♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2024

မန်စီးတီးအသင်းကို အရေးမယူသည့်အပေါ် ပရိသတ်များလှောင်ပြောင်

 

မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးမယူတဲ့အပေါ် ပရိသတ်တွေက လှောင်ပြောင်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ အသင်းငယ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေကိုတော့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်လို့ ဆိုပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဗာတန်အသင်းကို ၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပြီး နောက်ထပ် အမှတ်လျှော့ပြစ်ဒဏ် ထပ်ချဖို့ ရှိနေတာပါ။

ပြိုင်ဘက်အသင်းပရိသတ်တွေကတော့ အသင်းငယ်တွေကို အရေးယူပြီး မန်စီးတီးကို အရေးမယူတဲ့အပေါ် ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်ခဲ့ကြတာပါ။

မန်စီးတီးအသင်းကိုသာအမှန်တကယ်အရေးယူမယ်ဆိုရင် အင်္ဂလန်အောက်ဆုံးတန်းက လိဂ်အထိ  တန်းဆင်းသွား ရနိုင်ပေမဲ့ ကင်းလွတ်ခွင့်ရရှိနေကြောင်း ပရိသတ်တစ်ဦးက ဝေဖန်ပါတယ်။

တခြားပရိတ်သတ်တယောက်ကတော့ မန်စီးတီးဟာလည်း ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက် ချိုးဖောက်တယ်လို့ ဆိုထားပေမဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်တို့အပေါ် အရေးယူသလိုမျိုး တူညီတဲ့ လုပ်ဆောင်မှုမရှိကြောင်း ပြောပါတယ်။ 

မန်စီးတီးအပြင် ချဲလ်ဆီးအသင်းရဲ့ ငွေကြေးသုံးစွဲခဲ့မှုအပေါ် အရေးမယူခဲ့တာကိုလည်း ပရိသတ်တွေက ဝေဖန်ထောက်ပြခဲ့ ကြပါတယ်။

Photo-Reuters

January 14, 2024

ဇန်နဝါရီလကုန်အထိ ဟာလန်း ကစားနိုင်မည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု

 

ဟာလန်းဟာခြေချောင်းရိုးဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ နောက်ဆုံး ၈ ပွဲ ကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။

ခြေချောင်းဒဏ်ရာက မျှော်လင့်ထားတာထက် ပိုမိုရှုပ်ထွေးနေတာကြောင့် လက်ရှိအချိန်အထိ အပြည့်အဝ လေ့ကျင့်ခန်းမဆင်းနိုင်သေးလို့ အခုတစ်ပတ်ပွဲစဉ်တွေကိုလည်း လွဲချော်မှာပါ။

ဆရာဝန်ကလည်း တစ်ပတ်အနားယူဖို့လိုအပ်ကြောင်း အသိပေးထားလို့ ပွဲကစားနိုင်မှာ မဟုတ်ဘဲ ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်ရောက်မှ ပြန်လည်လေ့ကျင့်နိုင်မယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။ အဲဒီပွဲအပြီး ၂ ပတ်အနားရမယ့် မန်စီးတီးအသင်းဟာ  ယူအေအီးနိုင်ငံ ဒူဘိုင်းကို သွားရောက် လေ့ကျင့်မှာ ဖြစ်ပါတယ်။ 

Photo-Reuters

Crd.......

နိုင်ပွဲရယူရန် ဒီဘရိုင်းလို ကစားသမားလိုအပ်ဟု နည်းပြဂွါဒီယိုလာ ချီးကျူး

 

နိုင်ပွဲရယူဖို့ ဒီဘရိုင်းလို ကစားသမားလိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ဒီဘရိုင်းက ၆၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးသွင်းခဲ့သလို အနိုင်ဂိုးအတွက်လည်း ဖန်တီးပေးခဲ့တာပါ။

ဒီဘရိုင်းဟာ ဒဏ်ရာကနေ ၅ လလောက် အနားယူခဲ့ရပြီးနောက် ဒုတိယမြောက် ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ပြန်ရခဲ့တာပါ။

ပွဲကို အနိုင်ရဖို့ဆိုရင် ဒီဘရိုင်းနဲ့ ဟာလန်းလို ကစားသမားတွေရှိဖို့ လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

ဒါ့အပြင် ဒီဘရိုင်းနဲ့အတူ ၈ နှစ်ကြာ အတူဖြတ်သန်းလာခဲ့ပြီးနောက်မှာ ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာ အထာသိနေပြီဖြစ်ပြီး ဒီဘရိုင်းက ဂိုးဧရိယာရှေ့မှာ ထူးချွန်စွာ လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း၊ နည်းဗျူဟာအရ လုပ်ဆောင်နိုင်တာမျိုးမဟုတ်ဘဲ ပင်ကိုစွမ်းရည် ထူးချွန်မှုကြောင့် လုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

ဒီဘရိုင်းကတော့  အသင်းကို ကူညီနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိပြီး အဲဒီလို အခိုက်အတန့်တွေကို လွမ်းဆွတ်နေရတာ ကြာပြီဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။

Photo-REUTERS/Scott Heppell

Subscribe

လာလည္သူမ်ား

free counters