♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 15, 2015

" ဆော်ကဖြတ်သွားတာ ခံချင်ရင် ဒါတွေကို လုပ်လိုက်ပါ။ (မပြတ်ချင်ရင်ဒါတွေရှောင်လိုက်ပါ) "

လမ်းခွဲတာ ကအရမ်းခက်ခဲ နက်နဲတဲ့ အလုပ်တော့မဟုတ်ပါဘူး. တခါတလေ မှာ အရမ်းနဲ့ လွယ်လွန်းပါသည်. ဥပမာ ကိုယ်ဖွန်နေတာ ဆော်မိသွားတာတို့ လိုမျိုး.. တခါတလေ မှာကိုက ဘာအမှားတစ်ခုမှ မရှိပဲ ဘလိုင်းကြီး အဖြတ်ခံရတာမျိုးလည်းရှိပါသည်။ ဒါကြောင့် ကိုယ်ဘက်က အမှားကိုယ် လွယ်လွယ်နဲ့သိရန်၊ ဒါမှမဟုတ် သူ့ဘက်က စဖြတ်စေရန် အတွက် ဆော်တွေလုံးဝ မကြိုက်တဲ့ အချက်ကြီး ၇ ချက်ကိုဖောက်သည်ချလိုက်ပါသည်။
၁။ သူ့ဘော်ဒါ တွေနဲ့ ကြူကြူခင်းခြင်း
သူနဲ့ အတူရှိနေချိန် တခြား အလန်းဇယားတွေကို မျက်စိအစာကျွေးတာ ထက်ဆိုးတာ သူ့ သူငယ်ချင်းတွေကို သွားကြူတာပါ. ကိုယ်က ခင်တက်လို့ စတာ နောက်တာပဲဖြစ်နေပါစေ . ကိုယ်က တခြားကောင်မလေးတွေနဲ့ ဟေးလားဟားလား နေလို့ကတော့ သေဖို့သာပြင်ပဲ. သူ့ သူငယ်ချင်းတွေ နဲ့ ကိုယ်ဝင်ရောနိုင်တာ ကို သူကကြည်ဖြူနိုင်ပေမယ့် အတိုင်းအတာတစ် ခုတော့ရှိတယ်. ဘာပဲဖြစ်ဖြစ် စေတနာမပိုမိစေနဲ့၊ သူ့ကို ကျော်ပြီး အကဲမပိုနဲ့။ ကုန်ကုန်ပြောရရင် သူက သူ့တစ်ယောက်ထဲကိုပဲ မြင်စေချင် ဂရုစိုက်စေချင်တာ။

၂။ ကပ်စီးနဲခြင်း
ခုခေတ်ကြီးမှာ မိန်းခလေးတွေက ကိုယ်စားတာ ကိုယ်ရှင်းနို်င်တဲ့ အနေအထားရှိပါတယ်။ မထင်ရင်မထင်သလို

" မောင်ချစ်တဲ့ အရပ်ရှည်ရှည် ပဲလင်းမြွေ မမတွေ"

သူငယ်ချင်းအပေါင်း
မင်္ဂလာပါလို့ပဲ နှုတ်ခွန်းဆက်သလိုက်ပါတယ်နော်....
ဒီတစ်ခါတော့ ကမ္ဘာတစ်လွှားက ထူးထူးခြားခြား
ရှည်လျှား တဲ့ အရပ်အမောင်းတွေ ရဲ့ ပုံရိပ်လေးတွေ
တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ....
ညီမတို့နှစ်ယောက်က ညီအမလေ...ဘာလို့လဲဆိုတော့ သူက ညီမ...ကျမက အမ..ဆိုတော့ ညီအမတွေပေါ့...ခ်ခ်ခ်....
 
 
ဝါး....ရှည်လိုက်တာ..ဟယ်..ကြည့်စမ်း..ကြည့်စမ်း.... 

" ထူးထူးခြားခြားတွေ ထူးထူးခြားခြားတွေ အပိုဒ် (၁) ကနေ (၇) အထိ ဖတ်သာကြည့်ပေတော့အေ "

  
                                             
ထူးထူးခြားခြား (၁)
===========

(၁) အင်္ဂလန်နိုင်ငံရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး။

(၂) ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး။

(၃) ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်းများကို ကာကွယ်ရန်ဖြစ်သည်။

(၄) သင့်ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံး ခန္ဓာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က ၆၀ စက္ကန့်သာ ကြာမြင့်ပါတယ်။

(၅) လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်။

(၆) ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်။

(၇) မိန်းမတွေဟာ ယောက်ျားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်။

(၈) ယောက်ျားတွေက မိန်းမတွေထက်ပိုပြီး မကြာခဏကြို့ထိုးတတ်ပါတယ်။

(၉) ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာသားပိုက်ကောင်တွေကသာ လေမလည်တာပါ။

(၁၀) Thomas Edison ဟာ လျှပ်စစ်မီးသီး နမူနာပုံစံထုတ်လုပ်ရာမှာ အကြိမ်ပေါင်း တစ်သောင်းအထိ မအောင်မြင်ခဲ့ပါဘူး။

ထူးထူးခြားခြား (၂)
===========

(၁၁) လူတစ်ယောက်ဟာ မွေးကင်းစမှာ အရိုးပေါင်း ၃၅၀ ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ ၂၀၆ ချောင်းပဲ

" Selaginella သို့မဟုတ် သေခြင်းကို အံတုသော ဆေးဖက်ဝင် အပင်ငယ် "

 
၁၉၅၉ခုနှစ်က ဂျပန်ဇီဝဗေဒပညာရှင်တစ်ဦးဟာ အလွန်တရာမှ ဆန်းကြယ်တဲ့အဖြစ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအဖြစ်က လွန်ခဲ့တဲ့နှစ်ပေါင်း၂၁နှစ်ခန့်က သေဆုံးခဲ့တဲ့အပင်တစ်ပင်ရဲ့ရုပ်ကြွင်းဟာ ပြန်လည်ရှင်သန်လာခဲ့တာဖြစ်တယ်။အဲဒီအပင်က Selaginella ပင်ပဲဖြစ်ပါတယ်။
...
Selaginellaကို “အကြိမ်ကြိမ်သေလည်း ပြန်ရှင်သန်နိုင်တဲ့မြက်”လို့ တင်စားကြပါတယ်။ အသက်ရှည်တဲ့မြက်၊ မသေတဲ့မြက်၊ မိုးခေါင်ဒဏ်ကိုခံနိုင်တဲ့မြက်လို့လည်း ဆိုကြတယ်။ ရှင်သန်တဲ့ပတ်ဝန်းကျင်ကို မနှစ်သက်တဲ့အခါ Selaginellaဟာ အကြိမ်ကြိမ်ရွေ့လျားတတ်ပါတယ်။ မိုးခေါင်ရေရှားရာသီမှာဆိုရင် သူဟာ သူ့အမြစ်ကိုသူနုတ်ပြီး ဘောလုံးသဏ္ဍာန်ကျုံ့လိုက်တတ်ပါတယ်။ အဲဒီနောက် လေတိုက်ရာနောက် လှိမ့်ပါတော့တယ်။ စွတ်စိုတဲ့မြေနေရာရောက်တဲ့အခါ အမြစ်တွယ်ပြီး တစ်ဖန်ပြန်ရှင်သန်ပေါက်ရောက်တော့တယ်။ ပတ်ဝန်းကျင်အသစ်ကို

"ဖိုးတာကို ဒီလိုလာခြောက်လို့ ဘယ်ရမလဲ" ( ဟာသ)

အမူးသမားမောင်ဖိုးတာ
အမူးသမား မောင်ဖိုးတစ်ယောက် မူးကန်းကန်းနဲ့ဘဲ ဘုရားတန်စောင်းအတွင်းရောက်ရှိသွားသည်။ သူသည်
ဘုရားတန်စောင်းအတွင်းရောက်သွားသောအခါ ငါးပါးသီလကို ကျူးလွန်သဖြင့် ငရဲတွင်
အပြစ်ခံနေရသော ပုဂ္ဂိုလ်များအကြောင်း
သရုပ်ဖေါ်ရေးဆွဲထားသောပန်းချီကားများကို သွားမြင်လေသည်။
ထိုတွင် မောင်ဖိုးတာသည် ပထမပန်းချီကားကို စတင်ဖတ်လေတော့သည်။ ပထမပန်းချီကားသည်
အတိတ်ဘ၀က သူတစ်ပါးအသက်ကို သတ်သောသူများ ငရဲကို ခံနေရပုံ သရုပ်ဖေါ်ဆွဲထား
လေသည်။ မောင်ဖိုး တာသည် ပထမပန်းချီကားကို ဖတ်ပြီးသောအခါ
မှတ်ချက်ပေးလိုက်သည်ကား
"ခံပေါ့ကွာ သူများအသက် သတ်တဲ့ကောင်တွေ"တဲ့။
ထို့နောက် ဒုတိယပန်းချီကားကို ဆက်ဖတ်လေသည်။ ဒုတိယပန်းချီကားသည် သူတစ်ပါးပစ္စည်းကို
ခိုးသော သူများ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ဆွဲထားလေသည်။ ထိုပန်းချီကားကို
ဖတ်ပြီးနောက် မောင်ဖိုးတာ မှတ်ချက်ပေးလိုက်သည်ကား
"သူတစ်ပါးဥစ္စာကို ခိုးတဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် သူတစ်ပါးသားမယားကို ပြစ်မှားသော ပုဂ္ဂိုလ်များ ငရဲတွင် ခံနေရပုံကို

