♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 3, 2015

" ချစ်သူ ရည်းစား စုံတွဲလေးတွေမှာ ဒါမျိုးလေးတွေ ပြုလုပ်လေ့ရှိတယ် "

ချစ်သူ ရည်းစား စုံတွဲလေးတွေမှာ ဒါအဖြစ်ပျက်တွေက သွေးထွက်အောင် မှန် တယ် မှတ်လား














(၁) ကိုယ့်ချစ်သူ နဲ့ ကိုယ်နဲ့ လျှောက်လည်ကြတဲ့အချိန်မျိုးမှာဆိုရင် လူတွေကြားထဲရောက်ရင် ကောင်မလေးဆိုရင်လည်း သူ့ချစ်သူကောင်လေးလက်ကိုကောက်တွဲပစ်လိုက်တာပဲဖြစ်ဖြစ် ..
ကောင်လေးဆိုရင်လည်ူး့ကောင်မလေးပခုံးကိုလှမ်းဖက်လိုက်တာပဲဖြစ်ဖြစ် အဲ့လိုလေးတော့လုပ်တတ်ကြတယ်မှတ်လား ??
( အဲ့ဒါ လူကြားထဲမှာ ငါသည်သာ သူ့ချစ်သူ ဆိုပြီး ဂုဏ်ယူချင်တဲ့စိတ်လေးပေါ့ )
(၂) နှစ်ယောက်သားတွေ့တဲ့အချိန်တိုင်းမှာလည်း သူ့ဖုန်းကိုယူယူစစ်တတ်သေးတယ်
( message , call list ကအစ gallery ပါမကျန် )

" အောင်မြင်ခြင်းအချက် ၃၃ ချက် " E သုံးလုံးကို သေချာမှတ်ထားနော်

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို
အတတ်နိုင်ဆုံးပြုံးထားပါ။
၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။
၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy
၎။ Game တွေကစားပေးပါ။
၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။
၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။
၉။ရေများများသောက်ပါ။၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။

"မေ့ဆေးပြယ်ချိန်" မျက်လုံးကျယ်မှ ရုပ်ဆိုးမှန်းသိတော့တယ် မိန်းမရယ် (ဟာသ)

မေ့ဆေးပေးခွဲစိပ်မှုကို ခံထားရတဲ့ ယောက်ျားဖြစ်သူဟာ လူနာကုတင်ပေါ်မှာ မေ့မြောနေဆဲ ရှိပါသေးတယ်။
သူ့ကုတင်ဘေးမှာတော့ မိန်းမဖြစ်သူက ထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာဘဲ လူနာသတိရလာတယ်။
မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်ပြီး သူ့မိန်းမကို မြင်သွားတော့… …
“မင်း သိပ်သိပ်လှတာဘဲကွယ်”
….လို့ပြောပြီး ပြန်မေ့သွားတယ်။

မိန်းမဖြစ်သူလည်း တော်တော်လေး ကျေနပ်အံ့သြသွားတယ်၊
သူတို့ ပေါင်းသင်းလာတာကြာပြီ၊ တခါမှ အဲလိုချီးမွမ်း မခံရဖူးဘူးလေ။

January 2, 2015

" အသည်းကွဲလာရင် မမှုနှင့် ရုန်းကန်လှုပ်ရှားဘို့ လိုတယ်..တယောက်သွား ဆယ်ယောက် လာလိမ့်မယ်"

"အသည်းကွဲ အထူးကု" 
ကောင်းကင်မှာ သက်တန့်ကြီးတစ်ခုကို မြင်ဖူးပါသလား ။

မိုးရွာပြီးစ ရှင်းသန့်ပြာလွင်သော ကောင်းကင်မှာ သက်တန့်ကြီးက လေးကိုင်းသဏ္ဍာန် ကွေးညွတ်နေသည် ။

အုံ့မှိုင်းသော တိမ်ထု ၊ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုက စိတ်ကိုထုံထိုင်းလေးလံစေခဲ့သမျှ … ၊
သက်တန့်ကြီး၏ သင်္ကေတကတော့ ရာသီဥတုသာယာကြည်လင်ခြင်းကို ဖော်ညွှန်းသည် ။

