♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 13, 2016

" ချစ်သူများနေ့မှာ ကိုယ့်ကောင်မလေး ဆိတ်ကို နှိုးထအောင်ဘယ်လိုလုပ်ရမလဲဆိုတာ "

 
ချစ်သူများနေ့မှာ ကိုယ့်ကောင်မလေး ဆိတ်ကို နှိုးထအောင်ဘယ်လိုလုပ်ရမလဲဆိုတာ တချို့သော ကိုကိုတွေက မသိကြပါ
ဘူး...တကယ်တော့ ဒါတွေက တကယ်အရေးကြီးတယ်နော်.... ကိုယ့်ကောင်မလေး အကြိုက်ကို လိုက်ပေးရမှာက အရေးအကြီးဆုံးပဲ..
ကောင်မလေးတေက ကိုယ့်ကောင်လေးတေကို သူတို့ရဲ့ ဆိတ်ကို နှိုးစေချင်ပါတယ်။ နှိုးရင်လဲ ငြင်ငြင်သာသာလေးနှိုးစေချင်ကြ
တယ်....ကောင်လေးတေက ဖြစ်ကတတ်ဆန်း နှိုးချင်ကြတယ်... တခါတလေ အရမ်းဘဒမ်း နှိုးပစ်ကြတတ်တော့ ကောင်မလေး
တေကမကြိုက်ဖူး တော်တော်ဆိုးတဲ့ လူဆိုပြီး ကောင်လေးတွေနှင့် ကွိုင်တက်တော့တာပဲ....တကယ်တော့လည်း ဟုတ်တယ်
လေ... ဘယ်သူကြိုက်မှာလဲ..အဲ့လိုမျိုးကြီးကို...ဘယ်ကောင်မလေးမဆို ငြင်သာတါ နူးညံ့တါ ဆိတ်သဘောထားရှေတာကို
ဘဲ နှစ်သက်ကြတာ... အဲ့ဒါကြောင့် ဒီနေ့ ကိုယ့်ကောင်မလေးက သူ့ဆိတ်ကိုနှိုးခိုင်းရင် ဘာတွေ ဘာတွေလုပ်ရမယ်ဆိုတာ
မှတ်ထားကြနော်.....
၁/ ဖဲစည်းကြိုးလေး ပန်းရောင်လေး ဝယ်ထား
၂/ ကုလားပဲ တစ်ဆုပ်စာကို ညမှာ ရေစိမ်ထား ဘာလို့လဲဆိုတော့ ကုလားပဲက သဘာဝရနံ့လေးရှိတယ် ဗီတာမင်တွေများ
    တယ်
၃/ တဘက်တထည်ကို ရှန်ပူ ဆပ်ပြာမွှေးနှင့် ရေနွေးထဲ ထည့်စိမ်ထား.....  မနက်ဝေလီဝေလင်း ရောက်ရင် ကိုယ့်ချစ်သူ

" ကိုင်း...ကြည့်စမ်း...မမှတ်မိလို့တဲ့ဟယ်... ဟွန့်..မုန်းဖို့ကောင်းတယ်..ဂယ်ဘဲ "

 
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဟာ နှလုံးရောဂါထဖောက်တာ ကြောင့် ဆေးရုံရောက်သွားပါတယ်။  ခွဲစိတ်ခန်းခု
တင်ပေါ်မှာ သေလုမြောပါး ဖြစ်နေတုန်း နတ်ဘုရားကို တွေ့လိုက်ရ တာကြောင့် "ကျွန်တော်မျိုးမရဲ့အချိန် တွေ ကုန်ခါနီးပြီ
လား"လို့ မေးလိုက်ပါ တယ်။ နတ်ဘုရားက "နောက်ထပ် ၄၃ နှစ်၊ နှစ်လနဲ့ ရှစ်ရက်တောင် အချိန်ကျန်သေး တယ်"လို့
ပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ရောဂါသက်သာလာတဲ့အခါ  အမျိုးသမီးဟာ ဆေးရုံကနေ မဆင်း သေးဘဲ မျက်နှာအရေပြားတင်းရင်း အောင် ပင့်
တင်တာ၊ ခန္ဓာကိုယ်က အဆီ ပိုတွေ စုပ်ထုတ်တာနဲ့ ၀မ်းဗိုက်ချပ်ရပ် အောင် ပြုပြင်တာတွေကိုလုပ်ဖို့ ဆုံးဖြတ် လိုက်ပါ
တော့တယ်။

ပြင်ဆင်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ဆေးရုံကနေ ဆင်းလိုက်ပါတယ်။ အိမ် အပြန်လမ်းမှာလမ်းဖြတ်ကူးနေစဉ်ဆေးရုံကားနဲ့

" ထိုင်ဝမ်ငလျင်ကြားက ခိုင်မြဲတဲ့ ချစ်ခြင်းတရား "

 
လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ထိုင်ဝမ်ငလျင်မှာ ချစ်ခြင်းတရားကတော့ သေဆုံးမသွားခဲ့ပါဘူး။ ဖေဖော်ဝါရီ ၆ ရက်နေ့က
ထိုင်ဝမ်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရသလို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလည်း
ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေရဆဲပါ။

ရှာဖွေရင်းနဲ့ တွေ့ရှိလိုက်ရတဲ့ အလောင်းနှစ်လောင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေမှာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အပျက်အစီးတွေအောက်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားရင်း နောက်ဆုံးအချိန်
ကိုကုန်ဆုံးသွားကြတာဖြစ်ပါတယ်။

ငလျင်ကြောင့် အမိုးပြိုကျလာချိန်မှာ ကောင်လေးဟာ သူ့ရဲ့ချစ်သူကို ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်ပြီး ချစ်ရသူ မထိခိုက်
ရအောင်ကာကွယ်ပေးခဲ့ဟန်တူပါတယ်။ ဘယ်လောက်တောင် တင်းတင်းကျပ်ကျပ် ပွေ့ထားသလဲဆိုရင် အလောင်းနှစ်ခုကို

" အလှအပအတွက် အရေးပေါ်ဖြေရှင်းနည်းအချို့ "

 
အမျိုးသမီးတွေနဲ့ အလှအပဆို တာဟာ ခွဲလို့မရဘူးဆိုပေမယ့် အလှပြင်လေ့ပြင်ထမရှိတဲ့သူတွေ ပြင်ဆင်ထားတုန်း အရေးပေါ် ပြဿနာလေးတွေ ပေါ်လာတဲ့အ ခါ ဖြေရှင်းနိုင်ဖို့အတွက် နည်း လမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

မျက်တောင်တုကို ကော့ ဆေးတင်ရင်း ပေကျံတာမျိုးကြုံ ရင်တော့ အခြားပစ္စည်းတွေလိုက် ရှာနေတာထက် လိပ်စာကဒ်
ပြား လေးသာသုံးလိုက်ပါ။ လိပ်စာ ကတ်ပြား ထောင့်စွန်းလေးနဲ့ မျက်တောင်တုကို နည်းနည်းတွန်းတင် ပြီး ညှိလိုက်ရင် မျက်ကော့ဆေး တွေ မပေကျံအောင် ထိန်းထားပြီး သား ဖြစ်စေပါတယ်။

နှုတ်ခမ်းသားတွေခြောက်ပြီး အရေခွံကွာနေရင် နှုတ်ခမ်းနီဆိုး တဲ့အခါ မလှမပဖြစ်နိုင်တာမို့ သွားပွတ်တံကို ရေဆွတ်၊
 နှုတ်ခမ်းသား ပေါ်ကိုလည်း အုန်းဆီလေးဆွတ် ပြီး သွားပွတ်တံလေးနဲ့ ညင်သာ သာပွတ်ပေးပြီး ရေနွေးနွေးလေးနဲ့
နှုတ်ခမ်းကိုဆေးကြောပါ။ နှုတ် ခမ်းအဆီလေးဆိုးပြီးမှ နှုတ်ခမ်းနီ ထပ်ဆိုးရင် နှုတ်ခမ်းသားလှလှ လေးဖြစ်စေမှာပါ။

အိုင်းရှဲဒိုး ဘယ်အရောင်ပဲ သုံးသုံး တောက်တောက်ပြောင် ပြောင်လေးဖြစ်နေအောင် အဖြူ ရောင်အိုင်းလိုင်နာက ကူညီနိုင် တယ်ဆိုတာ သိထားလိုက်ပါ။ ဆံ သားတွေ ဆီလိမ်းထားသလို ညစ် ထေးထေးဖြစ်နေချိန်မှာ ခေါင်း လျှော်ဖို့ အချိန်မရှိဘူး
ဆိုရင် ဘေ ဘီပေါင်ဒါသုံးလိုက်ပါ။ လက်ဖဝါးထဲကို ပေါင်ဒါထည့်ပြီး ဦးရေပြား ပေါ်ကို လက်ချောင်းထိပ်လေး တွေနဲ့ လိုက်ပွတ်တဲ့အခါ ပေါင်ဒါ ဟာ အဆီစုပ်ယူနိုင်စွမ်းရှိတာမို့ အရေးပေါ်အခြေအနေကို ကောင်းကောင်းဖြေရှင်းနိုင်မှာပါ။

မျက်တောင်လေးတွေ အ ချိန်အကြာကြီး ကော့နေစေဖို့အ တွက်ဆိုရင် မျက်တောင့်ကော့တဲ့ ပစ္စည်းလေးကို နွေးသွားရုံ
လေး လေမှုန့်စက်လေးနဲ့ ရှစ်စက္ကန့် လောက်အပူပေးပြီးမှ မျက်တောင်ကော့ကြည့်လိုက်ပါ။

မျက်တောင်ကော့ဆေးတွေ ခြောက်နေခဲ့ရင် မျက်ကပ်မှန်ဆေး ရည်လေးထည့်ပြီး သုံးကြည့်လို့ရ ပါတယ်။ အိုင်းလိုင်
နာဆွဲတဲ့အခါ မှာ လက်မငြိမ်ဘဲ ပေကျံမှာစိုးရိမ် နေရင် ဇွန်းလေးတစ်ချောင်းယူပြီး လိုင်းဖော်ရင် သေချာပေါက်အ ဆင်ပြေမှာပါ။

မျက်လုံးအောက်တွေ ဖောင်းနေပြီး ကြည့်လို့မကောင်း ဖြစ်ရင်တော့ သောက်ပြီးသား လက်ဖက်ခြောက်အိတ်လေးကို

" ငါးစားသုံးမှုများခြင်းက အသက်ရှည်စေနိုင် "

 
အသက်ကြီး သူတွေမှာ ၅နဲ့ ပင်လယ်စာများများ စားသူတွေဟာ အဲ့ဒီအစားအစာတွေကို အစားနည်း သူတွေထက် အသက်ပိုရှည်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ငါးမှ ရ ရှိတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် အဆင့် မြင့်မားစွာ ရရှိသူတွေဟာ အိုမီဂါ-၃ အ ဆင့် နည်းစွာ ရရှိသူတွေထက် အကြောင်း ကြောင်းကြောင့် သေဆုံးနိုင်ခြေ ၂၇ ရာ ခိုင်နှုန်းနဲ့ နှလုံးရောဂါကြောင့် သေဆုံး နိုင်ခြေ ၃၅ ရာခိုင်နှုန်း လျော့နည်းတယ် လို့ တွေ့ရှိထားပါတယ်။

အမေရိကန်မှ သုတေသီတွေက အသက် ၆၅ နှစ်ကျော် သူတွေကို ၁၆ နှစ်ကြာ လေ့လာမှုပြုလုပ် ခဲ့ပါတယ်။ ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာ၊ ငါးသလောက်နဲ့ ငါးကွမ်းရှပ်လိုမျိုး ငါးတွေမှာပါဝင်တတ်တဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေ သွေးထဲမှာ မြင့်မားစွာ ရှိသူတွေဟာ သွေးထဲမှာ အဆင့်နည်းစွာ ရှိသူတွေထက် ပျမ်းမျှအားဖြင့် ၂ ဒသမ ၂နှစ် အသက်ပိုရှည် တယ်လို့ ဆိုပါတယ်။

အိုမီဂါ- ၃ ထဲမှာပါဝင်တဲ့ DHA ဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံး နိုင်ခြေ နည်းပါးတာနဲ့ သိသိသာသာ ဆက်စပ်မှုရှိပြီး EPA ဟာ နှလုံးတိုက်ခိုက် ခံရတာကြောင့် သေဆုံးနိုင်ခြေ နည်းပါး တာနဲ့ ဆက်စပ်မှုရှိကာ DPA

" မကောင်းတဲ့ အတွေးတွေ ပျောက်လိုလျှင် လက်မောင်းကိုပွတ်ပါ "

 
စိတ်လှုပ်ရှားနေခြင်း၊ အတိတ်က အကြောင်းအရာများကို မေ့လို့မရဘဲ ဖြစ်နေခြင်းတို့ ရှိနေပါက လက်မောင်းများကို ပွတ်ပေးခြင်းဖြင့် စိတ်ဒဏ်ရာမှ သက်သာရာ ရစေကြောင်း လေ့လာမှုတစ်ခု အရ သိရသည်။
          ယင်းကဲ့သို့ လက်မောင်း ပွတ်ခြင်းကြောင့် ဦးနှောက်တွင်းရှိ ခံစားချက်များ တည်ငြိမ်မှုနှင့် ဆိုင်သော ဓာတုပစ္စည်း ဆီရိုတိုနင် ဓာတ်များစွာ ထွက်လာကာ ဖြစ်ရပ်တစ်ခုနှင့် ပတ်သက်သော မှတ်သားထားမှုနှင့် ယင်းဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာသော မကောင်းသော ခံစားချက်များကြား ဆက်စပ်မှုကို  ဖြတ်တောက် ပေးတတ်သည်။
          လန်ဒန် တက္ကသိုလ် ကင်းစ်ကောလိပ်မှ  သုတေသန ပညာရှင်များနှင့် အပြုအမူ စိတ်ပညာရှင် ဖြစ်သလို စိတ်ညှို့ပညာရှင်လည်း ဖြစ်သည့် ပေါမက်ကင်နာ ပါဝင်သော အဖွဲ့သည် အလုပ်ကြောင့် စိတ်ဖိစီး၊ စိတ်ကျနေသည့် အမျိုးသားနှင့် အမျိုးသမီး(၂၇) ဦး တို့ကို လေ့လာခဲ့သည်။
          အလေ့လာခံများအား စိတ်ညစ်စရာများကို တွေးစေပြီး တစ်ချိန်တည်းမှာပင် လက်မောင်းများကို ပွတ်သပ်စေခဲ့သည်။ ထို့ပြင် စိတ်ပြေရာ ပြေကြောင်း ဖြစ်စေမည့် လမ်းလျှောက်ခြင်း၊ ဟက်ပီးဘာ့သ်ဒေး သီချင်းတို့ကို ဆိုခြင်းတို့ကို ပြုလုပ်စေခဲ့သည်။
          အလေ့လာခံများအား တစ်ပတ်ကြာ စောင့်ကြည့်မှုများ ပြုလုပ်ပြီး နောက်စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးအခြေ

February 12, 2016

" ရယ်စရာလေးတွေ... ပြောင်ချက်ကတော့ အံ့ပါ့..."


