♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 25, 2015

" အကြိုက်တစ်မျိုးဆန်းသော ယောက်ျား.. (ကြီးကြိုက်ဘဲလေး) "... ဖွားဖွားတို့ရေ..ဒီလူ့ကို သတိထား..!!


တစ်ချို့ ယောက်ျားလေးတွေက အသားဖြူတဲ့ ကောင်မလေးမှ။ တစ်ချို့ကျတော့လည်း အသားညိုညို အရပ်မြင့်မြင့်မှ။ တစ်ချို့များကြတော့ ခပ်ပြည့်ပြည့်လေးမှ တွဲသွားတဲ့အခါ အဆင်ပြေမယ်ပေါ့။
ဒါပေမဲ့ DailyMail၊ Mirror နဲ့ Metro တို့လို ကမ္ဘာကျော်မီဒီယာကြီးတွေက ဒီနေ့မှာ အသည်းအသန် ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်ကတော့ Kyle Jones ဆိုတဲ့ အသက် ၃၁ နှစ်အရွယ် ယောက်ျ်ားတစ်ယောက်အကြောင်းပါ။ သူများတွေလို ဖြူမှ၊ မည်းမှ၊ အရပ်မြင့်မှ မဟုတ်ဘဲ သူ့အကြိုက်က အသက်ကြီးတဲ့ အဘွားကြီးတွေပါတဲ့။



လက်ရှိတွဲနေတဲ့ သူ့ကောင်မလေးက အသက် ၉၁နှစ်အရွယ် Marjorie McCool ဆိုတဲ့ အဘွားအိုတစ်ဦးဖြစ်ပါတယ်။
အသက်ချင်း ၆၀ လောက်ကွာပေမဲ့ သူတို့ချင်း အဆင်ပြေလို့ တွဲလာတာ ငါးနှစ်လောက်ရှိပါပြီ။
သူ့အမေနဲ့ မိတ်ဆက်ပေးဖို့ Marjorie ကို သူက အိမ်လည်း ခေါ်သွားခဲ့ပြီးပါပြီ။

အကြိုက်တစ်မျိုးဆန်းတဲ့ Kyle Jones ဟာ အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်၊ Pittsburgh မြို့က ဖုန်းကော်စင်တာ အလုပ်သမား တစ်ဦးဖြစ်ပါတယ်။
ယခင်ကလည်း သူနဲ့ အသက်ချင်း တော်တော်ကွာတဲ့ အမျိုးသမီးတွေနဲ့ ဒိတ်ခဲ့ဖူးပြီး လက်ရှိမှာလည်း ဒိတ်နေဆဲဖြစ်ပါတယ်။


“လူတိုင်းရဲ့ ဦးနှောက်ကတော့ ဆန်းကြတာပါပဲ။ တစ်ချို့ယောကျာ်းတွေက ရွှေအိုရောင် ဆံပင်ကိုမှ ကြိုက်တယ်။ တစ်ချို့ကြတော့ ဆံပင်နက်မှ။ တခြားလူတွေလိုပါပဲ ကျွန်တော်က အသက်ကြီးတဲ့ လေဒီတွေကိုကြိုက်တယ်” လို့ Kyle က ပြောကြားခဲ့ပါတယ်။

တစ်ခါတစ်ရံ မိန်းမတွေ စိုးရိမ်နေတဲ့ အရာမျိုးတွေက ကျွန်တော် စိတ်ဝင်စားတာတွေ ဖြစ်နေတယ်။ လည်ပင်းက အရေးအကြောင်းတွေနဲ့ အရေပြားတွန့်နေတာမျိုးတွေကို ကျွန်တော်က သဘောကျတယ်” လို့ သူကဆိုပါတယ်။

“ဖြူတယ်လို့ ကျွန်တော် မပြောချင်ဘူးဗျာ။ ကျွန်တော်က ပလက်တီနမ် ဆံပင်ပရိသတ်ပါ။ သဘာဝအတိုင်းပဲ ပိုကြိုက်တယ်” လို့ သူက ဆိုပါတယ်။

သူ့ကောင်မလေးအများစုဟာ အွန်လိုင်းမှာ တွေ့ခဲ့ ကြတာဖြစ်ပေမဲ့ Marjorie ကိုတော့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ၂၀၀၉ ခုနှစ်က စတွေ့ခဲ့တာဖြစ်ပါတယ်။

Kyle က ဖုန်းနံပါတ်တောင်းပြီးနောက်ပိုင်းမှာ ၃၇ နှစ်ကြာတစ်ကိုယ်တည်းဖြစ်နေတဲ့ Marjorie က ဒိတ်လုပ်ဖို့ လက်ခံလိုက်တယ် လို့ဆိုပါတယ်။

“ကျွန်မတို့ ဆက်ဆံရေးမှာ ရုပ်ပိုင်းဆိုင်ရာကတော့ အံ့သြစရာပါပဲ။ ကျွန်မကို ကျွန်မအံ့သြမိတယ်။ သူကလည်း ကျွန်မကိုအံ့သြစေတယ်” လို့ Marjorie က ပြောကြားခဲ့ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters