♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 9, 2016

" ချစ်သူကို လက်မလွှတ်ရဖို့ ကြိုးစားနေရသည့် လက္ခဏာ(၁၀)ခု "

 
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်လက်တွဲသွားချင်ကြပါတယ်။ ဒါပေမယ့် တဖက်ဖက်က အချစ်တွေ ပျောက်ဆုံးပြီး ခံစားချက်မဲ့သွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့တွေက ကိုယ့်ပါတနာကို နားလည်နိုင်ဖို့နဲ့ လက်တွဲမပြုတ်ဖို့အတွက် အကောင်းဆုံးကြိုးစားတတ်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ့်အချစ်ကို မလိုလားတော့တဲ့ တစ်စုံတစ်ယောက်ကို ဆက်ချစ်နေနိုင်ဖို့ တမင်အားထုတ်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ဒီလို အခြေအနေကြုံတွေ့နေရတဲ့ လက္ခဏာ(၁၀)ခုရှိပါတယ်။ ဒီလက္ခဏာတွေ ကြုံတွေ့ခံစားနေရပြီဆိုရင်တော့ နှစ်ဦးသားအချစ်ဇာတ်လမ်းကို ရှေ့ဆက်သင့် မဆက်သင့် သေချာစဉ်းစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့ –

၁။ အချိန်တိုင်း ဖျောင်းဖျဖို့ကြိုးစားနေရခြင်း
အကြောင်းကိစ္စတစ်ခုခုအတွက် သင့်ရဲ့ပါတနာကို အချိန်တိုင်း ဖျောင်းဖျနေရမယ်ဆိုရင် ပုံမှန်မဟုတ်တာ သေချာပါတယ်။ သူမရဲ့ခွင့်ပြုချက်ရဖို့ အလေးအနက်တောင်းဆိုနေရတာ၊ အနူးအညွတ်ပြောနေရတာမျိုးတွေက ဆက်ဆံရေးမပြိုကွဲအောင် တမင်အားထုတ်ကြိုးပမ်းမှုတွေပဲဖြစ်ပါတယ်။

၂။ အမြဲတမ်းအလျှော့ပေးနေရခြင်း
ကိုယ်လုပ်ချင်တာမလုပ်ရပဲ သင့်ပါတနာ စိတ်တိုင်းကျသွားလာနေထိုင် လုပ်ကိုင်နေရတာမျိုးဖြစ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် သင့်ရဲ့ပျော်ရွှင်မှုကို စတေးပစ်လိုက်ရတဲ့ သဘောပါပဲ။ သူမ ခွင့်မပြုတဲ့အတွက် အခင်ဆုံးသူငယ်ချင်းတွေနဲ့တောင် အပေါင်းအသင်းမလုပ်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။

၃။ ဘာလုပ်လုပ်ပြဿနာဖြစ်နေရခြင်း
သင့်ရဲ့ပါတနာခွင့်မပြုတဲ့ အကြောင်းအရာတစ်ခုခု လုပ်မိတိုင်း ပြဿနာတက်ရတာမျိုးဖြစ်ပါတယ်။ ဒီအကြောင်းအရာက ဘာမှအရေးမကြီးတဲ့ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ပါတနာက ဇာတ်လမ်းတွေ ဆင်ပြီး ပြဿနာကြီးတစ်ရပ်အဖြစ်

" သေဆုံးသွားပေမယ့် နှလုံးခုန်နေခဲ့သူ "

 1_ayesay
ကမ္ဘာလောကကြီးထဲမှာ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေများစွာရှိနေပါသေးတယ်။ လူတစ်ယောက်ဟာ သေဆုံးပြီဆိုတာနဲ့ နှလုံးခုန်သံလည်း ရပ်သွားမှာ ဖြစ်ပါတယ်။ နှလုံးခုန်သံ မရပ်ရင်လည်း မသေဆုံး သေးဘူးလို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့ သေဆုံးပြီးနောက်မှာ နှလုံးဆက်လက် ခုန်နေ ခဲ့ပါသေးတယ်။

၁၉၃၈ခုနှစ် အောက်တိုဘာလ ၃၁ ရက် နေ့မှာ သေဒါဏ်ကျခံရမယ့် တရားခံ John Deering ဟာ သူ့ရဲ့နောက်ဆုံးစီးကရက်ကို သောက်ပြီး လွှတ်ချခဲ့တယ်။ အပြစ်ပေးခံရမယ့် ခုံမှာ ထိုင်လိုက်ပါတယ်။ အကျဉ်းထောင်အရာရှိက Derring ရဲ့ခေါင်းကို ခေါင်းစွပ်အနက်နဲ့ ဖုံးအုပ်စေခဲ့တယ်။ ပြီးတဲ့နောက် Derring ရဲ့

" ယမမင်း ထံ အစစ်ခံရခြင်း "

 

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။

" ကမ္ဘာ့ဈေးအကြီးဆုံး အိတ် ၁၀လုံး "


နာမည်ကြီး တံဆိပ်တွေ ဖြစ်တဲ့ Louis Vuitton ၊Hermes နဲ့ Chanel တွေက ထုတ်တဲ့ ဒီဇိုင်း အမိုက်စားတွေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အိတ်များ ကို ဖော်ပြလိုက်ပါတယ် ။

အမျိုးသမီးတွေ အတွက်ကတော့ ပြီးပြည့်စုံတဲ့ ဖက်ရှင် ဖြစ်ဖို့ဆို လက်ကိုင်အိတ်ကလည်း မပါ မဖြစ်ပါ ။ နာမည်ကြီး တံဆိပ်တွေ ဖြစ်တဲ့ Louis Vuitton ၊Hermes နဲ့ Chanel တွေက ထုတ်တဲ့ ဒီဇိုင်း အမိုက်စားတွေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အိတ်များ ကို ဖော်ပြလိုက်ပါတယ် ။

(၁) အလွန်တော်တဲ့ လက်မှုပညာရှင် ၁၀ယောက်ပေါင်းပြီး နာရီပေါင်း ၈၈၀ဝ ကြာအောင် ပြုလုပ်တားတဲ့အိတ်ပါ ။ ပန်းရောင် စိန်၅၆ လုံး ၊ အဝါရောင်စိန် ၁၀၅ လုံး ၊ အရောင်မရှိတဲ့စိန် ၄၃၅၆လုံး ပေါင်းပြီး အနုစိတ် ပြုလုပ်ထားတဲ့ အိတ်ပါ ။ $3.8 million

၁ 1001

(၂) Hermes က ထုတ်တဲ့ စွယ်စုံသုံး အိတ်ပါ ။ ပလက်တီနမ် သုံးပြီး လုပ်ထားသလို အိတ်ရဲ့ လက်ကိုင်ကြိုး ကို လက်ပတ်


 ပြတင်းပေါက်ထဲက အဖိုးအို
ကျွန်မငယ်ငယ်တုန်းကပေါ့ နေခဲ့တဲ့အိမ်က အခုပြောမယ့် အဖိုးအိုအိမ်ရဲ့မျက်နှာချင်းဆိုင်လမ်းမှာနေကြတယ်။ ခန့်မှန်းခြေအားဖြင့် အဲ့ဒီအဖိုးအိုရဲ့အသက်က ၈၀ နှစ်လောက်ဖြစ်မယ်ထင်တယ်။ သူကအမြဲတမ်း သူ့ရဲ့အိမ်အိုပြတင်းပေါက်ကနေ ကျွန်မကို လှမ်းကြည့်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့အိမ်နဲ့ ကျွန်မအခန်းက အနီးဆုံးအနေအထားကြောင့်ဖြစ်မယ်။ အဲ့ဒီအချိန်မှာ ကျွန်မအသက်က ငါးနှစ်ရှိပြီ နောက်ပြီး ကျွန်မသူ့ကိုနည်းနည်းကြောက်လာတာနဲ့ ပြေးပြီး ကျွန်မအမေကိုသွားပြောပြပြီး အကူအညီတောင်းတယ်။ ကျွန်မအမေက “ရိုးရိုးသားသားကြည့်တာပါ စိုးရိမ်စရာမလိုဘူး” လို့အမြဲပြောတယ်။ တစ်နှစ်လောက်ကြာပြီးတဲ့အခါမှာ သူ့ရဲ့အသားရေတွေက ညစ်နေတာကိုသတိထားမိလာတယ်။ နောက်ပြီး သူ့ရဲ့မျက်ကွင်းညိုနေတဲ့ မျက်လုံးကြီးတွေနဲ့ အကြည့်မလွှဲ မျက်တောင်လုံးဝမခတ်ဘဲ သူ့ရဲ့ပြတင်းပေါက်ကနေလှမ်းကြည့်နေတက်တယ်။

ညဘက်နိုးလာတဲ့အချိန်တိုင်း အဖိုးအိုရဲ့ပြတင်းပေါက်ကိုလှမ်းလှမ်းကြည့်မိတယ်။ သူကအမြဲတမ်း အဲ့ဒီနေရာမှာဘဲရှိနေတယ်။ တစ်ညတော့ ကျွန်မကြောက်လာတာနဲ့ အဖိုးအိုနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ဆုံးဖြတ်ခဲ့တယ်။ လေးလံတဲ့ခြေလှမ်းတွေနဲ့ တစ်လှမ်းခြင်း သူ့အိမ်တံခါးရှေ့ကို သွားခဲ့တယ်။ အံ့သြစရာကောင်းတာက တံခါးကသော့မခတ်ထားတာနဲ့ တံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်တယ်။ ဝင်ဝင်ခြင်းမှာဘဲ ပုံမှန်မဟုတ်ဘဲ စိမ့်ကနဲအေးသွားတာနဲ့ အထဲကိုနည်နည်းလှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကျွန်မနားထဲမှာ အခြားအခန်းတစ်ခုစီကနေ အသံတိုးတိုးလေးရွတ်နေတဲ့အသံကိုကြားလိုက်တာနဲ့ ကျွန်မစိတ်ထဲ အဖိုးအိုတစ်ယောက်ထဲနေတာသေချာတယ်ဆိုပြီးတွေးမိတယ်။ အသံ လာရာဆီကို ကျွန်မလည်း အရမ်းစွန့်စားပြီး

" ဘဝကို အရှုံးမပေးသူ "


လူတိုင်းအတွက် ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ တချို့က ဘဝမှာ ပင်ပန်းတဲ့ အကြောင်းပဲ ညည်းတွားလေ့ရှိနေချိန်မှာ ခက်ခဲ တဲ့ ဘဝကို နည်းလမ်းပေါင်းစုံနဲ့ ကျော်ဖြတ်နေကြသူတွေလဲရှိပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်က လေးနှစ်အရွယ် မိန်းကလေး Qian Hongyan ဟာ ၂၀၀၀ ခုနှစ်မှာ ကားမတော်တဆမှု တစ်ခုကြောင့် မသန်စွမ်း ဘဝကို ရောက်သွားခဲ့ရပါတယ်။ ခြေနှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ရပြီး သူမအတွက် ပညာရေးဟာ အလှမ်းဝေးခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ အနာဂတ်ကို သူမကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။ အဖိုးဖြစ်သူက ဘတ်စ်ကတ်ဘောလုံးကို အသုံးပြုပြီး လမ်းလျှောက်လေ့ကျင့်စေ ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေတဲ့ တရုတ်နိုင်ငံ ရဲ့ သတင်းစာ ခေါင်းစီးတွေမှာ သူမရဲ့ ဘတ်စ်ကတ်ဘော ကိုအသုံးပြုပြီး လမ်းလျှောက် လေ့ကျင့်နေတဲ့ ပုံတွေပါလာခဲ့ ပါတယ်။ ဆက်ပြီး ၂၀၀၇ ခုနှစ်မှာတော့ သူမဟာ ရေကူးဖို့ ကြိုးစားပြန်ပါတယ်။ ၁၆ နှစ်အရွယ်မှာတော့ မတူညီတဲ့ ရေကူးနည်းပေါင်းစုံ နဲ့ ရေကူးတတ်အောင်လေ့ ကျင့်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ တော့ သူမဟာ တရုတ်နိုင်ငံ မသန်စွမ်း ရေကူးပြိုင်ပွဲရဲ့ ချန်ပီယံ တစ်ဦးဖြစ်လာခဲ့ပါပြီ။ မကြာသေးခင်က

April 8, 2016

" ရထား သေးသေးလေးတွေကို ခွစီးနေကြတာ အားရစရာကြီး..သူတို့နှင့်အတူ စိတ်ကူးနှင့် ပန်းခြံကြီးထဲ တပတ်လိုက်စီးကြစို့လား "


yuotube link is
https://youtu.be/S2k-TJLnwlQ

" ချစ်သူဆိုတဲ့ လက်တစ်စုံ"