မူရင်း ယူတျူဗ်လင့်က...
https://youtu.be/LltXxRvwlas

" ဖန်ခွက်ဖြင့် ပစ်ထားခဲ့တဲ့ ရေကို လုံးဝ ပြန်မသောက်သင့် "

 
လူအများစုဟာ ညရေဆာလို့ ထသောက်ဖို့ ဖြစ်လာခဲ့ရင် အိပ်ယာမဝင်ခင် ရေတစ်ခွက် အိပ်ယာဘေး စားပွဲပေါ်ထားကြပါ
တယ်။ ဒီလိုလုပ်ဖူးသူတိုင်း မနက်မှာ ရေရဲ့ အရသာ တစ်မျိုးဖြစ်နေတာ သိကြပါလိမ့်မယ်။

အစားအသောက်နဲ့ မတူတာက သာမန်ရေမှာ သာမန်မျက်စိဖြင့်မမြင်နိုင်တဲ့ ပိုးမွှားတွေ ရှင်သန်တဲ့ သကြား သို့မဟုတ် ပရို
တိန်းဓာတ်တွေ မပါဝင်ပါဘူး။ ဒါ့ကြောင့် အရသာတမျိုးဖြစ်စေတာ ပိုးမွှားတွေ မဟုတ်ဘူးလို့ ပြောမရနိုင်ပါဘူး။တစ်နည်း
အားဖြင့် ဖန်ခွက်ထားခဲ့တဲ့ရေမှာ ဖုန်မုန့်များနဲ့ လေထုထဲ ပေါက်ဖွားတဲ့ ဘက်တီးရီးယားပိုးများ ရောက်သွားဖို့ ပိုမိုလွယ်ကူ
ပါတယ်။

ရေဟာ လေထုနဲ့ ထိတွေ့တဲ့အခါ ကာဗွန်းနစ် အက်ဆစ်အဖြစ်ပြောင်းလဲသွားသော အစိတ်အပိုင်းသေးသေးလေလေးတစ်
ခုဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပါတယ်။ တစ်နည်းပြောရင် လေနဲ့ထိတွေ့တဲ့ ရေဟာ သူရဲ့ ဇီဝဖွဲ့စည်းမှုပြောင်း
လဲသွား လေ့ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပိုမိုအသေးစိတ်ဆိုရရင် ကာဗွန်အက်ဆစ်က ပရိုတွန် တစ်လုံး သို့မဟုတ် နှစ်လုံး

" ဆတ်သားခြောက် အစစ်မဟုတ်တဲ့ ပလတ်စတစ် ဆတ်သားခြောက်ကို သတိသာ ထားကြပေတော့..."

 
Fri အားလုံးပဲ ကျော်ဆတ်သားခြောက်ကြိုက်တယ် ၁ ထုပ်ကို ၅၈၀၀ ရှိတယ် ၂ရက်တစ်ထုပ် ပုံမှန်စားဖြစ်တယ် ဒီနေ့သတိ
ထားမိလို့ မဝါးပဲ အပေါ်အောက်သွားနဲ့ ခြစ်ကြည့်တာ ဆက်သားအစစ်မဟုတ်ဘူး ပလက်စတစ် စတေ တွေကြည့်ပဲ အပေါ်ရံ ဓာတုဗေဒ နဲ့လုပ်ထားတဲ့ ဆေးတေကြည့်ပဲ ပြန် share ပါ သံတောင်ဆတ်သားခြောက် ထုတ်တဲ့ စက်ရဲုစောက်ပဲ့တေ
 နွားတေ စားသုံးသူတေ ဘယ်လောက်တောင် ဒုက္ခppလဲမသိဘူး တောက် စောက်ပဲ့တေ တစ်ဗို့တည်းနွားတေ

" Valentine’s Day မြန်မာနိုင်ငံမှာ ဘာကြောင့် ရေပန်းစားနေသလဲ "



နယူးရီးယားပြီးလို့ တပတ်လောက်နေတာနဲ့ လူမှုကွန်ရက်အွန်လိုင်းပေါ်မှာ တာစူနေကြတာကတော့ ဖေဖော်ဝါရီလ ၁၄ ရက်မှာကျရောက်မယ့် ချစ်သူများနေ့ပွဲတော်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်များကလည်း အချိန်ကိုက်လှုံ့ဆော်လာကြသလို လူငယ်အများစုကလည်း ကြိုတင် တက်ကြွစိုင်းပြင်းနေကြတာ တွေ့မြင်နေရပါတယ်။
ကျွန်တော်တို့နိုင်ငံကို ချစ်သူများနေ့ဆိုပြီး စတင်ရောက်ရှိလာတာ ၁၉၉၆-၉၇ လောက်ကလို့ ထင်မှတ်ပါတယ်။ ချစ်သူများနေ့ဆိုပြီး တေးစီးရီးတွေစတင်ထုတ်လုပ်ဖြန့်ချိရာကနေ သီချင်းခွေများပေါက်ပြီး လူငယ်ထုကြား ပိုမို သိရှိရေပန်းစားလာခဲ့တယ်လို့ ပြောလို့ရပါတယ်။ အရင်က အနောက်တိုင်းနိုင်ငံတွေမှာသာ ခေတ်စားခဲ့တဲ့ ချစ်သူများနေ့ဟာ စီးပွားရေးသမားတွေရဲ့ လှုံ့ဆော်ဖန်တီးမှုကနေ အာရှကို ကူးစက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံထိ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဒီချစ်သူများနေ့ ကျင်းပတာနဲ့ပတ်သက်ပြီး မပြောခင် ချစ်သူများနေ့ပေါ်ပေါက်လာပုံလေးကို ပြောပြချင်ပါတယ်။ အမှန်အတိုင်းပြောရရင် ယနေ့ထိ ကျွန်တော်တို့နိုင်ငံကလူငယ်တွေဟာ ချစ်သူများနေ့ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာသိတဲ့သူ အင်မတန်နည်းမယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ဆရာအတ္တကျော်ရေးထားတဲ့ ဆောင်းပါးထဲမှ ဗယ်လင်တိုင်းဒေး ပေါ်ပေါက်လာပုံလေးကို ယနေ့လူ ငယ်များသိအောင် အကျဉ်းချုပ် အရင်ပြောပြချင်ပါတယ်။
ခရစ်ယာန်အာဇာနည်တွေထဲမှာ ဗယ်လင်ထိုင်းဆိုတဲ့ နာမည်နဲ့သူတွေမရေမတွက်နိုင်အောင် များပြားလှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗယ်လင်ထိုင်းဘွဲ့ခံသူတော်စင်တပါးအကြောင်းကတော့ ဒီလိုပါ။ စစ်တပ်ကို ချဲ့ထွင်ချင်တာမို့ အရွယ်ရောက်သူအမျိုးသားတွေကို အိမ်ထောင်ပြုခွင့်ပိတ်ပင်ထားတဲ့ ရောမဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့ အမိန့်ကိုဖီဆန်ပြီး လူငယ်လေးတွေကို လျှို့ဝှက်လက်ထပ်ပေးခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချ ကွပ်မျက်လိုက်ပါတော့တယ်။ ဒါက သိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇ၀င်ပါ။

သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင်ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီးဗယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ်တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်က အထင်ကြီးသွားပြီး Paganism လို့ ခရစ်ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရ၀ါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်းသာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီးဗယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာ သူ့ကိုဘုရင်က ကွပ်မျက်လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ်နေတာကို သူ့တန်ခိုးနဲ့ စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။
အဲဒါကိုပဲ သမိုင်းအခြေခံတစက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါဒဖြန့်လိုက်တဲ့အခါ ဇာတ်ကနည်းနည်းပိုနာသွားတယ်။ အဲဒီ့ဘုန်းကြီး ဗယ်လင်ထိုင်းကိုမကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့မိန်းကလေးလို့လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင် ကုပေးခဲ့တဲ့ ထောင်မှူးရဲ့သမီးလေးလို့လည်းဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ . . . အဲဒီ့မိန်းကလေးတွေဆီကို ကမ္ဘာ့ပထမဆုံး ဗယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့ တာဖြစ်သွားတယ်။ သေခါနီးမှာတမ်းစာလေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင်းရဲ့ဗယ်လင်ထိုင်းထံမှ အင်္ဂလိပ်လိုတော့ From Your Valentine ပေါ့၊ အဲလိုလေးရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှမရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတာပါ။

ကဲ ဒါပါပဲ။ ဗယ်လင်တိုင်းဒေး ပေါ်ပေါက်လာပုံကိုကြည့်ရင် ဘာသမိုင်းအထောက်အထားမှမရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတယ်ဆိုတာ ထင်ရှားနေပါတယ်။ ပထမပိုင်းကတော့ ကဗျာလေးတွေရေးပို့တာတို့၊ ပို့စ်ကတ်လေးတွေ အချင်းချင်း

" ဖေ့စ်ဘွတ်ခ်နဲ့ အွန်လိုင်းမှာ အဆင်ပြေပြီး အပြင်မှာ ဒိတ်လုပ်တော့မယ်ဆိုရင် ဒီလိုလူမျိုးတွေ ရှောင်သင့် "

 
အပြင်မှာ ခင်မင်ပြီး တစ်ဆင့်တက်ကာ ဒိတ်လုပ်တာမျိုး မဟုတ်ပဲ၊ အွန်လိုင်းမှာ ခင်မင်ပြီး သံယောဇဉ်ကြိုး ချည်နှောင်သွား
မိတယ်ဆိုပါစို့။ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်က သတိကြီးကြီးထားရမယ့် အနေအထားလေးတွေ ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ အယုံလွယ်ပြီး ပုံလိုက်တာမျိုး မဖြစ်ရလေအောင် စတွဲတော့မယ်ဆိုတာနဲ့ သူ့အခြေအနေတွေကို ကြိုတင်သုံးသပ်နိုင်ဖို့ သိသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့ရဲ့ ဆိုရှက်နက်ဝက်ခ်က ပရိုဖိုင်းဟာ အထူးကို သီးသန့်ဆန်လွန်းနေတယ်ဆိုရင်

လူတွေနဲ့ မပတ်သက်ချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းမှာ သူငယ်ချင်းနည်းမယ်၊ လှုပ်ရှားမှုအခြေအနေတွေ ကြည့်ရင်လည်း ဘာဆိုဘာမှ မရှိဘူး။ ကိုယ်နဲ့အီစကလီလုပ်ဖို့ သက်သက်ဖွင့်ထားတဲ့ အကောင့်တစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို ကိုယ်က သတိထား ကြည့်ရင် သိပါ့လိမ့်မယ်။

၂။ ဖုန်းကနေ အချိန်မမှန် message တွေပို့နေတယ်ဆိုရင်

ကိုယ်က သူ့ကို message ပို့လိုက်တဲ့အခါ သူက ချက်ချင်းဆိုသလို အကြောင်းပြန်တယ်။ ပြန်ပို့တယ်။ ကိုယ်ထင်တာတော့ အခြေအနေကောင်းပြီပေါ့။ ဒါပေမယ့် အဲ့ဒါလေး ပို့ပြီးကတည်းက နောက်ထပ် ၁၂ နာရီလောက် ဘာဆိုဘာမှ သူ့ဆီက မကြားရ၊ စာတိုလက်ခံရရှိတာမျိုး မရှိတော့ဘူး။ အဲ့ဒီနောက် မနက် ၄နာရီလောက်ကြီး ဒီကြားထဲ ဘာမှမဖြစ်သလို စာတိုတွေ ကိုယ့်ဆီကို ပို့ပြန်ရော။ ဒါ မထူးဆန်းဘူးလား။ သူက လင်းနို့လူသားလည်း မဟုတ်ဘူးနော်။ စဉ်းစားဖို့ လိုလာပြီပေါ့။

၃။ သူပို့တဲ့စာတိုလေးတွေက ကိုယ်နဲ့မဆိုင်သလို ထင်နေမိတယ်ဆိုရင်

တစ်ခါတစ်လေ ကိုယ့်စိတ်ထဲက ဖြစ်ပေါ်လာတဲ့ အရာတွေဟာ ယုံကြည်သင့်တဲ့အရာတွေပေါ့။ သူက မင်းအကြောင်း စဉ်းစားနေတာ၊ မင်းကို လွမ်းလိုက်တာ ဆိုတာမျိုး ဘာမှအတိအကျ မပါတဲ့ စာသာမျိုး ပို့တာဆိုရင် ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ဆီကိုလည်း ဒါတွေပဲ ပို့နိုင်တယ်လို့ တွေးပါ။ သင့်အကြောင့် ပိုထိမိတဲ့အရာမျိုး ပို့တယ်ဆိုမှသာ စိတ်ချချင်စရာကောင်းတာပါ။

၎။ ကိုယ်က သူ့ message ကို အကြောင်းမပြန်မချင်း ဆက်တိုက်စာတိုတွေ ပို့နေတတ်တယ်ဆိုရင်

လူတစ်ယောက်ကိုလေ့လာတဲ့အခါ သူ့ရဲ့စိတ်ဓာတ်ကို သူ့လုပ်ပုံကိုင်ပုံ၊ ပြောဆိုပုံနဲ့ အပြုအမူကတစ်ဆင့် သိနိုင်ပါတယ်။
 သူက ကိုယ့်ဆီကို message ငါးစောင်လောက်ပို့တဲ့အထိ အကြောင်းမပြန်မိသေးတာကို ကိုယ့်ဆီမရောက်ဘူး အထင်နဲ့ နောက်ထပ် ကိုးစောင်လောက်ထပ်ပို့လာတဲ့ သူ့ရဲ့စိတ်ဟာ ဇွတ်အတင်းလုပ်တတ်တဲ့သူမျိုး ဖြစ်နေလို့ပါ။

၅။ ကိုယ်ရေးကိုယ်တာမေးခွန်းမျိုးတွေကို ဟိုရှောင်ဒီရှောင်ဖြေတတ်သူဆိုရင်

သူက ကိုယ်ဘာမေးလိုက်မေးလိုက်၊ လျှောချသွားတာများတယ်။ တိတိကျကျ ဘာအဖြေမှ ထွက်မလာပဲ ကိုယ့်အကြောင်းတွေ

" အိမ်ထောင်ရေးမှာ အလိမ်အညာ ဇာတ်လမ်းကလည်း ကာကွယ်ပြီးသားလည်းဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း ဆွဲဆောင်မှု ဆက်ရှိနေစေဖို့ "


အိမ်ထောင်ပြုပြီးသွားချိန်မှာ ကလေးကတစ်ဖက်၊ အိမ်မှုကိစ္စကတစ်ဖက်၊ အလုပ်ကတစ်ဖက်နဲ့ မအားမလပ်ဖြစ်လာရ
တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အရင်လို အချိန်မပေးနိုင်ကြတော့သလို ဘ၀ရပ်တည်မှု အပိုင်းကိုသာ ပိုမိုပြည့်စုံအောင် အားထုတ်လာတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ နည်းတစ်ခု၊ အထင်တစ်ရပ်ပါ။ သင်ဟာ အိမ်ထောင်ပြုပြီးသွားတဲ့အခါ သင့်အိမ်ထောင်ဖက်ကိုလည်း အချိန်ပေးကို ပေးရပါလိမ့်မယ်။ ဒီလောက်ရှုပ်ယှက်ခတ်နေတာ ဘယ်လိုများ အချိန်ပေးရမလဲရယ်လို့ သင်ပြန်မေးမယ်ဆိုရင် သင့်ကို အချက် (၆) ချက်ပဲ ပြောပြပေးပါမယ်။ ဒီအချက်လေးတွေဟာ အိမ်ထောင်ရေးကို တည်မြဲစေမှာ ဖြစ်သလို သင်တို့နှစ်ဦးအတွက်လည်း သာယာပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်ပါတယ်။

၁။ နှစ်ဦးသား အချိန်ပိုရစေဖို့ ကလေးတွေကို ညဘက် စောစောသိပ် ၊ အိပ်ယာဝင်ခိုင်းပါ။

အိမ်မှာ ညနေစာကို လက်ဆုံစားပြီးတာနဲ့ ကလေးတွေကို အချိန်ခဏသာ ခြားပြီး အိပ်ခိုင်းပါ။ ဖြစ်နိုင်ရင် ၈နာရီခွဲဝန်းကျင်လောက် ကလေးကို အိမ်ယာဝင်တတ်တဲ့ အကျင့်လုပ်ပေးပါ။ ကလေးတွေ အိပ်သွားပြီဆိုရင်တော့ သင်တို့နှစ်ဦးအတွက် မျက်နှာချင်းဆိုင် စကားကောင်းကောင်းပြောဖို့ အချိန်ရောက်ပါပြီ။

