♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 8, 2016

" စွန့်ပစ် ပလတ်စတစ်ဘူးများကို အုတ်အစားထိုး၍ ကျောင်းဆောင်တည်ဆောက် "


စွန့်ပစ်ပလတ်စတစ်ဘူးများဖြင့် အဆောက်အအုံဆောက်လုပ်နေစဉ်(fb.com/ BaganBottleProject)
မန္တလေးတိုင်းဒေသကြီး ပုဂံ(ညောင်ဦး)မြို့နယ် နတ်ကြို အိုင့်ရွာတွင် စွန့်ပစ်ပလတ်စတစ် ဘူးများကို အုတ်အစားထိုး၍ မူလတန်းလွန်ကျောင်းတစ်ကျောင်း တည်ဆောက်နေကြောင်း သတင်းရရှိသည်။

စွန့်ပစ်ပလတ်စတစ်ဘူးများ ကို အုတ်နေရာတွင် အစားထိုး ဆောက်လုပ်ခြင်းမှာ စွန့်ပစ်ပစ္စည်း များအား ပြန်လည်အသုံးချနိုင်ခြင်း ကို ဒေသခံများ သိရှိစေရန် ရည် ရွယ်သည်။

အမှိုက်ပုံမှ အမှိုက်များကို ကောက်ပြီး ရေသန့်ဘူးခွံဟောင်း များထဲထည့်၍ မာအောင်လုပ်ကာ ဘူးခွံဟောင်းများကို ဘေးနံရံတွင် စီတန်း၍ သံဆန်ခါဖြင့် ထပ်အုပ်ပြီးနောက် ဘိလပ်မြေဖြင့် အချောကိုင်ကြောင်း အဆိုပါ ကျောင်း၏ ကျောင်းအုပ်ကြီး ဦးသိန်းဝင်းက ပြောသည်။

‘‘စွန့်ပစ်ပစ္စည်းတွေကို Recicle အနေနဲ့ ပြန်လည်အသုံး ချတာပါ။ ဒေသခံတွေလည်း လုပ် လို့ရတယ်ဆိုတာ သိအောင်ပါ’’ ဟု ၎င်းကဆိုသည်။

ယခုနှစ် ဇူလိုင် ၃ ရက်က ထို ကျောင်းအဆောက်အအုံဆောက် လုပ်ရာတွင် ပုဂံ(ညောင်ဦး)မှ ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော်က လုပ်အားပေးခဲ့ကြသည်။

ပုဂံ(ညောင်ဦး)မြို့နယ် နတ် ကြိုအိုင့်ရွာတွင် စွန့်ပစ်ပလတ်စ တစ်ဘူးများကို အုတ်အစားထိုး၍ ဆောက်လုပ်ထားသော ကျပ်သိန်း ၈၀ တန် စာကြည့်တိုက်လည်း မကြာမီက ပြီးစီးသွားပြီး ယခုမူလ တန်းလွန်ကျောင်းတစ်ကျောင်းကို

" ၂၀၂၅ ခုနှစ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေအစား စက်ရုပ်နဲ့ လိင်ပျော်ပါးမှု ပိုများလာဖွယ် ရှိနေ " (18+)

 
သိရသလောက်တော့ လူတွေ စက်ရုပ်နဲ့ ချစ်တင်းနှောလာခဲ့ကြတာ ၁၀ နှစ်မက ရှိခဲ့ပါပြီ။ နောင်ဖြစ်လတ္တံ့သော လူသားတွေ အသက်ရှင်နေထိုင်မှုပုံစံကြိုသိမှု အတတ်ပညာရှင် Dr Ian Pearson က သူ့ ဗေဒင် ကသိုဏ်းဖန်လုံးထဲ မျက်စိတစ်ဖက်မှိတ် စူးစိုက်ကြည့်လိုက်တဲ့အချိန်မှာ လိင်စက်ရုပ်တွေ ခေတ်စားလာမယ့် အနာဂတ်ကို ပြေးမြင်ခဲ့ကြောင်း Mirror သတင်းက ဖော်ပြထားပါတယ်။

လိင်ကိစ္စရှေ့ရေးအနာဂတ်အပေါ် သတင်းအချက်အလက် အစီရင်ခံစာပြုစုခဲ့တဲ့ Pearson က စက်ရုပ်နဲ့အတူအိပ်တာက ယနေ့ခေတ် ညစ်ညမ်းရုပ်ရှင်ကြည့်ရှုသလိုမျိုးပဲ အမျိုးသမီးများအတွက် သာမန်ဖြစ်နေကျ ကိစ္စဖြစ်လာပါလိမ့်မယ်။စက်ရုပ်နဲ့ လိင်ပျော်ပါးမှု ပေါ်ပြူလာဖြစ်လာပါလိမ့်မယ်။ ဒီတော့ လူအချင်းချင်းလိင်ဆက်ဆံမှုကို ကျော်လွန်ပြီး ၂၀၅၀ ခုနှစ်မှာ လုံးလုံး အရွယ်ရောက် အမွေးအတောင်စုံလာပါလိမ့်မယ်။

