♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 30, 2016

" တာဘိုအင်ဂျင် " (ဟာသ)

 

" ရွှေမှုံစားလို့ မလှပါခင်..ရွှေမှုံစားလို့ ဘဝတပါး ပြောင်းကြွရတတ်ပါသည်ခင် "



ရွှေသည် စားရန်မဟုတ်ပါ
 ရွှေကို လုံးဝ စားလို့ မရပါဘူးဗျို့။ heavy metal poison နဲ့ သေပါတယ်။ ရွှေဆိုင်းလုပ်တဲ့ chemical တွေကလဲ ဒုက္ခပေးပါတယ်။ ရွှေဟာ heavy metal အမျိုးအစားထဲမှာ ပါဝင်ပြီး လူရဲ့ soft tissue တွေထဲမှာ အနည်ထိုင်ပြီး အဆိပ်သင့်တတ်ပါတယ်။  heavy metal poison ဆိုတာ လေးလံသော သတ္တုဆိပ်ပါ။ ရွှေက လေးလံပါတယ်။
ရွှေကို ဘယ်လောက်ပဲ ပါးအောင်လုပ်ထား လုပ်ထား သေးငယ်သော ရွှေမှုံရွှေစတွေဟာ အထက်ကဆိုထားသလိုပဲ လူ့ရဲ့ အသားနုမျှဉ်တွေထဲမှာ စိမ့်ဝင်နေပြီး ကိုယ်ခန္ဓာထဲက တခြားဓါတ်တွေနှင့် ထိတွေ့ပြီး ရွှေချေးတက်ကာ အဆိပ်တွေ ဖြစ်လာ ပါတော့တယ်။ သတ္တုဓါတ်ပါတဲ့ လူ့ချွေးနှင့် ကြေးနီကိုကြာကြာထိထားရင်တောင် ကြေးနီဟာ ကြေးညှိတက်ပြီး အနံ့ဆိုးတွေ ထွက်လာတာကို လူတိုင်းသိကြပါတယ်။ ရွှေလည်း အဲဒိသဘောပါပဲ။ ရွှေကို အမြဲစားသူဟာ သူ့ရဲ့ အစာအိမ်နှင့် အူမကြီးထဲက နံရံကြားတွေ သေးငယ်တဲ့ အပေါက်လေးတွေထဲမှာ ရွှေမှုံတွေဟာ အနယ်ထိုင် ခိုအောင်းနေတတ်ပါတယ်။ ကာလကြာရှည်လာတဲ့အခါ အစာအိမ်နှင့် အူမကြီးကင်စာဖြစ်ပွားပြီး သေဆုံးရတတ်ပါတယ်။ မြန်မာနိုင်ငံမှ အရင်ခေတ်ဟောင်း အထင်ကရ ရုပ်ရှင်မင်းသားကြီး တဦးဟာ ရွှေဆိုင်းတွေ စားသုံးပြီး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။
အဆိပ်သင့် လက္ခဏာတွေကတော့...
- အရေပြား ယားနာကွက်ထခြင်း
- ရိုးတွင်းချဉ်ဆီ ချို့တဲ့ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း (ချောင်းဆိုး သွေးပါ၊ သွေးအန်၊ ဝမ်းမဲ )
- ခေါင်းကိုက်ခြင်း - အန်ခြင်း - ကိုယ်အနှံ့ အသားတုန်ခြင်း၊ ခြေလက်များ အလိုအလျောက် လှုပ်ခြင်း
- အသားဝါခြင်း - မျက်လုံး ဝါခြင်း၊ ဖြူဆွတ်သွားခြင်း

" ဆွဲဆောင်မှုကောင်းသူ နဲ့ ချောသူ ဘယ်သူ့ကို ပိုကြိုက်သလဲ "


မိန်းကလေးတွေဟာ ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်သူတွေထက် စိတ်ပိုင်းဆိုင်ရာ လှပဖို့ကသာလျှင် အရေးကြီးတယ်လို့ ထင်ပါတယ်။

ဒါပင်မဲ့ လောကကြီးမှာက ယောင်္ကျားတွေရဲ့ အမြင်ကတော့ ပြောစရာတောင် လိုတော့မယ်လို့ မထင်ပါ။

ကဲ ဘယ်သူ့ကို ပိုပြီး ကြိုက်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကိုတော့ အဝေးကပဲ ကြည့်ချင်နေပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကိုတော့ အနားမှာနေစေချင်ပါတယ်။

၀၂. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အားကျစရာကောင်းပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကိုတော့ ကျေးဇူးတင်ပါတယ်။

၀၃. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အလှပြင်ဖို့ရန် အရေးကြီးပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကတော့ ရိုးရိုးလေးနဲ့ ကြည့်လို့ကောင်းပါတယ်။

၀၄. ဆွဲဆောင်မှုကောင်းတာက မျက်မြင်ကြည့်ပြီး ဆုံးဖြတ်ပင်မဲ့ တကယ်လှတယ်ဆိုတာ အတွင်းစိတ်နဲ့ ဆိုင်ပါတယ်။

၀၅. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ညှိ့အားကောင်းတဲ့ စကားလေးတွေက အရေးကြီးပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ ချစ်စရာကောင်းတဲ့ စကားပြောပုံက အရေးကြီးပါတယ်။

၀၆. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ခန္ဓာကိုယ်ကို အလေးထားပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ သန့်ရှင်းစင်ကြယ်သောစိတ်ဓာတ်ကို တန်ဖိုးထားသူပါ။

၀၇. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အသက်က အရေးကြီးပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ အသက်အရွယ်က သူနဲ့ မဆိုင်ပါ။

၀၈. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ယောင်္ကျားလေးတွေ အလိုကျ နေထိုင်တတ်ပင်မဲ့ ချောမောလှပတဲ့

" ဒီနှစ် ချစ်သူများနေ့မှာ စုံတွဲတိုင်းထားသင့်တဲ့ ကတိ (၁၇) ခု "

 

၁ - တစ်ယောက်ကိုတစ်ယောက်မကျေနပ်တာရှိတဲ့အခါ အော်တာဟစ်တာမျိုးမလုပ်ခင် အရင်ဆွေးနွေးမယ်ဆိုတဲ့ကတိ

၂ - တစ်ပတ်တစ်ခါတော့အနည်းဆုံး တွေ့ကြမယ်ဆိုတဲ့ကတိ

၃ - စာအုပ်တစ်အုပ် ဒါမှမဟုတ် ဗီဒီယိုခွေတစ်ခွေကို နှစ်ယောက်ကြည့်ကြမယ်ဆိုတဲ့ကတိ

၎ - ယခင်က ပြသာနာဟောင်းတွေကို ပြန်မဖော်ပါဘူးဆိုတဲ့ ကတိ

၅ - ဝါသနာသစ်တစ်ခုကို အတူလုပ်ကြမယ်ဆိုတဲ့ကတိ

၆ - မက်ဆေ့ အပြန်အလှန်ပို့ပါမယ်ဆိုတဲ့ကတိ

၇ - နှစ်ယောက်စလုံးမှာရှိတဲ့ မကောင်းတဲ့အကျင့်တွေကို ဖျောက်ကြမယ်ဆိုတဲ့ကတိ

၈ - အနာဂတ်အတွက် ပိုက်ဆံစုကြမယ်ဆိုတဲ့ကတိ

၉- လက်မထပ်မီ လင်မယားတမ်း မကစားကြပဲ အပျိုစင်အဖြစ်နေကြမယ် ဆိုတဲ့ကတိ

" ဘဝမှာ တန်ဖိုးထားရမည့် အရာများ " ( Ko Pauk )

 
(၁) မိသားစု

ဘယ့်တော့မှ အစားပြန်မရတော့မယ့်အထဲမှာ မိသားစုပါဝင်ပါတယ်။ သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုပဲဖြစ်ဖြစ်၊ သင့်မိဘတွေနဲ့ ဆိုင်တဲ့ မိသားစုပဲဖြစ်ဖြစ် သင့်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ လူအတော်များများဟာ ကိုယ်နဲ့အရင်းနှီးဆုံး မိသားစုကို လျစ်လျူရှုပြီး တခြားသောအရာများကို အာရုံစိုက်တတ်ကြပါတယ်။ သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဂရုမစိုက်ဘဲ သင့်အတွက် နွေးထွေးမှုပေးမယ့် အသိုက်အမြုံလေးက မိသားစုပါပဲ။

(၂) မိတ်ဆွေကောင်းများ

သူငယ်ချင်းဆိုတာ များပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာတော့ ရှားပါတယ်။ လူတစ်ယောက်ဟာ ခင်မင်ဖို့ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သူငယ်ချင်းကောင်းစာရင်းထဲကိုတော့ ဝင်လာချင်မှ ဝင်လာပါလိမ့်မယ်။ မိတ်ဆွေကောင်းဆိုတာ အပြန်အလှန်သဘောဆောင်တဲ့အတွက် သင်က မိတ်ဆွေကောင်းလိုချင်ရင် သင်ကိုယ်တိုင်လည်း မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ဖေးမမှုတွေ၊ ဝေဖန်မှုတွေနဲ့ပဲ မိတ်ဆွေကောင်းရှိလာပြီဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုတန်ဖိုးထားရမယ့်စာရင်းထဲ ထည့်သင့်ပါတယ်။

(၃) ဘဝရည်မှန်းချက်ပန်းတိုင်

သင့်ဘဝကို ပဲ့ကိုင်ပေးမယ့် ရွက်တိုင်ကတော့ သင့်ရည်မှန်းချက် အိမ်မက်ပါပဲ။ ဒီရည်မှန်းချက်သာ မရှိခဲ့ရင် သင့်ဘဝဟာ

January 29, 2016

" မြန်မာဖေ့စ်ဖွတ် ခက်ဆစ် အနက်ဖွင့် နဲ့ ဘန်းစကားများ "


ပုလင်းကွဲရှ = မိန်းမချင်းကြိုက်သော
ပွတ်စပါး = ပွတ်သပ်သည်
ချေသည် = ခပ်ကြွားကြွားပြောသည်
ပလစ် = လျှော်သည် ပစ်ထားသည်
တိဘူး / တိဝူး = မသိဘူး
ဘာလား = ဘာလည်း
ဖွာသည် = ကြိုက်သည် နှစ်သက်သည်
ဂေါ်သည် = အရမ်းမိုက်သည်
အိုဗာတင်း = အလွန်အကျွံ
မယ်အံ့ကျော်=ဇွတ်တရွတ်အကြမ်းပတမ်းလုပ်သော မိန်းမ
ဂျိန်းသည် = ဆက်ယှက်သည်
လျှမ်းသည် = ကဲသည်
အစစ်မ = အခြောက်များက မိန်းမများကို ခေါ်သောအမည်
မိန်းမစစ်= မိန်းမအစစ်
ငံပြာရည်မ = အခြောက်များက မိန်းမများကို ခေါ်သောအမည်
အစာခိမ = ပြောင်းပြန်ဖတ်ပါလေ
ဖော်လော်မ = စကားဖလှယ်ဟိုပို့ ဒီပို့ လုပ်သော
မိန်းမ / အခြောက်မ
အဆင် = သန့်သော နှစ်သက်ဖွယ်ကောင်းသော
သငယ် = ယောကျာ်းငယ်
ကလော်ကလယ် = စကားကိုကပြောင်းကပြန်ပြောသည်
စနှိုက်ကျော်မ = သူငယ်ချင်း၏ ပါတနာ / ချစ်သူကိုကျော်ခွဖြတ်ခုတ်သောသူ
သာမီး/စမီး = သမီး
ခေး = ကလေး
ရွံထှာ = ရွံလိုက်တာ
မူးထှာ = သူတပါးသူ၏ ကြွားဝါမှု မျက်စိနောက်မှုများကို မြင်သောအခါပြောသည်
စိန်ဗေဒါပတ်လုံးတီး = တစ်ယောက်တည်းက အများအပြားနဲ့ တစ်ပြိုင်တည်းပျော်ပါးခြင်း
အောလီအောလက် = အပေအတေမနှစ်မြို့စရာ
ဂျွတ်စ်စပွတ် = အပေအတေလေး
ဂျလုံးပလုံး = ပေတိပေစုတ်
အောက်စက်ဆော့မ = တန်ဖိုးမရှိသော တွေ့ရာလူနဲ့ပတ်သတ်သောမိန်းမ / အခြောက်မ
စခွီ = အကြောင်းရာတစ်ခုကိုရီစရာလုပ်ပြီးပြောကြသည်
ပျဇီ ပျဇေ = ပါရစေ
ပိတ်သတ် = ပရိတ်သတ်
လုပ်ပျိုက်မှာ = လုပ်ပစ်လိုက်မှာ
ဖလမ်းဖလမ်းထ = လှုပ်ခတ်တက်ကြွလွန်းသော ယွသော
အဇမ်း = အရမ်း အလွန်
လုခံစိန် = ယောကျာ်းတစ်ယောက်ကို တခြားသူထံမှ လုပြီး ပတ်သတ်စပ်ဆက်သောမိန်းမ

