ် "


make up ပြင်ရတာဝါသနာပါသည့်အလျောက် make up ပစ္စည်းတွေဘယ်ဟာကကောင်းလဲမကောင်းလဲ ဘယ်ဟာဝယ်ရမလဲပဲအမြဲတွေးနေတာမိန်းကလေးတွေတော်တော်များများရဲ့သဘာဝပါ
အလှပြင်တဲ့အခါ မိတ်ကပ်ညီတာညက်တာ သေသပ်တာတွေက brand တစ်ခုရဲ့ quality နဲ့လည်းဆိုင်သလို make up brush တွေရဲ့  အရည်အသွေးပေါ်မှာလဲအများကြီးမူတည်နေပါတယ်
brush တွေဝယ်တဲ့အခါ သူတို့ရဲ့ နူးညံ့မှုနှင့် ဘယ်လောက်ကြာကြာခံသလဲဆိုတဲ့အချက်နှစ်ခုနဲ့ တင်ဝယ်ဖြစ်တယ် တစ်ခါတစ်ရံ လှတပတလေးတွေ တွေ့ရင်လည်းဝယ်မိပြန်ရော ဒါပေမဲ့ အမွေးကျွတ်တာတွေ ဆွဲလို့မကောင်းတာတွေကြောင့်အလကားဖြစ်ဖြစ်သွားတယ် နောက်တော့ ပုံမှာပြထားတဲ့ brush လေးကိုသုံးကြည့်လိုက်မိတယ် make up tutorial တွေမှာလဲဒီ brush လေးက တော်တော်လေးနေရာယူလာတာကိုး ! အဲ့ brush လေးသုံးပြီးတဲ့နောက်မှာတော့ sis ရဲ့  brush တွေ ဝယ် make up ပစ္စည်းတွေဝယ်တဲ့ပုံစံက လုံးဝပြောင်းလဲသွာားခဲ့တယ်, သူတို့က ဘာတွေကြောင့်တခြား brush တွေနဲ့ကွာခြားလည်းဆိုတာကိုရှင်းပြပေးထားပါတယ်
ပထမဆုံး design ကိုအရင်သုံးသပ်ကြည့်မယ်ဆိုရင်
brush လေးရဲ့အမွှေးလေးတွေက သိပ်သိပ်သည်းသည်းနဲ့ ချောမွေ့ကာသွားတိုက်တံလိုပုံစံရှိပြီး

" စိတ်ဓာတ် အဆင့်အတန်းမြင့်မားတဲ့ မိန်းခလေး ဆိုတာ ...ဂလိုပါရှင်. "


🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကို ဝေဖန်နိုင်စွမ်းကြီးမားရမယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
သာယာမှု့နောက်ကိုမလိုက်ဘဲ
မိမိစိတ်ကို ထိမ်းသိမ်းနိုင်ရမယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
မိတ်ဆွေများစွာအပေါ်မှာ
ပကာသနနဲ့ဈေးမဖြတ်ဘဲ ခင်မင်လေးစားစိတ်ထားရမယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ခင်မင်ခဲ့တဲ့မိတ်ဆွေအပေါ်မှာ
မပြောင်းလဲတဲ့ဆက်ဆံမှု့မျိုး ရင့်ကျက်တည်ငြိမ်စွာ ထားနိုင်ရမယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ဂုဏ်သိက္ခာတစ်ခုကိုတန်ဖိုးထားပြီး
လူမှု့ကျင့်ဝတ်ညီနိုင်ရမယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ပြိုင်ဆိုင်မှု့ကိုရှေ့တန်းမတင်ဘဲ
နားလည်ခြင်းနဲ့ခရီးဆက်တတ်တယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ကိုယ်နှုတ်အမှု့စောင့်စည်းခြင်းမှာ
ကျွမ်းကျင်ပြီးသားဖြစ်ရမယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ဘာသာရေးရဲ့အဆုံးအမနဲ့ စိတ်ချမ်းသာစွာနေနိုင်ကြတယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ပြောင်းလဲခြင်းများစွာအပေါ်မှာ
အလိုက်သင့်စီးမျော……… ကျင်လည်တတ်တယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ……
အရာရာသိမ်မွေ့ခြင်းတို့အပြင်မှာ
ဆုံးဖြတ်ချက်တစ်ခုနောက်ပြတ်သားတတ်တယ်
🌹အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ
ဆိတ်ကွယ်ရာမရှိတဲ့အိနြေ္ဒအတွက် တည်ငြိမ်စွာနဲ့ထိမ်းသိမ်းနိုင်ရမယ်……

" သံယောဇဉ်က ကြီးထွားတတ်တာ - ပျိုးထောင်ပေးပါ "

 
(၁)
သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။
ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။
ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..
ပြီးတော့ ပြောတယ်..
“ ငတုံးမလေး... အရင်နေ့တွေက ငါနင့်ထက်အရင်စောပြီး အိပ်ရာဝင်တာ ငါ့ကိုယ်ငွေ့နဲ့ အရင်နွေးပေးအောင်လုပ်တာ.. စိတ်ချပါ.. ငါနင့်စောင်မဖယ်ပါဘူး.. ”
သူမ စိတ် အရည်ပျော်သွားသည်။
နောက်နေ့ အပြင်က ချစ်သူနဲ့တွေ့တဲ့အခါသူမက မေးလိုက်သည်။
“ရှင် ကျမကို ချစ်လား” ?
“ အမ်... အင်း... အင်း ချစ်တယ်လေ.. ”
ရုတ်တရပ်အမေးကြောင့် သူနည်းနည်းကြောင်သွားသည်။
“ဒါဆို ကျမစောင်ကို ရှင်နွေးထွေးအောင်လုပ်ပေးမှာလား”
သူ ဒီ့ထက်ပိုကြောင်သွားတယ် .. “ ဘယ်လို... ဘယ်ဟာကို...."
သူမ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးတစ်ခွန်းလှည့်ပြောလိုက်တယ်..
“ ဒီနေ့ ရှင်နဲ့ ကျမ နောက်ဆုံးပဲ... ဘိုင့်”
[ အချစ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အနွေးဓာတ်လေးတစ်ခု ]
(၂)
သူမ ကားမောင်းရင် အာရုံပျံ့လွင့်တတ်တယ်။
ရုံးက ပြန်လာနေတုန်း ပျင်းပျင်းရှိတာနဲ့ ယောက်ျားဆီဖုန်းခေါ်လိုက်တယ်..
ယောက်ျားဆီအမြဲ အဲလိုဖုန်းဆက်တိုင်း “ အင်း... " တစ်လုံးထက်ပိုမပြောဘူး...
အဲဒါနဲ့ ဖုန်းချပစ်လိုက်ပြီး ကျောင်းနေဖက်သူငယ်ချင်းကို ဖုန်းလှမ်းခေါ်လိုက်တယ်။
တစ်ဖက်က ကျူတဲ့အဆင့်ထိတက်လာတော့ သူမ အာရုံထွေပြားသွားပြီး ကားတိုက်မှုဖြစ်သွားတယ်။
ဆေးရုံမှာ ယောက်ျားဖြစ်သူက နေ့ညမနား ပြုစုပေးတယ်။
သူမ သတိရလာတော့ ယောက်ျားက သူမလက်ကိုဆုပ်ကိုင်ပြီးပြောတယ်။
“ ဘာဖြစ်လို့ ဒီလောက်ပေါ့ဆရတာလဲဟင်...
နင်ကားမောင်းနေတုန်းငါ စကားတစ်ခွန်းထက်ပိုမပြောဘူးဆိုတာ နင်အခုလို အက်စီးဒင့်ဖြစ်မှာစိုးရိမ်လို့လေ.. နင်က ဒီလောက်အာရုံများတတ်တာ ငါမသိဘဲနေမလား..”
သူမ သူ့လက်ကို တင်းတင်းလေးပြန်ဆုပ်ကိုင်ထားလိုက်သည်၊ ပါးပြင်အထက်ကနေ မျက်ရည်ပူအချို့ စီးဆင်းလာသည်။ ရင်ဘတ်ထဲမှာ နွေးနေသည်။
[ အချစ်ဆိုတာ စကားတစ်ခွန်းထက် ပိုမပြောတာ ]
(၃)
ညအိပ်ခါနီး ယောက်ျားကိုမေးတယ်
“ တကယ်လို့ ရှင်နဲ့ ကျမ အသက်တွေကြီးလာလို့ နှစ်ယောက်ထဲက တစ်ယောက်အရင်သေရမယ်ဆို.. ဘယ်သူ့ကို အရင်သေစေချင်လဲ”
“ ကိုယ့်မိန်းမကို အရင်ပေးသေမှာပေါ့လို့... ”
“ ဟွန်း... အကျင့်မကောင်းဘူး.. ဘာဖြစ်လို့လဲ... ”
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိတဲ့နေ့ရက်တွေကို မိန်းမ တစ်ယောက်တည်း အထီးကျန်ဆန်ဆန်

March 10, 2016

" အမျိုးသားတို့အလုပ် ... တဲ့ အိမ်ရှင်မ လူလည်ကျလိုက်ပုံက " ခ်ခ်ခ်


စုံတွဲတစ်တွဲဟာ မနက်တိုင်းမှာ ဘယ်သူ ကော်ဖီဖျော်သင့်သလဲဆိုပြီး အငြင်းပွားကြပါတယ်။

မိန်းမ - "ရှင်ဖျော်သင့်တာပေါ့။ ရှင်က မနက်တိုင်း ကျွန်မထက် အရင် အိပ်ရာထနေကျပဲ။ ကျွန်မနိုးမှ
လုပ်ရရင် ရှင်အကြာကြီး စောင့်နေရမှာပေါ့။"