၂။ ကလေးထိန်းငှားပါ။

ကလေးကို လက်ကမချ၊ သင်ချည်းပဲ တစ်ချိန်လုံးထိန်းနေဖို့ ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကြာရင် သင့်အိမ်ထောင်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီတော့ ကလေးထိန်းအတွက် ပိုက်ဆံမတတ်နိုင်ဘူးဆိုရင်တောင် သင့်အနေနဲ့ အဒေါ်၊ အမေ၊ ၊ အစ်မစတဲ့သူတွေကို ကလေးထိန်းအတွက် ကူညီပေးဖို့ ပြောကြည့်ပါ။

၃။ အိမ်ထောင်ဖက်နဲ့အတူ မနက်ခင်းတိုင်း ဆက်စီကျကျပြုမူကြည့်ပါ။

ကိုယ့်အိမ်ထောင်ဖက်နဲ့ မနက်တိုင်း အတူနေပါလို့ ပြောတာမျိုး မဟုတ်ပါဘူး။ မနက်ခင်းနိုးတာနဲ့ သူ့ပါးလေးကို နမ်းပြီးနှိုးတာမျိုး၊ သူ့ကိုသွားတိုက်ဆေး ပြင်ဆင်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ သူ့နားကပ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပေးတာမျိုးကလည်း အမျိုးသားတွေ ကျေနပ်သွားစေတဲ့ အရာပါပဲ။ အမျိုးသားတွေအနေနဲ့ကတော့ ကိုယ့်အမျိုးသမီးကို နောက်ဖေးချောင်မှာ ကူညီပေးရင် လည်တိုင်လေးကို အနမ်းခြွေတာ၊ နဖူးလေးကို နမ်းလိုက်တာမျိုးတွေ တကယ်ကို အိမ်ထောင်ရေးတည်တံ့စေဖို့ အထောက်အကူပြုတဲ့အရာလေးတွေပါ။ နှစ်ဦးသားအမြဲတမ်း ကြင်ကြင်နာနာရှိပါစေ။

၎။ နှစ်ဦးသား မဆုံဖြစ်ပေမယ့် နေ့အချိန်တွေမှာ အမြဲဆက်သွယ်နေပါ။

တစ်ယောက်ထမင်းစားပြီးပြီလား၊ ခုဘယ်ရောက်နေတယ်ဆိုတာတွေ တစ်ဦးနဲ့တစ်ဦး အမြဲဆက်သွယ်ပြောဆိုတာမျိုးကလည်း တကယ်ကိုကောင်းမွန်တဲ့အကျင့်လေးပါ။

၅။ တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း စကားပြောဖြစ်အောင် ပြောပါ။

ဒီအချက်က လွယ်လွယ်လေးဆိုပေမယ့် ပြီးပြီးရော ပြောတဲ့စကားမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ မိန်းမရေ ငါသွားပြီဟေ့၊ မိန်းမရေ ငါပြန်ရောက်ပြီ၊ အိပ်တော့မယ်ကွာ စတာမျိုးတွေတော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တစ်နေ့ကို

February 11, 2016

" ငယ်ငယ်က အကြိုက်နှစ်ဆုံးသော မြန်မာ့ ရှေးကဗျာလေးများ "

 
ဖိုးတောင်သူ့တဲ
ဂျိုးနှစ်ကောင် ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ
ပင်မြက်နေဇာထူလှ ဖိုးတောင်သူ့တဲ။

ပန်းစကား
မမလေးပန်စရာ ပျိုတို့မောင် တောင်ပေါ်ရိုးက
ပန်းချိုးလို့လာ၊ အပွင့်ရယ်ဝါ အညှာမှာ မြရည်လိမ်းတယ်
ပန်းနွယ်ကစိမ်း။

ပျိုလေးတို့ငန်းဦး
ပျိုလေးတို့ငန်းဦး၊ ယုံကူးလို့ပြေး၊
ကြည့်လိုက်ကြဟေ့၊
တောခြေမှာ ရွှေယုံနက်ကယ်၊
ထိပ်ကွက်နှင့်လေး။

ပျိုလေးရက်တဲ့ ရက်ကန်းစင် 
ပျိုလေးရက်တဲ့ ရက်ကန်းစင်
ဘာဆင်လို့မေး၊ မေးပါနှင့်အေ၊
တို့တတွေချွေတာခြင်းကြောင့်၊
တင်းတိမ်တဲ့လေး။

ရွှေကျီး
ရွှေကျီးရယ်သာ၊ ဧည့်လာရော့သလား၊
ခန်းဝကကြို၊ ခင်လေးရွှေရင်ဖိုခိုက်၊

" အမျိုးသမီးတစ်ယောက် မှီခိုအားထားရာ ဖြစ်ဖို့ "

Image result for woman laying her head on her man's shoulder
သင် အမျိုးသမီးတစ်ယောက် မှီခိုအားထားရာ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိရင် သင်လဲ သူမကို မှီခိုအားထားဖို့ ဘယ်လောက်လိုလဲ သိလာပါလိမ့်မယ်။

ကျွန်မ နေမကောင်းဖြစ်ရင်၊ မလုံမခြုံ ခံစားရရင် ကျွန်မက သေးငယ်ပြီး အထိအခိုက် မခံနိုင်သလို ခံစားရတယ်။ အဲဒီအချိန်မျိုးမှာ မှီခိုချင်တယ်။ အပြုအစု ခံချင်တယ်။ အကာအကွယ် လိုချင်တယ်
အဲဒီအချိန်မှာ ကျွန်မယောက်ျားရင်ထဲ မှီခိုနေရတာလောက်၊ သူ ထွေးပွေ့ထားတာ ခံရတာလောက် ဘာမှ စိတ်ကျေနပ်မှု မပေးနိုင်ပါဘူး။ သူ အဲဒီလို ထွေးပွေ့ထားရင် လုံခြုံမှုကို ခံစားရပြီး သက်သက်သာသာ ရှိပါတယ်။ အကုန် အဆင်ပြေသွားတဲ့ အတိုင်းပါပဲ။

အဲဒီလို ထွေးပွေ့ခံရပြီးရင် ကျွန်မဟာ အလွန်တော်ပြီး သန်မာတဲ့ မိန်းမတစ်ဦး ဖြစ်လာတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးမယ်။ အိမ်ကို သန့်သန့်ရှင်းရှင်းထားမယ်။ ကျွန်မ ကျွမ်းကျင်တဲ့ အလုပ်ထဲမှာလဲ ယုံကြည်မှူ ပိုရှိလာပါတယ်။
ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာသူ၊ ယုံကြည်သူဖြစ်ဖြစ် တစ်ခါတစ်လေမှာ ဝမ်းနည်းပြီး သေးငယ်နေသလို ခံစားရပါတယ်။ ကျွန်မတို့ အားလုံးပါ။
အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ ဖူးစာဖက်က ကျွန်မတို့ကို ကာကွယ်ပေးနိုင်တဲ့ နေရာတစ်ခု၊ စွမ်းအင် ပြန်ပြီး ပေးနိုင်တဲ့ နေရာတစ်ခုပါပဲ။
ကျွန်မယောက်ျားကလဲ သူလိုအပ်တဲ့အချိန်ကျရင် ကျွန်မရင်ခွင်ထဲ နေချင်တာပါပဲ။ အဲဒီလို အချိန်မျိုးဆို ကျွန်မက သူ့ကို ချစ်ပေးမယ်။ ကြင်နာပေးမယ်။ သူနေမကောင်းရင် ပြုစုပေးပါမယ်။ သူကြောက်တဲ့ အချိန်ကျ နားထောင် အားပေးပါမယ်။
အဲဒီလို သေးငယ်ပြီး အထိအခိုက် မခံသလို ခံစားရတာ ပုံမှန်ပါပဲ။ ကျွန်မတို့အားလုံးဟာ စွမ်းအားပြည့်၊ ယုံကြည်မှုပြည့် အမြဲ ဖြစ်မနေပါဘူး။ အဲဒီလို အထိအခိုက် မခံတတ်တဲ့ အချိန်တွေအကြောင်း ထုတ်ပြောဖို့ကိုပဲ အားအင်တွေ အများကြီးလိုပါတယ်။
အဲဒါကြောင့် အဲဒီလို ကြောက်ရွံ့အားငယ်နေတဲ့ အခါမျိုးမှာ တင်းမထားပါနဲ့။ သင့်ရဲ့ ချစ်သူကို သင့်ကို အားပေးခွင့် ပေးလိုက်ပါ။ ငိုချင်ရင် ငိုချလိုက်ပါ။ ကြောက်စိတ်နဲ့ ဖိအားတွေ ပျောက်သွားပါလိမ့်မယ်။
သင်က အမှီခို ခံနေရတာ၊ ပွေ့ဖက်ပေးနေရတဲ့ လူဆိုရင်တော့ ဘာမှ မပြောပဲ တင်းတင်းဖက်ထားတာက စကားလုံးတွေထက် အဓိပ္ပါယ် ပိုရှိပါတယ်။ စကာပြောချင်ရင် နူးညံ့တဲ့ စကားလေသံနဲ့ကိုဒီမှာ ရှိပါတယ်။” ”

" ဒီ (၁၃) ချက်ရှိရင် သင့်ရုပ်ရည်က အဓိက မဟုတ်တော့ဘူး "


ဒီအချက်တွေရှိနေရင် ရုပ်ရည်ကို ဂရုစိုက်စရာမလိုပါဘူး။

၁ - ရိုးသားခြင်း
၂ - ဖော်ရွေခြင်း
၃ - ယုံကြည်ရခြင်း
၎ - ရင့်ကျက်ခြင်း
၅ - ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်း
၆ - တစ်ကိုယ်ရေသန့်ရှင်းမှု ရှိခြင်း
၇ - ပျော်တတ်ခြင်း
၈ - ကပ်စေးမနဲခြင်း
၉ - တက်ကြွမှုရှိခြင်း
၁၀ - တိကျခြင်း
၁၁ - လေးစားတတ်ခြင်း....နောက်ပြီးတော့...

" သင်နေ့စဉ် ထိတွေ့နေရတဲ့ အညစ်ပတ်ဆုံးအရာများ "

ကျွန်မတို့ က ဘတ်စ်ကားပေါ်တွေ ၊ အများသုံးအိမ်သာတွေကို အသုံးပြုတဲ့အခါတွေမှာ ပိုးမွှားတွေရှိတတ်တယ်ဆိုတဲ့ အသိနဲ့ သန့်ရှင်းရေးကို အထူးဂရုပြုတတ်ကြပါတယ်။ ကိုယ့်အိမ် ၊ကိုယ့်ရုံးခန်းထက် ပြင်ပကမ္ဘာက ပိုပြီး ရောဂါပိုးမွှားတွေ ပိုများတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကျွန်မတို့ အိမ်တွေ ၊ရုံးခန်းတွေက ဘူတာရုံတွေ၊ ကုန်စုံဆိုင်တွေထက် ပိုပြီး ရောဂါပိုးမွှား ပိုမိုများပြားတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ အကြောင်းကတော့ ရောဂါပိုး အများဆုံးပေါက်ပွားစေတဲ့ အရာတွေက ကျွန်မတို့ နေ့စဉ်အသုံးပြုနေတဲ့ ကျွန်မတို့ရဲ့ အနီးဆုံးပတ်ဝန်းကျင်မှာရှိနေလို့ပါပဲ။ အဲဒီ အရာတွေကတော့

(၁) လက်ဆေးကန်
လက်ဆေးကန်က ရေချိုးကန်တစ်ခုလုံးထက် ပိုပြီးညစ်ပတ်ပါတယ်။ လက်ဆေးကန်တစ်ခုရဲ့ ၁ စတုရန်း စင်တီမီတာ အတွင်းမှာ ဘက်တီးရီးယားပေါင်း ၁၀၀,၀၀၀ ရှိပြီး အိမ်သာတစ်လုံးရဲ့ ၁ စတုရန်း စင်တီမီတာအတွင်းမှာတော့ ဘက်တီးရီးယား ၁၀၀ ပဲရှိပါတယ်။ ရောဂါပိုးပေါက်ပွားမှုကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းကတော့ အရောင်မပါတဲ့ ပိုးသတ်ဆေးအပျော့စားနဲ့ မှန်မှန် သန့်ရှင်းရေးလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

(၂) သွားပွတ်တံ
သွားတိုက်သွားပွတ်တံ ၆၀ % မှာ မစင်မှာတွေ့ရတတ်တဲ့ ဘက်တီးရီးယားတွေတောင် တွေ့ရတတ်ပါတယ်။ အကြောင်းကတော့ လူအများစုက သွားပွတ်တံတွေကို အိမ်သာနဲ့ ၃ ပေ အကွာလောက်မှာသာ ထားတတ်တဲ့အတွက် အိမ်သာရေဆွဲချတဲ့အချိန်တိုင်း ဘက်တီးရီးယား ပိုးတွေက လေထဲကို ခုန်ထွက်ပြီး အနီးမှာ ရှိတဲ့ အရာတွေထဲ ရောက်ရှိသွားပါတယ်။ အဲ့ဒါကြောင့် သင့်သွားတိုက်တံက တဆင့် သင့်ပါးစပ်ထဲကို ပိုးမွှားတွေရောက် ရှိပြီး ရောဂါဖြစ်ပွားနိုင်ပါတယ်။

(၃) မီးဖိုချောင်သုံးရေမြှုပ်
ရေမြှုပ်စရဲ့ အကြိုအကြားနဲ့ မြောင်းငယ်လေးတွေကြားမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားတတ်ပြီး ရေမြှုပ်အသုံးမပြုဘဲထားရင် မိနစ် ၂၀ ကြာတိုင်း ဘက်တီးရီးယားပိုးတွေ ပိုမို ပွားလာတတ်တာကို တွေ့ရှိ ရပါတယ်။ဒါကြောင့် ရေမြှုပ်စကို ရေနွေးနဲ့ ပုံမှန်ဆေးကြောပြီးပိုးသတ်သင့်ပါတယ်။

(၄) နားကြပ်
နားထဲမှာ ရှိတဲ့ ပိုးမွှားတွေက အံ့သြစရာကောင်းလောက်အောင် များပြားပါတယ်။ ဒါကြောင့် နားကြပ်နဲ့ ဖုန်းစကားပြောတာ၊ သီချင်းနားထောင်တာတွေများလေ ပိုးမွှားတွေ ပိုမိုများလေဖြစ်ပြီး တခြားသူတစ်ယောက်နဲ့ နားကြပ်တစ်ခုတည်းသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။

(၅) ကွန်ပျူတာ ကီးဘုတ်
ကွန်ပျူတာ ကီးဘုတ်တစ်လုံးရဲ့ ခလုတ်တစ်ခုမှာ ဘက်တီးရီးယားပေါင်း ၇၅၀၀ ရှိပါတယ်။ ဒါက အိမ်သာတစ်လုံးမှာရှိတဲ့ ပျမ်းမျှ ဘက်တီးရီးယားထက် အဆ ၂၀၀ ကျော်ပိုများပါတယ်။ ဒီ့ထက်ပိုဆိုးတာက အဲ့ဒီကီးဘုတ်ကို တစ်နာရီကို ၁၆ ကြိမ်လောက်ကိုင်တွယ်နေတဲ့ လက်နဲ့ မျက်နှာကို ကိုင်တွယ်မိနေခြင်းဖြစ်ပါတယ်။