သူ၏ စုံလင်ရွှန်းလက်သော အရောင်အသွေးတွေက ဘ၀၏ ချိုလွင်သာယာသော အပိုင်းအစတွေလို … ။

" ရေခဲလူသား အက်စကီးမိုး ထံမှ သင်ခန်းစာ "

လမ်းခရီးမှာ ကျွန်တော်တို့ ရက်ပေါင်းသုံးဆယ်မျှ ကြာခဲ့ပြီဖြစ်သည်။
ကျွန်တော်ရယ်၊ ကျွန်တော်နှင့်အတူ ခရီးသွားနေသည့် အက်စကီးမိုး မိသားစုရယ် ။
အအေးချိန်က သုညအောက် ငါးဆယ်မှာ ရောက်နေသည်။ သည်ကြားထဲ လေပြင်းကတိုက်လိုက်သေးသည်။ ပြီးတော့ သည်အက်စကီးမိုးတွေ လုပ်နေကိုင်နေပုံနှင့် … ။
ကျွန်တော့်အတွက် သည်ခရီးက အပင်ပန်းဆုံးခရီး၊ စိတ်ပျက်စရာအကောင်းဆုံးခရီး ဖြစ်နေသည်။
ကျွန်တော့်စိတ်မှာ ကံကြမ္မာက တမင်တကာပဲ ကျွန်တော့်ကို နှောင့်နှေးအောင် လုပ်နေသလား အောက်မေ့မိလာသည်။ သည်တစ်နေ့ ဆီးနှင်းမုန်တိုင်းကြောင့် အစ်ဂလူးရေခဲအိမ်ထဲ ငုတ်တုတ်ထိုင်နေရမည်။ နောက်တစ်နေ့ကျတော့ ကျွန်တော့်လမ်းပြလုပ်သည့် ဒေသခံပုဂ္ဂိုလ်တွေက ဘယ်လိုအူကြောင်ကြောင်စိတ်ကူးမှန်းမသိ၊ ရာသီဥတု သာသာယာယာ ရှိနေပါလျက် ရှေ့ခရီးမဆက်ဘဲ အစ်ဂလူးအသစ်တစ်လုံး ဆောက်ကာ စတည်းချဖို့ ပြင်ပြန်သည်။
“ ဘုရင်ဝီလျံကုန်းမြေကိုရောက်ဖို့ နောက်ထပ် ဘယ်နှစ်ရက်သွားရဦးမှာလဲ  ” ဆိုသော အမေးကို သူတို့မိသားစု အကြီးအကဲပုဂ္ဂိုလ်အား ကျွန်တော်မေးတာ အကြိမ်ပေါင်း မနည်းတော့ပြီ ။
သူက ဘယ်တော့မှ တည့်တည့်မဖြေ။ သည်အက်စကီးမိုးတွေက မေးမြန်းတာကိုပင် မကြိုက်ချင်။ ရိုင်းသည်ဟု သဘောထားသည်။ လူဖြူတွေမို့ ဒီလိုမေးမြန်းကြတာပဲ ဟု သူတို့မြင်သည်။ ပြီး သူတို့အက်စကီးမိုးတွေက တိတိကျကျ တာဝန်ခံပြီး ပြောရမှာမျိုးကို လုံးဝမလိုလား။ မနက်ဖြန် ရာသီဥတု ဘယ်လိုရှိမလဲ  သင်က မေးမည်။ အက်စကီးမိုးတွေ သိတန်သလောက် သိကြသည်ပဲ။ သို့သော် “ ကျွန်တော် မသိပါဘူးဗျာ ” ဟူ၍ပဲ ယဉ်ကျေးစွာ ဆိုမည်။ ပြီးတော့ ခွေးတွေနှင့် အလုပ်ရှုပ်နေသလို ၊ဘာလို လုပ်နေမည်။ အဓိပ္ပါယ်က “ ဖြေလို့ ဘာအကျိုးထူးမလဲဗျာ၊ မှန်ရင်လည်း ‘မှန်းသားပဲ’ ပေါ့ ။ ဒီအပြင် ဘာရှိမလဲ၊ မမှန်တဲ့အခါကျတော့ ကျွန်တော်ပဲ အရူးဖြစ်မယ် ” ဟု ပြောချင်သည့် သဘော။

" မယားလေးရယ် မင့်နှယ် အလုပ်မရှိ အလုပ်ရှာ...ကျောပြင်ကိုအပ်ထိုးလို့ ဟန်ပြရရှာသကိုး "



သူရဲဂေါင်းမဂြီး တစ်ဦးပါဘဲ.....အလုပ်မရှိ အလုပ်ရှာ...ကျောပြင်ကိုအပ်ထိုးလို့ ...ဟန်ပြရရှာ ဆိုရမလားဘဲကွယ်တို့ရေ....... ဆေးသွင်းတဲ့ အပ်ပေါင်းများစွာနှင့် ကိုယ်ခန္ဓာကျောပြင်ထက်မှာ နာကျင်မှာကိုမမှုဘဲ(ဟီးးးး   ထုံဆေးပြယ်ရင် အသေနာမှာ) ပုံစံဖော်ပြီး ထိုးထားလိုက်တာများ..သြော်ချရလောက်ပါတယ်......ကျုပ်တို့များဆေးထိုးဘို့ဆိုဝေလာဝေး...အပ်
နှင့်ထိုးမိမှာတောင် ကြောက်ကြတာ....တယ်လဲ သတ္တိကောင်းတဲ့ အာဂ အမျိုးသမီးပါလား......အပ်တွေဖြုတ်ပြီးလို့ ထုံဆေးပြယ်ရင် အဘကယ်ပါ....မောင်ကယ်ပါ...ကိုကိုရေ....ချစ်ကို ကယ်ပါဦး......အပ်ထိုးတဲ့ ဒဏ်ရာက တဆစ်ဆစ်နှင့် ကိုက်လွန်း နာလွန်းလို့ အိပ်ယာပေါ် ကျောချဘို့ မရပါလား...ချစ်ရဲ့ ကျောပြင်လေး နာလွန်းလှပြီ ကိုရဲ့...အီးးးးဟီးးးဟီးးး အဟင့်ဟင့်

" ချစ်ခွင့်ပန် လက်ထပ်ရန် အငြင်းခံရတဲ့အတွက် ဘယ်တော့မှ စိတ်မပျက်ပါနဲ့ " ချစ်စရာ တပုံကြီး ဟုတ်တယ်ဟုတ်

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို စွဲလန်းစွာ ချစ်မြတ်နိုးခဲ့တယ်..။ သူမဟာ တစ်ခြားသူတွေအတွက်တော့ အချောဆုံး အလှဆုံးမဖြစ်
ခဲ့ပေမယ့် သူ့အတွက်တော့ နတ်သမီးလေး တစ်ပါးလိုပါပဲ..။

သူဟာ သူမနဲ့လက်ထပ်ပြီးရင် ကောင်းမွန်စွာနေထိုင်နိုင်ဖို့ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုး
စားစား လုပ်ဆောင်ပြီး တစ်နေ့ကျရင် သူမနဲ့ လက်ထပ်မယ်လို့ စိတ်ကူးထားတယ်..။
သူ့သူငယ်ချင်းတွေက”မင်းသူ့ကို တအားမမျှော်လင့်ထားနဲ့..၊ သူမက မင်းကို ချစ်လား မချစ်လားတောင် မင်းသိတာ မဟုတ်ဘူး..၊ ပထမဆုံး မင်း သူမကို ချစ်ခွင့်ပန်သင့်တယ်…” လို့ အကြံပေးကြတယ်..။ သူလည်း ဒီအတိုင်းပဲ ဖြစ်သင့်တယ်လို့ ထင်တယ်..။

January 1, 2015

" ရည်းစားဟောင်းတွေ လုပ်လေ့လုပ်ထရှိတဲ့ စိတ်ပျက်စရာအချက် (၇)ချက် "


သင့်ရဲ့ရည်းစားနဲ့ ပြတ်သွားပြီမို့ စိတ်ညစ်စရာတွေ၊ အာရုံနောက်စရာတွေ မရှိတော့ဘူးလို့ ထင်မိပါသလား။ တစ်ခါတစ်လေ ပြတ်သွားပြီးမှ သူတို့တွေရဲ့ အာရုံနောက်စရာ အပြုအမူတွေကြောင့် သည်းမခံချင်စရာကောင်းတဲ့အရာတွေ ထပ်ပေါ်လာနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ဘာမှမဟုတ်တဲ့အကြောင်းအရာတွေကို ပို့ချင်တဲ့အချိန် sms ပို့တတ်တာမျိုး
ဥပမာ နင်အရင်တုန်းက ကြိုက်တဲ့ သီချင်း ခုရေဒီယိုမှာ လာနေတော့ နင့်ကို သတိရသွားတာနဲ့ sms ပို့လိုက်မိတာ ဆိုတာမျိုး။ ဇာတ်လမ်းပြီးသွားကာမှ အရစ်ရှည်နေတာတွေက မုန်းစရာကောင်းလွန်းပါတယ်။

၂။တစ်ခြားကောင်မလေးတွေနဲ့ ကိုယ့်ရှေ့မှာ အီစီကလီလုပ်ပြနေတာမျိုး
တစ်နေရာမှာ ရည်းစားဟောင်းနဲ့ ဆုံမိတဲ့အခါ ကိုယ့်ရှေ့မှာ တမင်သက်သက် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ အကြည်ဆိုက်နေသလို

"ဈေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း "





ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။
အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက် ကင်း အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။

" အလုပ်မရှိ အလုပ်ရှာ... မယားလေးရယ် မင့်မို့လို့ ဒီလိုတွယ်ချိတ်တွေ ကပ်ရတယ်လို့ "

သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင်တွယ်ချိတ်များကို
ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art) တစ်ခုအား ကိုယ်ဟန်ပြ ဖန်တီးခဲ့ရာ
တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဓာကို မြင်တွေ့ရသည်။

http://news.xinhuanet.com/english2010/photo/2010-07/28/13419266_11n.jpg 
http://news.xinhuanet.com/english2010/photo/2010-07/28/13419265_11n.jpg

" ရွေးချက်ကယ် မှား " သြော် လက်စသပ်တော့ ယမမင်းလဲ သေရမှာကြောက်သကိုးး !!!



တစ်နေ့မှာတော့ ငရဲမင်းကြီး ဒိန်းဝေါင်ဟာ တစ်ခြားသက်ရှိ သတ္တ၀ါတွေလိုပဲ နေထိုင်မကောင်းဖြစ်တယ် ။ အဲဒီတော့ လူ့လောက က သမားတော် တစ်ယောက် ပင့်ဖို့ ငရဲသားတစ်ယောက်ကို လွှတ်လိုက်တယ် ။
လူသေ အနည်းဆုံး သမားတော်ကိုသာရှာပင့်ခဲ့ ငရဲမင်းကြီးက သူ့ငရဲသားကို သတိပေးလိုက်တာပေါ့ ။
လူနာသေ အနည်းဆုံးသမားတော်မှန်း ကျွန်တော်မျိုး ဘယ်လိုလုပ်သိမှာလဲ
ဒါများလွယ်ပါတယ်ကွာ ၊ဒေါသထွက်နေတဲ့ ၀ိညာဉ်တွေ မအုံဆုံး သမားတော်ကို ရှာခေါ်ခဲ့
အဲဒါနဲ့ ငရဲသားလည်း ငရဲမင်းကြီး မှာလိုက်တဲ့ စကားကို သတိချပ်ပြီး အဲဒီ ရှားရှားပါးပါး ဆရာဝန်ကို လိုက်ရှာတယ်။တစ်လမ်းဝင် ရင်လည်း သမားတော်ရဲ့ အိမ်ကိုတွေ့ပါရဲ့၊ အဲဒီ သမားတော် အိမ်ရှေ့မှာလည်း

December 31, 2014

မေးလိုက်ပါ......."မူးချင်တိုင်းလည်း မမူးရပါလား ဖေကြီးရယ်" (ဟာသ)

တစ်ရက်တွင် အရက်မူးပီး ပြန်လာသော သားဖြစ်သူမှ ဒေါသတကြီး ရပ်ကြည့်နေသော သူ့အဖေ ကို အိမ်တံခါးဝ တွင်မြင်သောအခါ.....

" ရင်နာတယ် အဖေ ရာ .....လူတွေက အရက်မူးတာပဲ မြင်တယ်။ ဘာလို့ သောက်တာလဲလို့ ဘယ်သူမှမမေးကြဖူး....ဗျာ ".... ဟုဆို၏။

ထိုအခါ အဖေ လုပ်သူလည်း သား ဖြစ်သူ၏ ညှိုးညှိုး ငယ်ငယ် အမူအရာနှင့် စကား ကြောင့် သနား ကာ မဆူတော့ပေ။

နောက် တစ်ရက်တွင်လည်း သားဖြစ်သူမှာ မူး လာပီး အရင်အတိုင်း ပြော ပြန်သည်။

ဖခင်မှာလည်း နားလည်စွာဖြင့် နုတ်ဆိတ်နေလိုက် ပြန်သည်။

သို့ ဖြင့် သား ဖြစ်သူ အရက်မူးမူးလာသည်မှာ တစ်လ ကျော်လာခဲ့ပေပြီ။

နောက်ဆုံး ဖခင်ဖြစ်သူမှ သားဖြစ်သူကို သနားလွန်း၍ ........

"အလှပြင် ပစ္စည်းတွေရဲ့ သက်တမ်း "

အလှပြင် ပစ္စည်းတွေဟာ တချို့စားစရာတွေလိုပဲ သက်တမ်း ကုန်တတ်တယ် ဆိုတာ သတိပြုမိပါရဲ့လား။ ရက်လွန် အလှပြင် ပစ္စည်းတွေကို သုံးမိရင် ဘာမှအန္တရာယ် ကြီးကြီးမားမား မရှိပေမယ့် အရေပြား တွေကိုတော့ ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် မှန်တင်ခုံပေါ်မှာ အလှပြင် ပစ္စည်းတွေ နေရာ ယူထားတာ ဘယ်လောက် ကြာပြီလဲ ဆိုတာ စစ်ဆေး ကြည့်လိုက်ပါဦး။

မျက်တောင်ကော့ဆေး

 သက်တမ်း - (၂)လမှ (၃)လ

     ပျစ်ခဲခဲ ဖြစ်လာမယ်၊  အနံ့ တစ်မျိုး ဖြစ်လာမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။

"ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ"

(၁) ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော ပေါင်မုန့်
ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်
ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နွားနို့
အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာ စားတဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျတက္ကသိုလ်မှ သုတေသန ပြုသူတွေက နံနက်စာကို နွားနို့ သောက်သူတွေဟာ အချိုရည် သောက်သူတွေထက် ပိုမို ဗိုက်ပြည့်တင်းမှု ရစေပြီး နေ့ခင်းအစာစားချိန်မှာ ၂၀၀ ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

" ဘယ်လိုအခြေအနေမျိုးတွေမှာ ရည်းစားမထားပဲ တစ်ယောက်တည်းနေသင့်သလဲ "



ကိုယ်က မချစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရည်းစားဆို တုန်နေအောင်ချစ်ပါရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရပြီဆိုပါစို့။ နောက်ထပ် ရည်းစားထားဖို့တောင် တော်တော်ကြောက်နေရပြီ။ အရင်လို ထပ်ဖြစ်မှာ စိုးရတာနဲ့၊ စိတ်တွေရှုပ်ထွေးနေတာမို့ ကိုယ့်ဘေးနားမှာ ဘယ်သူတွေ ရှိနေတယ် ဆိုတာတောင် သတိမထားမိတော့တာနဲ့ စသဖြင့် အခြေအနေတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပြီပေါ့နော်။ ကိုယ့်မှာ သုံးသပ်ကြည့်စရာ အချက် သုံးချက်ရှိပါတယ်။ ကိုယ်ဖြစ်နေတာတွေနဲ့ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ရည်းစားမထားသေးဘဲ ငြိမ်ငြိမ်လေး နေလိုက်ပါဦးနော်။
၁။ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ လမ်းခွဲတာ သိပ်မကြာသေးဘူးဆိုရင် ဒါမှမဟုတ် အိမ်ထောင်ကွဲထားတာဆိုရင်

December 30, 2014

ဥာဏ်ပြေးတဲ့မိန်းမ... ကြိတ်စက်ပေးလို့ နှိပ်စက်ပါပေ့ လင်လေးရယ် ( ဟာသ )

သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။
ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။

ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။

" မြန်မာ စကားပုံများ (က မှ အ ထိ) " ( မြန်မာစာ )