"နေပြင်းပြင်းမှာ သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ"

ပျားရည် တဇွန်း ဂျင်းရည် တဇွန်း ဇီယာ မှုန့် တဇွန်း တရက် နှစ်ကြိမ်သောက်ပါ
 
သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။
(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

(၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း
သက်သာပါလိမ့်မည်။

(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။

(၄) ဗာဒံရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက်

“ စိန်ထွားကို ဖုတ်ဝင်ပူးနေလို့ … ဟုတ်လား ”

 
ဖုတ် (သရဲ) ဝင်ပူးခံရသူ
~~~~~~~~~~~~~~~~~~~~~~~~

တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။

“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”

“ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”

“ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ”

“မင်းကလည်း အမေက အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာပါပဲကွာ …”

“ငါ ပြောချင်တာ အဲဒါ ပြောတာမဟုတ်ဘူးကွ၊ မင်းအမေ ပုံစံက မရိုးဘူးလို့ ကြားရလို့ မင်းကို သတိပေးချင်တာ”

“ဘာမရိုးတာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”

“အေး … မင်းအမေ ဖုတ်ဝင်နေတာလို့ ကြားတယ်”

“ငါ့အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”

“အေး… ရွာထဲက လူတွေကတော့ အဲဒီအတိုင်း ပြောနေကြတာပဲ၊ မင်းကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ဘာမှသိတာမဟုတ်ဘူး မဟုတ်လား၊ မင်းအိမ်က ကလေးတွေတောင်မှ မင်းအိမ်မှာ မရှိရင် မင်းအမေနား မကပ်ဘူးတဲ့ကွ”

" ဟာသများ "

ရှင့် သွေးခုန်နှုန်းက ဒီနေ့ သိပ်မြန်နေပါလားရှင့် ....!!! အဲဒါ ကျနော့် လက်ကောက်ဝတ် မဟုတ်ဖူး ဆရာမ.ရဲ့..

စိတ်ညှို.ကုသခြင်း
စိတ်ရောဂါ အထူးကုဆေးခန်းတွင်ဖြစ်သည်။ဆရာဝန်ကပြောတယ်။
" ကဲ.. ကျနော် ပြောသလို လိုက် ဆိုပါ။ ငါ နေကောင်းသွားပြီ ။ ငါ..နေကောင်းသွား..ပြီ။
ငါ..နေကောင်း..သွား...ပြီ..။"
သတ်မှတ်ချိန်ရောက်တော့ လူနာ ရောဂါ တကယ် သက်သာလာတယ်။
" ကဲ.. ခင်ဗျား လုံးဝ သက်သာသွားပြီ။ ဘာမှ မဖြစ်တော့ဘူး။
ဥာဏ်ပူဇော်ခ တစ်သောင်း ကျပါတယ်။"
" ဆရာ ..ကျနော် ပြောသလို လိုက်ဆိုပါ။ ငါ့ကို ..ပိုက်ဆံ ပေးပြီးပြီ။ ငါ့ ကို...ပိုက်ဆံ.. ပေး..ပြီးပြီ..။"
..................................................
ဗေဒင်
တစ်သက်လုံးဆင်းရဲမွဲတေနေသဖြင့် စိတ်ဓါတ်ကျနေသော လူတစ်ယောက် ဗေဒင်လာမေးသည်....
"ဆရာ... ကျနော့်လက္ခဏာ ကြည့်ပေးပါ"
ဗေဒင်ဆရာက အသေအချာတွက်ချက်ပြီးနောက်...
"အင်း...... ခင်ဗျားရဲ့လက္ခဏာအရတော့ ခင်ဗျားဟာ အသက် ၄၀ အထိ ဆင်းရဲတဲ့ ဒဏ်ကို အလူးအလဲ ခံရဦးမှာပဲ ......"
"အသက်၄၀ ကျော်ရင်.......ချမ်းသာပြီပေါ့နော်...ဆရာ"
"ဒီလိုပဲနေရင်းနဲ့ နေသားကျသွားပါလိမ့်မယ်......"
.....................................

စာမေးကောင်းတဲ့ အမေ..........(ဟာသလေးပါ)
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊

"ပိုတိုရှော့အစွမ်း.. " ဟိုက်...သေရော..

သူငယ်ချင်းအားလုံးမင်္ဂလာပါနော်...
ဒီတစ်ခါတော့ ပိုတိုရှော့ရဲ့အံ့မခန်းလက်ရာတွေတင်ပေးလိုက်တယ်ဗျာ...
ရှုစားအားပေးကြည့်ပါဦး...
စိတ်ကူးယဉ်ချင်စရာကြီး..ဟီးးးး

April 7, 2016

" မိန်းမချောလေးတွေနဲ့ လိုက်ဖက်မယ့် Fashion လေးများ"

 

 

"လက်ဝှေ့ နဲ့ ကိုယ်ခံပညာ သင်ယူချင်သူအတွက် မြန်မာ့လက်ဝှေ့  "

Yae Sin University Thaing Byaung Byan
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က သိုင်းပြောင်းပြန် (ဦးတင်မြင့်)


(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၈၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ် ဒသမအကြိမ်မြောက် နှစ် လည်မဂ္ဂဇင်း ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ဆရာကြီးဦးတင်မြင့်ရေးသားခဲ့သော သိုင်းပြောင်းပြန်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ ယခုဆောင်းပါးကို Thaing Byaung Byan FB Account မှ ကူးယူဖော်ပြတာဖြစ်ပါတယ်ခင်ဗျာ။)

စာအုပ်ဒေါင်းရန်..


Download (File Size – 218 KB)


ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကြီးဟာ ယခုဆိုလျှင် နှစ်ရှစ်ဆယ် ပြည့်သို့တိုင်ခဲ့ပါပြီ။ ကျူရှင်ယူစရာ မလိုတဲ့ တက္ကသိုလ်၊ ဆရာဆရာမများနဲ့ ကျောင်းသားကျောင်းသူများရဲ့ မိဘနဲ့ သားသမီးလို နွေးထွေးစွာ ဆက်ဆံမှု၊ ဆရာဆရာမများ၊ အရာထမ်း အမှုထမ်းဝန်ထမ်း အပေါင်းတို့ဟာလည်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ် စတာတွေနဲ့ အဂတိလိုက်စားမှု ကင်းရှင်းစွာ ရောင့်ရဲ တင်းတိမ်နေထိုင် ပျော်မွေ့နိုင်ကြပုံ၊ ပညာသင်ကြားမှုမှာလည်း မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့တွေအထိ

" မဖဲဝါ အကြောင်း နှင့် တခြား သရဲသစေ အကြောင်းများ "

 
သဘာဝလွန် ဖြစ်ရပ်ဆန်းများ - မဖဲဝါ ✅ မဖဲဝါအကြောင်း အထုပ္ပတ္တိ အပြည့်အစုံကတော့ နန္ဓာဒေ၀ီဆိုတဲ့ နာမည်နဲ့ ပါ။ လူ့ဘ၀က သူ့မူလနာမည်ဟာ နန္ဒာဒေ၀ီဖြစ်ပါတယ်။ နောက်ပိုင်း သူ့ရန်သူတွေက လိုက်လို့ ပြေးရစဉ်မှာ ဖလာဝဟဆိုတဲ့ ပါဠိ အနက်ကို စွဲလို့ မဖဲဝါလို့ အသံဖလှယ်ပြီး နာမည် ယူခဲ့တာ ဖြစ်ပါတယ်။ ဖလာဝဟဆိုတာ ပါဠိစကားပါ။ မြန်မာလို အကျိုးကိုဆောင်သည်လို့ အဓိပ္ပါယ်ရပါတယ်။ ဖလာဝဟ ကနေ ဖဲဝါ ဖြစ်လာတာပေါ့။
✅ သူ့အစ်ကိုကတော့ ဖိုးစံမှဲ့ဆိုတာ သိကြပါလိမ့်မယ်။ သူ့အစ်ကိုရဲ့ လူ့ဘ၀က မူလနာမည်ဟာ မင်းရဲကျော်ခေါင်ပါ။ နောက်ပိုင်းမှ စမ္မဆိုတဲ့ ပါဠိ အဓိပ္ပါယ်နဲ့ သူ့ကိုယ်သူ စံမှဲ့လို့ ပြောင်းလိုက်တာ ဖြစ်ပါတယ်။ စမ္မဆိုတာ မြန်မာလို စစ်တိုက်ရာမှာ သုံးသောည လွှား၊ ကာ စသဖြင့် အဓိပ္ပါယ်ရပါတယ်။ သူ့တစ်ဦးတည်းသော ညီမလေး (နန္ဒာဒေ၀ီတစ်ဖြစ်လဲ မဖဲဝါ) ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့သဘောပေါ့။
✅ နောက်ပိုင်းသူ ဆုံးသွားတော့ အုပ်ဂူမှာ ခင်ဖဲဝါအဖြစ် ကမ္ပည်းထိုးခြင်း ခံလိုက်ရရှာတယ်။ ဒီတော့ တစ်ချို့က မေးကြတယ်။ " ခင်စက်မေဆိုတာ မဖဲဝါလား၊ ဒါဆို နန္ဒာဒေ၀ီကရော ... မဖဲဝါနဲ့ ခင်စက်မေ ဘယ်လို ပတ်သက်လဲ " ဆိုတဲ့အကြောင်းတွေပါ။ နောက်ထပ်မေးခွန်းတစ်ခုလည်း ရှိပါသေးတယ်။`မဖဲဝါဆိုတာ ဘယ်ခေတ်က စပေါ်တာလဲ´ တဲ့။ကျနော့်အဖြေကို မပေးသေးပဲ မေးခွန်း၂ခုကို တစ်ဆက်တည်း ဖော်ပြရတာက အကြောင်းရှိပါတယ်။ အဲဒီ ၂ခုဟာ ဆက်စပ်နေလို့မို့ပါ။ နောက်က မေးခွန်းကို အရင်ဖြေပါ့မယ်။
✅ မဖဲဝါပေါ်ပေါက်ခဲ့တဲ့ ခေတ်ကာလနဲ့ ပတ်သက်လို့ ၀ိဝါဒကွဲစရာ အမျိုးမျိုးရှိနေပါတယ်။ ပါးစပ်ရာဇ၀င်အဆိုအရ ပုဂံအပျက် - ပင်းယခေတ် လောက်ကလို့ ဆိုကြတယ်။ ဒါပေမဲ့ ကျနော် မဖဲဝါစာအုပ်ရေးဖြစ်ခဲ့စေအောင် အဓိက အချက်အလက် စုဆောင်းပေးသူဖြစ်တဲ့ မိတ်ဆွေ သုဘရာဇာကြီးဆီမှာ ရှိတဲ့ ပုရပိုဒ်ဟောင်းကလေးမှာတော့ အင်းဝခေတ်နောက်ပိုင်းကျမှ သုသာန်စောင့်ဆိုတဲ့ နေရာမှာမဖဲဝါနာမည် ဖော်ပြထားတာ တွေ့ရပါတယ်။(အဲဒီ ပုရပိုဒ်အကြောင်းနဲ့ မိတ်ဆွေသုဘရာဇာကြီးအကြောင်း မဖဲဝါစာအုပ်ကျနော်ရေးဖြစ်စေခဲ့တဲ့ အကြောင်းတွေကို နောက်ပိုင်းမှာ သပ်သပ်ဆက်ပြောပါ့မယ်။ တရှည်တလျားပြောရမှာမို့ပါ)
✅ ပြောရရင်တော့ ဒီလို နတ်စိမ်းတွေရဲ့ အကြောင်းဟာ အထောက်အထား အပြည့်အစုံရှာဖို့ အတော်ခက်ပါတယ်။ ဒါက လူတွေရဲ့ ပါးစပ်ရာဇ၀င်မှာသာ တစ်ဆင့်စကားတစ်ဆင့်နားနဲ ပြန့်ပွားတတ်တာကိုး။ ဘာပဲဖြစ်ဖြစ် မဖဲဝါပေါ်ပေါက်လာခြင်းဟာ အနည်းဆုံး နှစ် ၃၀၀ ကျော်ဝန်းကျင် ရှိပြီလို့ ခန့်မှန်းရပါတယ်။ ရှေ့ပိုင်းမှာ ရေးထားခဲ့တဲ့ မေးခွန်းကို ဆက်ဖြေပါ့မယ်။
`ခင်စက်မေဟာ မဖဲဝါနဲ့ ဘယ်လို ပတ်သက်သလဲ´ ဆိုတဲ့ မေးခွန်းပါ။ လက်ရှိ မဖဲဝါဟာ ခင်စက်မေဖြစ်ပါတ
ယ်။ ခင်ဖဲဝါပေါ့လေ။
ဘာကြောင့်ဆိုတာ ရှင်းပြပါ့မယ်။

