♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 28, 2015

မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ


ညဖက် အိပ်တော့မည် ဆိုပါက တစ်နေ့ကုန် လိမ်းထားသော မျက်နှာမှ မိတ်ကပ်များကို ဆေးပြီး အိပ်သင့်ပါသည်။

"ကျား/မ ဟော်မုန်းဓါတ်မြင့်တက်လာမည့် မြင်းခွါရွက်ဆေးနည်း " (၁၈ နှစ်အထက်ဖတ်ရန်)

မြင်းခွါရွက်ဟာ မြန်မာ့ဆေးဖက်ဝင် အသီးအနှံတစ်မျိုးဖြစ်ရုံတင်မကပဲ အိန္ဒိယ၊ ထိုင်း၊ တရုတ်အစရှိတဲ့နိုင်ငံတို့မှ ရိုးရာဆေးနည်းများတွင်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ Sanskrit သင်္သကရိုက်ဘာသာနဲ့ Mandooka Parni ခေါ်ပြီး၊ အင်္ဂလိပ်လို Asiatic pennywort နဲ့ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။

"ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း "



ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့်သွေးကိုဆေးကြောသန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တုဓာတ်ပမာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီးပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁-
လီတာ ထိစွန့် ပစ်ရပါမည်။ ချွေးထွက်များ သောနေ့ တွင်ရေပို မို သောက်ပေးသင့်သည်။

"အပျင်းပြေကြည်ဖို့ သက်ဝင်လှုပ်ရှားနေသော ဟာသပုံလေးများ... "

Funny graphics
                                         တော်လိုက်တဲ့ မျောက်အုပ်....

" မိတ်ကပ် လိမ်းမထားသော်လည်း ကြည့်ကောင်းနေစေမည့် အဆင့် ခုနစ်ဆင့်"



မိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာအသားအရေ ကြည်လင်ပြီး ကြည့်ကောင်းနေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပ ကြည့်ကောင်းစေဖို့ အောက်ပါ အဆင့်ခုနစ်ဆင့်ကို လိုက်နာသင့်ပါတယ်။

အဆင့်(၁) ကိုယ်တွင်းမှ အားဖြည့်ပါ။
အသားအရေ တင်းရင်း လှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရီ ရှိသင့်ပါတယ်။ ပြီးရင် ရေကို တစ်နေ့ ၅-၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အရေးကြောင်း မထင်ဖို့နဲ့ မျက်ကွင်းမညိုဖို့ ကာကွယ်ပေးပါတယ်။

အဆင့် (၂) တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ။
အသားအရေ ထိန်းသိမ်းတာဟာ မိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့် အဓိက သော့ချက် ဖြစ်ပါတယ်။ မျက်နှာ အသားအရေ လှပ ကြည့်ကောင်းစေဖို့ အခြေခံ

"အမျိုးသမီးတွေ မငြင်းရက်နိုင်လောက်တဲ့ အမျိုးသား၆မျိုး "

အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။
၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။

February 27, 2015

ကြက်မောက်သီး အစွမ်း



ကလေးများအတွက် သတိထားရမည့်အန္တရာယ်


မိမိတို့၏ကလေးများနှင့် ကုန်တိုက်၊ ရှော့ပ်ပင်မော၊ ရုပ်ရှင်ရုံ စသည့် စက်လှေကားရှိသည့်နေရာများကို အတူသွားလာသည့်အချိန် ကလေးများကို လွတ်မထားပဲ သတိဖြင့် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

" အရပ်ရှည်လွန်းတဲ့ အမျိုးသားတွေနဲ့ ဒိတ်လုပ်တဲ့အခါ ကောင်းတဲ့အချက် (၁၀) ချက် " ကိုရှည်ကြီးကို ခိုစီးလို ဒီမှာဖတ်ကြည့်ပါ..ဟီးဟီး..