ယောက်ျား - "မင်းက ဒီအိမ်မီးဖိုချောင်ရဲ့ ဘော့စ်ပဲလေ။ ကော်ဖီဖျော်တာ မင်းလုပ်သင့်တာပေါ့။
မင်းနောက်ကျမှ နိုးလည်း ကိုယ်စောင့်နိုင်ပါတယ်။"

မိန်းမ - "ရှင်လုပ်သင့်တဲ့အလုပ်လို့ ကျွန်မ ပြောနေတယ်လေ။ သမ္မာကျမ်းစာထဲမှာလည်း
ကော်ဖီဖျော်တာကို ယောက်ျားတွေ လုပ်သင့်တယ်လို့ ရေးထားတယ်။"

ယောက်ျား - "ဟေ.. ဒါက မဖြစ်နိုင်တာကွာ။ မယုံဘူး။ အဲဒီ ရေးထားတာကို ငါ့ကိုပြ။"

" မမတို့ရေ..မိန်းကလေးတို့ ဖတ်ဖို့တဲ့ ..ဘာတွေများလဲမသိဘူးနော် "

 ယောက်ျားတစ်ယောက်နဲ့
မိန်းမတစ်ယောက် မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတယ်။ ယောက်ျားမှာ စုထားတဲ့ငွေ သိန်း ၂၅ဝရှိတယ်၊ မိန်းမမှာက သိန်း ၂ဝဝရှိတယ်။ (ကိန်းဂဏန်းတစ်ခုအဖြစ် ရေးပါတယ်)

မင်္ဂလာမဆောင်ခင် ယောက်ျားရဲ့ပိုက်ဆံနဲ့ အိမ်ခန်းတစ်ခန်း အရစ်ကျဝယ်လိုက်တယ်၊ မိန်းမရဲ့ပိုက်ဆံကို အိမ်အပြင်အဆင် အသုံးအဆောင်တွေအတွက် သုံးလိုက်တယ်။

မင်္ဂလာဆောင်ပြီးတဲ့နောက် ယောက်ျားက သူရတဲ့လခထဲကနေ လစဉ်အိမ်ခန်းခအရစ်ကျဆပ်တယ်၊ကျန်ငွေကိုစုတယ်။ မိန်းမက သူရတဲ့လခနဲ့ နေအိမ် စားဝတ်နေရေးအတွက်သုံးတယ်၊ ကျန်တာကိုစုတယ်။

၃နှစ်လွန်တော့ မိန်းမမှာကိုယ်ဝန်ရှိလာတယ်၊ ကလေးမွေးချိန်မှ
ယောက်ျားရာထူးတိုးတယ်၊ လခလည်းတိုးသွားတယ်။

ကလေးကိုပြုစုဖို့ လူလိုလာတယ်၊ ကလေးထိန်းခေါ်ရင် ပိုက်ဆံပေးရမယ့်အတူတူ နှစ်ယောက်လုံး သေချာတိုင်ပင်ပြီး
တဲ့နောက်မှာ မိန်းမကအလုပ်ထွက်ပြီး ကလေးကိုပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိန်းမဟာ ကလေးနဲ့ယောက်ျားကိုပြုစုတဲ့ အိမ်ရှင်မလုံးလုံးဖြစ်သွားတယ်။

၁ဝနှစ်အကြာမှာ ယောက်ျားက ရာထူးတိုးသထက်တိုးပြီး
အောင်မြင်တဲ့သူတစ်ဦးဖြစ်လာခဲ့တယ်။

မိန်းမက နေ့တိုင်း ကလေး၊ ယောက်ျား၊ အိမ်မှုကိစ္စနဲ့ပဲ ပတ်ချာလည်နေခဲ့ပြီး အပြင်အဆင်မရှိတဲ့အပြင် ရုပ်ပါကျလာခဲ့တယ်။

ဒီလိုအချိန်မှာ ယောက်ျားက မိန်းမကိုအပြင်ခေါ်ထွက်လို့မရတော့ဘူး (လူပြလို့မရတော့ဘူး)လို့ ထင်လာခဲ့တယ်။ အဲဒီလိုနဲ့ ပြင်ပလောကရဲ့ ဆွဲငင်ညှို့ယူမြူဆွယ်မှုအောက်မှာ အငယ်အနှောင်းထားတတ်လာခဲ့တယ်။ မိန်းမသိသွားတဲ့အခါ ရန်ဖြစ်ကြ၊ ငိုကြတော့တယ်။

နောက်ဆုံးမှာ နှစ်ယောက်စလုံးရဲ့နှလုံးသားတွေ နာကျင်ခဲ့ရပြီး ကွာရှင်းပြတ်စဲဖို့အထိ ဖြစ်လာခဲ့တယ်။

အိမ်ထောင်ရေးဥပဒေသစ်က ဒီလိုဆိုပါတယ်။ အိမ်ခန်းကို ယောက်ျားက မင်္ဂလာမဆောင်ခင် ဝယ်ယူထားတာမို့ မိန်းမနဲ့လုံးဝမဆိုင်ဘူးလို့ ဆိုတယ်။ ဒါကို မိန်းမက မကျေနပ်ဘူး… နှစ်ယောက်အတူ ရုန်းကန်ခဲ့ပါတယ်လို့ ပြောတယ်။ ရှေ့နေက ဒီလိုဆိုရင် နှစ်ယောက်အတူ အိမ်ခန်းခအကြွေးဆပ်ခဲ့တဲ့ သက်သေရှိသလားလို့ မေးတယ်။ မရှိပါဘူး… အိမ်ခန်းခကို ယောက်ျားရဲ့လခထဲကနေပဲဖြတ်ခဲ့လို့ဖြစ်တယ်။

ဒီလိုဆိုရင် ကလေးကို ကျွန်မကပဲမွေးပြီး ကျွန်မကပဲထိန်းကျောင်းခဲ့တာမို့ ကျွန်မနဲ့ဆိုင်တယ်လို့ မိန်းမကပြောတယ်။ ရှေ့နေ့က

" ကိုယ်တိုင်ကားအတိုက်ခံပြီး ကလေးငယ်ကို ကယ်ခဲ့တဲ့ ပုလိပ် အော်ဖစ်စာ "

ကား တိုက်ခံရတော့မည့် ကလေးငယ်ကို ပြေးလွှားပြီး တွန်းထုတ်ကာ ကိုယ့်ကိုကိုယ် ကားအတိုက်ခံလိုက်တဲ့
ပုလိပ်အရာရှိတစ်ယောက်ဟာ လူမှုကွန်ယက်မှာ နာမည်ကြီးလာပါတယ်။ ပုလိပ်အရာရှိရဲ့ ကြိုးစားမှုကြောင့် လူငယ်လေး အသက်မဆုံးရှုံးခဲ့ပေမယ့်လည်း သူကတော့ ကားတိုက်ခံလိုက်ရပါတယ်။

ဘီလာရုစ်နိုင်ငံမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကားအရှေ့ခန်းမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာကတဆင့် မှတ်တမ်းတင်နိုင်ခဲ့တာပါ။ လူငယ်လေးတစ်ဦးက နှင်းတွေထူထပ်စွာ ကျဆင်းနေတဲ့ လမ်းမှာ ကားလမ်းကူးဖို့ လုပ်နေတဲ့အတွက် ကားတစ်စီးက အရှိန်လျှော့လိုက်ပါတယ်။ အဲဒီအခါ လူငယ်လေးနဲ့ အရာရှိတို့က ကားလမ်းဖြတ်ကူးခဲ့ပြီး

" ရှစ်နှစ်အရွယ်ကလေးကို မတရားကျင့်ရန် ကြံသူအား ကိုယ်တုံးလုံးချွတ်ပြီး မြို့ပတ်ခိုင်း "

 
ရှစ်နှစ်အရွယ်ကလေးကို မတော်မတရားကျင့်ဖို့ ကြံတဲ့လူကို ကိုယ်တုံးလုံးချွတ်ပြီး မြို့ပတ်ခိုင်းတဲ့ဖြစ်ရပ်တစ်ခု အာဂျစ်တီးနား
နိုင်ငံ ဆန်တာဘရီဂျီဒါ ဒေသမှာဖြစ်ပွားခဲ့ပါတယ်။
အဆိုပါလူကို အဝတ်ဗလာကိုယ်တုံးချွတ်ကာ ကြိုးနဲ့ဆွဲပြီး လျှောက်သွားခိုင်းတာဖြစ်ပါတယ်။
မတော်မတရားလုပ်ဖို့ကြံတဲ့အတွက် ဒေသခံတွေက အခုလိုလုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဆိုပါလူကို ရဲတွေဆီ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။
လူတွေကလည်း ရှုံ့ချတဲ့စကားတွေ ဝိုင်းဝန်းအော်ဟစ်ခဲ့ကြပြီး ရဲလာခေါ်တဲ့အခါ ကားနောက်မှာ ကြိုးနဲ့ချည်ပြီးခေါ်သွားဖို့

" စာခိုးချနိုင်သည့် စမတ်နာရီများ အွန်လိုင်းတွင်ရောင်းချနေ " သွားမသုံးကြနှင့်နော်...ပင်ကိုယ်အရည်အချင်းပဲ ပိုမြတ်တယ်..