✅ ဒီလောက်နှစ်တွေကြာမှတော့လဲ မူလမဖဲဝါ (နန္ဒာဒေ၀ီ) ဟာ လွတ်ကျွတ်ပြီပေါ့။ အင်မတန်အစွမ်းထက်တဲ့ နတ်ဝင်သည်တစ်ယောက်ကို ကျနော်ဆုံခဲ့ဖူးပါတယ်။ မဖဲဝါနဲ့ ဆက်သွယ်နိုင်သူလို့ ဆိုကြပါတယ်။ (တကယ်တော့

" အစာလည်းဆေး ဆေးလည်းအစာ နေလဓာတ်ပညာ (၂) "

 
လူသားတိုင်း ကျန်းမာရေးနှင့် ပြည့်စုံလိုကြသည်၊ လှပလိုကြသည်၊ ကြံ့ခိုင်လိုကြသည်၊ အသက်ရှည်လိုကြသည်။ ထိုသို့ လှပ ကျန်းမာ သက်ရှည် ကြံ့ခိုင်စေဖို့အတွက် မိမိတို့နေ့စဉ် မှီဝဲစားသောက်နေကြရသော အစားအစာများကို မိမိနှင့် 
သင့်မသင့် လျော်မလျော် ချင့်ချိန်ပြီး မှန်မှန်ကန်ကန် မှီဝဲစားသောက်တတ်ဖို့ များစွာလိုအပ်လှပေသည်။

ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့သော မြန်မာ့ရိုးရာ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ

ထဲမှ နေလဆေးပညာရပ်သည် ရှေးခေတ်အခါက မြန်မာတို့၏ဆေးကုထုံးများအနက် ဓာတ်နည်းကုထုံး ဟု ခေါ်သော

အစားအသောက်တို့ကို သင့်လျော်အောင် ရွေးချယ်ပြီး ဝေဒနာအလျောက် စားသောက်စေခြင်း၊ လိမ်းစေ၊ လူးစေခြင်း 

စသော နေလ ဓာတ်ပညာနည်း ဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာသော ရုပ်များသည် တည်မြဲနေခြင်းမရှိဘဲ အစဉ်သဖြင့် အပူဓာတ် အအေးဓာတ်တို့ဖြင့် ဖောက်လွဲဖောက်ပြန် ပြုခြင်းကိုခံနေကြရသောကြောင့် ထိုဓာတ်တို့၏ ပြုပြင်ဖန်ဆင်းမှုဖြင့်တည်တံ့နေသော ရုပ်အမျိုးမျိုးကို ခွဲခြားသိသာအောင်စုံစမ်းပြီး ကုသခြင်းလည်း ဖြစ်၏။ တစ်နည်းဆိုရသော် နေလဓာတ်ပညာဆိုသည်မှာ ရောဂါကို အဓိကထားပြီး ကုသခြင်းမဟုတ်၊ အပူကြိုက်သည့်လူ၊ အအေးကြိုက်သည့်လူ၊ အပူနာ၊ အအေးနာ ခွဲခြားပြီး ကုသခြင်း ဖြစ်ပေသည်။  

ပုဂ္ဂလဓာတ်ပညာဟုလည်း ခေါ်ဆိုနိုင်၍ ရှေးဦးစွာ ပညတ်နှင့် ပရမတ်ကို ကွဲပြားထင်ရှားအောင် ပြစွမ်းနိုင်သော အခြေခံပညာမျိုး ဖြစ်သည်။  

ပညတ်ဟု ဆိုရာတွင် လူသားအပေါင်းတို့က မိမိတို့ ဘာသာအလျောက် ခေါ်ဝေါ်နေကြခြင်းကို ပညတ်ဟုဆိုကြသည်။ တနည်းအားဖြင့် အခြေခံ အကြောင်းအချက် လုံလောက်စွာပြ၍ ခေါ်ဝေါ်ခြင်းကို ပညတ်ဟု ဆိုသည်။ ထို့ကြောင့် ပညတ်ဆိုသည်မှာ ဝေါဟာရအားဖြင့် လူတို့ ခေါ်ဝေါ်နေကြသည့် အမည်နာမ၊ အသုံးအနှုန်း စသည်များဖြစ်၏။  

ပုဂ္ဂလပညတ် - Concepts of Individuals နယ်ပယ်ကို အကျဉ်းချုပ်လိုက်သောအခါ အက္ခရာပညတ်၊ သင်္ချာပညတ်၊ နေ့ပညတ်ဟူ၍ ပညတ် ၃မျိုး ထွက်လာသည်။ ထို့အပြင် ရေ၊ မြေ၊ လေ၊ မီး ဟူသော ဓာတ်ကြီး၎ပါးသည်

"ကျောက်မျက်ရတနာ မှတ်စုစာအုပ်"

ကျောက်မျက်ရတနာ (Gems) တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘ၀မှ အယဉ်ဖြစ်စ ကတည်းက စတင်သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့် ပုတီးစေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း လူ့ခန္ဓာကိုယ်တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့် အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ (ဒေသအလိုက်) တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထင်ပေ။ ယခုခေတ်တွင် ပညာရှင်များ ၊ကုန်သည်များက သွေးပြီး အရောင်တင်ထားသည့် တန်ဖိုးတစ်စုံတစ်ရာရှိသည့် တွင်းထွက်များကို ကျောက်မျက် ရတနာအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင်

၁။ လှပခြင်း
၂။ မာကျောခိုင်ခံ့ခြင်း
၃။ ရှားပါးခြင်း
၎။ အများလက်ခံနိုင်ခြင်း ဂုဏ်အင်များ ပါရှိမှသာလျှင် ရတနာတန်းဝင်ကျောက်ဟု အသိအမှတ်ပြုကြသည်။

ကျောက်မျက်နှစ်မျိုး
ကမ္ဘာပေါ်ရှိ ကျောက်မျက်များကို အဓိကအားဖြင့် ဇီဝမူလ ကျောက်မျက်(Organic Gems)နှင့် သက်မဲ့မူလ ကျောက်မျက် သို့မဟုတ် သဘာဝ တွင်းထွက် ကျောက်မျက် (Inorganic Gems) ဟုခွဲခြားလေ့လာနိုင်ပါသည်။

ဖွဲ့တည်ပုံများ
အဓိကအားဖြင့် ကျောက်မျက်များသည် ကမ္ဘာ့မြေလွှာအောက် အလွန်မနက်လှသော နေရာများတွင် ခိုအောင်းနေလေ့ရှိတတ်သည်။ မီးတောင်ပေါက်ကွဲခြင်း၊ ကမ္ဘာ့မြေလွှာများ တွန့်ခေါက်ခြင်း၊ ပြတ်ရွှေ့များ ပွတ်တိုက်လှုပ်ရှားခြင်း အစရှိသည်တို့ကြောင့် ကမ္ဘာမြေကြီး အတွင်းပိုင်းတွင် မြင့်မားသော အပူချိန်နှင့် ကြီးမားသော ဖိအား ပြောင်းလည်းမှုတို့ ဖြစ်ပေါ်ရာမှ ကျေက်မျက်များ ဖြစ်ပေါ်လာသည်ဟု သိရပါသည်။ ဥပမာအားဖြင့် စိန်ကို မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးသင့်ကျောက် တို့နှင့်အတူ ရောနှောတွေ့နိုင်ပြီး မြန်မာနိုင်ငံ၏ ရှမ်းကုန်းမြင့်မြေလွှာနှင့် မြန်မာ့မြေလွှာတို့၏ တိုးတိုက်မိမှုကြောင့် ဖေါ့ဇုံ (Fault zone) ဖြစ်ပေါ်နေသော မိုးကုတ် ပတ်ဝန်းကျင်တလျောက် တွင် ပတ္တမြား၊ နီလာ အပါအ၀င် အခြားနာမည်ကျော် တွင်းထွက်ကျောက်မျက်များ ထွက်ရှိပါသည်၊ ကချင်ပြည်နယ်တွင် ကျောက်စိမ်း စသည်တို့ ပေါ်ထွန်းလာခြင်းတို့ကိုလည်း တွေ့ရှိလေ့လာရသည်။

ပတ္တမြား နှင့် နီလာ (Ruby & Sapphire/Corundum)
ပတ္တမြား နှင့် နီလာတို့သည် သဘာဝအားဖြင့် ကိုရမ်ဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ ဓါတုဗေဒ ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင်

" ကောင်မလေးတွေက သင့်ကို ပြန်မကြိုက်ရင် ဘာလုပ်ရမလဲ "

 
မိန်းကလေးတစ်ယောက်ကို Date လုပ်ဖို့ ခေါ်ထုတ်ရတာဟာ ရင်အခုန်ရဆုံး အရာတွေထဲက တစ်ခုပါ။ ကောင်မလေးဘက်က ကြည့်ရင် ဖြစ်နိုင်ခြေ နှစ်မျိုးရှိပါတယ်။ အတည် ကြိုက်နေတာလား၊ လိမ်နေတာလား ဆိုတာပါ။ မိန်းမတစ်ယောက်ကိုတစ်ရက်လောက် အပြင်သွားကြရင် မကောင်းဘူးလားဆိုပြီး မေးမိတာဟာ သင့်ရဲ့ မာနကို ရှေ့တန်းတင်တာပါပဲ။ အငြင်းခံရဖို့ ကျိန်းသေပါတယ်။
ယောက်ျားတစ်ယောက်ဟာ သူစိမ်းမိန်းမတစ်ယောက်ကို ရိုမန်တစ်ဆန်ဆန် ခေါ်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ အခက်အခဲတစ်ချို့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီတိုင်းပဲ နေရင် ကောင်းမလား၊ သူမကို ခေါ်ထုတ်တာမှန်မလား ဆိုပြီးတော့ပါ။ အဆုံးမှာတော့ ခေါ်ထုတ်မိမှာပါ။ ဘာလို့လဲဆိုတော့ သူမ လိုက်နိုင်ခြေ ရှိလို့ပါ။
ဒါပေမယ့် သူမ ငြင်းဆန်လိုက်ရင်တော့ ငါ့မှာ ဘာအပြစ်ရှိလို့လဲ ဆိုပြီးမကောင်းတဲ့ ခံစားချက် ခံစားရပါရော။ သူငယ်ချင်းတွေကတော့ အဲ့ဒါ သူမအမှားပါ ဆိုပြီး သင့်ကို နှစ်သိမ့်ပေးမှာပါ။ မေ့လိုက်စမ်းပါကွာ။ ဘီယာ သွားသောက်မယ် ဆိုပြီးတော့ပါ။
တကယ်လို့ မိန်းမတစ်ယောက်ဟာ သင့်ကို အကြောင်းပြချက် မပေးပဲ ငြင်းဆန်လိုက်ရင် အဲဒါဟာ သင့်ရဲ့ ချို့ယွင်းချက်ကြောင့် မဟုတ်ပဲ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခု ကြောင့်ပါ။ သင် ဘာမှ အားငယ်ဝမ်းနည်းနေစရာ မလိုပါဘူး။
ဝမ်းနည်းနေလို့လဲ သင့်ကိုယ်သင် ပျော့ညံ့တယ် မထင်ပါနဲ့။ ငြင်းဆန်ခံရတာဟာ ကိုကင်းဖြတ်ရတာလောက် နာကျင်ခံစားရပါတယ် လို့ စမ်းသပ်မှုတွေက ဖော်ပြထားပါတယ်။
တကယ်လို့ မိန်းမတစ်ယောက်က သင့်ကို ဆွဲဆောင်မှု မရှိဘူး ထင်နေရင်တော့ သင်လုပ်နိုင်တာ များများစားစား မရှိပါဘူး။ မိန်းမတွေ ဘယ်လိုပုံစံကို ကြိုက်လဲဆိုတာက မိန်းမတစ်ယောက်နဲ့ တစ်ယောက် လုံးဝမတူပါဘူး။ လုံးဝ Random ကြီးပါ။
စမ်းသပ်ချက်တစ်ခုမှာတော့ မိန်းမတွေဟာ သူတို့အဖေတွေနဲ့ ဆံပင်နဲ့ မျက်လုံးတူတဲ့ ယောက်ျားတွေကို စွဲလမ်းတတ်တယ်လို့ ဖော်ပြထားပါတယ်။ အနီရောင် ဝတ်တာဟာလဲ မိန်းမတွေကို ပိုပြီး ဆွဲဆောင်နိုင်စေပါတယ်။ နောက်

" အမျိုးအသား/အမျိုးသမီးတွေအတွက် ခေတ်စားလာတဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းများ "

ခုတလော Online Shopping တွေမှာရော Super Market, Shopping Mall တွေမှာပါ ရောင်းအားကောင်းပြီး အမျိုးသား/အမျိုးသမီးတွေအသုံးများလာတဲ့ ဆေးဝါးအချို့နဲ့ စက်ပစ္စည်းအချို့ကို ပြောပြချင်ပါတယ်..
-
Cover Morအမျိုးသားကျန်းမာခွန်အားတိုးဆေး