" လမ်းခွဲမယ်ပြောလို့ ချစ်ရည်လူးတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် တင်လိုက်တဲ့သူ "

Darren Quinn at Swansea Crown Court for revenge porn
 Darren Quinn at Swansea Crown Court
ရည်းစားအဖြစ်ကနေ လမ်းခွဲမယ်ပြောလို့ လက်စားချေတဲ့အနေနဲ့ သူမနဲ့ အပျော်ကြူးခဲ့တဲ့ ဗွီဒီယိုဖိုင်ကိုအွန်လိုင်းမှာ လွှင့်တင်ခဲ့
တဲ့ ဖြစ်ရပ်တစ်ခု အင်္ဂလန်နိုင်ငံ ဆွမ်ဆီးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုကို လွှင့်တင်သူကတော့အသက်(37)နှစ်
အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အမည်ကတော့Darren Quinn ဖြစ်ပါတယ်။

အမျိုးသမီးရဲ့အမည်ကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် အဲဒီအမျိုးသမီးက သူတို့ရဲ့အချစ်ဇာတ်လမ်းကိုအဆုံးသတ်ဖို့ဆုံးဖြတ်
ခဲ့တာကြောင့် ဒီလို မှုခင်းမျိုးဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ထိုအမျိုးသားဟာ သူတို့နှစ်ယောက်ရဲ့ ချစ်တင်းနှော
တဲ့ဓာတ်ပုံ 93 ပုံကိုလည်း အသုံးပြုခဲ့ပြီး အဓိကတော့ အမျိုးသမီးဖြစ်သူကို လက်စားချေလိုတဲ့သဘော၊ အရှက်ရစေလိုတဲ့
သဘောမျိုး ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် Quinn ဟာ အမျိုးသမီးရဲ့ အလုပ်ထိ လိုက်သွားပြီး ကားပါကင်မှာ ဆံပင်ကိုဆွဲကာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ
လည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ Quinn ဟာ ဒီဗွီဒီယိုကို ဖြန့်ဖို့အတွက် တွစ်တာအကောင့်တစ်ခု ဖွင့်ကာ အသုံးပြုခဲ့ပြီး
 “ငါ မင်းနဲ့ ဆက်ဆံခဲ့တဲ့ပုံတွေကို Facebook, Twitter နဲ့Instagram တွေမှာ တင်ပစ်မယ် … နောက်ဖြစ်လာမယ့် အကျိုးဆက်ကို ဂရုမစိုက်ဘူး … မင်း ငါ့ကိုပြန်တွေ့တဲ့အခါတိုင်း နောင်တရနေစေရမယ် … ငါ မင်းဘ၀ကိုဖျက်ဆီးပစ်မှာ ”
ဟုလည်း စာပို့ ခြိမ်းချောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဗီဒီယိုကို တင်ခဲ့တဲ့ အတွက် ထောင်ဒဏ်နှစ်နှစ်လောက်ကျခံရဖို့ ရှိနေပါတယ်။ တရားသူကြီးကသူ့ကို “မင်းကို အားကိုး
ယုံကြည်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဒီလိုအတွင်းရေးကိစ္စကိုမင်းက အင်တာနက်ပေါ်တင်ခဲ့တယ်။ မင်းရဲ့အပြုအမူကြောင့်
သူဘယ်တော့မှ မင်းနဲ့ဆုံဆည်းတော့မှာမဟုတ်ဘူး။ မင်းဆီကနေလွတ်မြောက်ချင်တာကို မင်းသိခဲ့သင့်တယ်။ သူ့စိတ်ပြောင်း

" အသနားပိုတော့ နတ်မိမယ်နှင့် ညားရခန်းကြုံရသတဲ့ကွယ် " ( ပုံပြင် )

 
 ရှေးရှေးတုန်းက တောကျွဲအင်းဆိုတဲ့ ရွာလေးတစ်ရွာမှာ ရိုးသားပြီးသနားကြင်နာတတ်တဲ့ ဖိုးဆောင်းနဲ့ ကုလားကြီးဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိသတဲ့...သူတို့ဟာလယ်ယာအလုပ်လုပ်ကြတယ်..တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာ
တောထဲထင်းခွေသွားကြတယ်..သူတို့ဟာ အင်းဘေးမှာ ဥကြီးနှစ်လုံးကို တွေ့ကြတယ်........... “အင်း ဒီဥကြီးတွေကိုပေါက်
ဖွားလာအောင်ဝပ်ပေးမယ့် မိခင်လည်းမရှိဘူးထင်တယ်”“ရေအိုင်ဘေးနားမှာဆိုတော့ရေငွေ့တွေနဲ့ အေးနေလို့ နွေးထွေးမှု မရှိဘဲဒီဥတွေ ပေါက်လာမှာ မဟုတ်ဘူး ” “ဒီတော့ ငါတို့အိမ်ကို ယူသွားပြီး ဥကနေအကောင်ပေါက်အောင်ပြုစုပေးရမယ်” ဒါနဲ့ညီအစ်ကိုနှစ်ယောက်တိုင်ပင်ပြီး ဥကြီးတွေကိုယူပြီး အိမ်ကိုပြန်လာခဲ့ကြသတဲ့... အိမ်ကိုပြန်ရောက်တော့
 ကောက်ရိုးတွေခင်းပြီးဥကြီးနှစ်လုံးကိုထားတယ်...ပြီးတော့ညီအစ်ကိုနှစ်ယောက်ဟာ ဥတွေကို စောင့်ကြည့်နေကြတယ်...ဒါပေမဲ့ဥတွေဟာ ဘာမှမထူးခြားဘဲဖြစ်နေသတဲ့...ဒါကြောင့်ဘာတွေလိုနေသလဲလို့စဉ်းစားကြတာပေါ့...“အင်း ဥကြီးတွေမပေါက်နိုင်တာ အနွေးဓာတ်များများလိုလို့ပဲ ဖြစ်ရမယ် ”“ဒီတော့ငါတို့မှာရှိသမျှ နွေးမယ့်ပစ္စည်းတွေယူပြီးအုံ
ထားပေးရင်ကောင်းမယ်” ဒါနဲ့သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အိမ်ထဲမှာရှိသမျှစောင်တွေအိပ်ယာခင်း ခေါင်းအုံးအဝတ်
 ခြင်ထောင်ပါ မကျန်ဥကြီးနှစ်လုံးပေါ် ဖုံးထားလိုက်တယ်.. ဒီလိုနဲ့ရက်တွေကြာလာပြန်တယ်... ဒါပေမဲ့ ဥကြီးနှစ်လုံးဟာ ဘာမှထူးခြားမလာဘူး .... သူတို့ညီအစ်ကိုနှစ်ယောက်ဟာလည်း အလုပ်မလုပ်နိုင်ဘဲ ဥကြီးတွေနဲ့ အလုပ်ရှုပ်နေတယ်... 

ဒါနဲ့သူတို့အိမ်မှာရှိတဲ့ စားစရာတွေကို စားသောက်လာကြတာ ကုန်သွားတယ်... သွားချေးငှားတာပေါ့... “ဟာ မင်းတို့ဟာကမဟုတ်သေးပါဘူး ဘာဥမှန်းမသိတဲ့ဥကြီးနှစ်လုံးနဲ့ အချိန်ကုန်နေတာပ”အဓိပ္ပါယ်မရှိတဲ့အလုပ်ကိုလုပ်နေတာမရှက်ကြဘူးလား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မယောင်ရာဆီလူးနေကြတယ်”....“ ဒီတော့ စားဖို့အတွက်လဲကိုယ့်
ဖာသာကိုယ်ရှာကြံစားကြဘာမှမပေးနိုင်ဘူး”အိမ်နီးချင်းတွေပြောဆိုပြီးနှင်လွှတ်လိုက်လို့ညီဖြစ်သူလည်းအိမ်ကိုပြန်
လာခဲ့ရတယ်...ဒါနဲ့ညီဖြစ်သူ လည်း အစ်ကိုဖိုးဆောင်းကို အကြောင်းစုံပြန်ပြီးပြောပြတာပေါ့...“အင်း သူတို့ပြောတာလဲ
ုတ်တာပဲငါတို့တွေလဒီဥကြီးတွေကိုတတ်နိုင်သလောက်စောင့်ရှောက်ပြီးပြီ” “ဒါကြောင့် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘဲဖြစ်နေတာ အမှန်ပဲကွ” ဒီတော့ဒီဥတွေကို ငါတို့တွေ့ခဲ့တဲ့နေရာမှာပဲ ပြန်ထားလိုက်ကြစို့” ဒါနဲ့ညီအစ်ကိုနှစ်ယောက်ဟာ ဥကြီးနှစ်လုံးကိုယူပြီး နဂိုတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားလိုက်ကြတာပေါ့....

 ပြီးတော့သူတိုဟာ စိတ်မကောင်းစွာနဲ့ ကြည့်နေကြတယ်... အဲဒီချိန်မှာပဲသူတို့အနားမှာရုတ်တရက် တောမီးလောင်လာ
သတဲ့ ....တိရစ္ဆာန်လေးတွေ ဟာလည်းကြောက်လန့်တကြား ပြေးလွှားကြတော့တာပေါ့... “ဟာတောမီးလောင်တာဟေ့
”ဒီလိုနဲ့ တောမီးဟာ ဥကြီးတွေရှိတဲ့ရေအိုင်နဲ့ နီးလာတော့သတဲ့ .... ပြီးတော့မီးတောက်တွေဟာ ဥကြီးတွေအနားကတဖြည်း
ဖြည်းရောက်လာတယ်..... “ဟာ ဒီအတိုင်းဆိုရင် ဒီဥနှစ်လုံးကိုမီးလောင်ပြီး ပျက်စီးတော့မှာပဲ.” “ ကဲငါတို့ ညီအစ်ကို ဒီဥကြီးနှစ်လုံးကို တောမီးလွတ်တဲ့နေရာသယ်ပြေးကြစို့” ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥကြီးတွေကို မီးလွတ်ရာသယ်
ပြေးကြတယ်... ဒီလိုနဲ့တောစပ်ရောက်တော့ တောမီးဘေးကနေ လွတ်သွားတော့သတဲ့... ဒီတော့မှ ညီအစ်ကိုနှစ်
ယောက်ဟာလည်း ဥတွေချပြီးအမောဖြေကြတယ်... အဲဒီချိန်မှာတောမီးရဲ့ အပူငွေ့ကြောင် ဥကြီးနှစ်လုံးကွဲအက်သွားတယ်....

