♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 18, 2016

" Medicines mostly used (5) အသုံးများ ဆေးဝါးများ (N to P) "

 
359. Naproxen သည် (NSAIDs) ဆေးဖြစ်သည်။
360. Natrilix = Indapamide = 2.5 mg OD သွေးတိုးကျဆေး၊
361. Nefzodone 300-600 mg (max 600 mg) စိတ်ကျရောဂါ၊
362. NeoMercazole (Carbimazole) = Anti-thyroid substance 10 mg to 60 mg daily လည်ပင်းကြီး ဟော်မုန်းများသည့် ရောဂါအတွက်ဆေး၊
363. Neomycin (Sulphate) အစာလမ်းကြောင်းအား ပိုးသန့်စေရန်၊ အသဲကြောင့် ဦးနှောက်ထိခိုက်ခြင်း၊ = 1 Gm QID x 1-2 days အနာဒဏ်ရာများ၊ ဆီးအိမ်ရောင်ခြင်း၊ အရေပြားအနာများ၊ အသဲအလုပ်မလုပ်၍ သတိမေ့ခြင်း၊ (ကိုလက်စတီရော) များခြင်း၊ 4-12 gm Daily Orally Neomycin + Erythromycin 1 Gm Orally ခွဲစိတ်လူနာများအား ရောဂါပိုးမဝင်စေရန် ကြိုတင်ပေးပါ၊ Neomycin sulfate + Bacitracin (အင်ဖက်ရှင်) အတွက်လိမ်းဆေး၊ = Ointment, 5 mg; Neomycin sulfate + 500 IU Bacitracin; (0.5% Topical) ဘေးထွက်-ဆိုးကျိုးများ၊ နား-ကျောက်ကပ်တို့အား ထိခိုက်စေသည်။
364. Netilmicin Sulphate (3-4 mg/kg IV/IM TDS) (2.142 mg/kg BD IM/IV) နောက်ကျသော ရင်သားကင်ဆာ၊ ဗက်တီးရီးယားဝင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ ဂနိုးရီးယား၊ နှလုံးအလုပ် မလုပ်တော့ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊ ခွဲစိတ်စဉ် (အင်ဖက်ရှင်) ဝင်ခြင်း၊ အဆစ်ထဲပိုးဝင်ခြင်း၊
365. Neurobion (Vitamin B1 100 mg + Vitamin B6 200 mg + Vitamin B12 200 micrograms)
366. Niclosamide အူနေသန်ကောင်များ၊ = chewable tablet, 500 mg;
367. Nimesulide = NSAID (စတီရွိုက်) မပါသော အနာ-အဖျား-အရောင်ကျဆေး၊ Adults: 100 mg BD Children: 5mg/kg of body weight in 2 or 3 divided doses
368. Nitrazepam (Valium) = အတက်ရောဂါများ၊ မေးခိုင်၊ ဝက်ရူးပြန်၊ အအိပ်ပျက်ခြင်း၊
369. Nitrofurantoin = (0.714 – 1.428 mg/kg QID) 100 mg BD-QID PC x 7 days ဆီးအောင့်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ဘေးထွက်-ဆိုးကျိုး = ပျို့-အန်၊ မူးဝေ၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ ကိုယ်ပူ၊ အသားဝါ၊
370. Nizatidine = အူသိမ်အစပိုင်းရှိ လေနာဆေး၊ 150 mg OD or BD
371. Nocold (5 ml = Phenylpropanolamine HCl 12.5 mg, Chlorpheniramine maleate 2 mg) Adults: 1 to 2 teaspoonfuls 3-4 times/day; Children: 6-12 years – ½ to 1 teaspoonful 3-4 times/day အအေးမိ၊ နှာစေး၊
372. Norbactin, Norflox, Normax Eye drops မျက်စိနာ၊ မျက်ကြည်လွှာရောင်၊
373. Norethisterone (Acetate, Heptanoate) ရာသီဆင်းများခြင်း၊ ရာသီလာစဉ်နာခြင်း၊ 2.5 to 10 mg
374. Norfloxacin, Norflox, Noroxin ပဋိဇီဝဆေး၊ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ခြားပေးပါ၊ အက်စစ်

" ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက် "


သူများတွေပြောတဲ့ ဓာတ်ပုံစားတယ်၊ ဓာတ်ပုံစားတယ်ဆိုတာဟာ အပြင်မှာထက် ဓာတ်ပုံထဲမှာ ပိုချစ်ဖို့ကောင်းတာ၊ ပိုကြည့်ကောင်းတာမျိုးကို ပြောချင်တာပါ။ တစ်ခါတစ်လေ ဓာတ်ပုံရိုက်တဲ့အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်တတ်တဲ့သူတွေအတွက်တော့ အပြင်မှာ ကြည့်ကောင်းနေရင်တောင် ဓာတ်ပုံထဲလည်းရောက်ရော အနေအထားမကျ မျက်နှာတည်တည်တင်းတင်းကြီးတွေ ဖြစ်နေရော။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲထက်ကို ပိုမိုဆွဲဆောင်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ကိုယ်က ဓာတ်ပုံရိုက်လိုက်တိုင်း မျက်လုံးမှိတ်သွားတတ်တဲ့သူဆိုရင်တော့ ကိုယ့်ဓာတ်ပုံတွေတိုင်းမှာ မျက်လုံးမှေးမှေးနဲ့ အိပ်ငိုက်နေတဲ့ပုံတွေ များနေမှာပေါ့။ ဒီ့အတွက် အကြံပေးချင်တာက ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ မျက်လုံးကို မှိတ်ထားလိုက်ပြီး ရယ် ဒီ ၁ ၂ ၃ ဆိုတဲ့အချိန်ရောက်မှသာ မျက်လုံးကို ဖွင့်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

၂။မေးနှစ်ထပ်ဖြစ်နေတဲ့သူဆိုရင်တော့ လည်ပင်းကို နည်းနည်းမတ်မတ် ဆန့်ထားပြီး မျက်နှာကို ရှေ့နည်းနည်း ပိုတိုးလိုက်ပါ။ ဓာတ်ပုံမရိုက်ခင် မေးစေ့ပိုချွန်သယောင်ဖြစ်အောင် အောက်လေးနည်းနည်းငုံ့ပါ။ ဒါဆို ဓာတ်ပုံထဲမှာ အိုကေသွားပါလိ့မ်မယ်။

၃။ဒါကတော့ အမျိုးသမီးတွေအတွက် အထူးစပယ်ရှယ်ပေါ့။ ကိုယ်လိမ်းမယ့် မိတ်ကပ်သားနဲ့ ဓာတ်ပုံရိုက်တဲ့အခါ

" အမျိုးသမီးတွေကို ရင်သားထွားစေပြီး အမျိုးသားတွေကို အားတိုးစေတဲ့ ပဲနံ့သာရွက် "



ကိုယ့်ရဲ့ရင်သားအရွယ်အစားဟာ ဘ၀တစ်လျှောက်မှာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ် - ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ပြောင်းလဲတာမျိုးဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေဆိုရင် ရာသီလာနေချိန်မျိုးမှာ အရွယ်အစားပြောင်းလဲတာမျိုး ရှိတတ်ပါတယ်။ ရင်သားအရွယ်အစားကို ဖွံ့ဖြိုးကြီးထွားအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို အင်တာနက်မှာလည်း ရှာဖွေတွေ့ရှိ

နိုင်ပါတယ်။ သဘာဝသစ်ဥသစ်ဖုတွေဖြစ်တဲ့ သင်္ဘောသီး၊ ပဲနံ့သာရွက် စတာတွေဟာလည်း ရင်သားကြီးထွားလာစေဖို့ အသုံးပြုနိုင်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။

ပဲနံ့သာရွက်မှာ Estrogen ဟော်မုန်းဖြစ်ပေါ်းစေတဲ့ Diosgenin ဓါတ်တွေပါဝင်တာကြောင့် ရင်သားကို ပိုမိုဖွံ့ထွားလာအောင် အကူအညီပေးနိုင်ပါတယ်။ ရင်သားဆဲလ်အသစ်တွေ ကြီးထွားလာစေဖို့ တိုးမြှင့်ဆောင်ရွက်ပေးတာကြောင့် ရင်သားရဲ့ အရွယ်အစားတင်ရင်းလှပ စေပါတယ်။

ပဲနံ့သာရွက်ကို အမျိုးသမီးတွေအတွက် အလှအပရေးရာမှာ အသုံးပြုနိုင်သလို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအားကောင်းစေခြင်း၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းဆိုင်ရာအတွက် အထောက်အကူဖြစ်စေတဲ့ Choline ဓါတ်တွေပါဝင်တာကြောင့် အမျိုးသားတွေအတွက်လည်း သင့်လျော်တဲ့

" ဆံပင်နှင့် လက်သည်းကို ကောင်းကောင်းဖွံ့ဖြိုးလာဖို့ အစားအစာ ၆ မျိုး "



လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာမှာတော့ ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာများကို ရှင်ဆိုင်ရလျက်ရှိပါတယ်။

ဆံပင်နှင့် လက်သည်းအလှအပပြသနာများကို ဖြေရှင်းဖို့ရန်အတွက် အမျိုးအမည်စုံလင်လှတဲ့ အလှပြင်ပစ္စည်းတွေ စူပါမားကတ် အသီးသီးမှာရှိနေကြပေမယ့် အချို့အလှပြင်ပစ္စည်းများက အသုံးပြုသူများကို အထောက်အပံ့မပြုနိုင်တာကြောင့် သုံးစွဲသူများကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့အလှအပများကိုထိန်းသိမ်းနိုင်ဖို့ အရေးကြီးလှပါတယ်။

ဒါ့ကြောင့် ဆံပင်နဲ့ လက်သည်းကို ကောင်းကောင်း ဖွံဖြိုးစေဖို့ အထောက်အကူပြုတဲ့ အစားအစာ ၆ မျိုးကို ရေးသားလိုက်ရတာဖြစ်ပါတယ်။

၁။ ဒိန်ချဉ်

အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ပရိတ်သတ်အများစုလည်းကြိုက်နှစ်သက်ကြတဲ့ ဆံပင်နှင့်လက်သည်း ကျန်းမာရေးကို အထောက်ကူပြုတဲ့အစားစာကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်မှာ ဆံပင် ကျန်းမာစွာရှင်သန်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကာရာတင်(keratin) လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်ပါတယ်။ ဆံပင်ဟာ လုံလောက်တဲ့ ပရိုတိန်းဓါတ်ကိုမရရှိပါက

" Facebook က ဗီဒီယိုတွေကို ဖုန်းကနေ ဒေါင်းမယ်... By CHAN LAY (MCMM) "


5


Facebook က သူ့ရဲ့ လူမှုကွန်ရက်က ဗီဒီယိုတွေကို Download လုပ်ဖို့ နည်းလမ်းကို မပေးထားပါဘူး။ ဒါပေမယ့် Facebook က ဗီဒီယိုတွေကို ဒေါင်းလို့ရတဲ့ နည်းလမ်းများရှိပါတယ်။ အဲဒီအထဲကမှ ဖုန်းကနေ Facebook ဗီဒီယိုတွေကို ဒေါင်းနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းကို ရေးသားပေးလိုက်ပါတယ်။ ဒီနည်းလမ်းမှာ Video Downloader for Facebook ဆိုတဲ့ Android App ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်က သူ့ထဲကနေ သင့် Facebook News Feed ကို ကြည့်နိုင်တာဖြစ်ပြီး ကြိုက်တဲ့ ဗီဒီယိုတွေ့ရင် ဒေါင်းလိုက်ရုံပါပဲ။ Video Downloader for Facebook ကို အောက်ပါ Link ကနေ ရယူပါ။

: DOWNLOAD :

(၁) Video Downloader for Facebook ကို သင့်ဖုန်းမှာ Install လုပ်ပြီး ဖွင့်ပါ။ အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ အောက်ခြေမှ Got It ကို နှိပ်ပါ။

June 17, 2016

" ယောကျာ်းလေးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ဒီလိုနည်းလမ်းတွေနဲ့ ယူလို့ရ "

 
၁ - ယုံကြည်မှု

 သင့်ဆံပင်ပုံစံက မမိုက်ဘူးထင်ရင် ပြောင်းပါ။ သင်ဒီဇိုင်းကို မကြိုက်ဘူးဆိုရင် ပြောင်းပါ။ ဘယ်သူမှ သင့်ကို သဘောမကျခင် ကိုယ်ကိုယ်တိုင် သဘောကျနေဖို့ အရေးကြီးပါတယ်။

၂ - အဝတ်အစား

ရင်သားတွေ၊ ခြေတံတွေကို ပြတဲ့ အဝတ်အစားထက် လည်ပင်းနဲ့ ပခုံးသားအလှကို ပြတဲ့ အဝတ်အစားတွေက ယောကျာ်းတစ်ယောက်ကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ အရေးကြီးဆုံးက သင့်လမ်းလျှောက်ပုံကို ပြမယ့် ဖိနပ်ဖြစ်ပါတယ်။ သက်သောင့်သက်သာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိနပ်ကိုပဲ ဝတ်ပါ။

၃ - ဆံပင်

ဆံပင်က အရေးကြီးပါတယ်။ သင့်ဆံပင်ပုံစံဟာ သင်နဲ့ လိုက်ဖက်ရဲ့လား စဉ်းစားပါ။ သင်ကိုယ်တိုင် ကျေနပ်မှု မရှိဘူးဆိုရင်တော့ ပြောင်းသင့်နေပါပြီ။ ပြောင်းမယ့်ဆံပင်ပုံစံကိုလည်း သေချာရွေးချယ်ပါ။

၎ - ရေမွှေး

ရေမွှေးသုံးပါ။ သင့်ဆီက ကိုယ်သင်းနံ့ မွှေးမွှေး ထွက်နေရင် တစ်ဖက်လူက အလွယ်တကူ မှတ်မိပါတယ်။ ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အနံ့တွေက နှင်းဆီ၊ စံပယ်နဲ့ စန္ဒကူးနံ့ တို့ ဖြစ်ပါတယ်။

၅ - လည်ဆွဲ

လူတော်တော်များများ မသိတာက ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ဆွဲဆောင်နိုင်တာက လည်ပင်းဖြစ်ပါတယ်။ လှပတဲ့ လည်ဆွဲတစ်ခု ဆွဲသင့်ပါတယ်။

၆ - မျက်လုံးချင်း

မျက်လုံးချင်းဆုံဖို့ အရေးကြီးပါတယ်။ စက္ကန့်ပိုင်းပါပဲ၊ ကြည့်ပြီးတာနဲ့ ချက်ချင်း လွှဲပါ။

၇ - ပြုံး

မျက်လုံးချင်း ဆုံတာကြာလာရင်တော့ ပြုံးလို့ရပါပြီ။ သူနဲ့ ဆုံရင် ရဲရဲပြုံးပါ။ အကောင်းဆုံးကတော့ ကိုယ့်ဘေးနား

" ရာသီလာစဉ်အတွင်း မပြုလုပ်သင့်တဲ့ အရာများ "

 
အမျိုးသမီးတွေဟာ ရာသီလာစဉ်ကာလအတွင်း ခံစားချက်ပြင်းထန်တာ အမျိုးသားတွေတောင် သိတာမို့ ဒီလိုအချိန်မျိုးမှာ မလုပ်သင့်တဲ့အရာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစား

ဒီလိုအချိန်မှာ တစ်ကိုယ်လုံး ဖောသွပ်သွပ်ဖြစ်နေတတ်ပါတယ်။ ပြီးရင်တော့ ပြန်လည်တင်းရင်းကျစ်လစ်သွားမှာမို့ မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရင်း ကိုယ့်အားကစားဝတ်စုံလေး ညစ်ပေလွှတ်ပစ်လိုက်ရဖို့က ပိုများနေတယ်လေ။

ချောကလက်တွေ အများကြီးစားခြင်း

လူတွေ ပြောသမျှစကားကို မယုံပါနဲ့။ ကိုယ့်ရဲ့ ရာသီစက်ဝန်းအတွင်းမှာ ချောကလက်တွေ အများကြီး စားရတယ်ဆိုတာမျိုးပေါ့။ ဒါတွေစားလိုက်လို့လည်း ကိုယ့်ခံစားချက်က ပိုပြီးကောင်းလာမှာ မဟုတ်ပါဘူး။

ရေခဲမုန့်

ရေခဲမုန့့််တွေ အများကြီး စားချင်တတ်ပေမယ့် နို့ထွက်အစားအစာတွေမှာ အဆီဓါတ်တွေ အများကြီးပါတာကြောင့်

" ရယ်ချင်ရင်ဖတ် ၄၅ "

ချက်မရှိလို့

“ရေချိုးမှာ ကောင်းကောင်းချိုးတာ မဟုတ်ဘူး။ ဘာဖြစ်လို့ အော်ကြီးဟစ်ကျယ် သီချင်းအော်ဆိုနေရတာလဲ”
“တံခါးချက်ထိုးလို့ မရလို့”

အပိုအလုပ်တွေ

“ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
“ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးေ၇ထဲမှာ နေခဲ့တာလေ”

သူ့နေရာနဲ့သူ

“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”

---

Credit - မောင်ကောင်းထိုက်

Credit -momolay

Credit : http://www.searchmyanmar.com/link/comment/cid/58427/domain/momolay.com

" မိန်းမ… မိန်းမဆိုတာ…."

မေး- အမျိုးသမီးတွေဘာကြောင့် ဖိနပ်တွေကို ကြိုက်တတ်ကြတယ်ဆိုတာကို သိလား…
ဖြေ- သူတို့ဘာတွေကို ဘယ်လောက်ပဲစားစား ဖိနပ်တွေက အမြဲတော်နေတယ်လေ…

မေး- ဘာကြောင့် အမျိုးသမီးတွေ ကားကောင်းကောင်းမမောင်းတတ်ကြတာလဲ…
ဖြေ- ကားတစ်စီးမှာ သူတို့ကိုအာရုံများအောင်လုပ်နေတဲ့ မှန်တွေအများကြီးရှိနေလို့ပေါ့…

မေး- တောကြီးမျက်မည်းထဲမှာ တစ်ရက်ပြည့်အောင် အမျိုးသမီးတွေ ဘာကြောင့်မနေနိုင်တာလဲ….
ဖြေ- တောထဲမှာ Shopping Center တွေမှ မရှိတာ…

မေး- သေခါနီးအမျိုးသမီးတစ်ယောက်ကို ဘယ်လိုကယ်မလဲ…
ဖြေ- တစ်နေရာရာမှာ ၉၀% လျှော့ဈေးနဲ့ ရောင်းနေတယ်လို့ပြောလိုက်…

မေး- အမျိုးသမီးတစ်ယောက် နှုတ်ဆိတ်နေတယ်ဆိုရင် အဲ့ဒါဘာနေ့လဲ…
ဖြေ- ဘယ်နေ့လဲဆိုတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ… အဲ့နေ့မှာ ပျော်ပျော်ကြီးနေလိုက်မှာပေါ့….

—————————————————————-
“ယောက်ျားအားလုံး တူတူပါပဲ…” ဆိုတဲ့ စကားစုကို တီထွင်ခဲ့သူကတော့ လူအုပ်ကြားထဲမှာ သူ့ခင်ပွန်းပျောက်သွားတဲ့ တရုတ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်…

—————————————————————-
ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာ တစ်ဖက်ယာဉ်မောင်းက ဒေါသတကြီးပြောပါတယ်…
“ခင်ဗျားကိုကျွန်တော်ရှေ့မီးထွန်းပြီး ကျွန်တော်အရင်သွားပါမယ်လို့ ပြောထားတယ်လေ….”

အမျိုးသမီးယာဉ်မောင်းက ပြန်ပြောတယ်…
“ကျွန်မလည်း ရေသုတ်တံ (wipers) ကို ဖွင့်ပြီး မရဘူး… မရဘူး… မရဘူး… လို့ ပြန်ပြောနေတာပဲ…”

" တုတ်ကောက်တစ်ချောင်းနဲ့ ဆယ်တန်းကျောင်းသား "

 
သားသမီး ၆ ယောက်ရဲ့ဖခင်၊ မြေး ၈ ယောက်ရဲ့ အဘိုးဖြစ်သူ အသက် ၆၈ နှစ်အရွယ် ဒါဂါကမီဟာ နီပေါနိုင်ငံရဲ့ အသက်အကြီးဆုံး ကျောင်းသားဖြစ်လာခဲ့ပါတယ်။

ဒါဂါကမီက ငယ်စဉ်က ပြီးဆုံးအောင် သင်ကြားနိုင်ခဲ့ခြင်း မရှိတဲ့ အတန်းပညာကို ပြန်လည်သင်ကြားရန် ဆုံးဖြတ်ပြီးနောက် အထက်တန်းကျောင်း ပြန်တက်ခဲ့ပါတယ်။

ဒါဂါကမီဟာ ငယ်စဉ်က ဆင်းရဲမှုကြောင့် ပညာကိုဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ယခုအခါမှာတော့ အထက်တန်းကျောင်းပြန်တက်ပြီး သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာအောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

တုတ်ကောက်တစ်ချောင်းနဲ့ ဒါဂါကမီက နေအိမ်ကနေ တစ်နာရီကြာ လမ်းလျှောက်ပြီး ကျောင်းတက်နေပါတယ်။ ဒါဂါကမီက အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် သူ့ရဲ့ အတန်းဖော်တွေနဲ့အတူ ဆယ်တန်းစာ သင်ယူနေတာ ဖြစ်ပါတယ်။

သူ့ရဲ့အတန်းဖော်တွေက ဒါဂါကမီကို အဖေလို့က ခေါ်လေ့ရှိကြပါတယ်။ ဒါဂါကမီဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် အထီးကျန်ဆန် ဝမ်းနည်းမှုကို မေ့ပျောက်ရန်အတွက် ကျောင်းပြန်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်ပေမဲ့ ဒါဂါကမီက တက်တက်ကြွကြွနဲ့ ပညာသင်ယူနေသလို အားကစားလေ့ကျင့်ခန်း

" မိချောင်းလောက်ရှိတဲ့ဖွတ် အိမ်ပေါ်ရောက်လာလို့ အထိတ်တလန့် ဖြစ်ခဲ့ကြရ "

 
ထိုင်းနိုင်ငံ နန်သာဘူရီမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ပြန်ရောက်တဲ့အချိန် တံခါးဝမှာ မြင်လိုက်ရတဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ မိချောင်းအငယ်စား အရွယ်လောက်ရှိတဲ့ ဖွတ်တစ်ကောင်ဟာ သူ့ရဲ့ အိမ်တံခါးဝမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အယူအဆရ အိမ်ပေါ်ကို ဖွတ်ရောက်လာတာဟာ ကံကောင်းခြင်းတွေယူလာတယ်လို့ အယူရှိတဲ့အတွဒါဟာ အိမ်ရှင်အမျိုးသားအတွက် ပြဿနာတော့ မဟုတ်ခဲ့ပါဘူး။ တကယ့်ပြဿနာက ဖွတ်ဟာ ကြီးလွန်းတဲ့အတွက် မောင်းထုတ်ရခက်နေခဲ့တာဖြစ်ပါတယ်။

ထိုင်ယမ်ဝေါင်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားက အိမ်ပေါ်ကို လူအရပ်လောက်ရှိတဲ့ ဖွတ်ရောက်လာတဲ့အကြောင်းကို

