၁။သူငယ်ချင်းလိုနေပြီးမှသာ ချစ်သူတွေဖြစ်ရင် အဆင်ပြေမယ်။ သူက သူငယ်ချင်းကောင်းလည်း ဖြစ်ရမယ် ဆိုတာမျိုး။
သူငယ်ချင်းဆိုတာ သူငယ်ချင်းပါပဲ။ ကိုယ်နဲ့အိမ်ထောင်ပြုမယ့်သူဟာ သူငယ်ချင်းဖြစ်ရမယ်ဆိုတာမျိုးဟာ အူကြောင်ကြောင်နိုင်လွန်းတဲ့ အတွေးပါ။
၂။သင်နဲ့ သင့်ချစ်သူဟာ ပွဲတိုင်းအတူ တက်ရမယ်ဆိုတာမျိုး။
ဒီလို
အတွေးမျိုးကလည်း ခုခေတ်မှာ မတွေးသင့်တောပါဘူး။ ချစ်သူနှစ်ဦး
တပူးတွဲတွဲနဲ့ ချစ်ကြတာမျိုးရှိတာ သိပ်ကောင်းတဲ့အရာပေါ့။ ဒါပေမယ့်
ဘယ်လိုပွဲမျိုးမဆို သူနဲ့ကိုယ်နဲ့ အတူတူသွားရမယ်ဆိုတဲ့
တယူသန်အတွေးမျိုးကိုတော့ ဖယ်ထုတ်ထားသင့်ပါတယ်။
၃။သူဘာတွေကြိုက်တတ်သလဲဆိုတာ သိအောင်လုပ်ပြီး သူနဲ့အတူ လိုက်လုပ်ရမယ်ဆိုတာမျိုး။
သူက
ဂေါ့ဖ်ရိုက်တာကိုနှစ်ခြိုက်တယ်ဆိုတော့
ကိုယ်ပါဂေါ့ဖ်လိုက်ရိုက်ရမယ်ဆိုတာမျိုးကလည်း ပေါကြောင်လွန်းလှတဲ့
အတွေးမျိုးပေါ့။ တစ်ယောက်အကြိုက် တစ်ယောက်သိထားပြီး ကိုယ်ဝါသနာပါရာကို
သီးသန့်လုပ်ဆောင်လို့ရတာပဲလေ။
၎။ဒေါသတွေနဲ့ အိပ်ယာမ၀င်ပါနဲ့ ဆိုတာမျိုး။
ချစ်သူနှစ်ဦး
ရန်ဖြစ်ပြီး ဒေါသတွေထွက်၊ ပြဿနာကို ဆက်မရှင်းတော့ပဲ
အိပ်ယာဝင်လိုက်ရတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။
ဘာလို့လဲဆိုတော့ မနက်အိပ်ယာနိုးလာရင် ဒေါသတွေလည်း လျော့ကျနေတဲ့အပြင် ညက
ငါတို့ဘာလို့ဒီလောက်ထိ ဖြစ်ကြရသလဲလို့တောင် ပြန်တွေးမိချင်
တွေးမိနေတော့မှာပါ။
၅။ချစ်သူနှစ်ဦးကြား ဘာလျှို့ဝှက်ချက်မှ မထားနဲ့ဆိုတာမျိုး။
ဖောက်ပြန်ပြီး
လျှို့ဝှက်ထားတာမျိုးလည်း မဟုတ်၊ ဘာမှမဟုတ်တဲ့
အရေးမပါတဲ့အကြောင်းအရာတိုင်းကိုတော့ သူ့ကို ပြန်ပြောပြနေဖို့ မလိုပါဘူး။
ဥပမာ ကိုယ့်အမေက "ဟဲ့ နင့်ကောင်လေး စီးတဲ့ဖိနပ်ကလည်း ကြည့်ရဆိုးလိုက်တာ
















စာရေးသူငယ်စဉ်က ပြေးလွှားဆော့ကစားရင်း မိမိ
အိမ်နီးချင်းအိမ်မှ မွေးထားသော ခွေးတစ်ကောင်က မျက်စိနောက်ပြီးလိုက်ကိုက်ရာ
ခြေသလုံး တွင် သွေးများယိုစီးကျပြီး အပေါက် ငယ်နှစ်ပေါက်ဖြစ် သွားပါသည်။
အိမ်ရှင် အဒေါ်ကြီးက အငို တိတ်အောင်ချော့မော့ပြီး ခွေးကိုက်နာ ကိုရေဖြင့်
လောင်း ပြီး သေချာဆေးကြောပေးပါသည်။ ထို့နောက် သူ့အိမ်မီးဖိုချောင်မှ
ကြက်သွန်နီဥကြီး တစ်ဥကိုယူ၍ ဓားဖြင့်ပြားအောင် ရိုက်ပြီး ခွေးကိုက်
သည့်အပေါက် အစွယ်ရာပေါ်တွင်ဖိအုပ်ပြီး ပုဆိုးဟောင်းတစ်ထည်ကို ဆုတ်ဖြဲပြီး
ပတ်တီး စည်းပေးပါသည်။ စည်းထားသောနေရာမှ တစစ်စစ် ကိုက်နေပြီး တစ်နာရီခန့်
ကြာသောအခါ သက်သာ သွား ပါသည်။ နောက် တစ်နာရီခန့်ကြာသောအခါ ပတ်တီးကို
ဖြည်ပေးသည်။ ကြက်သွန်နီဥမှာ သွေး များနှင့်အဆိပ်များကို စုပ်ယူသွားပြီး
မဲနက်သွားသည် ကို ကိုယ်တွေ့ တွေ့ရဖူးပါသည်။ ပြီးမှ အနာ ကို ဆေးဝါရည်
အနာကျက်ဆေးကို ပေးပါသည်။ ခွေးမှာလည်း အိမ်မွေးခွေး ဖြစ် သဖြင့်
စိတ်ချရပါသည်။ အနာလည်းမရင်းဘဲ နောက်နှစ်ရက်တွင် ပျောက်ကင်းသွားပါသည်။
ကြက်သွန်နီ၏ အစွမ်းကို ငယ်စဉ်က ကြုံရခြင်းဖြစ်ပါသည်။ ကြက်သွန်နီသည်
အိမ်ရှင်မများ ဟင်းချက်ရာတွင် နေ့စဉ်မပါမပြီး၊ မရှိမဖြစ်သော
မီးဖိုချောင်သုံး အမယ်တစ်မျိုးဖြစ်သည်။ အာဟာရအနေ နှင့်လည်း
ရေငွေ့ဓာတ်နှင့်ကစီဓာတ်များစွာပါဝင်သည်။ ဆီးရွှင် စေသော ဓာတ်လည်း ပါဝင်သည်။
အသားဟင်းများချက်လျှင်လည်း ကြက်သွန်နီဥ ထည့်ချက်လျှင်လည်း
လျင်မြန်စွာနူးစေနိုင်သည်။ မကောင်းသောအနံ့ အသက်များကိုလည်း
စုပ်ယူနိုင်စွမ်းရှိသည်။






