♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 23, 2014

အချစ်ဆိုတာ "စပျစ်လား"

ချစ်ဦး သက်လယ်
အချစ်...ကိုယ်ရင်နင့်အောင် ချစ်ရတဲ့အချစ်......ဒီစာလေးနှင့် ချစ်ကို ကိုယ်နှုတ်ဆက်ခဲ့ပါရစေ....ချစ်ကိုရင်ဆိုင်ရဲတဲ့ စွမ်းအား
မရှိတော့ဘူး......ကိုယ့်ရဲ့ ရင်တွေမချိတော့ဘူး......တချိန်က အချစ်ရဲ့မျက်နှာလေးကို ......ပြူတင်းပေါက်က လှမ်းကြည့်ပြီးမှ
အိပ်ယာဝင်မှ အိပ်တတ်ခဲ့တဲ့သူ ...မနက်အစောထခဲ့ရင်လည်းဦးဦးဖျားဖျား အချစ်က အသံပေးမှပြူတင်းပေါက်ကနေ...အချစ်
မျက်နှာလေးကိုတွေ့မှ.......မျက်နှာသစ်တတ်တဲ့သူ... အစာစားရင်လည်း........ မေမေနှင့် ဖေဖေ မသိအောင်..အချစ်ခွံ့ကျွေး
တာကို........စားတတ်တဲ့သူ...နေမကောင်းလို့ ....... ဆေးမသောက်ခင်မှာ..... အချစ်အနမ်းပေးမှ.. ဆေးသောက်တတ်တဲ့
သူ .. ဘာမဆို အချစ်မပါရင်   ဘာမှ မလုပ်တတ်တဲ့သူဟာ  ဒီနေ့ တော့  အချစ်ကို ရင်နင့်စွာနှင့်..နှလုံးသား ကွဲအက်မှုတွေ
နှင့်.... နှလုံးသား ကွဲအက်မှုတွေ ပြွမ်းတီးစွာနှင့်..... ပျော်ရွှင်မှုတွေ.... ဆိတ်သုဉ်းပြီး..... နှလုံးသားရဲ့ချစ်ဥယျာဉ်မှာ..သောက
မီးမုန်တိုင်းကြီး...ပတ်ချာဝိုင်းလို့  လောင်နေခဲ့ရပြီ.....ကိုယ်ဆက်လက်ပြီးခံစားနိုင်စွမ်း.....မရှိတော့ပါဘူး.....အသက်ဝိညာဉ် 
ကင်းမဲ့တာနှင့် စာရင်......အချစ် ဝိညာဉ် ကင်းမဲ့တာဟာ....... ကြင်နာမှုရဲ့ ရသာသိုက်ကြီးထဲမှာ....... အမုန်းဘီလူးကြီး...
ဝင်စီးခံရသလို .....အနေရခက်လှတယ်အချစ်ရယ်.ချစ်ကို ကိုယ်မမြင်ရတာ ကြာလေ..ကိုယ့်ရဲ့ ရောဂါက...ပိုဆိုးလေ ပိုဆိုးလေပါဘဲ ကိုယ်ဟာ......ရောသမမောင်စိုး ကားတွေကို.... နှစ်သက်တာထက် .......ရောသမမောင်စိုး ကား မမြင်ရရင်
အိပ်မပျော်တဲ့ အဖြစ်ထက် အဆပေါင်းများစွာ ပိုပါတယ်.....ဒါတွေကိုချစ်လည်း.....သိပြီးသားပါ ကိုယ် ချစ်ကို မခွဲနိုင်ဘူးကွာ
ဒါပေမဲ့ ဒီနေ့ မှာ...တော့ ကိုယ်ဟာ စိတ်ပိုင်းဖြတ်ချလိုက်ပြီ... ချစ်ကို ချစ်ရဲ့ ဦးလေး......ဦးပေထူက စက်သူဌေးမင်း မောင်ဘ ကလေးနှင့် ငွေကို မက်ပြီး.....ပေးစားဘို့လုပ်နေတော ကိုယ်မခံနိုင်ဘူး......... နောက်အပတ်ထဲ စေ့စပ်ဖို့ လုပ်တော့မယ် ဆို
ဘဲ...ချစ်ဘက်ကလည်း........မိသားစု စားဝတ်နေရေး ....အတွက် နှုတ်ငြိမ်နေတာတွေ့တော့လေ......ကိုယ် အနေရ ခက်
တယ်...... ပြတ်သားမှုကို........မပြနိုင်သေးတဲ့ ချစ်ကြောင့် ကိုယ်ရင်ကွဲရပြီ ချစ်ရေ ဒီစာဟာ.....ကိုယ့်ရဲ့နောက်ဆုံးစာလို့ဘဲ
မှတ်ယူလိုက်ပါတော့....ချစ်သူနှင့် မပေါင်းသင်းရတော့မဲ့အတူတူ ကိုယ်လည်း .....ဒီလောကကြီးထဲမှာ......မနေလိုတော့ဘူး.
ကိုယ်နှင့် ချစ်တို့ ပထမဦးဆုံးစချစ်ခဲ့ကြတဲ့နေ့ က ထန်းပင်ကြီး မပန်းအိုကို...တိုင်တည်ပြီး......မပန်းအိုရဲ့ ပင်စည်ကြီးကို နှစ်
ယောက်သားဖက်ပြီးသစ္စာ.....ဆိုခဲ့တဲ့ နေဝင်ရီရောအချိန်မှာ......ကိုယ်ဟာ.....မပန်းအိုအပင်ထက်ကို...တက်ပြီးတော့......
အောက်ကိုခုန်ချလို့ အချစ်သက်သေပြ...

September 22, 2014

စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မပာန်သာထွန်းအား ပြန်လည်တွေ့ပြီးတဲ့

စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မဟန်သာသွန်း အား ပြန်လည် တွေ့ရှိကြောင်း အသိပေး ဖော်ပြခြင်း

ရန်ကုန်၊ စက်တင်ဘာ ၂၁

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နောင်တိုးနှင့် မိသားစုသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit market ၌ဈေးဝယ်နေစဉ် ယာဉ်ပေါ်၌ကျန်နေခဲ့သော သမီးဖြစ်သူ မဟန်သာသွန်း၊ (၁၄)နှစ်မှာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ လူပျောက် အမှတ်စဉ် (၂၁/၂၀၁၄) ဖြင့်ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လူပျောက်မှုနှင့် ပတ်သက်၍ ပျောက်ဆုံးသူ မဟန်သာသွန်း၏ သတင်းတစ်စုံတစ်ရာ ရရှိပါက အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း Yangon Police Facebook မှလည်း ၂၀.၉.၂၀၁၄ ရက်နေ့တွင် မေတ္တာရပ်ခံဖော်ပြခဲ့ပါသည်။

ပျောက်ဆုံးသူ မဟန်သာသွန်းအား စုံစမ်းရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏စီမံညွှန်ကြားမှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များ၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ မဟန်သာသွန်းနှင့် အတူပါရှိသွားသည့် ဖုန်းနံပါတ်မှ ယင်းနေ့ ၁၉၃၀ အချိန်ခန့်တွင် လသာမြို့နယ်၊ လသာလမ်း၌ ငွေကျပ်(၃)သိန်းဖြင့် လာရောက် ခေါ်ဆောင်ရန် ၎င်း၏မိခင်ဖြစ်သူ ဖုန်းနံပါတ်သို့ message ပေးပို့ခဲ့သည်ကိုသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ ဆောင်ရွက်နေစဉ် ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် မဟန်သာသွန်းမှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိဘများမှ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ယင်းသို့မဟန်သာသွန်း ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား သိရှိနိုင်ရေးအတွက်ရဲတပ်ဖွဲ့မှသွားရောက်တွေ့ဆုံပြီး မေးမြန်းစုံစမ်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းသည် အဆိုပါနေ့က ကျူရှင်ပြီးဆုံး၍ မိဘများလာကြိုသော ကားဖြင့်လိုက်ပါ လာခဲ့ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ Sprit market ၌ မိဘများမှ ဈေးဝင်ဝယ်
နေစဉ် ၎င်းတစ်ဦးတည်းကျန်နေခဲ့ရာမှ ယာဉ်ပေါ်မှဆင်းကာ အနီးရှိ သီလရှင် ကျောင်းဝင်းအတွင်းသို့ဝင်၍ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း၊ သီလရှင် ကျောင်းဝင်းအတွင်း ရှိ သိမ်ကျောင်းရှေ့တွင် တစ်ညလုံးနေခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများလိုက်မရှာနိုင်စေရန်ရည်ရွယ်၍ ၎င်းအား ပြန်ပေးဆွဲခံထားရသကဲ့သို့ မိခင်ဖြစ်သူထံ ၎င်းကိုယ်တိုင် message ပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် မိခင်အားသတိရသည့်စိတ်ဖြင့် နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဟန်သာသွန်းအနေဖြင့် ယင်းသို့ပြုလုပ်ခဲ့သည်မှာ အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူမှ မကြာခဏဆူပူဆုံးမခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့်(၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် မိခင်မှ ဆူပူမည်ကိုစိုးရိမ်ကာ၎င်းမှ report card တွင် အဆင့်(၁၀)ဟု ပြင်ဆင် ရေးသားခဲ့သည့်အတွက် အတန်းပိုင်ဆရာမနှင့်မိခင်ဖြစ်သူတို့ တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများမှ စိတ်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် ယခုဖြစ်စဉ်အပေါ်သင်ခန်းစာရယူကာ မိမိတို့၏ငယ်ရွယ်နုနယ်သော သား/သမီးငယ်များအား ဆုံးမသွန်သင်ရာတွင် ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေအချိန်အခါပေါ်မူတည်၍ ဆုံးမ  သွန်သင်သင့်ပါကြောင်းနှင့် သားသမီးများအနေဖြင့်လည်း မိဘများ၏ ဆိုဆုံးမမှုများမှာ အနာဂါတ်မျိုးဆက်ကောင်းမွန်စေလိုသော စိတ်ရင်းစေတနာဖြင့် သွန်သင် ဆုံးမခြင်းသာဖြစ်သည်ကို နားည်သဘော ပေါက်ကြစေရန် အကြံပြုအသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



Subscribe

လာလည်သူများ

free counters