June 16, 2016

" ရင်သားကို ဖွံထွားလှပစေမယ့် အလွယ်ကူဆုံး ဆေးနည်းကောင်း "


အမျိုးသမီးတွေအဖို့ အသက်အရွယ်တဖြည်းဖြည်း ရလာတဲ့အချိန် တွေမှာ မိမိခန္ဓာကိုယ်အပြောင်းအလဲနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်ပျက်အားငယ်ရတဲ့ အစိတ်အပိုင်းရှိပါတယ်။

အဲ့ဒါကတော့ တ ဖြည်းဖြည်း တွဲကျလျော့ရဲလာတဲ့ ရင်သားတွေပါပဲ။ အိမ်ထောင်ရှင် တွေပဲဖြစ်ဖြစ်၊ အပျို၊ အသက်ရလာတဲ့ အမျိုးသမီးတွေပဲ ဖြစ်ဖြစ် တစ်နှစ်တစ်နှစ်ကြီးလာတဲ့ အသက်အရွယ်အလိုက် ခန္ဓာကိုယ်က လည်း သဘာဝအတိုင်း ပြောင်းလဲလာတတ်ပါတယ်။

ဒီလို လျော့ရဲလာတဲ့ ရင်သားတွေကြောင့် ကိုယ့်ကိုကိုယ် ရှက်စိတ်၊ သိမ်ငယ်စိတ်၊ ယုံကြည်မှုကင်းမဲ့စိတ်တွေ ဖြစ်ပေါ်နေတယ်ဆိုရင် တော့ အခုချိန်ကစပြီး စိတ်ပူစရာမလိုတော့ပါဘူး။ ပျိုမေတိုရဲ့ ရင် သားဆိုင်ရာအလှအပကို တာဝန်ယူပေးမယ့် ဆေးနည်းက ရင် သားတွေကို တင်းတင်းရင်းရင်းနဲ့ အရင်ငယ်ရွယ်နုပျိုတုန်းကလို လုံးဝန်းဖောင်းပြီးလှပနေမယ့် ရင်သားတစ်စုံကို ရရှိစေမှာပါ။

အဓိက စားသုံးပေးရမယ့် သဘာဝဆေးကတော့ နာနတ်သီးတွေ ပဲ ဖြစ်ပါတယ်။ နာနတ်သီးတွေကို များများသုံးဆောင်လေ လှပပြီးပြည့် ဝန်းနေတဲ့ ရင်သားအမွှာလေးတွေကို ပိုင်ဆိုင်နိုင်လေပဲ ဖြစ်မှာပါ နော်။ အနည်းဆုံး တစ်ရက်ကို သုံးကြိမ်စားသုံးသင့်တယ်လို့ တိုက် တွန်းချင်ပါတယ်။
အန်တီအောက်ဆင့်ဓာတ်တွေ ပါဝင်တဲ့သဘာဝသစ်သီးက  ကင် ဆာကို တိုက်ဖျက်ပေးနိုင်တာလည်း ဖြစ်ပါတယ်။

နာနတ်သီးထဲမှာပါဝင်တဲ့ သဘာဝအကျိုးကျေးဇူးတွေက အရေပြား လျော့ရဲနေတာတွေကို တင်းရင်းစေတဲ့ ဓာတ်တွေ၊

" သင့် အိမ်ထောင်ရေးဟာ ပျင်းရိငြိငွေ့စရာလို့ ခံစားလာရတဲ့အခါ ဒီအချက် (၂)ချက်ကို ချက်ချင်းလုပ်ဆောင်ရန်လို "

 
နှစ်ဦးသား နေ့စဉ်နဲ့အမျှ အိမ်အလုပ်တွေ၊ တခြားအပြင်အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် တစ်ဦးနဲ့တစ်ဦး အချိန်မပေးဖြစ်ကြဘူးလား။ ဒါမှမဟုတ် သင်က အိမ်မှုကိစ္စတွေလုပ်ပြီး သင့်အမျိုးသားပြန်အလာ ကို စောင့်၊ ရောက်တော့လည်း အထူးတလည် အချိန်မဖြုန်းဖြစ်ပဲ ညစာစား၊ အိပ်ယာဝင် ဒါနဲ့ သံသရာလည်နေပါသလား။ ဒါမှမဟုတ် သူကလည်း အချိန်တိုင်း ကွန်ပျူတာရှေ့၊ တီဗီရှေ့ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ရှေ့မှာ အလုပ်ရှုပ်နေသလို သင်ကိုယ်တိုင်ကလည်း သင့်ဖုန်းမျက်နှာပြင်လေးကို တကြည့်ကြည့်နဲ့ အချိန်ကုန်နေတတ်ပါသလား။ ဒီလိုဆိုရင်တော့ သင် ဒါမှမဟုတ် သင့်လက်တွဲဖော်ဟာ တစ်ချိန်မှာ ငါတို့အိမ်ထောင်ရေးဟာ ပျင်းစရာကြီးပါလားလို့ တွေးကိုတွေးမိလာပါလိမ့်မယ်။

ဒီလိုအဖြစ်ကြုံလာရင် သင့်အနေနဲ့ ချက်ချင်းလုပ်ဆောင်သင့်တဲ့ အချက် (၂) ချက်ရှိပါတယ်။ အဲ့ဒီအချက် (၂)ချက်က သင်တို့နှစ်ဦးရဲ့ အိမ်ထောင်ရေးကို ပြန်လည်နွေးထွေးအဆင်ပြေစေပါလိမ့်မယ်။

၁။ အသစ်အသစ်သော နည်းပညာတွေကို အနားပေးလိုက်ပါ။

ဖုန်းကို ပိတ်ထားလိုက်ပါ။ တီဗီနဲ့ ကွန်ပျူတာကိုလည်း အနားပေးလိုက်ပါ။ ဒီနေ့မှာ ဘာတွေလုပ်တယ်။ ဘာတွေဖြစ်တယ်ဆိုတဲ့ အကြောင်းလေး သင့်လက်တွဲဖော်ကို ပြောပြလိုက်ပါ။ သူပြောတာလေးတွေကိုလည်း သေချာမှတ်သားပြီး သူ့ကို အကြံပေးနိုင်တာပေး၊ ဖေးမစကားပြောပေး သင့်တာပြောပေးပြီး နောက်ပိုင်း သူ ဒီစကားမျိုး ပြန်ပြောလာတဲ့အခါ သင်က မှတ်မိနေတာမျိုး ဖြစ်နေပါစေ။ ဒီလိုဆိုရင်

" သင့်ချစ်သူ သင့်အပေါ် အရမ်းလွှမ်းမိုးလွန်းနေပြီဆိုတာ ပြနေတဲ့ လက္ခဏာ (၈) ရပ် "

 
သူ့ကိုချစ်လို့ သူ့အတွက် ဘာမဆို လုပ်ပေးဖို့ သင်အဆင်သင့်ဖြစ်နေတာ ဆိုပေမဲ့ အဲဒါဟာ ပြဿနာ တစ်ခု ဖြစ်နေနိုင်ပါတယ်။ သင့်အချစ်ကို နားလည်တန်ဖိုးထားတတ်တဲ့သူဆိုရင် အဆင်ပြေနိုင်ပေမဲ့ အနိုင်ယူတတ်သူဆိုရင် သင် တစ်ဘဝလုံး အနိုင်းခံရပြီး သင့်ကိုယ်ပိုင်ဘဝ ပျောက်ဆုံးသွားပါလိမ့်မယ်။

၁။ သူ့အတွက်ဆိုရင် အားလုံးကို ပစ်ထားခဲ့တယ်

အလုပ်၊ သူငယ်ချင်း၊ မိသားစု ဘာပဲဖြစ်နေနေ သူ ခေါ်ပြီဆိုတာနဲ့ အကုန်လုံးကို ပစ်ထားပြီး သင်ပြေးတော့တာပဲ။ အဲဒီလို လုပ်လုပ်လို့ သင်ဘာတွေ ဆုံးရှုံးမယ်ဆိုတာ မတွေးတော့ဘူး။ သူက သင့်အတွက် အရေးကြီးဆုံးအရာဆိုတာထက် ပိုနေတယ်။ သူက သင့်အတွက်အရာရာပဲ။ လူတစ်ယောက်တည်းအပေါ် ရှိသမျှ အချစ်တွေ အားလုံး ပုံအောထားတဲ့အတွက် ခံစားစရာရှိရင် သင်အရမ်းခံစားရမယ်ဆိုတာ မမေ့သင့်ပါဘူး။

၂။ သင်က သူ့အတွက် အမြဲရှိနေပေမဲ့ သူ့ဘက်ကတော့ အဲဒီလို မဟုတ်ဘူး

သင့်အတွက် သူက အရာရာဖြစ်ပေမဲ့ သူ့အတွက်ကတော့ သင်က အဲဒီလို ဟုတ်မနေဘူး။ သူလိုအပ်ရင် သင်အမြဲရှိနေတယ်။ သင်လိုအပ်ချိန်ကျတော့ သူက အားလပ်မနေဘူး (ဒါမှမဟုတ်) သူရှိမနေဘူး။ ကိုယ်အားကိုးလို့မရတဲ့ ယောက်ျားတစ်ယောက်အတွက် ဘာလို့ အချိန်တွေ အများကြီးပေးနေတာလဲ။ သင်တို့ရဲ့ အချစ်ရေးမှာ သင်သာလျှင် အဓိကမဖြစ်သင့်ဘူး။ တစ်ခါတလေမှာ သင်လည်း မှီတွယ်ဖို့ ပခုံးတစ်ဖက် လိုအပ်လိမ့်မယ်။

၃။ သင်ချည်းပဲ စွန့်လွှတ်အနစ်နာခံနေရတယ်

သင်နဲ့အတူ ရှိနေဖို့အတွက် သူက ဘာကိုမှ (သူ့အလုပ်၊ သူ့ဝါသနာ၊ သူ့သူငယ်ချင်းတွေ စသဖြင့်) စွန့်လွှတ်အနစ်နာခံတာမျိုး မရှိဘူး။ ဒါပေမဲ့ သင်ကတော့ သူ့အတွက် အရာအားလုံးကို စွန့်လွှတ်တယ်။ ဆက်ဆံရေးတိုင်မှာ အပေးအယူဆိုတာ ရှိရပါတယ်။ သင်ကချည်း ပေးဆပ်သူဖြစ်ပြီး ဘာမှ ပြန်မရဘူး။ သူ့အတွက် သင့်ရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် အလုပ်ကို သင်စွန့်လွှတ်ခဲ့ရချိန်မှာ သူသာဆို သင်လုပ်သလို လုပ်ပါ့မလား စဉ်းစားပါ။

၎။ အမြဲတမ်း ဟုတ်ကဲ့ချည်း သင်ပြောနေတယ်

သူဘာတောင်းဆိုဆို၊ ဘာပြောပြော သင့်အဖြေက ဟုတ်ကဲ့ချည်းဖြစ်နေတယ်။ သူ့အတွက် သင့်မှာ ဟင့်အင်းဆိုတဲ့ စကားလုံး မရှိဘူး။ အဲဒီလိုအချိန်မှာ သင့်တာဝန်က သူ့ကို ပျော်အောင် ထားဖို့လို့ သူထင်သွားပြီ။ သင့်ဆုံးဖြတ်ချက်တွေက သင့်ရဲ့

" အိမ်ထောင်ဖက်နဲ့ စကားများ ရန်ဖြစ်တဲ့အခါ သင့်ပါးစပ်က လုံးဝထုတ်မပြောသင့်တဲ့ အရာ "

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ ပြသနာတက်၊ စကားများတာမျိုးတွေတော့ ကြုံတွေ့ရနိုင်တာ မလွဲမသွေပါ။ အဲ့ဒီလို ပြသနာတွေကနေပဲ တစ်ဦးနဲ့တစ်ဦး နားလည်မှု ပိုရအောင်ယူပြီး သူကြိုက်တာ၊ သူမကြိုက်တာတွေကို ပိုသိလာနိုင်သလို ပိုဆောင်နိုင် ရှောင်နိုင်ဖြစ်လာတာမျိုး ဆိုရင်တော့ ခုလို ပြသနာတက်တာ မဆိုးဘူးလို့ ပြောရမှာပေါ့။ အဲ့ဒီလို မဟုတ်ပဲ ဘာမှမဟုတ်တဲ့အရာနဲ့ ပြသနာအကြီးအကျယ် တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုအမုန်းပွားစေမယ့် စကားလုံးတွေနဲ့ တိုက်ခိုက်ရန်ထောင်နေမယ်၊ တစ်ယောက် အားနည်းချက်ကို တစ်ယောက်က ထောက်ပြပြောဆိုနေမယ်ဆိုရင်တော့ ဒီရန်ပွဲဟာ နောက်နောင် ပြသနာပိုတက်စေမှာ အသေအချာပါပဲ။ ဒီတော့ အိမ်ထောင်သည်စုံတွဲတွေ ပြသနာတက်တဲ့အခါ ပါးစပ်က လုံးဝမပြောသင့်တဲ့ အရာတစ်ခု ရှိနေပါတယ်။ 
 
အဲ့ဒါကတော့ ကွာရှင်းပြတ်စဲမယ်ဆိုတဲ့ စကားပါပဲ။ တစ်ဖက်လူ ပါးစပ်ပိတ်သွားစေဖို့၊ ဒါမှမဟုတ် ကိုယ်အနိုင်ရချင်တဲ့ စိတ်နဲ့ ကွာရှင်းမယ် ဆိုတဲ့စကားကို အလွယ်တကူ ထုတ်ပြောတတ်ကြပါတယ်။ ခုလို ပြောဆိုလိုက်ခြင်းဟာ အဲ့ဒီ ငြင်းခုန်မှုကို ရပ်မသွားစေတဲ့အပြင် ပြသနာပိုလို့ ကြီးထွားသွားစေနိုင်ပါတယ်။ တကယ်လို့ သင်အဲ့ဒီလို ပြောလိုက်တဲ့ ပြသနာချက်ချင်းပြီးသွားမယ်ဆိုလည်း အဲ့ဒီအချိန်ခဏလေးပါပဲ။ နောက်ပိုင်း ကွာရှင်းမယ်ဆိုတဲ့ စကားကို တစ်ဖက်လူက အမြဲမှတ်သားစွဲလန်းသွားပြီး အဲ့ဒီဘက်ကို ခေါင်းတည်ပြသနာထပ်ဖြစ်နိုင်ပါ တယ်။
 
သင့်နှုတ်ခမ်းက အိမ်ထောင်ဖက်အပေါ်အနိုင်ရချင်ဇော နဲ့ ကွာရှင်းမယ်လို့ ပြောလိုက်ပြီ ဆိုရင် နှစ်ဦးကြားဖြစ်လာနိုင် တာက စိတ်ဖိစီးမှုတွေနဲ့ ဒေါသတွေပါပဲ။ ဒီလိုပြောခြင်းဟာ တစ်ဖက်လူက ငါ့ကို ဒီလောက်တောင် ပြောထွက်ပါလား ဆိုတဲ့ အတွေးမျိုး ရသွားစေတာမို့ သင့်ကို ကွာပေးလိုက်ရမလား  ဒါမှမဟုတ် ဆက်မချစ်သင့်တော့ဘူးလား ဆိုတဲ့ အတွေးမျိုးကို ရိုက်သွင်းလိုက်သလိုလည်း ဖြစ်သွားပါတယ်။ သင့်ဘက်က သူ့ကို ချစ်ရဲ့သားနဲ့ ခဏတာ ဒေါသလေးကြောင့်သာ ကွာရှင်းမယ့်အကြောင်း ပြောလိုက်တယ်ဆိုရင် ဒါဟာ နှစ်ယောက်စလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို သွားနေတဲ့

" ဇူလိုင် ၇ ရက်နေ့အမှီ “Moments” ဆိုတဲ့ App ကို မထည့်သွင်းရင် သင့် Facebook က ဓါတ်ပုံများ အားလုံး ဖျက်ဆီးခံရမည်"

 
Facebook က အက်ပလီကေးရှင်း အသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ အဲဒီအက်ပလီကေးရှင်း ကတော့ “Moments” ဆိုတဲ့ အက်ပလီကေးရှင်း ဖြစ်ပြီး ထို အက်ပလီကေးရှင်းကို ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြီး install မလုပ်ဖူးဆိုရင် သင့်ရဲ့  ပင်မ Facebook အက်ပလီကေးရှင်းနဲ့ သင့် Facebook အကောင့် ပေါ်မှာ Sync ပြုလုပ်ပြီး တင်ထားခဲ့တဲ့ ဓါတ်ပုံတွေအားလုံးကို ဖျက်ပစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Facebook အသုံးပြုသူ အများစုက ဓါတ်ပုံတွေကို Sync လုပ်တဲ့ လုပ်ဆောင်ချက် တစ်ခုကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အသုံးပြုသူတွေရဲ့  စမတ်ဖုန်းတွေက တဆင့် လူမှု ကွန်ယက်ပေါ်မှာ ဓါတ်ပုံတွေ အကန့်အသတ် မရှိ Upload ပြုလုပ်ခွင့်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ဟာ Google ရဲ့  Photos ၊ Yahoo ရဲ့  Flickr နဲ့ Apple ရဲ့  iCloud Photos တို့လိုပဲ ဓါတ်ပုံတွေ အရံသိမ်းဆည်းမှု(Back Up) ပြုလုပ်တဲ့ လုပ်ဆောင်ချက်မျိုးပဲ ဖြစ်ပါတယ်။
 
ဒါပေမယ့် အခုချိန်မှာတော့ Facebook ကုမ္မဏီဟာ အသုံးပြုသူတွေကို “Facebook” ဆိုတဲ့ ပင်မ အက်ပလီကေးရှင်းမှာ  ဓါတ်ပုံတွေ သိမ်းဆည်းထားခွင့်မပြုတော့ပဲ “Moments” ဆိုတဲ့ အက်ပလီကေးရှင်း ထဲမှာပဲ သိမ်းဆည်း သိုလှောင်ခွင့်ပြုတော့မှာပါ။ ဒါကြောင့် အဲဒီ Moments အက်ပလီကေးရှင်းမရှိရင် သင့် ဖုန်းက တဆင့် Facebook ကို Sync လုပ်ခဲ့သမျှ ဓါတ်ပုံတွေဟာ အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
 
မကြားသေးမီကလည်း Facebook ဟာ အလားတူ လုပ်ရပ်မျိုးလုပ်ခဲ့ဖူးပါတယ်။ အဲဒီ လုပ်ရပ်ကတော့ Messenger

" မြန်မာစာတန်းထိုးရုပ်ရှင်ဖန်တီးခြင်းနှင့် ENCODE လုပ်ခြင်း... By CHAN LAY (MCMM) "





မြန်မာစာတန်းထိုးရုပ်ရှင်တစ်ခုဖြစ်ကိုဖန်တီးဖို့ ဒါမှမဟုတ် Bollywood နဲ့ အင်္ဂလိပ်မဟုတ်တဲ့အခြား Language စကားပြောကားတွေကြည့်ရတာ နားမလည်ဘူးဆိုရင်စိတ်အလိုမကျပါဘူး ။ နောက်ကိုယ်ပိုင် စာတန်းထိုးဇာတ်ကားလေးတွေဖန်တီးနေသော်လည်း Encode ဆိုတာကြီးကိုနားမလည်တော့ စာဖိုင် အသေတွဲတဲ့အချိန်ဘယ်လိုမျိုးလဲ ဘယ်ဆော့ဝဲလ်သုံးလဲဆိုတာ သိရှိစေချင်တာပါ။ စာတန်းထိုးနည်းကို ပုံလေးတွေနှင့်တကွပြသွားမှာဖြစ်ပါတယ်။ဘာသာပြန်တာက Smart Phone ,Tablet ,Computer ကြိုက်ရာနဲ့ပြန်လို့ရပေမယ့် စာဖိုင်တွဲခြင်း မှာတော့ Computer မှာပဲလုပ်ရမှာဖြစ်ပါတယ်။

၁။မိမိကြည့်ရူလိုတဲ့ရုပ်ရှင်ကိုDownload ဆွဲရမှာဖြစ်ပြီးကျွန်တော်ကြည့်ရူ့နေကြဖြစ်တဲ့ www.fmovies.to နှင့်www.dayt.se ရုပ်ရှင်တွေဆိုအများအားဖြင့် အင်္ဂလိပ်စာဖိုင်တွေပါဝင်ပြီးဖြစ်တာကြောင့် စာဖိုင်တကူးတကရှာစရာမလိုပါဘူး။ စာဖိုင်သီးသန့်ရှာဖွေ ဘာသာပြန်သူတွေအနေနဲ့ကတော့ www.subscene.com,www.moviesubtitles.org ,www.opensubtitle.org တို့်မှာလည်း မိမိလိုချင်တဲ့ Quality အတိုင်းရှာဖွေနိုင်ပါတယ်။

၂။ စာဖိုင်ရပြီဆိုရင်ဘာသာပြန်ဖို့ ယင်းစာဖိုင်ကို ကွန်ပျူတာ မှာဆို open with notepad ဖြင့်ဖွင့်ပေးပြီး Android

June 15, 2016

" ဝေးနေတဲ့ ချစ်သူ သို့မဟုတ် ကိုယ်ချစ်တဲ့သူ ကိုယ့်ဆီ အချစ်ရူးပြီး ရောက်လာရန် မှော် အစီအရင် "


Youtube link is
https://youtu.be/3l8whaMhhlQ

" အိန္ဒိယနိုင်ငံက အမျိုးသမီးလွှတ်တော်အမတ် အင်တာဗျူးဖြေနေတုန်း မြောင်းထဲပြုတ်ကျ "


အိန္ဒိယနိုင်ငံက အမျိုးသမီးလွှတ်တော်အမတ်ဟာ ဒေသခံတွေနဲ့တွေ့ဆုံဆွေးနွေးပြီး ရုပ်သံအင်တာဗျူး
 ဖြေကြားနေတုန်း ရေဆိုးစွန့်ရာမြောင်းထဲပြုတ်ကျခဲ့ပြီး ဦးခေါင်းဒဏ်ရာရခဲ့ပါတယ်။ ပိုနမ်မဒမ်လို့ အမည်ရတဲ့ အသက်(၄၀)အရွယ် အမျိုးသမီးဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဂျမ်နာဂါမြို့က လွှတ်တော်အမတ်ပါ။

သူဟာ ဖျက်တော့မယ့် ဆင်းရဲသားရပ်ကွက်မှာ မြောင်းဖုံးပေါ်ရပ်ပြီး စကားပြောနေတုန်း မြောင်းဖုံးပြိုကျခဲ့လို့ ၈ ပေနက်တဲ့ ရေဆိုးမြောင်းထဲ ကျသွားတာပါ။ ပိုနမ်မဒမ်နဲ့အတူ သူ့ဘေးမှာရပ်နေတဲ့ လူလေးဦးလည်း မြောင်းထဲကျသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပိုနမ်မဒမ်ရဲ့ ခေါင်းမှာ လေးလက်မ အရှည်ရှိတဲ့

" ကလေးငယ်တွေကို ဆပ်ပြာ အသုံးပြု ပြီး ရေမချိုးပေးသင့် "


မိခင်တွေဟာ ကလေးငယ်တွေ ရေချိုးပေးဖို့ ဘာသုံးပေးရင်ကောင်းမလဲဆိုတဲ့ ကိစ္စနဲ့ မကြာခဏ ခေါင်းကိုက်တတ်ကြပါတယ်။ ရေချိုးပေးခြင်းက ကလေးငယ်တွေအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခု ဖြစ်ပါတယ်။ အစပိုင်းမှာတော့ မိဘတွေ ကလေးကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်တတ်သေးတာကြောင့် အနည်းငယ်စိုးရိမ်မှု ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရေချိုးပေးဖန်များလာတဲ့အခါ မိဘတွေဟာ ကျွမ်းကျင်မှုရှိလာပြီး အပြန်အလှန်ကျေနပ်ပျော်ရွှင်မှု ပိုမိုရှိလာကြပါတယ်။

ကလေးရဲ့ ပထမ တစ်နှစ်အတွင်း မွှေးကြိုင်တဲ့ ရေချိုးဆပ်ပြာတွေ မသုံးသင့်ပါဘူး။ ရေနွေးဖြင့်သာ ချိုးပေးသင့်ပါတယ်။ ကလေးရဲ့ ဆံပင်ထူနေတယ်ဆိုရင် ခေါင်းလျှော်ရည်ပျော့ပျော့လေးနဲ့ လျှော်ပြီး ရေနဲ့သေချာပြန်ဆေးကြောပြီးနောက် ခြောက်အောင်သုတ်ပြီး ခေါင်းဖြီးပေးသင့်ပါတယ်။

နားရွက်နောက်နား နေရာ၊ လည်ပင်းအလွှာတွန့်တွေ၊ ချိုင်းကြားနဲ့ ပေါင်ခြံတွေကို အထူးသတိထားပါ။ လက်အိပ်စွပ်ပြီး ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ မိဘတွေ မိမိကလေးကို မွှေးကြိုင်အောင် ထားလိုကြတယ်။ ဒါပေမယ့် ဒါ

" မြန်မာပြည်နှင့် ငြင်းဆန်ခွင့်မရှိသော တစ်ရှူး၊ သကြားလုံးများ "


အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို တိုင်းပြည်ကို ရောက်ခဲ့စဉ်က ဈေးဝယ်ထွက်ဖြစ်ပါတယ်။ျေဈးဝယ်တဲ့အခါ Cash (ငွေဖြင့် ပေးချေ) မှာလား သို့မဟုတ် Card (ငွေကြေးကဒ်) ဖြင့် ပေးချေမှာလားဆိုပြီးတော့ မေးပါတယ်။ ကျွန်တော်ကတော့ Cash သုံးတဲ့ တိုင်းပြည်ကနေ လာတော့ Cash ကို များသော အားဖြင့် သုံးဖြစ်ပါတယ်။ သူတို့ဆီမှာ အကြွေစေ့ စုံလင်စွာ ရှိပြီး အကြွေစေ့များကို အတိအကျ ပြန်ရေတွက် အန်းပေး ပါတယ်။

U.S ရောက်တော့ Bank of America ကဒ်ကို သုံးဖြစ်ခဲ့ ပါတယ်။ Visa ကဒ် ဖြစ်ပြီး credit card ဖြစ်ပါတယ်။ Debit Card လည်း ရှိပါသေးတယ်။ ဒီတော့ ဆိုလိုရင်းကတော့ ကဒ်ဖြင့် ပေးတဲ့အခါ ကဒ်ကို သူတို့ လက်ထဲကို အပ်လိုက်ပြီး သူတို့ပါသူတို့ ကဒ်ကို စက်ထဲ ထည့်ပြီး ငွေနုတ်ယူ ပါတယ်။ ဝယ်ယူသူ ကျွန်တော်ကတော့ ငွေသားပမာဏကို အတည်ပြုပြီးတော့ Eletronic board ပေါ်မှာ sign ထိုးပေးရ ပါတယ်။ အချို့ကျ paper ပေါ်မှာပဲ ထိုးပါတယ်။ စားသောက်ဆိုင်မှာ စားတဲ့အခါ Tip ပေးရတဲ့ ဓလေ့အရ စားသုံးမှု ကုန်ကျစရိတ် အပြင် ကိုယ်ပေးချင်တဲ့ tip ပမာဏဟာ ဘယ်လောက်ဖြစ်ကြောင်း ဘောပင်နဲ့ ရေး sign ထိုးပြီး ပေးလိုက်တဲ့အခါ ယင်း ကဒ်ကို ယူသွားလို့ သူ့ဘာသူ စက်နဲ့ ကိုယ်ပေးတဲ့ ပမာဏကိုပဲ ဖြတ်ယူသွား ပါတယ်။

ကဒ်ကို အသုံးပြုမှုကို လူ ၁၀၀ မှာ ၉၉ ယောက်လောက် ဖြစ်ပြီး Cash ဖြင့် ပေးချသူများ အင်မတန် နည်းပါတယ်။ Cash ပေးချေတဲ့အခါမှာလည်း အကြွေတွေလို မပျက်ရလေအောင် အတိအကျ ပြန်အန်းပေးနိုင်ကြ ပါတယ်။ သူတို့တိုင်းပြည်တွေရဲ့ Financial system ကောင်းမွန် အဆင့်မြင့်မှုကို အထင်ကြီး အားကျ မိပါတယ်။

ကဲ.. ကျွန်တော်တို့ မြန်မာပြည် အနေအထား ကြည့်ရအောင်။

စူပါမားကတ် ဈေးဝယ်စင်တာကြီးကနေ စလို့ အသေးစား ဆိုင်တွေအထိပေါ့။ တစ်ခုခု ဝယ်ယူတဲ့အခါမှာ အကြွေ ငါးဆယ် မရှိရင် တစ်ရှူး ယူလိုက်ရတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား။ ဒါဟာလည်း အဖြစ်သဘောမျိုး မေးတာပါ။ ယခု စာဖတ်နေသူ အားလုံး ကြုံရမယ်လို့ ယုံကြည် ပါတယ်။ တက္ကဆီစီးရင် ငါးရာအကြွေမရှိတဲ့အဖြစ်မျိုးလည်း ရှိပါမယ်။ အဓိကကတော့ စားသုံးကုန်ဝယ်တဲ့အခါ အကြွေ ငါးဆယ်၊ တစ်ရာကို ခက်ခဲတဲ့ အခြေအနေပါ။ စူပါမားကတ်၊ ရှော့ပင်းမော တွေမှာ ရောင်းအား ကောင်းဆုံး ကုန်စည် စာရင်းထဲမှာ တစ်ခါသုံး တစ်ရှူးတွေ၊ ချိုချဉ် သကြားလုံးတွေ ပါနေတယ် ဆိုတာ သင်သိပါသလား။ 
စစ်တမ်းအတိအကျ မရှိပေမယ့် အကြမ်းဖျဉ်း တွက်ကြည့်ရအောင်။ ရန်ကုန်မြို့မှာ စူပါမားကတ်ကြီး အခု ၅၀၊ အသေးစား

" နိုင်ငံသားများ Facebook Reactions အသုံးမပြုကြရန် ဘယ်လ်ဂျီယံရဲအဖွဲ့ သတိပေး "




ဘယ်လ်ဂျီယံ နိုင်ငံသူ/သားများအနေဖြင့် တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် Facebook Reactions feature ကို အသုံးမပြုရန် ရဲအဖွဲ့က သတိပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက Facebook သည် post တစ်ခုအပေါ်တုံ့ပြန်နိုင်မည့် Like ခလုတ်အပါအဝင် နည်းလမ်းခြောက်ခုကို မိတ်ဆက်ခဲ့သည်။ ၎င်း feature သည် လူအများစု တောင်းဆိုနေသည့် “Dislike” ခလုတ်နှင့်မတူဘဲ post များနှင့်ပတ်သက်၍ လူများ၏ စိတ်ခံစားချက်ကို ဝေမျှနိုင်သည်။

Facebook သည် လူများနှင့်ပတ်သက်သည့် အချက်အလက်များကိုရယူရန် ၎င်းတို့ကိုအသုံးချနေပြီး လူများအပေါ်တွင် မည်သို့သော နည်းလမ်းဖြင့် အကောင်းဆုံး ကြော်ငြာသွားရန် ဆုံးဖြတ်လျက်ရှိကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ကြောင့် လူများအနေဖြင့် တစ်ကိုယ်ရေလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ခလုတ်များကိုနှိပ်ခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားသည်။

“ဒီ icon တွေက ခံစားချက်တွေကို ဖော်ပြရုံတင်မဟုတ်ဘဲ ခင်ဗျားရဲ့ profile မှာ Faceboook က ကြော်ငြာတွေထိရောက်အောင် ဖော်ပြနိုင်ဖို့လည်း ကူညီပေးနေပါတယ်” ဟု ဘယ်လ်ဂျီယံ၏ တရားဝင်ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Facebook သည် လူများ စိတ်ကောင်းဝင်နေသည့်အချိန်ကို သိရှိနိုင်ရန် အဆိုပါ tool ကိုအသုံးပြုကာ မည်သည့်အချိန်တွင် ကြော်ငြာများ ပြသင့်ကြောင်းကို ဆုံးဖြတ်ကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖော်ပြထားသည်။

“icon အရေအတွက်ကို ခြောက်ခုကန့်သတ်ထားပါတယ်။ Facebook ဟာ ခင်ဗျားကိုယ်တိုင်က အလွယ်တကူဖော်ပြတဲ့

" တပ်မတော် ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦး သေဆုံး "


တပ်မတော် ရဟတ်ယာဉ်ပျက်မှုကို ရှာဖွေနေသည့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့)
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အတွင်း အမ်အိုင် ၂ အမျိုးအစား တပ်မတော်ရဟတ်ယာဉ် တစီး ပျက်ကျသဖြင့် ယာဉ် ပေါ်တွင် လိုက်ပါလာသူ ၃ ဦးလုံး သေဆုံးသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက် အရ သိရသည်။

တပ်မတော် ရဟတ်ယာဉ်ပေါ်တွင် ပါလာသည့် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်းလာစဉ် ဒိုက်ဦးမြို့နယ်အနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၇၂ အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ယင်းရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ် စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာ ခြင်း ဖြစ် ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲ တွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့်

June 14, 2016

" အချိန်သုံးမိနစ်ဖြင့် မဖြစ်မနေဖတ်ရှု့ပေးကြပါ "

 
ဝါယာရှော့ခ် မီးဘေး ကာကွယ်နည်း
မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်းခြင်းများလေ့လာကြည့်ရာ ၀ါယာရှောစ် ကြောင့်အများဆုံးဖြစ်နေပါသည် ဘာကြောင့် ၀ါယာရှောစ် ဖြစ်ရပါသလဲ ကျွန်တော် အတွေ့ကြုံနှင့်သိသလောက့်ရှင်းပြပါမည် တိုးတက့်လာသော လူနေမှု့အဆင်တန်း များ ၏ အဓိကသော့ချက့်တစ်ခုဖြစ်သော အိမ်တွင်းလျှပ်စစ်အသုံးဆောင်ပစ္စည်းများ များပြားစွာ ယခု ငါးနှစ်အတွင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက့်လာပါသည် ယခင် ကမိမိအိမ်တွင် သွယ်တန်းထားသော မီကြိုးများ ၏ ခံနိုင်ရည် ထက့် ယခု အိမ်တစ်အိမ်အတွင်း သုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Load ကပိုများနေသည်ကို သတိမထားမိကြပါ ။ မျိုးစုံသော လျှပ်စစ်ပစ္စည်းများကိုသာ တစ်ခုပြီးတစ်ခု ၀ယ်ယူကြပြီး အိမ်အတွင်း သွယ်တန်းထားသော မီးကြိုးများကို လဲရန် မည်သူမျှ စိတ်မ၀င်စားကြပါ ပလပ်ပေါက့်ရှိရင် ထိုးပြီးအသုံးပြုလိုရသည်ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူအများစုသိရှိကြပါသည် ။ ကန်ထရိုက့်တိုက့်များတွင်လည်း လျှပ်စစ် နှင့်ဆိုင်သော အမှားခံပစ္စည်းများ လိုအပ့်နေသည်ကိုတွေ့ရပါသည် ။အရေးကြီးဆုံးအချက့်က လျှပ်စစ်ပစ္စည်းများကို ပြိုင်ပြီး မသုံးစွဲပါနှင့် ဥပမာ ရေစက်မောင်းနေချိန် ဟင်းအိုး ထမင်းပေါင်းအိုး စသည်များ မသုံးပါနှင့် မီးပူတိုက့်နေချိန် ရေခဲသေတ္တာပိတ်ထားပါ မိမိအိမ်စတင် မီးကြိုးသွယ်တန်းစဉ်ကထက် ယခု လျှပ်စစ်ပစ္စည်းများ တိုးလာသည်ကို သိရှိရင် နားလည်သော လျှပ်စစ်ဝါယာရိန်းသမား နှင့် တိုင်ပင်ပြီး လိုအပ်သည့်မီးကြိုးများ ထပ်မံတပ့်ဆင်ပါ မီးကြိုးသုံးရာတွင့် (twin ) နှစ်ချောင်းပူးထားသောကြိုးများအသုံးပြုခြင်းကိုရှောင်ရှားပါ (single) တစ်ချောင်းခြင်းသွယ်တန်းသော နည်းစနစ်ကိုအသုံပြုပေးပါ့ ကြိုးများကို ဖြစ်နိုင်လျှင် under ground သွယ်တန်းခြင်းများ ကို အတက်နိုင်ဆုံး မပြုလုပ့်ပါနှင့် မျက်နှာကျက်များပေါ်တွင် သွယ်တန်းထားသော မီးကြိုးများကို စနစ်တစ်ကျ မီးပိုက်များထဲကို ထည့်ပြီးအသုံးပြုကြပါ တက်ကျွမ်းနားလည်သူနှင့် တိုင်ပင်ပြီး Load များလျှင့် ရှော့စ် ဖြစ်လျှင့် အလိုလျောက့် ဖြတ်ချမည့် Safety Breaker များ မိမိအိမ်တွင် တပ့်ဆင်ကြပါ ပျက်စီးနေသော မီခလုပ့်များကို လဲလည်ကြပါ ဈေးနည်းသော မီးခလုပ့်များအသုံးပြုခြင်းရှောင်ကျဉ်ပါ ။
ယခု တင်ပြသောအရာများသည် ဆယ်နှစ်တာ လျှပ့်စစ်ဝါယာရိန်း သမားအဖြစ် ရပ်တည်လာသော ကျွန်ုပ်၏ အတွေ့ကြုံများဖြင့် ကြိုတင်ကာကွယ် ရန် အသိပေးခြင်းဖြစ်ပါသည်။
ယခုလိုအသိများသိရှိပြီးချိန်တွင် မိမိအိမ်အတွင်းမီးကြိုးများလဲသင့်မလဲသင့် လိုအပ်သော အမှားခံပစ္စည်းများရှိမရှိ သိရအောင်

" အမျိုးသမီးတွေ သွေးဆုံးချိန်မှာ သိစရာ (မိန်းကလေးတိုင်းကြုံလာရမှာမို့ ဖတ်ထားသင့်တယ်နော်) "

သားဖွားနှင့်မီး
ယပ် အထူးကုဆရာဝန်ကြီ
ဒေါက်တာစိုးလွင် နှင့် မေးမြန်းခြင်း

ဒီတစ်ပတ်မှာတော့ အမျိုးသမီးတိုင်းလိုလို တစ်ချိန် ချိန်မှာမဖြစ်မနေ ကြုံတွေ့ရမယ့် သွေးဆုံးခြင်းနဲ့ပတ်သက် တဲ့ သိမှတ်ဖွယ်ရာတွေကို သားဖွားနဲ့မီးယပ်အထူးကု ဆရာဝန်ကြီးဒေါက်တာစိုးလွင်နဲ့ မေးမြန်းထားတာတွေ ထဲက ရရှိလာတဲ့ ဆောင်ရန်၊ ရှောင်ရန်၊ လေ့လာရန် အ ချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

►အမျိုးသမီးတွေ သွေးဆုံးတယ်ဆိုတာ ဘာကိုပြော တာပါလဲဆရာ၊ ဆေးပညာရှုထောင့်ကနေ ရှင်းပြ ပေးပါလား။

အမျိုးသမီးတွေက ၄၅၊ ၅ဝ ပတ်ဝန်းကျင် လောက်ရောက်ပြီဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိ တဲ့ သားဥအိမ်ကနေ ဟော်မုန်းတွေထုတ်တာ ရပ် သွားတယ်။ တဖြည်းဖြည်းနဲ့ နည်းလာရာကနေ လုံးဝရပ်သွားရော။ အဲ့ဒီတော့ မိန်းမဟော်မုန်းတွေ မထွက်တော့တဲ့အခါကျတော့ ဓမ္မတာ မလာတော့ ဘူး။ ဓမ္မတာမလာတော့ဘူးဆိုရင် မိန်းကလေးတွေ က သွေးဆုံးပြီပေါ့။ အဲ့ဒီလိုသွေးဆုံးတာက အမျိုး သမီးတိုင်း ကြုံရမယ့် သဘာဝတရားကြီးပါ။ တစ် ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့။ အ ကြမ်းဖျင်းအားဖြင့်တော့ အသက်၄၅၊ ၅ဝ လောက် မှာ ဖြစ်တယ်။ အများစုကတော့ ဒီလိုပဲ ဓမ္မတာ မလာတော့တာ၊ ဓမ္မတာကတ ဖြည်းဖြည်းနဲ့ လတွေ လတွေကျော်ကျော်သွားပြီး မလာတော့တာတွေဖြစ် ပြီး ဓမ္မတာရပ်သွားတယ်။ အဲ့ဒါကိုပဲ သွေးဆုံးတယ် လို့ခေါ်တာပါ။

►သွေးဆုံးခြင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေကရော ဘာ တွေဖြစ်လာမလဲ။ ကြိုပြီးသိနိုင်အောင်ပြောပြပေး ပါဆရာ။

တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။အများဆုံးဖြစ်တာက ဘာလဲဆိုတော့ မီးယပ်ပူ မီးယပ်ချမ်းလို့ခေါ်တဲ့ မျက်နှာတွေ လည်ပင်းတွေ၊ ရင်ဘတ်တွေ ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ပူမယ်။ နောက်ပြီး ချမ်းသွားပြန်ရော၊ ညကြီးမှာလည်း ချွေးတွေ မတ ရားထွက်ပြီး လန့်နိုးတာတို့ဖြစ်တယ်။ အဲ့ဒါမျိုးတွေ ဖြစ်တတ်တာပေါ့။ နောက်ပြီး ညအိပ်မပျော်တာ တွေဖြစ်တယ်။ တချို့တွေကျတော့ စိတ်မှာအပြောင်း အလဲတွေဖြစ်တယ်။ ဒေါသထွက်တာတို့ တစ်ခါတ လေကျလို့ရှိရင် ဘာမှမဟုတ်တဲ့အကြောင်းနဲ့လည်း ငိုချင်နေတာပေါ့။ ငိုချင် ငိုနေမယ်။
နောက်ပြီးတော့ အိမ်ထောင်ရှင်တွေမှာ မယုံသင်္ကာဖြစ်တာတွေ လည်း
ဖြစ်တက်တယ်။ ယောက်ျားကို အဲ့ဒီလိုမျိုး တွေဖြစ်တယ်။ နောက်ပြီးမိမိယောက်ျားကို စိတ်ကုန် တာတွေရှိတယ်။ ကိုယ့်ကလေးတွေနဲ့လည်း ဘာမ ဟုတ်တာလေးနဲ့ စိတ်ဆိုးစိတ်ကောက်တာတွေ ဖြစ် တယ်။ စိတ်တွေနဲ့ပတ်သက်ပြီးကတော့ မျိုးစုံဖြစ် တယ်။ ဒါတွေကို သွေးဆုံးတဲ့လက္ခဏာတွေလို့ ပြော ကြတယ်။

►သွေးဆုံးတာရဲ့နောက်ဆက်တွဲ ကိစ္စရပ်လေးတွေ ကရော ဘာတွေ ဖြစ်မလဲဆရာ။

ထပ်ပြီးတော့ သိရမယ့်အကြောင်းလေးတွေ လည်းရှိတယ်။လက္ခဏာတွေ အဲ့ဒီလိုတွေ ပြပြီဆို လို့ရှိရင် ဘာတွေဖြစ်သေးလဲဆိုတော့ တဖြည်းဖြည်း နဲ့ ရက်ပိုကြာလာပြီဆိုလို့ရှိရင် မျိုးပွားအင်္ဂါတွေမှာ မွေးလမ်းကြောင်းတွေ၊ ဆီးသွားတဲ့နေရာတွေမှာရှိတဲ့ အရေပြားတွေက ခြောက်သွေ့ပြီးတော့ အရည်တွေ ဘာတွေ သိပ်မထွက်တော့ဘဲနဲ့

" လူတိုင်း တစ်ယောက်ချင်းစီတိုင်း ..ဟာ ရွေငွေ ဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့ အစေခံ တွေ ဖြစ်နေကြရတယ် "

 
ပထမလူ ...သိန်းငါးရာ တန် BMW ကား ကြီးမောင်းတယ်
သူမှာ အကြွေးတွေ သိန်း ထောင့်ငါးရာကျော် ရှိနေတယ်
သူ့ဘဝက သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရှိနေတယ်
....................
ဒုတိယလူ....သိန်း တစ်ရာ့ငါးဆယ် တန်Toyota ကားမောင်းတယ်
သူအိမ်ဆောက်ထားတာ သိန်း နှစ်ရာကျော်လောက် အကြွေးတင်နေတယ်
သူ့ ဘဝမှာအမြဲ သောက ဖြစ်နေရတယ်
....................
တတိယလူ ..သိန်း နှစ်ဆယ် တန် ဆိုင်ကယ်မောင်းတယ်
သူ ဘဏ်မှာ ပိုက်ဆံ သိန်း သုံးရာကျော် စုထား တယ်
သူ့ဘဝ ကချောမွေ့ ပြေပြစ်နေပေမဲ့ ... နေထိုင်ရတာ အဓိပ္ပယ် မဲ့နေတယ် လို့ ခံစားရတယ်
......................
သူတို့ သုံးယောက် ဆုံတွေ့ ကြတော့ ..
ဆိုင်ကယ်မောင်းနေတဲ့ လူက တိုရိုတာ ကားမောင်းတဲ့လူကိုအားကျတယ်
တိုရိုတာ ကားမောင်းတဲ့လူ က ဘီအမ်ဒဗလျူ ကားမောင်းနေရတဲ့ သူကိုအားကျ နေတယ်
ဘီအမ်ဒဗလျူ ကားမောင်းတဲ့ လူက လည်းဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ ဘဝကိုပြန်အားကျနေတယ်

" ကိုယ့်မိသားစုအတွက် သီးသန့်အချိန်လေးတစ်ခုသတ်မှတ်ပီး ဇနီးနဲ့သားသမီးတွေအပေါ်အချိန်ပေးပါ "

#‎ပိုက်ဆံလုံလောက်အောင်ရှာပေးနိုင်ယုံနဲ့‬
ခင်ပွန်းကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်
်အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့
တာဝန်ကျေပီလို့တော့မတွေးလိုက်ပါနဲ့