က

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

"ကျွန်တော် အကြိုက်ဆုံးသော ပုံပြင်လေးတစ်ပုဒ်" အသက်ကြီးရွယ်အိုတွေကို တောထဲစွန့်ပစ်တဲ့ ဓလေ့ဆိုး အဆုံးသတ်ပုံ


ကျွန်တော်ငယ်ငယ်က ဂျပန်ရိုးရာ ပုံပြင်လေးတစ်ခု ဖတ်ဘူးတယ်။ သိပ်လည်း ကြိုက်ခဲ့တယ်။ အမြဲလည်း မှတ်မိနေတယ်။ အခု အသက်ကြီးလာတော့ ဒီပုံပြင်လည်းဟာ အဓိပ္ပါယ် ပိုရှိလာတယ်။ ပိုပြီး တွေးစရာတွေ ဖြစ်လာခဲ့တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

" ကျန်းမာရေးနှင့် ၀ူရှူးပညာ "

 

 (ခုတစ်လော ebook အသစ်တွေ မတင်နိုင်သေးတာနဲ့ ဆောင်းပါးလေးတွေပဲ တင်ပေးဖြစ်နေတယ်ဗျာ။ ဒီကနေ့တော့ ကိုရန်လင်း ရေးခဲ့တဲ့ ကျန်းမာရေးနှင့် ၀ူရှူးပညာဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရေးထားတာတော့ ကြာပါပြီ။ ၂၀၁၁ တုန်းက ning website တစ်ခုမှာ ဖတ်ဖူးခဲ့တာပါ။ ကိုရန်လင်းဆီမှာ Thaing Wizard မှာ ပြန်တင်ဦးမယ်လို့ ခွင့်တောင်းထားတာတောင် အတော်ကြာပါပြီ။ တင်မယ်၊ တင်မယ်နဲ့ ခုမှပဲ လုပ်ဖြစ်တော့တယ်ဗျာ။ဒီဆောင်းပါးလေးကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။)

December 29, 2014

" ကြွေရုပ်လေးလို လှရှာသူ " အီးဟီးးဟီး သားကို တောင်းပေးပါ အမေ နဲ့ အဖေရ

သူကလေးကတော့ တစ်ကယ့် ကြွေရုပ်ကလေးလိုလှပချောမွေ့ ပြီး ချစ်စရာကောင်းသူလေးပါ...
အမေရိကန်နိုင်ငံကလို့ ထင်ရပါတယ်... ဒါကိုတာမနှင်းဆီ သို့ မဟုတ် ကိုတာကိုတီ လို့ အမည်
ရပါတယ်တဲ့ ...
 
 ဟန်မူယာမခို့ တရို့ နဲ့ ...
နောက်ပြီး ဟောသဟာလေးကို ဆက်ကြည့်ဦးနော် ဒီဟာ ဒီဟာ

" ဒီဆင်ကြီး ခြေထောက် ဘယ်နှစ်ချောင်းလဲ ရေ ကြည့်ပါဦး."


ဒီဆင်ကြီး ခြေထောက် ဘယ်နှစ်ချောင်းလဲ ရေ ကြည့်ပါဦး....
Credit :zayarphone.blog

" အချစ်ရေးနှင့်-စိတ်ညှို့ပညာ " အချစ်ကို ညှို့ယူမယ်






ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။

" ဓလေ့ ဆိုရိုးစကားလေးများ (၂) " ခြောက်ပုလင်း ကိုယ်တော်


စကားကြွယ်တဲ့ အညာက တကယ့် ဟာသ အဖြစ်ပျက်တခုပါ။

မိမိသည် သူငယ်ချင်းဖြစ်သူက ကထိန်ပင့်သဖြင့် ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာ တောင်ဦး ကျောင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုရွာမှ ဒါယ ကာတော်များနှင့် အလွန်ပင်စကားလက်ဆုံကျခဲ့သည်။ အထူးအားဖြင့် ဒါယကာကြီး ဦးရန်ပ နှင့် စကားလက်ဆုံ အတော်ပင်ကျခဲ့သည်။ အကြောင်း သော်ကား မိမိသည် အင်တာနက်တွင် ဟာသပုံပြင်များရေးနေကြောင်း ဒကာကြီး ဦးရန်ပ သိရှိ သွားသည်။ သို့ဖြစ်၍ သူကြားဖူးထားသော ပုံပြင်များကို ပြောပြနေသောကြောင့်ပေတည်း။