 
ထန်းပင်ကြီးကို မှီနေရသလိုဘဲလေ...ခ်ခ်ခ်
အရပ်ရှည်လွန်းတဲ့ ကိုယ့်ချစ်သူကြောင့် ရှေ့သွားနောက်လိုက် မညီဘူးလို့ သူငယ်ချင်းတွေ စတာနောက်တာ ခံနေရလား။ဘယ်သွားသွားအားလုံးကတန်းပြီးသတိပြုမိတာကြောင့် ရှောင်ချင်၊ နှုတ်မဆက်ချင်တဲ့သူတွေကို
လည်းအမြဲ နှုတ်ဆက်နေရတဲ့အဖြစ်လား။အရပ်ရှည်တဲ့အမျိုးသားကိုချစ်သူတော်ထားရခြင်းအတွက်
 ကောင်းတဲ့အချက်လေးတွေလည်း ရှိပါတယ်။ အဲ့ဒါကတော့

"သင့်မီးဖိုချောင်မှ မိတ်ကပ်ဖျက် ပစ္စည်းများ"



နေ့စဉ်လှပအောင် လိမ်းခြယ်နေတဲ့ မိတ်ကပ်၊ အိုင်းရှဲဒိုး၊ Mascara နဲ့ နှုတ် ခမ်းနီတွေကို ညအိပ်ရာ မဝင်ခင် အချိန်မှာ သန့်စင်ပစ် လိုက်သင့်တယ် ဆိုတာ သင် သိပါရဲ့လား၊ မိတ်ကပ် အလှပြင်ပစ္စည်း တွေဖျက်တဲ့ Remover တွေကို ဈေးကြီး ကြီးပေးမဝယ်ဖြစ်ဘူးဆိုရင်တော့ သင့်မီးဖို ချောင်ထဲကနေ အလွယ်တကူ ဖန်တီးယူ လို့ရနိုင် ပါတယ်။

၁။ မျက်တောင်ဆိုးဆေး Mascara တွေ ကို ဖျက်ချင်ရင် သံလွင်ဆီကို ဝါဂွမ်း ဒါမှ မဟုတ် တစ်သျှူးမှာ အစက်ချလိုက်ပြီး မျက်တောင်ပေါ်မှာ ခဏလောက် ဖိကပ် ထားလိုက်ပါ။ စက္ကန့်

"ခြေဖနောက် အက်ကွဲခြင်းအတွက် အိမ်တွင်း ကုထုံးသုံး"

ခြေဖနောက် အက်ကွဲခြင်းအတွက် အိမ်တွင်း ကုထုံးသုံး(၁) အရင်ဆုံး ခြေထောက်ကို ဆားခါး ထည့်ထားတဲ့ ကြက်သီးနွေး ရေထဲ  ၁၅ မိ နစ်ခန့် စိမ်လိုက်ပါ။ ဆားခါးမှာ မဂ္ဂနီဆီ ယမ်အပြည့်ပါဝင်တာကြောင့် ခြေထောက် နဲ့ ခြေဖနောင့် ခြောက်သွေ့မှုကို ကင်းစင် စေပါတယ်။
(၂) ခြေဖနောင့်ကို အဆီဓာတ် အခြေခံ တဲ့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ ခပ်ထူထူလေး လိမ်းပေးဖို့ လိုပါတယ်။
(၃) ခြေထောက်ကို ပလတ်စတစ်အိတ်နဲ့ ပတ်ပေးပါ။
(၄) ပြီးရင် ခြေအိတ်ဝတ်ပေးပါ။

"ငါ့ကို သတိရတယ် ဆိုရင်"

ခဏလောက်

ဝေးကွာနေရတဲ့ အချိန်လေးတွေမှာ

အတူရှိနေရသလို

ခံစားမှုတွေကို ပေးတဲ့

ခေတ်မီနည်းပညာတွေကို ကျေးဇူးတင်လိုက်မိတယ်။

ငါ အဝေးကို ရောက်လို့

"ကမ္ဘာ့ပထမဆုံးသော အညိုရောင် ခရမ်းချဉ်သီး"