#‎ဇနီးတစ်ယောက်အနေနဲ့ဒီငွေကြေးဥစ္စာထက်
ခင်ပွန်းတစ်ယောက်ရဲ့
နွေးထွေးတဲ့ဂရုစိုက်မှုကြင်နာမှုကသာပြီးပြည့်စုံတာပါ
သားသမီးတွေအနေနဲ့လဲ
ဖခင်တစ်ယောက်ရဲ့နွေးထွေးတဲ့မေတ္တာတရား
ထွေးပွေ့ယုယမှုကသာပိုပီးနွေးထွေးစေတာပါ

#‎ပိုက်ဆံကအရေးမကြီးဘူးလားလို့မေးရင်‬
ဟုတ်ပါတယ်ပိုက်ဆံကလဲအရေးကြီးပါတယ်
ဒါပေမဲ့ ငွေနောက်လိုက်နေရင်းနဲ့ပဲ
ကိုယ့်မိသားစုအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရား
နွေးထွေးမှု ဂရုစိုက်မှု ကြင်နာယုယမှုလေးတွေက
တဖြည်းဖြည်းမှေးမှိန်လာတက်ပါတယ်

#‎လိုချင်တာပေါ့‬
ခင်ပွန်းတစ်ယောက်ဆီကယုယကြင်နာမှုတွေ
တောင့်တတာပေါ့အဖေတစ်ယောက်ဆီက
နွေးထွေးတဲ့ထွေးပွေ့ယုယမှုမျိုးတွေကို

" မောင်းထုတ်ခံရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ဆက်တိုက် မရပ်မနားကြိုးစားပေးခဲ့တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စွမ်းပကား "


ယနေ့ ခေတ်မှာ ကမ္ဘာကြီးဟာ ပွင့်လင်းလာပါပြီ။ လူအချင်းချင်း ခွဲခြား ခံရတယ်ဆိုတာ မရှိတော့ သလောက်ဖြစ်နေပေမယ့် အိန္ဒိယမှာတော့ ဇာတ်နိမ့် ဇာတ်မြင့်ခွဲခြားမှုတွေဟာ ရှိနေတုန်းပါပဲ။
Maharashtra ပြည်နယ်ရဲ့ အနောက်ပိုင်းက Kalembeshwar ဆိုတဲ့ ရွာမှာဖြစ်ပွားခဲ့တာပါ။ ဇနီးဖြစ်သူဟာ အဲဒီနေ့က အများသုံးရေတွင်းမှာ ရေသွားခပ်တဲ့ အခါမှာ ဇာတ်နိမ့်တွေ မခပ်ရ ဆိုပြီး လူအများကနှင်ထုတ် ခဲ့တာပါ။

ဒါကို သိသွားတဲ့ ယောင်္ကျားဖြစ်သူဟာ သူအလွန်ချစ်ရတဲ့ ဇနီးရဲ့ လိုအပ်ချက်ကို အံသြဖွယ်
ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူဟာ သာမန်ဆင်းရဲတဲ့ အလုပ်သမားဖြစ်တာကြောင့် ကိုယ်ပိုင်ရေတွင်း တူးဖို့ ပိုက်ဆံမရှိ ပါဘူး ။ ဒါကြောင့် ရေတွင်းကို တစ်ကိုယ်တော်တူးဖို့ ဆုံးဖြတ်ပြီး စတင်တူးပါတော့တယ်။ သူ့ရဲ့ပုံမှန်အလုပ်ကို လုပ်ပြီး တစ်နေ့ကို ရေတွင်းတူးဖို့ ၆ နာရီ အချိန်ပေးခဲ့ပါတယ်။ အလုပ်မသွားခင်
မနက် ၄ နာရီ ပိုထပြီး ရေတွင်းကို တူးတယ် ၊ အဲဒီနောက် အလုပ်ကို သွားပြီး ညနေအလုပ်ပြန်တဲ့ အချိန်မှာ ၂ နာရီ ထပ်တူးပါတယ်။

အဲဒီနေရာ တစ်ဝိုက်ဟာ ကျောက်ဆောင်တွေ အလွန် ထူထပ်တာကြောင့် စက်တွေနဲ့ တူးရင်
တောင် မလွယ်ကူပါဘူး။ မဖြစ်နိုင်တာကို လုပ်တဲ့ အရူးလို့ တစ်ရွာလုံးရဲ့ လှောင်ပြောင်ခြင်းကိုခံရပါတယ်။ ဒါပေမယ့်

" Massager Silpper (ကျန်းမာရေး အနှိပ်ဖိနပ်) "


ဈေးနှုန်း ~ ၁၅၀၀၀ ကျပ်
တစ်နေကုန်မတ်တပ်ရပ် အလုပ်လုပ်နေရသောရုံးဝန်ထမ်း
များ၊Companyဝန်ထမ်းများကျန်းမာရေးအတွက်အ
ကောင်းဆုံးဖြစ်စေမဲ့ ကျန်းမာရေးအနှိပ်ဖိနပ်လေးပါ။
ခြေဖဝါးမှာရှိတဲ့ သွေးကြောများကို ထိထိရောက်ရောက်နှိပ်
ပေးဖို့အတွက် အကောင်းဆုံးပါ။ကျန်းမာရေးအနှိပ်ဖိနပ်ကို
စီးခြင်းဖြင့် ခြေဖဝါးမှ အပူတွေထွက်လာတော့ တစ်ကိုယ်
လုံးပေါ့ပါးလန်းဆန်းစေပါတယ်။
အိမ်နေရင်းတစ်ရက်ကို ၁၅/၂၀ မိနစ်လောက်စီးပေးခြင်း
ဖြင့် သွေးလည်ပတ်မှု့ကောင်းခြင်း၊ခေါင်းအုံ/ခေါင်းခဲခြင်း
၊ခြေထောက်ကျင်ခြင်း၊ထုံခြင်း တို့အပြင် ကျောက်ကပ်နှင့်ကိုယ်
တွင်းနာကျင်မှု့များကိုပုံမှန်သုံးပေးပါက ၃လအတွင်း
သက်သာစေပါတယ်။ကျန်းမာရေးဖိနပ်တွင်ကပ်ခွာပါ
သောကြောင့် ခြေဖမိုးကြီးသောသူ များ၊ခြေဖမိုးသေးတဲ့
သူများ အားလုံးအဆင်ပြေပြေနဲ့အသုံးပြုနိုင်ပါတယ်။
ပစ္စည်းမှာယူရာတွင် Comment တွင် ဖုန်းနံပါတ်ပေး၍မှာ

June 13, 2016

" ယောက်ျားတွေ ခွင့်လွှတ်ပေးသင့်တဲ့ မိန်းမတွေရဲ့ အမှား(၅)မျိုး "


အချစ်ရေးမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားလုပ်မိလေ့ရှိကြပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ နောက်မဖြစ်ဖို့သာ ပြောပြရမှာပါ။

အချစ်ရေးမှာ အမျိုးသမီးအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားတွေထဲက အမျိုးသားတွေ ခွင့်လွှတ်ပေးသင့်တဲ့ အမှား (၅) ခုရှိပါတယ်။

၁။ စိုးရိမ်မှု လွန်ခြင်း

သင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။ ဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြရမှာပါ။

၂။ စကားများခြင်း

စကားများခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝဖြစ်ပါတယ်။ ဆက်ပြီး နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက်တိုက်ပြောဖို့ တစ်ခုခု ရှာကြံစဉ်းစားလိုက်ပါ။ ဒါမှမဟုတ် သူမမသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာလည်း ခွင့်လွှတ်လို့ ရတဲ့အရာပါ။

၃။ ဆရာလုပ်ခြင်း

အမျိုးသားတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို အမျိုးသမီးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။ သူ့ဗီဇနဲ့ သူလာတာဖြစ်ပြီး ယောက်ျား၊မိန်းမနဲ့ မဆိုင်လှပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မလုပ်သရွေ့ သူဆရာလုပ်တာကို သင်ခွှင့်လွှတ်ပေးသင့်ပါတယ်။

၎။ စိတ်ကောက်ခြင်း

အမျိုးသားတွေ အချစ်ရေးမှာ အမြဲကြုံရတဲ့ ပြဿနာက အမျိုးသမီးတွေရဲ့ စိတ်ကောက်ခြင်းဖြစ်ပါတယ်။ ချစ်သူကိုမချော့ဖူးတဲ့ အမျိုးသားဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် တော်ရုံ စိတ်ကောက်တာဆိုရင်

" Fifty Shades of Greyထဲကပုံစံမျိုးတောင်းဆိုခဲ့တဲ့ အမျိုးသမီးသေဆုံးမှုဖြစ်ပွား "


မက္ကဆီကိုနိုင်ငံသူဖြစ်တဲ့ အသက် 23 နှစ်အရွယ် Tania Trinidad ဟာ လိင်ဆက်ဆံနေစဉ်မှာ အသက် 32 အရွယ် အဖော်အမျိုးသား Ruiz Torres ကို အကြမ်းပတမ်းပြုမူဆက်ဆံရန် စေခိုင်းခဲ့ပြီး မကြာမီမှာ မတော်တဆဖြစ်ကာ သေဆုံးခဲ့ပါတယ်။ သူမဟာ ဆက်ဆံနေစဉ်အတောအတွင်းမှာ ၀ါယာကြိုးနဲ့ လည်ပင်းကို ရစ်ပတ်ပြီးဆက်ဆံဖို့ Torres ကို တောင်းဆိုခဲ့ပါတယ်။ အခုအချိန်မှာတော့ Torres ဟာ မတော်တဆမှုနဲ့ မက္ကဆီကိုစီးတီးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။ အဆိုပါအမှုမှာ Torres ရဲ့ အဖော်ဖြစ်တဲ့ Jose Luis Arzate Martinez လည်း ပါဝင်ပတ်သက်တယ်လို့ ရဲတပ်ဖွဲ့ကကနဦးယူဆခဲ့ပါတယ်။

ဖြစ်စဉ်မှာတော့ သူတို့သုံးယောက်ဟာ Torres ရဲ့ အခန်းထဲမှာ သောက်စားမူးယစ်ကြပြီး Tania က သုံးယောက်တစ်တွဲဆက်ဆံဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် ဒါကို Martinez က ငြင်းပြီး အခန်းထဲကို သွားရောက်အိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Torres နဲ့ Tania သာ ကျန်တော့ပြီး Fifty Shades of Grey အပြင်၊အခြားအထူးအဆန်းဇာတ်ကားများထဲကအတိုင်း အဆန်းထွင်ကာ အကြမ်းပတမ်းဆက်ဆံဖို့ Tania ရဲ့တောင်းဆိုမှုကို လိုက်လျှောမိရာကတစ်ဆင့် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ စိတ်ရောဂါပညာရှင်တစ်ယောက်ဖြစ်တယ်လို့လည်း သိရပြီး တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့

" မိဘများ တောထဲ ချန်ထားခဲ့သည့် ပျောက်ဆုံး ဂျပန်ကလေးငယ် ၇ ရက်အကြာတွင် ပြန်ရှာတွေ့ "


မိဘများက ဒဏ်ပေးပြီး တောထဲထားခဲ့ရာမှ ပျောက်သွားသည့် ဂျပန်ကလေးငယ်ကို ၇ ရက်အကြာတွင် ဘေးမသီ ရန်မခ ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဇွန် ၂ ရက်မှ စ၍ ၇ နှစ်သား ကလေးငယ် ယာမာတို တာနူကာကို ဂျပန်စစ်တပ်ကပါ ပူးပေါင်းရှာဖွေခဲ့ပြီး နောက်တစ်ရက်တွင် ကျန်းမာရေး ကောင်းမွန်စွာ ရှာတွေ့ခဲ့သည်။ ၎င်းသည် ဟော့ကိုင်ဒိုးကျွန်း မြောက်ပိုင်း ရှီကာဘီမြို့ အနီးရှိ စစ်တန်းလျားများထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုစစ်တန်းလျားများသည် ၎င်းပျောက်သွားသည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးသည်။