 
 ကျောင်းစာမေးပွဲ ခန်းတွေမှာ စာခိုးချလို့ရတဲ့ ဒစ်ဂျစ်တယ်နာရီတွေ ဈေးကွက်အတွင်း ပျံ့နှံ့နေတဲ့အတွက် ကျောင်း
ဆရာတွေဘက်က စိုးရိမ်ပူပန်လျှက်ရှိနေပါတယ်။ စာခိုးချဖို့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ဒစ်ဂျစ်တယ်စမတ်
ာရီတွေကို အွန်လိုင်းမှာ ဈေးပေါပေါနဲ့ ဝယ်ယူလို့ ရနေပါတာဖြစ်ပါတယ်။
နာရီဒီဇိုင်းပုံစံက Apple နဲ့ Samsung ကုမ္ပဏီတွေက ထုတ်လုပ်တဲ စမတ်နာရီပုံစံမျိုးတွေဖြစ်ပါတယ်။ နာရီရဲ့ မျက်နှာပြင်မှာ ဓာတ်ပုံနဲ့ စာသားတွေ ပေါ်လာအောင် စမတ်ဖုန်းလိုပဲ နာရီထဲကို မှတ်ဉာဏ်ထည့်သွင်းပေး
ထားရမှာ ဖြစ်ပါတယ်။ စာသင်ခန်းစောင်တဲ့ ဆရာ အနားရောက်လာရင် သာမန်နာရီတစ်လုံးလို မျက်နှာပြင်ကို ချက်ခြင်းပြောင်းပစ်နို်င်တဲ့ အရေးပေါ် ခလုတ်လည်း ပါရှိပါတယ်။
နာရီထဲက မှတ်ဉာဏ်ပမာဏ 4GB ကနေ 8GB အထိ ထည့်သွင်းထားနိုင်မှာ ဖြစ်လို့ ဓာတ်ပုံနဲ့ စာသားဖိုင်တွေ လုံလုံလောက်လောက်ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စာမေးပွဲမှာ စာခိုးချနိုင်တဲ့ စမတ်နာရီမျိုးကို အမေရိကန်

" ပူပြင်းလှတဲ့နွေမှာ ခန္ဓာကိုယ်တွင်း ရေဓာတ်မခန်းစေဖို့ "

 
၁။ ရေများများ သောက်ပေးပါ။
လူတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ခုလိုမျိုး တရှိန်းရှိန်းနဲ့
ပူပြင်းလှတဲ့အချိန်မှာ ချွေးကလည်း ထွက်သမို့ ရေဓာတ်ကလည်း သာမန်အချိန်ထက်ပိုပြီး
ဆုံးရှုံးသွားပါတယ်။ ဒီတော့ ရေများများ သောက်ပေးပြီး ခန္ဓာကိုယ်က လိုအပ်နေတဲ့ ရေဓာတ်ကို
ဖြည့်တင်းပေးပါ။

၂။ ဒီအချိန်ကတော့ ဖရဲသီးရာသီပါပဲ။
ဖရဲသီးထဲမှာပါဝင်တဲ့ ရေဓာတ်ဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးအပြင်
စပျစ်သီး၊ မက်မွန်သီးနဲ့ ဇီးသီးတို့ကိုလည်း စားပေးသင့်ပါတယ်။ သူတို့က အလွယ်တကူ
အစာချေနိုင်အောင် ကူညီပေးတာမို့ အစာချေစနစ် အလုပ်လုပ်နေမှုကြောင့် တက်လာတဲ့
ခန္ဓာကိုယ်တွင်းအပူချိန်ကို လျှော့ချပေးပါတယ်။

၃။ သခွားသီး စားပါ။
နွေရာသီမှာပေါ်တဲ့ သီးနှံတွေ တော်တော်များများဟာ ရေဓာတ်တွေအများအပြား ပါဝင်ကြပါတယ်။
အဲဒီထဲကမှ အထူးစပါယ်ရှယ်ကတော့ သခွားသီးပါပဲ။ နောက်ထပ် ရွေးစားသင့်တာတွေကတော့
ခရမ်းချဉ်သီး၊ ဆလပ်ရွက်နဲ့ အစိမ်းရောင်အရွက်တွေပဲပေါ့။

၎။ ဒီလိုရာသီမျိုးမှာ အစာချေဖို့ခက်ခဲတဲ့ အသားတွေ စားတာမျိုးကို ရှောင်သင့်ပါတယ်။
ဒီတော့ ငါးလိုမျိုး ပေါ့ပေါ့ပါးပါး အစားအစာတွေကို စားပါ။

၅။ ကာဖိန်းနဲ့ အရက်သေစာ ရှောင်ပါ။
ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်တို့ သောက်ရင် ဆီးရွှင်စေပါတယ်။ ဒီတော့ ခန္ဓာကိုယ်က

March 9, 2016

" ပုဆိန်နဲ့ ပေါက်သတ်ခံရတဲ့ မိသားစုရဲ့ မကျွတ်မလွတ်တဲ့ဝိညာဉ်တွေ "

 
ပုဆိန်တစ်လက်နဲ့ လူ ၈ ယောက်ကို ခုတ်သတ်ခဲ့တာပါ။
အဲဒီအိမ်ကြီးက အမေရိကန်ပြည်ထောင်စု၊ လိုဝါပြည်နယ်၊ ဗယ်လစ်စကာမြို့မှာ ရှိပါတယ်။

၁၉၁၂ ခုနှစ် ဇွန်လ ၁၀ ရက် မနက်ခင်းစောစောမှာ အဲဒီအိမ်ကြီးမှာ နေထိုင်တဲ့ ဂျိုဆီရာမိုး မိသားစု ၆ ယောက်နဲ့ ဧည့်သည် ကလေး ၂ ဦးတို့ကို ပုဆိန်တစ်လက်နဲ့ မသေမချင်း ခုတ်သတ်ထားတာကို တွေ့ရပါတယ်။

ပိုပြီး ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်က လူသတ်သမားကို လုံးဝမဖမ်းမိဘဲ သူအသုံးပြုသွားတဲ့ သွေးစွန်းနေတဲ့ ပုဆိန်ကို ဧည့်သည်ခန်းတစ်တခန်းမှာ တွေ့ရှိလိုက်ရတာပါပဲ။

အသတ်ခံရတဲ့ မိသားစုရဲ့ ဝိညာဉ်တွေက အဲဒီအိမ်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ လူအများအပြားက ယုံကြည်ထားပါတယ်။ ကလေးတွေရဲ့ အော်သံတွေ၊ တဒုန်းဒုန်းတဒိုင်းဒိုင်း အသံတွေနဲ့ သီချင်းသံတွေကို ကြားခဲ့ရသူတွေ ရှိပါတယ်။

အဲဒီအိမ်ကြီးက တကယ်သရဲခြောက်မခြောက် ကိုယ်တိုင် ကြည့်ချင်တယ်ဆိုရင် တစ်ညတာ တည်းခိုပြီး ကိုယ်တိုင်ကြည့်

" အလှဆုံး မိန်းကလေးတွေရှိတဲ့ နိုင်ငံ (၅) နိုင်ငံကို သွားကြစို့လား ဘော်ဘော်တို့ရေ"


လူတိုင်းမှာ အလှကိုယ်စီရှိကြပါတယ်။ ဒါ့အပြင်လူတစ်ယောက်နဲ့တစ်ယောက် အလှကိုခံစားပုံချင်းလည်း မတူကြပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာလည်း မိန်းကလေးတွေ ပုံစံမျိုးစုံနဲ့ ကိုယ်ပိုင်အလှတရားတွေကို ပိုင်ဆိုင်ထားကြပြီးသားပါ။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာ့အလှဆုံးမိန်းကလေးတွေရှိတဲ့ ထိပ်တန်းနိုင်ငံ (၅)နိုင်ငံစာရင်းလေးပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံကမိန်းကလေးတွေ ဘယ်လိုလှလည်းဆိုတာပါ စုစည်းဖော်ပြပေးထားပါတယ်။

၅ - အာဂျင်တီးနား
အာဂျင်တီးနားသူလေးတွေက လှတယ်ဆိုတာထက် ကြည့်ကောင်းတယ်လို့ပြောစမတ်ပြုခံရပါတယ်။ သူတို့ဟာ အဓိကအားဖြင့် သူတို့အသားအရေကို ပိုဂရုစိုက်လေ့ရှိကြပါတယ်။

၎ - ဒိန်းမတ်
ဒိန်းမတ်နိုင်ငံက မိန်းကလေးတွေကတော့ များသောအားဖြင့် ရွှေရောင်ဆံပင်လေးတွေနဲ့ ပိန်ပိန်သွယ်သွယ်လေးတွေများပြီး အရပ်လည်းရှည်ကြပါတယ်။ ဒိန်းမတ်သူလေးတွေက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိကြပါတယ်တဲ့။

၃ - ယူကရိန်း
ယူကရိန်းသူလေးတွေကတော့ သူတို့ရဲ့အလှကိုလူသိများမှ သဘောကျကြတာပါ။ ပျော်ပျော်နေတတ်တဲ့သူတို့အသွင်အပြင်တွေ
က သူတို့ရဲ့အလှကို ပိုပေါ်လွင်စေပါတယ်။

 ၂ - ဘရာဇီး
ဘရာဇီးသူတွေလှတာကိုတော့ ဘယ်သူမှ ငြင်းနိုင်ကြမယ်မထင်ပါဘူး။ အားကစားမယ်ဆန်ဆန် လှတတ်ကြတဲ့ဘရာဇီး

"အပူအစပ်တွေစားပြီး နေသာထိုင်သာရှိစေဖို့ နည်းလမ်း(၃)ခု"