" မျောက်ခေါင်း အစားထိုးခွဲစိတ်မှု အောင်မြင်ပြီးနောက် လူဦးခေါင်း အစားထိုးခွဲစိတ်ရန် နီးစပ်လာ "

 
မျောက်ခေါင်း အစားထိုးခွဲစိတ်မှု အောင်မြင်ပြီးတဲ့နောက် လူဦးခေါင်းကို အစားထိုး ခွဲစိတ်နိုင်ဖို့ နီးစပ်လာနေပြီလို့ ခန့်မှန်းနေပါတယ်။

အရင်နှစ်က လူဦးခေါင်းကို အစားထိုးကုသဖို့ ခွဲစိတ်ဆရာဝန် ဆာဂျီယို ကန်နာဗာရိုရဲ့ ပြောဆိုချက်ဟာ ကမ္ဘာတ၀န်းလုံးကို မုန်တိုင်းထန်ခဲ့ပါတယ်။
ဒါဟာ နောက် ၂ နှစ်အတွင်းမှာ သွက်ချာပါဒဖြစ်တဲ့လူတွေကို အစားထိုးကုသဖို့အတွက် အဆင့်သင့် ဖြစ်စေရမယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီနောက် တရုတ်၊ တောင်ကိုးရီးယားက သိပ္ပံပညာရှင်တွေနဲ့ စမ်းသပ်မှုတွေ တွဲဖက်လုပ်ဆောင်ခဲ့ပြီး တိရစ္ဆာန်တွေ၊ လူသေတွေနဲ့ စမ်းသပ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ရည်မှန်းချက်ဟာ နီးစပ်လာပြီလို့ ကန်နာဗာရိုက ပြောပါတယ်။
မဖြစ်နိုင်ဘူးလို့ လူတွေ တွေးနေတာကို ရပ်တန့်ဖို့ အရေးကြီးသလို ဒါဟာ လုံးဝ ဖြစ်နိုင်တဲ့အတွက် အတူလက်တွဲ လုပ်သွားဖို့လည်း ကန်နာဗာရိုက ပြောပါတယ်။

တရုတ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်က ဇီအိုပင်ရန် ဦးဆောင်တဲ့ သုတေသနအဖွဲ့က မျောက်ဦးခေါင်းကို အောင်မြင်စွာ အစားထိုးခွဲစိတ်မှု တခုကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်အသစ်ကြားက သွေးအထောက်အပံ့ကို အောင်မြင်အောင် ဆက်စပ်နိုင်ခဲ့ပြီး ကျောရိုးနပ်ဗ်ကြောကိုတော့ ဆက်စပ်အောင် မကြိုးစားသေးပေမယ့် ခွဲစိတ်မှုကတော့ အောင်မြင်တယ်လို့ ဆိုပါတယ်။

ရောဂါခံစားနေရတဲ့ ရုရှားလူငယ်တဦးကိုလည်း ဦးခေါင်းခွဲစိတ်မှုအတွက် ကန်နာဗာရိုက ငွေကြေးရှာဖွေနေသလို

" မြန်မာနိုင်ငံမှ ဒေါ်လာ ၁၀ သန်းတန် အရောင်ပြောင်း ရှားပါး နီလာကျောက် စင်ကာပူနိုင်ငံတွင် ပြသ "

 
 
စင်ကာပူနိုင်ငံတွင် ပြသနေသည့် ရှားပါးကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာနိုင်ငံမှ ၄၈.၉၅ ကာရက် ကြယ်ရောင် နီလာ (Star Sapphire) ကို အများပြည်သူကို ပြသခဲ့သည်ဟု ဆိုပါသည်။ Star of Genesis ဟု အမည်ပေးထားသည် နီလာသည် အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုး သတ်မှတ်ထားပြီး အဖြူရောင် အလင်းအောက်တွင် အပြာလဲ့လဲ့ အရောင်ထွက်တတ်ပြီး အ၀ါရောင် မီးအလင်းအောက်တွင် ခရမ်းရင့်ရောင် ရှိပါသည်။ ယင်းကျောက်အပေါ် အလင်းကျရောက်သည့်အခါ သဘာဝ ရောင်စဉ်လိုင်းများက ကြယ်ပုံသဏ္ဍာန် ဖြစ်ပေါ်သည့်အတွက် အဆိုပါ နီလာကို မီးမဖုတ်ပဲ သဘာဝအတိုင်း ထားရှိခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ”ဒါကို Asterism လို့ ခေါ်ပါတယ်။” ဟု အဆိုပါ နီလာလည်ဆွဲကို ပြသနေသည့် ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဒယ်နစ်တန်က ဆိုသည်။ ”ဒီကျောက်မျက်ကို အခုံးပုံသဏ္ဍာန် ပုံသွင်းထားပါတယ်။ ဒါမှလည်း ကျောက်မျက်ဆီလာသည့် အလင်းတန်းများဟာ မျက်လုံးဆီကို ကြယ်ရောင်ကဲ့သို့ ရောင်ပြန်ဟပ်မယ်။” ဟု ၄င်းက ရှင်းပြခဲ့သည်။ ”ဒီအရွယ်အစားထဲက အပူမပေးထားတဲ့ နီလာကို ရဖို့ အလွန်ခက်ခဲပါတယ်။ ဒီထက်ပိုရှားတာက ဒီအရွယ်ထဲက ကြယ်အရောင်လဲ့တဲ့ အရောင်ပြောင်း နီလာမျိုးပါ။ ဒါကြောင့်လည်း ဒီလောက် ဈေးခေါ်နိုင်တာပါ။” ယင်းနီလာကို ၁၁ ကာရက်ရှိ စိန် ၅၂ ပွင့်ဖြင့် ၀န်းရံထားခြင်း ဖြစ်သည်။ အဆိုပါ Jewels of Orient ကျောက်မျက်များ ပြပွဲသည် ၉ ရက်ကြာမည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသည့်

January 28, 2016

" ချစ်ဇာတ်လမ်းတိုင်းရဲ့ အကောင်းဆုံး အခိုက်အတန့် ၁၄ ခု "

 
. နှစ်ယောက်ထဲ ပထမဆုံး ထွက်လည်ဖူးတဲ့နေ့၊ လက်ထပ်တဲ့ နေ့လောက်ကို စိတ်လှုပ်ရှားရပြီး နောင် ပြန်အမှတ်ရစရာ တစ်ခု ဖြစ်လာမှာပါ။

. ပထမဆုံးအကြိမ် မနမ်းခင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတဲ့ တခဏလေး၊ ပထမ အနမ်းဟာ သူငယ်ချင်းဘဝနဲ့ ရည်းစားဘဝကို စည်းခြားလိုက်တာပါပဲ။

. ပထမဆုံး နှစ်ကိုယ်တူ ချစ်တင်းနှောဖူးချိန်လေး

. ပထမဆုံးအကြိမ် နှစ်ယောက်တူတူ တစ်ညလုံး ရှိခဲ့တဲ့ ညလေး

. အိပ်ရာထဲမှာ ဘာမှမလုပ်ပဲ နှစ်ကိုယ်တူလှဲနေရတဲ့ အချိန်လေး။ ပထမဆုံးရော လက်ရှိချိန်ထိပါ ချစ်ဖို့ကောင်းပါတယ်။

. သူမရဲ့ မိသားစုဟာ သင့်မိသားစုပါ ဖြစ်သွားနိုင်တယ်ဆိုတာ သိလိုက်ရတဲ့ အချိန်၊ တချို့သူတွေမှာ အဆင်မပြေတဲ့ မိသားစုတွေ ရှိတတ်လို့ သင့်ရည်းစားရဲ့ မိဘတွေနဲ့ ပထမဆုံး တွေ့လိုက်ချိန်မှာ အဆင်ပြေပြေ ဖြစ်သွားရင် ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုလေး

. သင့်ရဲ့ ချစ်သူကို လေယာဉ်ဆိပ်၊ ကားဆိပ်မှာ သွားကြိုရတဲ့ အခိုက်အတန့်လေးတွေ၊ ကြာကြာခွဲပြီး ပြန်တွေ့ရတဲ့ အခါလေးတွေ

. သင့်ချစ်သူအိမ်မှာထားဖို့ သွားပွတ်တံ အသစ်တစ်ချောင်း ဝယ်ရတဲ့ အချိန်၊ အဲဒါဟာ သင် သူမဆီကို လာချင်တဲ့ အချိန် လာခဲ့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ

. ရန် အကြီးအကျယ် ဖြစ်ပြီးနောက်မှာ သင်က သူမနဲ့ လုံးဝ လမ်းမခွဲချင်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်၊ အကောင်းဆုံး အချိန်လို့ ပြောလို့မရပေမယ့် ဒီလို အချိန်လေးတွေက သင် သူမကို တကယ် ချစ်တယ်ဆိုတာ ကိုယ့်ဘာသာ သိစေပါတယ်

" မိန်းမနှစ်ယောက်မယူရင် ထောင်ကျမယ့် နိုင်ငံ " ဟိဟိ အားကျထှာ... :-)

အီရီထေရီးယန်းအစိုးရဟာ နိုင်ငံတွင်းကအမျိုးသားတွေကို အနည်းဆုံးမိန်းမနှစ်ယောက်ယူဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး မလိုက်
နာဘူးဆိုရင် ထောင်ချမှာဖြစ်ပါတယ်။ အမျိုးသားဦးရေပြတ်လပ်မှုကို ကြုံတွေ့နေရတဲ့ နိုင်ငံရဲ့အခြေအနေ အရပ်ရပ်အရ အီရီထေရီးယန်းအစိုးရဟာ အောက်ပါအချက်တွေကို ထုတ်ပြန်ကြေညာလိုက်တယ်ဆိုပြီး အဆိုပါအမိန့်ကို အာရေဗီဘာ
သာစကားနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေညာလိုက်တာဖြစ်ပါတယ်။

အမျိုးသားတိုင်းဟာ အနည်းဆုံးမိန်းမနှစ်ယောက်ယူရမှာဖြစ်ပြီး ပျက်ကွက်တဲ့အမျိုးသားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်
သက်တစ်ကျွန်းချမှာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက နောက်ထပ်အမျိုးသမီးတစ်ဦးလက်ထပ်ရာမှာ တားဆီးပိတ်ပင်မှုတွေ
လုပ်နေတဲ့အမျိုးသမီးတွေကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမယ်လို့ အဆိုပါကြေညာချက်မှာ ပါဝင်ပါတယ်။

၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အီရီထေရီးယန်းနိုင်ငံဟာ အီသီယိုးပီးယားနိုင်ငံနဲ့စစ်ဖြစ်ခဲ့ပြီး စစ်သား ၁၅၀၀၀၀
သေဆုံးခဲ့တာကြောင့် နိုင်ငံရဲ့ယောက်ျားလေးဦးရေဟာ သာမန်ထက်လျော့နည်းသွားခဲ့ပါတယ်။ အီရီထေရီးယန်းဟာ အရှေ့

" ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက အသက်ကြီးလာတဲ့အခါ သင်တွေ့ရမယ့် နောင်တများ "

ခရီးမသွားခြင်း
————–
ခရီးသွားခြင်းဟာ ငယ်ရွယ်စဉ်အချိန်မှာပဲ သွားလို့ကောင်းပါတယ်။ပျော်ရွင်မှု့အပြည့်အ၀ခံစားနိုင်တဲ့ အပြင်
လွတ်လပ်ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။အသက်ကြီးလာတဲ့ အခါ ကျန်းမာရေး စတဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဖို့ ခက်ခဲတဲ့ အပြင် သွားဖြစ်ခဲ့ရင်တောင်မှ ငယ်စဉ်ကလောက် လွတ်လွတ်လပ်လပ် မပျော်နိုင်တော့လို့ ဖြစ်ပါတယ်။

သင့်တော်တဲ့ လေ့ကျင့်ခန်းမလုပ်ခြင်း
————————–———-
ငယ်ရွယ်စဉ်မှာ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ခုမှ မလုပ်ခဲ့ဖူးဆိုရင် အသက်ကြီးလာတဲ့ အခါ သင်ဒုက္ခရောက်ပါလိမ့်မယ်။ဒါကြောင့် ကျန်းမာရေးကောင်းချင်ရင် အခုငယ်တုန်းမှာ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်သင့်ပါတယ်။

ထွင်သင့်တဲ့အလုပ်က မထွက်ခြင်း
————————–———
တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ ကိုယ့်အတွက် တက်လမ်းမရှိသော အလုပ်ကို ထွက်သင့်မှန်းသိပါလျှက်
မထွက်ပဲ စွဲစွဲမြဲမြဲလုပ်နေတတ်ကြပါတယ်။ငယ်ငယ်ကတည်းက အသက် ကြီးလာတဲ့အထိ အလုပ်တစ်ခုတည်းမှာ လုပ်ပြီးဘာမှ သိသိသာသာ မတိုးတက်လာတဲ့ လူတစ်ချို့ကို သင်မြင်ဖူးပါလိမ့်မယ်။ဒါဟာ ထွက်သင့်တဲ့အချိန်မှာ
ထွက်ပြီး ကိုယ့်တိုးတက်မှု့ကိုပေးမယ့် အလုပ်ကို မရှာခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့် ဒီအလုပ်က သင့်အတွက် ဘာမှမပေးနိုင်တော့ဘူးဟု သိလိုက်တဲ့အချိန်မှာ ထွက်လိုက်ပြီး နောက်တစ်ခုကို ရှာပါ။

ချစ်လျှက်နှင့် ဖွင့်မပြောခဲ့ခြင်း
————————–—
ချစ်ပြီးတော့ ဖွင့်မပြောရဲလို့ ဝေးသွားရတဲ့ ဇာတ်လမ်းတွေကို သီချင်းတွေ ရုပ်ရှင်တွေထဲမှာ သင်ခဏခဏ မြင်ဖူးပါလိမ့်မယ်။အဲ့ဒီတော့ ကိုယ်ကလည်း ချစ်နေတယ်၊ပြောဖို့ အခွင့်အရေးလည်း ရှိနေတယ်ဆိုရင် အချိန်ဆွဲမနေပဲ
ပြောလိုက်တာ အကောင်းဆုံးပါပဲ။:)

