♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2024

မန်စီးတီးအသင်းကို အရေးမယူသည့်အပေါ် ပရိသတ်များလှောင်ပြောင်

 

မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးမယူတဲ့အပေါ် ပရိသတ်တွေက လှောင်ပြောင်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ အသင်းငယ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေကိုတော့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်လို့ ဆိုပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဗာတန်အသင်းကို ၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပြီး နောက်ထပ် အမှတ်လျှော့ပြစ်ဒဏ် ထပ်ချဖို့ ရှိနေတာပါ။

ပြိုင်ဘက်အသင်းပရိသတ်တွေကတော့ အသင်းငယ်တွေကို အရေးယူပြီး မန်စီးတီးကို အရေးမယူတဲ့အပေါ် ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်ခဲ့ကြတာပါ။

မန်စီးတီးအသင်းကိုသာအမှန်တကယ်အရေးယူမယ်ဆိုရင် အင်္ဂလန်အောက်ဆုံးတန်းက လိဂ်အထိ  တန်းဆင်းသွား ရနိုင်ပေမဲ့ ကင်းလွတ်ခွင့်ရရှိနေကြောင်း ပရိသတ်တစ်ဦးက ဝေဖန်ပါတယ်။

တခြားပရိတ်သတ်တယောက်ကတော့ မန်စီးတီးဟာလည်း ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက် ချိုးဖောက်တယ်လို့ ဆိုထားပေမဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်တို့အပေါ် အရေးယူသလိုမျိုး တူညီတဲ့ လုပ်ဆောင်မှုမရှိကြောင်း ပြောပါတယ်။ 

မန်စီးတီးအပြင် ချဲလ်ဆီးအသင်းရဲ့ ငွေကြေးသုံးစွဲခဲ့မှုအပေါ် အရေးမယူခဲ့တာကိုလည်း ပရိသတ်တွေက ဝေဖန်ထောက်ပြခဲ့ ကြပါတယ်။

Photo-Reuters

January 14, 2024

ဇန်နဝါရီလကုန်အထိ ဟာလန်း ကစားနိုင်မည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု

 

ဟာလန်းဟာခြေချောင်းရိုးဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ နောက်ဆုံး ၈ ပွဲ ကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။

ခြေချောင်းဒဏ်ရာက မျှော်လင့်ထားတာထက် ပိုမိုရှုပ်ထွေးနေတာကြောင့် လက်ရှိအချိန်အထိ အပြည့်အဝ လေ့ကျင့်ခန်းမဆင်းနိုင်သေးလို့ အခုတစ်ပတ်ပွဲစဉ်တွေကိုလည်း လွဲချော်မှာပါ။

ဆရာဝန်ကလည်း တစ်ပတ်အနားယူဖို့လိုအပ်ကြောင်း အသိပေးထားလို့ ပွဲကစားနိုင်မှာ မဟုတ်ဘဲ ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်ရောက်မှ ပြန်လည်လေ့ကျင့်နိုင်မယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။ အဲဒီပွဲအပြီး ၂ ပတ်အနားရမယ့် မန်စီးတီးအသင်းဟာ  ယူအေအီးနိုင်ငံ ဒူဘိုင်းကို သွားရောက် လေ့ကျင့်မှာ ဖြစ်ပါတယ်။ 

Photo-Reuters

Crd.......

နိုင်ပွဲရယူရန် ဒီဘရိုင်းလို ကစားသမားလိုအပ်ဟု နည်းပြဂွါဒီယိုလာ ချီးကျူး

 

နိုင်ပွဲရယူဖို့ ဒီဘရိုင်းလို ကစားသမားလိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ဒီဘရိုင်းက ၆၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးသွင်းခဲ့သလို အနိုင်ဂိုးအတွက်လည်း ဖန်တီးပေးခဲ့တာပါ။

ဒီဘရိုင်းဟာ ဒဏ်ရာကနေ ၅ လလောက် အနားယူခဲ့ရပြီးနောက် ဒုတိယမြောက် ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ပြန်ရခဲ့တာပါ။

ပွဲကို အနိုင်ရဖို့ဆိုရင် ဒီဘရိုင်းနဲ့ ဟာလန်းလို ကစားသမားတွေရှိဖို့ လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

ဒါ့အပြင် ဒီဘရိုင်းနဲ့အတူ ၈ နှစ်ကြာ အတူဖြတ်သန်းလာခဲ့ပြီးနောက်မှာ ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာ အထာသိနေပြီဖြစ်ပြီး ဒီဘရိုင်းက ဂိုးဧရိယာရှေ့မှာ ထူးချွန်စွာ လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း၊ နည်းဗျူဟာအရ လုပ်ဆောင်နိုင်တာမျိုးမဟုတ်ဘဲ ပင်ကိုစွမ်းရည် ထူးချွန်မှုကြောင့် လုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

ဒီဘရိုင်းကတော့  အသင်းကို ကူညီနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိပြီး အဲဒီလို အခိုက်အတန့်တွေကို လွမ်းဆွတ်နေရတာ ကြာပြီဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။

Photo-REUTERS/Scott Heppell

January 10, 2024

ချဲလ်ဆီးနောက်ခံလူ မက်ဆန် ဒေါ့မွန်အသင်းဆီ အငှားစာချုပ်နှင့် ပြောင်းရွှေ့

 

