♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2015

" ဒါပေမဲ့ ငါနင့်ကိုချစ်ခဲ့တယ်.. "



နင်ကဘဲ လှတာလား
ငါကဘဲ အ တာလား
ဝေဖန်ခွဲခြားမသိ
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

အဲဒါ မှားလား
ပြောစမ်းပါအမိ
မရုန်းထွက်နိုင်မှန်းသိရဲ့နဲ့
အချစ်ကြိုးနဲ့ ချည်နှောင်သေးတယ်
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

ခွဲသွားမယ်ဆိုတာ
ကြိုသိနေလည်း
နင်နဲ့အတူ ရှိခဲ့တဲ့
ညတွေကို ပြန်းတွေးမြင်ယောင်ပြီး
နင်ထွက်သွားတဲ့ လမ်းကို
စိမ့်စိမ်ကြည့်ကာ နေရတယ်
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

သစ္စာမပျက်ခဲ့ သူကိုမှ
မေတ္တာပျက်အောင် လုပ်ယူခဲ့တယ်.
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

နင်ပြောခဲ့စကားနှစ်လုံး (မုန်းတယ်)
ဆိုတာကို ကျေကျေနပ်နပ်ခံယူပြီး
စိတ်မပျက်ဘဲ နေမိတယ်..
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

ပြန်မလာတော့မဲ့လမ်းကို
မှန်းဆကာ တွေးမြင်
ခံစားချက်ဆိုတဲ့
အချစ်တစ်ခုကို ငါလက်ခံခဲ့တယ်.
ဒါပေမဲ့ ငါနင့်ကိုချစ်ခဲ့တယ်..

နင်ပြန်လာပါစေလို့
ဆုတောင်းရင်း
စောင့်နေကျနေရာလေးမှာ
နင်မရှိလည်း ငါတစ်ယောက်တည်း
နင်အငွေ့အသက်လေးနဲ့အတူရှိနေခဲ့တယ်..
ငါနင်ကိုချစ်နေသေးတယ်..
သူများခံစားချက်ကို ထုဆစ်ရင်း
                                         စိုး......
Credit : poemscorner.com

No comments:

Subscribe

လာလည်သူများ

free counters