ကမ္ဘာ့ပထမဆုံးသော အညိုရောင် ခရမ်းချဉ်သီးကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်သော အညိုရောင် ခရမ်းချဉ်သီးကို ဗြိတိန်နိုင်ငံမှ ဈေးဝယ်စင်တာ တစ်ချို့မှာ စတင်ရောင်းချ နေတယ်လို့ ဆိုပါတယ်။ ၎င်းအညိုရောင် ခရမ်းချဉ်သီးဟာ ကျန်းမာရေး အတွက် အထူးပင် ကောင်းမွန်တယ်လို့ သိကျွမ်းသူ တစ်ချို့က ဆိုပါတယ်။ ထို့ကြောင့် ၎င်းအား အထုပ်များဖြင့် ထုပ်ပိုးရောင်း ချခဲ့ရာ အလွန်ပင် အရောင်းသွက် ခဲ့ပါတယ်လို့ နိုင်ငံခြား သတင်းဌာန တစ်ချို့မှာ ဖော်ပြထားပါတယ်။
အညိုရောင် ခရမ်းချဉ်သီးဟာ အမှတ်တမဲ့ ကြည့်ပါက တွင်းထွက် ကျောက်များနှင့် တူတယ်လို့ ဆိုပါတယ်။ အမေရိကမှ သုတေသပညာရှင်တွေ ၎င်းအသီးကို ဆေးဖြင့် အနီရောင်သို့ ပြောင်းအောင် လုပ်ခဲ့သော်လည်း အနီရောင်သို့ မပြောင်းလဲဘဲ

February 26, 2015

"သင့်ရဲ့အကြည့် က အောင်မြင်မှုတခုကို ဘယ်လိုဆောင်ကျဉ်းပေးမလဲ (သို့) မျက်ဝန်းတစ်စုံ၏ လျှိုဝှက်ချက် "




လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ပြောဆိုရာမှာသူအမှန်တွေ ပြောနေတာလား၊လိမ်ညာနေတာလားဆိုတာခွဲခြားသိမယ်ဆိုရင်၊
တစ်ဖက်သားကသင့်ကိုစိတ်ဝင်စားနေသလားဆိုတာသိမယ်ဆိုရင်သင့်အကဲခတ်နိုင်စွမ်းကသင့်ဆီကိုအောင်မြင်မှုတွေယူဆောင်
လာပါလိမ့်မယ်။ဒါကြောင့်သင်သိသင့်တဲ့မျက်ဝန်းတစ်စုံရဲ့လျှိ့ဝှက်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။..စိတ်ဝင်စားဖို့ကောင်းပါတယ်

သူ စိတ်ဝင်စားနေရဲ့လားဆိုတာ ဆန်းစစ်အကဲခတ်နိုင်အောင်

♦ မျက်ဝန်းအရွယ်အစားကို စစ်ဆေးပါ ♦

လူတစ်ယောက်က တစ်ခုခုနဲ့ ပတ်သက်ပြီးအပြုသဘောဆောင်တဲ့ ခံစားမှုရှိတဲ့အခါ မျက်စိသူငယ်အိမ်က အလိုအလျောက်

"သူလိမ်ပြောနေသလား ဆိုတာ..အကဲခတ်နည်း " ပညာရတာတာပေါ့..ဖတ်ကြည့်လေ..

 
 
လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ် ရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ်ခံလို့ခံလိုက်ရမှန်းမသိလိမ်သွားတာမျိုးတို့တောင် ဖြစ်တတ်ပါတယ်။
ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။

1. Eye contact

လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။ စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့

" ဆေးဖက်ဝင် ငှက်သိုက်(သို့) ဇီဝစိုးငှက် အကြောင်း တစေ့တစောင်း "

                                             ငှက်သိုက်(သို့မဟုတ်)ဇီဝစိုးငှက်၏အန်ဖတ်။

ငှက်သိုက်ဟူသည်

ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက လုပ်သော အသိုက် ဖြစ်ပါသည်။ မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝစိုးးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကို ဇီဝစိုးငှက်မှသာ ရရှိပါသည်။ ဇီဝစိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝစိုး ငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုးရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို

" အက်ကြောင်းလေး ရှိပေမဲ့လည်း အသုံးတော့ကျပါတယ် မဟုတ်လား "



တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံးကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့ ...
...
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင်

"အာဂျင်တီးနား နိုင်ငံမှ ကမ္ဘာ့အန္တရာယ် အကြီးမားဆုံးနှင့် အထူးခြားဆုံးသော တိရစ္ဆာန် ဥယျာဉ်ကြီး Lujan Zoo "