  • ဒီဆေးဟာ ဆေးဝါးအဖြစ်သီးသန့်ပုံစံမျိုးမဟုတ်ဘဲ အားဆေးဓါတ်စာ တစ်ခုအနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်.. ဒီဆေးရဲ့အာနိသင်တွေကတော့ အမျိုးသားများအတွက် ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးပြီး သွေးတွင်းအောက်ဆီဂျင်ကို တိုးစေနိုင်လို့ အမောခံနိုင်ပြီး သက်လုံကောင်းစေပါတယ်.
  • အိမ်ထောင်ရှင်အမျိုးသားများအတွက် အိမ်ထောင်ရေးသုခကိုအပြည့်အဝရရှိ စေနိုင်ပြီး စွမ်းဆောင်ရည်ကို မြင့်မား တိုးတက်စေပါတယ်။ သွေးတွင်း ကိုလက်စထရောကို ညီမျှစေလို့ အဝလွန်တာတွေ နှလုံးသွေးကြော ကျဉ်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါ တယ် နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု တွေပျောက်ဖို့ အားအင်ကုန်ခမ်းမှုတွေ ပြန်လည်ရရှိစေဖို့ Cover Mor ကို ၃ရက် ၄ရက် ကိုတစ်ကြိမ် ၁လုံးလောက်သာ သောက်ပေးရုံနဲ့ လုံလောက်ပါတယ်။
  • နေ့စဉ်မှီဝဲချင်သူအတွက်လည်း ပိုမိုအားအင်ကောင်းစေပါတယ Cover Mor ကို သဘာဝဂျင်စင်း ဆောင်းပိုးနွေ မြက်တို့မှ ထုတ်လုပ်ထားပြီး ၁၀၀% Organic Nutrinal သဘာဝပရဆေး ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး ၁၀၀% အာမခံပေးထားပါတယ်...
  • ထိုင်းနိုင်ငံ အသိအမှတ်ပြု FDA လက်မှတ်ရရှိထားတဲ့တရားဝင်ဆေးဝါးတစ်လက်လဲဖြစ်ပါတယ်

April 6, 2016

" သင့် အသားရောင်က ဘာရောင်ဖြစ်သလဲ သိသွားစေမယ့် နည်းလမ်းလေး "

အရေပြား အရောင်အဆင်း ခွဲခြားပေးမယ့် ရိုးရှင်းလျင်မြန်တဲ့ နည်းလမ်းတစ်ခုက လက်ကောက်ဝတ်ပေါ် သွေးပြန်ကြောများ ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ သွေးပြန်ကြောများ အပြာရောင်သမ်းနေပါက သင့်မှာ ပန်းရောင်အသားရေ ရှိနေတာပါ။ သွေးပြန်ကြောများ စိမ်းနေပါက သင်ဟာ အဝါရောင် အသားရေပိုင်ဆိုင်ထားသူပါ။ အဲဒီအပြင် သွေးပြန်ကျောများ အပြာနဲ့ အစိမ်းဖြစ်နေပါက သင် ပုံမှန်အသားရေ အရောင်အဆင်း ပိုင်ဆိုင်ထားပါတယ်။ 
 
အသားရောင်အကြောင်း သိနားလည်ဖို့ အရောင်ကုထုံးလည်း လုပ်နိုင်ပါတယ်။ နောက် အရေပြားရောဂါ အထူးကုဆရာဝန်ဆီလည်း ပြနိုင်ပါတယ်။ ပြီးတော့ အသားရောင်အလိုက် အဝတ်အစားအရောင်နဲ့ မိတ်ကပ် ရွေးချယ်မှုတွေ သေချာပြုလုပ်ရပါမယ်။ 
 
အသားရောင်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အချက်အလက်များ 
 
ဖျော့တော့တော့ အသားရောင်ရှိသူတွေဟာ ပန်းရောင်အရေပြား အမျိုးအစားထဲ ရှိနေကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် တခါတလေ အဲဒီလူတွေမှာ အဝါရောင်အသားရေလည်း ရှိတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေဟာ ပူနွေးတဲ့ အရေပြားပိုင်ဆိုင်ထားတဲ့ အုပ်စု လို့ ဆိုပါတယ်။ အသားမည်းတဲ့ သူတွေဟာ အဖြူရောင် သို့မဟုတ် အနီရောင် အရေပြား

" ကင်ဆာရောဂါ ပေးနေတဲ့ အစားအစာ "

ကင်ဆာရောဂါ အဖြစ်အများဆုံးက ဘယ်သူတွေလဲဆိုတာ သင် မှန်းဆပြီးနေလောက်ပါပြီ။  ကံမကောင်းစွာနဲ့ပဲ လူများစွာဟာ သကြားစားပြီး ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှု သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိကြပါတယ်။
 
သိပ်မကြာသေးမီက ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုမှ ပြုလုပ်တဲ့ သုတေသနတစ်ခု ရှိပါတယ်။ နှစ်တိုင်း ကမ္ဘာတစ်ဝှမ်း ဝေဒနာရှင် ၃၅ မီလီယံကျော် ဖြစ်ပေါ်စေပါတယ်။ သူတို့ စားသုံးတဲ့ အစားအသောက်အသီးသီးမှာ သကြားတွေ ပေါင်းစပ်ပါဝင်နေတာ တွေ့ပါတယ်။ သကြားက ဆီးချို၊ metabolic syndrome၊ hypoglycemia၊ hyperglycemia၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ ကျန်းမာရေးပြသနာများစွာ စတင်ဖြစ်ပေါ်စေပါတယ်။ အမေရိကနိုင်ငံ အိုတပြည်နယ်ရှိ ကင်ဆာရောဂါအသင်းအဖွဲ့မှာ ပြုလုပ်တဲ့ လေ့လာမှုမှာ သကြားဟာ အကြိတ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကတရားခံ ဖြစ်ကြောင်း တွေ့ရပါတယ်။ 
 
အကြိတ်ဆဲလ်တွေဟာ သာမန်ဆဲလ်များထက် ဂလိုးကို့စ် ပိုသုံးကြပါတယ်။ အချိုဓာတ် ပိုစားတဲ့လူတွေဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း များစွာသော တခြားလေ့လာချက်တို့က ဖော်ပြထားပါတယ်။ ကင်ဆာဆဲလ်တွေဟာ သာမှန် ကာဗွန်ဟိုက်ဒရိုက်နဲ့ အသက်ရှင်နိုင်ပါတယ်။ 
 
သကြားဟာ အလားအလာရှိတဲ့ ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပြီး ကင်ဆာဆဲလ်များအတွက်

"အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေး ဒီလိုပြုမူပြောဆိုတဲ့အခါ သ၀န်တိုတတ်ကြတာ"


ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊ တစ်ခါတစ်ရံ ကိုယ့်ချစ်သူကောင်မလေး လုပ်လိုက်တဲ့ အပြုအမူတစ်ချို့က မထင်မှတ်ပဲဖြစ်စေ၊ တမင်သက်သက် ဖြစ်စေ တစ်ခြား ကောင်လေးတွေနဲ့ ကိုယ်နဲ့ ပြသနာတက်သွားနိုင် လောက်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ဘယ်လိုအရာမျိုးတွေများလဲ။

၁။တစ်ခြားအမျိုးသားတွေနဲ့ အရောဝင်ပြောဆိုနေထိုင်ချိန်
ကိုယ့်ချစ်သူ ဘယ်လိုခံစားရမယ်ဆိုတာ သိသိကြီးနဲ့ တစ်ချို့အမျိုးသမီးတွေကတော့ တွေ့တဲ့လူတိုင်းကို သူငယ်ချင်းပါဆိုတဲ့ သဘောနဲ့ အရောဝင်ပြောဆိုတာမျိုးတွေ ရှိပါတယ်။ ခင်မင်တာ မကြာသေးပေမယ့် တရင်းတနှီးရှိလွန်းနေတယ်ဆိုရင် ကိုယ့်ချစ်သူက စိတ်ပူသောကရောက်ရပြီပေါ့။

၂။တစ်ခြားအမျိုးသားတစ်ယောက်ပြောတဲ့ ဟာသကို အူလှိုက်သဲလှိုက်ရယ်မောချိန်
တစ်ဖက်လူပြောလိုက်တဲ့ဟာသက တကယ်ကို ရယ်မောစရာ ကောင်းတဲ့ဟာသမျိုးဆိုပါစို့။ ကိုယ်ကလည်း သဘောကျလွန်းလို့ ရယ်မောလိုက်မယ်။ ဒါပေမယ့် အဲ့ဒီအချိန် ကိုယ့်ချစ်သူက နည်းနည်းအောင့်သက်သက် ဖြစ်နေတာ မြင်ရပါလိမ့်မယ်။ ဒါဟာ ပုံမှန်အားဖြင့် သူတို့ သ၀န်တိုတတ်တဲ့အရာပါ။

၃။မိန်းကလေးတွေချည်းပဲ အပြင်ထွက်မယ်ဆိုပြီး တခြားယောင်္ကျားလေးတွေ ပါဝင်နေတာကို သိလိုက်ရချိန်
ကိုယ်က ကိုယ့်မိန်းကလေးသူငယ်ချင်းတွေနဲ့ချည်း အပြင်သွားမှာမို့ သူ့ကိုထားခဲ့ပြီးမှ တခြား သူငယ်ချင်းယောင်္ကျားလေးတွေ ကိုယ်နဲ့အတူ တွေ့လိုက်ရမယ်ဆိုရင်တော့ သူ သ၀န်တိုတာ ရပ်မှာမဟုတ်တော့ပါဘူး။

၎။တခြားအမျိုးသားတွေက ကိုယ့်ရှေ့နာမည်လေးပဲ အဖျားဆွတ်ခေါ်တာ ကြားလိုက်ရချိန်
ကိုယ့်ချစ်သူရဲ့ နာမည်ကို အပြည့်အစုံမခေါ်ဘဲ တစ်ခြားယောင်္ကျားတစ်ယော်က အဖျားစွတ်ခေါ်တာမျိုး ကြားလိုက်ရရင် သူတို့ သ၀န်တိုသွားတတ်ကြပါတယ်။ ကိုယ့်ကိုလည်း ပြသနာရှာကောင်းရှာနိုင်ပါတယ်။

၅။အခြားအမျိုးသားတစ်ဦးနဲ့ message အပြန်အလှန်ပို့နေချိန်
အလုပ်ကြောင့်၊ တခြားလူမှုရေးကိစ္စကြောင့် မဟုတ်ပဲ ထမင်းစားရေသောက် အရေးမကြီးတာတွေကို တစ်ခြားအမျိုးသားတစ်ဦးနဲ့ sms အပြန်အလှန်ပို့တာ သူတို့သိရရင် သ၀န်ဘယ်လောက်တိုမယ်ဆိုတာ စဉ်းစားကြည့်ပါ။

၆။အခင်မင်ရဆုံး ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက် ရှိနေတာကို သိရချိန်
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေးဖြစ်နေတယ်ဆိုတာ သိရပြီဆိုရင် အဲ့ဒီယောင်္ကျားလေးနဲ့ပတ်သက်ပြီး သူတို့သ၀န်တိုနိုင်ပါတယ်။

၇။အရင်ရည်းစားအကြောင်း ဘာရယ်မဟုတ် စိတ်လိုလက်ရ ပြောလိုက်မိချိန်
ကိုယ်က အရင်ရည်းစားအကြောင်း ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် သူတို့ရှေ့ပြောလိုက်တာနဲ့

" ကလေးဘ၀ကတည်းက အနုပညာလောကမှာ အောင်မြင်ခဲ့ပေမယ့် ခုလက်ရှိ မွဲသွားကြပြီဖြစ်တဲ့ အနုပညာရှင် (၁၀) ဦး "

ကျော်ကြားမှုဆိုတာ သူ့တန်ဖိုးနဲ့ သူလာတာပါ။ အဲ့ဒီအတွက် ပြန်လည်ပေးဆပ်လိုက်ရတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ ကလေးဘ၀ကတည်းက အနုပညာလောကထဲရောက်လာကာ နာမည်ရကျော်ကြားသွားခဲ့တဲ့ ကလေးသရုပ်ဆောင်တွေဟာ နောက်ပိုင်းမှာလည်း ဒီလောကထဲ ဆက်ရှိနေပေမယ့် တစ်ဖြည်းဖြည်းနဲ့ မွဲသွားတဲ့အခြေအနေထိ ရောက်ရှိသွားခဲ့ကြပါတယ်။ သူတို့တွေဆီက သင်အနေနဲ့ သင်ယူသင့်တဲ့အရာကတော့ နာမည်ကြီးလာချိန်မှာ အလုပ်ကိုအလုပ်လို တန်ဖိုးထားပြီး ဆက်လက်လုပ်ဆောင်သွားဖို့နဲ့၊ အသုံးနဲ့အဖြုန်းခွဲခြားတတ်ဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားမှုမှာ နစ်မွန်းသွားမယ်ဆိုရင်တော့ ဒီလိုအခြေအနေမျိုးတွေ သင်ကြုံရပါလိမ့်မယ်။ ကဲ ကလေးဘ၀က အောင်မြင်ကျော်ကြားခဲ့သလို နောက်ပိုင်းမှာလည်း ဆက်တိုက်ကျော်ကြားခဲ့ပေမယ့်