Bondara မှ ပြုခဲ့တဲ့ အစီရင်ခံစာထဲမှာ အစပိုင်းတော့ လူတော်တော်များများ စက်ရုပ်နဲ့ လိင်ပျော်ပါးမှု ထိန်းထိန်းသိမ်းသိမ်းရှိနေသေးပေမယ့် စက်ရုပ်အထာတွေ၊ လူလုပ်ကွန်ပျူတာမှတ်ဥာဏ်တွေနဲ့ တဖြည်းဖြည်း အသားကျလာတဲ့အခါ သူတို့ခံစားချက် တိုးတက်ပြောင်းလဲကြပြီး ပြင်းပြတဲ့ စိတ်ခံစားမှုဆိုင်ရာ နှောင်ဖွဲ့မှုတွေနဲ့

" ကော်ဖီသောက်သူတိုင်း သိရမယ့် လျှို့ဝှက်ချက်တစ်ခု "

ကော်ဖီခွက်ငှဲ့ပြီဆိုတာနဲ့ ရေတစ်ခွက်ကိုပါ တစ်ခါတည်းငှဲ့ထားသင့်ပါတယ်။

ကော်ဖီစွဲနေတဲ့ လူတွေအတွက် Huffington Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။

ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း ရေသောက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး လူကို မောပန်းရင်တုန်တာတွေ ဖြစ်စေပါတယ်။ ကော်ဖီသောက်ပြီး ရေသောက်နည်းသွားတဲ့အခါ သွေးဟာ ပြစ်လာပါတယ်။ စွမ်းအင်ပိုသုံးရပြီး နှလုံးဟာ အလုပ် ပင်ပင်ပန်းပန်း လုပ်လာရပါတယ်။

ကဖိန်းဓာတ်ကြောင့်ရော၊ ရေဓာတ်ခန်းခြောက်တာကြောင့်ပါ ကော်ဖီကို ပိုသောက်ဖြစ်လာပြီး မောပန်းရင်တုန်တာတွေ ပိုဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကော်ဖီသောက်ပြီးတိုင်း ရေနှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

ဒါပေမဲ့ ကော်ဖီခွက်ငှဲ့ပြီဆိုတာနဲ့ ရေတစ်ခွက်ကိုပါ

" ရေကြီးရေလျှံ သတင်းလိုက်စဉ် ဖိနပ်ရေစိုမှာစိုးသည့် သတင်းထောက် သရော်ဝေဖန်ခံရ "

 
မက္ကဆီကိုနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေချိန် သတင်းရယူဖို့ ရောက်ရှိနေတဲ့ သတင်းထောက် အမျိုးသမီးတဦးဟာ သူ့ရဲ့ တန်ဖိုးကြီးဖိနပ် ရေစိုမှာစိုးရိမ်လို့ ဒေသခံ ၂ ဦးကို ချီပိုးခိုင်းပြီး ရေထဲကို ဖြတ်လျှောက်စေခဲ့လို့ သရော်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

လင်ဒီယာကမ်းမင်း အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ တီဗွီအက်ဇ်တီကာရုပ်သံမှ သတင်းထောက်တဦးဖြစ်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးစံ မပြည့်ဝမှုအတွက် ဝေဖန်ခံနေရပါတယ်။

သူဟာ ရေကြီးရေလျှံမှုကြောင့် နစ်မြုပ်နေခဲ့တဲ့ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ပြူဗလာမြို့ဆီ သတင်းယူဖို့ သွားရောက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။

သူ့ရဲ့ဇာတ်လမ်းဟာ အင်တာနက်ပေါ်မှာ တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပြီး ဒီအဖြစ်အတွက် ရုပ်ပြောင်ပုံတွေနဲ့ သရော်နေကြတာပါ။

ဘတ်ဇ်ဖိဒ်မှာ ဖော်ပြတဲ့ သတင်းတပုဒ်မှာတော့ ဒေသခံ ၂ ဦးက သူ့ကို အိမ်နီးချင်း ဘီးတပ်ကုလားထိုင်နဲ့ နေထိုင်ရတဲ့

" Twitter မှာ follower အများဆုံးအဖြစ် Katy Perry ဖော်ပြခံရ "

