♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 25, 2016

ဝှေးစေ့ဖြတ်မိလို့ ဆရာဝန် အလုပ်ပြုတ်

         
                                                             
                                                                                  ဝှေးစေ့ မှားဖြတ်တာ လူနာ အသိမပေးခဲ့
 ဗြိတိန်မှာ အမျိုးသား လူနာတယောက်ရဲ့ ဝှေးစေ့ကို မှားယွင်း ဖြတ်တောက်မိတဲ့ ခွဲစိတ် ဆရာဝန် တယောက်ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်တုန်းက ဘက်ကင်ဟမ် ရှိုင်းယားနယ်က ချီလ်တန် ပုဂ္ဂလိက ဆေးရုံမှာ ဒီကိစ္စ ဖြစ်ပွားခဲ့တာပါ။

တရားခံ ဒေါက်တာ မာဝမ် ဖာရွတ်ဟာ အကျိတ် တခု ဖယ်ရှားရမှာကို မှားယွင်းပြီး ဝှေးစေ့ကို ဖြတ်ခဲ့တယ်၊ ဒါကို လူနာကို အသိမပေးခဲ့ဘူးလို့ ဆရာဝန် ခုံရုံး က ကြားနာ ချက်မှာ ပါရှိပါတယ်။

" အမျိုးသမီးတဦး ရဲ့ ပေါင်ကို ကိုင်ပြီး အတူအိပ်ဖို့  ပြောခဲ့တဲ့ကားသမား ကိုလက်ရှည်ကို ရဲတွေကဖမ်း "

 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တက္ကစီပေါ်လိုက်ပါလာတဲ့ အမျိုးသမီးတဦး ရဲ့ ပေါင်ကို ကိုင်ပြီး အတူအိပ်ဖို့  ပြောခဲ့
တဲ့ကားသမား ကိုလက်ရှည်ကို ရဲတွေကဖမ်းဆီးလိုက်ပြီး ဘတ်ငွေ ၆၀၀၀ (ကျပ်နှစ်သိန်း) ဒဏ်ငွေပေးဆောင်
ခဲ့ရကြောင်း သိရပါတယ်။
 

" ကျွန်မတို့ မိန်းမတွေ လိုအပ်သောသူဆိုတာ..."





❤️ရှေ့ မှာ အရမ်းကောင်းပြဖို့ မလိုပါဘူး
နောက်ကွယ် သစ္စာရှိပေးရုံနဲ့ ကျေနပ်ပါတယ် ချစ်သူ....

❤️ခနခန ချစ်တယ်ပြောနေဖို့ မလိုပါဘူး
ကိုယ့်အပေါ် အမြဲဂရုစိုက်ပေးတတ်ရုံနဲ့ လုံလောက်ပါတယ်ချစ်သူ....

❤️အတိတ်ကဇာတ်လမ်းတွေ ပြောပြနေဖို့ မလိုပါဘူး
လက်ရှိ ကိုယ့်တစ်ယောက်ကိုပဲ ချစ်နေပေးရင် လုံလောက်တယ်ချစ်သူ....

❤️မဆုံဖြစ်တိုင်း သတိရတယ်လို့  ပြောဖို့မလိုပါဘူး
သူ့စိတ်ထဲ ကိုယ့်ကို ထည့်ထားပေးရုံနဲ့တင် လုံလောက်ပါတယ် ချစ်သူ....

❤️မိန်းမတစ်ယောက်ကို ပါးစပ်က ချစ်တယ်လို့ ပြောတာလောက်က ယောက်ျားလေးတိုင်းပြောတတ်ကြပါတယ် ...ချစ်သူ

သို့သော်...
ချစ်တယ်ဆိုတာကို သက်သေပြဖို့ က

ယောက်ျားလေးတိုင်း မလုပ်တတ်ကြပါဘူး😊😊

❤️ကျွန်မတို့ မိန်းကလေးတိုင်း ရင်ခုန်စေတဲ့ ယောက်ျားဆိုတာဟာလေ....

" ပိုဝေးသွားမှာပေါ့ "




သူဂရုမစိုက်လို့

ကိုယ်က ပြန်ဂရု
မစိုက်ဘဲနေရင်
တဖြည်းဖြည်း
ဝေးသွားမှာပေါ့

သူဖုန်းမဆက်လို့
ကိုယ်က မခေါ်ဘဲ
နေရင်တဖြည်းဖြည်

သွေးအေးသွားမှာေ
ပါ့
မက်ဆေ့တွေ
သူ reply
မလုပ်တိုင်းကိုယ

က မပို့တော့ရင်
တဖြည်းဖြည်း
မေ့သွားမှာပေါ့

သူ့ဘက်က
အချစ်တွေ
လျော့နေလို့
ကိုယ် က
နည်းနည်းလေး
လျော့ချစ်လိုက်ရ
င်
တဖြည်းဖြည်း
သူစိမ်းတွေ
ဖြစ်သွားမှာပေါ့

တကယ်လို့သာ
ချစ်တဲ့သူကို
အချစ်စစ်နဲ့
ချစ်ခဲ့တယ်ဆိုရင

တစ်ယောက်နဲ့
တစ်ယောက်
လျှော့သင့်တာ
လေးတွေ
ညှိသင့်တာ
လေးတွေ
နားလည်သင့်တာ
လေးတွေ
အပြန်အလှန်
ရှိနေသင့်တယ်လေ

အချစ်ဆိုတာ
သူအနိုင် ကိုယ်အနိုင်

" သယ်ရင်း တို့ အိမ်ထောင်ပြုတော့ မယ်ဆို ဘယ်လို မိန်းကလေးကို ရွေးချယ်မလဲ "


မင်္ဂလာပါ သယ်ရင်း တို့
1
2
3
4
Credit :  ရပါတယ် ထွက်သွားပါ

" မိခင်လောင်းအမျိုးသမီးတိုင်းအတွက် သိ သင့် သိ ထိုက် ပါ တယ် ."

