♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 24, 2015

" ရေ၊ မီး၊ ဆီ အလကား ပေးသုံးတဲ့ မြို့  "


Ashgabat လို့အမည်ရတဲ့ မြို့ ပါ။ သူ့ကို နတ်ပြည်လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။


 
 အစ်ရှ်ခါဗတ် မြို့တွင်းတနေရာ

 
 ဒါကတော့ ရှေးခေတ်စစ်သူကြီးတစ်ဦးရဲ့ ရုပ်တုပေါ့
 
 ဒါကတော့ ဈေးတနေရာပါ...
 
 
မိုးပျံရထားလမ်း...နှင့် ညီညာဖြောင့်ဖြူးတဲ့ မြို့တွင်းကားလမ်း..
 
 
ညဘက်အလှပေါ့..
 
 
ပေါင်မုန့်ရမယ်..ပေါင်မုန့်..လတ်တယ်နော်...မနက်ကမှ..ဖုတ်ထားတာ..
 
ဒါကတော့ အမျိုးသားပြတိုက်ပေါ့....
 
 လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်နှင့် ရင်ပြင်....
 
 
ဈေးဝယ်ပြီး အိမ်ပြန်နေတဲ့...စော်လေးသုံးယောက်...
 
 အစောင့် စစ်သားတွေ ဘဲငန်းခြေလှမ်းလှမ်းလို့ စစ်ရေးပြနေနေပုံ....

 
ပန်းခြံကြီးက ကြီးပါဘိသနှင့်...
 
 
သူတို့တွေကတော့ သဲကန္တာရကို အပင်တွေစိုက်လို့ စိမ်းလန်းအောင်လုပ်ကြတယ်..တို့များဆီမယ်..
 
 ဒါကြောင့်များ နတ်ပြည်လို့ တင်စားထားလေရော့သလာကွယ်...
 
 
သြော်...လှလိုက်တဲ့..ရှုခင်းကြီးပါလား......
 
 
ရိုးရာ ဝတ်စုံလေးတွေနှင့်ပါလား....အိုးကွယ်.. အဲ့လိုလုပ်နှင့်လေ.. ဒီမှာနေမထိ ထိုင်မသာဖြစ်လာပြီကွယ်...
 ကဲရောသမ ချစ်မိတ်ဆွေတို့ရေ.....
ပုံလေးတွေကြည့်ပြီးရင်...AungKham(Internationalnewsformyanmar) ရေးထားတာလေးကို ဖတ်ကြည့်လိုက်ပါဦး....

Ashgabat လို့အမည်ရတဲ့ မြို့ ပါ။ သူ့ကို Paradise လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။
အာရှအလယ်ပိုင်း က တာ့ခ်မင်နစ္စတန် အမည်ရ နိုင်ငံရဲ့  မြို့ တော် ဖြစ် ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး သီးသန့် တည်ထောင် ထားတဲ့ နိုင်ငံကပါ။ နိုင်ငံက သေးပါတယ်။ သတ္တုတူးဖော်မှုကို အဓိက ပြု လုပ်ပြီး စိုက်ပျိုးရေးလည်း အသင့်တင့် ထွန်းကားတဲ့ နိုင်ငံ ဖြစ် ပါတယ်။
ယင်းနိုင်ငံရဲ့  မြို့ တော်က Ashgabat ဖြစ်ပြီး ကမ္ဘာ့အလှဆုံး၊ နေချင် စရာအကောင်းဆုံး မြို့ စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက မြို့ နေပြည်သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို အခမဲ့ ထောက်ပံ့ ပေးထား လို့ပါ။ ရေ ဖိုး၊ မော်တော်ယာဉ် ဆီဖိုး၊ လျှပ်စစ်ဖိုး တို့က အခမဲ့ပဲ ဖြစ်ပါတယ်။ တစ်ဦး ချင်းအတွက် ကောက်ခံတဲ့ အခွန်ထဲမှာ ယင်းအတွက် အားလုံး ပါဝင် ပြီးသား မို့ ဖြစ်ပါတယ်။ အခွန်ကလည်း မများပါဘူး။ ယင်းမြို့ မှာနေထိုင် သူများ ကလည်း ချမ်းသာ ကြပါတယ်။  လူဦးရေ ၁ သန်းကျော်ပဲ ရှိတဲ့မြို့  ဖြစ် ပါတယ်။

ဒါကြောင့်လည်း အားလုံးနီးပါးကို အခမဲ့ ပေးထားပါတယ်။ ရေ၊ဆီ၊ မီးတို့ကို အခမဲ့ ပေးခြင်း အပြင် အခြား ကုန်ပစ္စည်းနဲ့ လိုအပ်ချက် များမှာ လည်း ဈေး အင်မတန် သက်သာကြောင်း သိရပါတယ်။
.
Ref: dyknow
Credit : Aung Kham (International news for myanmar)

No comments:

Subscribe

လာလည်သူများ

free counters