အာဂျင်တီးနား နိုင်ငံမှာရှိတဲ့ Controversial Zoo ကို လာရောက် လည်ပတ်တဲ့သူတွေက ကမ္ဘာပေါ်က အန္တရာယ်အများဆုံး အသားစား တိရစ္ဆာန်တချို့နဲ့ အလွန်နီးကပ်စွာ ထိတွေ့ ကြည့်ရှုခွင့် ရပါလိမ့်မယ်။ အဲ့ဒီ တိရစ္ဆာန်ရုံ ကတော့ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေ့စ်မြို့မှာရှိပြီး Lujan Zoo လို့ခေါ်ပါတယ်။ အဲ့ဒီ တိရစ္ဆာန်ရုံထဲကို အလည်အပတ် သွားတဲ့သူတိုင်း လမ်းမ လျှောက်ချင်ရင် ခြင်္သေ့စီးပြီးသွားလို့ ရပါတယ်။

February 25, 2015

" အကြိုက်တစ်မျိုးဆန်းသော ယောက်ျား.. (ကြီးကြိုက်ဘဲလေး) "... ဖွားဖွားတို့ရေ..ဒီလူ့ကို သတိထား..!!


တစ်ချို့ ယောက်ျားလေးတွေက အသားဖြူတဲ့ ကောင်မလေးမှ။ တစ်ချို့ကျတော့လည်း အသားညိုညို အရပ်မြင့်မြင့်မှ။ တစ်ချို့များကြတော့ ခပ်ပြည့်ပြည့်လေးမှ တွဲသွားတဲ့အခါ အဆင်ပြေမယ်ပေါ့။

" ယောက္ခမကို တိုက်တဲ့ဆေး " အစာမစားမီ ချွေးမကို အရင်ခွံ့ကျွေးပါ..ဟီးဟီး..


အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရပါတယ်။

" ပျားရည်ကပေးသော ကျန်းမာရေး အာနိသင်များ "




ဝမ်းကိုရှင်းစေသည်

ပျားရည်တွင် လူသားတို့ကို အကျိုးပြုသည့် lactobacilli ဘက်တီးရီးယားများပါဝင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အချို့လည်း အူမကြီးကင်ဆာကို ကာကွယ်နိုင်သည်ဟု ပြောကြသည်။ 

ဆီးချိုသမားတို့အတွက်

ပျားရည်ကို ဆီးချိုသမားများတွင် ဆေးသကြားအဖြစ် သုံးနိုင်ပါသည်။ အချိုကို

" ကမ္ဘာကျော်စိတ်တန်ခိုးရှင် ပျောက်စေမယ်တော်ကြီး ကက်သရင်း ကိုးလ်မဲန် Kathryn Kuhlman"


 

“ ပျောက်စေ ဟူသောတန်ခိုးကိုယုံပါသလား”
မည်သူမယုံယုံ ဒေါက်တာဟင်နရီကတော့ အသဲစွဲယုံသည်။ ဒေါက်တာဟင်နရီသည် ပစ်စဘတ်မြို့တွင် ၁၉၆၃ ခုနှစ်၌ သူသေသည်အထိ ဆေးခန်းဖွင့်ပြီး ကုသွားသော ဆရာဝန်ဖြစ်သည်။ သူ့တွင် စွဲကပ်နေသော နာတာရှည်ရောဂါဖြစ်သော ထိပ်ကပ်နာ၊ ညာဖက်နားပင်းနေခြင်းနှင့် အရိုးဆက်လွဲရောဂါ သုံးခုကို ပျောက်စေဆရာမကြီး ကက်သရင်းက ကုသပေးသဖြင့် လုံးဝ ပျောက်ကင်းကြောင်းကို လူတွေ့တိုင်း ပြောဆိုခဲ့သည်။

ဒေါက်တာဟင်နရီကို ကုသပေးခဲ့သည်မှာ ၁၉၅၀ ခုနှစ်ကဖြစ်သည်။ ဒေါက်တာဟင်နရီက “ကျုပ်က ဒါတွေကို မယုံပါဘူး၊ မိန်းမက နားပူနားဆာ လုပ်တာနဲ့ ဆရာမကြီးကက်သရင်းဆီ ရောက်သွားတပဲ၊ ကျုပ်က ဆရာဝန်ဆိုတော့ နားလည်တာပေါ့။

" အလွန် အစွမ်းထက်သည့် မမေ့နိုင်သော ဆီမန်းဂါထာ "