ပုံမှန်အားဖြင့် ကလေးမီးဖွားပြီးတဲ့ မိခင်တိုင်းဟာ နို့ထွက်လာမှာဖြစ်ပါတယ်။ နို့တိုက်သတ္တဝါတိုင်းဟာ မီးဖွားပြီးရင် နို့ထွက်တာ ဓမ္မတာမဟုတ်လား။ ဒါကြောင့် နို့တိုက်သတ္တဝါလို့ သတ်မှတ်ထားကြတာပါ။ မီးဖွားပြီးလျက်မှ နို့မထွက်တဲ့မိခင်ဟာ ဘာကြောင့်များလဲ လေ့လာရအောင်နော်

၁။ ကိုယ်ဝန်ဆောင်ချိန်တလျောက်လုံး ရင်သားကို ကျပ်ကျပ်တည်းတည်း စည်းနှောင်ထားတတ်သော မိခင်လောင်းများဟာ ကလေးမွေးပြီးရင် နို့မထွက်တဲ့အခက်အခဲ ကြုံရတတ်ပါတယ်။

၂။ နို့သီးခေါင်းအထဲဝင်နေတဲ့ မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက နို့သီးခေါင်းအပြင်ကို ဆွဲမထုတ်ခဲ့ရင် ကလေးဟာ မိခင်နို့သောက်စို့ခွင့်ရရှိနိုင်မှာ မဟုတ်ပါဘူး။

၃။ ဘယ်လိုနို့တိုက်ရမှန်းမသိလို့ မိခင်ကစိတ်ရှုပ်ပြီး စိတ်ဖိစီးမှု ဖြစ်နေရင်လည်း နို့မထွက်တတ်ပါဘူး။

၎။ ပထမဆုံးနို့တိုက်ရမယ့် သားဦးမိခင်တွေဟာ နို့တိုက်ဖို့ အစိုးရိမ်လွန် ၊ အကြောက်လွန်နေခဲ့ရင်လည်း နို့ထွက်ရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။

၅။ မိမိကလေးအား နို့တိုက်ချင်စိတ်မရှိသော မိခင်တွင် မိခင်နို့ကောင်းစွာ မထွက်ပါ။
နို့ထွက်များအောင် ဘာလုပ်မလဲ
ပထမဆုံး မိခင်ဟာ ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒရှိရပါမယ်။ နို့တိုက်မိခင်ဟာ အာဟာရပြည့်ဝစွာ စားသုံးရမှာမို့ အစားရှောင်တာတွေကို မပြုဘဲ ကျန်းမာစေတဲ့ အစာမှန်သမျှကို စားသုံးရမှာပါ။ ဘယ်လိုပဲ လက်ရှိအခြေအနေတွေက ရှုပ်ထွေးလို့ စိတ်ဖိစီးစရာ ၊ စိတ်ဆင်းရဲစရာတွေ ရှိနေနေ သားသမီးနို့ဝဝ သောက်စို့ခွင့်ရဖို့ စိတ်မချမ်းသာစရာတွေကို မတွေးဘဲ စိတ်ကို အေးအေးထားပြီး နို့တိုက်ရမှာဖြစ်ပါတယ်။ နို့တိုက်ပြီးလို့ ဆာလာတိုင်း စားရမှာဖြစ်ပြီး ရတဲ့အချိန်လေးကို ကောင်းကောင်း အနားယူ အိပ်စက်ရမှာဖြစ်ပါတယ်။
နို့တစ်ကြိမ်တိုက်တိုင်းမှာ ဘယ်ဘက်ကော ညာဘက်ကော ပြောင်းပြီး မျှတိုက်ရမှာဖြစ်ပါတယ်။ နို့ကျန်တွေကိုတော့ ညှစ်ထုတ်ပစ်ရမှာဖြစ်ပါတယ်။ နို့ကျန်တွေ ညှစ်ထုတ်တာက နို့ကို ပိုထွက်စေပါတယ်။ နို့ကျန်တွေ မညှစ်ထုတ်မိရင် နို့တင်းလာပြီး နို့လာတတ်ပါတယ်။ နို့နာဖြစ်လာလို့ နို့မတိုက်နိုင်ရင် နို့ခမ်းလာနိုင်ပါတယ်။
ကလေးနို့ဝပြီး နို့မချွတ်ဘဲ အိပ်ပျော်သွားတဲ့အခါ မိမိရဲ့ သန့်စင်တဲ့လက်နဲ့ (အထူးသဖြင့် လက်သန်းလေးဖြင့်) ကလေးရဲ့ ပါးစပ်စွန်းထဲ ထိုးထည့်ပြီး နို့ချွတ်တဲ့အခါ အလွယ်တကူ ကျွတ်သွားတဲ့အတွက် ကလေးလဲ မနိုးသလို နို့သီးခေါင်းလည်း မနာပါ။
နို့ဆာလို့ အငမ်းမရစို့တဲ့ ကလေးဝမ်းထဲကို လေတွေ ဝင်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နို့တိုက်ပြီးတဲ့အခါ ကလေးကို ခဏထောင်ပြီး လေထုတ်ပေးနိုင်ပါတယ်။ လေမထုတ်မိတဲ့အခါ ကလေးလေထပြီး ဗိုက်နာတတ်ပါတယ်။ မပြောတတ်သေးတဲ့ကလေး ငိုနေရင် နို့ဆာလို့ ၊ ဒါမှမဟုတ်ရင် ဗိုက်နာလို့ ၊ ဆီးဝမ်းသွားထားလို့ ၊ (ခြင် ၊ ပုရွတ်ဆိတ်

June 24, 2016

" ရတနာပစ္စည်း ပေါင် ၇ သန်းဖိုးကို မိုနိုပိုလီပိုက်ဆံနဲ့ လိမ်လည်ဝယ်ယူခဲ့ "

 
ပေါင် ၇ သန်းကျော်တန်တဲ့ ရတနာပစ္စည်းတွေကို ကစားစရာ ပိုက်ဆံဖြစ်တဲ့ မိုနိုပိုလီပိုက်ဆံတွေနဲ့ လိမ်ပြီး ဝယ်ယူခဲ့တဲ့ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိပြီး ထောင်ချလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ အဖွဲ့က ပိုက်ဆံအစစ်အုပ်တွေကြားမှာ ကစားစရာပိုက်ဆံတွေကို ညှပ်ပြီး လိမ်ခဲ့တာ ဖြစ်ပါတယ်။
 
သူတို့အကြီးဆုံး လိမ်လည်ခဲ့တဲ့ အမှုကတော့ နာမည်ကြီး ရတနာကုန်သည် John Calleija ဆီက ပေါင် ၆.၁ သန်းတန်ဖိုးရှိတဲ့ ရတနာတွေကို လိမ်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၅ ယောက်ပါတဲ့ လူလိမ်အဖွဲ့ကို ဖမ်းဆီးရမိပြီး ပြီးခဲ့တဲ့ အပတ်က စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ပါတယ်။ သူတို့အဖွဲ့က လူတစ်ယောက် ဝင်ပုန်းနေနိုင်တဲ့ မျက်လှည့်စားပွဲတစ်ခုကို သုံးပြီး ငွေအစစ်နဲ့ အတုကို လဲလှယ်ပြီး လိမ်ခဲ့ကြတာ ဖြစ်ပါတယ်။
 