ငြုပ်သီး စားပြီးသည့်နောက် တရက်တွင်

အပူအစပ်များတဲ့ စားစရာတွေကို ကြိုက်ပါသလား ? စားပြီးလို့ ၀မ်းသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ လေလည်တဲ့ အခါမှာပဲဖြစ်ဖြစ် ဒွါရပေါက်မှာ ပူစပ်ပူလောင်ဖြစ်နေတာကိုရော ခံစားဖူးပါသလား ? ဟုတ်ပါတယ်။ ဒီကိစ္စက အပူအစပ်တွေ အစားများတဲ့
အခါ မလွဲမသွေကြုံတွေ့ရတတ်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာဖြစ်နိုင်ပြီး Bowel Syndrome, hemorrhoids ရောဂါ
အခံရှိတဲ့လူတွေမှာ ပိုပြီးတော့ ဆိုးဆိုးရွားရွားခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သင်ကြိုက်တဲ့အပူအစပ်တွေ လျှော့စားဖို့ စိတ်ကူးမနေပါနဲ့တော့။ စားချင်သလိုစားပြီး အဆင်ပြေနေစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မီနူးကို အပြောင်းအလဲလေးလုပ်ပါ။
အပူအစပ်နဲ့ အဆီများတဲ့ စားစရာတွေကို အများကြီးမစားပါနဲ့။ အဆီဓာတ်များတာက ပြဿနာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အဆီကိုချေဖျက်ဖို့ ခန္ဓာကိုယ်ကအသုံးပြုတဲ့ သည်းခြေရည်က စအိုဝက အရေပြားကို ယားယံလာအောင် လှုံ့ဆောင်ပေးနိုင်
တာကြောင့်ဖြစ်ပါတယ်။ အကယ်၍ စားချင်သပဆိုရင်လည်း psyllium ဓာတ်ပါဝင်တဲ့ အမျှင်ဓာတ် ဖြည့်စွက်ဆေးဝါး တစ်
ခုခုကို မစားခင်မှာပဲဖြစ်ဖြစ် စားပြီးပြီးချင်းပဲဖြစ်ဖြစ် သောက်သုံးပေးသင့်ပါတယ်။

၂။ သန့်ရှင်းရေးလုပ်ပါ။
အရွယ်ရောက်ပြီးသူတွေကို ဒီကိစ္စပြောဖို့ မလိုဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် အပူအစပ်တွေစားပြီးနောက်မှာ ဒွါရပေါက်က ပူစပ်ပူလောင်ဖြစ်ပြီး ယားယံလာတယ်ဆိုရင် တတ်နိုင်သမျှမြန်မြန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဆပ်ပြာအပျော့စားနဲ့ 
ရေနွေးကိုသုံးပြီးဆေးကြောပါ။ သန့်ရှင်းသွားပြီဆိုရင် calamine ဓာတ်ပါဝင်တဲ့ ခရမ်တစ်ခုခုသုတ်လိမ်းထားပေးပါ။ ယား
ယံမှုနဲ့ ပူစပ်ပူလောင်ဖြစ်တာ သက်သာသွားပါလိမ့်မယ်။ ဒီလိုမှမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ပါ။ စအိုဝနာ
ကျင်မှုတွေက ပိုးဝင်တာ၊ စအိုဝကွဲတာ၊ ပြည်တည်တာနဲ့ စအိုကင်ဆာအထိဖြစ်နိုင်တဲ့အတွက် မပေါ့ပါနဲ့။

၃။ သုံးပတ်ဆက်တိုက် ငရုတ်သီးအနီစားသုံးပါ။
ဟုတ်ပါတယ်။ ဘယ်လိုနည်းလမ်းကြီးလဲလို့ တွေးမိချင်စရာပါ။ ဒါပေမယ့် အပူအစပ်မစားရရင် မနေနိုင်သူတွေ အတွက်
ကတော့ ဓာတ်ကြမ်းတိုက်တဲ့သဘောပဲဖြစ်ပါတယ်။ အပူအစပ်တွေကို နှစ်ရက်လောက် ဆက်တိုက်စားမယ်ဆိုရင် အူမ

" မိန်းမကောင်း တစ်ယောက် ပိုင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးများ "

၁။ သူမဟာ သင့်အတွက်ပဲ အမြဲရပ်တည် နေမှာပါ။
အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။

 
၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတယ်။
အရည်အချင်းရှိတဲ့မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောက်ျားတစ်ယောက်ကို လိုအပ်တာမ
ဟုတ်ပါဘူး။ သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုလဲ သူမကိုယ်ပိုင်အိမ်မက်တွေကို အကောင်ထည်ဖော်နေသလိုပဲ အားတတ်သရော ပါရမီဖြည့်ပေးနေမှာပါ။
 
၃။ သင့်ကို လမ်းမှန်ရောက်ဖို့ အမြဲအားပေးနေတယ်။
သင်မှားနေခဲ့ရင်တောင် သင့်အတ္တတွေကို အရောင်တင်ပေးပြီး သင့်စိတ်ကြိုက် အလိုက်ဆောင်ပေးမယ့် သူတွေအများကြီး ရှိနေမှာပါ။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကတော့ ဘယ်လောက် ခါးသီးနေပါစေ အမှန်တရားဆီကိုပဲ သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။
 
၎။ သူမရဲ့ နှစ်သိမ့် အားပေးမှုက သင့်ကို ခွန်အားဖြစ်စေပါလိမ့်မယ်။
အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ လောကဓံ ရိုက်ချက်တွေကို ခံနိုင်ရည်မရှိကြပါဘူး။ ဒါပေမဲ့ အရည်ချင်းရှိတဲ့ မိန်းမတွေကတော့ သင်နဲ့အတူ လောကဓံကို ကြံ့ကြံ့ခံပြီး သင့်တစ်ချိန်က ခိုင်မာတဲ့ခံယူချက်တွေကို ပြန်သတိပေးပြီး ဆက်လက်ရှင်သန်သွားဖို့ အသင့်ရှိနေပါတယ်။
 
၅။ သင့်အရှိန်အဝါတွေ ထက် သင့်ကိုလေးစားတန်ဖိုးထားတာပါ။
သူမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ သင့်ရဲ့လက်ရှိအခြေအနေ၊ အရှိန်အဝါ တွေအပေါ်မှာ မမူတည်ပါဘူး။ ခဏတာ အထင်ကြီးမှု

" သင်တစ်ခါမှ မမြင်ဘူးသေးတဲ့ လူမျိုးများ "

 
ရုရှားနိုင်ငံ မြောက်ဝင်ရိုးစွန်းဒေသနားမှာနေထိုင်တဲ့ ထရပ်ဘီလို့ ခေါ်တဲ့လူမျိုးစုတွေဟာ အသားနဲ့ ငါးတွေကို အစိမ်း
စားပြီးသွေးသောက်လေ့ရှိတဲ့အတွက် သွေးစုပ်ဖုတ်ကောင်လူမျိုးစုတွေနဲ့ တူတယ်လို့ ကမ္ဘာ့သတင်း မီဒီယာများက
သမုတ်ထားကြပါတယ်။ ထရပ်ဘီလူမျိုးစုတွေဟာ လူဦးရေ (၄၁၃၀၂) ရှိပြီးသူတို့ ဟာ အမဲလိုက်ခြင်း... ငါးဖမ်းခြင်း

က ရရှိလာတဲ့ သားကောင်တွေရဲ့ သွေးများကို ချက်ချင်းပူပူနွေးနွေး သောက်သုံးကြပါတယ်။ ထရပ်ဘီလူမျိုးစုတွေဟာ
သွေးသောက်သုံးရန်နှင့် အသားစိမ်း စားသုံးရန်အတွက် အမဲလိုက်ခြင်းဟာ သူတို့ အတွက်တော့ လုပ်ရိုးလုပ်စဉ်တစ်ခု
လို ဖြစ်နေပြီဟု သိရပါတယ်။ ကျွန်တော့်သူငယ်ချင်း ko aung lay မှ dataနှင့် photos အား ပေးပို့ လာခြင်းဖြစ်ပါ

" ဒီလို ချစ်သူမျိုးပဲ လိုချင်တယ် သလား "

 (1) ဖိနပ်ပျက်လို့ဖိနပ်တစ်ရံပြေးဝယ်ပေးတာထက်
သူ့ဖိနပ်ကိုပေးစီးပြီးတူတူဖိနပ်သွားဝယ်မယ့်လူမျိုး


(2) သတိရတယ်ဆိုတာထက်အမြဲတမ်းသူ့စိတ်က
ကိုယ့်အနားမှာရှိနေမယ့်လူမျိုး


(3) ကိုယ်နဲ့တစ်နေ့ဖုန်းမပြောရ ရင်မနေနိုင်တဲ့လူမျိုး


(4) အဝေးတစ်နေရာရောက်နေလဲသစ္စာစောင့်သိပြီး
ပြန်လာချိန်ကိုဆီးကြိုတဲ့လူမျိုး


(5) အမှားဖြစ်တိုင်းနင့်အမှားလို့မပြောပဲ
ဒီအမှားကိုနောင်မဖြစ်အောင်ပြင်ပေးနိုင်တဲ့လူမျိုး


(6) ဒေါသဖြစ်လို့ စိတ်စိုးလို့ ရိုင်းစိုင်းတဲ့စကားလုံးမပြောပဲ
ငါ့ချစ်သူ စိတ်မကောင်းဖြစ်မလားလို့စိုးရိမ်တတ်တဲ့ချစ်သူမျိုး