အချိန်ဆွဲခြင်း
————–
ကျွန်တော်တို့တွေ တော်တော်များများရဲ့ မကောင်းတဲ့အချက်ဟာ အချိန်ဆွဲခြင်းပါပဲ။အချိန်ဆွဲခြင်းဟာ လည်း ပျင်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။အချိန်ဆွဲခြင်းကြောင့် ပြီးသင့်အချိန်မှာ ပြီးသင့်တဲ့အလုပ်တွေဟာ မပြီးပဲ

" ဦးနှောက်ကို ထိခိုက်စေနိုင်သည့် အလေ့အကျင့် (၁၀)ခု "

 
သင် ခဏခဏမေ့တတ်နေပြီလား၊ အရင်တုန်းကလို မြန်မြန်ဆန်ဆန်တွေးခေါ်နိုင်စွမ်းမရှိတော့ဘူးလား။ ဒါဆိုရင်တော့ သင့်ရဲ့ဦးနှောက်စွမ်းရည်တွေ ကျဆင်းနေပြီဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုတွေနဲ့ ဘ၀ကို ရင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာရေးကအရေးကြီးပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်တတ်ကြပေမယ့် ရေရှည်မှာအရေးအကြီးဆုံးနဲ့ ထိခိုက်မှုအများဆုံးဖြစ်တဲ့ ဦးနှောက် ကျန်းမာရေးအတွက်တော့ ဂရုစိုက်မှုနည်းကြပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘ၀မှာ မသိလိုက်မသိဘာသာနဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့အလေ့အကျင့်တွေကို သတိထားရှောင်ကြဉ်နိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။
၁။ နာမကျန်းဖြစ်နေချိန်မှာ ဦးနှောက်သုံးခြင်း
နာမကျန်းတစ်ခုခုဖြစ်လို့ ဆရာဝန်ကအနားယူပါလို့ပြောတဲ့အချိန်မှာ ခန္ဓာကိုယ်ပဲနားရမှာ မဟုတ်ပါဘူး။ ဦးနှောက်ကိုပါ အနားပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်နာမကျန်းဖြစ်နေချိန်မှာ ဦးနှောက်ကအလုပ်တွေ အများကြီးလုပ်နေရပါတယ်။ ရောဂါကို ခန္ဓာကိုယ်ကတိုက်ထုတ်နိုင်ဖို့အတွက် ဦးနှောက်က ညွှန်ကြားချက် တွေ ထုတ်လုပ်နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဦးနှောက်သုံးပြီး လုပ်ရတဲ့အလုပ်တွေ လုပ်တာက ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ နေမကောင်းဘူးဆိုရင် စိတ်လျှော့ပြီး အိပ်သာနေလိုက်ပါ။
၂။ မနက်စာမစားခြင်း
မနက်ခင်းမှာ အချိန်မရတော့လို့ မနက်စာမစားတာမျိုးက ရေရှည်မှာ အဆိုးဝါးဆုံးထိခိုက်နိုင်ပါတယ်။ မနက်စာ မစားတာဟာ တစ်နေ့တာရဲ့အစမှာ ဦးနှောက်အတွက် လိုအပ်တဲ့အဟာရဓာတ်တွေ မရရှိနိုင်တော့ပဲ အဟာရချို့တဲ့စွာ လုပ်ငန်းလုပ်ဆောင်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။ မနက်စာမစားတာကြောင့် သွေးအတွင်း သကြားဓာတ်နည်းသွားစေပြီး ဦးနှောက်ကို ကျန်းမာစေဖို့လိုအပ်တဲ့အဟာရဓာတ်တွေလည်း လျော့နည်းသွား စေတာကြောင့်ဖြစ်ပါတယ်။
၃။ အလွန်အကျွံစားခြင်း
အစားအသောက်တွေကို အလွန်အကျွံ့စားသောက်တာကလည်း သင့်ရဲ့ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တာထက်ပိုစားတာကြောင့် အင်ဆူလင်ဓာတ်ထုတ်လွှတ်မှုကို မညီမမျှဖြစ်စေပါတယ်။ ဒါ့ကြောင့် အ၀လွန်ခြင်းနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်သလို သွေးလွှတ်ကြောတွေကို မာကျောသွားစေပြီး အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကျဆင်းသွားစေနိုင်ပါတယ်။
၎။ ရေဓာတ်ခမ်းခြောက်ခြင်း
ကျွန်တော်တို့ရဲ့ဦးနှောက်ကို ရေနဲ့အများဆုံးဖွဲ့စည်းထားတာဖြစ်ပါတယ်။ အအေးခန်းထဲမှာ အချိန်ကြာကြာ ထိုင်ပြီး လုံလောက်အောင်ရေမသောက်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ ရှုံ့လာတတ်ပါတယ်။ ရေဓာတ်လိုအပ်လာတဲ့ ခန္ဓာကိုယ်က

" လေယာဉ်စီးတဲ့အခါ လေယာဉ်မယ်တွေ မပြောတဲ့ လျို့ဝှက်ချက် (၁၀)ခု "

 
သင်နောက်ဆုံးအကြိမ်လေယာဉ်စီးတုန်းက လေယာဉ်ပျက်ကျသွားမှာကို စိုးရိမ်မိခဲ့ပါသလား။ ဒါက ဒီလောက် အရေးမကြီးပါဘူး။ ပိုအရေးကြီးတာက လေယာဉ်ပေါ်မှာ တိုက်တဲ့ကော်ဖီသောက်ခဲ့ပါသလား။ သောက်ခဲ့မိရင်တော့ သည်းခံဖို့ ကြိုတောင်းပန်ချင်ပါတယ်။ ဘာလို့ဆို သင်အနေနဲ့ လေယာဉ်ပေါ်က အိမ်သာရေကို သောက်ကောင်းသောက်ခဲ့မိနိုင်တာကြောင့်ဖြစ်ပါတယ်။
ဘာလို့ဒီလိုပြောရတာပါလဲ ? အကြောင်းရင်းကတော့ လက်ရှိအဓိကလေကြောင်းလိုင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မောင်/မယ်တွေကို လေယာဉ်ပေါ်မှာတွေ့ကြုံရတဲ့ လျို့ဝှက်ချက်တွေကို ပြောပြဖို့ အင်တာဗျူးလုပ်ခဲ့ပြီး သိလာခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကော်ဖီအပြင် အခြားဘယ်လို လျို့ဝှက်ချက်တွေရှိသေးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လေယာဉ်ပေါ်မှာ တိုက်တဲ့ကော်ဖီက ကဖိန်းဓာတ်ထုတ်ထားတာ ဖြစ်ဖို့များပါ
တယ်။
လေယာဉ်အမှုထမ်းတွေရဲ့ ဖြေကြားချက်အရ လေယာဉ်ပေါ်မှာ ဘယ်သူမှ ကဖိန်းဓာတ်ပါဝင်တဲ့ကော်ဖီ မရနိုင်ပါဘူး။ လေယာဉ်ပျံသန်းစဉ်တစ်လျှောက်လုံးမှာ ခရီးသည်တွေကို နိုးကြားလန်းဆန်းနေတာမျိုးထက် အိပ်ပျော်နေစေချင်တာကြောင့်ပါ။ ဒါ့အပြင် လေယာဉ်ပေါ်မှာ ကော်ဖီဖျော်တဲ့အခါသုံးတဲ့ ရေကို တိုင်ကီကြီး တစ်ခုကနေ ယူပါတယ်။ ဒီတိုင်ကီကို သန့်ရှင်းရေးလုပ်မလုပ်ဆိုတာ တွေးတောင်မကြည့်ဘူးပါဘူး။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ကော်ဖီဖျော်ဖို့ သုံးတဲ့ရေနဲ့ ရေအိမ်မှာသုံးတဲ့ရေက တိုင်ကီတစ်ခုထဲကနေ ယူသုံး တာဖြစ်ပါတယ်။ ပထမတန်းခရီးသည်မှမဟုတ်ရင် အခြားဘယ်ခရီးသည်မှ ရေသန့်ကို မရနိုင်ဘူးလို့ ဆိုပါတယ်။

သင်ထိုင်နေတဲ့အနီးနားမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိနေနိုင်ပါတယ်။
လေယာဉ်ခရီးစဉ်တွေမှာ အစားထိုးကုသမယ့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပါလာတတ်ပါတယ်။ ဒီဟာတွေကို ကုန်စည်သိုလှောင်ခန်းမှာ မထားပဲ ခရီးသွားတွေစီးတဲ့နေရာမှာပဲ သယ်ယူလေ့ရှိပါတယ်။ ဒါ့ကြောင့် သင့်ဘေးက

January 27, 2016

" ဆံပင်ရှည်ထားစရာမလိုဘဲ စတိုင်ကျကျ နောက်စေ့သျှောင်ထုံး ထုံးချင်သူ အမျိုးသားတွေအတွက် အမိုက်စားဆံထုံးအတု "

David Beckham နဲ့ ’Game of Thrones’ မင်းသား Kit Harington တို့ လို နာမည်ကြီးအမျိုးသားတွေ
 နောက်စေ့သျှောင်ထုံးနဲ့ စတိုင်ကျနေတာကို တွေ့ ဖူးကြမှာပေါ့။ ဒီ ဆံပင်ပုံစံဟာ Instagram မှာ ခေတ်စားနေတဲ့ hashtag တစ်ခုလည်းဖြစ်ပြီး ၊ သျှောင်ထုံးမရှိသူတွေအနေနဲ့ social media မှာ photoshop နဲ့ ပြင်ထည့်နေရတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။
အခုအခါမှာတော့ ခေတ်မီချင်သူတိုင်း ဆံပင်ရှည်ထားစရာမလိုဘဲ ဒီဆံပင်ပုံစံကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။ Groupon လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုဟာ ဆံပင်ရှည်ထားဖို့ စိတ်မရှည်ဘဲ၊ ဘန်းဆံထုံး ထားချင်သူ အမျိုးသားတွေအတွက် ရည်ရွယ်ပြီး ဆယ် ဒေါ်လာ နီးပါးသာ ပေးရတဲ့ ဘန်းဆံထုံးအတုကို မိတ်ဆက်ပေးလိုက်ပါပြီ။
ကလစ်နဲ့ ချိတ်တွဲကာ တပ်ဆင်ရတဲ့ ဒီဘန်းဆံထုံးကို ဆံပင်အတုတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး မိမိ ဆံပင် အရောင်အသွေးနဲ့ လိုက်မယ့် အရောင်မျိုး စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Groupon ရဲ့  အဆိုအရ စတင်ဖြန့် ချိပြီးမှာပဲ

" မိတ်ကပ် ပြင်ဆင်ပြီးမှ အားရပါးရ ငိုချလိုက်မိတဲ့ ပျိုမေတွေအတွက် ၅မိနစ်အတွင်း အဆင်ပြေတဲ့ မျက်နှာအသွင်အပြင်လေး ပြန်ဖြစ်သွားအောင် လုပ်ဖို့ဆိုရင်"

 
အမျိုးသမီးတွေ အများဆုံး ကြုံရတတ်တဲ့ အခက်အခဲ ပြဿ နာတွေထဲမှာ မျက်နှာလိမ်းခြယ် ပြင်ဆင်ပြီးကာမှ စိတ်မကောင်းစရာ ကိစ္စတစ်ခုခုကြောင့် ငိုချမိလိုက်တာပါပဲ။ အပြင်သွားရမယ့် အချိန်ကလည်း ကပ်နေပြီ။ ဒီငိုထားတဲ့ မျက်နှာကြီးကို အစကနေ ပြန်ပြင်ဆင်ဖို့ကလည်း အချိန်က မလောက်တော့ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို သုံးကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ တစ်ခုပဲ သင့်ဆီမှာ အလှကုန်လေးတွေတော့ ရှိနေရမှာပေါ့။

၁။ ငိုနေတာကိုရပ်ပြီး နားလိုက်ပါ။
အသားကုန် အော်ဟစ်ငိုနေတာကို ရပ်လိုက်ပြီး လေကို ၀အောင် ရှုလိုက်ပါ။ ပြီးရင်တော့ သင့်မျက်နှာကို ရေဓာတ်အပြည့်ပါတဲ့ mist နဲ့ ဖျန်းလိုက်ပါ။ ဒါဆို သင့်စိတ်အေးချမ်းပြီး သင့်မျက်နှာလေးလည်း သိုသိုသိပ်သိပ်နဲ့ အဆင်ပြေသွားပါလိမ့်မယ်။

၂။သန့်ရှင်းရေးလုပ်ပါ။
သင့်မျက်လုံးနားတွေကို Visine ကို လိမ်းပေးလိုက်ပါ။ ပြီးတာနဲ့ ဂွမ်းစလေးတွေ ယူပြီး မျက်လုံးတစ်ဝိုက် ပေကျံသွားတဲ့ mascara တွေကို သုတ်ပြီလိုက်ပါ။