(၆) အ၀တ်လျှော်စက်
အတွင်းခံတွေကို ပုံမှန်ရေအေးနဲ့ လျှော်ဖွတ်တာဆိုရင်တော့ E.coliရောဂါပိုးပေါင်း သန်း ၁၀၀ ကို ထိတွေ့နေရတာဖြစ်ပါတယ်။ဒီပိုးတွေ သေစေချင်ရင်တော့ ရေပူ၊အစွန်းချွတ်ဆေးတို့ကို အသုံးပြုလျှော်ဖွတ်ပါ။ အ၀တ်အစားတွေ ကို တွန့်ကြေမှာ စိုးရင်တော့ အားလုံးကို လျှော်ပြီးတဲ့အခါ အပူငွေ့ပါတဲ့ အခြောက်ခံစက်ကို အသုံးပြုသင့်ပါတယ်။

(၇) ကားထိုင်ခုံ
ကားထိုင်ခုံတစ်လုံးရဲ့ တစ်စတုရန်း စင်တီမီတာအတွင်းမှာ အစာအဆိပ်သင့်စေတဲ့ ပိုးနဲ့ E.coli စတဲ့ ပိုးအမျိုးအစားပေါင်း

" နှုတ်ခမ်းမည်းသူအတွက် ပန်းနုရောင်နှုတ်ခမ်း ပြန်ရစေမယ့် နည်းလမ်း (၃) သွယ် "

သင့်နှုတ်ခမ်း မည်းနက်လာပြီး အရောင်စိုပြေ တောက်ပမှု လျော့ရဲလာတဲ့အခါ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာ စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းနဲ့ တန်ဖိုးကြီးတဲ့ လိမ်းဆေး ဝယ်သုံးခြင်း စသည်ဖြင့် လုပ်ကောင်းလုပ်မိ ပါလိမ့်မယ်။ ဒါပေမယ့်  အဲဒီဟာတွေတစ်ခုမှ သင့်အတွက် အထောက်အကူ မဖြစ်စေပါ။ ဒါ့ကြောင့် နှုတ်ခမ်း စိုပြေမှုပြန်ရစေမယ့်၊ မည်း
နက်နေတဲ့နှုတ်ခမ်းကို ပန်းနုရောင် ပြန်ဖြစ်စေမယ့် အိမ်တွင်းဆေးနည်းတချို့ ရှိပါတယ်။

နှုတ်ခမ်းကို တိုက်ချွတ်ပေးခြင်း
နှုတ်ခမ်းအရေပြား ဆဲလ်သေတွေ ဖယ်ရှားဖို့နဲ့ ပြန်လည်ပျော့ပျောင်းစေဖို့အတွက် သဘာဝ နှုတ်ခမ်းတိုက်ချွတ်ဆေးကို တစ်ပတ် တစ်ခါ အသုံးပြုပေးပါ။ ဒါ လွယ်ကူတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သံလွင်ဆီ အစက်အနည်းငယ်နဲ့ သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောစပ်ပြီး နှုတ်ခမ်းအရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ အသုံးပြုရပါမယ်။ ရေဖြင့်
 ဆေးကြောသန့်စင်ပြီးတာနဲ့ ထောပတ် သို့မဟုတ် မိမိနှစ်သက်တဲ့ နှုတ်ခမ်းအလှဆီတစ်ခုခု လိမ်းပေးပါ။
သတိ ။
နှုတ်ခမ်းသားကို အရမ်း အကြမ်းမပွတ်မိပါစေနှင့်၊ နှုတ်ခမ်းသားက နုနယ်သဖြင့် ရောင်ယမ်းလာတတ်ပြီး ရေယုံလို အနာဖြစ်
လာတတ်ပါတယ်။

သံပုယိုသီး
သံပုယိုသီးမှာ အရေပြား အမည်းကွက်များနဲ့ အမည်းစက်တွေ ဖယ်ရှားဖို့ အသုံးပြုပါတယ်။ သူ့ရဲ့ အရောင်ချွတ်ပြီး ဖြူသွား
စေနိုင်တဲ့ အစွမ်းအာနိသင်က မည်းနက်နေတဲ့ နှုတ်ခမ်းကို သဘာဝအလျောက် ပြန်ဖြူလာစေပါတယ်။ သံပုယိုသီးကို အရည်ညှစ်ယူပြီး နှုတ်ခမ်းကို အိပ်ယာမဝင်ခင် လိမ်းပေးပါ။ ဒီရိုးရှင်းနည်းလမ်းအတိုင်း လအနည်းငယ်ကြာ
သည်အထိ နေ့တိုင်း လိုက်နာဆောင်ရွက်ပါ။ အရေပြားဆဲလ်သေတွေ ဖယ်ထုတ်ပြီး အရေပြားသစ် ပြန်ရစေပါလိမ့်မယ်။

မုန်လာဥနီ (ဂါဂျယ်ဥ)
ပန်းနုရောင် နှုတ်ခမ်းဖြစ်စေနိုင်တဲ့ နောက်ပစ္စည်းတစ်ခုက မုန်လာဥနီ ဖြစ်ပါတယ်။ သူ့ရဲ့သဘာဝအသားဖြူဖွေးစေတဲ့အစွမ်းအာနိသင်က နှုတ်ခမ်းကို ဝင်းလက်စေနိုင်ပါတယ်။ အိပ်ယာမဝင်ခင် လတ်ဆတ်တဲ့

" မိမိ အကောင့်တွေကို ဟက်ကာတို့ရဲ့ အနှောင့်အယှက်ကိုကာကွယ်နိုင်မယ့့်  LogDog Ant- Hacker & Security APK "

ဒီတစ်ခါ မိမိ အကောင့်တွေကို ဟက်ကာတို့ရဲ့ အနှောင့်အယှက်ကိုကာကွယ်ဖို့ အတွက် LogDog Anti Hacker Security APK လေးကို တင်ပေးလိုက်ပါတယ်ဗျာ။
ဘယ်လိုကာကွယ်မလဲဆိုရင် APK လေးကိုဒေါင်းယူပြီး မိမိတို့ ဖုန်းတွင် install ပြုလုပ်ပြီး Apk ရဲ့ ညာဘက်အပေါ်က + အပေါင်လက္ခဏာကို ကလိပေးပြီး
ကာကွယ်လိုတဲ့ Facebook, Gmail, Yahoo Mail, Blog, Dropbox, Box, စသည်များအနက် မိမိကာကွယ်ထားချင်တဲ့ဟာကို ရွေးလို့ ကလိပေးပြီး Login ဝင်ထားလိုက်ပါ
ထိုကဲ့သို့ မိမိကာကွယ်လိုတဲ့ Accounts များစွာအားလုံးကို နည်းတူ Login ဝင်ထားလိုက်ပြီး ဒီ Apk လေးကို ဖုန်းတွင်အမြဲဆောင်ထားလိုက်ပါ==> ဟက်ကာတွေ ဟက်လာခဲ့ရင် ထို
Accounts များကိုမဝင်ရောက်နိုင်ဘဲ ဝင်လာတဲ့ အန္တရယ်ကို ဖျက်သိမ်းပေးမှာဖြစ်ပါတယ်။
ကဲ့ အသုံးလို့တဲ့ သူငယ်ချင်းများ ဆောင်ထားကြပေါ့ဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။

February 10, 2016

" ဆိုးချက်ကတော့ ကမ်းကုန်တယ် တော်တော်ဆိုးတဲ့ အဖွဲ့ ..."

ကြောက်တတ်ရင် မကြည့်နှင့်နော်...တကယ်တော့ သူတို့တွေက လူတွေကို အရူးလုပ်နေတာ....ဟိဟိ
ယူတျူဗ် မူရင်း ဗီဒီယို လင့်မှာ....
https://youtu.be/4xktWZoOejw

" သင့်ကို သင့်ကောင်မလေး ပစ်သွားရတဲ့ အကြောင်းရင်း ၁၆ ချက် "

သင် တခြားကောင်မလေးနဲ့လဲ မဖောက်ပြန်ပါဘူး။ သင်တို့ နှစ်ပါတ်လည်ကိုလဲ သတိရပါတယ်။သူမအတွက် ပန်းတွေတောင် ပို့ပေးပါသေးတယ်။ ဒါပေမယ့် သင် အောက်ပါအမှား တစ်ခုခုကို လုပ်ခဲ့မိရင်တော့ သင် Single ဘဝကို ပြန်ရောက်ရမှာ အသေအချာပါ။

. သူမကို မကြည့်ခြင်း
မိန်းကလေးတွေဟာ မျက်လုံးခြင်းဆုံရတာကို သဘောကျပါတယ်။ ဒါပေမယ့် သူမကို အမြဲ ခေါ်တောကြည့်ကြီးနဲ့လဲ ကြည့်မနေပါနဲ့။ သူမစကားပြောရင် သူမကို ကြည့်ပေးပါ။ အဲဒါဟာ သင် သူမကို ဂရုစိုက်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။

. အရာအားလုံးကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အခါ
သူမက ကားစပယ်ယာ ရိုင်းကြောင်း၊ သူမ Boss ခပ်ဆိုးဆိုးအကြောင်း၊ ယဉ်ကြောပိတ်တာအကြောင်း သင့်ကို ပြောပြပါလိမ့်မယ်။ အဲဒိအရာတိုင်းကို ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ သူမက အဖြေလိုချင်တာ မဟုတ်ပါဘူး။ နားလည်မှု လိုချင်တာပါ။

. Message ပဲပို့တာ
သင် မေးခွန်းတိုလေးတစ်ခု မေးချင်ရင်တော့ Message ပို့တာ အဆင်ပြေပါတယ်။ ဒါပေမယ့် စာလုံး ၃၀ ထက်ပိုတဲ့ စကားဝိုင်းတွေပြောရင်တော့ ဖုန်းခေါ်တာ ပိုကောင်းပါလိမ့်မယ်။ လေသံက စာရိုက်ပြောတာထက် သင်တို့နှစ်ယောက်ကို ဆက်သွယ်ပေးနိုင်ပါတယ်။

. မေးခွန်း မမေးတာ
သူမ ပြောပြတဲ့ အကြောင်းအရာတွေကို ပြန်လှန်မေးခွန်းမထုတ်ရင် သင်က သူမဘဝကို စိတ်မဝင်စားဘူးဆိုတာ ပြတာနဲ့ တူတူပါပဲ။

. သူမကိုပဲ အရာတိုင်း ဆုံးဖြတ်ခိုင်းတာ
ဆုံးဖြတ်ချက်ချရတာ ပင်ပန်းပါတယ်။ အရာအားလုံးကို သူမကိုပဲ ဆုံးဖြတ်ချက် ချစေတာဟာ သူမပခုံးပေါ် အထုပ်ကြီး ပစ်တင်သလိုပါပဲ။ ကြာလာရင် သင်က သူမအပေါ် ဂရုမစိုက်ဘူးလို့ပါ ထင်သွားပါလိမ့်မယ်။ သင်တို့နှသ်ယောက် တိုင်ပင်ပြီး

"တရုတ်နှစ်သစ်ကူး ယုံကြည်မှု အချို့ ကို လေ့လာကြည့်ကြရအောင်"

 
Gerrard Street, in the Chinatown district of London ahead of celebrations to mark 
Chinese New Year on February 14th
 
ကမ္ဘာပေါ်က မြို့ တိုင်းနီးပါး မှာ တရုတ်တန်း (Chinatown) ဆိုတာ ရှိပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် တရုတ်လူမျိုးတွေရဲ့  ရိုးရာ ယဉ်ကျေးမှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှု ရှိနေတယ်ဆိုတာကိုပါ။ ဒီနှစ်မှာတော့ တရုတ်နှစ်သစ်ကူး ပွဲတော်နေ့ဟာ ဖေဖော်ဝါရီ ၈ ရက် မှာ ကျရောက်ခဲ့ပါတယ်။ ဒီနှစ်ဟာတော့ ဆိတ်နှစ်ကို နှုတ်ဆက်ပြီး မျောက်နှစ် ကို ကြိုဆို ဂုဏ်ပြုကျတာပါ။တရုတ်နှစ်သစ်ကူး ပွဲတော်ဟာ အားလုံးသိတဲ့အတိုင်း တရုတ်ရိုးရာ ယုံကြည်မှုတွေကို လုပ်ဆောင်ကျင်းပကြခြင်းဖြစ်ပါတယ်။ အဲဒီလို ယုံကြည်မှုတွေထဲကမှာ သင့်အနေနဲ့လည်း ယုံကြည်ဖို့ ကြိုးစားသင့်တဲ့ နှစ်သစ်ကူး ပွဲတော်ရက်အတွင်း လိုက်နာသင့်တဲ့ ယုံကြည်မှု အချို့ ရှိနေပါတယ်။ ဘာတွေများလဲဆိုတာ လေ့လာကြည့်ကြရအောင်။

၁။ အိမ်မှာ တံမြက်စည်းမလှည်းပါနဲ့
တရုတ်နှစ်သစ်ကူးပွဲတော် ကာလအတွင်း အိမ်မှာ တံမြက်စည်းမလှည်းပါနဲ့။ အဲဒါဟာ တစ်နှစ်တာလုံးအတွက် သင့်ဆီရောက်လာနိုင်တဲ့ ကံကောင်းခြင်းတွေကို လှည်းထုတ်လိုက်တဲ့ သဘောကို သက်ရောက်သွားပါတယ်။

၂။ အကြွေးတွေအားလုံးကို ပြန်ဆပ်လိုက်ပါ
နှစ်အစ မှာ အကြွေးရှိနေခြင်းဟာ ကံမကောင်းခြင်းတွေကို ဖြစ်စေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။

၃။ နှစ်သစ်ကူးပွဲတော်ရက်အတွင်း ဆံပင်မညှပ်ပါနဲ့
ဒါဟာလည်း တံမြက်စည်းလှည်းတဲ့ ယုံကြည်မှုလိုပါပဲ။ ကံကောင်းခြင်းတွေကို ကိုယ့်ဆီက ဖယ်ရှားပစ်လိုက်သလိုဖြစ်
သွားတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်နေကြပါတယ်။

၎။ ခေါင်းမလျှော်ပါနဲ့
ဒါလည်း အထက်ပါ ယုံကြည်မှုများလိုပါပဲ။ ခေါင်းလျှော်ခြင်းဟာလည်း ကံကြမ္မာ ကို လျှော်ဖွပ်လိုက်သလို ဖြစ်သွားစေနိုင်

" သင့်ရဲ့ အသည်းပုံမျက်နှာက ပြောပြနေတဲ့ သင့်အကြောင်း "

 
ချစ်သူများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Wisdom of your face စာအုပ်ရေးသားသူ Jean Haner က နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့တဲ့ တရုတ်ဆေးပညာကို အခြေခံပြီးဆင့်ပွားရရှိလာတဲ့ နည်းစနစ်များအရ အသည်းပုံမျက်နှာကနေ သိနိုင်တဲ့ အကြောင်းအရာတွေကို ပြောပြထားပါတယ်။ အသည်းပုံမျက်နှာဆိုတာ ယေဘုယျအနေနဲ့ပြောရရင် မျက်နှာပြင် အလယ်ပိုင်းက အကျယ်ဆုံး ဖြစ်ပြီး ပါးရိုးတလျှောက်ကနေ အနည်းငယ်ချွန်နေတဲ့ မေးစေ့ဆီကို လျှောဆင်းသွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နဖူးပြင်ကျယ်ပြီး မေးစေ့မှာ ကျဉ်းသွားတဲ့ ပုံစံလည်းဖြစ်နိုင်ပါတယ်။ ဒီလို မျက်နှာပိုင်ရှင်တွေရဲ့ အကြောင်းတွေကတော့-