" ကိုယ်တိုင် ဖတ်ဖို့ "


(၁) ပြီးဆုံးသွားတဲ့ စာမျက်နှာကို ပြန်မလှန်ချင်ရင် မလှန်တာက အကောင်းဆုံးပဲ။
ဖုံသလဲတွေကြောင့် မျက်စိစပ်မှာ စိုးလို့ပါ။

(၂) တကယ်လို့ ရွေးချယ်ခွင့်ရှိခဲ့ရင် အမုန်းနဲ့ အချစ်တစ်ခုကို အဆုံးမသတ်ပါနဲ့။

(၃) နောင်တဆိုတာ စိတ်ဓာတ်ကို အနှောင့်အယှက်ပေးတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်။
နောင်တဆိုတာ ဆုံးရှုံးမှုထက် ပိုကြီးတဲ့ ဆုံးရှုံးမှု၊ အမှားထက် ပိုကြီးတဲ့
မှားယွင်းမှုဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ နောင်တမရပါနဲ့။

(၄) အချစ်က မီးအိမ်၊ သူငယ်ချင်းက အရိပ်ဆိုရင် မီးငြိမ်းသွားတဲ့အခါ သင့်ပတ်လည်မှာ
အရိပ်တွေပဲ ကျန်နေတာကို တွေ့ရလိမ့်မယ်။ သူငယ်ချင်းဆိုတာ နောက်ဆုံးအချိန်ထိ
သင့်ကို အားအင်တွေပေးတဲ့သူဖြစ်တယ်။

(၅) အချစ်က ထမင်းဖြူနဲ့တူတယ်၊ ရိုမန်တစ်က စားပွဲခုံပေါ်က ဟင်းနဲ့တူတယ်။
ဆာလောင်နေချိန်မှာ လူတွေက ထမင်းစားချင်ကြတယ်။ ဒါပေမဲ့ ဗိုက်လည်းဝရော
လူတွေက ဟင်းကောင်း မကောင်းဆိုတာကိုပဲ ဆွေးနွေးကြတယ်။ စားခဲ့တဲ့ ထမင်းဖြူရဲ့
အရသာကိုတော့ ဘယ်သူမှ သတိမရကြဘူး။

(၆) ဘယ်သူမှ ကိုယ့်ကိုယ် စိတ်ရှုပ်၊ စိတ်အနှောင့်ယှက်ပေးနေတာ မဟုတ်ဘူး။
ကိုယ်က တခြားလူရဲ့စကား၊ တခြားလူရဲ့ အပြုအမှုနဲ့
ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာဖြစ်တယ်။

(၇) အောင်မြင်တဲ့လူတိုင်းမှာ စတင်ခြင်းဆိုတာရှိတယ်။ စတင်ရဲတဲ့သူကမှ

" မြေမြုပ်သင်္ဂြိုလ်ခဲ့ပြီး ဖြစ်သည့် ဇနီး ၂ နှစ်အကြာ ရုပ်သံအစီအစဉ်တွင်ပြန်ပေါ်လာ "

Widower who buried his wife
ဇနီးဖြစ်သူကို တီဗီပေါ်မှာတွေ့ရတော့ သူက လုံးဝ မယုံနိုင်စရာ ဖြစ်သွားပါတယ်

မြေမြုပ်သင်္ဂြိုလ်ထားပြီး ဖြစ်သည့် ဇနီးဖြစ်သူသေဆုံးပြီ ရုပ်မြင်သံကြား အစီအစဉ်တွင် ပါဝင်လာသဖြင့် ခင်ပွန်းဖြစ်သူ အံ့ဩထိတ်လန့် ဖြစ်ခဲ့ရကြောင်း သိရသည်။
အာဗရာမိုဟာမက်အမည်ရှိ အမျိုးသားသည် သူ၏ ဇနီးဖြစ်သူ ယာဉ်တိုက်မှုတွင် သေဆုံးသွားပြီဟု ယူဆပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။
ကာဆာဘလန်ကာဆေးရုံတွင် အမည်မသိ အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုတွင် ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဆရာဝန်များက ခင်ပွန်းဖြစ်သူအား ပြောကြားခဲ့သည်။
မိုရိုကိုနိုင်ငံတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် သေဆုံးသွားသည့် အမည်မသိ မျိုးသမီးအား သူ၏ ဇနီးအထင်ဖြင့် ဆွေမျိုးအသိုင်းအဝိုင်းနှင့်အတူ မြေမြုပ်သင်္ဂြိုလ် ခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ၂ နှစ်အကြာတွင် မိသားစုများနှင့် ဝေးကွာသွားသည့်သူများအား ပြန်လည်ဆုံစည်းနိုင်ရန် ကူညီပေးသည့် တိုက်ရိုက်ရုပ်သံအစီအစဉ်တွင် ပါဝင်လာခဲ့သည်။
တိုက်ရိုက်အစီအစဉ်တွင် ပါဝင်သည့် ဇနီးဖြစ်သူမှာ ခင်ပွန်းဖြစ်သူ၏ ဖုန်းအား ခေါ်ပြီး သူ၏ အမည်နှင့် လိပ်စာအား ပြောပြခဲ့သည်။
သူမပျောက်ဆုံးနေသည့် ၂ နှစ်တာကာလအတွင်း သူမဘယ်ရောက်နေသည်ကို လူအများစိတ်ဝင်စားလျက်ရှိပြီး အချို့က သူမအတိတ်မေ့သွားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုလျက်ရှိသည်။

ခင်ပွန်းဖြစ်သူ အာဗရာမိုဟာမက်သည် ဇနီးသည်ပျောက်ဆုံးနေသဖြင့် ဆေးရုံတွင် သွားရောက် ရှာဖွေရာ ဆရာဝန်များက

April 5, 2016

" Just For Laughs Gags - April 2016 ရဲ့ လက်စွမ်းပြ ဟာသလေးများ "


youtube link is 
https://www.youtube.com/watch?v=nEahO9QdpEg&feature=youtu.be

" ရည်းစားထားချင်တဲ့ ကိုကိုတို့ရေ လူအများကြားမှာ သူစိမ်းမိန်းကလေးတစ်ယောက်ကို စကားစပြောနိုင်ဖို့ ဒီမှာ ကြည့်လိုက်ကြပါ "

 
သင်နဲ့လိုက်ဖက်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာမတွေ့လို့ ခက်နေပါသလား။ ဒီလိုမိန်းကလေးတစ်ယောက်ကို တွေ့ရှိဆုံစည်းနိုင်ဖို့ ကြိုတင်မစီစဉ်ထားပဲ မိန်းကလေးတစ်ယောကို စကားစပြောတတ်ဖို့က ပထမအဆင့်ဖြစ်ပါတယ်။ အစပိုင်းမှာတော့ လူကြားသူကြားမှာ မိန်းကလေးတစ်ယောကို စကားသွားပြောဖို့ဆိုတာ တကယ်ကို တုန်လှုပ်ခြောက်ခြားစရာပါပဲ။ ဟုတ်ပါတယ်။ မိတ်ဆက်ပေးသူမရှိပဲ သူစိမ်းမိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ရတာဟာ ယောင်္ကျားလေးအများစုအတွက် ခြောက်ခြားစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင်လည်း သင့်ရဲ့အချစ်ရေးက သာယာသွားမှာ သေချာပါတယ်။ ဒီအတွက် မိန်းကလေးတစ်ယောက်ကို အလွယ်တကူ ချဉ်းကပ်နိုင်ဖို့ နည်းလမ်း()ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စပြီး စကားပြောရမှာကို မလုပ်ချင်ရင်လည်း လုပ်ရမှာပါပဲ။
ယောင်္ကျားလေးအများစုက မသိကျွမ်းသေးတဲ့မိန်းကလေးတစ်ယောက်နားကို သွားဖို့နဲ့ စကားစပြောဖို့ကို ကြောက်တတ်ကြပါတယ်။ တကယ်ကို ထူးဆန်းပါတယ်။ တချို့တွေဆိုရင် သူစိမ်းမိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ထက် M-16 သေနတ်တစ်လက်ကိုင်ပြီး အာဖဂန်စစ်ပွဲကို ပြေးဝင်သွားရဲတယ်လို့ ပြောသူတွေတောင် ရှိပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ စစ်ပွဲအတွင်းမှာ တာလီဘန်တွေကြောင့် သေဆုံးသွားရတာထက် မိန်းကလေးတစ်ယောက်က ပေါ်တင်ကြီးငြင်းပယ်တာကို ခံလိုက်ရတာက

" သူမ သင့်အပေါ် ဘယ်လိုဆုံးဖြတ်မှာလဲ ?


သင်ချစ်ရတဲ့ မိန်းကလေးတစ်ယောက်က သင့်ကို ငြင်းပယ်လိုက်မှာလား၊ ချစ်သူအဖြစ်နဲ့ လက်ခံမှာလား၊ ပြီးတော့ လက်ထပ်ပြီး ဘ၀တစ်ခုလုံးလက်တွဲသွားမှာလားဆိုတာကို သိချင်ပါသလား။ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး မိန်းကလေးတစ်ယောက်က စိတ်ထဲမှာ ဆုံးဖြတ်ချက်တွေအများကြီးချမှတ်လေ့ရှိပါတယ်။ သူတို့က အချိန်ယူပြီး ဆုံးဖြတ်တတ်ကြသလို သင်နဲ့ပတ်သက်ပြီး ခံစားချက်တွေကအစ အရာအားလုံးကို အသေးစိတ်အထိ စောင့်ကြည့် လေ့လာသုံးသပ်တတ်ကြပါတယ်။

ငြင်းပယ်ခံရနိုင်သည့် အချက်များ
ဒီလိုအဖြစ်မျိုးက လက်ခံနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက သူတို့အတွက် အဆင်မပြေဘူးထင်ရင် ငြင်းပယ်လိုက်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ သင်ငြင်းပယ်ခံရနိုင်တဲ့ အကြောင်းရင်းတွေကတော့

၁။ သူမကို မဆွဲဆောင်နိုင်လို့ဖြစ်ပါတယ်။ မိန်းကလေးတိုင်းမှာ သူတို့ကြိုက်တဲ့ ယောင်္ကျားလေးပုံစံတွေ ရှိတတ်ပါတယ်။ သင်က ပုံစံမ၀င်ဘူးဆိုရင်တော့ ငြင်းပယ်ခံရမျာ ကျိန်းသေးပါတယ်။ ဆွဲဆောင်မှုရှိဖို့က အရေးကြီးပါတယ်။ သင့်အနေနဲ့ မင်းသားရှုံးအောင် ချောလှနေဖို့မလိုပါဘူး။ သူမစိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိရင် လုံလောက်ပါပြီ။

၂။ ရင်ခုန်စိတ်လှုပ်ရှားစရာမရှိလို့ပါ။ သူမအတွက် စိတ်လှုပ်ရှားစရာမရှိပဲ ပျင်းစရာကောင်းနေမယ်။ စနိုးစနောင့်ဖြစ်နေမယ်ဆိုရင်လည်း ငြင်းပယ်တတ်ကြပါတယ်။

၃။ သင့်ရဲ့အလုပ်အကိုင်ကို မကြိုက်လို့ ဒါမှမဟုတ် အလုပ်မရှိလို့ပါ။ ယနေ့ခေတ်မိန်းကလေးတွေက သူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးကို အလိုရှိကြတာဖြစ်ပါတယ်။ သူတို့ အသုံးစရိတ်ကို ကာမိအောင်တောင်မှ ၀င်ငွေမရှိတဲ့သူမျိုးဆိုရင် စိတ်မ၀င်စားတတ်ကြပါဘူး။

၎။ သင့်မှာ သူတို့မကြိုက်တဲ့အချက်တွေရှိနေလို့ပါ။ ဆေးလိပ်သောက်တတ်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ လောင်းကစားလုပ်တတ်တာ ဒီလိုအကျင့်တွေကို မိန်းကလေးတွေက သဘောမကျတတ်ပါဘူး။ ဒါပေမယ့် ဒီအချက်တွေကို ပြင်နိုင်မယ်ဆိုရင်တော့ နီးစပ်နိုင်ချေရှိပါသေးတယ်။