Bristol Crown  တရားရုံးက တရားသူကြီး Julian Lambert က “သူတို့က အုပ်စုလိုက် ရာဇဝတ်မှု ကျူးလွန်ဖို့အတွက် အသေးစိတ်စုံစမ်းထောက်လှမ်းပြီး စေ့စေ့စပ်စပ် အကွက်ချစီစဉ်ခဲ့တာ ဖြစ်တယ်။ ဒီလို ပြစ်မှုမျိုး ကျူးလွန်ဖို့အတွက် အင်အားစိုက်ထုတ်ပြီး မရိုးသားမှုများစွာ ပါဝင်တယ်လို့ ကောက်ချက်ချကြောင်း” ပြောကြားခဲ့ပါတယ်။ လန်ဒန်က Royal Arcade လမ်းပေါ်က ရတနာဆိုင်ပိုင်ရှင် Mr.Calleija ဆီကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ Gianni Accamo က ကျောက်မျက်ပညာရှင်တစ်ယောက် ပုံစံဟန်ဆောင်ပြီး ယူရို ၅ သန်းဖိုးရှိတဲ့ စိန်တွေကို ဝယ်လိုကြောင်း ဆက်သွယ်ပြောခဲ့ပြီး အရောင်းအဝယ်ကို Convent Garden Hotel မှာ လုပ်ခဲ့ကြတယ်။
 
Mr Calleija နဲ့ သူ့ဘော်ဒီဂတ်တစ်ယောက်က စုစုပေါင်း ယူရို ၇.၇ သန်းတန်တဲ့ ယူရို ၅၀၀ တန် ပိုက်ဆံထုတ်တွေကို သူတို့ရဲ့ ငွေရေစက်နဲ့ ရေခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ငွေရေစက်တွေကို နောက်ပြန်လှည့်ထားတဲ့အချိန်မှာ ပိုက်ဆံ အတုနဲ့

" ဓါတ်လိုက်ရာမှ သံလိုက်စွမ်းအားတွေ ရသွားခဲ့သူ "

 Vsgmo05zjnotkjc6us98
ရုရှားနိုင်ငံမှ အသက်၁၂ နှစ်အရွယ် Nikolai Kryaglyachenko ဆိုသူ ကျောင်းသားလေးတစ်ဦးဟာ တစ်နေ့မှာ ပြင်းထံတဲ့ ဓါတ်လိုက်မှု့တစ်ခုကို ခံခဲ့ရပါတယ်။ သူဟာအဲ့ဒီဖြစ်စဉ်မှာ ကံကောင်းလို့မသေခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ထူးခြားတဲ့အစွမ်းတွေရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သတ္တုပစ္စည်းတွေ သူ့ခန္ဓာကိုယ်မှာ ကပ်ထားနိုင်တာပဲဖြစ်ပါတယ်။ သူ့ကို X Men ဇာတ်ကားထဲက Magneto အဖြစ် ခေါ်တွင်ခဲ့ကြပြီး စတီးဇွန်းတွေ၊ အကြွေစေ့တွေ စတဲ့သတ္တုပစ္စည်းတွေကို သူ့ခန္ဓာကိုယ်မှာ အချိန်ကြာကြာကပ်ထားနိုင်တာ ဖြစ်ပါတယ်။

အောင်ခန့်

Credit : http://www.momolay.com/p/20850/text

" တရုတ်လေကြောင်းလိုင်းက လေယာဉ်မယ်တွေ မတက်မဖြစ်တက်ရတဲ့ သင်တန်း "

 Alncjumskoikwas8kcqx
ကျွန်တော်တို့ သိထားတာကတော့ လေယာဉ်မယ်ဆိုရင် လှလှပပကြော့ကြော့မော့မော့လေး နေတယ်ဆိုတာပါပဲ။
ဒါပေမယ့် တရုတ် East Star လေကြောင်းလိုင်းကတော့ သူတို့လေကြောင်းလိုင်းက လေယာဉ်မယ်တွေ ပြင်းထန်တဲ့ သင်တန်းတစ်ခုအရင် တက်ခိုင်းပါတယ်။
တရုတ်ပြည် အရှေ့တောင်ပိုင်းမှာရှိတဲ့
ဒီလေ့ကျင့်ရေး သင်တန်းမှာ အရည်အချင်းပြည့်မီဖို့ အပြင်းအထန် ကြိုးစားကြရပါတယ်။ ပြင်းထန်လွန်းတာကြောင့် စစ်သားတွေရဲ့ training နဲ့ ဆင်ဆင်တူနေပါတယ်။
ဒီလိုလေ့ကျင့်ထားမှသာ အရေးဖော်အခြေအနေတွေအတွက် အဆင်သင့်ဖြစ်နေမယ်လို့ ဆိုပါတယ်။ အောက်ကပုံတွေကတော့ East Star လေကြောင်းလိုင်းက လေယာဉ်

" Snake Boy လို့ နာမည်ပြောင်း အခေါ်ခံရတဲ့ အိန္ဒိယလူငယ် "

 Ewxfvcbf96vmgppuigty
အသက် ၁၃ နှစ်အရွယ် အိန္ဒိယလူငယ်လေး Aditya Kumar Jangum ဖြစ်ပါတယ်။ သူဟာ Maharashtra ပြည်နယ်၊ ဆိပ်ကမ်းမြို့ Ratnagiri နားမှာ နေထိုင်သူဖြစ်ပြီး ခန္ဓာကိုယ်ကို မြွေလိမ်မြွေကောက် အမျိုးမျိုးပြောင်းလဲနိုင်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကြောင့် ဇာတိမှာ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
-
သူဟာ ဒီလိုဖြစ်လာဖို့ အချိန် ရှစ်နှစ်အထိ သင်ယူလေ့ကျင့်ခဲ့ရပြီး ဖခင်နဲ့ သူငယ်ချင်းတွေရဲ့ အံ့အားသင့်မှုကို ခံခဲ့ရပေမဲ့ မကျေနပ်နိုင်သေးဘဲ သူ့နာမည်ကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းမှာ ရေးထိုးခံရဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
-
သူ့ကို ဒီလိုမျိုးဖြစ်လာဖို့ လေ့ကျင့်သင်တန်းပေးခဲ့တဲ့ နည်းပြ Kopler ဟာ ကလေးတွေကို နှစ်အတန်ကြာ

