♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 22, 2016

" အာလူး ထမင်းနယ် "

 အာလူး ထမင်းနယ် 2
ပါဝင်ပစ္စည်းများ
(လူ ၄ ယောက် အ၀စားစာ)
  • ဆန်   3 လုံး (နို့ဆီဗူး)
  • အာလူး   30 သား
  • ခရမ်းချဉ်သီး  30 သား
  • ပဲပုတ်  2 ချပ်
  • ကြက်သွန်နီ   20 သား
  • ကြက်သွန်ဖြူ   3 မွှာ
  • ဆနွင်း   အနည်းငယ်
  • ဆား အနည်းငယ်
  • မြေပဲလှော် အမှုန့် 
  • မကျီးရေ
  • ဆီ
  • ဂျူးမြစ်
  • နံနံပင်
  • ကြက်သွန်မိတ်
  • ငငြုပ်သီးတောင့် ကြော်
အာလူး ထမင်းနယ်
ပြုလုပ်နည်း
  1. ဆန် နို့ဆီဗူး 3လုံး ချက်ဲတဲ့အထဲကို ဆနွင်းနဲနဲ ၊ ဆားနဲနဲထဲ့ ပြီး အနဲငယ်ပျော့ ယုံချက်ပါ ။  ရေငှဲ့ ချက်ချက် ၊ ပေါင်းအိုး  နဲ့ ချက်ချက် ရပါတယ် ။
  2. အာလူး 30သား ပြုပ်ပြီး အခွံကို နွှာပါ ။
  3. ပဲပုတ် 2ချပ်ကို မီးလေးပြပြိး ကင်ရ်ျ အမှုန့် လုပ်ပါ ။ မြေပဲလှော်ကိုလည်း အမှုန့် လုပ်ထားပါတယ် ။
  4. ခရမ်းချဉ်သီး 30သားကို ပါးပါးလှီး ၊ ကြက်သွန်နီလတ် ၁လုံး ၊ ကြက်သွန်ဖြူ 3မွှာကို ထုထောင်းပြီး ဆီသတ်ပါ ။
  5. ပြီးလျင် ပဲပုတ်မှုန့် ၊ မြေပဲမှုန့် ထဲ့ ပါတယ် ။အရည်က အနှစ်မို့  ၊ မပြစ်မကျဲမို့ ၊ ရေလိုသလောက် နဲနဲထဲ့ ပြီး. အပေါ့ အငံမြည်းပြီး ဆားထဲ့ ပါ ။
  6. ကိုင်းခရမ်းချဉ်နဲ့ ၇ိုးရိုးခရမ်းချဉ်ရောချက်တာက အချဉ် အရသာ ရတာမို့ ပိုကောင်းပါတယ် ။  ရိုးရိုး ခရမ်းချဉ်နဲ့ဆို မချဉ်ရင် မကျီးရေ နဲနဲလေးထဲ့ ပါ ။  သိတ်မချဉ်ရပါ ။ ချဉ်တယ်ဆိုယုံလေးပါ ။  ချဉ်တဲ့ ခရမ်းချဉ်သီး အရသာလောက်ပဲ ချဉ်ပါ ။
  7. ကြက်သွန်နီ 20 သား ၊ ဆီ 15 ကျပ်သားနဲ့  ဆနွင်း နဲနဲထဲ့ ပြီး ဆီချက် ချက်ထားပါ ။
  8. ထမင်းကို အအေးနဲနဲ ခံပြီး အာလူးတွေချေထဲ့ပြီး ဆီချက် တဇွန်း (ဆီရော အဖတ်ပါ) ထဲ့ ပြီး စီးအောင် နယ်ပါ ။
  9. ပြီးရင် တခါစား အလုံးလေး လုပ်ထားပါ ။  အလုံးလေးတွေကို ဆီပုတ်ပြိး စီထားပါမှ ဆီခနခန မကိုင်ရမှာပါ ။  (ထမင်းထဲ ခရမ်းချဉ်သီးချက် နဲနဲထဲ့ နယ်လေ့ လဲရှိပါတယ် ။  အဲဒီအချိန်မှာ ငါးပြုတ်သားကို ထဲ့ နယ်တတ် ကြပါတယ်။)
  10. ဂျူးမြစ် ၊ နံနံပင် ၊ ကြက်သွန်မိတ် ၊ ငငြုပ်သီးတောင့် ကြော် တို့နှင့် တွဲဖက် စားပါ ။
  11. ပုဂံထဲအလုံးထဲထဲ့ ၊ ဖိပြားပြီး အပေါ်က ခရမ်းချဉ်သီးချက်ဆမ်း ၊ ဆီချက်ဖြူးပြီး တွဲဖက်တွေနှင့် ကြိုက်သလို ထဲ့ ပြီး စားနိုင်ပါတယ် ။   (ကိတ်မုန့် စားသလို တဇွန်းခြင်း ဖဲ့ ဖဲ့ စားကြည့်ပါ ။  ချဉ်တဲ့ အရသာ ၊ ဆိမ့်တဲ့ အရသာနဲ့ ပဲပုတ်ရဲ့ မွှေးတဲ့ အရသာပါ တခုစီ ခံစားရမှာပါ ။ )

အာလူး ထမင်းနယ် 3
Credit:  Happy Family Time
Credit : http://myfood.com.mm/recipes/recipes-by-category/%e1%80%91%e1%80%99%e1%80%84%e1%80%b9%e1%80%b8-rice-dishes/%e1%80%a1%e1%80%ac%e1%80%9c%e1%80%b0%e1%80%b8-%e1%80%91%e1%80%99%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%9a%e1%80%b9/

No comments:

Subscribe

လာလည်သူများ

free counters