၅။ မိန်းကလေးစိတ်ကြောင့်ပါ။ ဒီအချက်က ရှင်းပြဖို့ခက်ပါတယ်။ သင့်ရဲ့နာမည်အစ စာလုံးကို မကြိုက်တာက စပြီး

" အဆိုးမြင်သမားတွေနဲ့ ဆက်ဆံတတ်ဖို့ နည်းလမ်း(၇)ခု "

 
အဆိုးမြင်သမား အသိမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ဖူးကြပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အမြဲတမ်းညည်းတွားပြောဆိုနေပေမယ့် ပြေလည်စေမယ့် ဖြေရှင်းချက်မရှာနိုင်သူမျိုးနဲ့ အလုပ်အတူလုပ်ဖူးမှာပါ။ ဒီလို အဆိုးမြင်သမားတွေက လူတိုင်းကို စိတ်ပျက်စေပါတယ်။ သူတို့သွားလေရာမှာ အဖျက်စွမ်းအားတွေ၊ စိတ်ပျက်စရာတွေ ဖြစ်လာတတ်ပါတယ်။ သင့်အနေနဲ့ ဂရုမစိုက်ဘူးဆိုရင် သူတို့အရှုပ်တွေထဲမှာ သင်လည်းပဲ ပါဝင်ပတ်သက်သွားပြီး သင့်ရဲ့အာရုံစူးစိုက်မှုနဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါ့ကြောင် အဆိုးမြင်သမားတွေနဲ့ ဆက်ဆံရတဲ့အခါမှာ အသုံးပြုရမယ့် နည်းလမ်း()ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အကန့်အသတ်နဲ့ ပေါင်းပါ။
အဆိုးမြင်သမားတစ်ယောက်ပြောသမျှကို ထိုင်နားထောင်နေရတာကို စိတ်ဖိစိးမှုအဖြစ်မခံပါနဲ့။ သူတို့ရဲ့ မကောင်းမြင်တဲ့စွမ်းအားက သင့်ရဲ့ဘ၀ကိုပါ သက်ရောက်ပြီး စိတ်နေစိတ်ထားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်သမားတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ အကန့်အသတ်တွေထားရှိပြီး တတ်နိုင်သမျှ ခပ်ကင်းကင်းနေပါ။ မဖြစ်မနေပြောဆိုဆက်ဆံရမယ်ဆိုရင်လည်း လိုရင်းတိုရှင်းပဲပြောဆိုပါ။ သူတို့ရဲ့ မကောင်းတဲ့အကျင့်စရိုက်ကို မထိန်းချုပ်နိုင်ပေမယ့် သူတို့နဲ့ ဆက်ဆံပုံနည်းလမ်းကိုတော့ ထိန်းချုပ်နိုင်ပါတယ်။
                    
၂။ ညည်းညူတတ်သူတွေကို ရှောင်ပါ။
ဘယ်ကိစ္စမဆို ညည်းညူနေတတ်သူတွေက သင့်ဘ၀အတွက် ကောင်းကျိုးမရှိပါဘူး။ သူတို့က ပြဿနာကိုပဲ ကြည့်နေတတ်ပြီး အဖြေမရှာနိုင်သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးတွေကို ရိုက်ချိုးပြီး သူတို့လို သိမ်ငယ်စိတ် ၀င်လာအောင် သိမ်းသွင်းပါလိမ့်မယ်။ ဒီလိုလူမျိုး မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ရှိခဲ့မယ်ဆိုရင် တတ်နိုင်သမျှ မပတ်သက်မိပါစေနဲ့။ မဖြစ်မနေလိုအပ်မှသာ ဆက်ဆံပါ။
၃။ အဆိုးမြင်စိတ်များသည့် ၀န်ထမ်းများကို ရှင်းထုတ်ပါ။
သင့်လုပ်ငန်းရဲ့အနေအထားက သင့်အမှတ်တံဆိပ်အတွက် အရေးကြီးပါတယ်။ မကောင်းတဲ့ညဉ်ရှိတဲ့ ၀န်ထမ်းတစ်ယောက်က လုပ်ငန်းခွင်တစ်ခုလုံးကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ငါးခုံးမတစ်ကောင် ကြောင့်

" ၂၀၁၅ ခုနှစ်တွင် ဝင်ငွေအကောင်းဆုံး အာရှ မင်းသားများ "

အောက်ပါ မင်းသားများဟာ ၂၀၁၅ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အာရှမင်းသားများ ဖြစ်ကြပါတယ်။
Forbes မဂ္ဂဇင်းက စုစည်းဖော်ပြထားတာဖြစ်ပါတယ်။

၁၀။ အမည်- ဒေါ်နီယန်း

10
နိုင်ငံ – ဟောင်ကောင်/တရုတ်
ရုပ်ရှင် အမျိုးအစား – အက်ရှင်
ဝင်ငွေ – ဒေါ်လာ ၇.၂ သန်း

၉။ အမည်- ဟွန်ရှောင်မင်း

9
နိုင်ငံ – တရုတ်
ရုပ်ရှင် အမျိုးအစား – ဒရာမာ

" ဆဲလ်ဖီ (Selfie) ကိုဘယ်သူ တီထွင်ခဲ့သလဲ "

ကမ္ဘာတဝန်းမှာ ဆဲလ်ဖီဓာတ်ပုံတွေ တစ်နေ့ကို တစ်သန်းလောက်ရိုက်လေ့ရှိတယ်လို့ သုတေသနဌာန တစ်ခုရဲ့ အဆိုအရသိရပါတယ်။ Selfie ဆိုတဲ့ အင်္ဂလိပ်စာလုံးဟာ အခုဆိုရင် အဘိဓာန်ထဲထည့်သွင်းထားပြီဖြစ်ပြီး၂၀၁၃ ခုနှစ်ရဲ့ တစ်နှစ်တာ စကားလုံးအဖြစ်သတ်မှတ်ခံရပါတယ်။
Selfie ဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းလဲ ရှိသလို အမေရိကန် သမ္မတ အိုဘားမားလို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေတောင် တခြားနာမည် ကျော်ကြားသူတွေနဲ့  ဆဲလ်ဖီ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။
ဒါဆို Selfie လို့ခေါ်တဲ့မိမိကိုယ်မိမိ ဓာတ်ပုံရိုက်တဲ့ ဓလေ့ကို ဘယ်သူထွင်ခဲ့သလဲ။
မိမိကိုယ်မိမိ ဓာတ်ပုံရိုက်တာဟာ ၁၉ရာစု နှောင်းပိုင်းကတည်းကရှိခဲ့သလို၊ ဟောလီးဝုဒ်ဓာတ်ပုံဆရာ လက်စ်စတာ ဝစ်စဘရော့က Selfie ကို စထွင်ခဲ့တာဟာ သူဖြစ်ကြောင်းပြောပေမဲ့ အင်တာနက်ပေါ် Selfie ဆိုတဲ့ စကားလုံးကို အင်တာနက်ပေါ် စတင် အသုံးပြုခဲ့တာတော့ ၂၀၀၂ ခုနှစ်ကပါ။
ဩစတြေးလျနိုင်ငံ အင်တာနက်ဖိုရမ်တစ်ခုမှာ စတင်ခဲ့တဲ့ Selfie ဆိုတဲ့ ဒီစကားလုံးကို စတင်အသုံးပြုခဲ့သူက နေသန် ဟုတ်ပ်ဆိုသူဖြစ်ပြီး အရက်မူးပြီးချော်လဲလို့ နှုတ်ခမ်းပေါက်သွားတဲ့ ပုံ တစ်ပုံ သူငယ်ချင်းတွေကို ပြတဲ့ နေရာမှာ ရေးထားတာပါ။
Selfie ဆိုတဲ့ စကားလုံးကို စတင် ဆွေးနွေးခဲ့တာတော့ ဓာတ်ပုံဆရာ ဂျင်မ်ခရူးစ်ဖြစ်ပါတယ်။ လှုမှုကွန်ယက်တစ်ခုဖြစ်တဲ့ MySpace ပေါ်မှာ တင်တဲ့ပုံတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့တာပါ။
ဒါပေမဲ့ Selfie ဆိုတာကို ပိုပြီး လူသိများလာတာက ၂၀၁၀ ခုနှစ်နောက်ပိုင်းမှဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကမ္ဘာကျော် Time မဂ္ဂဇင်းက Selfie ဆိုတဲ့ စကားလုံးကို အသုံးအများဆုံး စကားလုံး ဆယ်လုံးမှာ တစ်လုံး အပါအဝင်အဖြစ်ဖော်ပြခဲ့ပါတယ်။
ကင်မရာအသေးလေးတွေ ခေတ်စားတဲ့ အချိန်ကစပြီး လူအများ ရိုက်ခဲ့တဲ့ ဆဲလ်ဖီဓာတ်ပုံဟာ ဒီနေ့အချိန်မှာတော့ ဖုန်းမှာပါတဲ့ ရှေ့ကင်မရာကနေပဲ ပိုပြီးရိုက်ကြပါတော့တယ်။

ဒါ့အပြင် နာမည်ကျော် မင်းသမီး၊ မင်းသားများ၊ အဆိုတော်များ၊ နိုင်ငံခေါင်းဆောင်များ၊ ဘုန်းတော်ကြီးများလည်း

April 4, 2016

" အာရှတိုက်မှာရှိတဲ့ အလန်းဆုံး မော်ဒယ်လ် နှစ်ဦး မွေးတုန်းကတော့ ယောကျာ်းလေးပေါ့ "

 5
လိင်ပြောင်းထားတဲ့ အမျိုးသမီးတွေဟာ သူတို့ အမှန်တကယ် ဖြစ်နေတဲ့ အတွင်း စိတ်နဲ့ သူတို့ရဲ့ ခန္ဒာကိုယ်ဟာ လိုက်ဖက်မှု မရှိဘူးလို့ ယူဆကြပါတယ်။
သူတို့အများစုဟာ မှားယွင်းနေတဲ့ ခန္ဒာကိုယ်မှာ မွေးလာတယ်လို့ ခံယူကြပြီး သူတို့ ဖြစ်သင့်တယ်လို့ ခံယူထားတဲ့ ခန္ဒာကိုယ်နဲ့ လိင်အဂါင်္ရရှိဖို့ ခွဲစိတ်ပြုပြင်ကြပါတယ်။
အောက်ပါ လိင်ပြောင်းမိန်းကလေးတွေဟာ ယောကျာ်းလေးတွေ အဖြစ်မွေးလာပေမယ့် အခုတော့ မိန်းကလေးတွေကတောင် မနာလိုရမယ့် အလှတရားကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။
ထရီချာဒါ ပါရာချတ်ဟာ အသက် ၂၉ နှစ်အရွယ် မော်ဒယ်လ်တစ်ဦး ဖြစ်ပါတယ်။ ဆတ်နာရီမာယာပွန်းဆိုတဲ့ ယောကျာ်းလေး နာမည်နဲ့ မွေးခဲ့ပေမယ့် လိင်ပြောင်းခွဲစိတ်ပြီး မိန်းကလေး အဖြစ်ခံယူခဲ့ပါတယ်။ အခုတော့ မော်ဒယ်လ်

" လေယာဉ်ပျံ ပထမဆုံး စီးဖူးသည့် တရုတ်အမျိုးသမီး အရေးပေါ်တံခါးပေါက်ကို အိမ်သာအထင်ဖြင့် ဆွဲဖွင့် "

1
လေယာဉ်ပျံ ပထမဆုံး စီးတဲ့ အတွေ့အကြုံဟာ စိတ်လှုပ်ရှားစရာကောင်းပြီး တစ်ချို့လူတွေ အတွက် ကြောက်စရာ ကောင်းနေပါလိမ့်မယ်။
ဒီလို အခြေအနေတွေကြောင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးဟာ အရေးပေါ်တံခါးကို အိမ်သာ အထင်နဲ့ ဆွဲဖွင့်လိုက်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ချုံကင်းကနေ ရှန်ဇင်းကို ပျံသန်းမယ့် လေယာဉ်ပေါ်မှာ အဆိုပါ ဖြစ်ရပ်ကြောင့် ၂ နာရီခန့် နောက်ကျ

" သင့်ကောင်မလေးကို ယုံကြည်ဖို့ရာ "

 
ယုံကြည်မှုဆိုတာ ချစ်ခြင်းတစ်ခု ခိုင်မြဲစေဖို့ မဏ္ဍိုင်အနေနဲ့ မဖြစ်မနေ လိုအပ်ပါတယ်။ တကယ်လို့များ ယုံကြည်မှုမရှိဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်နေပါစေ ဒီချစ်ခရီးလမ်းက တာရှည်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်မှုဆိုတာလည်း ပြောသလောက်တော့ လွယ်လွယ်မရနိုင်ပါဘူး။

          ဒါကြောင့် ချစ်ခရီးလမ်း ရှည်ကြာခိုင်မြဲဖို့အတွက် ယုံကြည်ကို တည်ဆောက်နိုင်ရန် အခုရေးသားမယ့် အချက်လေးတွေကို လုပ်ဆောင်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

(၁)     ဝေမျှပါ။