ကျွန်ုပ်၏ ငယ်ဆရာ ရှိခဲ့ဘူး၏။ ထိုဆရာ၏ အမည်မှာ ဦးဖေသော် ဟူ၍ဖြစ်၏။ ကျွန်ုပ်သည် ဆရာ့အိမ်၌ နေ၍ ဆရာ့အိမ်၌ စားကာ ကျောင်းတက်ခဲ့ရ၏။ ဆရာသည် ကျွန်ုပ်တို့အား သင်္ချာပြသော ဆရာဖြစ်၏။ သင်္ချာဟု ဆိုသော်လည်း အင်္ဂလိပ်စာ ပြလည်း အလွန်ကောင်း၏။ ထိုဆရာ ဦးဖေသော်သည် ကျောင်းဆရာ အလုပ်ကို မလုပ်မီ၌ ထောင်မှူးကြီး အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့၏။ ဆရာ၏ အိမ်၌ ဒေါ်ထွေးဟုဆိုသော ထမင်းချက်သည့် မိန်းမကြီး တစ်ဦးရှိ၏။

ဆရာသည် ထိုအချိန်က အသက် လေးဆယ်ခန့် ရှိပြီ ဖြစ်၏။ ဒေါ်ထွေးမှာ ဆရာ၏ မိခင် အရွယ်ပင် ဖြစ်၏။ ဒေါ်ထွေးသည် ဆရာအား သခင်ဟု ခေါ်၏။ ကျွန်ုပ်သည် အစပထမ၌ ထိုသို့ ခေါ်ခြင်းကို မနှစ်သက်သော်လည်း မည်သည့် အတွက်ကြောင့် ခေါ်သည်ကို မမေးမိခဲ့ပါ။ နောင်တွင် ကျွန်ုပ်သည် ထိုဒေါ်ထွေးနှင့် ရင်းနှီး လာသော အခါမှ သိရသည်မှာ ဒေါ်ထွေးသည် ထောင်ကျခဲ့သည် ဆို၏။

February 24, 2015

"အမျိုးသားတွေရဲ့ ဖက်ရှင်၊ စတိုင်လ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ ဘယ်လိုမှခံစားပေးလို့မရတဲ့ ပုံစံ (၅)မျိုး"



အမျိုးသားတွေရဲ့ ဖက်ရှင်၊ စတိုင်တွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ မကြိုက်တဲ့ပုံစံတွေ သပ်သပ်ရှိနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူကြဘူးဆိုပေမယ့် မိန်းကလေးအများစု မနှစ်သက်တဲ့ အမျိုးသားပုံစံတစ်ချို့ကတော့ တူညီနေတတ်ပါတယ်။ အဲ့ဒါတွေကတော့

၁)ဆံပင်အလှဆင် အသုံးအဆောင်တွေကို ချစ်သူကောင်မလေးထက် ပိုသုံးခြင်းက ကောင်မလေးကို စိတ်ပျက်စေနိုင်ပါတယ်။

မိန်းကလေးအများစုက သူတို့ ရဲ့ ချစ်သူဆံပင်ကို ပွတ်သပ်ပေးရာမှာ လက်ကိုမထိခိုက် မညစ်ပတ်စေလိုပါဘူး။ ဒီတော့ ဆံပင်လိမ်းအဆီ၊ ဝက်စ်၊ Hair Spray တွေကိုလိုတာထက်လျှော့သုံးပါ။

၂)မုတ်ဆိတ်မွေးတွေ အရှည်ကြီးထားတာမျိုး မကြိုက်ကြပါဘူး။

"အလှအပအတွက် သွားတွေကို ထွင်းထုချွန်ထက်စေတဲ့ အင်ဒိုနီးရှားလူမျိုးနွယ်စုရဲ့ ရိုးရာဓလေ့တစ်ခု"


ယဉ်ကျေးမှုတိုင်းမှာ အလှတရားကို သူ့ရဲ့မတူညီကွဲပြားတဲ့ ရှုထောင့်အမြင် တစ်မျိုးမှ ရှုမြင်ကြလေ့ ရှိပါတယ်။ အနောက်နိုင်ငံမှာဆိုရင် ပုလဲကဲ့သို့ တောက်ပဖြူစင်တဲ့ အပြုံးတွေနဲ့ ဖွဲ့တည်ထားတဲ့ အလှတရားကို တန်ဖိုးထားကြပြီး အပြစ်အနာအဆာ