August 14, 2015

" ဆေးတော့ရှိတယ် ဒါပေမဲ့ ငါရူးနေတယ် "

 













ဆေးတော့ရှိတယ် ဒါပေမဲ့ ငါရူးနေတယ်
နာကျင်နေတဲ့ နှလုံးသားက
တစစ်စစ်နဲ့ သွေးမြေကျနေတယ်
ကုစားလို့မရတဲ့ အချစ်ကို
နမ်းရိုက်မိတဲ့ ကဝေ
ရူးသွပ်စွာတမ်းတရင်း ကြေကွဲစွာနဲ့
သတိရ တမ်းတမိနေတယ် ။
အမှောင်ညတွေကို ဖြတ်သန်းရင်းလည်း
ကမ်းလင့်လက်တစ်စုံကို မျှော်ကိုးနေမိတုံး
နင်ဟာ ငါ့ဘဝကို ပိုင်ဆိုးလိုက်တာဟာ
ငါ့မျက်စိထည်းမှာ နင့်မျက်နှာ ထွက်ကိုမထွက်ဖူး
အိမ်မက်ထည်းထိ ပါတယ် နင်လွန်တာလား
ငါရူးတာလားဟာ ငါရူးတာဆိုလည်း
ဆေးတော့ရှိမယ်ထင်ပါတယ် ။
နင်လွန်တာဆိုရင်တော့ ခေတ္တခနလေး ဖြစ်ဖြစ်
ငါ့အာရုံထည်းက ခေတ္တခနဖြစ်ဖြစ် ထွက်ပေးပါလားဟာ။
ငါ့ ဘဝရဲ့ အလင်းတန်းတွေ နင်သုံးဆောင်လိုက်ပါ

" Skin Whitening Injection အသားဖြူဆေးရဲ့ အကျိုးကျေးဇူးများ နှင့် ဘေးထွက် ဆိုးကျိုးများ "

 
ယခုမြန်မာပြည်မှာ ခေတ်စားနေတာ အသားဖြူဆေး တဲ့။ အကြောထဲ ထိုးပေးပါတယ်။ ဘယ်လို ဆေးမျိုး လဲ၊ အန္တရာယ် ရှိနိုင်လား၊ ဘယ်လို ဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်ပါလဲ။ ဘယ်လိုရောဂါမျိုး ရှိနေ သူတွေ မထိုး သင့်ဘူးလဲ ဆရာ။
ဆေးကြော်ညာ ‘ဝဘ်ဆိုက်’ မှာ ပါတာကိုသာ အရင်ရေးပါမယ်။

 
အကျိုးကျေးဇူးများ
သွေးပြန်ကြောထဲ သွင်းပေးလျှင် အသားဖြူလာမယ်။ Vitamin C နဲ့ Glutathione ရောထားတယ်။ နောက် ထပ်လဲ အင်နာဂျီရမယ်။ ခုခံအားပိုကောင်းမယ်။ (ဒီအချက်က ဗီတာမင်စီ ကြောင့်ပြောတာပါ။) အသား အရေ ဖြူလာစေတာသာမက အမာရွတ်ထင်လို့ အရောင်ရင့်နေတာလဲ စက်သာစေမယ်။ ဆေးသွင်းရတာ ၁ နာရီခွဲကနေ ၄ နာရီအထိကြာနိုင်လို့ ဆေးထိုးနေရင်း အိပ်တဲ့လူနာတွေရှိတယ်။

 
ဘေးထွက် ဆိုးကျိုးတွေ
နာမယ်။ သွေးယိုတာရှိမယ်။ သွေးခြည်ဥမယ်။ ပိုးဝင်နိုင်တယ်။ အမာရွတ်ထင်မယ်။ ဆေးထိုးပြီး ရင် နေရောင်နဲ့ မထိအောင် ရှောင်သင့်တယ်။ ကျောက်ကပ်မကောင်းသူနဲ့ အသည်းမကောင်း သူတွေမထိုး သင့်ပါ။

Glutathione ‘ဂလူတာသိုင်အုန်း’ ဆိုတာ လူတွေစားသုံးနေတဲ့ အသား၊ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါတယ်။

သောက်ဆေးလဲ-ရှိတယ်။ မျက်စိအတွင်းတိမ်၊ ရေတိမ်ကိုလဲပေးတယ်။ ဇာရာကိုသက်သာစေတယ်လို့လဲ

" မြွေ အစာအဖြစ် ကြွက်မွေးဖို့ ထိုင်းနိုင်ငံမှာ အငြင်းပွားဖွယ် ဖြစ်နေ "

 

ထိုင်းနိုင်ငံမှာ ထုတ်ပြန်လိုက်တဲ့ တိရစ္ဆာန် စောင့်ရှောက်ရေး ဥပဒေသစ်ကြောင့် ထိုင်း မြောက်ပိုင်းရှိ အူတရတ်ဒစ် ခရိုင်က မြွေ မွေးမြူရေးစခန်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။
အူတရတ်ဒစ် ခရိုင်မှာ ကမ္ဘာ့အကြီးဆုံး မြွေ မွေးမြူရေးစခန်း ဆောက်လုပ်နေတယ်လို့ နေရှင်း သတင်းမှာ ပါရှိပါတယ်။

ဒီစခန်းအတွက် ဘတ်ငွေ သန်း ၃၀၀ အကုန်ကျခံပြီး မြွေအကောင် ၁ ထောင်လောက် မွေးမြူမှာကို ဒေသခံတွေက မစိုးရိမ်ကြပေမယ့် ကြွက်အကောင်ပေါင်း ၁ သောင်း လောက်ကို မွေးပြီး မြွေ အစာအဖြစ် ကြွေးမယ့်ကိစ္စကိုတော့ ပူပန်နေကြတယ်လို့ ခရိုင်အရာရှိတဦး ဖြစ်တဲ့ Pisit Wongthong က ပြောပါတယ်။

မြွေတွေ ကျွေးဖို့ ကြွက်တွေကို မွေးတာဟာ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်ရာ မကျဘူးလားလို့ မစ္စတာ Pisit က ပြောဆိုပြီး ဒီလိုအစာအဖြစ် မွေးမြူမယ့်ကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဒေသခံတွေကို

" ကြက်သားပြား ဆီပြန်ဟင်းနှင့် ကန်စွန်းရိုးနီ ချဉ်ရည်ဟင်း " (လွယ်ကူ မြန်ဆန် စားမြိန် ဟင်းချက်နည်းများ)


 ကြက်သားပြား ဆီပြန်ဟင်း

၁။ ကြက်သား ရင်ဗုံသား အတုံးကြီး နှစ်တုံးကို ပါးပါးလှီးပြီး နုတ်နုတ်စင်းထားပါတယ်။

၂။ ဂျင်း လက်မဝက်နဲ့ ကြက်သွန်ဖြူ ၄မြှောင့်ကို ညက်အောင်ထောင်းပြီး ညက်ရင် နုတ်နုတ်စင်းထားတဲ့ ကြက်သားတွေထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင် ဆက်ထောင်းပါတယ်။

၃။ အရွယ်တော် ကြက်သွန်နီ ၃ဥနဲ့ ခရမ်းချဉ်သီး ၄လုံးကို ပါးပါးလှီးထားပါတယ်။

၎။ နံနံပင် ၃ပင်ကို ရေစင်အောင် ဆေးပြီး တစ်လက်မခွဲလောက်အရှည် အပိုင်းတွေ

" မိန်းမကောင်း တစ်ယောက် ပိုင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးများ "

 
                               တဂဒဲတော်....      ဇိမ်ပါ် ဇိမ်ကျနေချက်များ....ဟွန့်

၁။ သူမဟာ သင့်အတွက်ပဲ အမြဲရပ်တည် နေမှာပါ။
အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။

၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတယ်။
အရည်အချင်းရှိတဲ့မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောက်ျားတစ်ယောက်ကို လိုအပ်တာမဟုတ်ပါဘူး။ သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုလဲ သူမကိုယ်ပိုင်အိမ်မက်တွေကို အကောင်ထည်ဖော်နေသလိုပဲ အားတတ်သရော ပါရမီဖြည့်ပေးနေမှာပါ။

 
၃။ သင့်ကို လမ်းမှန်ရောက်ဖို့ အမြဲအားပေးနေတယ်။
သင်မှားနေခဲ့ရင်တောင် သင့်အတ္တတွေကို အရောင်တင်ပေးပြီး သင့်စိတ်ကြိုက် အလိုက်ဆောင်ပေးမယ့် သူတွေအများကြီး ရှိနေမှာပါ။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကတော့ ဘယ်လောက်

