♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2015

" လေဒီလေးတွေကို ဘယ်လိုချဉ်းကပ်သင့်လဲ " ရှူးတိုးတိုး...

 
လက်လေးကိုင်ပြီး ဟောမှရတာ..ကိုယ်က အကြားအမြင်ရတယ်လေ..ငွင်းငွင်းငွင်း.
 
ကိုယ့်အတွက်မဟုတ်ပင်မဲ့ တင်လိုက်တယ်
sensitive ထိလွယ်ရှလွယ် လေဒီလေးတွေကို ဘယ်လိုချဉ်းကပ်သင့်လဲ အမျိုးသားတစ်ဦးဟာ နှုတ်ဆက်စကားတစ်ခွန်းကြောင့်တော့ အမှားမတွေ့နိုင်ဘူးလို့
ထင်နေမှာပေါ့။ ဒါဆိုရင်တော့ မှားပါတယ်။ အမျိုးသမီးတွေဟာ ထိလွယ်ရှလွယ်ပြီး သဘောထားလည်း သိပ်မကြီး တတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သူမနဲ့ ရင်းနှီးမှု ယူလိုတယ်ဆိုရင်တော့ မပြောသင့်တဲ့ နှုတ်ဆက်စကား လေးတွေကို သတိထားရှောင်ရှားဖို့တော့ လိုပါလိမ့်မယ်။
 (၁) မင်းကသိပ် အပြစ်ကင်းရိုးသားတာပဲ။ ဒီစကားကို ဘာသာပြန်ကြည့်မယ်ဆိုရင်တော့ သင်ဟာ သိပ်ပြီး အတွေ့အကြုံမရှိသူလို့ ထင်ချင်စရာ ရှိပါတယ်။ ဘယ်မိန်းကလေးကမှ သူမတို့ကို ရိုးတယ်လို့ သင်တွေးနေတာကို မလိုချင်တတ်ကြပါဘူး။ သူမကို ကောင်းကောင်းမသိသေးဘဲနဲ့ ရမ်းသမ်းပုံဖော်တယ်လို့ ထင်ချင်စရာရှိပါတယ်။ နောက်တစ်ချက်က innocent ဆိုတာ “လှည့်စားဖို့လွယ်ကူတယ်” ဆိုပြီး ပြောချင်တာလို့လည်း အဓိပ္ပါယ်ကောက်နိုင်ပါတယ်။ သင့်ဟာ သူမအပေါ် အခွင့်အရေးယူလိုသူ တစ်ယောက်လို့တော့ မထင်မခံချင်ဘူးမဟုတ်လား။

 (၂) မင်းဒီနေ့ဘာလုပ်မှာလဲ?။ မင်းဒီနေ့ အရမ်းလှတယ်နော်။ ဒီလိုဆိုတော့ သူမက “အိုး - ဒါဆို အခါတိုင်းနေ့တွေမှာ ငါကဘာနဲ့များတူနေလို့တုန်း” ဆိုပြီးတွေး မိတတ်ပါတယ်။ သင်က ဒီလိုမျိုး မဆိုလိုရင်တောင်မှ သူမက အဲဒီလိုယူဆပါလိမ့်မယ်။ အမျိုးသမီးတွေ ဆိုတာက သူတို့ကိုယ်သူတို့ နေ့တိုင်းမှာလှပပြီး ကြည့်ကောင်းနေတယ်လို့ အထင်ရောက်နေ တတ်တာမျိုးလေ။ ဒါကြောင့် “မင်းကိုကြည့်ရတာ အရမ်းလှတာပဲ” ဆို လုံလောက်ပြီဖြစ်လို့ “ဒီနေ့” ဆိုတဲ့ စကားကိုတော့ ကြပ်ကြပ်ကြီး ရှောင်ရှားရပါလိမ့်မယ်။

