♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 11, 2016

" သိပ္ပံပညာအရ အလိမ်ညာတတ်ဆုံး လူ(၇)ယောက် "

ကမ္ဘာဘယ်သူကမှ ဖောက်ပြန်လိမ်ညာတတ်တဲ့သူတစ်ယောက်ကို လက်တွဲဖော်အဖြစ်ရှိစေလိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းတရားတွေကြောင့် လိမ်ညာတတ်သူတွေနဲ့ ပတ်သက်ကြရတာတွေ ရှိခဲ့ဖူးပါတယ်။ လိမ်ညာတတ်တဲ့သူတွေမှာ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေရှိနေတာကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာအမြင်အရ အလိမ်ညာတတ်ဆုံးသူတွေကတော့-

၁) ၉ နဲ့ဆုံးတဲ့ အသက်အရွယ်ရှိသူတွေ

Proceedings of the Natural Academy of Sciences က ပြုလုပ်တဲ့ လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ အသက် ၂၉၊ ၃၉၊ ၄၉နှစ်အရွယ်ရှိတဲ့သူတွေက ပိုပြီးဖောက်ပြန်တာတွေ့ရှိခဲ့ပါတယ်။ ဆယ်စုနှစ်သစ်တစ်ခုကို ကူးပြောင်းခါနီးမှာ ဘဝရဲ့ ရွေးချယ်စရာတွေကို အပြောင်းအလဲ လုပ်လိုစိတ်တွေ ပြင်းထန်နေတတ်လို့ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

၂)အရပ်ရှည်တဲ့ ယောက်ျားများ

အိမ်ထောင်ပြင်ပ အပျော်ရှာရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IllicitEncounters.comတစ်ခုရဲ့ လေ့လာချက်အရ အရပ် ၅ပေ ၁၀လက်မကျော်တဲ့ ယောက်ျားတွေက သာမန်အရပ်ရှိတဲ့ ယောက်ျားတွေထက် ၂ ဆ ပိုပြီးဖောက်ပြန်တာတွေ့ရပါတယ်။

၃)ရော့ခ်အင်ရိုး ဂီတ ပရိသတ်များ

အခြားစစ်တမ်းတစ်ခုက ဖောက်ပြန်သူအားလုံးရဲ့ ၄၁%က ရော့ခ်အင်ရိုး ပရိသတ်တွေလို့ဆိုပါတယ်။

၎)IT နယ်ပယ်တွင် အလုပ်လုပ်သော ယောက်ျားများ

သူတို့ရဲ့နူးညံ့တဲ့ ခေါင်းစွပ်အင်္ကျီတွေ၊ဆွဲဆောင်မှုရှိရှိ တပ်တတ်တဲ့ မျက်မှန်တွေနဲ့ စိတ်ရှည်သည်းခံမှု တွေကြောင့် အတွေးမှားသွားနိုင်ပေမဲ့ သူတို့ကလည်း အဖောက်ပြန်ဆုံး သူတွေထဲမှာ ပါဝင်ပါတယ်။

၅)ပြင်သစ်လူမျိုး

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအရ ၇၅% သောပြင်သစ်တွေကအိမ်ထောင်ရေး ဖောက်ပြန်တဲ့သူတွေ ဖြစ်တာကို
 တွေ့ရှိရပါတယ်။

၆)ဈေးဝယ်ထွက်ရတာ အရမ်းကြိုက်တဲ့သူ

အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံက စတင်ဖောက်ပြန်တဲ့အချိန်မှာ အလှပြင်ပစ္စည်းအတွက် ငွေ အများကြီးအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ ၂၇%က သူတို့ရဲ့ ဝယ်ယူမှုတွေအတွက် လျှို့ဝှက်ကတ်တွေကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

၇)တွစ်တာကို အလွန်အကျွံ အသုံးပြုသူများ

University of Missouri က ပြုလုပ်တဲ့စစ်တမ်းအရ တွစ်တာအသုံးပြုတာများလေ ရှုပ်ထွေးတဲ့
ပတ်သက်မှုတွေရှိလေဖြစ်ပြီး ပိုပြီး ဖောက်ပြန်တတ်သူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Ref:yourtango
TrendMyanmar

Credit : http://www.searchmyanmar.com/link/comment/cid/57259/domain/trend.com.mm

No comments:

Subscribe

လာလည်သူများ

free counters