" ဒိန်ချဉ်စားသုံးခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် မိန်းမကိုယ်မှိုစွဲခြင်းရောဂါ လျော့ကျနိုင် "

 Rbb22mkcorfes5qhmtik
(၁) ကျန်းမာရေး ကောင်းမွန်စေတဲ့အချက်အလက်များ

ဒိန်ချဉ်မှာ ကယ်လ်စီယမ်ပါဝင်ခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပါတယ်။ ဒိန်ချဉ်ဟာ
သွေးဖိအားများခြင်းကို လျော့ကျစေနိုင်တဲ့ အစားအစာဖြစ်တယ်လို့ သုတေသီတွေက
ဆိုထားပါတယ်။ ဒိန်ချဉ်မှာ အဆီဓါတ်ပါဝင်မှုလည်း နည်းပါးတာကြောင့် အဆီချချင်သူတွေ
စားသုံးပေးသင့်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင်ဒီကတော့ အသားအရေတွေကို စိုပြေစေပါတယ်။


(၂) မိန်းမကိုယ်မှိုစွဲရောဂါ လျော့ကျစေခြင်း

ဒိန်ချဉ်မှာ Lactobacillus acidophilusဟာ မိန်းမကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး (Hydrogen
peroxide) ပါဝင်ခြင်းဟာ မိန်းမကိုယ်မှာရှိတဲ့ မှိုတွေကို သေစေပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့
ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေဟာ မိန်းမကိုယ်ထဲသို့ မှိုဝင်ခြင်းကို တားဆီးပေးပါတယ်။
မိန်းမကိုယ် ကျိန်းစပ်နာကျင်နေတဲ့အခါမှာလည်း ဒိန်ချဉ်သောက်သုံးမယ်ဆိုရင်
သက်သာစေနိုင်ပါတယ်။

ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့အပြင် အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်မှာ မှိုရောဂါစွဲကပ်ခြင်းကိုပါ လျော့ကျစေနိုင်တဲ့

June 23, 2016

" ချစ်တင်းနှောဖို့ငြင်းဆန်တဲ့ ခင်ပွန်းဖြစ်သူကို ဇနီးမှရိုက်သတ်ခဲ့ "


အိန္ဒိယနိုင်ငံတွင် တနလာင်္နေ့က အမျိုးသမီးတစ်ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။ ယောက်ျားဖြစ်သူက ချစ်တင်းနှောရန် ငြင်းဆိုသဖြင့် သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် အသက် ၅၄ နှစ်အရွယ်ရှိ Vilmla Vaghela အား ထောင် ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ဒဏ်ငွေ ရူပီး ၂၀၀၀ ပေးဆောင်ရန် တရားသူကြီး U M Bhatt က အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမအနေဖြင့် ရူပီး ၂၀၀၀ ပေးဆောင်နိုင်ခြင်း မရှိတဲ့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် နောက်ထပ် ၆ လကြာ ထောင်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခြင်းခံရပါတယ်။

အမှုဖြစ်စဉ်အသေးစိတ်မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက် နေ့လည်ပိုင်းတွင် Vilma နဲ့ ခင်ပွန်းဖြစ်သူ Narsinh တို့နှစ်ယောက်က ၄င်းတို့၏ နေအိမ်မှာ အတူရှိနေခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူက သူမနဲ့ ချစ်တင်းနှောရန် ငြင်းဆိုတာကြောင့် မိန်းမက ဒေါသဖြစ်ပြီး ၄င်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြပါတယ်။ သူမက ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေတယ်လို့ သံသယရှိနေပြီး သူ့မှာ အငယ်အနှောင်းရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဒေါသများပြင်းထန်လာပြီး တုတ်တစ်ချောင်းနဲ့ ယောက်ျားဖြစ်သူရဲ့ ဦးခေါင်းကို အဆက်မပြတ် ရိုက်နှက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူက

"ကျောင်းဖွင့်ချိန်မှာ ခြောက်တဲ့တစ္ဆေ "


ရန်ကုန်တိုင်း ဒေသကြီးမှာ အစိုးရသစ် တာဝန်ယူတဲ့ ဧပြီလ အတွင်းမှာ ကလေးငယ်တွေနဲ့ မိဘတွေ အတွက် စိုးရိမ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းကတော့ ဧပြီလ(၂၆) ရက်နေ့မှာ ဒေါပုံမြို့နယ် ပုဇွန်တောင်ချောင်းထဲမှာ ပုပ်ပွနေပြီးတော့ ဦးခေါင်းမပါတဲ့ ကလေးငယ်တစ်ဦး အလောင်းကြောင့် ဖြစ်ပါတယ်။

ဒီအလောင်းကို ရဲတပ်ဖွဲ့က သွားပြီး စစ်ဆေးရာမှာ ပန်းရောင်စွပ်ကျယ် အင်္ကျီအကြားနဲ့ အနီရောင် အပွင့် ဘောင်းဘီကို ၀တ်ထားတဲ့ အသက်ခြောက်နှစ်အရွယ် အမျိုးသမီးငယ် အလောင်း ဖြစ်တယ် ဆိုတာ သိခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့က စုံစမ်းတဲ့အခါ သာကတေမြို့နယ် ရဲစခန်းမှာ လူပျောက်အမှတ်စဉ် ၁၄/၂၀၁၆ အမှုက ပျောက်ဆုံးနေတဲ့ မ. . . . (ခြောက်နှစ်) ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

ဒီလိုကလေးငယ် တစ်ဦးကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီရာသီဟာ ကျောင်းဖွင့်ရာသီဖြစ်တဲ့ အတွက် ဒီသတင်းဆိုးကြောင့် ကျောင်းသား မိဘတွေဟာ သူတို့ရဲ့သားသမီးတွေ အတွက် ရတက်မအေး ဖြစ်ခဲ့ရပါတယ်။

ထူးခြားတာ တစ်ခုကလည်း ရန်ကုန်မှာ ကျောင်းဖွင့်ချိန် ရောက်တိုင်းမှာ ကလေးပျောက်တဲ့ ကောလာဟလတွေ ထွက်ထွက်လာတာ ဖြစ်ပါတယ်။ ဒါတွေဟာ တကယ်ဖြစ်တာလား တမင်လုပ်ကြံဖန်တီးတာလား ဆိုတာ ဘယ်သူမှ

" Selfie ဝါသနာအိုးများ အထူးသတိ "


စမတ်ဖုန်းဆီက ဖြာထွက်တဲ့ အလင်း၊ ရောင်ခြည်တွေနဲ့ မျက်နှာ အမြဲထိတွေ့ခြင်းက အသားရေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အိုမင်းရင့်ရော်မှု လျင်မြန်စေကာ အသားရေတွန့်တွမှု ပိုဖြစ်စေကြောင်း အရေပြားရောဂါအထူးကုဆရာဝန်တွေက သတိပေးထားပါတယ်။

သင့်မျက်နှာ ဘယ်ဘက်ခြမ်း ပိုပျက်စီးလဲ ကြည့်လိုက်ရုံဖြင့် ဖုန်းကို ဘယ်ဘက်လက်ဖြင့် ကိုင်လေ့ရှိလဲဆိုတာ ဆရာဝန်တွေ ပြောနိုင်ကြတယ်လို့ ဆိုပါတယ်။ Selfie တအားရိုက်သူတွေ၊ ဘလော့ဂါတွေအနေဖြင့် သတိထား စိုးရိမ်သင့်ပါတယ်။ ဖန်သားပြင်ကလာတဲ့ အပြာရောင်အလင်းတန်းကတောင် ကျွန်ုပ်တို့အရေပြားကို ထိခိုက်နိုင်တယ်လို့ UK ရှိ Linia Skin Clinic ဆေးကုသမှုဆိုင်ရာ ဒါရိုက်တာ Simon Zoakei က ဆိုပါတယ်။

မိုဘိုင်းလ်ဖုန်းဆီကဖြာထွက်တဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်က DNA ကို ထိခိုက်စေပြီး အရေပြား ရင့်ရော်စေတာ ကျွမ်းကျင်ပညာရှင်တွေ သတိပြုမိကြပါတယ်။ လျှပ်စစ်သံလိုက်ရောင်ခြည်က အရေပြား သူ့ဘာသာသူ ပြုပြင်ပေးခြင်းကို ဟန့်တားစေတဲ့ DNA ပျက်စီးမှု ဖြစ်ပွားစေနိုင်ပြီး နောက်ဆုံးမှာ အရေပြားတွန့်တွမှု ပိုမိုဖြစ်ပွားစေကြောင်း Telegrah မှ ဖော်ပြထားခဲ့ပါတယ်။

မျက်နှာတစ်ဖက်ခြမ်းမှာ အမျိုးအမည် သတ်မှတ်လို့မရတဲ့ မွဲခြောက်ခြောက်အသားရောင် စတင်မြင်တွေ့တယ်လို့

" အရက်သောက်၍ ကားမောင်းသူများကို ရေခဲတိုက်ခေါ်ပြကာ ကြည့်စေတဲ့ ထိုင်းနိုင်ငံက အပြစ်ပေးတဲ့စနစ် "


ထိုင်းနိုင်ငံတွင် အရက်သောက်ပြီး ကားမောင်းသူများကို ဘန်ကောက်ရှိ ရေခဲတိုက် တစ်ခုသို့ခေါ်ဆောင်သွားကာ ပြခဲ့သဖြင့် အရက်မူးပြီး ကားမောင်းသူများအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသောရလဒ်ဆိုးကို ခံစားမိစေ သည်ဟု ဇွန်လ ၂၁ရက် နေ့ China Daily သတင်းတွင်ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံအတွင်း အရက်သောက်ပြီး ကားမောင်းခြင်း ကြောင့် ဖြစ်ပွားသည့် ကားမတော်တဆမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ထိုသို့အစီအစဉ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။WHO၏အချက်အလက်များ အရ ထိုင်းနိုင်ငံသည် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်လူသေဆုံးမှုမှာ လစ်ဗျား ပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ ယာဉ်မတော်တဆဖြစ်မှုမှာအရက်သေစာ သောက်စား မောင်းနှင်သောကြောင့်ဖြစ်ရသော ကိစ္စရပ်မှာ အများဆုံးဖြစ်သည်ဟု ဆိုသည်။


ယခုကဲ့သို့ ရေခဲတိုက်တွင် အလောင်းသွားရောက်ကြည့်ရှုရသော အစီအစဉ်ကို ယခုနှစ် ဧပြီလက ကျင်းပသော ရိုးရာရေကစားပွဲတော် ( Songkran Festival ) အပြီးတွင်စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတော် ကို ထိုင်းအစိုးရအနေဖြင့် “အန္တရာယ်များနှင့် ရက်သတ္တပတ်”ဟု ခေါ်ဆိုပြီး အဆိုပါရက်များအတွင်း မြို့တွင်နေထိုင် သော သူများက မိမိတို့၏ အမျိုးများနှင့်မိတ်ဆွေများရှိရာ နယ်များသို့ သွားရောက် ကာ ပြန်လည်ဆုံတွေ့ကြချိန် ဖြစ်သဖြင့် သောက်စားမူးယစ်ခြင်းမှာ ပုံမှန်ကြုံတွေ့နေကျကိစ္စတစ်ခုသာဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင်း အဆိုပါ ရက်သတ္တပတ်အတွင်း တစ်နာရီတိုင်း လူ ၂ဒသမ၃ဦးနူန်း သေဆုံးကာ ၁၆၀ဦး ဒဏ်ရာရသည်ဟု

" လေယာဉ်မယ်ဟန်ဆောင်ကာ အွန်လိုင်းမှ ငွေသန်းပေါင်းများစွာ လိမ်သွားခဲ့တဲ့ သူ"

 
ထိုင်းနိုင်ငံ လေကြောင်းလိုင်းက လေယာဉ် မယ်လို့  ကိုယ်ပိုင်ဖေ့ဘုတ်စာ မျက်နှာမှာဖေါ်ပြထားပြီး မိတ်ဆွေဖြစ်လာတဲ့ သူ အနည်းဆုံး(၁၂)ဦးဆီက ဘတ်ငွေ ၁၀ သန်းကျော် (ကျပ်ငွေသိန်းသုံးထောင်)လိမ်သွားခဲ့သူ အသက် (၃၇ )နှစ်ရှိ ထိုင်းအမျိုးသမီးတဦးကို ချင်းမိုင်း ရဲတွေက သူမပုန်းနေတဲ့နေရာကို လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နစ်ချာ (Nitcha)ဆိုတဲ့ နံမည်နဲ့  လေယာဉ်မယ်ပုံ ၀တ်စားထားပြီး နိုင်ငံတကာ ရူခင်း ပုံတွေ လေယာဉ်မယ်ပုံတွေကို တင်ထားပါတယ်၊ စိတ်ဝင်စားလို့  ဆက် သွယ်လာမယ့် သားကောင်တွေကို စောင့်နေခဲ့တာပါ။

