♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 14, 2016

" ရည်းစားတစ်ယောက်ထဲကိုဝေမျှချစ်တဲ့ အမွှာညီအမ "


 
တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြ
ပါတယ်။ အလုပ်၊ကား၊ဖေ့ဘွတ်အကောင့်အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက် ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ် ကအစတူသထက်တူအောင် ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစ လို့ အသေးစိတ်တူညီအောင်ပြုပြင် ခွဲစိတ် တာ ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာ ကုန်ကျခဲ့ပါတယ်။ပါတ်သ်မြို့ ၊သြစတြေးလျမှာနေထိုင်ကြတဲ့သူတို့  အမွှာညီမနှစ်ယောက်ဟာ အိပ်ယာထရင်အတူထကြ တယ်။ အိပ်ယာဝင်ရင်လည်းအတူတူပဲ။ အိပ်ယာကုတင်တလုံးထဲမှာအတူအိပ်တယ်။
မိခင်နဲ့ အတူတူနေထိုင်တဲ့ အန်နာနဲ့ လူစီဟာ ရည်းစားကိုတောင်တစ်ယောက်ထဲ ထားပါတယ်။ သူတို့ ရည်းစားက

" အသက် ၁၁၃နှစ် အဘိုးအို ရဲ့ ကျန်းမာရေး လျှို့ဝှက်ချက် "

 
ပုံကိုကြည့်ပြီးတော့ သူ့ အသက် ဟာ ၁၁၃နှစ် လို့ပြောရင် ယုံနိုင်ပါ့မလား။ ဘာနာဒို လာပယ်လို ကို ၁၉၀၁ ခုနှစ် မှာမွေးဖွား ခဲ့ပါတယ်။ ခုဆိုရင်တော့ သူရဲ့ အသက်ဟာ ၁၁၃နှစ် ရှိသွားပါပြီ။

သူရဲ့ ဘ၀တစ်လျှောက် မှာ မနာ မကျန်းမဖြစ်ခဲ့ပါ ဘူးတဲ့။သူဟာ အသား ကိုရှောင်ကျဉ်ပြီးတော့ လတ်ဆတ် တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီး သစ်ဖု တွေကိုပဲ များသော အားဖြင့် စားဖြစ်တယ် လို့ပြောပါတယ်။

သူဟာ အသက်၁၁၃နှစ်ဖြစ် လို့ သူ ဘာမှ မလုပ်နိုင်ဘူး လို့ သင် ထင်နေရင်တော့ သင်မှားသွား ပါပြီ။ သူဟာ ပဟေဌိ အမြောက် အမြား ကို ဖြေနိုင်တဲ့ အပြင် စာအုပ်တွေ ကိုလည်း ဖတ်နိုင်ပါသေးတယ်။

ဘာနာဒို က သူရဲ့ကျန်းမာရေး လျှို့ဝှက်ချက်ဖြစ် တဲ့ အစားစာ (၅)မျိုး အကြောင်း ကို ပြောပြခဲ့ ပါတယ်။ အဲ့ဒီ(၅)မျိုး ကတော့……….
၁။ ကြက်သွန်ဖြူ
——————
ကြက်သွန်ဖြူ ဟာ ကျန်းမာရေး အတွက် အထူးကောင်းမွန်တဲ့ အရာ ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့် မယ်။ ကြက်သွန်ဖြူ က ရောဂါ အမျိုးမျိုး အတွက် ဆေးဖြစ်တဲ့ အပြင် နေ့စဉ် စားသုံးပေး ပါက ကင်ဆာရောဂါ ကိုတောင် ကာကွယ်ပေးပါတယ်။

၂။ပျားရည်
————
ပျားရည် ကို အားတိုးဆေး လို့တောင် ဆိုလို့ ရပါတယ်။ မည်သူ မဆို ပျားရည် ကို တစ်နေ့ တစ်ဇွန်း စားသုံး ပါက ကင်ဆာရောဂါ များကို ကာကွယ်ခြင်း၊ အသား အရေ လှခြင်း၊ ဆံပင် လှခြင်း၊ အိုမင်းမှု ကို နှေးကွေးစေခြင်း နှင့် ကိုယ်

" ထမင်းပေါင်း အမြန်လုပ်နည်း "

 
ထမင်းပေါင်းက လုပ်ရတာ လွယ်ကူ လျင်မြန်ပါတယ်။
ထမင်းပေါင်းကြိုက်သူများအတွက် အလွယ်ဆုံး ထမင်းပေါင်းနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ထမင်းပေါင်းရန်အတွက် လိုအပ်သော ပစ္စည်းများ