(7) ချစ်သူမကြိုက်တဲ့အရာဆို စိတ်နဲ့တောင်မပြစ်မှားတတ်တဲ့လူမျိုး


(8) ချစ်သူပြောသမျှ နားထောင်ပေးပြီး
မျက်စိအောက်ကပျောက်မခံအောင်ချစ်တဲ့သူမျိုး


(9) ချစ်သူ နေမကောင်းရင်ဆေးတိုက်တာထက်အနားမှာအားပေးတဲ့ချစ်သူမျိုး

March 8, 2016

" တစ်ပတ်စာ ရယ်စရာ ဗေဒင် အစုံအလင် " ( ဟာသ )

 
တနင်္ဂနွေ
ဒီနှစ်သည် တနင်္ဂနွေ သားသမီးများအတွက် အထူးကံကောင်းသောနှစ် ဖြစ်သည်။
ခြေတစ်လှမ်း ကုဋေတစ်သန်း ဆိုသည့်အတိုင်း ခြေတစ်လှမ်းလှမ်းတိုင်း
ကုဋေတစ်သန်း ကောက်ရမည်။ စန်းအလွန်ပွင့်၍ ဆော်အရမ်းကြည်ပြီး
ဝိုင်းဝိုင်းလည်နေမည်။ သို့သော် စိုးမိုးကျော်မဟုတ်ပေ။
ရုပ်ဖြောင့်သလောက် ဆော်ကြည်မည်။
ယတြာ...အရာရာတွင်ပေါက်ပေါက်မြောက်မြောက်ရှိစေ၇န်-
ပူဖောင်းတစ်လုံးအားမျက်နှာနှင့်အပ်ပြီး.အပ်နှင့်ထိုးဖောက်ပါ..။

တနင်္လာ
တနင်္လာသားတို့အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေမည်။
လမ်းလျောက်လျှင် ဖိနပ်စီး၍ မိုးရွာပါက ထီးဆောင်းပါ။ အိမ်ထောင်ကျပြီး
အမျိုးသားဖြစ်ပါက မိန်းမရှိမည်။ အမျိုးသမီးဖြစ်ပါက ယောက်ျားရှိမည်။
အကျိုးပေးသော အရောင်များမှာ- နီ၊ စိမ်း၊ ၀ါ၊ ပြာ၊ မဲနယ်၊ လိမ္မော်၊ ခရမ်း၊
အနက်၊ အဖြူ၊ မီးခိုး၊ အညို တို့ဖြစ်သည်။
ယတြာ..ကိုယ့်အပေါ်မသကာင်္မှုများ၊အထင်လွဲမှုများကင်းဝေးစေရန်-လိုင်းကားတစ်စီးပေါ်တက်စီးပြီး၊ကားခမပေးပဲ
မသိချင်ယောင်ဆောင်နေပါ။

အင်္ဂါ
ကံအလွန်ကောင်းမည်။ ရေသောက်လျှင် သေးပေါက်ပြီး ရေမသောက်ပါက ရေဆာမည်။
သို့သော် ထမင်းမစားပါက ဗိုက်ဆာမည်။ ဗိုက်ဆာလာပါက ထမင်းစားပါ။ ထမင်းစားရန်ထမင်း၊ ဟင်း သို့မဟုတ် ပိုက်ဆံမရှိပါက ရေသောက်၍ ဗိုက်မှောက်အိမ်ပါ။
သို့သော် အိပ်ရန် ခေါင်းအုန်းတစ်လုံး ရှိသင့်သည်။
ယတြာ...ငွေဝင်လာဘ်သစ်ပွင့်စေရန်-သုံးရက်မျှသာသိကျွမ်းသေးသောမိတ်ဆွေတစ်ဦးအား..ကြုံလျှင်ပြန်ဆပ်မည်ဟု
ပြောပြီး..ငွေငါးသောင်းမရရအောင်ချေးပါ.။

ဗုဒ္ဒဟူး
ကျန်းမာရေးအတွက် ရေကိုကျိုချက် သောက်သုံးသင့်သည်။ ရေမကျိုနိုင်ပါက ရေသန့်
ဝယ်သောက်ပါ။ ရေသန့်ဝယ်ရန်ပိုက်ဆံမရှိပါက လ္ဘက်ရည်ဆိုင်မှ ရေနွေကြမ်း

" သင့်ရဲ့ ဖူးစာကို ရှာနိုင်မယ့် နည်းလမ်း "

 
ကျွန်တော်တို့ လူသားအားလုံးဟာ တစ်သက်လုံး တူတူနေရမယ့် ဖူးစာပါသူတွေကို ရှာတွေ့ချင်ကြတာပါပဲ။ သင့်ရဲ့ ဖူးစာပါသူနဲ့တွေ့ရင် သင် ဆွဲဆောင်မှုကို ထိန်းချုပ်မရနိုင်အောင် ခံစားရပြီး အလိုလို ရင်းနှီးနေသလို ခံစားရတတ်ပါတယ်။ ရုပ်ရှင်တွေကလဲ အဲလို အချစ်ဇာတ်လမ်းမျိုးကို အသားပေးရိုက်ထားကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဖူးစာ ဘာကြောင့် ဖြစ်လာသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသေးပါဘူး။ စိတ်ပညာကတော့ လူနှစ်ယောက်ကို လိုက်လျောညီထွေ ဖြစ်အောင် ဘာက လုပ်ပေးလဲဆိုတာ ရှာတွေ့ခဲ့ပြီ ဆိုပါတယ်။

လိုက်လျောညီထွေခြင်း
Dating Site တွေကတော့ သင့်နဲ့ ကိုယ်ရည်ကိုယ်သွေး အကြိုက် ဝါသနာတူသူတွေကို ရှာပေးပါတယ်။ ကိုယ်ရည်ကိုယ်သွေး အကြိုက် ဝါသနာတူမှ ဖူးစာ ဆုံနိုင်တာ ဆိုပါတယ်။ အဲဒါက နားထောင်လို့ကောင်းပေမယ့် တကယ့် လက်တွေ့မှာတော့ မှားနေပါတယ်။
စမ်းသပ်ချက်တစ်ခုမှာ တွေ့ရတာကတော့ ပျော်ရွှင်သူနဲ့ မပျော်ရွှင်သူ စုံတွဲတွေဟာ လိုက်လျောညီထွေ ဖြစ်မှုမှာ တူတူလောက်ပါပဲ။ ပျော်ပြီး ချစ်ခင်နေကြတဲ့ စုံတွဲတွေကတော့ သူတို့ဘဝမှာ လိုက်လျောညီထွေ ဖြစ်မှုက အရေးမပါပါဘူး လို့ ဆိုကြပါတယ်။ အချစ်ကို လုပ်တာ သူတို့ ဖြစ်ပြီး လိုက်လျောညီထွေမှုက လုပ်တာ မဟုတ်ဘူးလို့ ပြောကြပါတယ်။
ဒါပေမယ့် မပျော်တဲ့၊ အဆင်မပြေကြတဲ့ စုံတွဲတွေကတော့ မေးလိုက်တာနဲ့ လိုက်လျောညီထွေ မဖြစ်မှုကိုပဲ အပြစ်ပုံချကြပါတယ်။ လက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်းမှာ လိုက်လျောညီထွေ ဖြစ်ဖို့ အရမ်းအရေးကြီးတယ်လို့ ဆိုကြပါတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် လိုက်လျောညီထွေ မဖြစ်ကြဘူးလို့ ထင်ကြပါတယ်။
မပျော်ရွှင်ကြသူ၊ အိမ်ထောင်ရေး အဆင်မပြေကြသူတွေက လိုက်လျောညီထွေ မဖြစ်တာကို အပြစ်ပုံချကြတယ်။ သူတို့ဟာ အောင်မြင်တဲ့ အိမ်ထောင်ရေးဟာ သင်တို့နှစ်ယောက် ဘယ်လောက် အကြိုက်တူတယ်ဆိုတာနဲ့ မဆိုင်ပဲ နှစ်ယောက်တူတူ လက်တွဲချင်စိတ်နဲ့ပဲ ဆိုင်တယ်ဆိုတာ မသိကြပါဘူး။

ယဉ်ကျေးမှုအရ မိဘသဘောတူ လက်ထပ်ခံရသူတွေဟာ အမေရိကန်တွေထက် ပိုပြီး ကြာကြာ လက်တွဲကြပြီး ပိုပြီးပျော်ကြပါတယ် တဲ့။ သူတို့တွေဟာ မသိစိတ်ကနေ တစ်ယောက်ကို တစ်ယောက် စိတ်ထဲနှစ်ထားကြပြီး

" စုံတွဲတွေကို လိုက်သတ်တဲ့ ဆက်တိုက်လူသတ်သမား "

 
စုံတွဲတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ အဲဒီလူသတ်သမား ဘယ်သူမှန်း သေချာမသိခဲ့ပါဘူး။
၁၉၆၈ ခုနှစ်နဲ့ ၁၉၈၅ ခုနှစ်အတွင်း အီတလီနိုင်ငံ ဖလောရန့်စ်မြို့မှာ စုံတွဲ ၈ တွဲ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့အားလုံးဟာ ကားထဲမှာ ချစ်တင်းနှောနေတုန်း အသတ်ခံခဲ့ရတာပါ။