August 13, 2015

" အသက်ရလာရင်တောင် နုပျိုနေစေဖို့ ဒီအချက်လေး (၂) ချက်အတိုင်း လုပ်ဆောင်ဖို့သာလို "

 
ကိုရီးယားအမျိုးသမီးတွေဟာ အများအားဖြင့် တောက်ပပြီး နူးညံ့စိုပြည်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားကြသူတွေပါ။ သင့်အနေနဲ့လဲ ဒီလို နူးညံ့ဝင်းပတဲ့အသားအရေမျိုး တစ်နေ့တာလုံး ပိုင်ဆိုင်ထားချင်တယ်ဆိုရင်တော့ သင်လုပ်ဆောင်ရမယ့် အချက်က နှစ်ချက်တည်းပါ။
အဲ့ဒါကတော့ ရေများများသောက်ပြီး moisturising ကရင်မ်တွေ သုံးပေးဖို့ပါပဲ။ မျက်နှာသစ် ရေချိုးအပြီးမှာ moisturiser ပမာဏ အတော်များများကို အသုံးပြုပေးလိုက်ရင် တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်တယ်လို့ လူအများစုက ထင်နေကြတယ်။ တကယ်တမ်း လုပ်သင့်တာက moisturiser လိမ်းရာမှာ ပမာဏ အနည်းငယ်လောက်ကိုသာ သုံးသင့်တယ်။ ဒါမှလည်း သင့်ရဲ့အရေပြားက moisturiser ကို အလွယ်တကူ သက်တောင့်သက်သာနဲ့ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ ညအိပ်ရာဝင်ချိန်မှာ ကပ်ပြီး အိပ်ရတဲ့ facial mask တွေကလဲ အစိုဓါတ်ကို ကောင်းကောင်း ထိန်းထားနိုင်ပါတယ်။

အမျိုးသမီး နာမည်ကျော်တွေကို “Smart Moms” တွေရယ်လို့ လူသိများနေကြတဲ့ အကြောင်းရင်းထဲက တစ်ချက်ကတော့ သူမတို့ရဲ့ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံကြောင့်ပါပဲ။ အသီးအရွက်၊ အသီးအနှံများစုဟာ အရွယ်ကျခြင်းဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကလည်း အစားအသောက် စားတဲ့ အလေ့အထ ကဲ့သို့ပဲ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းက အသားအရေကို

" အမျိုးသားများရဲ့ အိမ်ထောင်သည်ဘ၀ကို သာယာစေမယ့် မုန်လာဥနီ (ဂါဂျယ်ဥ) " (၁၈နှစ် အထက်သာ)

 
ငိငိငိ....
လိမ္မော်ဝါရောင်ရှိတဲ့ မုန်လာဥနီ (carrot)ဟာ သုက်ကောင်များရဲ့ ကူးခတ်နိုင်စွမ်းကို ပိုပြီးလျှင်မြန်
သွက်လက်စေတယ်လို့ သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဟားဗတ်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သုတေသီတွေရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယခင်လေ့လာမှုများအရ အနီရောင်ခြယ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်များဟာ အမျိုးသားများကို ကျန်းမာသန်စွမ်းတဲ့ သုက်ကောင်လေးတွေကို ပိုပြီးထုတ်လုပ်နိုင်စေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခု သုတေသနမှာတော့ မုန်လာဥနီမှာ သုက်ကောင်လေးတွေရဲ့ မမျိုးဥ ဆီကို ကူးခတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုက်လန်နဲ့ ဟင်းနုနွယ်မှာလည်း အခုလိုအာနိသင်ရှိနေပါတယ်လို့ သိရပါတယ်။ဒါဟာ ဖော်ပြပါ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း ဘီတာကယ်လိုတင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မုန်လာဥနီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် သုက်ကောင်လေးတွေဟာ မမျိုးဥဆီ ကို

" မိန်းကလေးတစ်ယောက်နဲ့ စတင်ဆုံတွေ့ချိန်မှာ အမျိုးသားတွေအနေနဲ့ သတိထားမိတတ်ကြတဲ့အရာများ "

 
 ယောက်ျားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ စတင်မိတ်ဆက်၊ စကားပြောဆိုပြီး နှုတ်ဆက်ချိန်မှာ အဲ့ဒီမိန်းကလေးရဲ့ဘယ်လိုအရာတွေ သူတို့မှတ်မှတ်ထင်ထင် ရှိနေတတ်ကြပါသလဲ။ သတိထားမိတတ်ကြပါသလဲ။

၁။သူမရဲ့နှုတ်ခမ်း
မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ပါးစပ်ဟာ
ယောက်ျားလေးတွေအတွက် ပထမဆုံးသတိပြုမိလေ့ရှိတဲ့အရာ ဖြစ်တတ်ပါတယ်။ စကားပြောပုံဆိုပေါက်ကို လေ့လာကြသလို သူမရဲ့ နှုတ်ခမ်းက နှစ်လိုဖွယ်ရှိရဲ့လားဆိုတာကိုပါ တစ်ချက်တည်း ကြည့်တတ်ကြပါတယ်။

၂။အရယ်၊ အပြုံး
 
 ယောက်ျားလေး အများစုကတော့ စူပုပ်နေတဲ့ မိန်းကလေးတွေ၊ နှုတ်ခမ်းစေ့စေ့နဲ့ တည်တည်နေတတ်တဲ့ မိန်းကလေးမျိုးတွေထက် ပြုံးပြုံးရွှင်ရွှင်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ မိန်းကလေးတွေကို ပိုသတိထားမိတတ်ကြပါတယ်။ ကြားဖူးနားဝရှိဖူးမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ ရယ်မောလိုက်တဲ့အသံဟာ ယောင်္ကျားလေးတွေအတွက် ဆက်စီဖြစ်တယ်ဆိုတာမျိုးပေါ့။

၃။ရယ်စရာ၊ ဟာသစကားဆိုတတ်သူ
ယောင်္ကျားလေးတွေက မိန်းကလေးတွေနဲ့ ဆုံတဲ့အခါ ဟာသတွေပြောပြီး ရယ်မောစေတတ်ပါတယ်။ ဒါပေမယ့် အပြန်အလှန်သဘောမျိုးပါပဲ။ သူတို့လည်း မိန်းကလေးတွေ ပြောပြတဲ့ ဟာသတွေကို ကြားချင်ပါတယ်။

" ကမ္ဘာတစ်လွှားက အကောင်းဆုံး လေဆိပ်များ "

ကမ္ဘာတစ်လွှားက အကောင်းဆုံး လေဆိပ်များထဲမှာ မြန်မာအများဆုံး ရောက်ကြတဲ့ စင်္ကာပူက Changi လေဆိပ်လည်း ပါဝင်ပါတယ်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က လေဆိပ်ဆိုရင် စက်ဖြင့် ဖန်တီးပြုလုပ်ထားတဲ့ ရေလှိုင်းပါ ပါဝင်ပြီး ရေလှိုင်းစီးခြင်း၊ ရေကူးခြင်းတို့ ပြုလုပ် နိုင်ပါတယ်။ မလေးရှား ကွာလာလမ်ပူက လေဆိပ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဂျပန်၊ လပ်စ်ဗီးကတ်၊ ကာတာ၊ ဒိုဟာ၊ ဒူဘိုင်းတို့မှ လေဆိပ်များလည်း ပါဝင်ပါတယ်။
လေဆိပ်မှာ လောင်းကစားပြုလုပ်နိုင်တဲ့ လောင်းကစားရုံ ရှိတာမျိုး၊ သဘာဝ ဘီယာဘားရှိတာမျိုး၊ ရေသတ္တဝါပေါင်း ၅၀၀ ကျော်မွေးထားတဲ့ ငါးပြတိုက် ရှိတာမျိုး အပြင်၊ အပေါ်ကနေ ချောစီးဆင်းလု့ရတဲ့ နေရာတွေလည်း ပါဝင် ပါတယ်။ လေဆိပ်များမှာ လေယာဉ်နောက်ကျတာပဲ ဖြစ်ဖြစ် စောစောရောက်လို့ အားနေတယ်ဆိုရင်ပဲ ဖြစ်ဖြစ် ဆော့လို့ရအောင် ဖန်တီးပေးထားကြခြင်း ဖြစ်ပါတယ်။ လေဆိပ်မှာ ဈေးသုံး ရှော့ပင်ထွက်ရတာဟာ လူတွေအတွက် ရိုးအီလာတဲ့ အရာ ဖြစ်လာတာကြောင့် ကမ္ဘာအရပ်ရပ်က လေဆိပ်များ အနေနဲ့ ထူးခြား ဆန်းသစ်အောင် မိမိနိုင်ငံနဲ့ အလိုက်

" အကောင်းဆုံး အချစ်နဲ့ အကောင်းဆုံးနားလည်မှု .. လူတိုင်းဖတ်သင့်တဲ့ ဆောင်းပါးလေးပါ "