ချဲလ်ဆီးနောက်ခံလူ မက်ဆန်ဟာ ဒေါ့မွန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။

ဟော်လန်လူငယ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန် အလွန်နည်းပါးခဲ့တာကြောင့် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒေါ့မွန်အသင်းဆီ မသွားခင်မှာ မိခင်ကလပ်နဲ့ ၂ နှစ်သက်တမ်းတိုးခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ လန်ဒန်ကလပ်ဆီ ပြန်လာမှာဖြစ်ပါတယ်။

မက်ဆန်ဟာ မနှစ်ကရာသီတုန်းက ဘန်လေအသင်းမှာ အငှားထွက်ကစားစဉ်က တန်းတက် ကစားခွင့်ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်ပြီး ဘန်လေက ပေါင် ၃၁ သန်းခန့်နဲ့ ခေါ်ယူချင်ခဲ့ပေမဲ့ လက်မခံခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်နေ ပါတယ်။

Photo - REUTERS/Tony Obrien

January 8, 2024

တိုက်စစ်မှူး အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရ

 

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

Foot Mercato သတင်းမှာ ဖော်ပြချက်အရ အမ်ဘာပေဟာ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်က ဆွေးနွေးခဲ့ဖူးတဲ့ စာချုပ်သက်တမ်းနဲ့ ခံစားခွင့်အတိုင်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတော့ ရရှိမှာမဟုတ်ကြောင်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။

အမ်ဘာပေဟာ အသင်းနဲ့ ၆ လ သက်တမ်းစာချုပ်သာ ကျန်ရှိတော့တာကြောင့် ဘယ်အသင်းနဲ့မဆို တရားဝင်ဆွေးနွေးခွင့်ရှိပြီး ရီးရဲလ်မက်ဒရစ်က အဲဒီအခွင့်အရေးကို အမိအရ ရယူနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တဖက်မှာတော့ ပီအက်စ်ဂျီအသင်းအနေနဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ခွင့်ပေးမှာ မဟုတ်ဘဲ စာချုပ်ပါအတိုင်း တနှစ်သက်တမ်းတိုးပြီးမှ ရောင်းချဖို့ရှိတယ်လို့ သိရပါတယ်။

Photo-Reuters

ဆောင်းရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးခေါ်ရန် လက်တွေ့မကျဟု အာဆင်နယ်နည်းပြ ပြော

 

ဆောင်းရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးခေါ်ဖို့ လက်တွေ့မကျတဲ့အတွေး ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက အက်ဖ်အေလားပွဲစဉ်မှာ လီဗာပူးကို ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးသွင်းအားနည်းခဲ့တဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တာပါ။

နည်းပြ အာတေတာကတော့ လက်ရှိအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ဆိုတာက လက်တွေ့မကျကြောင်း၊ အသင်းမှာရှိတဲ့ လူစာရင်းကိုပဲ ယုံကြည်မှုပေးပြီး ခြေစွမ်းကောင်းမွန်အောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။

သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တဲ့အပေါ် စိုးရိမ်မိကြောင်း၊ နောက်ထပ် ၁၃ ရက်အထိ အနားရမှာက ပြန်လည်ကုစားနိုင်ဖို့ အချိန်ကောင်းဖြစ်ကြောင်းလည်း အာတေတာက ပြောပါတယ်။

အာဆင်နယ်ဟာ EFL ဖလားကနေလည်း ထွက်ခဲ့ရတာကြောင့် လာမယ့် ဇန်နဝါရီ ၂၀ ရက်မှ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

Photo-Reuters

January 2, 2024

ရာသီမကုန်မီ မန်ယူနည်းပြ ပြောင်းလဲလိမ့်မည်ဟု ဂယ်ရီနဗီးလ် ပြော


 အခုနှစ်ရာသီမကုန်ခင်မှာ မန်ယူအသင်းက နည်းပြအပြောင်းအလဲ လုပ်လိမ့်မယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ပြောသွားပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ညက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ အညံ့ဖျင်းဆုံး အသင်းဖြစ်ကြောင်း နဗီးလ်က စကိုင်းစပေါ့ကနေ ဝေဖန်ပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ ဖိအားတွေအောက်ကို ရောက်ရှိနေပြီး စွမ်းဆောင်ရည်အရလည်း အလွန်အားနည်းခဲ့ကြောင်း၊ မန်ယူအသင်း စီမံခန့်ခွဲမှုအဖွဲ့သစ်အနေနဲ့ ရာသီမကုန်ခင်မှာ နည်းပြအပြောင်းအလဲ လုပ်မယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း နဗီးလ်က ပြောပါတယ်။

စီမံခန့်ခွဲမှုအသစ်အဖွဲ့ လက်ထက်မှာ လက်ရှိအချိန်အထိ အားကစားဒါရိုက်တာ၊ စီအီးအိုနဲ့ ကစားသမား အပြောင်းအရွှေ့ အကြီးအကဲ ရာထူးတွ မရှိသေးတာကိုလည်း နဗီးလ်က ဝေဖန်သွားပါတယ်။

Photo-Reuters

Subscribe

လာလည္သူမ်ား

free counters