၃။မျက်လုံးဖောင်းမနေအောင် လုပ်ပါ။
ငိုထားလို့ဖောင်းနေတဲ့ မျက်လုံးကို အယောင်လျော့သွားအောင် အ၀တ်စတစ်ခုထဲ ရေခဲတုံးနှစ်တုံးထည့်ပြီး မျက်ခွံအပေါ်က စက္ကန့် သုံးဆယ်လောက်ကြာအောင် ဖိထားပေးပါ။ ပြီးရင်တော့ သွေးကြောတွေ ပြန်အဆင်ပြေစေဖို့ eye serum လေး လိမ်းပေးလိုက်ပေါ့။

၎။နီနေတဲ့ အသားကို မနီအောင် လုပ်ဆောင်ပါ။
ငိုချလိုက်တာနဲ့ မျက်နှာအသားအရေအရောင် ပြောင်းသွားတတ်ပါတယ်။ များသောအားဖြင့် နီသွားတတ်တဲ့ အသားအတွက် အ၀ါရောင်ဘက်ရောက်တဲ့ ကွန်ဆီလာ လိမ်းပေးလိုက်ပါ။ ပြီးတဲ့နောက်မှာတော့ အဲ့ဒီအပေါ် မိတ်ကပ် sponge ဒါမှမဟုတ် တစ်ရှုးလေးနဲ့ ကြည့်ကောင်းအောင် blend လုပ်လိုက်ပါ။

၅။ နောက်ဆုံးပိတ် အဆုံးသတ်ပြင်ဆင်လိုက်ပါ။
ငိုထားမှန်းမသိသာအောင် မျက်လုံးအတွင်း လိုင်းတွေကို အိုင်းလိုင်နာ ပြန်ဆိုးလိုက်ပါ။ နှုတ်ခမ်းနီကို

"အမ၄၄ ..သင်္ဂြီုလ်နည်း အသစ်အဆန်းကြောင့် လူသေကပေါက်တဲ့ အပင်တွေမှာ ပြိတ္တာတွေ ကပ်နေမှာသေချာတယ်"

 

နောင်သေသည့်အခါ ရုပ်အလောင်းကို သစ်ပင်အဖြစ် သဂြိုဟ်ပြောင်းလဲနည်းသာ ကျင့်သုံးလာဖွယ်ရှိနေ

ဒီသမရိုးကျမဟုတ်တဲ့ နည်းလမ်းက အခေါင်း၊ အုတ်ဂူနဲ့ သာမန်အသုဘချနည်း အစား အသွင်သစ်သဂြိုဟ်နည်းသာ ခေတ်
စားလာနိုင်ပါတယ်။ ဒါက အီတလီနိုင်ငံမှာ မူလစတင်လုပ်ဆောင်တဲ့ ဆန်းသစ်ထူးခြားသော သဂြိုဟ်နည်းတစ်ခု ဖြစ်ပါတယ်။ ဒါကို ဒီဇိုင်နာ Anna Citelli နဲ့ Bretzel တို့က တီထွင်ဖန်တီးခဲ့ပြီး The Capsula Mundi project လို့ နာမည်ပေး
ထားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို သစ်ပင်တစ်ပင်အဖြစ် အသွင်ပြောင်းလဲဖို့ ဖန်တီးထားသော အန္တရာယ်မရှိ အော်ဂဲနစ်စံစံ ခန္ဓာကိုယ်မြေမြုပ်သဂြိုဟ်တဲ့ ဆေးလုံးပုံစံအခွံနဲ့ ပတ်သက်ပါတယ်။ လူ့ခန္ဓာဟာ သစ်ပင်ကို ဖွံ့ဖြိုးစေမယ့် အာဟာရဓာတ်အဖြစ်
 ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လို အလုပ်လုပ်နေသလဲ
လူ့ခန္ဓာကို သန္ဓေသား အနေအထားပုံစံနဲ့ ထည့်သွင်း သဂြိုဟ်ထားကာ အဲဒီရဲ့အပေါ်မှာ မျိုးစေ့စိုက်ပျိုးပေးလိုက်ခြင်း
 ဖြစ်ပါတယ်။ အခေါင်းကို ဘယ်သစ်သားသုံးမလဲ ရွေးချယ်သလိုမျိုး ကိုယ် ပေါက်လာစေချင်တဲ့ သစ်ပင်အမျိုးအစားတစ်ခု
ကို ရွေးချယ်နိုင်ပါတယ်။
ဒီရုပ်အလောင်းကို မြေချမယ့် အခွံက ကစီဓာတ်ပါသော ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အဲဒီပလတ်စတစ်က
 ဆေးတောင့်လိုအခွံ ဆွေးမြည့်ပျက်စီးခြင်းကို မတားဆီးပါ။ တချိန်တည်းမှာ အဲဒီခန္ဓာကိုယ်က အပင်များအတွက် အာဟာရဓာတ်တွေရရှိစေမယ့် ဓာတ်သတ္တုအဖြစ် ပြောင်းလဲပါတယ်။ နောင်တစ်ချိန်မှာ အသုံးပြုလာမယ့် ဒီဆေးတောင့်လို အခွံတွေက သချုင်္ီင်းကို တောအုပ်များအဖြစ် ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။
အမှန်တော့ ဒီလို မြေမြုပ်သဂြိုဟ်မှုပုံစံကို အီတလီဥပဒေက ခွင့်မပြုသေးတာကြောင့် စိတ်ကူးအဖြစ်သာ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒါကို ဆက်လက်ဆောင်ရွက်သွားပါက နောင်တစ်ချိန်မှာ အုတ်ဂူများအစားအထိမ်းအမှတ်ဥယျာဉ် ဖြစ်လာပါ

" စမတ်ဖုန်း ကိုင်တွယ်ပုံ အနေအထားကြောင့် လက်သန်း ကွေးကောက်မှုများ ဖြစ်ပေါ်နေ "

ကျွန်ုပ်တို့ဟာ "နည်းပညာက ကျန်းမာရေးအတွက် မကောင်းဘူး" ဆိုတဲ့ မက်ဆေ့ဂ်ျကို ထပ်ခါထပ်ခါ ကြားနေခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ မက်ဆေ့ဂ်ျတွေကလည်း ကျွန်ုပ်တို့ကို နည်းပညာ တွေ အသုံးပြုနေခြင်းကနေ မရပ်တန့်စေခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ထပ် တစ်ကြိမ် သတိပေးစရာရှိလာတာက ကျွန်ုပ်တို့ရဲ့  စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့ကို စမတ်ဖုန်း လက်သန်းတွေ ဖြစ်သွားစေတာပါပဲ။ 
စမတ်ဖုန်းလက်သန်းဆိုတာဟာ ကျွန်ုပ်တို့ ဖုန်းကို ကိုင်ထားတဲ့ ပုံစံအနေအထားကြောင့် လက်သန်းဟာ နဂို အနေအထားထက် အနည်းငယ် ပို ကွေးကောက်သွားတာကိုဆိုလိုချင်တာဖြစ်ပါတယ်။ Twitter အသုံးပြုသူတွေဟာ သူတို့ရဲ့  အနည်းငယ် ကွေးကောက်သွားတဲ့ လက်သန်းပုံတွေကို ဓါတ်ပုံရိုက်တင်လာကြပြီး  စမတ်ဖုန်းတွေကြောင့်လို့ အပြစ်တင်ပြောဆိုနေကြပါတယ်။ 
ဒါပေမယ့် ဂျပန်နိုင်ငံက မိုဘိုင်းဖုန်း ကုမ္မဏီတစ်ခုဖြစ်တဲ့ NTT Docomo ကုမ္မဏီက ထုတ်ဖော်ပြောကြားလာတာကတော့ အခုလို ဖြစ်နေရခြင်းအကြောင်းအရင်းဟာ ကျွန်ုပ်တို့ရဲ့  စမတ်ဖုန်းတွေကို ကိုင်တွယ်ပုံ အနေအထားကြောင့်ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်ုပ်တို့ဟာ စမတ်ဖုန်းကို ကိုင်ထားတဲ့အခါမှာ ဖုန်းတစ်လုံးရဲ့  အလေးချိန်ကို လက်သန်းတစ်ခုတည်းနဲ့ ထိန်းထားတဲ့ အနေအထားမှာ ကိုင်တွယ်မိကြလို့ပါ။ 
အဲဒီအတွက်လည်း NTT Docomo ကုမ္မဏီက မိုဘိုင်းလ်ဖုန်းတွေနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးနဲ့ ထိခိုက်မှု နည်းပါးစေဖို့

" မွေးရာပါ သားအိမ်မပါတဲ့ အမျိုးသမီး "

ဓမ္မတာ မလာတဲ့ အတွက် ကျွန်မက ကံကောင်းတယ်လို့ လူတွေက ပြောကြတယ် ။ဒါပေမဲ့ အဲ့ဒါက ဘယ်လိုအရာမျိုးလဲဆိုတာ ကျွန်မကြုံဖူးချင်တယ် .....  
Jem Irwin ဆိုတဲ့ မိန်းကလေး တစ်ယောက်က အသက် ၁၅ နှစ်အရွယ်အထိ ရာသီသွေး မလာတာကြောင့်  ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး MRI ရိုက်ကြည့်တဲ့ အခါမှ သားအိမ်မပါလာဘူး ဆိုတာ သိခဲ့ရပါတယ်။ Jen က မိန်းကလေး ၅၀၀၀ မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ Mayer-Rokitansky-Küster-Hauser syndrome( MRKH ) လို့ခေါ်တဲ့ ပုံမှန် မဟုတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ဒီရောဂါက မွေးရာပါ သားအိမ် နှင့် မွေးလမ်းကြောင်း မူမမှန်တဲ့ ရောဂါဖြစ်ပါတယ် ။ အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်တဲ့ Jen က ဒီရောဂါက သူ့ရဲ့ ဆယ်ကျော်သက်ဘ၀အပေါ်ဘယ်လို သက်ရောက်ခဲ့သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။
ကျွန်မ ဆယ်ကျော်သက်ဘ၀မှာ အတန်းထဲက မိန်းကလေး သူငယ်ချင်းတွေက ဓမ္မတာကြောင့် ဗိုက်အောင့်လို့ ၊ခါးကိုက်လို့ ကျောင်းမတက်နိုင်ဘူးလို့ပြောကြတဲ့ အခါ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မလည်း ဒီလိုတွေ ခံစားရတယ်လို့ လိမ်ခဲ့ဘူးတယ်။ Jen က ခင်ပွန်းဖြစ်သူ Jason နဲ့ အသက် ၂၀ အရွယ်မှာ တွေ့ခဲ့ပြီး ၅ နှစ်အကြာမှာ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ MRKH ရောဂါက တခြားစုံတွဲတွေအတွက် ပြဿနာကြီး တစ်ခုဖြစ်နိုင်ပေမဲ့ သူတို့စုံတွဲ အတွက်တော့ အနှောင့်အယှက် တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။
ကျွန်မ တစ်ခါက ထားခဲ့တဲ့ ရည်းစားကောင်လေး တစ်ယောက်ကို ကျွန်မရဲ့ရောဂါအကြောင်းပြောပြီး နောက်တစ်နေ့မှာပဲ လမ်းခွဲခဲ့ရပါတယ်။ ကျွန်မကိုယ်ကျွန်မ အားငယ်ခဲ့ရပါတယ်။ ကျွန်မခင်ပွန်းနဲ့ တွေ့တဲ့အခါမှာတော့ ကျွန်မ ချက်ချင်းအသိပေးခဲ့ပေမယ့် သူက နောက်မဆုတ်ခဲ့ပါဘူး။ တချို့ MRKH ဝေဒနာရှင်တွေက မွေးလမ်းကြောင်းမပါတာ။ တချို့က Jen လိုမွေးလမ်းကြောင်း တိုတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းတိုတဲ့ အမျိုးသမီးတွေက သားအိမ်လမ်းကြောင်းကို

January 26, 2016

" ရယ်စရာ လှုပ်ရှားပုံလေးတွေ ကြည့်ကြရအောင်လား "

 



" ဆီကို ဒီလိုနည်းဖြင့် ပြန်သုံးနိုင် "

 
ကျန်းမာရေး ပြသနာတွေ ဖြစ်စေတတ်လို့ တစ်ခါ ကြော်လှော်ချက်ပြုတ်ပြီးနောက် အဲဒီဆီကို ပြန်အသုံးပြုဖို့ သတိလက်တွန့်နေလား။ ပြန်လည်အသုံးပြုနိုင်စေမယ့် နည်းလမ်းတချို့ ရှိပါတယ်။