 
Katy Perry ကို follower ၉၀ မီလျှံကျော်နဲ့ တွဒ်တာမှာ follower အများဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခံရပါတယ်။ အဆိုပါအနုပညာရှင်ဟာ Justin Bieber ၊ Taylor Swift နဲ့ Barack Obama လိုပုဂ္ဂိုလ်မျိုးတွေရဲ့ likes တွေတောင် ကျော်လွန်ကာ သမိုင်းမှတ်တိုင် စိုက်ထူတဲ့ ပထမဦးဆုံး တွဒ်တာသုံးစွဲသူဖြစ်ပါတယ်။

It's party time, @katyperry! With 90 million on the guest list, we're gonna need a really big dance floor လို့ Twitter မှ ဖော်ပြရေးသားကာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ Twitter မှ ထုတ်ပြန်ချက်တစ်ခုအရ Katy Perry ကို ရည်ညွှန်းထားတဲ့ ထိပ်တန်းအသုံးအနှုန်း (၆) ခုက [my] queen ၊ beautiful၊ [the] best, better [than]၊ amazing နဲ့ [my] spirit animal စာသားတွေ ဖြစ်ပါတယ်။

သူမရဲ့ အရေးများဆုံး ၆ ခုထဲမှာ One Direction၊ Justin Bieber ၊ Demi Lovato နဲ့ Niall Horan တို့ကို ရည်ညွန်းချက်တွေ ပါဝင်ပါတယ်။ မေလ ၃၁ က Perry ဟာ သူမ Twitter အကောင့် ဟက်ခံခဲ့ပါတယ်။ နောက် Perry ရဲ့ အကောင့်ကနေ follower တွေအဖို့ ရိုင်းစိုင်းတဲ့ အဆက်မပြတ်ရေးသားမှုတွေနဲ့ ပြန်စခဲ့ပါတယ်။ နောက်တော့ ဟက်လုပ်သူဆီကနေ Perry ထံမှ ဖြစ်ကြောင်း အခိုင်အမာဖော်ပြကာ နဂိုကတည်းက ဖျက်ထားပြီးသား "Witness" သီချင်း Soundcloud link ပို့စ်တင်ခဲ့ပါတယ်။

Witness သီချင်းကို Slut ဆိုတဲ့ username အောက်မှာ တရားမဝင်ထုတ်လုပ်ရောင်းဝယ်တဲ့ remix

July 6, 2016

" မိန်းကလေးတွေက လူပျိုထက် ဘာလို့ များအိမ်ထောင်သည်ယောကျာ်းကို စွဲလမ်းမိတာဘာကြောင့်လဲ ? (သိပ်ကောင်းတဲ့စာသားလေးပါ မိမိကြောင့် တစ်ခြားသူရဲ့ ဘ၀ကို မပြိုပျက်ပါစေနဲ့ )"

 
၁) လူပျိုတွေထက်အိမ် ထောင်သည်ယောကျာ်းကပိုစီးပွားရှာနိုင်တယ်ထင်လို့ လား

တကယ်က စီးပွားရှာနိုင်တယ်မရှာနိုင်ဘူးဆိုတာ တစ်ယောက်ချင်းစီအရည်အချင်းနဲ့ 
သက်ဆိုင်ပါတယ် ။
လူပျိုထက် စီးပွားရှာနိုင်အားနည်းလို့ မိသားစုအဆင်မပြေတဲ့  အိမ်ထောင်သည်တွေအများကြီးရှိပါတယ် ။
ဒီတော့တွေးရမှာက အပျိုတစ်ယောက်အနေနဲ့ 
အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကို
မက်မောစွဲလမ်းတာက သူ့ ကိုရေများများလောင်း (ငွေများများပေး)လို့ ဖြစ်နိုင်တယ် ။
မပေးနိုင်တဲ့ နေ့ ကော ... အဲ့ ဒီ့ အိမ်ထောင်သည်ကြီးကို ခွာမှာလား
ဒါဆို စဉ်းစားဖို့ လိုပါပြီ ။
အမိဟာ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်နေတာ
ကိုယ့်ကိုယ်ကို လူမသိသူမသိတဲ့  ပြည့်တန်ဆာဘ၀ထဲသွပ်သွင်းနေတာပါ ။
ပိုက်ဆံရလို့ ကပ်တယ်ဆိုကတည်းက အဲ့ မိန်းမက ပြည့်တန်ဆာပဲ
ပြည့်တန်ဆာသည်သာ
ငွေကြေးအလို့ ငှာ ယောကျာ်းတွေနဲ့ ပလူးပရောနေတာပါ ။
.
၂) လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးချောတယ်ခန့် ညားတယ် ထင်လို့ လား