အားလုံးရဲ့ သေဆုံးပုံက တူသလို အသုံးပြုသွားတဲ့ ပစ္စတိုနဲ့ ကျည်ဆန်တွေကလည်း အတူတူပါပဲ။ ပထမဆုံး ပစ္စတိုနဲ့ ပစ်သတ်ပြီး ဓားနဲ့ ထိုးသွားခဲ့ပါတယ်။ တစ်ခါတလေမှာ အမျိုးသမီးတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တယ်။

၁၉၆၈ ခုနှစ် သြဂုတ်လ ၂၁ ရက်မှာ ပထမဆုံး သတ်ဖြတ်ခံရတဲ့ စုံတွဲက လူသူနဲ့ဝေးတဲ့ တောထဲမှာ ကားရပ်ပြီး ချစ်တင်းနှောကြတဲ့ အသက် ၃၁ နှစ်အရွယ် ဘာဘရာလော်ချီနဲ့ အသက် ၂၉ နှစ်အရွယ် အန်တိုနီယိုလိုဘီရန်ကိုတို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူပါလာပြီး အိပ်ပျော်နေတဲ့ အသက် ၆ နှစ်အရွယ် ဘာဘရာရဲ့သားလေးကတော့ ဘာမှ မဖြစ်ပါဘူး။ အဲဒီပြစ်မှုအတွက် ဘာဘရာရဲ့ခင်ပွန်း စတက်ဖနို မယ်လီကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ပေမဲ့ လူသတ်မှုတွေက ဆက်လက် ဖြစ်ပေါ်နေခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် စုံတွဲတစ်တွဲဟာ တောထဲမှာ အသတ်ခံခဲ့ရပြီး အခြားစုံတွဲ တစ်တွဲကလည်း အလားတူ လူသူကင်းဝေးတဲ့နေရာတစ်ခုမှာ အသတ်ခံခဲ့ရ ပြန်ပါတယ်။ အဲဒီတော့ ထောင်ထဲရောက်နေတဲ့ မယ်လီက လူသတ်သမား မဖြစ်နိုင်တော့ပါဘူး။

၁၉၈၁ ခုနှစ် အောက်တိုဘာလထဲမှာ နောက်ထပ် စုံတွဲတစ်တွဲ အသတ်ခံရပြန်ပါတယ်။ အဲဒီနောက် ၁၉၈၅ ခုနှစ်မှာလည်း ပြင်သစ်စုံတွဲတစ်တွဲ အသတ်ခံရတယ်။


သတင်းပေးမှုကြောင့် ယခင်က လူသတ်ဖူးတဲ့ ပီရာထရိုပက်စီရာနီကို ၁၉၉၄ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ ထိုလူနဲ့အတူ

" Google က ဓာတ်ပုံတွေမှာတွေ့ရတဲ့ ပင်လယ်ထဲက လေယာဉ် MH370 ဖြစ်နိုင် "

 
မလေးရှားလေယာဉ် MH 370ဟာ လူပေါင်း၂၃၉ဦးနဲ့ ပျံသန်းနေစဉ် ရေဒါအတွင်းက ပျောက်ကွယ်သွားတာ
ယခုဆိုနှစ်နှစ် နီးပါးရှိပါပြီ။

၂၀၁၄ မတ်လမှာ ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းနေစဉ် လေယာဉ် ထိန်းချုပ်မှုစနစ်အောက်ကနေ ပျောက်ကွယ်သွားခဲ့တာပါ။

Boeing 777မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတဲ့ မြောက်များစွာသော အဆိုတွေ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ယခုအခါမှာတော့ ထိုင်ဝမ်မှာနေထိုင်ပြီး US Air Force Strategic Command Centre အတွက် အလုပ်လုပ်ပေးနေတဲ့ စကော့ စီ ၀ါရင်း (Scott C Waring)က လေယာဉ်ရဲ့ အပိုင်းအစတွေကို အမှတ်မထင်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရင်းက “ကျွန်တော် UFOအဟောင်းတစ်ခုအတွက် “The Cape of Hope” ဆိုတဲ့နေရာကို  Google Earthကနေ ကြည့်နေတာပါ..အဲဒီမှာပဲ ကျွန်တော် ရေထဲမှာ အရိပ်တစ်ခုကို မြင်ရတယ် ပြီးတော့ ဒါက တကယ်ကို သတင်းထူးရမယ်လို့ ကျွန်တော်မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ဒါက ခရီးသည်တင်လေယာဉ်ကြီးရဲ့ အရိပ်နဲ့ ဆင်ပါတယ် ။Google Earth ကပုံရဲ့ ရက်စွဲက ၂၇.၆.၂၀၁၅ဖြစ်ပြီးတော့ လေယာဉ်ပျက်ကျခဲ့တာက ၈.၃.၂၀၁၄မှာပါ ။ဒါက ခြောက်လလောက်ပဲကွာတယ်”လို့

" ရေပိုက်ဖောက်လို့ မြို့နယ် ၁၇ မြို့နယ်တွေမှာ ရေ ၂ရက်ပြတ်မယ် "

 
လှော်ကားရေပေးဝေရေးစခန်းမှရန်ကုန်သို့ရေပေးလွှတ်နေသည့်၆၆လက်မပိုက်ပေါက်သွားသဖြင့် မြို့နယ်၁၇ခုရှိ နေရာအချို့
တွင် ၂ရက်ကြာရေပြတ် တောက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါရေပိုက်မှာ မရမ်းကုန်းမြို့နယ်၊(၉)မိုင်ရှိ ၉၅၄ GEတပ်ဝန်းအတွင်းမတ်၇ရက်ညနေ၅နာရီခန့်ကပေါက်သွား ခဲ့ခြင်း
ဖြစ်သည်။

ရေပိုက်လိုင်းပေါက်မူကြောင့်မင်္ဂလာဒုံမြို့နယ်၊အင်းစိန်မြို့နယ်၊ရွှေပြည်သာမြို့နယ်တို့မှရပ်ကွက်အချို့နှင့် တာ မွေမြို့နယ်၊ ပုစွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊မရမ်းကုန်းမြို့နယ်၊ လိုင်မြို့နယ်၊ ကမာရွတ်မြို့ နယ်၊ ဗဟန်းမြို့နယ်၊ လိုင်သာ
ယာမြို့နယ်နှင့် မြို့တွင်းခြောက်မြို့နယ် တို့တွင် နှစ်ရက်ကြာ ရေပြတ်တောက်မည်ဟု ရန်ကုန်မြို့တော်မြူနီစပါယ်ရေးရာ

" ချောမောလှပတဲ့ ကိုယ်လုံးတီး စိတ်ရောဂါရှင် မမကြောင့် ကားလေးစီးဆင့်ကဲတိုက် " ဟိဟိ ..အငေးကောင်းလို့ပါ...

 
ဘန်ကောက်မြို့ လပ်ဖဝေါ် ၃၉ လမ်းမပေါ်မှာ ယနေ့ညနေပိုင်းက စိတ်ရောဂါရှင် အမျိုးသမီးတစ်ဦး အဖြူရောင် ကားပေါ်
ကနေ ကိုယ်တုံးလုံးနဲ့ ဆင်းလာခဲ့လို့ ကား ၄ စီးဆင့်ကဲ တိုက်ခဲ့ပြီး ကားလမ်းတွေပိတ်ဆို့သွားခဲ့ပါတယ်။ လမ်းဘေးက အမြင်
မတော်တဲသူတွေက ပိတ်စနဲ့ လိုက်အုပ်ပေးခဲ့ရပြီး အမျိုးသမီးကိုတော့ သူ့မိသားစုကို ဆက်သွယ်ပြီး အိမ်ပြန်ပို့ပေး ခဲ့ရပါ

March 7, 2016

" သင့်အချစ်ရေးကို ပိုမိုခိုင်မာစေဖို့ အမြဲပြောပေးသင့်တဲ့ စကားတစ်ခွန်း "

 
ဒီ ရှာဖွေတွေ့ရှိချက်ဟာ ဂျော်ဂျီယာ တက္ကသိုလ်က သုတေသီတွေအနေနဲ့ အိမ်ထောင်ရှင် ၄၆၈ ယောက်တို့ကို တစ်ယောက်
ချင်းဆီ စစ်တမ်းကောက်ယူ လေ့လာခဲ့ရာမှ ထွက်ပေါ်လာတဲ့ တွေ့ရှိမှု တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ကို အသိအမှတ်ပြုတယ်လို့ ခံစားရတဲ့ လက်တွဲဖော်တွေဟာ အချစ်ရေး တွေမှာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုလေးစား တတ်ကြပြီး အချစ်ရေးနဲ့ သက်
ဆိုင်တဲ့ အခက်အခဲ တွေမှာလည်း ပိုမို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြတာကို သုတေသီတွေက တွေ့ရှိခဲ့ ကြပါတယ်။

“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးတစ်ခွန်းကို ရိုးသားစွာနဲ့ ပုံမှန် ပြောဆိုပေးခြင်းဟာ သင့်ရဲ့ လက်တွဲဖော်ကို ပျော်
ရွှင်အောင် ပြုလုပ်ပေးနိုင်သလို သင်တို့ရဲ့  အချစ်ရေးကိုလည်း ပိုမိုကျန်းမာ လန်းဆန်းလာစေနိုင်ပါတယ်။ အချက်အလက်အားဖြင့်ပြောရရင်တော့ အချစ်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးတင်စကားဆိုခြင်းဟာ ချစ်သူ ၂ ဦးရဲ့  လက်တွဲခိုင်မြဲနေမယ့် သက်တမ်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