 (၃) မင်းကြည့်ရတာ ကျန်းမာတဲ့ပုံပဲ။ မင်းဝလာတယ် (ဒါမှမဟုတ်) ၀ိတ်တက်လာတယ် ဆိုပြီး ပြောချင်တာလို့ ထင်ချင်စရာရှိပါတယ်။ ဒီစကားလုံးကို နှုတ်ဆက်စကားအဖြစ်သုံးမယ် စဉ်းစားထားရင်တော့ sorry ပါ။ ဒါဟာ သင့်ရဲ့ dating game ကို ထာဝရနီးပါး အဆုံးသတ်သွားစေနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်အကြောင်းကို စကားပြောရာမှာ ဘယ်တော့မှ ထည့်မပြောပါနဲ့။

 (၄) အရွယ်တင်တယ်နော် ။ ဒါကလည်း ရှော့်ခ်ရှိတဲ့ စကားပါပဲ။ တကယ်လို့များ အသက် (၄၀)အရွယ် အမျိုးသမီး တစ်ယောက်ကို ဒီလိုပြောလိုက်မိမယ်ဆိုရင် “(၄၀)ဆိုတာ အတော်များအိုတဲ့အရွယ်လို့ ထင်နေလားမသိဘူး” ဆိုပြီး သူမစိတ်ထဲ တွေးနေပါလိမ့်မယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ စကားပြောရာမှာ ကိုယ်ခန္ဓာအလေးချိန် ၊ အသက်အရွယ် စတာတွေကို ဝေးဝေးပို့ထားလေ အန္တရာယ် ကင်းလေပါပဲ။ တခြားအကြောင်းအရာတွေနဲ့ အစားထိုးပြောတာ အကောင်းဆုံးပါ။ သူမတို့က အလှအပနဲ့ ပတ်သက်ရင် sensitive ဖြစ်တတ်လွန်းတယ်လေ။ 

 (၅) မင်းက ပိုပြုံးလေ ပိုလှလေပဲနော်။ တကယ်လား?။ ဘယ်အမျိုးသမီးကမှတော့ သွားဖြဲပြီး ရယ်နေရတာမျိုး မျက်နှာပေါ် အချိန်ပြည့် တပ်ဆင်မထားနိုင်ပါဘူး။ ဒါဆို သူမ ပြုံးမနေတဲ့ အချိန်တိုင်းမှာ ရုပ်ဆိုးနေတယ်လို့ ဆိုလိုတာပေါ့။ သင်က ဒီလို မရည်ရွယ်သည့်တိုင်အောင် သူမကတော့ အသည်းနုတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ဒီလိုပဲ ထင်မှာပါပဲ။ သင်ဒီလိုပြောလိုက်ရင်တော့ သူမကို မကြာမကြာ ရယ်နေအောင် လုပ်ပေးဖို့ တာဝန်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆို မကြာမကြာ ထ ထရယ်ဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ။ ဒီလိုဆိုတော့ သူမတို့က သိပ်ပြီး အထအနကောက်လွယ်တာပဲ လို့ စောဒကတက်စရာရှိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဇီဇာကြောင်မယ် ၊ စိတ်ကောက်မယ် ၊ အပြစ်ရှာမယ်၊ မြည်တွန်တောက်တီးမယ်။ အမျိုးသမီးတစ်ဦးမှာ ဒီလိုအရည်အချင်း အများကြီးမဟုတ်တောင် တစ်ခုတလေတော့ ရှိတတ်ပါတယ်။ ဒါတွေကြောင့်ပဲ အမျိုးသမီးတွေရယ်လို့ ဖြစ်နေတာပေါ့။ ဒီလိုပြောလို့ သူမတို့ဟာ စိတ်ပျက်စရာတွေတော့ မဟုတ်ပါဘူး။ သူမတို့ရဲ့ တခြား ကောင်းတဲ့ အရည်အချင်းတွေလည်း အများကြီး ရှိပါသေးတယ်။ 
 Ref:mensxp Trend Myanmar
Credit : kyawsanlinn.blog

No comments:

Subscribe

လာလည်သူများ

free counters