♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 12, 2015

" မိုးရက်ဆက် ရွာသွန်းမှုကြောင့် ပုဂံတွင် ရှေးဟောင်းဘုရား တစ်ဆူပြိုကျ "

မိုးရွာသွန်းမှုများကြောင့် ပြိုကျသွားသည့် ပုဂံဘုရား(ဓာတ်ပုံ - အောင်ဇာ)
မိုးသည်းထန်စွာ ရက် ဆက်ရွာသွန်းမှုကြောင့် ရှေး ဟောင်းပုဂံဒေသရှိ ဘုရားတစ်ဆူ ပြိုကျပျက်စီးသွားပြီး ဘုရားအချို့ မှာလည်း ပျက်စီးမှုဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။
ပုဂံဒေသတွင် သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ၂၀၀၃ က ပြန်လည်တူးဖော်၍ ဂူပုထိုးပုံစံ ဖြင့် တည်ထားသော အမြင့်ပေ ၃၀ ရှိ ဘုရားအမှတ် ၁၇၅၂ သည် သြဂုတ် ၉ ရက်က ပြိုကျပျက်စီး သွားခြင်းဖြစ်သည်။
‘‘မိုးက သုံးရက်ဆက်တိုက် ရွာတော့ အုတ်တွေက ပျော်ကျ တာပေါ့။ ဘုရားကလည်း အုတ် တွေက အကုန်လုံးအသစ်နီးပါး ပါပဲ။ အောက်ခံပဲ အဟောင်းပါ တာပါ။ ကျန်တဲ့ဘုရားတွေ ပျက် စီးမှုရှိ၊ မရှိ စစ်ဆေးနေပါတယ်’’ ဟု ပုဂံရှေးဟောင်းသုတေသနဦး စီးဌာနညွှန်ကြားရေးမှူး ဦးအောင် နိုင်မြင့်က ပြောသည်။
  ပြိုကျပျက်စီးသွားသော ဘုရားသည်  ရန်ကုန်မြို့တော် ဘဏ်၏ဒါရိုက်တာအဖွဲ့နှင့် ဝန် ထမ်းမိသားစုများက ၂၀၀၃ တွင် ပြန်လည် တည်ထားကိုးကွယ်ခဲ့ သော  ဘုရားဖြစ်ကြောင်း  ညွှန်ကြားရေးမှူး ဦးအောင်နိုင်မြင့်က  ဆက်လက် ပြောကြားသည်။
‘‘မိုးကအရမ်းရွာတော့ အုတ် တွေပြိုကျပျက်စီးတာတော့ ရှိတာ ပေါ့။ ဒီထက် မိုးက ဆက်ပြီး ရွာ နေရင် ပိုပြီး
ထိခိုက်နိုင်တယ်။ ခက်တာက ရှေးဟောင်းဘုရားအ ပျက်တွေကို အုတ်အသစ်တွေနဲ့ ပြန်ပြင်ထားတော့ အဲဒီအုတ်အ သစ်တွေက မခိုင်ဘဲဖြစ်နေတာ’’ ဟု  ပုဂံဒေသခံတစ်ဦးက  ပြော သည်။

ပုဂံဒေသတွင် ဘုရားများပြို ကျပျက်စီးမှုဖြစ်ပွားခြင်းကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ နှင့် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်တို့ သည် ပုဂံဒေသရှိ ရှေးဟောင်း ဘုရားပုထိုးစေတီများနှင့် ရှေး ဟောင်းအဆောက်အအုံများကိုသွားရောက်ကြည့်ရှုစစ်ဆေးနေ ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။



Credit : http://www.7daydaily.com/story/43893

No comments:

Subscribe

လာလည်သူများ

free counters