ဆီကို ရွေးဝယ်ယူပါ
ချက်နည်းပြုတ်နည်းပညာကို သိပ်မကျွမ်းကျင် မပိုင်နိုင်ရင်တော့ ဆီက ပြန်သုံးလို့ ရတော့မှာ မဟုတ်ပါ။ ဆီတိုင်းမှာ မီးခိုးထ/အူအမှတ် (smoking point) ဆိုတာ ရှိကြပါတယ်။ ဆီ မကောင်းတော့တဲ့ ပျက်စီးသွားတဲ့ အပူချိန် ဖြစ်ပါတယ်။ မြေပဲဆီ သို့မဟုတ် သီးနှံဆီတွေ အသုံးပြုပါ။ Smoking point မြင့်လို့ အလွန်တကူ ပျက်စီးမှာ မဟုတ်ပါဘူး။ သံလွင်ဆီကိုတော့ ပြန်မသုံးပါနဲ့။ သူ့မှာ smoking point နိမ့်ပြီး အနံ့အသက် စူးရှမှုရှိပါတယ်။ ဆီပူပူကြီးထဲ နှစ်ကြော်ဖို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါ။

ဆီကို စစ်ထုတ်ပေးပါ
ပထမဆုံးအကြိမ်နဲ့ နောက် ပြန်ကြော်ပြီးတိုင်း ဆီကို ငဲ့ထုတ်ပြီး အနယ်တွေ စစ်ထုတ်ပါ။ ပဲ့ထွက်လာတဲ့ မုန့်အစအနတို့လို မသန့်စင်တာမှန်သမျှနဲ့ မလိုအပ်တာတွေက ဆီရဲ့ တည်ကြည်မှုကို ပျက်စီးစေကာ နောက်ပြန်နွေးတဲ့အခါ လောင်ကျွမ်းစေပါလိမ့်မယ်။

ရေခဲသေတ္တာမှာ သိမ်းထားပါ
ဆီကို အခန်းအပူချိန်ထိထားပြီး လေအလုံပိတ် ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

ဆီကို အနံ့အသက်အလျောက် သီးခြားစီ သုံးပါ
ဆီက မိမိချက်ပြုတ်ခဲ့တဲ့ အစားအသောက်ရဲ့ အနံ့ပေါ် စွဲသွားပါလိမ့်မယ်။ ငါးကြော်တဲ့ဆီက ပုဇွန်ကြော်ဖို့ ကောင်းနေသေးပေမယ့် ကြက်သွန်နီအတွက်တော့ လုံးဝမကောင်းတော့ပါ။ အနံ့အသက်ရောရှက်မှုမရှိစေဖို့

" အိပ်ခန်းထဲမှာ ထားသင့်တဲ့ အပင်လေးတွေ "

 
အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး အောက်ဆီ ဂျင်ပြန်ထုတ်ပေးတဲ့အတွက်လူသားအကျိုးပြုပေးကြ
ပါတယ်။ စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ အပင်လေးတွေရှိတာကြောင့် သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။

စံပယ်ပင်
စံပယ်ပန်းရနံ့သင်းသင်းလေးဟာ သဘာဝအိပ်ဆေးလေးတစ်ခုပါတဲ့။ ပန်းလေးတွေ ပွင့်နေတဲ့ စံပယ်ပင်လေးကို အိပ်ခန်းထဲထားခြင်းဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေပြီး နိုးထလာတဲ့အခါမှာလည်း လန်းဆန်း တက်ကြွစေတယ်လို့ ဆိုပါတယ်။

လာဗင်ဒါပင်
ဆပ်ပြာတုံး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နဲ့ ရေမွှေးအိတ်လေးတွေ အများဆုံးထုတ်လုပ်လေ့ရှိတဲ့ လာဗင်ဒါပင်ဟာ အိပ်မပျော်ရောဂါတွေနဲ့ စိုးရိမ်ကြောင့်ကြ၊ ပူပန်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

ဇီဇဝါပင်
ဇီဇဝါပန်းရဲ့ ရနံ့သင်းသင်းလေးက စိတ်အေးချမ်းစေတာကြောင့် ဇီဇဝါပင်လေးတွေကို လည်း အိပ်ခန်းထဲမှာထားပေးသင့်တယ်လို့ သိရပါတယ်။

ရှားစောင်းလက်ပပ်ပင်
ရောင်ရမ်းနာတွေ၊ အမာ ရွတ်နဲ့ အပူလောင်တာတွေကို အ ကောင်းဆုံးကုသနိုင်တဲ့ သဘာဝ ဆေးပင်ရှားစောင်းလက်ပပ်ဟာ လေထုထဲက မမြင်နိုင်တဲ့ ဓာတု ပစ္စည်းတွေကို ဖယ်ရှားသန့်စင် ပေးတာကြောင့် အိပ်ခန်းတွေနဲ့ အိမ်အတွင်းပိုင်းမှာ ထားပေးသင့် ပါတယ်။ အိမ်ထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပျံ့လွင့်နေ

" သာယာတဲ့ အချစ်ရေးရဲ့ လက္ခဏာများ "

 
ကိုယ့်ရဲ့အချစ်ရေးက သာယာနေရဲ့လားဆိုတာ ဒါလေးတွေဖတ်ပြီး တိုက်ကြည့်ပါဦး။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်မိဖို့ဆိုတာ ရှေးရေစက်ပါမှ ချစ်နိုင်ကြတာပါ။ ကိုယ့်ချစ်သူက ကိုယ်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့၊ မကြာခဏ ရန်ဖြစ်နေရလို့ ဆိုတိုင်းလည်း အချစ်ရေးက မပြေလည်တာ မဟုတ်ပါဘူး။ သာယာတဲ့ အချစ်ရေးမှာတောင် ကတောက်ကဆဖြစ်မှုတွေနဲ့ ယာယီအဆက်သွယ်ပြတ်တောက်တာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေအကုန်လုံး ဖြစ်နေရင် သင်တို့ရဲ့ အချစ်ရေးက အိုကေမှာ စိုပြေနေတယ်လို့ ပြောလို့ရနိုင်မှာပါ။

၁ - ကိုယ့်စိတ်ထဲက ရှိတာကို မျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။

၂ - တစ်ခါတစ်လေ စိတ်ရှုပ်လာရင် နှစ်ယောက်သား ယာယီ အဆက်သွယ်ဖြတ်ထားတဲ့အပေါ် နားလည်ပေးနိုင်တယ်။

၃ - သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလည်အပတ်သွားတာမျိုး လျှောက်လည်တာမျိုး လုပ်လို့ရတယ်။

၎ - ရန်ဖြစ်တယ်။ ပြီးရင်တော့ ပြန်ချစ်သွားတာပဲ။ မှားတဲ့လူကလည်း ကိုယ့်အပြစ်ကိုယ် ဝန်ခံတယ်ဆိုရင် ပိုလို့တောင် အချစ်တွေ တိုးလာမှာပါ။

၅ - ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်ထားသလို ချို့ယွင်းချက်တွေကို လက်ခံပေးနိုင်တယ်။

၆ - ပျော်စရာအချိန်တွေ ဖန်တီးနိုင်ကြတယ်။ ရုပ်ရှင်အတူကြည့်တာ၊ ညစာအတူစားရင်း ရယ်စရာလေးတွေ ပြောဖြစ်ကြရင် အတော်ကို အိုကေတဲ့ အနေအထားပါ။

၇ - တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်ရှိကြတယ်။

၈ - သူနဲ့အတူရှိနေရင် လုံခြုံစိတ်ချရတယ်လို့ ခံစားမိတယ်။

၉ - နှစ်ယောက်ကြားထဲက ပြဿနာတွေကို အချင်းချင်းပဲပြောတယ်။ တခြားလူကို မပြောဘူး။ သူ့အပေါ် မကျေနပ်တာတွေနဲ့

"Crystal Sun Spray လေးလိမ်းပြီး နေပူထဲကို ရဲရဲ ၀င့်ဝင့် သွားလို့ရပြီနော် "

Sun cream ပြစ်ပြစ် ကြီးတွေ မလိမ်းချင်သူများအတွက် အဆင်ပြေ စေမယ့် ပစ္စည်းလေး နဲ့မိတ်ဆက် ပေးလိုက်ပါတယ်....

Crystal ပါဝင်လို့ ဖြန်းလိုက်တာ နဲ့ မျက်နှာလေးကို Korea မလေးတွေလို ပြောင်ပြောင်တင်းတင်း လေးဖြစ် စေပါတယ်....

မိတ်ကပ် လိမ်းထားပြီး အပေါ်က ဖြန်းပေးရင်လဲ မိတ်ကပ် သားကို ညပ်ညပ် လေးဖြစ်စေကာ တနေကုန် မပျက်စေတဲ့ 
 
အပြင် လွတ်လွတ် လပ်လပ် ပေါ့ပေါ့ ပါးပါး လေး နဲ့ လန်းဆန်း စေ မှာပါ...
 
ရေဓာတ်ပါဝင်လို့ နေပူထဲ ထွက်လဲ လိုအပ်တဲ့ အစို ဓာတ်ကို ပြန်လည် ဖြည့်ပေး မှာဖြစ်ပါတယ်...အပြင်သွားလို့ နေအရမ်း
 
ပူပြီး မျက်နှာ စပ်တာ ပူတာဖြစ် တဲ့ အချိန်တိုင်း ထပ်မံ ဖြန်းပေး နိုင်ပါတယ်.........SPF 50+ ပါဝင်လို့ နေလောင် ဒဏ်ကို
ကာကွယ် ပေးနိုင် ပါတယ်...

cream အမျိုးအစားမဟုတ်ပဲ spray အမျိုးအစား ဖြစ်လို့ အသုံးပြုရတာလဲ လွယ်ကူစေ ပါတယ်....

" ဂျင်းဘောင်းဘီတွေမှာ ဘာကြောင့် အိပ်ကပ်သေးသေးလေး ထည့်ထားတာလဲ "

တကယ်လည်း ဘာမှထည့်လို့မရဘဲ ဘာကြောင့် ဒီအိပ်ကပ်သေးသေးလေးကို ထည့်ထားရတာလဲဆိုတာ ကမ္ဘာကျော် ဂျင်းအမှတ်တံဆိပ်ကြီးက ပြောပြထားပါတယ်။
ဂျင်းဘောင်းဘီဝတ်သူတိုင်း စဉ်းစားမိဖူးမှာပါ။ ဘာကြောင့် အိပ်ကပ်ပေါ်က အိပ်ကပ်သေးသေးလေးကို ထည့်သွင်းချုပ်လုပ်ထားတာလဲဆိုတာ။ ပြီးတော့ ဘယ်သူမှလည်း ရေရေရာရာ မသိခဲ့ကြပါဘူး။

ဘောင်းဘီရှေ့ဘက်ခြမ်းက အိပ်ကပ်ပေါ်မှာ ထပ်ဆင့်ထည့်သွင်းချုပ်လုပ်ထားတဲ့ အိပ်သေးသေးလေးရဲ့ အကြောင်းကို ခုတာ့ သိလိုက်ရပါပြီ။ အမေရိကန်ရဲ့ နာမည်ကျော် ဂျင်းအမှတ်တံဆိပ် Levi Strauss ရဲ့ အဆိုအရ အဆိုပါ အိပ်ကပ်အငယ်စားလေးဟာ အိတ်ဆောင်နာရီ ထည့်ထားဖို့အတွက် ချုပ်လုပ်ထားတာဖြစ်ပါသတဲ့။
 
 
 သေသေချာချာ ပြန်ကြည့်လိုက်မယ်ဆိုရင် တကယ်ပဲ အိတ်ဆောင်နာရီ တစ်လုံးစာ ဆံ့တဲ့ အရွယ်အစားပဲ ရှိတာပါ။
 ရှေးလူတွေက အိတ်ဆောင်နာရီတွေ ဆောင်လေ့ရှိကြပါတယ်။ အထူးသဖြင့် ကောင်းဘွိုင်တွေအတွက် ရည်ရွယ်ပြီး

January 25, 2016

" အမျိုးသမီးတွေ ခိုက်အောင် အင်္ကျီအရောင် ဘယ်လိုရွေးမလဲ "

 
အမျိုးသားတွေမှာ အမျိုးသမီးတွေလို ကြိုက်တဲ့အရောင် ဝတ်လို့ အဆင်မပြေပါဘူး။ အရောင်တွေက ကိုယ့်ရဲ့ စိတ်နေစိတ်
ထားကို ဘယ်လိုဖော်ပြသလဲ၊  အမျိုးသမီးတွေကို ဘယ်လို ဆွဲဆောင်နိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အပြာရောင်
အပြာရောင်က တည်ငြိမ်ရင့်ကျက်မှု အသွင်ဆောင်ပါတယ်။