အကြိမ်များစွာတိုင်းမှာ စာဖတ်သူကို ပြောခဲ့ပြီးပါပြီ။ ချစ်ခြင်းတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုဟာ ဘယ်လောက်အရေးကြီးကြောင်းကိုပေါ့။ သင့်အနေနဲ့ ချစ်ခြင်းတစ်ခုကို လုံ့လစိုက်ပြီး ဖန်တီးဖို့လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အဆိုး၊အကောင်း စတဲ့ အရာအားလုံးကို ဝေမျှနေကြဖို့ လိုအပ်ပါတယ်။ ဒီလိုဆက်နွယ်မှုမျိုးဟာ ယုံကြည်မှုတစ်ခုတည်ဆောက်ရာမှာ များစွာ အထောက်အကူပေးပါတယ်။

(၂)     အစွဲတွေကို ဖျောက်ဖျက်ပါ။

          အချို့သော အပိုင်းတွေမှာ သံသယတွေဆိုတာ တစ်ဖက်သတ်စိတ်ကူးထင်မြင်ချက်တွေ ဖြစ်နေတတ်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ ဒါဟာအရေးကြီးပါတယ်။ သင့်အနေနဲ့ တစ်ဖက်သားကို ရှင်းလင်းကြည်လင် ၊ သံသယကင်းတဲ့ စိတ်ဓါတ်မျိုးနဲ့ ဆက်ဆံဖို့လိုအပ်ပြီး သံသယတွေနဲ့ ယှဉ်တွဲမဆုံးဖြတ်နေသင့်ပါဘူး။ သင့်ရဲ့စိတ်ကူးတွေးထင်ချက်တွေကို ရိုင်းစိုင်းမသွားအောင် ထိန်းချုပ်ထားဖို့လိုပါတယ်။

(၃)     ပါဝင်ပတ်သက်ပါ။

          ယုံကြည်မှုတည်ဆောက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ တစ်ဦးရဲ့ကိစ္စတွေမှာ တစ်ဦးက ပါဝင်ပါ။ ပါဝင်ခြင်းဆိုရာမှာ သူမရဲ့ လိုအပ်နေတဲ့ဘ၀ရဲ့ အစိတ်အပိုင်းတွေကို လိုက်ပါ ဆောင်ရွက်ပေးဖို့ ၊ ဖြည့်ဆည်းပေးဖို့ စတာတွေကို ဆိုလိုတာပါ။ သင်က ပိုပြီးပါဝင်လေလေ ၊ သူမရဲ့ ခံစားချက်တွေ ၊ အတွေးအမြင်အယူအဆတွေဟာ

" စာအုပ်စာပေ လေ့လာသူများအတွက် အခမဲ့ ဖတ်ရှုရန် Website ၁၈ ခု"

 
စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ

" သစ်ပင် ပန်းပင်တွေနှင့် ဟင်းသီးဟင်းရွက်တွေရဲ့ မြန်မာ အင်္ဂလိပ် ခေါ်အဝေါ်များ "

သစ်ပင်တွေရဲ့ အမည်တွေပါ

အုန်းပင် - Coconut
ထန်းပင် - Palm
ကွမ်းသီးပင် - Betel
ကျွှန်းပင် - Teak
ပျဉ်းကတိုး - Iron wood
ညောင်ပင် - Banyan
မန်ကျည်းပင် - Tamarind
ကုက္ကိုပင် - Rain tree
သရက်ပင် - Mango
လိမ္မော်ပင် - Orange
မရမ်းပင် - Marian
တမာပင် - Neem
ရေညှိပင် - Lichen
ဘိန်းပင် - Poppy
ယူကလစ်ပင် - Eucalyptus
ဝါးပင် - Bamboo
ဝါ/ဂွမ်း - Cotton
ဗေဒါပင် - Hyacinth
ရှားစေးပင် - Mescal
ဒူးရင်းပင် - Durian
ဆီးပင် - Plum
သြဇာပင် - Custard apple
စွန်ပလွံပင် - date
သဖန်းပင် - Fig
သပြေပင် - Eugenia
ရော်ဘာပင် - Rubber
ထင်းရူးပင် - Fir
လမုပင် - Mangrove
အင်ကြင်းပင် - Sal tree
လက်ခုပ်ပင် - Poon tree
စပါးပင် - Paddy
ဆေးရွက်ကြီးပင် - Tobacco plant
ကြက်သွန်မြိတ်ပင် - Leek
လျှော်ပင် - Hemp
ဂုန်လျှော်ပင် - Manila
သဘောင်္ပင် - Papaya

"ဖရဲသီး ကျောက်ကျော"တဲ့ နွေရာသီမှာ လုပ်စားကြည့်ကြတာပေါ့ "

လုပ်ရတာလွယ်ကူပြီး စားချင်စရာလေးမလို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။
~~နွေရာသီနဲ့ သင့်တော်တဲ့ဟာလေးတမျိုး ပြမယ်နော်.. တချို့တွေ လုပ်ဖူးကြလိမ့်မယ်.. အမက အနောက်တိုင်းနည်းနဲ့ ပြမှာမို့ နည်းနည်းလေး လွဲလိမ့်မယ်.. ကြိုပြောထားမယ်.. လာမငြင်းကြပါနဲ့.. ကိုယ်ကြိုက်တဲ့ recipe သုံးပါ..
အနောက်တိုင်းက summer beach party တွေမှာ ပါလေ့ရှိတဲ့ jello shot ပါ .. သူတို့က ဗော့ကာအရက် ထည့်လုပ်လေ့ရှိတယ်.. အမကတော့ မထည့်ပဲ လုပ်ပြပါမယ်.. စမ်းကြည့်ချင်သူများ ဗော့ကာ တခွက်ထည့်လို့ ရပါတယ်..
ဖရဲသီး အလတ်စားတလုံးကို အတွင်းက အသားများ ခပ်ထုတ်ပါ.. ဖရဲသီးတုံးတွေကို ဖရဲရည်ဖြစ်အောင် လုပ်ပါမယ်.. blender နဲ့ မွှေပြီး အရည်စစ်ရင်လည်း ရပါတယ်.. ခြေပြီး ဇကာတိုက်ရင်လည်း ရပါတယ်..
ဖရဲရည် ဖန်ခွက် ခြောက်ခွက်လောက် ထွက်မယ်ထင်ပါတယ်..
ဖရဲရည်ရရင် ကျောက်ကျောမှုန့်နဲ့ ကျိုပါမယ်..
ကိုယ်သုံးတဲ့ ကျောက်ကျောတံဆိပ်က ရေအချိုးအစားကို ကြည့်ပြီး ကိုယ်ရထားတဲ့ ဖရဲရည်နဲ့လောက်အောင် ဘယ်လောက်ထည့်ရမလဲ ချိန်ထည့်ပါ.. ရေတခွက်လောက် ထပ်ရောချင်လည်း ရပါတယ်..
အမက Jello နှစ်ဗူးနဲ့ ကျောက်ကျော တဗူးထည့်ပါတယ်..
ပြီးရင် သံပုရာသီး တလုံး ညှစ်ထည့်ပါ.. အချဉ်ကြိုက်သူများ ပိုထည့်လို့ ရပါတယ်..
သကြား နှစ်ခွက် သို့မဟုတ် ကြိုက်သလောက် မြည်းထည့်ပါ.. အမကတော့ သကြားနည်းနည်းပဲ ထည့်ပါတယ်..
သေချာမြည်းပြီး ကိုယ်ကြိုက်တဲ့ အချို အချဉ် အရသာပြင်ပါ...
ပြီးရင် ဆူအောင်ကျိုပြီး ဖရဲခွံထဲ လောင်းထည့် အအေးခံပါ..
ဖရဲသီးခွံတွေကို မလှုပ်အောင် ဘေးက သတင်းစာခေါက်နဲ့ ခုပေးပါ..
နှစ်နာရီ သုံးနာရီ လောက်ထားရင် ခဲပါပြီ..
ခဲရင် အစိတ်လေးတွေ လှီးပြီး ရေခဲသေတ္တာထဲ အအေးခံစားပါ..
ကျောက်ကျောထဲ ဂျယ်လီမှုန့်ရောထည့်ရင် တုန်တုန်လေးနဲ့ ပိုစားကောင်းပါတယ်.. အမက ဂျယ်လီ နှစ်ဗူး ကျောက်ကျော

April 3, 2016

" ဘယ်သူ အပျိုစစ်ပါသလဲ "

 
ကျွန်မနဲ့ သူက ချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာ ဆိုင်မှာပူပူလေး ထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါ သူပြောလေ့ရှိတာကတော့"မင်းကွာ ... အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ
ရိုးသားတဲ့ အရည်ကို ရိုးသားစွာသောက်နေတာပါရှင်..
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး .. ကိုယ်မှန်တယ် ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မ အကျင့်ကိုး ..

ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ... အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက" တဲ့ ..
ထုံးစံအတိုင်း ကျွန်မ မဖြေရှင်းပါဘူး..
စာရင်းကိုင် တယောက်ဖြစ်တဲ့ ကျွန်မဟာ တခါတရံ အလုပ်များပါတယ်၊ အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ ... အပျိုဆိုတာ အိမ်ပြန်သိပ် မိုးမချုပ်သင့်ဘူး" တဲ့..
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို
အလုပ်လုပ်ဖို့ ထွက်သွားပြီပေါ့။
သူနိုင်ငံခြားသွားလို့ သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊
နာမည်ကချောချောတဲ့ ..

ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။ LCCI (3) ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့..
စာမေးပွဲဖြေဖို့ နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ ကျွန်မ
စာပြဖို့ စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လ ရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့..
လူဦးလို့ပေါ့ .. မသေကောင်း မပျောက်ကောင်းရှင်
ကျွန်မလဲ အားပေးစကားပြောပြီး အိမ်ပြန်လာခဲ့တယ်။

ကျွန်မစိတ်ထဲ မရှင်းဘူးရှင်၊ ကျွန်မသိသလောက်တော့ ချောချောဟာ
အိမ်သားတွေ မပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..
ရော် ... ဘာတွေလဲကွယ်...
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ၊ ရယ်ရင်လည်း
တိုးတိုးလေး ရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ ချောချောကို နောက်ထပ်

" ကမ်းစပ်က ငါးများ ပုံပြင် "

 

တစ်ခါတုန်းက အဖိုးကြီးတစ်ယောက်ဟာ ညနေဘက်ဆိုရင် ပင်လယ်ကမ်းစပ်ကိုလာလေ့ရှိ ပါတယ်
လှိုင်းပုတ်တဲ့ဒဏ်ကြောင့် သဲသောင်ပြင်ပေါ် မှာ သောင်တင်နေတဲ့ ငါးလေးတွေကို ကောက်ပြီး ပင်လယ်ထဲ ပြန်ပြန်ပစ် ထည့် ပါတယ် အဲဒီလိုမှ ပင်လယ်ထဲကို ပြန်မရောက်ဖူး ဆိုရင် ငါးလေးတွေ ဟာ ကုန်းပေါ်မှာသေရမှာ လေ့
ဒီအဖိုးကြီးဟာ ညနေတိုင်း ညနေတိုင်း ပင်လယ်ကမ်းခြေကိုလာပြီး သောင်တင်နေတဲ့ ငါး လေးတွေကို ပင်လယ်ထဲ ပြန်ပြန်ပစ်ထည့်
ပေးပါတယ့့်
တစ်နေ့ကျတော့ လူတစ်ယောက်ရောက်လာ ပြီး လာပြောတယ် ...။
“ အဖိုးကြီး ခင်ဗျားရူးနေလား ...။ပင်လယ် ကမ်းခြေမှာ အဲလိုသောင်တင်နေတဲ့ ငါးလေးတွေ အများကြီးရှိတယ်
...။သန်းနဲ့ချီပြီးရှိနေတယ် ...။ ခင်ဗျားတစ်ယောက်တည်း ဒီငါးတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ ...”
အဖိုးကြီးက သူ့အလုပ်သူလုပ်နေရင်း အဲဒီ လူကို လှည့်တောင်မကြည့်ပဲ အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ် ...။