"ချစ်တတ်တဲ့‬ ယောကျာ်းတို့ရဲ့ အတုယူဖွယ်ရာ အပြုမူလေးများ"

ယောကျာ်းတစ်ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်းရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ လက်တွဲဖေါ်မိန်းမရဲ့ ပံ့ပိုးမှုဟာ တစ်စိတ်တစ်ဒေသ ပါဝင်သလို မိန်းမတစ်ယောက်ရဲ့ ဘ၀ကံကောင်းခြင်းတွေဟာလည်း သူမရဲ့လက်တွဲဖေါ် ယောကျာ်းအပေါ်မှာလည်း အများကြီး မူတည်နေတတ်ပါတယ်။

"မိုဘိုင်းဖုန်းသုံးသူများ သတိထားရန် ရောဂါ "


ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။

" ရေ၊ မီး၊ ဆီ အလကား ပေးသုံးတဲ့ မြို့  "


Ashgabat လို့အမည်ရတဲ့ မြို့ ပါ။ သူ့ကို နတ်ပြည်လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။

February 23, 2015

" အိမ်ထောင် တည့်မတ်ဖို့အရေး ဘယ်လိုတည့်မတ်ပေးရမယ်ဆိုတာ ..အကြံဥာဏ်လေးပေးခဲ့ကြပါလား ခင်ဗျာ "

ရောသမချစ်မိတ်ဆွေများခင်ဗျား.... အကြံဥာဏ်လေးများ တဆိတ်လောက် ပေးကြပါလို့ ပြောပါရစေလား.....အကြောင်းကတော့အိမ်ထောင်ရေးကိစ္စပါ...အိမ်ထောင်ရေးတည့်မတ်ဖို့အတွက်ပါ...
လူတိုင်းလူတိုင်းကကိုယ့်အိမ်ကိုယ့်ယာပျက်ဆီးတာမလိုလားကြပါဘူး...ကိုယ့်အိမ်သာယာတာဘဲ ကောင်းမွန်တာဘဲလိုလားကြတာဘဲ မဟုတ်လား...အိမ်ထောင်ရေးမကောင်းရင်ပိုပြီးပျက်ဆီးသွားမှာကိုလည်းမလိုလားဘူးလေ....တဝက်တပျက်ကျိုးနေတဲ့ အိမ်ထောင်ရေးကိုဘယ်လို့တည့်မတ် ပေးသင့်သလဲ...ဘယ်လိုကောင်းမွန်အောင် ပြုလုပ်ပေးသင့်သလဲ...ဘယ်လို

" ဘိုးဘိုး ဘွားဘွားတို့ရဲ့ မအိုသေးတဲ့အချစ် "


 
အသက် ၇၀အရွယ်အဖိုးနဲ့အဖွားဟာ အရမ်းစိတ်လှုပ်ရှားနေကြတယ်။  သူတို့ ၂ယောက်ဟာ ဟိုးအရင်အတူ ကုန်လွန်ခဲ့ တဲ့ နုပျိုစဉ် အချိန်တွေ ၊ ကာလတွေကို ပြန်လည်တမ်းတနေမိကြတယ်။

သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ တို့တွေအသက်တွေကြီးပြီ.. လောကကြီးမှာနေရမယ့် အချိန်တွေလည်း သိပ်မကျန်တော့ ဘူး..။  ဒီတော့ ၂ယောက် အတူ အသက်ရှင်နေစဉ်

" ဖြည်ရခက်တဲ့ ကြိုးထုံး ပုံပြင်လေး"



ဟိုးတစ်ခါတုန်းက ရှေ့ ဖြစ်ဟော ပရောဟိတ်ဆရာ တစ်ယောက်ဟာ မြို့ကြီးတစ်မြို့မှာ ထူးခြားဆန်းကျယ်တဲ့ ကြိုးထုံးကြီး တစ်ခု ကို ချည် နှောင်ချိတ် ဆွဲ ထားလေတယ်။ ပြီးတော့ ဒီလို နမိတ်ဖတ်လိုက်တယ်။

” ဒီကြိုးထုံးကို ဖြည်နိုင်တဲ့သူဟာ မင်းဧကရာဇ် စင်စစ်ဖြစ်လာပေလိမ့်မယ် “ ..တဲ့ ။

လူတော်တော် များများက ဇွဲကောင်းကောင်းနဲ့ ကာလရှည်ကြာစွာ လာရောက် ကြိုးထုံးကို ဖြည်ကြတယ်။ ဒါပေမယ့် ကြိုးထုံးကို ဖြည်နိုင်မယ့် သူဟာ မပေါ်လာခဲ့ပါဘူး။

"ဆောင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်"



မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။

"သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "


     (အိုကွယ်..အဲ့လိုကြည့်နှင့်လေလိုစ်.. အသဲထဲ စူးနစ်ကုန်ပါပြီ)

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

February 22, 2015

" ဒါပေမဲ့ ငါနင့်ကိုချစ်ခဲ့တယ်.. "



နင်ကဘဲ လှတာလား
ငါကဘဲ အ တာလား
ဝေဖန်ခွဲခြားမသိ
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

အဲဒါ မှားလား
ပြောစမ်းပါအမိ
မရုန်းထွက်နိုင်မှန်းသိရဲ့နဲ့

" လေဒီလေးတွေကို ဘယ်လိုချဉ်းကပ်သင့်လဲ " ရှူးတိုးတိုး...

 
လက်လေးကိုင်ပြီး ဟောမှရတာ..ကိုယ်က အကြားအမြင်ရတယ်လေ..ငွင်းငွင်းငွင်း.
 
ကိုယ့်အတွက်မဟုတ်ပင်မဲ့ တင်လိုက်တယ်
sensitive ထိလွယ်ရှလွယ် လေဒီလေးတွေကို ဘယ်လိုချဉ်းကပ်သင့်လဲ အမျိုးသားတစ်ဦးဟာ နှုတ်ဆက်စကားတစ်ခွန်းကြောင့်တော့ အမှားမတွေ့နိုင်ဘူးလို့

"အချစ်ကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ "


                                    




အချစ်ပာာ စွမ်းအင်တစ်ခုလိုပါပဲ။
ကြောက်စိတ်ကိုလည်း အချစ်က သတ္တိရှိစေတယ်။ အားငယ်စိတ်ကိုလည်း အချစ်က အားပြည့်စေတယ်။ ပျင်းရခြင်းကိုလည်း အချစ်က တက်ကြွစေတယ်။
လူတစ်ယောက်ပာာ အိပ်ရေးအလွန်မက်တယ်ဆိုပါတော့။ ဘယ်တော့မှ မနက်စောစော မနိုးတတ်ဘူး။ နိုးလည်း ပြန်အိပ်တယ်။
...
အဲ့ဒီလူပာာ မနက် မလင်းခင်မှာ ချစ်သူနဲ့များ ချိန်းထားခဲ့ရင် အလွန်ဝီရိယကောင်းပါတယ်။

" ဟိမဝန္တာမှ သက်စွန့်ဆံဖျား ပျားဖွပ်သမားများ "

 
သားက ဒီလိုအမြင့်ကြီးကိုတက်ပြီး သက်စွန့်ဆံဖုံး(ခေါင်းမြီးခြုံ)ပြီး ပျားဖွတ်ရတာပါ..

"အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက္ခဏာရပ်များ "


အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင် သူမရဲ့အတွေးတွေက သူ့ဆီမှာပဲရစ်ဝဲနေမယ်။ သူ့အပြုံးကြောင့် သူမရဲ့တစ်နေ့တာ လန်းဆန်းနေမယ်။ သူ့ကိုဘယ်လောက် ပျော်အောင်လုပ်ပေးလိုက်လို့ သူဘယ်လောက်ကျေနပ်သွားတယ်ဆိုတာက သူမရဲ့ထိုက်တန်မှုပဲလို့ ခံစားနေရမယ်။ သူမ ပေးဆပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် အသိအမှတ်ပြုခံချင်တဲ့

" အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ် "


ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး သို့မဟုတ် ချစ်သူ ခင်သူ တစ်ယောက် ဆုံးပါး သွားခြင်းတို့သည် အသည်း ကွဲခြင်းကို ဖြစ်စေပါသည်။

ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီး များတွင် ပို၍ အဖြစ်များကြောင်း သုတေသန အသစ် တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာများ၏ ရောဂါ လက္ခဏာ ရပ်များကို အကြီးအကျယ်

Subscribe

လာလည်သူများ

free counters