 
ကျွန်တော် ကလေးဘဝတုန်းက အမေဟာ မကြာခဏဆိုသလို ညစာအတွက် တစ်ခုခု ပြုလုပ်ပေးလေ့ ရှိခဲ့ပါတယ်။ အမေ အလုပ်ခွင်မှာ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီးနောက် ကျွန်တော်တို့အတွက် ညစာပြုလုပ်ပေးခဲ့တဲ့ ညတစ်ညကိုတော့ အထူးမှတ်မိနေပါသေးတယ်။

အဲဒီညတုန်းက အမေဟာ ကျွန်တော့်အဖေရဲ့ ရှေ့မှာ ကြက်ဥပန်းကန်ရယ်၊ အစာသွပ် အသားချောင်းရယ်၊ အလွန်တူးနေတဲ့ ပေါင်မုန့်မီးကင်တွေကို ချလိုက်ပါတယ်။ ဒါကို တစ်ယောက်ယောက်များ သတိထားမိသလားလို့ ကျွန်တော် စောင့်ကြည့်နေခဲ့မိတာ သတိရပါသေးတယ်။

ဒါပေမဲ့ အဖေဟာ သူ့ရဲ့
ပေါင်မုန့်မီးကင်ကို လှမ်းယူကာ အမေ့ကို ပြုံးပြီးနောက် ကျွန်တော့်ကို ကျောင်းမှာ အဆင်ပြေရဲ့လားလို့ မေးလိုက်ပါတယ်။ အဲဒီညက အဖေကို ကျွန်တော် ဘာပြန်ပြောခဲ့သလဲဆိုတာ မမှတ်မိတော့ပေမဲ့ ပေါင်မုန့်မီးကင်တွေအပေါ် ထောပတ်နဲ့ ဂျယ်လီတွေသုတ်လိမ်းပြီး တစ်ကိုက်ချင်း ကိုက် စားနေတဲ့ အဖေကို စောင့်ကြည့်နေခဲ့မိတာကိုတော့ အသေအချာ မှတ်မိပါသေးတယ်။

အဲဒီနေ့ညက ကျွန်တော် စားပွဲမှ ထလိုက်တဲ့အချိန်မှာပဲ ဘီစကွတ်တွေ ကျွမ်းသွားခဲ့တဲ့အတွက် အမေက

" အမျိုးသား ဘောလုံး သမားများကို အရူးလုပ်သွားနိုင်တဲ့ အမျိုးသမီး ဘောလုံး သမားများ "

 
ဘရာဇီးနိုင်ငံမှ အတော်ဆုံး အလွတ်တန်း ဘောလုံးအားကစား (Freestyle Football sport) မှ အတော်ဆုံး အမျိုးသမီး ဖြစ်သူ Raquel နဲ့ Freestyle World Cup ကမ္ဘာ့ဖလားမှာ 1st runner up ဆု ရရှိထားဖူးတဲ့ ပြင်သစ်နိုင်ငံမှ အမျိုးသမီး Alice တို့ဟာ အမျိုးသား ဘောလုံး အားကစားသမားများကို အကွက်ချ စီစဉ်ပြီး အရူးလုပ်ခဲ့ ပါတယ်။ 
Maxman အမည်ရ တီဗီ ချယ်နယ်ကနေပြီးတော့ သူမတို့ နှစ်ဦးဟာ သာမန်လို ဝတ်စားစေပါတယ်။ Alice ကို အဖွားအိုပုံစံ ဝတ်စေပြီး Raquel ကို အလှမက်တဲ့ ခပ်ပေါ့ပေါ့ပါးပါး မိန်းကလေး တစ်ယောက်လို

August 12, 2015

" မိန်းမဆုံးပြီး မကြာခင်မှာပင် ကိုဘမောင်သည် သူ့ ခယ်မကို လက်ထပ်ယူလိုက်သည် " (ဟာသ)

 
မိန်းမဆုံးပြီး မကြာခင်မှာပင် ကိုဘမောင်သည် သူ့ မိန်းမ၏ ညီမကို လက်ထပ်ယူလိုက်သည် ။ လူတတ်ကြီး ကိုဘမောင်က လူတကာက  ကဲ့ရဲ့ ဝေဖန်မည့်ဒဏ်မှရှောင်လွှဲလိုသည့် အတွက် ဆုံးသွားသည့် သူ့ ပထမ မိန်းမ ၏ ပုံတူပန်းချီကားကြီးကိုဧည့်ခန်းထဲ တွင် ချိတ်ဆွဲထားလိုက်သည် ။ တစ်နေ့  ဧည့်သည် တစ်ယောက်က အလွန်လှပသည့် ပုံတူပန်းချီကားကြီးကိုကြည့်ပြီး မေးသည် ။
..” အဲ့ဒီ့ မိန်းမချောက ဘယ်သူလဲဗျ..”
ကိုဘမောင် မျက်ရည်လေး တစမ်းစမ်းနှင့် ပြန်ဖြေသည် ။
” အဲ့ဒါ..သိပ်ကို သနားစရာကောင်းတဲ့ ..ကျနော့် ခယ်မလေ..ဆုံးသွားတာ မကြာသေးဘူး..”

Credit: Zaw Min Latt
Credit : SearchMyanmar

"အားတဲ့ရက်မှာ ရွှေတောင်ခေါက်ဆွဲလေး လုပ်စားကြရအောင်လား " (Wut Yee Food House)


ရွှေတောင်ခေါက်ဆွဲ (၅ယောက်စာ)
မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
  • ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
  • နံနံပင် – ၁စည်း (ပါးပါးလှီးပါ)

  • သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
  • အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)
  • ပဲအကျက်မှုန့် – ၄၀ ဂရမ်
  • ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း

"ကလေးထိန်းသော ဖခင်များ သတိထားပါ.. ဖုန်းဆော့နေတဲ့ ဖခင်ကြောင့် (၃)နှစ်အရွယ် ကလေးငယ် တိုက်ပေါ်က ပြုတ်ကျ "

 
မိုဘိုင်းဖုန်းတွေကြောင့် ယာဉ်တိုက်မှုတွေ၊ အခြားမတော်တဆဖြစ်မူ အများအဟြးရှိခဲ့ရာ အခုလည်း ဖုန်းကိုသာ အာရုံစိုက်နေတဲ့ ဖခင်ကြောင့် ကလေးဖြစ်သူဟာ တိုက်ပေါ်က ပြုတ်ကျသွားခဲ့တာမို့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက အသက်သုံးနှစ်အရွယ် ကလေးငယ်ဟာ ဖခင်ဖြစ်သူနားမှာ ဆော့ကစားမှု ပြုလုပ်နေရင်း မတော်တဆမှု ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဟန်ဟန် အမည်ရ ကလေးငယ်ဟာ မိသားစုနဲ့အတူ ညစာ စားပြီးနောက် ဆော့ကစားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဟန်ဟန်ရဲ့ အဘွားဖြစ်သူက စားပြီးသား ပန်းကန်တွေကို ဆေးကြောနေပြီး၊ အခြားမိသားစုဝင် တွေကတော့ ကိုယ်စီ အလုပ်များနေပါတယ်။
ဒါကြောင့် ဟန်ဟန်ကို ဖခင်ဖြစ်သူက ကြည့်ရှု ထိန်းကျောင်း ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူဟာ ကလေးကို အလေးထား စောင့်ရှောက်ခြင်း မရှိဘဲ မိုဘိုင်းဖုန်းနဲ့ ဆော့ကစားနေခဲ့ပါတယ်။ အစောပိုင်းမှာ ကလေးငယ်ဟာ ဖခင်ဖြစ်သူ အနီးဝန်းကျင်မှာ ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။ အဘွားဖြစ်သူ မီးဖိုချောင်ကနေ ထွက်လာပြီးနောက် ဟန်ဟန် အမည်ခေါ်တဲ့အခါ ဖခင်ဖြစ်သူလည်း ဖုန်းဆော့တာကိုရပ်ပြီး သမီးဖြစ်သူကို သတိရသွားခဲ့ပါတယ်။ ဟန်ဟန်ဟာ ရုတ်တရက် ပျောက်သွားခဲ့တာကြောင့် ရှာဖွေခဲ့ရာ မတွေခဲ့ပါဘူး။

" ခြေထောက်တွေကို ကြပ်ထုပ်စည်းကာ သေးငယ်အောင်ပြုလုပ်ခဲ့ကြသော ခြေသေး တရုတ်အမျိုးသမီးကြီးများ ဆိုသည်မှာ"