“ တခြားငါးတွေကိုငါမသိဘူး ...ငါ ကယ် လိုက်တဲ့ ငါးတွေအားလုံး အသက်ပြန်ရှင်တယ် ...” .
ဆင့်ပွား အတွေ့း့
စိတ်ဓါတ်ကလေး က ပဲ့ လူကို ပြောင်းလဲ
စေသလို့ ပြောင်းလဲမှု က ပဲ လောက ကို
ကောင်းကျိုး ပေး နိုင်တယ်
နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပေမယ့်
ဆီ ဖြစ်လာမယ့် နှမ်းတွေ ကျနော်တို့ စုခဲ့ ကြသော့့် မိမိကောင်းကျိုး မိမိပတ်ဝန်းကျင်

" လက်မထပ်ခင် မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု "

 
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုးဆိုတာက ပြုလုပ်ပြီးရင် ပြန်ပြင်ဖို့ ခက်ခဲတဲ့ အရေးကိစ္စတွေဖြစ်ပါတယ်။ ဒီထဲကမှ အိမ်ထောင်ပြုခြင်းဟာ သင့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အခြားလူတစ်ယောက်နဲ့ သင့်ရဲ့ဘဝတစ်ခုလုံးကို အတူကုန်ဆုံးဖို့၊ အရာရာအားလုံးကို ဝေမျှခံစားဖို့၊ ပေးဆပ်တတ်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ရတာက စိုးရိမ်စရာဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့အတွက်

သင့်ရဲ့ဘဝလက်တွဲဖော်ဖြစ်ဖို့ရည်မှန်းထားသူကို ဒီမေးခွန်းတွေ မေးကြည့်ဖို့ လိုပါလိမ့်မယ်။

၁။ အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်ရှိမရှိ
ဒီမေးခွန်းက အရေးကြီးပါတယ်။ အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများရှိဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။

၂။ တစ်ဦးရဲ့ ငွေကြေးဆိုင်ရာ အယူအဆတွေ၊ ရည်မှန်းချက်တွေ တစ်ဦးက သေချာသိပြီလား။ ငွေကို ဘယ်လို သုံးမယ် ဘယ်လိုစုမယ်ဆိုတဲ့ စိတ်ကူးတွေ တူညီမှုရှိရဲ့လား။
ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လာရင် အရမ်းချစ်ပါတယ်ဆိုတဲ့ စုံတွဲတွေမှာတောင် အချစ်လျော့သွားတတ်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရှိတဲ့ ငွေကြေးစီမံခန့်ခွဲမှုတစ်ခု ရှိထားဖို့ လိုပါတယ်။ လက်မထပ်ခင်ကတည်းက ရှေ့လျှောက်ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မေးမြန်းဆွေးနွေးထားပါ။

၃။ ချစ်ခင်ကြင်နာမှုခြင်း ထပ်တူကျရဲ့လား။ ကိုယ်ချစ်သလောက် ပြန်ချစ်နိုင်လား။
ရေရှည်လက်တွဲသွားဖို့အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်ခင်ကြင်နာမှုရှိနေဖို့ လိုပါတယ်။ နှစ်ဦးသား အကြားမှာ ချင်ခင်ကြင်နာမှုမရှိတော့တာကို ခံစားနေရပြီဆိုရင်တော့ သေချာဆွေးနွေးဖို့ လိုအပ်နေပါပြီ။

၎။ အေးအတူ ပူအမျှ ဖြစ်နိုင်ရဲ့လား
လူနှစ်ယောက်လက်ထပ်လိုက်ပြီဆိုတာနဲ့ နှစ်ယောက်တစ်ဘ၀ ဖြစ်သွားပါပြီ။ ဘဝတစ်လျှောက်မှာ ဆုံးဖြတ်စရာကိစ္စတွေ၊ အဖြစ်အပျက်တွေ မျိုးစုံကြုံတွေ့ရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး သဘောထားချင်း မျှတဖို့ လိုအပ်ပါတယ်။ အပြန်အလှန် သဘောတူညီမှုရှိမှသာ ရေရှည်လက်တွဲနိုင်မှာဖြစ်ပါတယ်။

၅။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေအပေါင်းအသင်းတွေကို လက်ခံနိုင်ပြီလား
လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလည်း နှစ်ဦးစလုံးမှာ မိတ်ဆွေအပေါင်းအသင်းတွေ ရှိနေဦးမှာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် လစ်လျူရှုထားလို့ မဖြစ်ပါဘူး။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေသူငယ်ချင်းတွေကို အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေက စောင့်ကြိုနေမှာ သေချာပါတယ်။ လူနှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုပါစေ၊

" လေလည်ခြင်းဟာ အချစ်ရေးအတွက် ကောင်းမွန်ကြောင်း လေ့လာမှုတွေက ဖော်ထုတ် "

 သတိ။ ။ ချစ်ကြိုက်ကာစမှာ လေသွားမလည်နှင့်နော် ဒုက္ခများသွားမယ်....

သင်ဟာ အလုပ်အင်တာဗျူးတစ်ခုမှာ ဒါမှမဟုတ် ပါတီတစ်ခုမှ မမျှော်လင့်ပဲ လေလည်မိတာမျိုး ကြုံဖူးပါသလား။ ဒီလို ထိန်းချုပ်လို့မရလိုက်တဲ့ အရာတစ်ခုအတွက် သင်ရှက်သွားရတာမျိုး ကြုံဖူးပါသလား။ အချိန်တော်တော်များများမှာတော့ ကျွန်ုပ်တို့ဟာ လူတွေကြားထဲ ဒါမှမဟုတ် ကိုယ်လေးစားရတဲ့လူ၊ ကိုယ်သဘောကျရတဲ့သူတွေရှေ့မှာ လေလည်ဖို့ ရှောင်ကြဉ်တတ်ပါတယ်။ လူတိုင်းကတော့ လေလည်ကြတာချည်းပါပဲ ဒါပေမယ့် သင့်ရဲ့အချစ်ရေးက ခုမှစတင်ထားတဲ့ အသစ်စက်စက် အချစ်ရေးတစ်ခုဆိုရင်တော့ ကိုယ့်ပူပူနွေးနွေး ရည်းစားလေးရှေ့မှာ လေလည်ဖို့ ရှက်ကြမှာပဲလေ။
ကိုယ့်ချစ်သူရှေ့မှာ လေလည်ခြင်းဟာ ချစ်သူနှစ်ဦး လက်တွဲလာခဲ့တာ အချိန်တစ်ခု သတ်သတ်မှတ်မှတ်လေး ရှိသွားပြီဆိုတာကို ပြရာလည်း ရောက်ပါတယ်။ လက်တွဲခါစ ချစ်သူရည်းစားရှေ့မှာ လေမလည်ကြပေမယ့် နှစ်ယောက်သာ နှစ်နဲ့ချီ တွဲလာပြီးပြီဆိုရင်တော့ လေလည်တာဟာ အထူးအဆန်းတစ်ခုတောင် ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့။ ကိုယ့်ချစ်သူရှေ့လေလည်တာ သင့်ကို သူတို့ဘယ်လိုများ တွေးမလဲဆိုတာကို ဂရုမစိုက်လို့ မဟုတ်ပါဘူး။ သင်လုပ်လိုက်တဲ့ ဒီအရာအတွက် သူတို့ဘာမှ ဝေဖန်မှာ မဟုတ်ဘူးလို့ သင်ယုံကြည်လို့ပါ။
စစ်တမ်းကောက်ချက်အရဆိုရင် ၂၉ရာခိုင်နှုန်းသော လူတွေဟာ ကိုယ့်ချစ်သူရှေ့ လည်လေဖို့ နှစ်လကနေ ခြောက်လလောက်အထိတော့ စောင့်တတ်ကြပြီး ၂၅.၂ရာခိုင်နှုန်းကတော့ ခြောက်လကနေ

" ရက်တစ်ရာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းကို ဦးစားပေးပြုပြင်မယ် "

အမြန်လမ်းမကြီးတစ်ခုလုံးရဲ့ ခြောက်ရာခိုင်နှုန်းလောက်က အကြီးစားပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အစိုးရသစ် စတင်တာဝန်ယူမယ့် ရက်ပေါင်းတစ်ရာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဦးစားပေး ပြုပြင်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောပါတယ်။

မတ် ၃၁ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးလုပ်ခဲ့တဲ့ဒီမိုကရေစီတူဒေးသတင်းစာနဲ့ တွေ့ဆုံမေးမြန်း
ခန်းမှာ အခုလိုပြောခဲ့တာပါ။

"ရက်ပေါင်း တစ်ရာအတွင်း လုပ်ငန်းတစ်ခုကိုလုပ်ဖို့ တော်တော်လေးတော့ စိန်ခေါ်မှုဖြစ်ပါတယ်။ အမြန်လမ်းနဲ့ ပတ်သက်လို့ကတော့ ပြည်သူလူထုထဲမှာ စိုးရိမ်စိတ်တွေရှိတာပေါ့ " လို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ပြုပြင်ဖို့အတွက် အပိုင်းသုံးပိုင်းခွဲထားပြီး အကြီးစားပြင်ဆင်မှု လုပ်ရမယ့်အပိုင်း၊ အလတ်စားပြင်ဆင်မှု လုပ်ရမယ့်အပိုင်းနဲ့ လက်ရှိအတိုင်း ဆက်လက် အသုံးပြုနိုင်တဲ့အပိုင်းဆိုပြီး ခွဲခြားထားပါတယ်။


"ဒီအမြန်လမ်းကို ဂျပန်ရော၊ အမေရိကန်ရောစစ်ဆေးပြီးသားပါ။ ၀န်ကြီးဌာနကလည်း ပညာရှင်တွေနဲ့ စစ်ဆေးထားပါတယ်။ အားနည်းချက်တွေကိုပြင် နိုင်ရင်လုပ်သွားနိုင်ရင် အကောင်းဆုံးဖြစ်သွားမှာပါ "လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

" အွန်လိုင်းမှာ တွေ့တဲ့မိန်းကလေးကို အပြင်မှာ ဓားထောက်အဖြေတောင်း "

 
ဆိုင်ကယ်ကယ်ရီသမားတွေက တွေ့မြင်ပြီး ဓားကို လုယူဝိုင်းဖမ်းကာ နမ့်စန်မြို့ ရဲစခန်းကိုအပ်ခဲ့ပါတယ်။

မိန်းကလေးတစ်ဦးဆီက ဓားထောက်ပြီး အဖြေတောင်းသူကို ဖမ်းဆီးခဲ့တယ်လို့ Police Media Group က ဖော်ပြထားပါတယ်။ ဖြစ်ရပ်ဟာ မတ်လ ၂၈ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်က နမ့်စန်မြို့မင်းလမ်းဆုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နမ်စန့်မြို့အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးကို အွန်လိုင်းပေါ်တွင် တွေ့မြင်ပြီး သဘောကျနှစ်သက်ကာ အလုပ်ပြန်ချိန်ကို စောင့်ပြီး ဓားထောက်အဖြေတောင်းတာ ဖြစ်ပါတယ်။ ဓားထောက်အကြမ်းဖက်တဲ့အမျိုးသားဟာ ဘားအံမြို့နေ အောင်ကျော်မိုးဆိုသူဖြစ်ပြီး နမ့်စန်မြို့က အဆိုပါအမျိုးသမီးကို လာရောက်ရှာဖွေ ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်ကယ်ရီသမားတွေက တွေ့မြင်ပြီး ဓားကိုလုယူဝိုင်းဖမ်းကာ နမ့်စန်မြို့ ရဲစခန်းကိုအပ်ခဲ့တယ်လို့ သိရပါ
Subscribe

လာလည်သူများ

free counters