(၁) လူတွေက ကိုယ့်ကို  အလိုလိုနှစ်သက်လာစေနိုင်တဲ့ ဆွဲဆောင်ညှို့ငင်နိုင်တဲ့ သံလိုက်ဓာတ်ရှိပါတယ်။
(၂)အရမ်းကို ကြင်နာတတ်ပြီး တခြားသူတွေကို ထူးထူးခြားခြား ခံစားရအောင် လုပ်နိုင်စွမ်းရှိပါတယ်။
(၃)သူများကို လှုံ့ဆော်နှိုးဆွရတာကို နှစ်သက်ပြီး ကိုယ်တိုင်လည်း ပျင်းပျင်းရိရိ မနေတတ်ပါဘူး။
(၄)ကိုယ့်ကိုယ်ကိုယ် အမြဲ အထင်ကြီးတတ်ပါတယ်။
(၅)ကိုယ့်ကို ဝေဖန်တာကို မကြိုက်တတ်ပါဘူး။
(၆)ဖန်တီးနိုင်စွမ်းမြင့်ပြီး ကိုယ့်အစွမ်းကို သူများသိအောင်လည်းပြတတ်ပါတယ်။
(၇)သူများတွေထက် ထင်ပေါ်ကျော်ကြားလိုစိတ်ရှိတယ်။
(၈)သူတစ်ပါးက ပစ်ပယ်ထားမှာကို ကြောက်တတ်ပါတယ်။
(၉)စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်မျိုးကိုပဲ နှစ်သက်ပါတယ်။
(၁၀)စိတ်ဆတ်ပြီး စကားပြောတဲ့အခါမှာ သူများကို ဘယ်လိုထိခိုက်သွားစေမလဲဆိုတာအရင်မစဉ်းစားဘဲ

" အဆစ်ရောင်ရောဂါကြောင့် ဒူးနာသူများ ဒူးအစားထိုးခွဲစိတ်ကုသခြင်းက သိသာစွာသက်သာစေနိုင် "

 
အရိုးအဆစ်ရောင်ရောဂါနှင့် အဆစ်မြစ်ရောင်ရောဂါ RA ရှိသူများတွင် ဒူးအစားထိုးခွဲစိတ်ကုသခြင်းက ဒူးနာခြင်းကို သိသာစွာသက်သာစေပြီး ခြေထောက်လှုပ်ရှားမှု ပိုမိုကောင်းမွန်စေကာ လူနာ၏ဘ၀ အရည်အသွေးကိုတိုးတက်စေသည်ဟု သုတေသနသစ်တစ်ခုတွင် ဖော်ပြသည်။ ခွဲစိတ်ကုသခြင်းက လူနာငယ်ရွယ်စဉ် အချိန် (သို့) အဆစ်ရောင်ခြင်း မဖြစ်မီ အချိန်ကကဲ့သို့ ပြန်လည်ကောင်းမွန်ရန် မတတ်နိုင်သော်လည်း လူနာအား ရောဂါနုစဉ်ကကဲ့သို့ အခြေအနေမျိုး ပြန်လည်ရရှိရန် အချိန်ယန္တရားတစ်ခုသဖွယ် စွမ်းဆောင်နိုင်သည်ဟု သုတေသနပညာရှင်များက ဆိုသည်။ ထိုလေ့လာမှုတွင် ဒူးအရွတ်စုတ်ပြဲခြင်းကြောင့် အများဆုံးဖြစ်တတ်သည့် အရိုးဆစ်ရောင်ရောဂါသည် ၃၁၅ ဦးနှင့် ခုခံအားစနစ် မူမမှန်မှုကြောင့် ဖြစ်ပွားသည့် အဆစ်အမြစ်ရောင်ရောဂါသည် ၈၃၄ ဦးအား ခွဲစိတ်မှုမပြုမီ ၆ လအကြာက နာကျင်မှုအခြေအနေနှင့် ခွဲစိတ်ပြီး ၆ လကြာအခြေအနေတို့ကို လေ့လာခဲ့သည်။

ဒူးအစားထိုးခွဲစိတ်မှုမှာ ကမ္ဘာပေါ်တွင် လူနာ၏ ဒူး၊ ခြေသလုံးနှင့်ပေါင်ရှိ ထိခိုက်ပျက်စီးနေသော အရိုးနှင့် အရွတ်များကို ဖယ်ထုတ်ကာ သတ္တု၊ ပလတ်စတစ်များဖြင့်ပြုလုပ်ထားသော အစိတ်အပိုင်းတုများဖြင့် အစားထိုးခြင်း ဖြစ်သည်။ အခြားခွဲစိတ်မှုများကဲ့သို့ပင် ဒူးအစားထိုးခွဲစိတ်ရာတွင် သွေးခဲခြင်းနှင့် ရောဂါပိုးဝင်ခြင်းအန္တရာယ်များရှိပြီး ခွဲစိတ်မှုများတွင် အဆစ်များ နေရာလွဲသွားသဖြင့် ပြန်လည်ခွဲစိတ်ရခြင်းများလည်းရှိသည်။ အိုမာဟာရှိ နီဘရက်စကာတက္ကသိုလ် ဆေးပညာ
စင်တာမှ အဆစ်ရောင်ရောဂါ သုတေသနပညာရှင် မီချတ်နှင့်အဖွဲ့က ပြုလုပ်သည့်သုတေသနတွင် လူနာအား အရိုးအ
ဆစ်ရောင်ခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်း ကွဲပြားမှုအပေါ် သက်ရောက်မှုခြားနားခြင်းရှိ၊မရှိ လေ့လာခဲ့ကြသည်။ ဒူးအစာထိုးခွဲစိတ်မှုအား ထိုရောဂါ ၂ မျိုးလုံးအတွက် ဒူးနာခြင်းကို သက်သာစေရန် ပြုလုပ်လေ့ရှိပြီး မည်သည့်ရောဂါ
အမျိုးအစားအတွက် ပိုမိုအကျိုးရှိနိုင်သည်ကို အငြင်းပွားနေဆဲဖြစ်သည်။

ဒူးအစားထိုးကုသပုံ ဘယ်လို ဘယ်ဝါ ဘယ်ပုံ ဘယ်ကဲ့သို့ ဘယ်လိုမျိုး ဘယ်အဆင့်ရှိတယ်ဆိုတာကို သိချင်ရင် ဟောဒီက
ဗီဒီယိုလေးကို ကြည့်ရှုနိုင်ပါတယ်။ ပညာရတာပေါ့...မြင်ဘူးတယ်ရှိသွားတာပေါ့...( ရောရောသမမွှေ )


လေ့လာမှုတွင် ပါဝင်သည့် လူ နာများမှာ အသက် ၆၀ ကျော် ကိုယ်အလေးချိန်များသူများဖြစ်ပြီး ပညာအ၇ည်အချင်း

" ရည်းစား လူလု ရင်ညွှန့် ကတ်ကြေးဖြင့်ထိုးခံရ "


တောင်ငူမြို့နယ် ဒိုးသောင်းကျေးရွာရှိ မယ်တော်ဘုရား ခြေရင်းတွင် ယနေ့ ညနေ ၃ နာရီခန့်က ကွမ်းယာရောင်းနေသော မ .... အား ၄င်းနှင့် ချစ်ကြိုက်နေသူ ကို .... က တခြားသူနှင့် ချစ်ကြိုက်ရကောင်းလားဟု တစ်ယောက်တစ်ခွန်း စကားများပြီး ကွမ်းယာဆိုင်ရှိ ၈ လက်မခန့်ရှိ ကတ်ကြေးဖြင့် ထိုးရာခဲ့ရာ မ .... ရင်ညွှန်းတွင် ထိုးသွင်း ဒဏ်ရာ (၁) ၀ဲလက်မောင်းတွင် ထိုးသွင်းဒဏ်ရာ (၄) ၀ဲနံဘေးတွင် ထိုးသွင်းဒဏ်ရာ (၄) နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ (၁) ၀ဲခါးတွင် ထိုးသွင်းဒဏ်ရာ (၂) ၀ဲပေါင်တွင် ထိုးသွင်းဒဏ်ရာ (၄) ချက် စုစုပေါင်း ဒဏ်ရာ (၁၆) ချက် ရရှိခဲ့ရာ အတွင်းလူနာအဖြစ် တောင်ငူဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ထားရကြောင်း သိရှိရပါသည်။
တရားခံ ကို .... အား ဒိုးသောင်းကျေးရွာသား (၅) ဦးခန့်က ၀ိုင်းဝန်း လက်သီးဖြင့်ထိုး တုတ်ဖြင့်ရိုက်နှက်ရာ ၀ဲမျက်လုံး ဖူးရောင်ဒဏ်ရာရ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိပြီး အတွင်းလူနာအဖြစ်

February 9, 2016

" သေးစိမ့်အောင် ရယ်ချင်ရင် ကိုယ်ဝန်သည်ဟာသ ဗီဒီယိုလေးကိုသာ ကြည့်လိုက်ပါ "


Just For Laughs Gags အဖွဲ့သားတွေ စုပေါင်းပြီး လူတွေကို အရူးလုပ်ထားတဲ့ ဟာသတွေကို ကြည့်ပြီး စိတ်အပန်း
ဖြေချင်တယ်ဆိုရင် ဖြေနိုင်ပါတယ်.......
ယူတျူဗ်မှာကြည့်မှာ ကြည့်ချင်ရင်လဲ ကြည့်နိုင်ပါတယ်...ယူတျူဗ်လင့်က...
https://youtu.be/TIIo_pv_CP8

" သင့်ထက် ငယ်သူကို ရွေးသင့်တဲ့ အကြောင်းပြချက် (၅) ခု "

 
ကိုယ့်ထက် ငယ်ရွယ်သူချစ်သူကို ချစ်သူတော်ထားသူတွေမှာလည်း အားသာချက်တွေရှိပါတယ်။  တည်ဆောက်တဲ့နေရာမှာ အသက်အရွယ်ကလည်း တစ်စိတ်တစ်ပိုင်း အရေးပါလှပါတယ်။ အသက်အရွယ်အလိုက် ဆက်ဆံရေးဟာ အပြောင်းအလဲ ဖြစ်စေတက်တယ် ဆိုတာ အသေအချာပါ။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက နှစ်ဦးလုံးရဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဘာကြောင့် ကိုယ့်ထက်ငယ်သူကို ချစ်သူအဖြစ် ရွေးသင့်သလဲ၊ ဒါမှမဟုတ် ကိုယ့်ထက် ငယ်သူကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းပြချက် (၅) ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 ၁။ သင်က သြဇာရှိမယ်။ သူ့အပေါ် သြဇာလွှမ်းတာမျိုး မဟုတ်ရင်တောင် ဖြန်သန်းထားတဲ့ အတွေ့အကြုံတွေအရ သင့်ရဲ့သြဇာသူ့အပေါ် အထိုက်အလျှောက် ရှိနေမှာပါ။

 ၂။ သင့်ကို လွတ်လပ်ခွင့် အထိုက်အလျောက် ပေးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတာ သူလည်း လူငယ်ဖြစ်လို့ လွတ်လပ်မှုကို ကြိုက်လို့ပါ။

 ၃။ လူငယ်တွေနဲ့ သင်ပေါင်းခွင့်ရမယ်။ သူ့သူငယ်ချင်းတွေကလည်း လူငယ်တွေဖြစ်လို့ ငယ်ငယ်ကလို သင့်ရဲ့ စိတ်တွေပြန်ပြီး နုပျိုလာမယ်။

၎။ ထူးခြားတဲ့ အမြင်တွေရှိမယ်။ သင်နဲ့ မတူညီတဲ့ ခေတ်မှာ ကြီးပျင်းလာသူဖြစ်လို့ သူ့ရဲ့အမြင်တွေက သင့်အတွက် ထူးခြားနေမယ်။

 ၅။ ဖိအားတွေ ကင်းနေမယ်။ ငယ်သေးတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ပူစရာတွေ သူသိပ်မတွေးဘူး။ စိတ်ညစ်စရာတွေကို

" ကလေးငယ်များ ဆိုဖာပေါ်တွင် အိပ်စက်ရင်း ရုတ်တရက်သေဆုံးမှုအကြောင်း..."

 
အနောက်တိုင်းနိုင်ငံများတွင် ဆိုဖာပေါ်မှာ ကလေးငယ်များ အိပ်စက်ရင်းသေဆုံးကြရတဲ့ဖြစ်ရပ်များနဲ့ပတ်သက်ပြီး သုတေသနပြုကာ သတိပေးဖော်ပြချက်တွေကို ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း သတိထား သိရှိကြစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်တစ်ယောက် အိပ်စက်ရာတွင် အန္တာရာယ်အရှိဆုံး နေရာတစ်ခုဟာ ဆိုဖာဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်အနေနဲ့ HealthDay News တွင် အခုလ အောက်တိုဘာ ၁၃ ရက်နေ့၊ တင်္နလာနေ့မှာ ဖော်ပြလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်ပေါင်း ၈၀၀၀ နီးပါး ဟာ အိပ်ပျော်နေရင်းသေဆုံးသွားကြပြီး ၎င်း တွင် ၁၂ % လောက်မှာ ဆိုဖာပေါ်တွင် အိပ်ပျော်ခြင်းနဲ့ဆက်စပ်နေတယ်ဆိုတာ သုတေသနသမားတွေမှ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒီကလေးငယ်များတွင် သုံးပုံတစ်ပုံနီးပါးလောက်မှာ မွေးကင်းစကလေးငယ်များဘဲဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။

မွေးကင်းစကလေးငယ်များ အိပ်ပျော်နေရင်း သေဆုံးသွားမှုဟာ ဆိုဖာနဲ့ ဆက်စပ်နေတယ်ဆိုတာက တကယ့်ကို တုန်လှုပ်စရာဖြစ်နေပါတယ်လို့ Kansas မြို့မှ တွဲဖက်စာရေးသူ Dr. Jeffery Colvin ( a pediatrician at Children’s Mercy Hospital) ကပြောဆိုထားပါတယ်။ကျန်းမာနေတဲ့ ကလေးငယ်တစ်ယောက် ဟာ အိပ်ပျော် နေရင်း ဒီလို ရုတ်တရက်သေဆုံးသွားရခြင်း ဟာ တကယ့်ကို ရှင်းပြဖို့အကြောင်းအရင်းမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒါကြောင့် မိမိ တို့ရဲ့ကလေးငယ်တွေကို မိမိတို့ရဲ့ကျောတွင် ပိုးသိပ်ဖို့ မိဘတွေကို တိုက်တွန်းလိုက်တဲ့အခါ အမေရိကန်ပြည်ထောင်စုတွင် ဒီလို ကလေးငယ်တွေ အိပ်ပျော်နေရင်း သေဆုံးသွားမှုနှုန်းဟာ ထက်ဝက်နီးပါးကို လျော့ချသွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ လူကြီးတွေအနေနဲ့ အသက်ရှုဖို့လွယ်ကူတဲ့ပတ်ဝန်းကျင်ဟာ ကလေးငယ်အတွက် အသက်ရှုဖို့ခက်ခဲတဲ့ပတ်ဝန်းကျင်ဖြစ်နေတတ်ပါတယ်။ ကလေးငယ်တွေရဲ့ အဆုတ်ဟာ လူကြီးလိုမဖွဲ့ဖြိုးသေးတဲ့အတွက် အောက်ဆီဂျင်နည်းတဲ့ပတ်ဝန်းကျင်မှာ ရုတ်တရက်အသက်ရှုရပ်ပြီးသေဆုံးသွားနိုင်ပါတယ်။

ကလေးအတွက် အိပ်ခန်းဆိုတာ လေဝင်လေထွက်ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် သီးသန့်ပြုလုပ်ထားတဲ့ အခန်းဖြစ်သင့်ပြီး လူကြီးတွေရဲ့ ဆေးလိပ်ငွေ့၊မီးဖိုခန်းမှညှော်နံ့၊ကားလမ်းပေါ်မှ ဖှုန်နံ့၊အိပ်ဇောနံ့တို့နဲ့ အတတ်နိုင်ဆုံးကင်းဝေးတဲ့နေရာဖြစ်ရပါမယ်။မိဘအများစုနဲ့ ကလေးပြုစုသူတွေ သိထားသင့်တာက မွေးကင်းစကလေးငယ်တစ်ယောက်ရဲ့ အဆုတ်ဟာ လူတွေရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ

" ဖုန်းကြည့်သူအများ ဖုန်းကြည့်လို့ မျက်စိနှာရင် မျက်​စိကိုသက်​သာ​စေမယ့် EasyEyes Pro v2.0.4 APK " (Ko Pauk)

Android OS နှင့် Tablet ကိုင်ဆောင်းထားသော  သူငယ်ချင်းတွေအတွက်  ဖုန်းကို တနေကုန်းကြည့်လို့ မျက်ရည်ကျပြီ  မျက်စီကိုက်တတ်သူများအတွက် ဆောင်ထားသင့်တဲ့  EasyEyes Pro v2.0.4 APK လေးကို တင်ပေးလိုက်ပါတယ်။ဒီကောင်လေးကို  ဖုန်းမှာ အင်စတော့လုပ်ပြီး ဆောင်ထားရင် မျက်စိနှာရောဂါ မဖြစ်ရန် ကာကွယ်ပေးပြီး  တစ်နေကုန်းကြည့် လို့ ကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီ APK ထည့်မှာ လိုချင်သလောက် အကြည်ရောင်ကို ချိန်ပြီး ကြည့်ရှုရမှာ ဖြစ်ပြီ။ကောင်းလားမကောင်းလားဆိုတာကိုတော့ ကိုယ်တိုင်သာ သုံးကြည့်ပေတော့ဗျာ.။
'ဒီကောင်လေးကို  Play Store မှာ  THB 106.68 buy ကျနော်ဆိုဒ်မှာတော့ Free ဒေါင်းရယူနိုင်ပါတယ်၊
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ဗျာ။ Android OSVersion2.3နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာInstallလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot

February 8, 2016

မိုးညှင်းတွင်ပီနံအိတ်ဖြင့် ထုပ်ထားသော လူသေအလောင်းတွေ့ရှိ


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားနယ်မြေရဲစခန်းအပိုင် နမ္မား ကျေးရွာ၏တောင်ဘက် ခြောက်ဖာလုံခန့်အကွာရှိ နန့်ရင်းချောင်း ထဲတွင် ပီနန်အိတ်ဖြင့်ထည့်လျက် လူသေအလောင်း တစ်လောင်းတွေ့ ရှိရသဖြင့် လူသတ်မှုဖြင့်အမှုဖွင့်ခဲ့သော မှုခင်းတစ်ရပ်ဖြစ်ပွားခဲ့သည်။

မင်္ဂလာဒုံ ကျူးကျော်ကိစ္စ ညှိနှိုင်းမှု မပြေလည်


 မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အိမ်ဖျက်ခံပြည်သူများ (သတင်းဓာတ်ပုံ- Credit ဦးဇော်ရမ်း)
 ရန်ကုန်၊ မင်္ဂလာဒုံမှာရှိတဲ့ စံသမာဓိရပ်ကွက်က ကျူးကျော်လို့ဆိုတဲ့နေရာတွေကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ နေအိမ်ဖျက်ဆီးခံရသူတွေထဲက ကိုယ်စားလှယ်တွေကို ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး ဆွေးနွေးပေမဲ့ အဖြေတခုခုမထွက်ခဲ့ပါဘူး။ စနေညနေပိုင်းက အဲဒီနေရာကို လူအုပ်ကြီးနဲ့ အတင်းဝင်ပြီး ဖျက်ဆီးတာကြောင့် တဖက်နဲ့တဖက် ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိပြီးတဲ့နောက် ဒီကနေ့မှာ အခုလို ခေါ်ယူဆွေးနွေးတာပါ။ ဆွေးနွေး ပြောဆိုတာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စံသမာဓိရပ်ကွက်က မအေးမြင့်ကို ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက နန်းလောဝ်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

" စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေက ယောက်ျားကောင်း အမြဲရတတ်တယ်လို့ ဆို "

 
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ဆက်ဆံရေးမှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေးရဲ့ အကြိုက်ကို လိုက်လျော အလျှော့ပေးနေတိုင်း ပြေလည်တာ မဟုတ်ပါဘူး။ သူ့ဆီက ကိုယ်လိုချင်တာကိုသိပြီး ဘယ်လိုရအောင် ယူနိုင်မလဲဆိုတာပေါ်မှာလည်း စိတ်ပျော်ရွှင်မှုက မူတည်ပါတယ်။ လူ့အသိုင်းအ၀ိုင်းရဲ့ ထုံးတမ်းစဉ်လာတော်တော်များများမှာ ယောက်ျားလေးတွေက လွှမ်းမိုးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ နူးညံ့ချိုသာ သင့်တဲ့နေရာမှာ နူးညံ့သင့်ပြီး မာကြောပြတ်သားရမယ့် နေရာမှာ မာကြောပြတ်သားနိုင်မယ်ဆိုရင် မိန်းကလေးတွေရဲ့ ဘ၀က ပိုပြီးသာယာလာမယ် ထင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေ ဖြစ်ရင် ယောက်ျားကောင်း ရတတ်တဲ့ အကြောင်းရင်းများကို ဖော်ပြပေးချင်ပါတယ်။

(၁)သူတို့ရဲ့ ကိုယ်ပိုင်ဘ၀မှာပဲ နေထိုင်ကြပါတယ်။
စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေက ပြတင်းပေါက်ကို ဦးတည်ချက်မဲ့ငေးပြီး ကိုယ့်ဘ၀ကိုကယ်တင်မဲ့ယောက်ျားတစ်ယောက်များ ရောက်လာမလားလို့ မျှော်နေမယ့်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ လုပ်သင့်တဲ့အရာတွေကို လုပ်ရင်း ကိုယ့်နဲ့သင့်တော်မယ့် သူတွေ့လာတဲ့အချိန် ရောက်လာတာကိုစောင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလူမျိုးမတွေ့ခဲ့ဘူးဆိုရင်လည်း ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ကိုယ်ပိုင်ဘ၀ကို တည်ဆောက်ပြီးနေသွားဖို့ ဆုံးဖြတ်ထားတဲ့ သူတွေပါ။

(၂)ယောက်ျားတစ်ယောက်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ထောက်ပြဖို့ တွန့်ဆုတ်နေမယ့်သူ မဟုတ်ပါဘူး။
မိန်းကလေးတစ်ယောက်က သူချစ်တဲ့သူရဲ့ မကောင်းတဲ့အကျင့်တွေကို လိုက်လျောခွင့်ပြုပါများရင် ယောက်ျားတွေက ငြီးငွေ့လာတတ်ပါတယ်။စိတ်ဓာတ်မာကြောတဲ့သူတွေကတော့ မကောင်းတဲ့အကျင့်တွေကို သည်းမခံနိုင်ပါဘူး။ အဲ့ဒီ အကျင့်တွေကို ပြင်ဖို့ပြောမယ်။ သူတို့မပြင်ဘူးဆိုရင်တော့ နောက်ဆက်တွဲအကျိုးဆက်ကို ဘယ်လိုခံစားရမယ်ဆိုတာ သိအောင်ပြတတ်ကြပါတယ်။

(၃)သူတို့ပေးသလောက် ပြန်မရဘူးထင်ရင် တွယ်ကပ်နေမယ့်သူ မဟုတ်ပါဘူး။
ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ သူက ဘယ်အချိန်မှာ လမ်းခွဲရမလဲဆိုတာသိတဲ့သူပါ။ယောက်ျားတစ်ယောက်က အကြိမ်ကြိမ် စိတ်ဆင်းရဲအောင်လုပ်နေပြီဆိုရင် ချစ်တဲ့စိတ်နဲ့ မျက်စိစုံမှိတ်ပြီး အနားမှာဆက်နေမယ့်သူ မဟုတ်ပါဘူး။ အကြောင်းကတော့

" ခန္ဓာကိုယ် အနံ့ဆိုး ကင်းဝေးစေမယ့် လွယ်ကူသော နည်းလမ်းများ "

 
ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းက အရေပြားမှာ အခက်အတွေ့ဆုံး အချက်များထဲက တစ်ခုဖြစ်ပါတယ်။ လူတိုင်း ခန္ဓာကိုယ်အနံ့ဆိုး ထွက်နိုင်ပါတယ်။ အရေပြားကြောင့်ဖြစ်တဲ့ ဒီအနံ့အသက်ဆိုးကို မသိကျိုးကျွန်ပြုလို့ မရပါဘူး။ ဒါကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းတွေရှိပါတယ်။

ရေချိုးပါ
ရေချိုးခြင်းက လူမှုရေး၊ ဓလေ့အရ လိုအပ်ပါတယ်။ ရေချိုးခြင်းကဲ့သို့ ကိုယ်နံ့ပျောက်စေတာ ဘာမှမရှိပါ။ တစ်နေ့ ရေနှစ်ကြိမ် ချိုးပေးခြင်းဖြင့် ချွေးနဲ့ အပေါ်ယံဘက်တီးရီးယားတွေ ဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယား ပိုးသတ်ဆေး ဆပ်ပြာ သို့မဟုတ် ဆေးဖက်ဝင် ဆပ်ပြာတစ်ခုခု အသုံးပြုပါ။

အစားအသောက်ပြောင်းစားပါ
ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ အနံ့စူးရှတဲ့ အစားအစာများက ချွေးတွေထွက်စေပြီး ခန္ဓာကိုယ်အနံ့ဆိုး ဖြစ်ပေါ်စေပါတယ်။ 'ဆာလ်ဖာ' ပါဝင်တဲ့ အသီးအရွက်များကလည်း ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ အာဟာရဗေဒပညာရှင်နဲ့ တိုင်ပင်ပြီး အဲဒီအစားအစာများကို လျော့ချပါ။

ချိုင်းကြား သန့်ရှင်းအောင်ထားပါ
ချိုင်းကြားနေရာက ဘက်တီးရီးယား ရှင်သန်ပေါက်ဖွားရာနေရာတစ်ခု ဖြစ်ပါတယ်။ အနံ့ဆိုးမထွက်စေဖို့ ချိုင်းမွေးကို ပုံမှန်ရိတ်ပေးပါ။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက ရေပြားပေါ် ဘက်တီးရီးယားတွေ လျင်မြန်စွာ ဖြစ်ပေါ်စေပါတယ်။

ရေဓာတ် ကောင်းစွာဖြည့်ပေးပါ
ရေက ခန္ဓာကိုယ်မှ အဆိပ်အတောက်များ တိုက်ထုတ်ပေးတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ရေကို တစ်နေ့ ၈-၁၀ ခွက်နဲ့ အထက် သောက်ပေးပါ။

ပန်းသီးရှာလကာရည် အသုံးပြုပါ
ပန်းသီးရှာလကာရည်ကို အစွမ်းထက် ဘက်တီးရီးယား တိုက်ခိုက်နှိမ်နင်းပေးတဲ့ အရာတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ အရေပြားရဲ့ pH level ကို မျှတအောင် ထိန်းပေးခြင်းဖြင့် ခန္ဓာကိုယ်အနံ့အသက်ဆိုးကို ဖယ်ရှားပေးပါတယ်။ ချိုင်းကြားကို ပွတ်လိမ်း၊ မိနစ်အနည်းငယ်ကြာအောင် ထားပြီးနောက် ရေဖြင့် ပြန်ဆေးချရပါမယ်။ ဒါမှမဟုတ် ပန်းသီးရှာလကာရည် (၁)ခွက်ကို ရေနွေးနဲ့ ရောပြီး အဲဒီထဲ ၅-၆ မိနစ်ကြာ နေ့တိုင်း စိမ်ပေးရပါမယ်။

ရောရောသမမွှေဘက်ကနေ ဒီအချက်လေးတွေ ထပ်ဖြည့်ပေးပါရစေ... 

ဂျိုင်းမွေး ပြောင်အောင် နုတ်ပါ ကျောက်ချဉ် လိမ်းပါ
ချိုင်း (ဂျိုင်း) မွေးကို ပြာ သို့ ထုံးနှင့် နုတ်နုတ်ပေးပါ။ ချိုင်းကြားမှာ ချိုင်းမွေးအုပ်ကြီး ထူနေရင် ကျန်းမာရေးနှင့် မညီညွတ်တဲ့အ
ပြင် ထွက်လာတဲ့ ချွေးတွေက အမွေးတွေမှာ စိုရွှဲနေတတ်ပြီး ချွေးပေါ်ချွေး ဆွတ်ထားသလိုဖြစ်နေပြီး သွားလေရာနံတတ်ပါ
တယ်။ ချိုင်းမွေးကို ဂြုတ်(ဘလိတ်ဓါး)နှင့် ရိတ်မယ်ဆိုရင် ဂျိုင်းသားတွေဟာ မဲသွားတတ်ပါတယ်။ ရှေးလူကြီးသူမတွေက
ရေမချိုးခင်အလျှင် ဂျိုင်းကို အမွေးနုတ်ပြီး ထုံးရည်ကြည်လေး ပွတ်ပွတ်ပေးဖို့ ပြောပါတယ်။ နာရီဝက် တနာရီလောက်ကြာ
တဲ့အခါ ရေသန့်စင်အောင် ဆေးကြောပစ်ရပါတယ်။  ရေးဆေးပြီးနောက် (သို့) ရေချိုးပြီးနောက် မှုန့်ညှက်နေအောင် ကြိတ်

" အမလေးတော်...လိမ်ပဲ လိမ်နိုင်ကြတဲ့ အင်တာနက်က အလိမ်ဇာတ်တွေ "

 
 ပြီးခဲ့သည့် ၂၀၁၅ သည် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတု၊ ဗီဒီယိုတု၊ ဓာတ်ပုံတုတွေ ပလူပျံခဲ့သော နှစ်ဟုဆိုလျှင်မမှား။
          လူအများအာရုံကို ချူယူဖို့ တမင်ဖန်တီးခဲ့ကြသည့် အတုများ။ အထူးသဖြင့် လူအများ စိတ်ဝင်စားသည့် သတင်းများနဲ့ ပတ်သက်ပြီး ထွက်လာသော အတုများ။ စာဖတ်သူရော ၂၀၁၅ တစ်နှစ်တာ အတွင်း အောက်တွင် ဖော်ပြမည့် သတင်းတု၊ ဗီဒီယိုတု၊ ဓာတ်ပုံတုများနဲ့ တိုးခဲ့ဖူးပါသလား။

နီပေါ ငလျင် ကာလတုန်းက သနားစဖွယ် ဓာတ်ပုံ
          ၂၀၁၅ ဧပြီလက နီပေါငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပိုင်း အတွင်းမှာပင် ရင်ကိုထိသော ဓာတ်ပုံလေး တစ်ပုံ ဆိုရှယ် မီဒီယာများပေါ်မှာ ပျံ့ခဲ့သည်။ ဓာတ်ပုံက အတုတော့ မဟုတ်။ သို့သော် နေရာလွဲနေသော အစစ်ဖြစ်နေ၏။
          'နီပေါငလျင်တွင် နှစ်နှစ်အရွယ် ညီမငယ်ကို ကာကွယ် ပေးနေသော လေးနှစ်သား အစ်ကို' ဟူ၍ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသဖြင့် ဆိုရှယ် မီဒီယာပေါ်မှာ ပလူပျံနေအောင် ရှယ်ယာ လုပ်ခဲ့ကြသော ပုံလေး ဖြစ်သည်။
          သို့သော် ထိုပုံသည် ၂၀၀၇ ခုနှစ်က ဗီယက်နမ် ကျေးလက်ဒေသ တစ်ခုတွင် ရိုက်ထားသောပုံ ဖြစ်နေသည်။
          ''ကျွန်တော် ရိုက်ခဲ့သမျှ ပုံတွေထဲမှာ ရှယ်ယာ လုပ်ခံရဆုံး ပုံလေးလို့တောင် ဆိုရမယ်။ဆိုးတာက နေရာလွဲနေတာပဲ'' ဟု မူရင်း ဓာတ်ပုံဆရာ နာဆန်ငူယန်က ပြောသည်။

နီပေါငလျင် လှုပ်စဉ် ရေကူးကန် ဗီဒီယို
          နီပေါငလျင် လှုပ်ပြီး မကြာခင်မှာပင် ယူကျုနှင့် ဖေ့စ်ဘွတ်ခ်ပေါ် လုံခြုံရေး ကင်မရာ ဗီဒီယိုဖိုင် တက်လာသည်။ ဗီဒီယိုထဲတွင် ခတ္တမန္ဒမြို့ ဟိုတယ် ရေကူးကန် လုံခြုံရေး ကင်မရာက ရိုက်ထားသည် ဟူသော ရုပ်သံမြင်ကွင်းပါသည်။ ငလျင်ကြောင့် ရေကူးကန် အတွင်းရှိရေများ ဘောင်ဘင်ခတ်နေပုံကို မြင်ရသည်။
          ထိုဗီဒီယိုကြောင့်လည်း နီပေါငလျင် အားပြင်းလှချည့်ဟု ကမ္ဘာတစ်ဝန်းက ထိတ်လန့်ခဲ့ကြသည်။ သို့သော် တကယ်တမ်းမှာကား ထိုဗီဒီယိုသည် ၂၀၁၀ ပြည့်နှစ်က မက္ကစီကိုတွင် ငလျင်လှုပ်စဉ်က ရိုက်ထားသော ဗီဒီယို ဖြစ်နေသည်။
          ''ဘယ်နေရာမှာ ဖြစ်ဖြစ် ငလျင် ခပ်ကြီးကြီးလေး လှုပ်လိုက်ပြီ ဆိုမှဖြင့် အဲဒီ ဗီဒီယိုကို ပြန်ဆွဲထုတ်ပြီး လှုပ်တဲ့ ဒေသ နာမည်တပ်ပြီး တင်ကြပြန်တာပဲ'' ဟု ယူကျုသုံးသူ တစ်ယောက်က ပြောသည်။
          နောက်ထပ် တိုက်ပြို ဗီဒီယိုများ တက်လာရာတွင်လည်း အချို့သည် အီဂျစ်က မြင်ကွင်းတွေ ဖြစ်နေပြန်သည်။

ဥရောပသွား ခရီးစဉ်ကို ဓာတ်ပုံ မှတ်တမ်းတင်ပြီး ဆိုရှယ် မီဒီယာတင်သူ ဒုက္ခသည် 
          ၂၀၁၅ နွေကာလက ဆီနီဂေါကနေ စပိန်ကို ပြောင်းရွှေ့ခိုလှုံသူ အမျိုးသား တစ်ဦးက သူ့ခရီးစဉ် တောက်လျှောက် မြင်ကွင်းများကို ဓာတ်ပုံရိုက်ကာ အင်စတာဂရမ် ဆိုရှယ်မီဒီယာသို့ တင်ခဲ့ရာ ကမ္ဘာတစ်ဝန်းက သဘောကျခဲ့ကြသည်။
           အဒူဒီယော့ဖ်သည် ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် နေထိုင်သူဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သိရသည်မှာ အဒူဒီယော့ဖ်ဟူသည် တကယ့်ဒုက္ခသည် မဟုတ်ဘဲ စပိန်မြောက်ပိုင်းတွင် ကျင်းပမည့် ဓာတ်ပုံပွဲတော် အတွက် ဆွဲဆောင်ရေး အစီအစဉ် တစ်ရပ်အဖြစ် ဖန်တီးထားကြခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။

အကြမ်းဖက်သမား ခိုလှုံသူတဲ့လား
          ၂၀၁၅ နှောင်းပိုင်း ဥရောပ ခိုလှုံသူ အကျပ်အတည်း ကာလအတွင်း ခိုလှုံသူများ၏ နောက်ခံ ရာဇ၀င်ဆိုင်ရာ 'ယခင်နှင့် ယခု' ဓာတ်ပုံများလည်း ဖေ့စ်ဘွတ်ခ်မှာ ပလူပျံခဲ့သည်။
          ''ဒီလူကို မှတ်မိလား။ မနှစ်က IS အကြမ်းဖက်သမား ၀တ်စုံနဲ့ပေါ့။ ခုတော့ ခိုလှုံသူဆိုပြီး ဥရောပ ရောက်နေတယ်လေ'' ဟု အမျိုးသား တစ်ယောက်၏ 'ယခင်နှင့် ယခု' ဓာတ်ပုံကို ဆိုရှယ် မီဒီယာပေါ်မှာ တွေ့ရသည်။
            ဓာတ်ပုံထဲတွင် ပါသူမှာ လိုက်အယ်လ်-ဆာလက်ဟ် ဆိုသူဖြစ်ပြီး၊ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-

" ကမ္ဘာကို ကြီးစိုးလာသော တောင်ကိုရီးယား “K-beauty” အလှကုန်များ "

 
  ကမ္ဘာ့အမျိုးသမီးများထဲတွင် တောင်ကိုရီးယား အမျိုးသမီးတို့သည် အလှကုန် အတွက် ငွေအသုံးဆုံးဖြစ်၏။ ခရုအညစ်အကြေး
ဆီနဲ့ လုပ်ထားသည့် ကိုရီးယား မျက်နှာလိမ်းခရင်မ် မကြားဖူးဘူး ဆိုပါက စာဖတ်သူသည် ခေတ်နောက်ကျနေပြီ။ စာဖတ်သူ
သည် အမျိုးသမီးတစ်ဦး ဆိုပါက တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါလောက် ဖြစ်ဖြစ် ကိုရီးယားက လာသည့် ပင်လယ်ရေ
ညှိ မျက်နှာပေါင်းတင်ချပ်နဲ့ အိမ်မှာ ကိုယ့်ဖာသာ ပေါင်းမတင်ဖူးပါကလည်း အမျိုးသမီးများကြားမှာ ခေတ်နောက်ကျသော အမျိုး
သမီး ဖြစ်နေနိုင်သည်။ ကမ္ဘာ့ဈေးကွက်ထဲ တိုးဝင်လာသည့် ကိုရီးယား အလှကုန်များထဲတွင် အထက်ပါ အလှကုန်နှစ်မျိုးသည် တပ်ဦးက ချီတက်လာနေသည်။
          တောင်ကိုရီးယားသူ တောင်ကိုရီးယားသား တို့သည် အလှကုန်ကို စုံမက်ရာတွင် ထိပ်ဆုံး၌ ရှိသူများလည်း ဖြစ်သည်။
 တောင်ကိုရီးယားသူ တစ်ဦးသည် အမေရိကန်သူ တစ်ဦးထက် အလှကုန် အတွက် ငွေနှစ်ဆလောက် ပိုသုံးနေကြသည်။
 တောင်ကိုရီးယားသား များသည်လည်း ကမ္ဘာ့အမျိုးသားများထဲတွင် အလှကုန် အတွက် ငွေအသုံးဆုံးသူများ အဖြစ် စံချိန်တင်
နေသည်။
          အလှကုန် စုံမက်သူများ ဖြစ်သည်နှင့်အညီ အလှကုန်လုပ်ငန်း၊ အသားအရေ ထိန်းသိမ်းရေးပစ္စည်း လုပ်ငန်း သုတေသန
နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကလည်း တောင်ကိုရီးယားမှာ အလွန်အားကောင်း ဖွံ့ဖြိုးသည်။ တောင်ကိုရီးယား အလှကုန် ပို့ကုန်
လုပ်ငန်းကလည်း တစ်နှစ်ပြီး တစ်နှစ် တိုးသထက် တိုးလာသည်။
          ၂၀၁၅ ခုနှစ်တွင် အလှကုန်ပို့ကုန် တန်ဖိုး ဒေါ်လာသန်း (၂၆၄၀) ဖိုးထိ ရှိသည်။ ၂၀၁၂တုန်းက ဒေါ်လာသန်းတစ်
ထောင်ဖိုး၊ ၂၀၁၄ တုန်းက ဒေါ်လာသန်း (၁၉၁၀) ဖိုးရှိခဲ့သည်။ တောင်ကိုရီးယား အလှကုန်များကို နိုင်ငံတကာ ဈေးကွက်တွင် “K-beauty” ဟု လူသိများသည်။
           ကေပေါ့ အဆိုတော် အဖွဲ့များကို ခေါ်ဝေါ်သည့် နာမည်နှင့် ခပ်ဆင်ဆင် ဖြစ်သည်။ တောင်ကိုရီးယားသည်အမေရိကန်
သို့ အလှကုန် အများဆုံး တင်ပို့နေရသည်။ အမေရိကန်တွင် နေထိုင်သည့် ကိုရီးယား နွယ်ဖွားများက အမေရိကန်မြေတွင် ကိုရီး
ယား အလှကုန် ဖြန့်ချိသည့် လုပ်ငန်းများ အဓိက လုပ်ကိုင်နေကြသည်။

အရှေ့အနောက် အားပြိုင်မှု
          နယူးယောက်မြို့ ကိုရီးယားတန်း (တရုတ်တန်းကဲ့သို့) ထဲက ကိုရီးယား အလှပြင်ဆိုင်ကို အတူဖွင့်လှစ်ထားကြသည့် အသက် (၃၄) နှစ် အရွယ် ခရစ္စတင်းချန်နှင့် အသက် (၃၅) နှစ် အရွယ် ဆာရာလီ တို့သည် အမေရိကန်မြေတွင် ကိုရီးယား အလှကုန်များ ကျယ်ပြန့်လာစေသူများထဲ၌ ပါဝင်သည်။
          အလှပြင်ဆိုင် ဧည့်ခန်းထဲတွင် မစ္စလီသည် အဖြူရောင် ကြည်ကြည် နုနု မှိုတစ်မျိုး၏ပုံကို ကိုင်ကာ ထိုမှိုသည် အသား
အရေကို စိုပြေစေနိုင်စွမ်းရှိပုံကို ရှင်းပြနေသည်။ မစ္စလီ ရှင်းပြနေသည်များကို အလှအပရေးရာ မဂ္ဂဇင်းများမှ အယ်ဒီတာများ၊ သတင်းသမားများက စိတ်ဝင်တစား နားထောင်ကာ မှတ်စုတွေ လိုက်ရေးနေသည်။
            မစ္စလီနှင့် မစ္စချန်တို့သည် အမေရိကန်ကပြား ကိုရီးယားနွယ်ဖွားများ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကသူတို့နှစ်ဦး

" လူသားထု ပျက်သုဉ်းအောင် ခြိမ်းခြောက်နေသော အန္တရာယ်ကြီး (၇) သွယ် "

 
ကမ္ဘာကြီး ပျက်သုဉ်းမည့်နေ့ကို သိပ္ပံဝတ္ထုများထဲတွင် အမျိုးမျိုး ပုံဖော်ခဲ့ကြသည်။ ယခုအခါ သိပ္ပံပညာရှင်များက စိတ်ကူးနှင့် မဟုတ်ဘဲ တကယ့် လက်တွေ့ အချက်အလက်များပေါ် မူတည်ကာ လူသားထု ပျက်သုဉ်း သွားစေနိုင်သည့် အန္တရာယ်ကြီး ခုနစ်သွယ်ကို တင်ပြလိုက်သည်။
          ကမ္ဘာကြီးကို ဥက္ကာပျံခဲ ၀င်တိုက်ခြင်း၊ ကူးစက်နှုန်း အလွန်မြန်သော ကပ်ရောဂါကြီးမျိုး ဖြစ်ပွားခြင်း စသော အချက်များ ပါဝင်သည်။ မဟာမီးတောင်ကြီး ပေါက်ကွဲမှုကြောင့်လည်း လူသားထု ပျက်သုဉ်း သွားနိုင်သည်ဟု သုတေသီတို့က ဆိုလိုက်သည်။ သိပ္ပံပညာရှင်တို့၏ ခန့်မှန်းချက်များကို How It work မဂ္ဂဇင်းက စုစည်းတင်ပြလိုက်ခြင်း ဖြစ်သည်။

မဟာမီးတောင် ပေါက်ကွဲမှု
          ကျောက်ခဲနှင့် မီးခိုးမှုန်(၂၄၀) ကုဗမိုင်နှင့် အထက် လေထဲ မှုတ်ထုတ်နိုင်စွမ်း ရှိသော အကြီးစား မီးတောင်ပေါက်ကွဲမှုမျိုးကို မဟာမီး တောင်ပေါက်ကွဲမှုဟု ခေါ်တွင်သည်။ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ သမိုင်း၌ ဖျက်ဆီးမှု အပြင်းဆုံး စိန့်ဟယ်လင် မီးတောင် ပေါက်ကွဲမှုထက် အဆတစ်ထောင်ကျော် ပိုပြင်းထန်လိမ့်မည်။
          ယနေ့ မျက်မှောက် သိပ္ပံပညာရှင်များ အနေဖြင့် မဟာမီးတောင် ပေါက်ကွဲမှုမျိုးကို မကြုံဖူးကြသော်လည်း သမိုင်း အချက်အလက်များကို ပြန်ကောက်ခြင်းဖြင့် မဟာမီးတောင် ပေါက်ကွဲမှု အကြောင်းကို ကောင်းကောင်း သိထားကြပြီး ဖြစ်သည်။ မဟာမီးတောင် ပေါက်ကွဲမှုကြောင့် ချော်ရည် မီးခိုးမှုန်၊ ကျောက်ခဲများသည် မီးတောင်ဝန်းကျင် တစ်ဝိုက် ဥရောပ တစ်တိုက်စာလောက် ကျယ်သော မြေနေရာ အတွင်းသို့ ကျရောက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
           မဟာမီးတောင် ပေါက်ကွဲနေစဉ် အတွင်း မီးခိုးမှုန်များသည် အာကာသ အစွန်ထိ ရောက်ရှိနိုင်သည်။ ဆာလဖာဓာတ် များပြားသော မီးခိုးမှုန်များသည် ကမ္ဘာ့လေထုလွှာထဲတွင် နှစ်ပေါင်း များစွာကြာအောင် ဖုံးလွှမ်းနေကာ ကမ္ဘာ့ရာသီဥတုကို ဖောက်ပြန်စေလိမ့်မည်။ မီးခိုးများအုပ်ကာ နေရောင် မ၀င်နိုင်သဖြင့် မြေပြင်အပူချိန် ထိုးကျကာ စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးပြီး စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပွားလာမည်။
           အဆိုးဆုံး အခြေအနေ ဆိုပါက ရေခဲခေတ် ပုံစံမျိုးထိ ရောက်သွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ကံကောင်းသည့် တစ်ချက်မှာ မဟာမီးတောင် ပေါက်ကွဲမှုမျိုးသည် အလွန်ရှားပါးပြီး အနီးစပ်ဆုံး အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၂၇၀၀၀) အချိန်က လက်ရှိ နယူးဇီလန် နိုင်ငံနေရာတွင်သာ ပေါက်ကွဲခဲ့ဖူးသည်။

