♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 9, 2015

" အာရှတိုက်အနှံ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်းသန်းကျော် အိုးအိမ်စွန့် ခွာခဲ့ရပြီး သေဆုံးသူအရေအတွက် များပြား မြင့်တက်လာ"

ဆိုင်ကလုန်းကိုမန် ၀င်ရောက်ပြီးနောက် မုတ်သုန်ုမိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အရှေ့ တောင်အာရှနိုင်ငံတွေမှာ ရေကြီး၊မြေပြိုမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါတယ်။ လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး လူ သန်းပေါင်းများစွာ အိုးအိမ်တွေ စွန့် ခွာခဲ့ရတယ်လို့ CNN သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယတစ်နိုင်ငံတည်းမှာတင် ရေဘေးသင့်ပြည်သူ ၁၀ သန်း ခန့် ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှု ၊ ယင်းနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေက အနည်းဆုံး လူ ၁၇၈ ယောက် သေဆုံးပြီးဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့ က Madhya Pradesh ပြည်နယ်မှာ တံတားပေါ် ရေလျှံမှုကြောင့် ရထားနှစ်စီးတစ်ပြိုင်တည်း လမ်းချော်မှောက်ခဲ့ပြီး ရထားနှစ်စီးပေါ်ပါလာသူ အယောက် ၁၆၀၀ လောက်ထဲက  အနည်းဆုံး ၂၇ ယောက် သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ
အနောက်ဘင်္ဂလားပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေဆီသို့ လူ တစ်သန်းကျော် ပြောင်းရွှေ့ ခိုလှုံခဲ့ရပြီး လူ ၂၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ လမ်းတွေ၊ ဆည်တွေနဲ့ မြစ်တွေမှာ ရေလျှံနေပြီး၊ မြို့ နယ် ကျေးရွာတွေထဲ ရေတွေ ၀င်ရောက်ခဲ့ကာ ဒေသခံများစွာ
ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြန်မာ
မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာ ၁၁ ခု ရေကြီးရေလျှံ၊မြေပြိုမှုတွေဖြစ်ပေါ်နေပြီး အင်္ဂါနေ့ က မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတကာ အကူအညီတောင်းခံခဲ့ရပါတယ်။ လူပေါင်း နှစ်သိန်းကျော် ဘေးဒုက္ခရောက်လျက်ရှိပြီး အနည်းဆုံး ၄၇ ဦး သေဆုံးပြီး ဖြစ်တယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ နယ်မြေလေးခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နယ်မြေအဖြစ် ကြေငြာခဲ့ပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဟာ ရေလျှံမှု၊ မြေပြိုမှု၊ လမ်းပျက်စီးမှုတို့ ကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေပြီး အကူအညီမရှိဘဲ ပိတ်မိလျက်ရှိတယ်လို့ သိရပါတယ်။
ပါကစ္စတန်
Khyber-Pakhtunkhwa၊ Punjab နဲ့ အငြင်းပွားနယ်မြေ Kashmir အပါအ၀င် ပါကစ္စတန်နိုင်ငံ ခရိုင်နယ်ပယ်တော်တော်များများမှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူပေါင်း ၁၅၀ ကျော်သေဆုံးပြီးဖြစ်ကာ လူပေါင်းရှစ်သိန်းကျော် ရေဘေးဒဏ် ခံစားနေရပါတယ်။
ဗီယက်နမ်
ဗီယက်နမ်မြောက်ပိုင်းမှာ စံချိန်တင်မိုးရွာသွန်းမှုကြောင့် နိုင်ငံအနှံ့ ရေကြီး၊ရေလျှံမှု တွေဖြစ်နေပြီး မြို့ နယ်၊ခရိုင် ၂၇ ခုမှာ လျှပ်စစ်အားပြတ်တောက်လျက်ရှိပါတယ်။ အိမ်ခြေ တစ်သောင်းကျော် ပျက်စီးခဲ့ပြီး ဆန်နဲ့ ကောက်ပဲသီးနှံ ဟက်တာဧရိယာ ၄၀၀ ကျော်ပျက်စီးခဲ့ရပါတယ်။ လူ ၁၇ ယောက်သေဆုံးပြီးဖြစ်ပါတယ်။
နီပေါ
နီပေါနိုင်ငံမှာလည်း ရေကြီး၊မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၉၀ ကျော်သေဆုံးခဲ့ပါတယ်။




Ref: Time, CNN 
Credit : http://www.trend.com.mm/2015/08/06/natural-disasters-7361

No comments:

Subscribe

လာလည်သူများ

free counters