 
အသည်းခိုက်ခဲ့ကြရတဲ့ ကြာပန်းခြေထောက်ကလေးများ
ခရစ်သက္ကရာဇ် ၁၀ရာစုလောက်ကနေ ၂၀ရာစုလောက်အထိ တရုတ်ပြည် အနှံ့အပျားမှာရေ
ပန်းစားခဲ့တာကတော့ ခြေချောင်းလေးတွေကိုချိုးပြီးခြေဖဝါးတွင်ကပ်ကာ ခြေထောက်ဖွံ့ဖြိုးမှုမရှိအောင် တင်းနေအောင် ကြပ်စည်းတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်ပါတယ်။ သမီးမိန်းကလေး ၂ နှစ်အရွယ်ကနေ ၅နှစ်အရွယ်အတွင်းမှာ ဒီရိုးရာကို စတင်စီမံတာမို့လို့ ခြေသေးမိန်းကလေးရဲ့ ခြေဖဝါး အရှည်ဟာ အရွယ်ရောက်ချိန်မှာ သုံးလက်မဝန်းကျင်လောက်သာရှိတယ်လို့ဆိုပါတယ်။
ရှေးတရုတ်ပြည်ရဲ
့ လူကုံတန် အထက်တန်းလွှာ အသိုင်းအဝိုင်း၊ အနုပညာရှင်များနဲ့ အလယ်အလတ်တန်းစားမိသားစုများမှာတော့ ထုံးစံအရ အနည်းလေးတော့ သမီးဦးများကို ဒီရိုးရာအစီအမံအတိုင်းမဖြစ်မနေလုပ်ပေး
ကြလေ့ရှိပါတယ်။ ရှေးတရုတ်လူမျိုးများဟာ ခြေချောင်းရိုးလေးတွေချိုးပြီး ကြပ်စည်းခံထားရတဲ့ မိန်းကလေးတွေရဲ့ ခြေထောက်သေးသေးလေးတွေကို အလှတရားတစ်ခု၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ တန်ဖိုးထားလွန်းလို့ ကြာပန်းခြေထောက်ရယ်လို့ တင်းစာပြီးတော့တောင် ခေါ်ခဲ့ကြပါတယ်တဲ့။ ကြာပန်းခြေထောက်ပိုင်ရှင်အမျိုးသမီးများဟာ ဒုက္ခိတ တစ်ပိုင်းဖြစ်နေတာကြောင့် အင်တိုက်အားတိုက်လုပ်ရမယ့် ပင်ပန်းတဲ့အလုပ်မျိုးတွေ လုပ်ဖို့မတတ်နိုင်ပါဘူး။ ဒါကိုကပဲ ပဒေသရာဇ်ခောတ် လူကုံတန်

" မိုးရက်ဆက် ရွာသွန်းမှုကြောင့် ပုဂံတွင် ရှေးဟောင်းဘုရား တစ်ဆူပြိုကျ "

မိုးရွာသွန်းမှုများကြောင့် ပြိုကျသွားသည့် ပုဂံဘုရား(ဓာတ်ပုံ - အောင်ဇာ)
မိုးသည်းထန်စွာ ရက် ဆက်ရွာသွန်းမှုကြောင့် ရှေး ဟောင်းပုဂံဒေသရှိ ဘုရားတစ်ဆူ ပြိုကျပျက်စီးသွားပြီး ဘုရားအချို့ မှာလည်း ပျက်စီးမှုဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။
ပုဂံဒေသတွင် သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ၂၀၀၃ က ပြန်လည်တူးဖော်၍ ဂူပုထိုးပုံစံ ဖြင့် တည်ထားသော အမြင့်ပေ ၃၀ ရှိ ဘုရားအမှတ် ၁၇၅၂ သည် သြဂုတ် ၉ ရက်က ပြိုကျပျက်စီး သွားခြင်းဖြစ်သည်။
‘‘မိုးက သုံးရက်ဆက်တိုက် ရွာတော့ အုတ်တွေက ပျော်ကျ တာပေါ့။ ဘုရားကလည်း အုတ် တွေက အကုန်လုံးအသစ်နီးပါး ပါပဲ။ အောက်ခံပဲ အဟောင်းပါ တာပါ။ ကျန်တဲ့ဘုရားတွေ ပျက် စီးမှုရှိ၊ မရှိ စစ်ဆေးနေပါတယ်’’ ဟု ပုဂံရှေးဟောင်းသုတေသနဦး စီးဌာနညွှန်ကြားရေးမှူး ဦးအောင် နိုင်မြင့်က ပြောသည်။
  ပြိုကျပျက်စီးသွားသော ဘုရားသည်  ရန်ကုန်မြို့တော် ဘဏ်၏ဒါရိုက်တာအဖွဲ့နှင့် ဝန် ထမ်းမိသားစုများက ၂၀၀၃ တွင် ပြန်လည် တည်ထားကိုးကွယ်ခဲ့ သော  ဘုရားဖြစ်ကြောင်း  ညွှန်ကြားရေးမှူး ဦးအောင်နိုင်မြင့်က  ဆက်လက် ပြောကြားသည်။
‘‘မိုးကအရမ်းရွာတော့ အုတ် တွေပြိုကျပျက်စီးတာတော့ ရှိတာ ပေါ့။ ဒီထက် မိုးက ဆက်ပြီး ရွာ နေရင် ပိုပြီး

August 11, 2015

“ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင်တွင် ခရီးသည်တင်ယာဉ်တစ်စီး ဆိုးရွားစွာတိမ်းမှောက် လူအသေအပျောက်များနိုင် ”

 
 ယနေ့ (သြဂုတ်လ ၁၀ရက်) ညနေ ၆နာရီဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ မိုင်အနီးတွင် ခရီးသည်တင် ယာဉ်တစ်စီး ဆိုးရွားစွာ
တိမ်းမှောက်ခြဲ့
ပီး ကနဦးသိရှိရသော သတင်းများအရ လူအသေပျောက်များနိုင်သည်ဟုသတင်းရရှိသည်။
ယာဉ်မှာ ဂျွမ်းထိုးမှောက
်ခုံအနေအထားဖြစ်နေပြီး ကားအတွင်းမှ ခရီးသည်များ အပြင်သို့ လွင့်စဉ်ခဲ့ဟန်ရှိသည်။
ယခုအခါ အရေးပေါ်ကယ်ဆယ်ရေ
းများပြုလုပ်လျှက်ရှိပြီးတိမ်းမှောက်သည့်ယာဉ်လိုင်းမှာ ရွှေလီဦးလိုင်းမှဖြစ်ကြောင်းသိရသည်။
Update : အဆိုပါယာဉ်လိုင်
းမှာ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ဦးတည်သွားသည့် ကားဖြစ်ပြီး

" ငိုရင် ပုလဲမထွက်ဘဲ သလင်းကျောက်တွေ မျက်ရည်အစား ထွက်ထွက်လာလို့ ဒုက္ခတွေ့နေတဲ့ အမျိုးသမီး "

 
တကယ်ဟုတ်၊ မဟုတ် သေချာမပြောနိုင်ပေမယ့် ငိုရင် ပုလဲ၊ ရယ်ရင် ရွှဲဆိုတဲ့ ပုံပြင်လေးကို အတော်များများ ကြားဖူးကြပါလိမ့်မယ်။ ဘရာဇီးနိုင်ငံက လော်ရာပွန့်ဆိုတဲ့ အမျိုးသမီးကတော့ သူ ငိုရင် ပုလဲတွေ မထွက်လာပဲ သလင်းကျောက်တွေပဲ ထွက်လာတာမို့ နာကျင်တဲ့ ဝေဒနာကို နေ့စဉ်လိုလို ခံစားနေရတယ်လို့ သိရပါတယ်။
ပွန့်ဟာ ဒီပြဿနာကို အသက် ၁၅ နှစ်အရွယ်ကတည်းက ခံစားခဲ့ရတာဖြစ်ပြီး သူမ မျက်လုံးထဲမှာ ပြည့်သိပ်လာတဲ့ သလင်းကျောက်တွေကို ဖယ်ထုတ်ဖို့ သူ့အမေကို အထိတ်တလန့် အော်ခေါ်ခဲ့ရပါတယ်။ ခုချိန်မှာ ပွန့်ဟာ အသက် ၃၅ နှစ်အရွယ်ကို ရောက်လာပြီဖြစ်ပေမယ့် သူမရဲ့ရောဂါကို အဖြေရှာကုသပေးနိုင်မယ့် ဆရာဝန်ကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ ခုဆိုရင် သူမဟာ တစ်နေ့ကို မျက်လုံးထဲက သလင်းကျောက် အလုံး ၃၀ လောက်ကို ဖယ်ရှားဖို့ ကြိုးစားနေရပြီး ဆရာဝန်တွေကိုလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲပြီး ကုသနေပါတယ်။ ပွန့်က သူမအနေနဲ့ ဒီရောဂါကြောင့် အရင်လုပ်ကိုင်ခဲ့တဲ့ နေ့ကလေးထိန်းဆရာမအလုပ်ကိုလည်း စွန့်လွှတ်ခဲ့ရပြီလို့ စိတ်ပျက်လက်ပျက် ဖွင့်ဟခဲ့ပါတယ်။ သူမရဲ့ မျက်စိရောဂါကို ကုသပေးနေတဲ့ ဆရာဝန်က တော့ ဒီလိုဖြစ်ရပ်မျိုးကို သူ့ရဲ့၂၅ နှစ်တာ