၁။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး (ကြက်၊ ဝက်၊ ပုစွန်)

၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

၃။ ဆား

၎။ ကြက်သားမှုန့်

၅။ တရုတ်မဆလာ

၆။ ငြုပ်ကောင်း

၇။ နှစ်သက်ရာ အသီးအနှံများ (ပန်းပွင့်၊ မုန်လာဥနီ၊ ပြောင်းဖူးငယ်လေးများ၊ ခရမ်းချဉ်သီး၊မှို၊ ပဲသီး)

၈။ ငုံးဥ

၉။ ပဲပြား

၁၀။ ပဲငံပြာရည်အကြည်

၁၁။ ခရုဆီ

၁၂။ ကော်ရည်



ထမင်းပေါင်းပြုလုပ်နည်း

၁။ အသားကို ပါးပါးလှီးပါ။ (ပုဇွန်ဆိုလျှင် လှီးစရာမလိုပါ)

" ရာသီခွင်(၁၂)ခုနဲ့ သူတို့အချစ်ရေး "

 

ရာသီခွင်တစ်ခုချင်းစီမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး မတူဘဲကွဲပြားနေတဲ့ အချက်လေးတွေ၊ စရိုက်လေးတွေနဲ့၊ အခြေအနေ သဘောတရားတွေရှိပါတယ်။

မိဿ (Aries)

အချစ်ရေးနဲ့ပတ်သက်ပြီး အရမ်းခံစားချက်ပြင်းထန်တယ်။ စိတ်အတက်အကျအပြောင်းအလဲလည်း မြန်တယ်။

ပြိဿ (Taurus)

ရိုးရှင်းတဲ့အမြင်ပဲရှိတယ်။ တစ်ယောက်ယောက်နဲ့ စိတ်ချင်းဆက်နွယ်မှုရှိတယ်လို့ခံစားရရင် ချစ်မိသွားဖို့လွယ်ကူတယ်။

မေထုန် (Gemini)

အပေါင်းအသင်းများတယ်။ ချစ်သူရှိရင်တောင် ချစ်သူကိုပေးစရာအချိန်မရှိသလောက်ဖြစ်နေမယ်။

ကရကဋ် (Cancer)

စိတ်ကူးယဉ်ဆန်တဲ့အချစ်မျိုးပဲလိုချင်တယ်။ ရိုမီယိုနဲ့ ဂျူးလိယက်လို ရိုမန်တစ်ဆန်ဆန်ချစ်ချင်တယ်။

" မျက်မမြင်ရဲအရာရှိတစ်ယောက်ပဲရှိပေမယ့် မှုခင်းလုံးဝမဖြစ်တဲ့မြို့ "

 
တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်ခုမှာ ရဲအရာရှိတစ်ဦးသာရှိပေမယ့် အဲဒီမြို့ငယ်လေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘယ်လိုမှုခင်းမျိုးမှ ဖြစ်ပွားခဲ့တဲ့မှတ်တမ်းမရှိပါဘူး။ မြို့ငယ်လေးကိုတာဝန်ယူထားရတဲ့ ရဲအရာရှိကလည်း မျက်လုံးရေတိမ်စွဲလို့ မျက်စိအမြင်အာရုံချို့တဲ့နေသူ တစ်ဦးဖြစ်ပါတယ်။


ထူးဆန်းစွာနဲ့ပဲ မျက်မမြင်ရဲအရာရှိတစ်ယောက်ပဲရှိတဲ့ ဂွီဇူးဒေသက လန်ဘာဆိုတဲ့မြို့ကလေးဟာ မှုခင်းမဖြစ်ပွားပဲ အေးချမ်းစွာနဲ့နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။ မြို့ကလေးရဲ့ တစ်ဦးတည်းသော ရဲအရာရှိ ပန်ယွမ်ဟာ ၂၀၀၂ ခုနှစ်ကစပြီး မျက်လုံးရေတိမ်ရောဂါကြောင့် အမြင်အာရုံချို့တဲ့ခဲ့ရသူဖြစ်ပါတယ်။ သူဟာ အလင်းရောင်းအနည်းငယ်ကိုသာ အလင်းအမှောင်ခွဲခြားသိမြင်နိုင်ရုံလောက်ပဲရှိပြီး ပုံရိပ်တွေကို မမြင်နိုင်တဲ့ ရဲအရာရှိဖြစ်ပါတယ်။ စီချွမ်ရထားလမ်းဘေးနားက ရဲစခန်းမှာရုံးထိုင်တဲ့ရဲအရှာရှိယွမ်ဟာ ကျေးရွာသုံးခုကို တာဝန်ယူပေးရသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဲဒီဒေသမှာ ရာဇဝတ်မှုတစ်ခုမှ မဖြစ်တဲ့အပြင် ယာဉ်တိုက်မျိုးတောင် ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့