ဒါကလဲ သူတို့ ရဲ့ နေထိုင်မှု နဂိုရုပ်ရည်နဲ့ ဆိုင်ပါတယ် ။
အိမ်ထောင်သည်ဖြစ်မှပိုခန့် ညားလာတယ်
သပ်ရပ်လာတယ်ဆိုတာက သူ့ အိမ်ထောင်ရှင်မရဲ့ အရည်အချင်းပါ ။
သပ်ရပ်သန့် ရှင်းနေဖို့ အတွက်လျှော်ဖွတ်မီးပူတိုက်ကို
သူ့ အိမ်ထောင်ရှင်မက ကိုယ်တိုင်မလုပ်ပေးတောင် စီမံခန့် ခွဲထားတာပါ ။
ရုပ်ကိုမက်တဲ့ အမိ သူအိုသွားရင်ကော သဘောကျအုံးမှာလား စွဲလမ်းအုံးမှာလား
အမိလဲအဲ့လိုစိတ်ရှိတယ်ဆို အမိဝင်တိုးတာကိုလက်သင့်ခံတဲ့
သကောင့်သားအိမ်ထောင်သည်လည်း
အမိလို ရုပ်အလှမက်တဲ့ စိတ်ရှိနေနိုင်တယ်ဆိုတာ သတိပြုပါ ။
.
၃) လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးကြင်နာ ဂရုစိုက်တတ်လို့ လား ။

ကြင်နာဂရုစိုက်တယ်ဆိုတာက အဲ့ ဒီလူရဲ့အကျင့်နဲ့ ဆိုင်ပါတယ် ။ နောက်ပြီး အိမ်ထောင်သည်ယောကျာ်းမှမဟုတ်ဘူး

" သင့်ချစ်သူဟာ ဒီအချက်တွေ လုပ်ဆောင်တတ်တယ်ဆိုရင် သူ သင့်ကို တုန်နေအောင် ချစ်တာသေချာ "

 
ဟန်ဆောင်မှုတွေများလွန်းတဲ့ ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့ သဲလွန်စတချို့တော့ရှိပါတယ်။

၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း
သူတို့ကောင်မလေးတွေကို တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။ ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ သိချင်လို့ ဖြစ်ပါတယ်။ မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။

၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း
ကောင်မလေးကို တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ကြာကြာ စိတ်မဆိုး တတ်ကြပါဘူး။ ကောင်မလေးအပေါ် စိတ်ဆိုးဒေါသထွက်တဲ့အခါ ဒါ သူတို့အတွက် ဝန်ထုပ်တစ်ခုဖြစ်ပါတယ်။ ဒီတော့ ခွင့်လွှတ်ပေးလိုက်ခြင်းက စိတ်သက်သာရာရမှု တစ်ခုဖြစ်ပါတယ်။

၃။ “ငါတို့” ဆိုတဲ့ အသုံးအနှုန်း သုံးစွဲခြင်း
ယောက်ျားလေးက မိန်းကလေးကို တကယ်သံယောဇဉ်ရှိလာတဲ့အခါ မိမိကိုယ်ကိုယ် တစ်ယောက်တည်းလို့ မယူဆတော့ဘဲ ကောင်မလေးကို မိမိကိုယ်ခွဲလို စမြင်လာကြပါတယ်။ ဒီအချက်ကြောင့် “ငါ” အစား “ငါတို့” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲကြပါတယ်။

၎။ သင်လုပ်ချင်ရာကို သူလည်း လုပ်ချင်
သူ ဈေးဝယ်ထွက်တာ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သင်သဘောကျနေတော့ ဘယ်လိုပဲဖြစ်ဖြစ် သူလိုက်ပေးပါလိမ့်မယ်။ ဒါက သူ သင်နဲ့ ထွက်လည်ရတာ သဘောကျကြောင်း ဖော်ပြပါတယ်။

၅။ သင့်အကြောင်း သိလိုခြင်း
သင့်ကို တကယ်ဂရုစိုက်တဲ့ ယောက်ျားတစ်ယောက်က သင့်အကြောင်းအကုန်အစင်သိအောင် နည်းလမ်းရှာကြံပါလိမ့်မယ်။ ဒီအချက်က သူ သင့်ကို အရူးအမူးချစ်တာကို ဖော်ပြပါတယ်။

၆။ အံ့အားသင့်အောင် လုပ်ခြင်း
ယောက်ျားလေးတစ်ယောက်က သင့်ကို တကယ်ချစ်မချစ် ပြောပြနိုင်တဲ့ နည်းလမ်းတစ်က သူ သင့်ကို အံ့အားသင့်အောင်

" မေးစေ့အောက် အဆီပို ဖယ်ရှားနည်း (၃) မျိုး "

