♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 13, 2016

" ထိုင်ဝမ်ငလျင်ကြားက ခိုင်မြဲတဲ့ ချစ်ခြင်းတရား "

 
လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ထိုင်ဝမ်ငလျင်မှာ ချစ်ခြင်းတရားကတော့ သေဆုံးမသွားခဲ့ပါဘူး။ ဖေဖော်ဝါရီ ၆ ရက်နေ့က
ထိုင်ဝမ်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရသလို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလည်း
ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေရဆဲပါ။

ရှာဖွေရင်းနဲ့ တွေ့ရှိလိုက်ရတဲ့ အလောင်းနှစ်လောင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေမှာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အပျက်အစီးတွေအောက်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားရင်း နောက်ဆုံးအချိန်
ကိုကုန်ဆုံးသွားကြတာဖြစ်ပါတယ်။

ငလျင်ကြောင့် အမိုးပြိုကျလာချိန်မှာ ကောင်လေးဟာ သူ့ရဲ့ချစ်သူကို ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်ပြီး ချစ်ရသူ မထိခိုက်
ရအောင်ကာကွယ်ပေးခဲ့ဟန်တူပါတယ်။ ဘယ်လောက်တောင် တင်းတင်းကျပ်ကျပ် ပွေ့ထားသလဲဆိုရင် အလောင်းနှစ်ခုကို
ခွာပစ်ဖို့ အတော်လေး အားစိုက်ခဲ့ရတဲ့အထိပါပဲ။

 
သေဆုံးသူစုံတွဲရဲ့နာမည်တွေက Cai Meng နဲ့ Haung Ruoxin တို့ဖြစ်ပြီး နှစ်ဦးလုံးက Kun Shan တက္ကသိုလ်မှာ ပညာသင်ကြားနေကြသူတွေဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုပေးထားပါတယ်။

 

Credit: ဖိုးသူတော် (http://www.phothutaw.com/2016/02/blog-post_380.html)
Credit: Duwun 

No comments:

Subscribe

လာလည်သူများ

free counters