" ကျွန်ုပ် အမေးခံထိဆုံး မေးခွန်းတစ်ခုကို ပြောပြပါဆိုရင်တော့ ဗိုက်မှာစုနေတဲ့  အဆီပိုတွေချဖို့ ဘယ်လိုလုပ်သင့်သလဲ"ဆိုတာပါပဲ"


"ဗိုက်မှာစုနေတဲ
့ အဆီပိုတွေချဖို့ ဘယ်လိုလုပ်သင့်သလဲ"ဆိုတာပါပဲ။
ဗိုက်အဆီတွေဟာ ခန္ဓာကိုယ်တခုလုံ
းမှာ ဘေးရန်အပေးဆုံး အဆီပါ။
အလှပျက်တယ်ဆိုတာ
ထက် တုတ်နေသောခါး(ပူနေသောဗိုက်)ဟာ
ရောဂါဖြစ်လွယ်တဲ
့ လက္ခဏာပိုင်ဆိုင်သူလို့ ခေါ်လို့တောင်ရပါတယ်။
အဲဒီတော့ ကျန်းမာပေါ့ပါးခ
ျင်သူတိုင်း ဗိုက်အဆီလျှော့ဖို့ စဉ်းစားသင့်တယ်ဆိုပါတော့။
ဒီနေရာမှာ အိပ်ထမတင်လုပ်ရံ
ုနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ဗိုက်အဆီက ဘယ်လိုစုလာတယ်ဆု
ိတာကို သဘောပေါက်သွားရင်တော့ ချက်ကောင်းကိုမိသွားမှာပါ။
တကိုယ်လုံးက အဲလောက်မဝတာတောင

ဗိုက်က ပုံ့ပုံ့ကလေးပူ
နေရတဲ့ အကြောင်းကို အကျဉ်းလေး ရှင်းပြပါ့မယ်။
ဆေးပညာ ပညာရပ်ဆိုင်ရာ စကားနည်းနည်းပါေ
ပမယ့်။ ဒီနှစ်ကြောင်းလောက်ကိုတော့
အနည်းငယ်သီးခံ ဖတ်ပေးပါ။ (လုံလောက်တဲ့ ဗဟုသုတမပါဘဲ အဆီကျဖို့နည်းလမ
်း မသိနိုင်လို့ပါ။)
အကြောင်းရင်း-
ကျွန်ုပ်တို့ ကိုယ်ထဲမှာရှိတဲ
့ cortisol level(ကော့တစ်ဆို ပမာဏ)မြင့်လာတာနဲ့ ဗိုက်အဆီတွေ စုပုံလာတော့တာပါပဲ။အဲဒိ cortisolကဘာလို့ မြင့်လာတာလဲ၊?
အဓိကတရားခံကိုပြ
ခိုင်းရင်တော့ စိတ်ဖိစီးမှုလို့ပြောရမှာပါ။
လူတယောက် အလုပ်ကြောင့်၊ ပတ်ဝန်းကျင်ဆက်ဆ
ံရေး..တစ်ခုခုကြောင့် စိတ်ဖိစီးနေပြီဆိုရင် cortisol က ထကြွပွားများလာပြီး ကယ်လိုရီတွေလောင်ကျွမ်းပေးတဲ့ ကြွက်သားတွေကို ဖျက်ဆီးလိုက်ပါတယ်၊ပြီးရင်

" Online Account များကို ကာကွယ်ဖို့ နည်းငါးနည်း "

Internet မှာ အကောင့်တွေ Hack ခံရတဲ့ သတင်းတွေ နေ့ တိုင်းကြားနေပါတယ်။ အဲဒီအတွက် သင့်ရဲ့ Online Account တွေကို ကာကွယ်ထားဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ သင့်အကောင့်တွေကို ကာကွယ် ဖို့နည်း (၅) နည်းကို တင်ပြလိုက်ပါတယ်။
Strong Passwords တွေကို အမြဲအသုံးပြုပါ
-------------------------------------------------
Passwords တွေကို ရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့ အတွက် သင့် Passwords တွေကို Strong ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့ အကောင်းဆုံးပါပဲ။ ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်က အချက်တွေကို လိုက်နာသင့်ပါတယ်။


• Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
• Special Characters, Numbers တွေကို အသုံးပြုပါ။
• Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
• စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
• Birthdate, Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊ စကားလုံးတွေကို

" သတိထားရမည့် တရုတ်ဆေးဘဲဥ အတုများ "


ဆေးဘဲဥမှာ ဓာတု အဆိပ်ဖြစ်စေတယ် ဆိုတဲ့ တွေ့ရှိ ချက်ကြောင့် တရုတ်နိုင်ငံမှာ ဆေးဘဲဥ လုပ်တဲ့ ကုမ္ပဏီပေါင်း ၃ဝ လောက်ဟာ ပိတ်သိမ်း ခံလိုက်ရ ပါတယ်။ ဒီအပြင် စုံစမ်း စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ။တရုတ်နိုင်ငံမှာက ဆေးဘဲဥဟာ အမည်နာမ အမျိုးမျိုးနဲ့ ခေတ်စားပါ တယ်။ နှစ်တရာ ဆေး ဘဲဥ၊ နှစ် တထောင် ဆေးဘဲဥ၊ နှစ်တသောင်း၊ တသန်း စတဲ့ အမည်နာမ အမျိုးမျိုးနဲ့ လူတွေကို စွဲဆောင် ရောင်းချနေ တာပါ။
အထူးသဖြင့် နှစ်ရှည်ခံအောင် စီမံထားတဲ့ ဆေးဘဲဥ ဟာ ယောက်ျားတွေအတွက် အားတိုးဆေးလို့ ယုံကြည်သူ အလွန်များပါတယ်။

အခု တွေ့ရှိချက်မှာ ကြေးနီ ဆာလဖိတ်ဆိုတဲ့ ဓာတ်ဟာ ဆေးဘဲဥတွေမှာ ပါဝင်နေပြီး ဒါဟာ လူကို ဒုက္ခပေးစေတဲ့ ဓာတု အဆိပ်သင့်စေတာကြောင့် အသုံးပြုမှုကို တားမြစ် လိုက်တာဖြစ်တယ်လို့ smithsonian.com သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဆေးဘဲဥ လုပ်တာမှာ ဆိုဒါ၊ ဆား စတဲ့ ပစ္စည်းတွေနဲ့ ၂ လလောက် စိမ်ထားပြီး စီမံကြတာလို့ ဆိုပါတယ်။

အခုဟာ က ကြေးနီ ဆာလဖိတ်ဓာတု ပစ္စည်း ပါဝင်မှု ရှိတာတွေ့ရတယ်ဆို တာကြောင့် နှစ်စဉ် ဆေးဘဲဥ တန်

August 10, 2015

``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ " (ဟာသ)

 
(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

Credit : http://yetayzakyaw528.blogspot.co.uk/2013/09/blog-post_1359.html

" သစ်ပင်ကို အီးမေးလ် (ဓါတ် စာချွန်လွှာ) ပို့တဲ့ မြို့သားတွေ "


 

သစ်ပင်နဲ့ စကားပြော သူတွေကို တွေ့ ဖူးကြလိမ့်မည်။ သစ်ပင်ဆီ အီးမေးလ် ပို့သူတွေ ကိုတော့ ကြားဖူးချင်မှ ကြားဖူးလိမ့်မည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်း မြို့သူမြို့သား တွေကား သစ်ပင်ဆီ တကယ် အီးမေးလ် ပို့နေကြ၏။ ပို့နိုင်သည့် အခြေအနေ မျိုးလည်း ရှိနေ၏။ မဲလ်ဘုန်းမြို့ အုပ်ချုပ်ရေးအဖွဲ့သည် တစ်မြို့လုံးရှိ သစ်ပင်များ၏ တည်နေရာများကို အသေးစိတ် ကောက်ယူကာ ဒစ်ဂျစ်တယ် မြေပုံပေါ်မှာ တင်ပေးထားသည်။ သစ်ပင် တစ်ပင်ချင်းစီကိုလည်း ဒစ်ဂျစ်တယ် မှတ်ပုံတင် လုပ်ပေးထားသည်။ သစ်ပင် တစ်ပင်ချင်းစီ အတွက်လည်း အီးမေးလ် လိပ်စာ တစ်ခုစီ လုပ်ပေးထားသည်။