 
အိုမင်းရင့်ရော်မှု၊ အဆီများခြင်း သို့မဟုတ် ရေသောက်သုံးမှုမလုံလောက်ခြင်းရဲ့ အကျိုးဆက်အဖြစ် လည်ပင်းတဝိုက် အဆီပိုတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီပြသနာကို အမျိုးသမီးနဲ့ အမျိုးသား အတော်များများ ရင်ဆိုင်ကြရတတ်ပါတယ်။ မေးစေ့အောက်အဆီပို ဖယ်ရှားခြင်းကို ဖြေရှင်းမရတဲ့ ပြသနာလို့ အများစု ယူဆကြပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ လှပချောမောပြေပြစ်တဲ့ လည်ပင်းနဲ့ မေးရိုး ပိုင်ဆိုင်လိုပါက ရိုးရှင်းပြီး သဘာဝဖြေရှင်းနည်း (၃) ခု ဖော်ပေးလိုက်ပါတယ်။

၁။ ရေ ပိုသောက်ပေးပါ

ရေအလုံအလောက်သောက်သုံးခြင်းက မျက်နှာပေါ် အဆီပို ဖြစ်စေနိုင်တဲ့ ရေဝှက်/တင်ခြင်းကို ရှင်းထုတ်ပေးပါလိမ့်မယ်။ ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ ဒီ သဘောကျစရာ မကောင်းတဲ့ ပြသာနာမဖြစ်အောင် ရှောင်ရှားဖို့ နေ့စဉ်ရေအလုံအလောက် သောက်ဖြစ်အောင် သေချာဂရုစိုက်ပါ။

၂။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ

အစားအသောက်က အပြင်ပန်းရုပ်အသွင်အပြင်ကို အများဆုံး အကျိုးသက်ရောက်စေပါတယ်။ အဆီနဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေ ရှောင်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုစားပေးပါ။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း ပိုမိုစားသုံးပေးပါ။

၃။ လည်ပင်းနဲ့ မျက်နှာ နှိပ်နယ်ပေးပါ

ပုံမှန်နှိပ်နယ်ပေးခြင်းက လည်ပင်တဝိုက်ရှိ အဆီပိုတွေ သိသာစွာ ရှင်းလင်းပေးနိုင်ပါတယ်။ လက်ချောင်းတွေ အသုံးပြုပြီး

" အမျိုးသားများနဲ့မတူဘဲ အမျိုးသမီးတွေရဲ့ ကြယ်သီးဟာ ဘယ်ဘက်မှာရှိနေခြင်းဟာ ဘာ့ကြောင့်လဲ ..."

 
ယောက်ျားလေးဝတ် ရှပ်အင်္ကျီအများစုမှာ ကြယ်သီးတွေက အင်္ကျီရဲ့ညာဘက်ခြမ်းမှာ ရှိနေပြီး မိန်းကလေးဝတ် ရှပ်အင်္ကျီတွေမှာတော့ ဘယ်ဘက်ခြမ်းမှာ ရှိနေတတ်တာ သတိထားမိပါသလား။ သတိထားမိတယ်ဆိုရင်တော့ အဲဒီလို ဘာကြောင့်ဖြစ်တာလဲဆိုတာ တွေးဖူးပါသလား။


Quora ဆိုတဲ့ အမေး အဖြေ ဝက်ဘ်ဆိုက် အသုံးပြုသူတစ်ဦး သုံးသပ်ထားပုံက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သူ့ရဲ့သုံးသပ်ချက်ကတော့ မိခင်နို့တိုက်ကျွေးရတဲ့ အမျိုးသမီးတွေ အဆင်ပြေစေဖို့အတွက် မိန်းကလေးဝတ် ရှပ်အင်္ကျီကြယ်သီးတွေကို ဘယ်ဘက်မှာ တပ်လေ့ရှိတာပါတဲ့။

လူအများစုက ညာသန်တွေဖြစ်တာကြောင့် မိခင်နို့တိုက်ကျွေးမယ့် အမျိုးသမီးတွေ ကလေးတဖက်နဲ့ ကြယ်သီးဖြုတ်ရာမှာ လွယ်ကူစေဖို့လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သုံးသပ်ချက် မတိုင်ခင်ကတော့ ၁၉ ရာစုတုန်းက အမျိုးသမီးတွေကို သူတို့ရဲ့ အစေခံတွေက အဝတ်အစား ဝတ်ပေးရတဲ့အတွက် အစေခံတွေက ညာလက်နဲ့ ကြယ်သီးတပ်ပေးတဲ့ အချိန်မှာ အဆင်ပြေစေဖို့ ကြယ်သီးတွေကို ဘယ်ဖက်မှာ တပ်ထားတာဆိုတဲ့ အယူအဆတစ်ခု