" ကမ္ဘာ့ ပထမဆုံး လိင်ပြောင်းဖို့ ကြိုးစားခဲ့သူ ပန်းချီဆရာ "

 
ကမ္ဘာပေါ်မှာ ခွဲစိတ်ပြုပြင်ပြီး လိင်ပြောင်းဖို့ ပထမဆုံး ကြိုးစားခဲ့သူကတော့ လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့နေ အိုင်နာ ဝဂ္ဂနာ ဆိုတဲ့ ရှုမျှော်ခင်းရေးဆွဲသူ ပန်းချီဆရာ တဦးပဲ ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ဇနီး ပုံတူရေးဆွဲသူ ပန်းချီဆရာမ ဂါဒါ ဝဂ္ဂနာ တို့ရဲ့ အကြောင်း စိတ်ဝင်စားစရာ သိမ်မွေ့တဲ့ ဇာတ်လမ်းကို The Danish Girl ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကြည့်ရှုခံစားရမှာပါ။

ဒေးဗစ် အက်ဗာရှော့ဖ် (David Ebershoff) ရေးသားတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကို ပြန်ရိုက်တဲ့ ဒီရုပ်ရှင်ကားဟာ အကယ့်အဖြစ်တွေနဲ့ အတွင်းရေးတွေမှာ ကွဲလွဲမှု တချို့ ရှိတယ်လို့ ဝေဖန်ခံရပေမယ့် စိတ်ဝင်စား အားပေးမှု ခံရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ပန်းချီဆရာမ ဂါဒါ (သရုပ်ဆောင် အဲလီစီယာ ဗီကန်ဒါ) ဟာ လက်စမသတ်နိုင်ဖြစ်နေတဲ့ မိန်းမပုံ ပန်းချီကား တကားအတွက် သူ့ ယောက်ျားဖြစ်သူ ပန်းချီဆရာ အိုင်နာ ဝဂ္ဂနာ (သရုပ်ဆောင် အက်ဒီ ရက်မိန်း) ကို မော်ဒယ် ထိုင်ခိုင်းပါတယ်။ ၁၉၂၀ ဝန်းကျင်မှာ ဂါဒါရော အိုင်နာပါ အတော်အတန် နာမည်ရ ပန်းချီသမား၊ သရုပ်ဖော် ပန်းချီရေးသူများ ဖြစ်ကြပါတယ်။

အဲဒီက စပြီး အိုင်နာဟာ သူ့ဇနီး ဂါဒါ ပန်းချီရေးဖို့ အတွက် မော်ဒယ်အဖြစ် တော်တော်များများ ထိုင်ပေးခဲ့ပြီး ပန်းချီကားထဲက မိန်းမပုံကိုတော့ အိုင်နာရဲ့ ညီမ “လီလီ အယ်လ်ဘီ” လို့ နာမည် ပေးထားလိုက်ကြပါတယ်။
လီလီ

ပန်းချီကားထဲက လီလီ

ဒီလိုနဲ့ အိုင်နာဟာ ယောက်ျားဘဝ “အိုင်နာ” နဲ့ ပန်းချီကားထဲက မိန်းမဘဝ “လီလီ” ဆိုပြီး ဘဝ နှစ်ခုကို စတင် တွေ့ရှိလာပါတယ်။ အိုင်နာဟာ လီလီအဖြစ် အမျိုးသမီး အဝတ်အစားတွေ ဝတ်ရတာကို သာယာလာပြီး အမျိုးသမီးတွေရဲ့ လှပမှု၊ နွဲ့နှောင်းမှု၊ ပျော့ပြောင်းမှုတွေကို စတင် သတိပြု လေ့လာနေမိပါတယ်။ အိုင်နာဟာ တကိုယ်တည်းမှာ စိတ်နှစ်ခု ဖြစ်လာပါတယ်။ ဇနီးဖြစ်သူ ဂါဒါကလည်း ခင်ပွန်းဖြစ်သူ အိုင်နာနဲ့ လီလီတို့ နှစ်ကိုယ့်တစိတ် ဖြစ်နေမှုကို ခွဲထုတ်ဖို့
Subscribe

လာလည်သူများ

free counters