နျူကလီးယား ဆောင်းရာသီ
          မြို့ပြများကို စက္ကန့်ပိုင်း အတွင်း ပြားချပ်သွားစေနိုင်သော နျူကလီးယားဗုံးများသည် လူသားတို့ တီထွင်ထားသမျှထဲတွင် ဖျက်အား အပြင်းဆုံး ဖြစ်သည်။ နျူကလီးယား ဗုံးကွဲစဉ်မှာ ချက်ချင်း သေသွားသူများက ပိုကံကောင်းလိမ့်ဦးမည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။ နောက်ဆက်တွဲ ဆိုးကျိုးများက ပိုပြင်းထန်သောကြောင့်တည်း။
             နျူကလီးယားဗုံး ပေါက်ကွဲပြီးနောက် စထရာတိုစပီးယား လေထုလွှာထဲတွင် မီးခိုးများ လှည့်ပတ် အုပ်ဆိုင်းနေနိုင်ပြီး နေရောင်မြေပြင် မရောက်သဖြင့် နျူကလီးယား ဆောင်းရာသီ ပေါ်ပေါက်လာလိမ့်မည်။ အဆိုးဆုံး အနေအထားမျိုးတွင် နေရောင် (၉၉) ရာခိုင်နှုန်းထိ ကမ္ဘာမြေပေါ် မကျရောက်နိုင်ဘဲ ဖြစ်နိုင်သည်။
            ထိုအခါ အပင်များ နေရောင်ဖြင့် အစာချက်ခြင်း ဖြစ်စဉ် ကမောက်ကမ ဖြစ်ကာ နျူးကလီးယား ဆောင်းရာသီ သက်ရောက်ရာ ဒေသများတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပွားလာလိမ့်မည်။ မြေပြင် အပူချိန်သည်လည်း နေရောင်မရသဖြင့် ထိုးကျကာ အာတိတ် ရာသီဥတုမျိုး ဖြစ်ပွားလာလိမ့်မည်။ အပင်၊ တိရစ္ဆာန်နှင့်

" ကြောက်စရာ ပြသာဒါးရက် (သို့) Friday 13 ၁၃ သောကြာ" ( Ko Pauk )

Friday 13 ဟာ ဆိုရင် အနောက်နိုင်ငံတွေက
လူတွေသိပ်ကြောက်တဲ့
ရက် ဖြစ်ပါတယ်
နောက်ခံသမိုင်းတိတိပပမရှိသော်လည်း
၁၄ ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ
အခုဆိုရင် အာရှမှာပါ
ပျံနှံ့စွဲမြဲလို့လာခဲ့ပါပြ

၁၃ ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး
၎င်းကို ၁၃ ကြောက်ရောဂါ
Triskaidekaphobia လို့ ခေါ်ပါတယ်
သောကြာနေ့နဲ့ပါတွဲကြောက်နေပြီ ဆိုရင်တော့
Friggatriskaidekaphobia လို့ ခေါ်ပါတယ်
ဘာလို့ကြောက်ကြသလဲ
ဘာလို့ရှောင်ကြသလဲ
?????
သမိုင်းကြောင်းတွေရှိပါတယ်

၁။ ။ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်

၁။ ။ဂရိဒဏ္ဏာရီမှာ ဇူးစ် အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သားအငယ်ဆုံး ပေါ်လာပြီး
သူ့အဖေအပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေကျစေပြီး သတ်ပစ်ခဲ့ပါတယ်
Gamer တွေဆိုသိမှာပါ နာမည်ကျော် God of War Game ထဲက ဇာတ်ကောင် Krato ဟာ ယင်းကို အခြေခံထားတာဖြစ်ပါတယ်

၃။ ။နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုအသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်

၎။ ။ရိုးရာအရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်

၅။ ။ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်

၆။ ။၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့

February 7, 2016

" မြန်ချက် ကျွမ်းချက်က သူတို့ကို မီနိုင်ပါ့မလားတော်ရေ ..ဟောဒီက ဗီဒီယိုလေးကိုသာ ကြည့်လိုက်ပါတော့ "

15 mins of Fast and Skilled Workers  ၁၅မိနစ်စာ  အမြန်ဆုံး အကျွမ်းကျင်ဆုံးသော အလုပ်သမားများ..

မူရင်းလင့်တွင် ကြည့်လိုပါက...  ယူတျူဗ်..
https://youtu.be/C_NiV2YD_sA

paratha (ပလာတာ) လုပ်နေတာ ကျွမ်းချက်က ....ဂွေပစ်တမ်း ကစားနေသလိုပဲ..ဟိဟိ..

" ကိုယ့်မိန်းကလေးအကြောင်း ဘယ်လောက်သိလဲ စစ်ကြည့်ရအောင် ..."

 
လမ်းခွဲ ပြတ်စဲခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ရပ်ကတော့ ကိုယ့်လက်တွဲဖော် အကြောင်းကို နားလည်နိုင်စွမ်း မရှိလို့ပါ။ သူတို့ရဲ့ လိုအပ်ချက်တွေ ၊ကြိုက်တာတွေ ၊ မကြိုက်တာတွေကို နားလည်ရင် သူတို့ကို ပျော်ရွှင်အောင်ထားနိုင်ဖို့ မခဲယဉ်းပါဘူး။ ဒီတော့ ကိုယ့်မိန်းကလေးရဲ့ စိတ်နေသဘောထားကို ဖြည့်ဆည်းနိုင်ဖို့ သူ့အကြောင်း ဘယ်လောက်သိလဲ စစ်ကြည့်နိုင်ပါတယ်။

၁) စိတ်ဆိုးပေါက်ကွဲနေပြီး ဒေါသထွက်နေတဲ့ အရိပ်အယောင်ကို မြင်နေရတယ်ဆိုရင် ဘာကြောင့် ဖြစ်နိုင်သလဲ။

က။ အတူနေချင်လို့

ခ။ရာသီလာနေတဲ့ အချိန်ဖြစ်လို့

ဂ။အလုပ်မှာ စိတ်ဖိစီးမှု များလို့

၂)သီချင်းတစ်ပုဒ်ကို ညည်းနေပြီး စိတ်ကြည်လင်နေပုံပေါက်တယ်ဆိုရင် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ။

က။အလုပ်ပြီးရင် သူငယ်ချင်းတွေနဲ့ ပျော်ကြမှာ ဖြစ်လို့

ခ။အလုပ်မှာ အခွင့်အလမ်းရှိတဲ့ တာဝန်ပေးခံရလို့

ဂ။ဈေးဝယ်ထွက်မှာဖြစ်လို့

၃)ရုတ်တရက် ယောဂ သင်တန်းတက်ဖို့ စာရင်းပေးရတဲ့ အကြောင်းရင်းက ဘာလဲ။

က။သူ့ ခန္ဓာကိုယ်ကို အမြဲ ဂရုစိုက်တတ်လို့

" ဥာဏ်ရည် တိုးတက်စေဖို့ ဘယ်လို လေ့ကျင့်ယူမလဲ "

ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ချင်ပါသလား ? ကျွန်တော်တို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာ မွေးဖွားလာရကနေ အခုအချိန်အထိ တသမတ်ထဲရှိနေတာ မဟုတ်ပါဘူး။ လေ့လာသင်ယူမှု အသစ်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပြီး ဉာဏ်ရည်ဉာဏ်သွေးကို ထူးချွန်ထက်မြက်လာအောင် လေ့ကျင့်ယူလို့ ရပါတယ်။ သင့်ရဲ့ဉာဏ်ရည်ကို တိုးတက်စေပြီး ထူးချွန်ထက်မြက်လာစေမယ့် နည်းလမ်း()ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဂီတတူရိယာတစ်ခုခု တီးမှုတ်ပါ
တူရိယာတစ်ခုခုကို တီးမှုတ်ခြင်းအားဖြင့် သင့်ရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်း၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်း၊ ဘာသာစကား၊ သင်္ချာစွမ်းရည်နဲ့ ကြွက်သားငယ်ဖွံ့ဖြိုးမှုတိုးကို အထောက်အကူဖြစ်စေပါတယ်။ ဂီတတူရီယာတွေ တီးမှုတ်နေချိန်မှာ ဦးနှောက်အတွင်း မှတ်ဉာဏ်ဆိုင်ရာ ဆက်သွယ်မှုအသစ်တွေ ဖြစ်ပေါ်လာတဲ့အတွက် အသက်အရွယ်ဘယ်လောက်ပဲ ကြီးကြီး မှတ်ဉာဏ်စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ စွမ်းရည်းတွေ အမြဲတိုးတက်ကောင်းမွန်နေစေမှာဖြစ်ပါတယ်။
၂။ စာများများဖတ်ပါ။
ဝတ္ထု၊ ဆောင်းပါး၊ သတင်းစသဖြင့် ဘယ်လိုစာအမျိုးအစားပဲဖြစ်ဖြစ် စာများများဖတ်လို့ ရရှိမယ့် အကျိုးကျေးဇူးကတော့ အတူတူပါပဲ။ စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သလို ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တိုးတက်စေပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်လာစေနိုင်ပြီး နေ့စဉ်ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသူတွေရဲ့ခံစားချက်တွေကို ဝေမျှခံစားတတ်လာစေပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အလုပ်ကို ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်လာနိုင်ပြီး စီမံခန့်ခွဲမှုစွမ်းရည် ပိုကောင်းလာမှာဖြစ်ပါတယ်။
၃။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်တာက အပြင်းအထန်လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာထက် ပိုထိရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်နေချိန်မှာ သင့်ရဲ့မှတ်ဉာဏ်၊ လေ့လာသင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့

" မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် "


 Thu, 02/04/2016 - 10:22
ကိုစောခွားဖိုးနှင့်အတူ မိခင်ဖြစ်သူ နေထိုင်ရန်အတွက် ဆောက်လုပ်နေဆဲ ရွှံ့မြေအိမ်အား ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၂၀ ရပ်ကွက် မြို့ကြီးရပ်၊ သဲပုံဆိပ် စစ်တောင်းမြစ်ကမ်းနားနေတွင် နေထိုင်သည့် ကရင်တိုင်းရင်းသား တစ်ဦးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်လင့်ချက်ဖြင့် မြေကြီးကိုသာ အဓိကအသုံးပြု ဆောက်လုပ်သောအိမ်ဖြင့် နေထိုင်လျှက်ရှိပြီး မိခင်ဖြစ်သူ နေထိုင်ရန် လူနေအိမ် တစ်လုံးအား ထပ်မံဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ လင်မယား လက်ရှိနေတဲ့ အိမ်ကလည်း ခြံထဲက မြေကြီးတူးပြီးမှ အဲဒီကရတဲ့ ရွှံ့မြေတွေနဲ့ ဆောက်တာပဲ၊ အဓိကကတော့ ငွေလည်းမကုန်တော့ဘူးပေါ့နော်၊ သစ်လည်း မခုတ်ရတော့ဘူး၊ ၀ါးလည်းမခုတ်ရတော့ဘူး၊ သစ်တောသစ်ပင်တွေလည်း မပြုန်းတီးတော့ဘူးပေါ့၊ ကျွန်တော်အခုလို ဆောက်တာလည်း ကျွန်တော့်အိမ်ထဲက မြေကြီးကို တူးပြီးတော့မှ အဲဒီမြေကြီးနဲ့ပဲ ပြန်ဆောက်တာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်၊ ပတ်ဝန်းကျင်လည်း မထိခိုက်ဘူး၊ မြေကြီးကို အသုံးပြုပြီးတော့မှ စပါးခွံရယ်၊ ကောက်ရိုးရယ် အဲဒါကိုပဲ အဓိကရောပြီး လုပ်တာပါ၊ အသုံးပြုတဲ့ ဟာတွေကလည်း လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာလည်း မရှိပါဘူး၊ ကျန်မာရေး အရလည်း ထိခိုက်မှု မရှိပါဘူး" ဟု ရွှံ့မြေကြီးဖြင့်အိမ် ဆောက်နေသူ ကိုစောခွားဖိုးက ပြောကြားသည်။
အဆိုပါ မြေကြီးဖြင့် ဖန်တီးဆောက်လုပ်သောအိမ်အား ကိုစောခွားဖိုး ၄၁ နှစ် (ဘ) ဦးစောဘီးဘီလူးမှ ဆောက်လုပ်ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ မနော်လဲစေနုနှင့်အတူ လက်ရှိနေထိုင်လျှက်ရှိသော အိမ်မှာလည်း မြေကြီးဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။ ယခုဆောက်လုပ်နေသည့်အိမ်မှာ မိခင်ဖြစ်သူအား ပေးနေရန် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ မြေကြီးဖြင့် ဆောက်ထားသောအိမ်မှာ မိုးရေဒဏ်မှလွဲ၍ အခြားသဘာဝဘေး အန္တရာယ်များအား ပုံမှန်အိမ်များကဲ့သို့ ကာကွယ်မှု ပေးနိုင်ကြောင်း၊ နွေရာသီကာလတွင် အပူဒဏ် ကျရောက်ခြင်းမှ သက်သာစေကြောင်း ကိုစောခွားဖိုးမှ ပြောကြားသည်။
"ရောင်စုံပုလင်းတွေကို အလှဆင်တယ်၊ ပြတင်းတံခါးတွေကို အဟောင်းတွေဝယ်ပြီး ပြန်ဆင်တယ်၊ မြေကြီးကို အုတ်ခဲပုံစံ ပုံဖော်ရတာပေါ့၊ ၈ လက်မ ၁၆ လက်မပုံစံအရွယ် မြေခဲလုပ်ပြီးမှ နေလှန်းရတာ၊ အဲဒါခြောက်အောင် သုံးရက်လောက် နေလှန်းရတယ်၊ သူကလုံးဝခြောက်မှ ခိုင်တာလေ၊ အဲလိုမခြောက်ပဲ အထဲက စိုနေသေးရင် စိတ်မချရဘူး၊ နောက်ထပ်ကျွန်တော့် ဒီအိမ်ဆောက်တာ တစ်လလောက်တော့ ရှိပါပြီ၊ အချင်းက ပေ ၂၀၊ အမြင့်က ၉ ပေရှိပါတယ်၊ အိမ်ဆောက်ပြီးရင်လည်း ခိုင်ခန့်မှုရှိအောင် ရွှံ့မြေတွေနဲ့ လိုက်ပြီးတော့ အုပ်ရတာပေါ့၊ ကျွန်တော်တို့ ရွှံ့မြေနဲ့ဆောက်ထားတဲ့အိမ်က နွေရာသီဆိုရင် ပန်ကာတောင် မလိုပါဘူး၊ သူ့သဘာဝအတိုင်း အေးနေတာပဲ၊ အပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင်တယ်" ဟု ကိုစောခွားဖိုးက ဆက်လက်ရှင်းပြသည်။
အဆိုပါ သဘာဝရွှံ့မြေဖြင့် ဆောက်လုပ်သောအိမ်မှာ မြင်တွေ့ရခဲသော်လည်း မြန်မာနိုင်ငံအနှံ့ မှော်ဘီ၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကချင်၊ မကွေးတိုင်းဒေသ အချို့တို့တွင် ဆောက်လုပ်နေထိုင်မှုများ ရှိကြောင်း၊ ရွှံ့မြေဖြင့် ဆောက်လုပ်သော

ထိုင်ဝမ်တွင် ငလျင် လှုပ် ၊ အဆောက်အဦးများ ပြို ကျပြီး ၊ ၃ ဦးကွယ်လွန်











ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၆ ။

ထိုင်ဝမ်နိုင်ငံ တောင်ပိုင်း မြို့တော် တိုင်နန်း ( Tainan) တွင် ယနေ့ (ဖေဖော်ဝါရီ ၆ ) နံနက် အစောပိုင်း ( လူအများအိပ်ပျော်နေချိန်)က အင်အား ၆. ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ၊ အဆောက် အဦး အများ အပြားလည်း ပြိုကျက်စီးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း BBC သတင်းတွင်ဖော်ပြသည်။
နောက်ဆက်သွယ် ငလျင်များလှုပ်ခတ်လာမည်ကို လည်းဒေသခံများက စိုးရိမ်နေကြောင်း BBC သတင်းတွင်ဖော်ပြသည်။

Subscribe

လာလည်သူများ

free counters