““ချစ်ရတဲ့ သစ်ပင်ကြီးရေ””ဟု မေးလ် ပို့သူတစ်ဦးက စာကို အစပြုသည်။““အိမ် ကနေ တက္ကသိုလ်သွားတဲ့ လမ်းတစ်လျှောက် သစ်ပင်ကြီးကို နေ့တိုင်းမြင်နေကျ။ အခုမှပဲ အွန်လိုင်းပေါ်မှာ တွေ့ရတော့တယ်။ သစ်ပင်ကြီးက ဘာအပင်မျိုး ဆိုတာတောင် ကိုယ်မသိပါ။ ဘာပဲဖြစ်ဖြစ် တစ်မြို့လုံးက အပင်တွေထဲမှာ သစ်ပင်ကြီးက အလှဆုံး၊ ကိုယ်အချစ်ဆုံးပဲ””ဟု မဲလ်ဘုန်းမြို့သား တစ်ယောက်က သစ်ပင်ကြီး တစ်ပင်ဆီ မေးလ်ပို့ထားသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မဲဘ်ဘုန်းမြို့က သစ်ပင်တွေကို အီးမေးလ်ပို့တာ အကြိမ်သုံးထောင်လောက် ရှိနေပြီဟု မြို့အုပ်ချုပ်ရေး ကောင်စီက ပြောသည်။ သစ်တစ်ပင်ချင်း အတွက် အီးမေးလ်လိပ်စာ တစ်ခုစီနဲ့ ဒစ်ဂျစ်တယ် မြေပုံမှာ တည်နေရာ အတိအကျ မှတ်တမ်းတင် ဖော်ပြခြင်း ကိစ္စသည် ယခုကဲ့သို့ လူတွေက သစ်ပင်တွေဆီ အီးမေးလ်ပို့ရအောင် အဓိက ရည်ရွယ်ခဲ့သည် တော့မဟုတ်။ အဓိက ရည်ရွယ်ချက်ကား ၂၀၀၉ ခုနှစ် မိုးခေါင်ရေရှားမှုကြောင့် မဲလ်ဘုန်းမြို့က သစ်ပင် (၇၇၀၀)၀ အနက် (၄၀)ရာခိုင်နှုန်း ပျက်စီး ဆုံးပါးခဲ့ရသဖြင့် သစ်တစ်ပင်ချင်း၏ အခြေအနေကို မြို့သူ မြို့သားများက မြို့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေး နိုင်ရေးအတွက် သစ်တစ်ပင်ချင်း၏ တည်နေရာကို ဒစ်ဂျစ်တယ် မြေပုံမှာ မှတ်တမ်းတင်ပြီး

" နုပျိုလှပ ကျန်းမာချင်သလား ရုံးပတီသီးစား "


 

ရုံးပတီသီးတွေကို ပုံမှန် စားလေ့ရှိကြပေမယ့် ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုးပြု လဲဆိုတာ မသိမရှိရလေအောင် ဖော်ပြပေးချင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီးတွေဟာ အစာချေဖျက် မှုအတွက် ထောက်ကူတာကြောင့် ဝမ်းချုပ်တာတွေကို ကာကွယ်ပေး တဲ့အပြင် ဆီးချိုရောဂါမဖြစ်ပွား အောင်လည်း ကာကွယ်ပေးနိုင် ပါတယ်။ ဒါတင်မက ကိုလက် စထရောပမာဏကို လျှော့ချပေး နိုင်တဲ့အပြင် မွေးကင်းစကလေး တွေ အာရုံကြောချို့ယွင်းမှုကလည်း ကာကွယ်ပေးတာကြောင့် ကိုယ်ဝန်စဆောင်ချိန်ကစလို့ မမွေးခင်အချိန်အထိ စားပေးသင့် တယ်လို့ဆိုပါတယ်။

အရိုးအဆစ်တွေကို သန်မာစေနိုင်စွမ်းရှိသလို ပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာစေကာ အူကင်ဆာဖြစ်ခြင်းကလည်း ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ အဝလွန်တာကို လျှော့ချ ချင်ရင်တော့ ရုံးပတီသီးကို မကျက်တကျက်ပုံစံနဲ့ချက်စား သင့်တယ်လို့ဆိုပါတယ်။

ရုံးပတီသီးကို အမျိုးသမီးတွေများများစားသင့်တဲ့ကောင်း ကျိုးတွေလည်းရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့

" သင်္ဘောသီး စားခြင်းရဲ့ အံ့ဖွယ် အကျိုးကျေးဇူးများ "

 
မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောသီးဟာ များများ စားသုံးသင့်တဲ့ သစ်သီးထဲက တစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့ရောဂါများစွာ ကာကွယ်ပေးတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင်းတို့နဲ့ အာနိသင်ဖြည့်ထားပါတယ်။ ခန္ဓာကိုယ်မှာ နေ့စဉ် လိုအပ်တဲ့ မရှိမဖြစ်အာဟာရတွေ ပေါများစွာပါရှိတယ်။ သင်္ဘောသီးမှာ အမျှင်ဓာတ်၊ ကြေးနီ၊ ဖိုးလ်လိပ် (ဗီတာမင်-ဘီ)၊ ပင်နီသိုးနစ်(ခ်)အက်ဆစ်(ဗီတာမင်-B5) တစ်နည်းအားဖြင့် ရေပျော်ဝင်စေနိုင်တဲ့ ဗီတာမင်၊ မက်ဂနီဆီယမ်၊ ဗီတာမင်-အေ၊ စီ၊ ရီဘိုဖလားဗင်း နဲ့ သားမင်းတို့ ပါဝင်ပါတယ်။ သင်္ဘောသီးစားခြင်းဖြင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…

" မိန်းကလေးဘက်က တိုးတိုးတိတ်တိတ် ချစ်မိနေပါပြီဆိုတဲ့ လက္ခဏာရပ်များ "

 
သင်တို့ကတော့ သူငယ်ချင်းလေးပါပဲပေါ့။ ဒါပေမဲ့ သင်တို့ကြားမှာ အမြဲတမ်း သတိပြုချင်စရာ အကြောင်းအရာ တချို့ရှိနေပါတယ်။ သူမက တခြားကောင်မလေးတွေလိုမျိုး မိန်းကလေး သူငယ်ချင်းတစ်ယောက် မဟုတ်ဘူးလေ။ သင်နဲ့ပတ်သက်ပြီး သူမရဲ့ အပြုအမူတွေက လုံလောက်တဲ့ သက်သေဖြစ်မှာပါ။ သူမက သင့်ကို တိုးတိုးတိတ်တိတ် ချစ်မိနေပြီလားဆိုတဲ့ မေးခွန်း။ ကောင်းပြီ အခုပြောပြပေးမဲ့ အချက်တွေကို သူမ လုပ်တယ်ဆိုရင်၊ သူမဘက်က လုံးဝကို ချစ်မိနေပါပြီတဲ့။

၁။ သူမက သင့်ရှေ့မှာဆိုရင် ကိုးရိုးကားရား ဖြစ်နေတယ်။ သူမ လက်တွေကလည်း ဂနာမငြိမ်ဘူး။

၂။ သူမက သင်နဲ့ အမြဲလိုရန်ဖြစ်နေမယ်။ ဒါပေမဲ့ သင့်ကို ဘယ်တော့မှ ထားမသွားဘူး။ (ဒီတစ်ချက်က သိပ်တော့ မသိသာပါဘူး။)

၃။ သင်ပြောသမျှ၊ သင်လုပ်သမျှ အရာတိုင်းကို ပထမဦးဆုံး တုံ့ပြန်တဲ့သူဟာ သူမပဲ ဖြစ်ဖြစ်နေတယ်။ သူမအတွက် အခြားသူတိုင်းထက် သင်ဟာ အရေးပါနေတာမျိုး။

၎။ သင်နားမလည်နိုင်တဲ့၊ သင်ပြောပြဖို့တောင် မေ့နေတဲ့ အကြောင်းပြချက်တွေနဲ့ သူမဟာ ခံစားနေတယ်။ ဒါဟာ သူမကိုပြန်ချစ်လာဖို့ မျှော်လင့်ထားပြီး ပြောလို့ကလည်း မဖြစ်လို့လေ။

၅။ သူမအကြောင်း ဘာတွေးလဲဆိုတာတွေအပေါ် အလေးအနက်ထားတယ်။ အများက

" စ​နေ​မောင်​​မောင်​နှင့်​ ​မြေလျှိုးမိုးပျံဂိုဏ်း (မင်းသိင်္ခ) "


စ​နေ​မောင်​​မောင်​ စာအုပ်​ တင်​​ပေးပါဆိုလို ​လော​လောဆယ် ဒါ​လေးအရင်​ တင်​​ပေးလိုက်​ပါတယ်
စ​နေ​မောင်​​မောင်​စာအုပ်​​တွေက များကြီးကိုး ဆက်​ပြီးကြုံရင်​ကြုံသလိုတင်​​ပေးပါဦးမယ်​။
ဒီမှာ download ပါ

August 9, 2015

" ဂမ္ဘိရစိတ်ဝင်စားတဲ့ စာဖက်သူတွေ ​မှော်​ဆရာမှတ်​တမ်း အပိုင်း (၁) နှင့် (၂) ကိုဒေါင်းပြီး ဖတ်နိုင်ပါတယ် "








လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က နံမည်ကြီးခဲ့တဲ့ ဆရာမကြီးဒဂုန်ခင်ခင်လေး ဆိုတဲ့ ကလောင်နံမည်ကိုသိကြမှာပါ နောက်ထက် ကလောင်ကွဲနဲ့ရေးထားတာတော့သိသူ နည်းပါလိပ်မယ် အဲ့ဒါက မှော်ဆရာမှတ်တမ်းကို ရေးဖွဲ့ခဲ့တဲ့(ကိုကိုလေး)ကလောင်ခွဲက ဆရာမကြီးရဲ့ ကလောင်ခွဲပါ



အခုဆရာကြီးရဲ့ (မှော်ဆရာမှတ်တမ်း)ကို စဖွင့်လိုက်ပါပီးးး 

(မှော်ဆရာမှတ်တမ်း-၁)

" ချစ်စိတ်ကူးကောင်းတယ်လို့ အမျိုးသားတွေ ထင်ပေမဲ့ အမျိုးသမီးတွေဘက်က ဒီလိုမထင်တဲ့ အချက်လေးတွေ "

 
တစ်ခါတလေမှာ အမျိုးသားတွေဘက်က ချစ်စိတ်ကူးကောင်းတယ်လို့ ထင်ပြီး လုပ်ပေးမိပေမဲ့ အမျိုးသမီးတွေဘက်က အယူအဆမတူတဲ့ အချက်လေးတွေရှိပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အင်တာဗျူးပြီး ရလာတဲ့ ရလဒ်တချို့ကို လေ့လာကြည့်လိုက်ရအောင်ပါ။

၁။ ပထမဆုံးအကြိမ် ချိန်းတွေ့ပြီးတဲ့နောက် ချစ်စဖွယ်စာသားတွေနဲ့အတူ ပန်းတွေပေးပို့ခြင်း
သူ : ပထမဆုံးအကြိမ်ချိန်းတွေ့ပြီးတဲ့နောက် အခိုက်အတန့်ကောင်းလေးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို ပြဖို့အတွက် နည်းလမ်းတစ်ခုပေါ့။
သူမ : တစ်ဖက်ကကြည့်မယ်ဆိုရင် ဒါချစ်စဖွယ် အကြံကောင်းတစ်ရပ်ပါ။ လူတွေက ပန်းကိုအမြဲတမ်း မပို့တတ်ကြပါဘူး။ ကျွန်မစိတ်နဲ့သာဆိုရင်၊ နေ့တိုင်းတောင်ရချင်သေးတယ်။ ပန်းပို့ခံရတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်ထားဦး။ မနေ့က သူနဲ့တွေ့တာ အရမ်းအကောင်းကြီးလို့ ဘယ်သူကသိမှာလဲ။ သူ EDM တွေကြိုက်တဲ့အကြောင်းတွေပြောပြခဲ့တဲ့ သူတစ်ယောက်က ကျွန်မကို ပန်းတွေပို့တယ်။ ဒါကို ချိန်းတွေ့ခဲ့တာ အခိုက်အတန့်ကောင်းပါလို့ သူကထင်တာလား။ အခြေအနေက မသေချာ မရေရာလွန်းပါဘူး။

၂။ မိန်းကလေးရဲ့ စကားလုံးအသံထွက်ပုံကို စခြင်း
သူ : တတိယတန်းမှာ အလုပ်ဖြစ်ခဲ့တယ်။ အခုလည်းအလုပ်ဖြစ်ပါတယ်။ သူမကို ဒီလိုပျော်ပျော် စလိုက်တာက

" ယနေ့ခေတ်မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ ပေါက်နေကြတဲ့ မမတွေ ဘာပြုလို့ မျက်နှာပေါ်က အမွေးတွေ ရိတ်ကြရသလဲဆိုတော့ "


ကမ္ဘာကျော်မင်းသမီး Marilyn Monroe ဟာ မျက်နှာပေါ်ကအမွေးတွေကိုရိတ်ပစ်တတ်တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါဟာ ကောလာဟလလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေလို အမျိုးသမီးတွေဟာ နိုင်ငံတကာမှာ ဘာ့ကြောင့် ခုလို မျက်နှာပေါ်ကအမွေးအမျှင်တွေကို တစ်ပတ်တစ်ခါ ဖယ်ရှားလာကြရပါသလဲဆိုပြီး မေးခွန်းထုတ်ခံခဲ့ကြရပါတယ်။ ကောင်းကျိုးမရှိပဲနဲ့တော့ YouTube မှာ tutorial တွေ ထွက်လာတဲ့အထိ ဘယ်လိုရိတ်ရမယ်ဆိုတဲ့ နည်းတွေ ပြန့်လာတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။

အရင်တုန်းကတော့ ဘလိတ်ဓားကို အသုံးပြုပြီးမျက်နှာကို သေချာသတိထား ရိတ်ကြရပေမယ့် ခုနောက်ပိုင်း နည်းစနစ်တွေမြင့်မားလာတာကြောင့် မျက်နှာအမွေးရိတ်ကိရိယာမျိုးစုံ ထွက်ရှိလာခဲ့ပါတယ်။ ခုလို မျက်နှာပေါ်က အမွေးအမျှင်တွေ ရိတ်ခြင်းအားဖြင့် သင်ဟာ အသားရေပိုမိုချောမွေ့တာကို ခံစားရမှာဖြစ်သလို အရေပြားက ဆဲလ်အသေတွေကိုတောင် ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ဆိုထားကြပါတယ်။

အနုပညာရှင်တွေ ခုလို ရိတ်ကြရတာကတော့ မျက်နှာအနီးကပ် ဓာတ်ပုံရိုက်ချက်တွေအတွက်

" မြန်မာ့ ရိုးရာ ပဟေဠိများ "

 

၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

" အစာအိမ်ဝေဒနာ ခံစားနေရချိန်မှာ ဒီအစားအစာ (၉)မျိုးကို ရှောင်ပါ

သင်ဟာ ဗိုက်မကြာခဏအောင့်ပြီး အစာအိမ်ဝေဒနာခံစားနေရတဲ့ လက္ခဏာများ ရှိနေပြီလား။ တကယ်လို့များ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစာအိမ်ဝေဒနာခံစားနေရ တယ်ဆိုရင် မဖြစ်မနေ ရှောင်သင့်တဲ့ အစားအသောက် (၉)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့

(၁)   ငရုတ်သီးနဲ့ စပ်တဲ့အစားအစာတွေရှောင်ပါ။
 အစပ်တွေဟာ အက်ဆစ်ဓါတ်ထုတ်လွှတ်မှု ပမာဏလျော့နည်းလာနေတဲ့ အစာအိမ်တွေအတွက် မသင့်တော်ပါဘူး။ ဒါတွေကအစာအိမ်ကို တရားလွန်နှိုးဆွ ပေးတဲ့အတွက် ဒီလိုအနံ့စူးတဲ့ အစပ်တွေကို ရှောင်ကျဉ် သင့်ပါတယ်။ အစာအိမ်ကို ပြည်တည်စေတာမျိုးတော့ မဖြစ်နိုင်ပေမယ့် ပြည်တည်ထားပြီးသားဆိုရင်တော့ ဒါကိုပိုဆိုးစေပါတယ်။

(၂)  နွားနို့မသောက်ပါနဲ့။
အစာခြေဖျက်နိုင်စွမ်းနည်းတဲ့ သူတွေဟာ နွားနို့နဲ့မတည့်ပါဘူး။ နွားနို့ တစ်ဖန်ခွက်သောက်ပြီးချိန်မှာ အစာအိမ်မှာ

" အာရှတိုက်အနှံ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်းသန်းကျော် အိုးအိမ်စွန့် ခွာခဲ့ရပြီး သေဆုံးသူအရေအတွက် များပြား မြင့်တက်လာ"

ဆိုင်ကလုန်းကိုမန် ၀င်ရောက်ပြီးနောက် မုတ်သုန်ုမိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အရှေ့ တောင်အာရှနိုင်ငံတွေမှာ ရေကြီး၊မြေပြိုမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါတယ်။ လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး လူ သန်းပေါင်းများစွာ အိုးအိမ်တွေ စွန့် ခွာခဲ့ရတယ်လို့ CNN သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယတစ်နိုင်ငံတည်းမှာတင် ရေဘေးသင့်ပြည်သူ ၁၀ သန်း ခန့် ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှု ၊ ယင်းနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေက အနည်းဆုံး လူ ၁၇၈ ယောက် သေဆုံးပြီးဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့ က Madhya Pradesh ပြည်နယ်မှာ တံတားပေါ် ရေလျှံမှုကြောင့် ရထားနှစ်စီးတစ်ပြိုင်တည်း လမ်းချော်မှောက်ခဲ့ပြီး ရထားနှစ်စီးပေါ်ပါလာသူ အယောက် ၁၆၀၀ လောက်ထဲက  အနည်းဆုံး ၂၇ ယောက် သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ
အနောက်ဘင်္ဂလားပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေဆီသို့ လူ တစ်သန်းကျော် ပြောင်းရွှေ့ ခိုလှုံခဲ့ရပြီး လူ ၂၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ လမ်းတွေ၊ ဆည်တွေနဲ့ မြစ်တွေမှာ ရေလျှံနေပြီး၊ မြို့ နယ် ကျေးရွာတွေထဲ ရေတွေ ၀င်ရောက်ခဲ့ကာ ဒေသခံများစွာ
Subscribe

လာလည်သူများ

free counters