မိတ်ဆွေဖြစ်တဲ့အခါ သူမဟာ ထိုင်းလေကြောင်းလိုင်းက လူကြီးတဦးရဲ့ သမီး
ဖြစ်ကြောင်း ယုံကြည်လာအောင်ပြောပါတယ်၊ နိုင်ငံခြားသွားလည်ပါတ်ကြမယ့်သူရှိရင်ဗီဇာလျောက်ပေးမယ်၊ ဈေးနုံးသက်

June 22, 2016

" နုပျိုစေသော အစားအစာ ( ၁၀ ) မျိုး "

 
နုပျိုစေသော အစားအစာ ( ၁၀ ) မျိုး
၁ ။ စတော်ဘယ်ရီ ( Strawberries )
အင်တီအောက်ဆီဒင့် ကြွယ်ဝသည် ။
အဆီဆိုး ( low density lipoproteins LDL ) ၊
ထွိုင်ဂလစ်စထရွိုက် ( triglycerides )
တို့ ကို ကျစေသည် ။
.
၂ ။ ထောပတ်သီး ( Avocado )
ကာဘိုဟိုက်ဒြိတ် နှင့် သကြားဓါတ် နည်းပါးသည် ။
ဖိုင်ဘာဓါတ် ကြွယ်ဝသည် ။
.
၃ ။ ဒိန်ချဉ် ( Yogurt )
ပရိုတိန်းကြွယ်ဝသည် ။
ဗီတာမင် ၊ သတ္တုဓါတ် ကြွယ်ဝသည် ။
ဆီချို ( type 2 diabetes ) မဖြစ်အောင် ကာကွယ်ပေးသည် ။
.
၎ ။ ပန်းသီး ( Apple )
နှလုံးသွေးကြောရောဂါကို ကာကွယ်ပေးသည် ။
.
၅ ။ အခွံမာသီးများ ( Nuts )
ဝိတ်ကျစေသည် ။
နှလုံး ၊ ဆီးချို မဖြစ်အောင် ကာကွယ်ပေးသည် ။
.
၆ ။ ဂေါ် ဖီ စိမ်း ( Broccoli )

" အာလူး ထမင်းနယ် "

 အာလူး ထမင်းနယ် 2
ပါဝင်ပစ္စည်းများ
(လူ ၄ ယောက် အ၀စားစာ)
  • ဆန်   3 လုံး (နို့ဆီဗူး)
  • အာလူး   30 သား
  • ခရမ်းချဉ်သီး  30 သား
  • ပဲပုတ်  2 ချပ်
  • ကြက်သွန်နီ   20 သား
  • ကြက်သွန်ဖြူ   3 မွှာ
  • ဆနွင်း   အနည်းငယ်
  • ဆား အနည်းငယ်
  • မြေပဲလှော် အမှုန့် 
  • မကျီးရေ
  • ဆီ
  • ဂျူးမြစ်
  • နံနံပင်
  • ကြက်သွန်မိတ်

" လမ်းလျှောက်တတ်ခါစ ကလေး ၅ နှစ်တိုင်တိုင် အဝတ်ဗီရိုထဲ သော့ပိတ် အဓမ္မပြုခံရ "




ကလေးတစ်ယောက်ကို မိဘအရင်းချာများမှ သူတို့ အာသီသဖြေစရာ လိင်ကျွန်အဖြစ် အသုံးချနိုင်ဖို့အတွက် အဝတ်ဘီရိုထဲမှာ ၅ နှစ်လုံးလုံး သော့ပိတ်ချုပ်ထားခဲ့ပါတယ်။ Lauren Kavanaugh ဟာ ထမင်းစားခွင့်မရှိ၊ နှိပ်စက်ညှဉ်းဆဲခံရပြီး သူမ မိခင်နဲ့ ပထွေးတို့ရဲ့ မုဒိမ်းပြုကျင့်မှု ညစဉ်ညတိုင်း ခံစားခဲ့ရပါတယ်။

Austria နိုင်ငံရဲ့ လိင်မိစ္ဆာကောင် Josef Fritzel ဆိုသူ ကျင့်သုံးတဲ့ နှိပ်စက်မှုနဲ့ တစ်ပုံစံတည်း Lauren ရဲ့ ငယ်ဘဝဟာ ၃ နှစ်အရွယ်စက ၄ပေ ၉ပေ ရှိ အဝတ်ဗီရိုတစ်ခုထဲ အကျဉ်းချခံခဲ့ပြီး ညီကိုယ်မောင်နှမတွေ၊ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရပါတယ်။ သူမ အသက် ၈ နှစ်အရွယ်မှာ ဗီရိုလေးထဲကနေ အပြင်ခေါ်ထုတ်ခံရချိန်မှာတော့ သူမကိုယ်အလေးချိန်ဟာ ၂ နှစ်အရွယ်ကလေးပမာ ၂၅.၆ ပေါင်သာ ရှိနေခဲ့ပါတယ်။

ကလေးတွေပေါ် ကာမစိတ်တိမ်းညွတ်မှုရှိတဲ့ ယင်းမိစ္ဆာတွေက Lauren ကို "little secret" လို့ ခေါ်ဆိုခဲ့ပါတယ်။ သူမကို

" ရင့်ကျက်တဲ့အမျိုးသားတွေ လုပ်လေ့မရှိတဲ့အပြုအမူများ "



ရင့်ကျက်ခြင်း မရင့်ကျက်ခြင်းကို ဘာတွေနဲ့ တိုင်းတာနိုင်သလဲ … ? အောက်ပါ အချက်ကလေးတွေနဲ့ စံထိုးကြည့်ပါ။ Shwemom ရဲ့ အမျိုးသား ပရိသတ်ကြီးအတွက် ရင့်ကျက်တဲ့အမျိုးသားတွေ လုပ်လေ့မရှိတဲ့အပြုအမူများ-ကို မျှဝေလိုက်ပါတယ်။

(၁) ဆုံးရှုံးခြင်း/အောင်မြင်ခြင်းအတွက် ကြောက်ရွံ့/ပျော်ရွှင်မှု မရှိ

ရင့်ကျက်တဲ့ အမျိုးသားတွေဟာ အောင်မြင်တဲ့အခါမှာလည်း လူတွေကြားထဲ လက်မလျှောက်ထောင်နေတဲ့သူတွေ မဟုတ်သလို၊ ကျရှုံးတဲ့အခါမှာလည်း အိပ်ယာထဲမှာ ခွေပြီး လူမမာတစ်ယောက်လို မနေပါဘူး။ သူတို့မှာ အရာရာအတွက်အားအင်တွေ အပြည့်ရှိပါတယ်။

(၂) မျက်နှာလိုမျက်နှာရ ဘယ်တော့မှ မလုပ်

အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ တစ်စုံတစ်ယောက် မျက်နှာရပါစေ၊ မိမိကို အသားပေးပါစေ၊ မိမိကို ရာထူးတိုးပေးပါစေသဘောနဲ့ ဘယ်တော့မှ လုပ်ခြင်းမရှိပါဘူး။ ကြိုးစားအားထုတ်မှု မှန်ကန်တဲ့အတွက်လည်း သူတို့လုပ်သမျှဟာ သန့်ရှင်းပါတယ်။

(၃) idealized image လို့ထင်အောင် ဘယ်တော့မှမလုပ်

Idealized image ဆိုတာက အထင်ကြီးလာအောင်ပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ ဒီလူဟာ အတော်ကို တော်တဲ့လူပါလား-လို့ ထင်အောင် လှုပ်ရှားခြင်း မပြုပါဘူး။

(၄) အမျိုးသမီးတစ်ယောက်နဲ့ ဖက်ပြိုင်ရန်ဖြစ်ခြင်းမရှိ

အဲဒီအမျိုးသားတွေ အကြောက်ဆုံးအရာကတော့ ရန်ဖြစ်ရတာပါဘဲ။ သတ္တိနည်းလို့လားဆိုတော့ မဟုတ်ပါဘူး။ ရင့်ကျက်လွန်းတော့ အကျိုးမဲ့ဆိုတာကို သိလို့ဖြစ်ပါတယ်။ အကြောက်ဆုံးကတော့ အမျိုးသမီးတွေနဲ့ အချင်းများရတာ ဖြစ်ပါတယ်။
(၅) မလိုမုန်းတီးခြင်း မရှိ

တစ်စုံတစ်ယောက်က နှောက်ယှက်တယ်၊ ရန်လိုတယ်၊ ရန်စတယ်-အဲဒီလိုအခြေအနေမျိုးတွေမှာလည်း ရန်လိုခြင်း၊

" FRP Tool တွေထဲ့မှာ လုပ်နိုင်တာတွေအများကြီးပါဝင်တဲ့ All Mobile Tips And Tricks V-10 Tool "





 FRP Tool တွေထဲ့မှာ လုပ်နိုင်တာတွေအများကြီးပါဝင်တဲ့ All Mobile Tips And
 Tricks V-10 လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ Service သမားတွေ အထူး ဆောင်ထားတဲ့
 All Mobile Tool  လေးပါ။
   အခြား  FRP Tool  တွေထက် မပါဝင်တာတွေကို အားလုံးပါဝင်ထား ပါတယ်။
လက်ရှိ ကျနော် အသုံးပြုနေတဲ့ Tool  လေး တစ်ခုလည်း ဖြစ်ပါတယ်။
Monkey Virus remover , FRP Reset toot

June 21, 2016

" သူပိုချစ်လာအောင် ဘယ်လိုကြံရင်ကောင်းမလဲ ..."

 
ကိုယ့်ရဲ့ရည်းစားသစ်နဲ့ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် စွဲဆောင်မှုရှိသော ခံစားချက်၊ ချီးမွမ်းခံချင်မှုနှင့် ကိုယ့်ကိုလိုအပ်နေမှု စသောအချို့အရာလေးတွေက ခေတ်တွေသာ ပြောင်းလဲသွားပင်မယ့်လည်း မပြောင်းလဲပဲ ကျန်ရှိနေဦးမှာပါ။

အဲဒီလိုခံစားချက်လေးတွေကို မိန်းကလေးတွေသာ လိုချင်တောင့်တကြသည်မဟုတ်၊ ယောက်ျားလေးတွေလည်း အတူတူပါပဲ။ အောက်မှာရေးထားတဲ့အချက် ၆ချက်ကတော့ ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်က ပိုပြီးလို့ ချစ်လာစေအောင် ဘယ်လို ပြောဆိုဆက်ဆံရမလဲဆိုတာကို ပြောကြည့်မယ်နော်။

၀၁. “နင်က အရမ်းစမတ်ကျတာပဲ။” “နင်က အရမ်းကြည့်လို့ကောင်းတာပဲ”

ယောင်္ကျားလေးတွေက မိန်းကလေတွေလိုပဲ မလုံမလဲဖြစ်တတ်ကြသည်။ သူတို့ဝတ်ဆင်ထားသော အ၀တ်အစားနှင့် လိုက် ဖက်ပါ့မလား၊ အဆင်ပြေပါ့မလား စသည်ဖြင့် အမြဲတွေးနေတတ်တယ်။ သူ့က အခုတလော Gym တွေကိုသွားပြီး လေ့ကျင့်နေတယ်ဆိုရင်တော့ ဒီလိုလေးပြောပေးလိုက်ရင်တော့ သူ့ရဲ့ယုံကြည်ချက်အတွက် အရမ်း ကောင်းတဲ့ အားပေးစကားလေးတစ်ခွန်း ဖြစ်မှာပါ။

၀၂. “နင့်ရဲ့(အသံလေး)ကို အရမ်းသဘောကျတာပဲ” “နင့်ရဲ့(ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု)ကို အရမ်းကြိုက်တာပဲ”

တစ်ခါတစ်ရံ အဲဒီလိုလေးပြောပေးလိုက်ရင် အရမ်းထိရောက်ပါလိမ့်မယ်။အဲဒီအချိန်မှာ သတိထားရမှာက

" ဆိုရှယ်မှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ ထိုင်းလူချောကောင်လေးရဲ့ နောက်ကွယ် "

 https://k14.vcmedia.vn/thumb_w/650/2016/o86pluxbzwet67bsu70-o-1465197803047.jpg
ယနေ့ခေတ် ဆိုရှယ်မီဒီယာမှာ ရုပ်ရည်သန့်ပြန့်ပြီး ခန့်ညားချောတဲ့ ကောင်လေးတွေရဲ့နောက်ကွယ်မှာ ဘာ့ကြောင့်ဒီလောက်ကြီး ချောမောနေရသလဲဆိုတဲ့ မေးခွန်းတွေနဲ့ အံ့သြလောက်စရာအဖြေ တွေ များစွာရှိနေပါတယ်။

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRKZ7jZohfhpv3MdLLUBNhFrUuqzi6X5_0-7Jp-H1mZ-2Qj_s5g