" သူငယ်ချင်းကို မနာလိုဖြစ်နေတယ်ဆိုတဲ့ လက္ခဏာ (၅) ခု "

 
၁ - သူတို့ရဲ့ သတင်းကောင်းကို သင်မပျော်ဘူး

သူငယ်ချင်းတစ်ယောက်က သူတို့ဘဝမှာ မြင့်တယ်လို့ ခံစားရတဲ့ အတွေ့အကြုံတစ်ခုကို ရတဲ့အခါ သင်မပျော်သလို ခံစားရတယ်ဆိုရင် ဒါဟာ မနာလိုဖြစ်နေတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

၂ - သူတို့ရဲ့အောင်မြင်မှုကို သိမ်ငယ်ဖို့ ကြိုးစားတယ်

သူတို့ရဲ့ အောင်မြင်မှုကို သိမ်ငယ်ဖို့ ကြိုးစားမိနေတတ်ပါတယ်။ ဒါပေမဲ့ သင် ရည်ရွယ်ချက်မရှိဘဲ ဒါကို လုပ်မိတာပါ။

၃ - သင့်သူငယ်ချင်းကို သင်ရှောင်တယ်

ဖေ့စ်ဘွတ်မှာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် သူနဲ့ စကားပြောဖို့ ရှောင်နေပါတယ်။ သူတို့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို သင်နားထောင်ရမှာ ကြောက်နေပါတယ်။

၎ - မှီခိုလွန်းတယ်

သူငယ်ချင်းတွေကို မနာလိုစိတ် စဝင်လာတဲ့အခါ ရှောင်တဲ့လူရှိသလို ပိုမို မှီခိုလာတာလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ထားခဲ့ပြီး နောက်တစ်ယောက်နဲ့ ပိုခင်သွားမှာကို ကြောက်တာ ဖြစ်ပါတယ်။

၅ - ပြိုင်ဆိုင်ဖို့ လိုတယ်လို့ ခံစားရတယ်

July 3, 2016

" ကော်ဖီသောက်သူတိုင်း သိရမယ့် လျှို့ဝှက်ချက်တစ်ခု "

ကော်ဖီစွဲနေတဲ့ လူတွေအတွက် Huffington Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။
ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း ရေသောက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး လူကို မောပန်းရင်တုန်တာတွေ ဖြစ်စေပါတယ်။ ကော်ဖီသောက်ပြီး ရေသောက်နည်းသွားတဲ့အခါ သွေးဟာ ပြစ်လာပါတယ်။ စွမ်းအင်ပိုသုံးရပြီး  နှလုံးဟာ အလုပ် ပင်ပင်ပန်းပန်း လုပ်လာရပါတယ်။


ကဖိန်းဓာတ်ကြောင့်ရော၊ ရေဓာတ်ခန်းခြောက်တာကြောင့်ပါ ကော်ဖီကို ပိုသောက်ဖြစ်လာပြီး မောပန်းရင်တုန်တာတွေ ပိုဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကော်ဖီသောက်ပြီးတိုင်း ရေနှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။
ဒါပေမဲ့ ကော်ဖီခွက်ငှဲ့ပြီဆိုတာနဲ့ ရေတစ်ခွက်ကိုပါ

" မိန်းကလေးအများစု မိမိထက်အသက်ကြီးတဲ့သူကိုကြိုက်ရခြင်းအကြောင်းရင်း "

 
ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်မေးတယ်။ နင်တို့မိန်းကလေးတွေ ဘာလို့ ကိုယ့်ထက်အသက်ပိုကြီးတဲ့ယောက်ျား လေးကို ကြိုက်တာလဲတဲ့။ မိန်းကလေး အကုန်လုံးတော့မဟုတ်ပေမယ့် မိန်းကလေးတော်တော်များများက မိမိထက်ပိုပြီး
အသက်ကြီးတဲ့ ယောက်ျားလေးကိုကြိုက်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီလိုကြိုက်ဖြစ်တာ အကြောင်းအရင်းရှိပါ
တယ်။ မိန်းကလေးတွေ ကိုယ့်ထက်အသက်ပိုကြီးတဲ့ယောက်ျားလေးတွေကို ကြိုက်ရတဲ့အကြောင်းအရင်းများကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ပိုပြီး အတည်တကျရှိတယ်။

ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေနဲ့တွဲရင် ရင်ခုန်ဖို့တော့ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ရင်ခုန်တာက ဘဝမမဟုတ်ပါဘူး။ အသက်ကြီးတဲ့ယောက်ျားလေးတွေကတော့ တည်ငြိမ်ပြီး ရင့်ကျက်နေလေ့ရှိပါတယ်။ မိန်းကလေးတွေဆိုတာ
အသက် ၂၅ကျော်ရင်တောင် အပျိုကြီးလို့ ပတ်ဝန်းကျင်က ထင်တတ်ကြတယ်လေ။ ယောက်ျားလေးတွေကျတော့
အသက် ၃၅လောက်မှာ လူပျိုကြီးလို့အခေါ်ခံရတာပါ။ ဒါ့ကြောင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေရဲ့ Relationship မှာ တစ်ခါတစ်လေ ၅နှစ်လောက်ကွာနေတာဖြစ်ပါတယ်။

(၂) အသိဥာဏ်ရင့်ကျက်မှု

Brainy is new sexy ဆိုတဲ့ စကားလေးကြားဖူးပါတယ်။ တကယ်တော့ Brainy was always sexyပါ။ အသိဥာဏ်ရင့်ကျက်မှုက ယောက်ျားလေးတွေကို ဆွဲဆောင်မှုရှိစေပါတယ်။ ခက်ခဲတဲ့အခြေအနေတွေကို အရွယ်ရနေပြီဖြစ်တဲ့
အမျိုးသားတွေက ဆယ်ကျော်သက်မြှီးကောင်ပေါက်တွေထက်စာရင် ပိုမိုကိုင်တွယ်တတ်ပါတယ်။ မိန်းကလေးတွေဆို

" ပထမဦးဆုံး သမီးရည်းစား ချိန်းတွေ့မှုမှာ ဘယ်လိုဝတ်စားဆင်ယင်သင့်လဲ "

 
ကနဦးသမီးရည်းစားချိန်းတွေ့မှုဆိုတာ ထူးခြားပါတယ်။ ဘယ်လောက်လန်းချင်လဲဆိုတာ အရေးမကြီးသေးပါဘူး။ တိုတိုပြောရင် မိမိသဘောကျတဲ့ မိန်းကလေးနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရတော့မှာမို့ စိတ်ဝင်စားမှုရအောင် လုပ်ချင်ကြမှာ အမှန်ပါပဲ။  ခမ်းနားတဲ့နေရာ ရွေးချယ်သတ်မှတ်ပြီး အကောင်းဆုံးရေမွှေးဆွတ်ထားသည့်တိုင် မိမိစတိုင်လ်ကို လျစ်လျုရှုထားပါက အစစအရာရာ စီစဉ်ထားသလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ပထမဆုံးသမီးရည်းစားချက်တွေ့မှုဆိုင်ရာ သိသင့်တဲ့အချက်တချို့ဖော်ပြပေးပါမယ်။

ရှည်ရှည်ဝေးဝေးမစဉ်းစားဘဲ ကိုယ်နဲ့သင့်တော်လိုက်ဖက်တာတွေ ဝတ်ဆင်ပါ။ ဒီချိန်မှာ ဒါက တခြားအရာထက် ပိုအရေးကြီးပါတယ်။ 

အဝတ်အစားအရောင်

အနီ၊ လိမ္မော်ရောင်စတဲ့ မျက်စိနောက်စရာကောင်းလောက်အောင် တောက်ပြောင်လွန်းတဲ့ အရောင်မျိုးရှောင်ပါ။ အစိမ်းနုရောင်၊ နက်ပြာရောင်၊ မိုးပြာရောင်၊ မြေနီရောင်၊ မြေဝါရောင်တွေ အမြဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ဖိနပ်ကို အထူးဂရုစိုက်ပါ
သိတဲ့အတိုင်း မိန်းကလေးတွေဟာ ဖိနပ်နဲ့ ပတ်သက်လို့ အရူးအမူးဖြစ်ကြပြီး ဖိနပ်ကိုပဲ အထူးအာရုံထားတတ်ကြပါတယ်။ ကြိုးဖိနပ် သို့မဟုတ် ပေါ့ပါးတဲ့ဖိနပ်မျိုး ထသွားထလာအတွက်စီးတဲ့ ဖိနပ်မျိုး ရွေးစီးပါ။ အဲဒီဖိနပ်မျိုးက ဘယ်ရာသီဥတုနဲ့မဆို အပ်စပ်ပါတယ်။ အပြင်မှာ သိပ်မပူရင် ညှပ်ဖိနပ်စီးနိုင်ပါတယ်။

ရေမွှေးစွတ်ဖို့ မမေ့ပါနဲ့
မိမိအကြိုက်ဆုံး ရေမွှေးမစွတ်ဘဲ သမီးရည်းစားချိန်းတွေ့ဖို့ မသွားပါနဲ့။ ရေမွှေးက မိန်းကလေးတွေအတွက်

" တရုတ်နဲ့ ဟောင်ကောင်ကိုဆက်ပေးမယ့် ကမ္ဘာ့အရှည်ဆုံးတံတား "


ဟောင်ကောင်နဲ့တရုတ်ကို ဆက်သွယ်ပေးမယ့် ကမ္ဘာ့အရှည်ဆုံးတံတားကို လွန်ခဲ့တဲ့ ခုနှစ်နှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တံတားဟာ ၁၄ မိုင်ရှည်လျားပြီး ရေအောက် လှိုင်ခေါင်းတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါတံတားစီမံကိန်းဟာ ဟောင်ကောင်၊မက္ကာအိုနဲ့ တရုတ်နိုင်ငံမြို့ Zhuhai တို့ကို ဆက်သွယ်ဖို့ရည်ရွယ်ထားတဲ့ စီမံကိန်းဖြစ်ပြီး ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၅ ဘီလီယံထိ ရှိနေတယ်လို့ သိရပါတယ်။ ၂၀၀၉

" မှတ်ဉာဏ်ဆုံးရှုံးမှုအတွက် သိထားရမည့် အချက်များ "

 
သော့များ (သို့မဟုတ်) စာကြည့်မျက်မှန်ထားခဲ့သော နေရာကို မေ့လျော့ခြင်းကဲ့သို့ မပြင်းထန်သော မှတ်ဉာဏ်ထိခိုက်မှုများသည် စိုးရိမ်စရာကောင်းသော်လည်း သာမန်အခြေအနေသာဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။


သို့သော် ကားသော့ကို ရေခဲသေတ္တာထဲထည့်သိမ်းခြင်းကဲ့သို့ အချို့သော မှတ်ဉာဏ်ပြဿနာများမှာ ပို၍ ပြင်းထန်သော အခြေ အနေတစ်ရပ်ကို ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်သည့် မှတ်ဉာဏ်ပြဿ နာများကို သိထားရန်လိုသည်။ ဥပမာ- စာရင်းစာအုပ်ကို ကိုက်ညှိ ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကားမောင်းခြင်းတို့ ကဲ့သို့ နေ့စဉ်လုပ်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေသည့် မှတ်ဉာဏ်ဆုံးရှုံးမှု (သို့မဟုတ်) ချိန်းဆိုထားခြင်းများကို ပုံမှန်ဆိုသလို မေ့လျော့ခြင်း၊ ကားရပ်ထားခဲ့ရာနေရာကို မေ့လျော့ခြင်းတို့ကဲ့သို့ မကြာခဏမှတ်ဉာဏ်ပျောက်ဆုံးခြင်းများမှာ ဆေးကုသမှုခံယူရန်လို အပ်ကြောင်း အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံကွပ်ကဲရေးဌာန (FDA)က ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အခြားသတိထားရမည့်အချက်များတွင် ပြောစကားများအား လုံးမေ့သွားခြင်း၊ ဆွေမျိုးများ (သို့မဟုတ်) ရင်းနှီးသောမိတ်ဆွေများ ၏ အမည်များကို မေ့လျော့ခြင်း၊ စကားတစ်ခွန်းကို အကြိမ်ကြိမ် ပြောမိခြင်း (သို့မဟုတ်) လူတစ်ယောက်ကို မေးခွန်းတစ်ခုတည်း အကြိမ်ကြိမ်မေးနေမိခြင်းတို့ ပါဝင်သည်။

နောက်ထပ်သတိထားရမည့်အချက်မှာ အချိန်ကြာသည်နှင့် အမျှ ပိုဆိုးလာသည့် မှတ်ဉာဏ်ဆုံးရှုံးမှုအခြေအနေ ဖြစ်သည်။

မှတ်ဉာဏ်ပြဿနာများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ လျော့ပါးစေရန် သွေးထဲရှိ ကိုလက်စထရောပါဝင်မှုကို လျှော့ချပြီး သွေးမတိုးအောင်နေထိုင်ခြင်း၊ ဆေးလိပ်နှင့်အရက်ရှောင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်းစွမ်းရည်သစ်တစ်ခုသင်ယူ ခြင်း၊ ဂိမ်းကစားခြင်းနှင့် ဥယျာဉ်စိုက်ပျိုးခြင်းတို့ ပြုလုပ်နိုင်သည်။

မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိပြီး ဆေးဝါးများအသုံးပြုနေရခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတွင်ဒဏ်ရာရခြင်း၊ HIV၊ တီဘီ ၊ ဆစ်ဖလစ်နှင့်
Subscribe

လာလည်သူများ

free counters