December 28, 2014

LED မီးရောင်များသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း သုတေသီများ တွေ့ရှိ


မက်ဒရစ် ၊ ၂၅-၁၂-၂၀၁၄

စပိန်နိုင်ငံ မက်ဒရစ်မြို့ ၌ တည်ရှိသော Complutense တက္ကသိုလ်မှ အမြင်အာရုံ သုတေသီ ဒေါက်တာ Sanchez-Ramos က သူမ၏ ရှာဖွေတွေ့ရှိမှုအရ LED မီးရောင်မှ ဖြာထွက်သော စွမ်းအားမြင့် အလင်းတန်း များကြောင့် လူတို့ မျက်လုံး၏ retinas အလွှာကို ထိခိုက် စေနိုင်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

" မှားပါတယ် အဖေရယ် " အဖေ့ သမီးတွေကလည်း နေရာတိုင်လိုလိုပါဘဲလား (ဟာသ)

  လူပျိုပေါက်လေး သားငယ်ဟာ အဖေ ဖြစ်သူကို ဝမ်းသာအားရနဲ့ ယခုလို တိုင်ပင် စကား သွားဆိုပါတယ်။

"အဖေရေ။ သား ဘယ်ဘက်အိမ်နီးချင်းအိမ်က ရိုစီကို စိတ်ဝင်စားတယ်။ အဲဒါ သား ဖွင့်ပြောလိုက်တော့မယ်နော်"
အဖေဖြစ်သူက--
"နေအုံးသား။ မင်းကို အဖေ ဖွင့်ပြောဝန်ခံစရာရှိတယ်။ အမေ့ကို လုံးဝ(လုံးဝ) ပြန်မပြောဖို့ကတိပေး" လို့ဆိုတဲ့အခါ သားက "ဟုတ်" လို့ ဖြေပါတယ်။ ဒီတော့ အဖေဖြစ်သူက ဖြေပါတယ်။

"ရိုစီက မင်းနဲ့ မောင်နှမတော်တယ်"

" ကိုယ့်ထက်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ရခြင်းအတွက် ခံစားနိုင်တဲ့ ကောင်းကျိုးများ " ငှိငှိငှိ


ကိုယ့်ထက်ငယ်တဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ မမတွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေကို ခံရစမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ်ဆိုတာ ကိုယ်သာ အသိဆုံးပါ။ သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်းအလျှော့ပေးနေရလိမ့်မယ်လို့ ထင်နေရင်လည်းမှားနိုင်သလို ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားလို့ သူကချည်း ကိုယ့်ကိုဦးဆောင်ပြီး အနာဂတ်လမ်းမပေါ် လျှောက်လှမ်းသွားနိုင်မယ်ဆိုတာကလည်း မှားယွင်းတဲ့အတွေးအခေါ် အယူအဆပါပဲ။ ဒီတော့ ကိုယ့်ထက်ငယ်တဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့ မမတွေအတွက် ကောင်းကျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။သူ့ကြောင့် ခွန်အားတွေရှိလာမယ်၊ သွက်သွက်လက်လက်နေတတ်လာမယ်။
ကိုယ့်ထက်အသက်ငယ်တဲ့ ချစ်သူကောင်လေးကို အမီလိုက်နိုင်ဖို့၊ ကိုယ်ကအသက်ကြီးတာမျိုး မသိသာစေဖို့ ကိုယ့်ဘက်က ကြိုးစားနေထိုင်လာမယ်။ ဖက်ရှင်ကျကျ ပိုဝတ်ဆင်လာနိုင်လိမ့်မယ်။ သူနဲ့ သွားအတူ၊ စားအတူဖြစ်လာသလို အရင်ထက် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်လာမယ်။ သူ့ဆီက ရရှိလာတဲ့ ခွန်အားတွေနဲ့ နောက်ထပ် အနာဂတ်အိပ်မက်အသစ်တွေ မက်လာနိုင်မယ်။ ပျော်စရာလည်း ပိုကောင်းလာပါလိမ့်မယ်။
၂။ဖိအားတွေ အရင်ကလောက် မခံစားရတော့ဘူး။
Subscribe

လာလည်သူများ

free counters