“စုံတွဲတွေတိုင်းဟာ စိန်ခေါ်မှုတွေနဲ့ အမြဲကြုံတွေ့ရလေ့ရှိပြီး သဘောထားမတိုက်ဆိုင် မှုတွေ ရှိတတ် ကြပါတယ်။” လို့ Ph.D ဘွဲ့ရ စာရေးဆရာ Allen Barton ကဆိုပါတယ်။ “မကောင်းတဲ့သက်ရောက်မှုတွေဆိုတာဟာ သင်ဒီပြဿနာတွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ ဆိုတာကနေ ထွက်ပေါ်လာတာပါ။ကျေးဇူးတင်ပါတယ်လို့ပြောခြင်းဟာ သင့်ရဲ့ လက်တွဲဖော်ကို အသိအမှတ်ပြုခံရတယ်လို့ ခံစားမိစေပြီး အဲဒီလို လူသားဆန်တဲ့ စိတ်ဓါတ်ဟာ မကောင်းတဲ့အရာ တွေအားလုံးကိုလျော့
နည်းသွားစေသလို ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း အရာရာမှာ အောင်မြင် လာစေနိုင်ပါတယ်” လို့ Allenက ပြောပြပါတယ်။

“ကျေးဇူးတင်ပါတယ်” လို့ ပြောလေ့ရှိခြင်းဟာ ခက်ခဲတဲ့အချိန်တွေမှာလည်း အသုံးဝင်နိုင်ပါတယ်။ အထူးသဖြင့် ငွေကြေးနဲ့

" အွန်လိုင်းပေါ်တွင် သိကျွမ်းသည့် မိန်းကလေးငါးဦးကို အဓမ္မပြုကျင့်သော အောင်သွယ်ဝက်ဘ်ဆိုက်ကုမ္ပဏီပိုင်ရှင် "



ကမ္ဘာ့အကြီးဆုံးအောင်သွယ်တော် ၀က်ဘ်ဆိုက်ဖြစ်သော www.match.com ၏ ဒါရိုက်တာဟောင်းဖြစ်သူ ဂျေဆင်လော
ရင့်စ်သည် ၀က်ဘ်ဆိုက်အသုံးပြုသည့် မိန်းကလေးထောင်ပေါင်းများစွာကို ပစ်မှတ်ထားဆက်သွယ်ခဲ့ပြီးယင်းသို့အွန်လိုင်းတွင်
တွေ့ဆုံသိကျွမ်း သူများအနက်မှ မိန်းကလေးငါးဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်းအင်္ဂလန်အခြေစိုက်သတင်းမီဒီယာများတွင် ဖော်
ပြသည်။

ယခုဖြစ်ရပ်အရ အင်တာနက်သည် မိန်းကလေးများအတွက် အန္တရာယ်အထူပြောဆုံးနေရာတစ်ခု
ဖြစ်လာလျက်ရှိခြင်းကို
 မီးမောင်းထိုးပြသခြင်းပင်ဖြစ်ကြောင်း အင်္ဂလန်အရှေ့ ပိုင်း ဒါဘီရှိုင်းယားခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ အဲလစ်ဆင် ရစ်ဂ်ဘီက ပြောကြားသည်။



အင်တာနက်အောင်သွယ်ဝက်ဘ်ဆိုက်များမှတစ်ဆင့် မုဒိမ်းမှုဖြစ်ပွားခြင်းသည် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း ၆ ဆခန့် မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

Match.com သည် တစ်ခုလပ်နှင့် မုဆိုးမများကို ဦးတည်ပစ်မှတ်ရှာဖွေပုံပေါ်ကြောင်း အဲလစ်ဆင်က ပြောကြားသည်။

" အယုံလွယ်တော့လည်း ကိုယ်ဝန်လွယ်ရတဲ့ မိန်းကလေးမီးဖွားနေစဉ်မှာ သူ့အကောင်က တခြားမိန်းကလေးနှင့်လက်ထပ် "

Heather McGillion and Adonis Rodriguez
Heather McGillion and Adonis Rodriguez ဟယ်သာနှင့် အက်ဒိုနစ္စ ရိုဒရီဂက်ဇ်တို့ မကွဲမီက ပုံ
ကိုယ်ဝန်ဆောင် ချစ်သူမိန်းကလေးက မိုင်ပေါင်း ၄,၀၀၀ အဝေးမှာ ကလေးမွေးနေချိန် သူက အခြား အမျိုးသမီးတစ်ဦးကို လက်ထပ်လိုက်တဲ့ အမျိုးသားတစ်ဦး သတင်းကြောင့် လူတွေ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြပါတယ်။

ဟီသာ မာ့ခ်ဂီလီယွန် အမည်ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံကို အလည်အပတ်
သွားရင်း သူမရဲ့ ချစ်သူ အက်ဒ်ဒိုနစ် ရိုဒရီဂွက်ဇ်နဲ့ တွေ့ဆုံခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦး တစ်နှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့ကြပြီး တစ်သက်တာ အတူနေမယ်လို့ ပြင်ဆင်ခဲ့ကြပါတယ်။


ဟီသာနဲ့ သူမရဲ့ ကလေး
ဒီလိုနဲ့ စကော့တလန်သူ ဟီသာမှာ ကိုယ်ဝန်ရှိလာခဲ့ပြီးနောက် ကလေးမွေးဖွားဖို့ ဗြိတိန်ကို ပြန်လာခဲ့ပါတယ်။ ဒိုမီနီကန်သား

" ဖုန်းအားသွင်းခွင့်မပေးလို့ ဖခင်အရင်းကိုပြန်သတ်တဲ့ သားယုတ်မာ "

 
Patrick Murphy အမည်ရှိတဲ့ အသက်(30)အရွယ် အမျိုးသားတစ်ယောက်ဟာ ဖုန်းအားသွင်းခွင့် မပေးတဲ့ အဖေဖြစ်သူကို
ဓားနဲ့ ထိုးသတ်ခဲ့မှု အင်္ဂလန်နိုင်ငံ Tonbridge ပြည်နယ် Kent မှာ ဖြစ်ပွားခဲ့ပါတယ်။ Murphy ဟာ IQ ရမှတ် 74 သာ
ရရှိထားသူဖြစ်ပြီး သင်ကြားရ ခက်ခဲသူတစ်ယောက်လည်း ဖြစ်ပါတယ်။အိမ်မှာ သူ့ အဖေဖြစ်တဲ့ အသက် (54)နှစ်အရွယ် Joe က အားသွင်းကြိယာကို အသုံးပြုခွင့် မပေးကြောင်း ပြောဆိုတဲ့အခါ Murphy ဟာ ဒေါသအလွန်အမင်းဖြစ်ပြီး အိမ်ပြင်
ကိုထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့မှာရှိတဲ့ ဖုန်းကို Cash Converters ရောင်းဝယ်ရေးဌာနကို သွားရောက်
 ရောင်းချလိုက်ပြီး ရတဲ့ငွေကို SpecialBrew တံဆိပ်ပါ အရက် 4 ဗူးဝယ်ခဲ့ပါတယ်။ ပိုတဲ့ပိုက်ဆံကို မီးဖိုချောင်သုံး ဓားတစ်တစ်စုံ ၀ယ်ခဲ့ပါတယ်။
 နောက်အိမ်ကို ဒေါသတကြီးနဲ့ ပြန်ရောက်လာပြီး လက်တင်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ အဖေဖြစ်သူ Joe ကို ဓားနဲ့
လက်မောင်းကို အရင်ဆုံး တိုက်ခိုက်ခဲ့ပြီး နောက်မှ ရင်ဘက်ကို ထိုးစိုက်ချလိုက်တာ ဖြစ်ပါတယ်။ 1ဆိုင်ထဲမှာ ဓားလိုက်
ရှာနေတဲ့ MurphyJoe ဟာ အဲဒီ ဒဏ်ရာနဲ့ပဲ သေဆုံးခဲ့ရပြီး ၀င်ရောက်ဖြန်ဖြေတဲ့ အစ်ကိုဖြစ်သူကိုလည်း ဒါနဲ့ တိုက်
ခိုက်ခဲ့ပါတယ်။ ဒါကြောင့် Murphy ကို Maidstone Crown တရားရုံးက လူသတ်မှုအတွက် ထောင်ဒဏ် 9 နှစ်၊ လူကို သေစနိုင်တဲ့ လက်နက်နဲ့ တိုက်ခိုက်မှုအတွက် ထောင်ဒဏ် 9 နှစ် စုစုပေါင်း ထောင်ဒဏ် (18)နှစ် ကျခံစေဖို့ ဆုံးဖြတ်
ခဲ့ပါတယ်။ တရားခံရဲ့ အမေဖြစ်သူက “ ဒါဟာ ဖုန်းကြောင့် ဖြစ်ရတာပါ ….ကျွန်မယောက်ျားဟာ အရက်သေစာသောက်

" ထီပေါက်တာချင်းတူပေမယ့် ကံကြမ္မာချင်း မိုးနဲ့မြေလို့ကွာခဲ့တဲ့ ညီအစ်ကို "

ဟားရစ်ဘာ့ဂ်ျ၊ မတ်၊ ၆ ။ ။ အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာတော့ ဆန်းကြယ်လှတယ် လို့ ဆိုရမှာပါ။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ တစ်သက်မှာ ထီတစ်ခါပေါက်ဖို့တောင် မလွယ်လှပေမယ့် ဂျိမ်းစ်စတော့ ကယ်လ် နဲ့ သူ့ရဲ့ညီဖြစ်သူ ဘော့ တို့ကတော့ ညီအစ်ကိုနှစ်ယောက်လုံး ထီတစ်ပြိုင်တည်းပေါက်ခဲ့လို့ပါပဲ။