၂။ အနီရောင်
စွဲဆောင်မှု အရမ်းကောင်းတဲ့ အရောင်ပါ။ အမျိုးသမီးတွေ အမြင်မှာ ထင်းလင်းပြီး ဆွဲဆောင်မှုရှိသူလို့ မြင်စေချင်ရင် အနီရောင်ကို ရွေးချယ်သင့်ပါတယ်။

၃။ ကြက်သွေးရောင်
အိနြေ္ဒရှင်ကြီးအဖြစ် အမြင်ခံချင်ရင်တော့ ကြက်သွေးရောင်ကို ရွေးချယ်နိုင်ပါတယ်။

၎။ ပန်းရောင်
နှလုံးသား နုနယ်သူ၊ ပျော်ပျော်နေတတ်သူလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

၅။ အစိမ်းရောင်
အစိမ်းရောင်ကတော့ ယောက်ျားဆန်မှုကို ပြသပါတယ်။

၆။ အဖြူရောင်
ရှင်းသန့်ကျော့မော့သွားစေပါတယ်။ အစွန်းအထင်းမရှိအောင် ဂရုစိုက်ဖို့တော့ လိုတာပေါ့။

၇။ အနက်ရောင်
ဒါကတော့ လူတိုင်းကြိုက်တဲ့အရောင်ပါ။ ဘာကို ရွေးရမယ်မှန်း မသိတဲ့အခါ အနက်ရောင်ကိုသာ ရွေးသွားပါ။ ဒါပေမဲ့

" တရုတ်နိုင်ငံမှာ ရေပန်းစားနေတဲ့ ရင်သားနဲ့ ဘောပင်ကို ညှပ်ပြပြီး မိန်းမစစ်ကြောင်းသက်သေပြတဲ့ ပြိုင်ပွဲ "


တရုတ်နိုင်ငံက လူမှုမီဒီယာမှာ လက်ရှိရေပန်းစားနေတဲ့အရာကတော့ အိုက်စ်ဘတ်ကတ်(Ice Bucket) ပြိုင်ပွဲလည်းမဟုတ်
သလို ကွန်ဒုံး အသုံးချမှု ပြိုင်ပွဲလည်း မဟုတ်တော့ပြန်ပါဘူး။ လက်ရှိ တရုတ်နိုင်ငံ က အမျိုးသမီးတွေကြားမှာ ရေပန်းစားနေ
တာကတော့ "စစ်မှန်တဲ့ မိန်းမ" ဖြစ်ကြောင်း သက်သေပြဖို့အတွက် ဘောပင် ၊ မျက်ခုံးမွှေးဆွဲတံ စတာတွေကို ရင်သားနဲ့ညှပ်
ထားပြတဲ့ ဓါတ်ပုံတွေ ရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။

ဒီ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့  အပေါ်အကျီင်္ကို မတင်ကာ ဘောပင်(သို့)ခဲတံတစ်ခုခုကို
ရင်သားအောက်မှာ ညှပ်ပြီးပင့်ချီပြကာ ဆယ်လ်ဖီ ဓါတ်ပုံရိုက်ပြီး လူမှုမီဒီယာပေါ်မှာ မိန်းမစစ်မှန်ကြောင်းအပြိုင်အဆိုင်ကြွား

" ယောက်ျားလေးများအနေနဲ့ ကောင်မလေးတွေရဲ့ စိတ်ဝင်စားမှု ရစေမယ့် ရေမွှေး "

 
"Love hormone" oxytocin လို့ ခေါ်ဆိုတဲ့ လူကိုယ်တိုင် ဖန်တီးသော nasal spray တစ်မျိုးက အမျိုးသားတွေကို အမျိုးသမီးများအား ညှို့ယူဖမ်းစားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက ဖော်ပြထားပါတယ်။
University of Bonn မှ သုတေသနပညာရှင်များက ဒါကို ရှူမိတဲ့ အမျိုးသမီးများက သူတို့ချစ်သူလက်တွဲဖော်ကို ၁၅% ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်ကြကြောင်း Dail Mail က ဖော်ပြထားပါတယ်။ အဆိုပါ Spray မှာ လူကိုယ်တိုင် ဖန်တီးတဲ့ hormone oxytocin ပုံစံတစ်မျိုးဖြစ်တဲ့ တစ်ယောက်ကို တစ်ယောက် မေတ္တာသက်ဝင်တဲ့အခါ ဦးနှောက်မှာ အလိုအလျောက်ထွက်လာတဲ့ syntocinon ပါဝင်ပါတယ်။
Oxytocin က မီးဖွားနေစဉ် အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်တယ်၊ မိခင်တွေမှာ နို့ရည်ထွက်အောင် လှုံ့ဆော်မှုပြုပြီး ကလေးများကို သံယောဇဉ်တွယ်စေပါတယ်။ စမ်းသပ်ခံသူများအနေနဲ့ ယင်းအနံ့ကို ရှူမိပြီးနောက်မှာ သူတို့

" ဘာသာစကားတစ်ခုကို အမြန်တတ်မြောက်စေမည့် လျှို့ဝှက်ချက်များ "

 
Matthew Youlden  ဆိုသူမှာ ဘာသာစကား ၉ မျိုးကို ကျွမ်းကျင်စွာ ပြောတတ်ပြီး ဒါဇင်ကျော်သော ဘာသာစကားများကို နားလည်ပါတယ်။ ကျွန်တော်က သူနဲ့ ဘာလင်မြို့မှာ တစ်ရုံးတည်း အတူ အလုပ်လုပ်ပါတယ်။ ဒါကြောင့် သူက ဘာသာစကားတစ်မျိုးကနေ တစ်မျိုးကို ပုတ်သင်ညို အရောင်ပြောင်းသလို လွယ်လွယ်ကူကူ ပြောင်းပြောနေတတ်တာကို ကြားနေကျ ဖြစ်ပါတယ်။ သူက အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်တယ်ဆိုတာတောင် အချိန်တော်တော် ကြာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်က ဒုတိယ ဘာသာစကားတစ်ခုကို သင်ကြားဖို့တောင် အတော်ခက်ခဲတဲ့ အကြောင်းပြောပြရာ သူက အောက်ပါ အကြံဥာဏ်များကို ပေးခဲ့ပါတယ် ။
 
၁)ကိုယ်ဘာလုပ်နေတယ် ဆိုတာ သိအောင်လုပ်ရပါမယ်။
ငါ ဒီ စကားကို ပြောတတ်ချင်တယ်။ဒီ စကားကို ပြောတတ်အောင် ငါ အစွမ်းကုန် ကြိုးစားမယ်လို့ စိတ်ဆုံးဖြတ်ပြီး မဖြစ်ဖြစ်အောင် လုပ်ရပါမယ်။
 
၂)စကားပြောဖော်တစ်ယောက် ရှာရပါမယ်
ဘာသာစကားတစ်ခုကို ပြောတတ်ချင်တဲ့ အခါမှာ အတူတူပြောမယ့်သူ တစ်ယောက်ရှိမှ အချင်းချင်း တွန်းအားပေးနိုင်သလို ပိုပြီးပြောထွက်လာစေပါတယ်။
 
၃)ကိုယ့်ဘာသာ ပြောပါ
အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကိုယ်အမြဲ အသုံးပြုနေရတဲ့ ဘာသာစကားတစ်ခု မဟုတ်ရင် ဒါက အကောင်းဆုံး လေ့ကျင့်ခန်းပါ။ စိတ်ထဲမှာ စကားလုံးအသစ်တွေ အမြဲရှိနေနိုင်ပြီး နောင်တစ်ချိန် တစ်ယောက်ယောက်နဲ့

" ဂျပန်တွေဆီက‬ အတုယူစရာကောင်းတဲ့ အချက် ၇ချက် "



၁။ ။ ယဉ်ကျေးသိမ်မွေ့ခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။
တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ"ကောင်းသောနေ့လေးပါ၊ကောင်းသောညလေးပါ "စသည်ဖြင့် နှုတ်ဆက်ကြပါတယ်။
အလုပ်ဝင်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို "ကောင်းသောနံနက်ခင်းပါခင်ဗျာ"လို့နှုတ်ဆက်ပြီး၊
အလုပ်ပြီးလို့ပြန်တဲ့အခါမှာလည်း "ဒီနေ့ပင်ပန်းသွားပါပီ၊ပြန်ပါတော့မယ်ခင်ဗျာ"စသည်ဖြင့် နှုတ်ဆက်ပြီးမှပြန်ကြပါတယ်။
မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တစ တိုက်မိကြတဲ့အခါမှာ သူတို့က စတင်ပြီးတောင်းပန်တတ်ကြပါတယ်။

၂။ ။ အချိန်ကိုလေးစားခြင်း
ဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။
ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။
ရထားတွေ၊ကားတွေဟာလည်း အချိန်မှန်ကန်တိကျစွာ ပြေးဆွဲကြပါတယ်။

၃။ ။ စည်းကမ်းရှိခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။
တန်းစီတဲ့အခါမှာ စနစ်တကျ စည်းကမ်းရှိရှိ ညီညီညာညာ တန်းစီကြပါတယ်။
အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။
ပျော်ပွဲစားထွက်တဲ့အခါမှာလည်း မိမိတို့အမှိုက်ကို မိမိတို့သန့်ရှင်းအောင် သိမ်းပြီးမှပြန်လေ့ရှိပါတယ်။

၎။ ။ ပတ်ဝန်းကျင်ကို အလေးထားခြင်း
ဂျပန်လူမျိုးတွေဟာ မိမိအတွက်ကြောင့် တခြားလူ ဒုက္ခရောက်မှာကို အလွန်စိုးရိမ်ကြပါတယ်။
ရထားထဲ၊ကားထဲမှာ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် တယ်လီဖုန်းမပြောကြပါဘူး။ ဖုန်းကိုလည်း အမြဲတမ်း

January 24, 2016

" မိမိ၏ ဖူးစာရှင် ရှာနည်း (စိတ်ပါဝင်စားသူများ ဖတ်ရန်) "

 
မိမိ၏ ဖူးစာရှင် ရှာနည်း 
(က-၁) (ခ-၂) (ဂ-၃) (ဃ-၄) (င-၅) (စ-၆) (ဆ-၇) (ဇ-ဂ) (ဈ-၉) (ည-၁၀) (ဋ-၁၁) (ဌ-၁၂ ) (ဍ-၁၃) (ဎ-၁၄) (ဏ-၁၅) (တ-၁၆) (ထ-၁၇) (ဒ-၁၈) (ဓ-၁၉) (န-၂၀) (ပ-၂၁) (ဖ-၂၂) (ဗ-၂၃) (ဘ-၂၄) (မ-၂၅) (ယ-၂၆) (ရ-၂ရ) (လ-၂၈) (၀-၂၉) (သ-၃၀) (ဟ-၃၁) (ဠ-၃၂) (အ-၃၃) ပထမအဆင့် ”က”က နေ ”အ” အထိသည် ၁ မှ ၃၃ အထိဖြစ်သည်။ မိမိ အမည်ကို ပေါင်းပါ။
ဥပမာ…. 
လှလှ=၂၈ + ၂၈ (လ=၂၈) = ၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့် စားပါ။ ၅၆ /၉ = ၂ ရလာသော အကြွင်းနှင့် မင်းရဲ့ ဖူးစာရှင်ကို သိနိုင်ပြီပေါ.။ အကြွင်းက သုံည ကနေ ရှစ်အထိရှိပါတယ်။ အောက်မှာ ကြည့်နိုင်ပါတယ်။
 တတိယအဆင့် 
သုည=မင်းအရမ်းလေးစားသူ။ 
တစ်=မင်းနဲ့ အသက်ကွာသူ။
နှစ်=မင်း အရမ်းချစ်ရသူ။ 
သုံး=မင်းအတွက် အေ၇းပါသူ။
လေး=မင်းကို အမြဲတမ်း အလျှော့ပေးနေတတ်သူ။ 
ငါး=မင်းရဲ. အဝေးတစ်နေရာကသူ။

" အသက် (၃၀) အရွယ် အမျိုးသမီးများ ဒီလိုအကျင့်လေးတွေ စတင်ပျိုးထောင်သွားရန်လိုအပ် "