သတင်းပေးပို့မှုအမြန်ဆုံးပျံ့နှံ့တဲ့ ဆိုရှယ် မှာ တစ်ခုခုထူးဆန်းပြီ ဆိုရင် အားလုံးက စိတ်ဝင်တစားနဲ့ကြည့်ကြ လို့

" ကြောင်တွေ အုပ်ချုပ်နေတဲ့ ကျွန်း "

 
လူဦးရေ ၂၂ ပဲကျန်ရှိတော့တဲ့ ဂျပန်က Aoshima ကျွန်းပေါ်မှာတော့ ကြောင်တွေက ဖြန့်ကျက် ကျက်စားလျက်ရှိနေကြတယ်လို့ သိရပါတယ်။

ဒီကျွန်းပေါ်မှာ အရင်တုန်းကတော့  ကြွက်တွေတစ်အားပေါပြီး ငါး ဖမ်းလှေတွေကို ကိုက်ဖြတ်လေ့ရှိတာကြောင့် ကြောင်တွေကို အဲ့ဒီကျွန်းပေါ်မှာ ခေါ်ဆောင်မွေးမြူခဲ့ကြတာဖြစ်ပါတယ်။

 ကြွက်တွေက ကုန်စင်သွားခဲ့ပေမယ့်လည်း ကြောင်တွေကတော့ မျိုးပွားနှုန်း အရမ်းများလာတာကြောင့် ကျွန်းပေါ်မှာ ကြောင်တွေ  အထိန်းအကွပ်မရှိ များပြားလာပြီး နည်းပါးသွားအောင် လုပ်ဖို့လည်း ခက်ခဲ လာခဲ့ပါတယ်။

အခုဆိုရင်တော့ အဲ့ကျွန်းပေါ် ကြောင် အရေအတွက်ဟာ ၁၂၀၀ ဝန်းကျင်ရှိပြီး ၄င်းတို့ထဲမှ ၁၀ကောင်လောက် ကိုသာ သင်းကွပ်ထားရသေးပါတယ်။ ၄င်းကြောင်များသည် ထိုကျွန်းပေါ်ရှိ သီးနှံများနှင့် စွန့်ပစ် အစားအစာများကိုသာ စားသောက်နေထိုင်တယ်လို့ သိရပါတယ်။ ထိုကျွန်းပေါ်ရှိ ရွာလေးတွင် ဆိုင်များ၊ ဟော်တယ်လ်များ မရှိ ဘဲ ကြောင် ကျွန်းဟု နာမည် ကြီးကာ တစ်နေ့လျှင် နှစ်ကြိမ် ဖယ်ရီရှိကာ မြို့ကြီးများမှ လူများကို ဆွဲဆောင်နေနိုင်ပြီဖြစ်တယ်လို့လည်း

" မြေကြီးမစားရ မနေနိုင်သူများ "

 
မြေကြီးစားတဲ့ အကျင့်က ထူးဆန်းစွာနဲ့ ကမ္ဘာ့အစိတ်အပိုင်းအချို့မှာ ရှိနေပြီး မူမမှန်တဲ့စားခြင်းလို့ သတ်မှတ်တဲ့သူတွေရှိသလို လှိုက်လှိုက်လှဲလှဲကို အားပေးတဲ့သူတွေလည်း ရှိပါတယ်။ ဘာကြောင့် လူတွေက ညစ်ပတ်ပါတယ်ဆိုတဲ့ မြေကြီးကို စားလိုကြပါသလဲ။

အမေရိကန်နိုင်ငံ ကော်နဲတက္ကသိုလ်က မြေကြီးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Sera Young ကမြေကြီးစားတဲ့အကျင့်က ကမ္ဘာတစ်ဝန်းမှာ ရှည်လျားတဲ့ သမိုင်းချီပြီး ရှိလာခဲ့ပါတယ်လို့ ဆိုပါတယ်။Young က ဒီအပြုအမူနဲ့ ပတ်သက်ပြီး လေ့လာခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းက အလားတူ ဖြစ်ရပ်ပေါင်း ၅၀၀ ကျော်ကို အသေးစိတ်သုတေသနပြု လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။ မြေကြီးစားတဲ့ အလေ့ကို တွေ့ရှိရအများဆုံးနိုင်ငံတွေကတော့ အာဂျင်တီးနား၊ အီရန်နဲ့ နမီးဘီးယားတို့ပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသမှာ တွေ့ရများသလို မြေကြီးစားတဲ့သူတွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေက အဓိကပဲ ဖြစ်ပါတယ်။

ဒီလို စားစရာမဟုတ်တဲ့ အရာကို ချဉ်ခြင်းတပ်တာက တော်တော်များများ ဖြစ်လေ့ရှိပြီး မျက်စိအောက်မှာတင် ဖြစ်နေတာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။Young က နယူးရော့ခ်မြို့က နာမည်ကြီး အော်ပရာအဆိုတော်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်က

" ကားတစ်စီးဝယ်ဖို့ ဝှေးစေ့တစ်လုံး ဖြတ်ရောင်းလိုက်တဲ့ အမျိုးသား "

သင်ဆိုရင်ကော… သင်အရမ်းလိုချင်နေတဲ့ အရာတစ်ခုအတွက် သင့် ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေကို ရောင်းချပြီးတော့ ဝယ် ယူမလား။

 အခု ဖော်ပြပေးမယ့် အကြောင်းအရာထဲက အမျိုးသား ကတော့ သူအရမ်းခရေဇီဖြစ်ရတဲ့ သူအနှစ်သက်ဆုံး ကားတစ်စီးကို ပိုင်ဆိုင်ရဖို့ ယောက်ျားတစ်ယောက်ရဲ့ မွေးရာပါပိုင်ဆိုင်လာတဲ့ ကျား ပစ္စည်းကို ရောင်းစားခဲ့ပါသတဲ့။




မက်ပရီဆီဆိုသူအမျိုးသားက သူအရမ်းလိုချင်နေတဲ့ နစ်ဆန်းရဲ့ 370 Z ကားအမျိုးအစားကို ဝယ်ယူဖို့ သူ့ရဲ့ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့တာကတော့ မွေးရာပါကျားလိင်အင်္ဂါ ဝှေးစေ့တစ်လုံးကို ဖြတ်ပြီး
 ရောင်းချလိုက်တာပါပဲ။  ရောင်းဈေးဒေါ်လာ သုံးသောင်းခွဲ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

သူ လိုချင်တဲ့ မော်တော်ကားရဲ့ ဈေးနှုန်းက ဒေါ်လာ သုံးသောင်းနဲ့ လေးသောင်းခွဲကြားမှာရှိပြီးတော့
Subscribe

လာလည်သူများ

free counters