တာနူကာ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်း၏ မိဘများက အစောပိုင်းတွင် သာမန် ကလေးပျောက်မှုအဖြစ် တိုင်ကြားခဲ့ပြီး နောက်ပိုင်းတွင်မှ မိမိတို့၏ သားငယ်ကို ဆုံးမခြောက်လှန့်လိုသဖြင့် တောထဲတွင် ခေတ္တ ထားခဲ့ရာမှ
ပျောက်ဆုံးသွားခြင်းဟု ဝန်ခံခဲ့သည်။ တာနူကာသည် နေအိမ်အနီးရှိ လူများ၊ ကားများကို ခဲများဖြင့် ပစ်ပေါက်လေ့ရှိပြီး ဖခင်က စည်းကမ်းကိုင်ကာ ၎င်းကို မိနစ်အနည်းငယ်မျှ တောထဲတွင် ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဧရိယာသည် ဝက်ဝံညိုများ ကျက်စားလေ့ရှိရာ ကလေးအတွက် အထူးစိုးရိမ်စရာ ဖြစ်ခဲ့သည်။

ကလေးကို ရှာတွေ့ပြီးနောက် ဖခင်က ကယ်ဆယ်ရေး အဖွဲ့များကိုရော၊ သားဖြစ်သူကိုပါ တောင်းပန်စကား ပြောကြားခဲ့သည်။ “ကျွန်တော့်လုပ်ရပ် အရမ်းလွန်သွားပါတယ်။ ကျွန်တော့် မဆင်မခြင် ဒဏ်ပေးမှုက သားအတွက် နာကျင်စရာ ကာလတစ်ခု ဖြတ်သန်းဖို့ ဖြစ်လာစေခဲ့တယ်။ သူ့ကျောင်းက လူတွေရော၊ ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်းပါဝင် ကူညီသူတွေရော၊ ကျွန်တော့်ကြောင့် အလုပ်ရှုပ်ခဲ့သူ အားလုံးကို တောင်းပန်ပါတယ်”ဟု ဖခင်ဖြစ်သူ တကာယူကီ တာနူကာက ဆိုသည်။

၎င်းက ယခုအချိန်မှစ၍ သားဖြစ်သူကို ချစ်မေတ္တာစိတ် အပြည့်ဖြင့် စိတ်ရှည်သည်းခံစွာ ပြုစုပျိုးထောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။ အစောပိုင်းက ဂျပန်ကာကွယ်ရေး တပ်ဖွဲ့များ အပါအဝင် လူပေါင်းများစွာ ပါဝင်သည့် ရှာဖွေရေး လုပ်ငန်းစဉ်တွင် မည်သည့် သဲလွန်စမျှ ရှာမတွေ့သည့်နောက် ကလေးနှင့် ပတ်သက်၍ မျှော်လင့်ချက်များ ဝေဝါးလျော့ပါးလာခဲ့သည်။

သို့သော် ဇွန် ၃ ရက် နံနက်ပိုင်းတွင် တာနူကာ ပျောက်နေသည့် နေရာမှ ၄ ကီလိုမီတာ အကွာရှိ စစ်စခန်းမှ အဆောက်အအုံ တစ်ခုထဲတွင် ကလေးကို ရှာတွေ့ခဲ့သည်။ ဂျပန်စစ်တပ် တာဝန်ရှိသူ တစ်ယောက်က “မနက်ပိုင်းမှာ ထုံးစံအတိုင်း စစ်သားတွေ လေ့ကျင့်ဖို့ ပြင်ဆင်ရင်း အဆောက်အအုံ တံခါးကို ဖွင့်လိုက်တော့ ကလေးကို တွေ့တာပဲ။ ကလေးပျောက်တဲ့

" မုံရွာတွင် လူအယောက် ၂၀ ခွေးရူးကိုက်ခံရ "



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အခုရက်ပိုင်းတွေအတွင်း လူ အယောက် ၂၀ ခွေးရူးကိုက်ခံခဲ့ရတယ်လို့ မုံရွာ ရဲစခန်းက ပြောပါတယ်။

ဇွန် ၁ ရက်နေ့က ၃ ဦး၊ ဇွန် ၂ ရက်နေ့မှာ ၁၇ ဦး အကိုက်ခံခဲ့ရတယ်လို့ နယ်မြေစခန်းမှူး ရဲအုပ်ရဲအောင်က ဒီဗွီဘီကိုြောပါတယ်။

အကိုက်ခံရတဲ့အထဲမှာ ဘုန်းကြီး ၁ ပါးနဲ့ သီလရှင် ၁ ပါးအပါဝင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ခွေးရူးအကိုက်ခံရသူတွေကို မုံရွာဆေးရုံကြီး အရေးပေါ်လူနာဌာနမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးနေပါတယ်။

ခွေးရူးက လူအယောက် ၂၀ အပြင် တခြားခွေတွေကိုလည်း ကိုက်ခဲ့သေးတယ်လို့ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အကိုက်ခံရတဲ့ခွေးတွေကိုတော့ ဖမ်းဆီးပြီး ကျန်းမာရေးဌာနက ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေ လိုက်လံထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလည်း မြဝတီရပ်ကွက်က ၄ နှစ်အရွယ် မိန်းကလေးတဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သေးတယ်လို့ ပြောပါတယ်။ ခွေးရူးကိုတော့ သလ္လာရပ်ကွက်

" မိုးအေးအေးလေးမှာ ကျန်းမာလန်းဆန်းနေစေမယ့် အစားအစာများ "

 
မြင်းခွာရွက်ဟင်းခါး၊ ဗူးသီးဟင်းခါး - မိုးတွင်းကာလမှာ တစိမ့်စိမ့်အေးပြီး စိုစွတ်နေတာကြောင့် သွေးလေ လှည့်ပတ်မှု နှေးကွေးတဲ့အပြင် ဘက်တီးရီးယားပိုးမွှား အန္တရာယ်လည်း များစေပါတယ်။ ဘူးသီး၊ ကျောက် ဖရုံသီးစတဲ့ အသီးတွေအပြင် မြင်းခွာရွက်၊ ဟင်းနုနွယ်ရွက်၊ ဆူးပုပ်ရွက်စတဲ့ အရွက်တွေကိုလည်း ဟင်းခါး ချက်သောက်လိုက်ရင်တော့ နွေးထွေးသွားမှာ အသေအချာပါပဲ။ ဟင်းခါးချက်တဲ့အခါ ငရုတ်ကောင်းစေ့ လတ်လတ်ဆတ် ဆတ်နဲ့ ကြက်သွန်ဖြူကို ထောင်းထည့်ဖို့က အရေးအကြီးဆုံးပါပဲ။ ငရုတ်ကောင်းနဲ့ ကြက်သွန် နံ့မွှေးနေတဲ့ ဟင်းခါးပူပူတစ်ခွက်ဟာ ထမင်းမြိန်စေပြီး အစာလည်းကြေကာ နွေးထွေးကျန်းမာစေမှာ ဖြစ်ပါတယ်။

ပြောင်းဖူးပြုတ်၊ ပြောင်းဖူးကြော် - ပြောင်းဖူးဟာ ပရိုတင်းဓါတ်အပြည့်ပါတဲ့အပြင် မိုးရာသီမှာ အင်မတန် လတ်ဆတ်ပြီး ချိုပါတယ်။ ပရိုတင်းဓါတ်မြောက်များစွာ ပါဝင်တဲ့အပြင် ရာသီဥတုဒဏ်ကို ပိုခံနိုင်စေတဲ့ ကိုယ်ခံအားကို တိုးပွားစေ ပါတယ်။ ပြောင်းဖူးပြုတ်ပူပူနွေးနွေးလေးကို မိုးအေးအေးမှာ ညနေဖက်စားလိုက် ရရင်တော့ အရမ်းကို ကျေနပ်စရာပါပဲ။ပြောင်းဖူးပြုတ်ကို အစေ့လေးတွေခြွေပြီး ဆီနဲ့ပြန်သုတ်စားတာ၊ ကြော်စားတာတို့ကလည်း အရမ်းစားကောင်းပါတယ်။

အသီးအရွက်ကြော်၊ မှိုကန်စွန်းကြော် - မိုးရာသီဟာ အသီးအရွက်စိမ်းတွေ အရမ်းကို ဖွံ့ထွားလတ်ဆတ်တဲ့ ရာသီပါပဲ။ နုပြီးချိုနေတဲ့ ဟင်းနုနွယ်ရွက်၊ ကန်စွန်းရွက်၊ ဆူးပုပ်ရွက်၊ ဗူးညွန့်၊ ဂေါ်ရခါးညွန့်၊ ကညွတ်၊ ကိုက်လန် စတဲ့အရွက်တွေကို တမျိုးချင်းစီ ကြော်စားတာဖြစ်ဖြစ်၊ ရောပြီးကြော်စား တာဖြစ်ဖြစ် စားတဲ့အခါ ဗီတာမင်ဓါတ် များစွာရရှိမှာဖြစ်ပါတယ်။ အရွက်တွေ ကို ရေသေချာဆေးဖို့နဲ့ အရမ်းနွမ်းသွားအောင် မကြော်ဖို့တော့ အကြံပြုချင်ပါတယ်။

သရက်သီးမှည့်လတ်လတ်ဆတ်ဆတ် - “အသီးများရဲ့ ဘုရင်” လို့ သတ်မှတ် ထားတဲ့ သရက်သီးမှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ တကယ့်ကို ပြောမ ကုန်ဖွယ်ပါပဲ။ မိုးရာသီရဲ့ ရာသီပေါ် သစ်သီးဖြစ်တဲ့ သရက်သီးမှည့်ဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရများစွာကို ဖြည့်တင်းပေးနိုင်တဲ့ သစ်သီးပါ။ သရက်သီးအမျိုးအစားများစွာဟာ

" ဒိန်းမတ်သူအား အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅ ဦးကို သေဒဏ်ချမှတ် "

 
နယူးဒေလီမြို့က ကမ္ဘာလှည့်ခရီးသွားတွေ အရောက်အပေါက်များတဲ့ မြိ့နယ်ထဲမှာ ဒိန်းမတ်သူ တယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တဲ့ အိန္ဒိယ အမျိုးသား ၅ ယောက်ကို ဇွန် ၁၀ ရက်နေ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

သူတို့ အားလုံး အသက် ၂၀ ကျော်တွေ ဖြစ်ပြီး လုယက်မှု၊ မုဒိမ်းမှု တွေအတွက် ဒေလီမြို့ တရားရုံးက အမိန့်ချလိုက်တာပါ။

အခင်းဖြစ်ခဲ့တဲ့ နေရာဟာ ဒေလီမြို့ ရထားဘူတာနဲ့ နီးပြီး ၂၀၁၄ ဇန်န၀ါရီ ၁၄ ရက်နေ့ ညနေပိုင်းက အသက် ၅၂ နှစ်အရွယ် ဒိန်းမတ် သူအမျိုးသမီးတယောက်ကို အမျိုးသားတွေက ဓားထောက်ပြီး ပစ္စည်းကို လုယက်၊ လူကိုလည်း မုဒိမ်းကျင့်ခဲ့တယ်လို့ အစိုးရ ရှေ့နေက တရားခွင့်မှာ ပြောပါတယ်။

ဒေလီမြို့မှာပဲ ၂၀၁၂ ဒီဇင်ဘာလက ကျောင်းသူတယောက် လိုင်းကားပေါ်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမှုဟာ လူတွေ
Subscribe

လာလည်သူများ

free counters