အမျိုးသမီးတစ်ယောက် အနေနဲ့ကတော့ အသက် (၃၀) ဆိုတာ ငယ်တော့တဲ့ အရွယ် မဟုတ်ပါဘူး။ သင်ဟာ ဘယ်လောက်ပဲနုပျိုနုပျို အသက် (၃၀)အရွယ်ရောက်ချိန်မှာတော့ အရင်က အကျင့်တစ်ချို့ကို ဖျောက်ပြီး   ဘယ်လို အကျင့်စရိုက်မျိုးလေးတွေ မဖြစ်မနေ ရှိသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ကိုယ်စားသောက်ပြီး ပန်းကန်တွေကို အနည်းဆုံး ဘေစင်ထဲတော့ ထည့်ထားသင့်ပါတယ်။
အိမ်မှာ အိမ်အကူရှိတယ်ဆိုရင်တောင် ကိုယ်စားပြီးသား ပန်းကန်ကို ဘေစင်ထဲလောက်တော့ ပို့ပေးထားသင့်တာပေါ့။ ကိုယ်ကအိမ်မှာ အကူမရှိဘူး၊ ဒါမှမဟုတ် သူငယ်ချင်းနဲ့စုနေတာမျိုးဆိုရင်တော့ ခုနလို အကျင့်မျိုးရှိနေရင် သင်ဟာ တစ်ခြားသူတွေရဲ့ မျက်မုန်းကျိုးတာကို ခံရမှာပါ။ ဒီအရွယ်တောင်ရောက်နေပြီဆိုတာလေးလည်း ထည့်ပြောခံရမှာပေါ့။

၂။မိဘတွေကို မကြာခဏ ဖုန်းခေါ်ပေးပါ။
ကိုယ်က မိဘနဲ့မတူ မနေတော့ဘူးဆိုရင် မိဘတွေကို အနည်းဆုံးဖုန်းနဲ့တော့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ့်အမေနဲ့အတူ မုန့်သွားစားတာမျိုး၊ ရှော့ပင်ထွက်တာမျိုး လုပ်ပေးနိုင်ရင်တော့ သူတို့အတွက် ပိုကောင်းတာပေါ့။

၃။သတင်းတွေကို သိနိုင်အောင် ကြိုးစားပါ။
ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေတယ်၊ ကိုယ့်နိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်ဖို့ ဖုန်းအင်တာနက်လေး သုံးလိုက်ရုံပါပဲ။ ဒီလို ဗဟုသုတတိုးပွားအောင် လုပ်တာဟာလည်း လိုအပ်မှုတစ်ခုအနေနဲ့ရှိနေပြီး သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ ဆုံတဲ့အခါ သင်ပါးစပ်အဟောင်းသား ဖြစ်မနေတော့ဘူးပေါ့။

၎။အသိမိတ်ဆွေအိမ်၊ ဆွေမျိုးအိမ်တွေသွားရင် လက်ဆောင်လေးတစ်ခုခု ၀ယ်သွားပါ။
ဟိုးအရင်တုန်းကတော့ လက်ဆောင်ပစ္စည်းဝယ်ပေးနေကျ မဟုတ်ခဲ့ဘူး မလား။ ခုကိုယ့်အသက်က ၃၀နီးပါးဖြစ်လာပါပြီ။ လူကြီးတစ်ယောက်လို့ ကိုယ့်ကိုကိုယ် ခံယူပြီး တာဝန်ယူမှု၊ အလိုက်သိမှုတွေကို စတင်လုပ်ဆောင်ရတော့မှာပါ။ ဒီတော့ အသိတစ်ယောက်အိမ်သွားမယ်၊ ဆွေမျိုးအိမ်အလည်သွားမယ်ဆိုရင်တောင် စားစရာလေး၊ လက်ဆောင်တစ်ခုခု ၀ယ်သွားဖို့

" မြောက်ကိုရီးယားနိုင်ငံက ထူးထူးခြားခြား ဥပဒေ ဆယ်ခုအကြောင်း " 10 Of The Strangest Laws In North Korea

 

1. Restricted Television

မြောက်ကိုရီးယားနိုင်ငံမှာ တီဗီလိုင်းတွေကို အစိုးရက လိုအပ်သလို ထိန်းချုပ်ထားပါတယ် ။ ပြသသမျှဟာလည်း ဝါဒဖြန့်ချီရေးတွေချည်းလိုလိုပါပဲ ။ ဒါပေမယ့်လည်း တောင်ကိုရီယား ရုပ်သံလိုင်းတွေကို ခိုးပြီးဖမ်းယူကြည့်ရှုနိုင်ပါတယ် ။ မိသွားရင်တော့ ဘယ်သူမဆို ပြစ်ဒဏ်ခံရမှာပါ။

2. Haircut Approval


မြောက်ကိုရီးယားနိုင်ငံမှာ နေထိုင်သူတွေဟာ ဆံပင်ပုံစံ ၂၈ မျိုးကလွဲလို့ အခြားပုံ ထားခွင့်မရှိပါဘူး ။ အမျိုးသမီးတွေအတွက် ပုံစံ ၁၈ မျိုးနဲ့ အမျိုးသားတွေအတွက် ပုံစံ ၁၀ ခုထဲကပဲ ရွေးချယ်ခွင့် ရှိပါတယ် ။ လက်ထပ်ထားတဲ့ အမျိုးသမီးတွေဟာ ဆံပင်အတိုထားနိုင်ပြီး အမျိုးသားတိုင်းကတော့ ဆံပင်ကို သုံးလက်မထပ် ပိုပြီးအရှည်ထားခွင့် မရှိပါဘူး။

3. Restricted Music 


တီဗီကြည့်ရှုခွင့်ပုံစံမျိုးပါပဲ ၊ အစိုးရက နိုင်ငံသားတွေ ဘယ်လိုသီချင်းမျိုးကိုပဲ နားထောင်ရမယ်ဆိုပြီး ထိန်းချုပ်ထားပါတယ် ။ အနောက်တိုင်းလွှမ်းမိုးမှုရှိတဲ့ pop, classical, နဲ့ folk အမျိုးအစား သံစဉ်တွေ ဖြစ်နေရင်တောင် သီချင်းစာသားက အစိုးရကောင်းကြောင်းနဲ့ မြောက်ကိုရီးယားဟာ ကောင်းမွန်ကြောင်း ရေးသားထားရင် ခွင့်ပြုပေးထားပေမယ့် ၊

" အလွန်သန်မာပါတယ်လို့ နာမည်ကြီးတဲ့ သစ်ခုတ်သမားတစ်ယောက် အကြောင်းပုံပြင် "


တစ်ခါတုန်းက အလွန်သန်မာသော သစ်ခုတ်သမား တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ သစ်ကုန်သည် တစ်ဦးထံမှာ အလုပ်လုပ် ဖြစ်ခဲ့တယ်။ သူခုတ်ရမယ့် နေရာများကို မေးမြန်းပြီး သစ်ခုတ်ဖို့ အတွက်
သူဌေးထံမှ ပုဆိန်တစ်လက်ကို တောင်းခံခဲ့ပါတယ်။ သစ်ခုတ်သမားအတွက် သူဌေးပေးတဲ့ လစာဟာလည်း အလွန်ကောင်းမွန်ပြီး သစ်ခုတ်သမားလည်း သစ်တွေကို များများ ခုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ပထဆုံး နေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ ပင်ကို ခုတ်နိုင်ခဲ့ပါတယ်။ သစ်ခုတ်သမားကို သူဌေးဖြစ်သူက သစ်ပင်တွေ အများကြီး ခုတ်နိုင်တဲ့အတွက် ဝမ်းသာကြောင်း ချီးကျူးစကား ဆိုတယ်။ သူဌေးရဲ့ ချီးကျူးစကားကြောင့် သန်မာသော သစ်ခုတ်သမားဟာ အလွန်ဝမ်းသာပြီး ခွန်အားလည်း ပြည့်သွားတယ်။ ဒီလိုနဲ့ ဒုတိယနေ့ ရောက်တော့ သစ်ပင် ၁၅ ပင်သာ ခုတ်နိုင်ခဲ့တယ်။နောက်ရက်ရောက်တော့ သန်မာသော သစ်ခုတ်သမားဟာ ၁၀ ပင်သာ ခုတ်ထစ်နိုင်ခဲ့ပါတယ်။ တစ်နေ့ထက် တစ်နေ့ သစ်ပင် အရေအတွက်ဟာ နည်းသထက် နည်းပြီးလာပါတယ်။
ဒီအတွက်ကြောင့် သစ်ခုတ်သမားဟာ အလွန်သန်မာတဲ့ ငါဟာ ဘာဖြစ်လို့ သစ်ပင်တွေ မခုတ်နိုင်တော့တာလဲ စဉ်စားရင်း အလုပ်ကနေထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်နေ့ရောက်တော့ သူဌေးဖြစ်သူကို သူ့အနေနဲ့ သစ်ပင်တွေကို မခုတ်ထစ်နိုင်တော့လို့ တောင်းပန်ကြောင်း အလုပ်ထွက်ဖို့ ခွင့်တောင်း ပါလေတယ်။ သူဌေးလုပ်သူက သစ်ခုတ်သမားကို
" မင်း ပုဆိန်ကို ဘယ်နှကြိမ် သွေးပြီးပြီလဲ။ "
သစ်ခုတ်သမားလည်း အံ့အားသင့်စွာဖြင့် - " ကျွန်တော် အလုပ်ရှုပ်နေလို့ တစ်ခါမှ မသွေးရသေးပါဘူးလို့ ပြန်ဖြေလိုက်ပါတယ် ။"
သင်ခန်းစာ - လောကမှာ ရှိတဲ့ လူတွေဟာ အလုပ်တွေအများကြီး လုပ်ကြတယ်။ ဒါပေမယ့် အလုပ်တွေပဲ လုပ်နေကြပြီး

" သိမ်းငှက် တစ်ကောင် တန်ဖိုးက ဒေါ်လာ (၁) သန်းအထိရှိ "

အေသင်အောင်

 ရှေးနှစ်ပေါင်း များစွာက သိမ်းငှက်တွေကို အမဲလိုက်ရာမှာ အသုံးပြုလေ့ ရှိကြ ပါတယ်။ ဒါ့အပြင် သိမ်းငှက်တွေကို စစ်မြေပြင် သတင်းများ ထောက်လှမ်းခြင်း မှာလည်း အသုံးပြုလေ့ရှိ ပါတယ်။ (၂၁) ရာစုကို ရောက်ရှိ လာပြီးတဲ့ နောက်ပိုင်းမှာတော့ ခေတ်မီ ပစ္စည်းတွေ ပေါ်ပေါက်လာခဲ့ တာမို့ သိမ်းငှက်တွေရဲ့ အခန်းကဏ္ဍ လျော့ကျ သွားမယ်လို့ ထင်မှတ်စရာ ဖြစ်ခဲ့ပါတယ်။
                    နောက်ဆုံးပေါ် မောင်းသူမဲ့လေယာဉ် တွေကြောင့် သိမ်းငှက်တွေရဲ့ စွမ်းဆောင်မှု အရေးမပါ တော့ဘူးလို့ သုံးသပ်မှုတွေ ပေါ်ထွက်လာခဲ့ ပါတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာတော့ သိမ်းငှက်တွေရဲ့ အခန်းကဏ္ဍဟာ ကြီးမားနေဆဲ ဖြစ်ပါတယ်။ အထူး သဖြင့် ယူအေအီး နိုင်ငံမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံမှာ လေ့ကျင့် သင်ကြားပေး ထားတဲ့ သိမ်းငှက် တစ်ကောင်ရဲ့တန်ဖိုးဟာ ဒေါ်လာ (၁) သန်းအထိ ရှိတယ်လို့ သိရပါတယ်။ သိမ်းငှက်တွေ ကို အရှေ့အလယ်ပိုင်းမှာ ရာစု နှစ်ပေါင်း များစွာ ကတည်းက အသုံးပြုလာ ခဲ့တာ ဖြစ်ပါ တယ်။ အထူး သဖြင့် အမဲလိုက်ရာမှာ သိမ်းငှက်တွေကို အသုံးပြု ခဲ့ပါတယ်။ သိမ်းငှက်တွေဟာ အာရုံစူးရှမှု ကောင်းမွန် တာမို့ အမဲလိုက်ရာမှာ လွန်စွာ အသုံးဝင်တဲ့ သတ္တ၀ါ တစ်ကောင် ဖြစ်ပါတယ်။
                သိမ်းငှက်တွေကို ယူအေအီး နိုင်ငံမှာ စနစ်တကျ မွေးမြူမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ သိမ်းငှက်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ဖွင့်လှစ် ရောင်းချတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ ယူအေအီး နိုင်ငံမှာ သိမ်းငှက်တွေ အတွက် ဆေးရုံတောင် ဆောက်လုပ်ပေး ထားတယ်လို့ ဆိုပါတယ်။ သိမ်းငှက် တွေကို စနစ်တကျ လေ့ကျင့်ပေးပြီး သူတို့ရဲ့
Subscribe

လာလည်သူများ

free counters