အသက် ၆၇ နှစ်အရွယ်တရားသူကြီးတစ်ဦးဖြစ်သူ စတော့ကယ်လ် နဲ့ သူ့ရဲ့ညီ ဘော့တို့ဟာ ဆိုင်တစ်ဆိုင်တည်းမှာ ထီအတူတူထိုးပြီး နှစ်ယောက်လုံး ဆုငွေတွေအသီးသီး ဆွတ်ခူးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစ်ကို နဲ့ ညီတို့ရဲ့ ကံကြံမ္မာချင်းကတော့ မိုးနဲ့မြေလိုပဲ ကွာခြားခဲ့ကြပါတယ်။ အစ်ကိုဖြစ်သူ စတော့ကယ်လ် က

" ဘောင်းဘီ မဝတ်တတ်လို့ ၉၁၁ ကို ဖုန်းခေါ်တဲ့ ကလေးငယ် "

 
ဒုက္ခရောက်ပြီး အကူအညီလိုရင် ၉၁၁ ကိုဖုန်းခေါ်ရမယ်ဆိုတဲ့အသိဟာ ၂ နှစ်အရွယ်သမီးငယ်လေးဆီမှာ ရှိနေပါတယ်။
ကာရိုလိုင်းနားပြည်နယ်တောင်ပိုင်းမှာ နေထိုင်တဲ့ ကလေးမတစ်ဦးရဲ့ အလန့်တကြား လုပ်ရပ်ကြောင့် ရဲအရာရှိတွေ ဒေါသထွက်ရမလို၊ ရယ်ရမလို ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေဒုက္ခရောက်တဲ့အခါ ၉၁၁ ဆိုတဲ့ အရေးပေါ် ဖုန်းနံပတ်ကို ခေါ်ရမယ်ဆိုတဲ့အသိဟာ ၂ နှစ်အရွယ်သမီးငယ်လေးမှာတောင် ရှိနေတာ တွေ့ရပါတယ်။

ဂရင်းဗီးလ်စီရင်စုမှာ နေထိုင်တဲ့ ၂ နှစ်အရွယ်သမီးငယ်လေးဟာ ဘောင်ဘီတစ်ထည်ကို ကြိုးစားဝတ်ပေမယ့် ဝတ်လို့မရပဲ သူအခက်တွေ့နေခဲ့ရပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်နေလို့ အကူအညီပေးပါဆိုပြီး ၉၁၁ အရေးပေါ် ဖုန်းနံပတ်ကို ဖုန်းဆက်လိုက်ပါတယ်။ အရေးပေါ်ဌာနက ရုံးချုပ်က ကလေးမလေးအိမ်ရဲ့ အနီးဆုံးနေရာမှာ ပတ္တရောင်လှည့်နေတဲ့ မာသာလုန်းထံကို အကြောင်းကြားလိုက်ပါတယ်။

ရဲအရှိရောက်သွားချိန်ကျမှပဲ ကလေးငယ်မလေး ဖုန်းခေါ်ရတဲ့အကြောင်းအရင်းကို သိသွားခဲ့ပါတယ်။ ဒါပေမယ့် ရဲအရာရှိ မာသလုန်းက စိတ်မဆိုးခဲ့ပါဘူး။ ကလေးငယ်လေးကို ဘောင်ဘီအဆင်ပြေပြေဝတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အမှန်မှာတော့ ကလေးငယ်ရဲ့ မိဘတွေက အရေးကြုံလာတဲ့အခါ ၉၁၁ ကို ဘယ်လိုဖုန်းခေါ်ပြီး အကူအညီ တောင်းရမလဲ

March 6, 2016

" ဒါနဲ့... ကောင်မလေး က ဘာလို့ ထွက်ပြေးတာလဲ ငင်?


တစ်ခါက... ရွာစဉ်လှည့်ပြီး ကြက်သား လိုက်ရောင်းတဲ့ မအိမ်သစ် ဆိုတဲ့ ကြက်သည်ကောင်မလေး တစ်ယောက် ရှိတယ်။ 

တစ်ရက်... ကြက် လည်ရောင်းနေတုန်း အိမ် တစ်အိမ်က လူ တစ်ယောက်ထွက်လာပြီး ခေါ်ဝယ်တယ်။ သူ့ကြက်သား ဗန်းလေး ချခါ ရှိသေး အဲဒီ လူက မေးတယ်... ... " ညည်း ဒီကြက်တွေ ဘယ် က ဝယ်တုန်း" "ဒီလိုပဲ ရွာပေါင်းစုံက ဝယ်တာပါ" 

အဲဒီ လူက ကြက်တစ်ကောင် ကို ကိုင်ကြည့်ပြီး... ... "ဒါ ဘယ်ရွာက ကြက်လဲ" "မမှတ်မိ ဘူးရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင် ထဲ လက်ညိုး နဲ့ ထိုးကြည့် သတဲ့။ ပြီးတော့ ပြောတယ်.... ... "ဒါ ညောင်ပင်သာ ရွာက" 

တစ်ခါ နောက်ကြက် တစ်ကောင် ကို ကိုင်ကြည့်ပြီး မေးပြန်တယ်... ... "ဒါ ဘယ်ရွာက လဲ" "မသိတော့ဘူး ရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင် ထဲ လက်ညိုး နဲ့ ထိုးကြည့်ပြန်တယ်။ ပြီးတော့ ပြောတယ်.... ... "ဒါ ရွာသာအေး က" 

အဲ... နောက်တစ်ကောင် ကို ကိုင်ကြည့်ပြီး မေးပြန်ရော... ... "ဒါ ဘယ်ရွာ ကလဲ" "မပြောတတ် ဘူးရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင်ထဲ လက်ညိုး နဲ့ ထိုးကြည့်တယ်။ ပြီးတော့ ပြောတယ်.... ... "ဒါ ဇရပ်ကွင်း ရွာက" 

အဲလိုနဲ့ တစ်ကောင်ပြီး တစ်ကောင် မေးလိုက် သူ့ဟာ သူဖြေလိုက် လုပ်နေတာ ကြက်တွေ ကုန်ရော။ အဲဒီမှာ... သူက ဆက်မေးတယ်.... .... "ညည်း

" ချစ်ခြင်းမေတ္တာ ဆိုသည်မှာ "

ပုံမှာ ကြေကွဲခံစားနေသူမှာ မျောက်လေး နှင့် ဘဲလေးတို့၏ ပိုင်ရှင်ဖြစ်ပါသည်။
အဆိုပါ ဘဲလေးနှင့် မျောက်လေးတို့သည် မွေးတည်းက အရမ်းချစ်ကြပီး တပူးပူး တတွဲတွဲ ရှိခဲ့ကြသူများဖြစ်သည်။
တနေ့တော့ မျောက်လေးသည် ကစားရင်း ပြတ်ကျနေသော ဓာတ်ကြိုးကို ထိမိပီး ဓာတ်လိုက်ပါသည်။
မျောက်လေးရဲ့ ကြောက်လန့်တကြားအော်ဟစ်သံကို ကြားသော ဘဲလေးမှာ အပြေးရောက်လာပီး ဓာတ်ကြိုးကို ဖယ်ပေးဖို့ ကြိုးစားသည်။
ဒါပေမဲ့ ဘဲလေးကိုပါ ဓာတ်လိုက်ပါတော့သည်။
သူတို့ နှစ်ဦးသည် အချစ်ဆုံး သူငယ်ချင်းများအဖြစ် မွေးဖွားလာပီး အချစ်ဆုံး သူငယ်ချင်းများအဖြစ် သေဆုံးသွားကြပေသည်။
ဒါပေမဲ့ ဒီကမ္ဘာပေါ်က လူသားတွေမှာရော ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ခင်မင်မှုမျိုး ရှိနိုင်ပါ့မလား

" ကျောက်ကျော လုပ်နည်း....ရွှေရင်အေးလုပ်နည်း ..သင်္ကြန်နှစ်ကူးလက်ဆောင် ပေးချင်လို့ပါ. "


ကျောက်ကျော အလွှာလေး တွေ မလုပ်တတ်ခဲ့.. သူများတွေ လုပ်ထားတာ ကြည့်ပီး တိတ်တခိုး အားကျနေခဲ့ရသူပါ..။ ဒီနေ့တော့ စိတ်ကို အရှည်ကြီး ဆွဲဆန့်ပီး အလွှာလိုက်ရအောင်လုပ်ထားပါတယ်..အတွက်အချက် လွဲသွားလို့..အလွှာလေးတွေ မညီလို့ စိတ်တိုင်းမကျ.. ကျောက်ကျောတုန်းလေးတွေကို ပြန်ကြည့်တော့ ငယ်တုန်းက ခဲဖျက်တုန်းလေးတွေနဲ့ တူသလိုလို...။ 








( Credit : https://m.facebook.com/126426514367385/albums/237269313283104/?start_index=12   )

((မှတ်ချက် )) 
ရောရောသမမွှေမှ ပိုစ့် နှစ်ခုကို ရောတင်ထားခြင်းသာဖြစ်ပါတယ်...ကျောက်ကျောလုပ်နည်းပါ သိရှိသွားရုံမက
 ရွှေရင်အေး လုပ်နည်းကိုပါ သိရှိနိုင်ပါတယ်...ပို့စ်ရှင်များကို Credit ပေးထားပါတယ်...

ရွှေရင်အေးလုပ်နည်း


သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့
Subscribe

လာလည်သူများ

free counters