♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 29, 2016

" လေ့လာမှုတစ်ခုအရ တော်လွန်းတဲ့မိန်းမတွေ အပျိုကြီးဖြစ်နိုင်ချေများတယ်လို့ဆို "

သင်ကထက်မြက်မယ်၊ ရုပ်ချောမယ်၊ ပျော်ရွှင်တတ်မယ်၊ အတွေ့အကြုံကောင်းတွေ အများကြီးရှိနေမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်မှာမလွဲပါဘူး။ ဒါပေမဲ့လည်း သင်ကအခုချိန်ထိ တစ်ကိုယ်တည်းသမား ဖြစ်နေတာဘာကြောင့်ပါလဲ ။ သင့်ကိုယောက်ျားတွေရဲ့ ဂရုစိုက်ခံရခြင်းက လွတ်မြောက်အောင် တားဆီးထားတဲ့ အချက်တွေရှိတယ်ဆိုတာကို သင်လက်ခံနိုင်ပါသလား။ အမှန်ပါပဲ။ ယောက်ျားတွေကချောမောတဲ့ မိန်းကလေးတွေကို နှစ်သက်တတ်ပေမဲ့ အများစုကတော့ သိပ်ထက်မြက်တဲ့ မိန်းမတွေကို ချစ်သူအဖြစ် မလိုလားကြပါဘူးတဲ့။
 
ယောက်ျားလေးတွေကသူတို့အတွက် မိဖုရားဖြစ်ပေးမဲ့သူကိုပဲ အလိုရှိကြပြီး ရင်မတစ်ပါးကိုတော့ မလိုချင်ကြပါဘူးဆိုတာကိုလေ့လာမှုတစ်ခုကနေသက်သေပြခဲ့ပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုမှာကောလိပ်ကျောင်းသားတွေကိုကောလိပ်ကျောင်းသူတွေနဲ့ အတူ စာမေးပွဲတစ်ခုကိုဖြေခိုင်းခဲ့ပါတယ်။ စာမေးပွဲရမှတ်တွေ ကြေငြာပြီးနောက်မှာ စစ်ဆေးသူတွေက ယောက်ျားလေးတွေကို သူတို့ကိုဆွဲဆောင်နိုင်တဲ့ ၊တွဲကြည့်ချင်တဲ့ မိန်းကလေးတွေရှိခဲ့ရင် ဘယ်သူတွေ ဖြစ်လဲလို့ မေးမြန်းခဲ့ပါတယ်။
 
စာမေးပွဲမှာသူတို့ထက် အမှတ်ပိုများတယ်လို့ ယုံကြည်ထားတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက စိတ်ဝင်စားမှုနည်းပြီးတွဲကြည့်ချင်စိတ် မရှိတာကိုတွေ့ရှိရပါတယ်။ ဒီရလဒ်က ၀မ်းနည်းစရာကောင်းပေမဲ့ လန့်မသွားပါနဲ့။ ကိုယ့်ရဲ့ထက်မြက်တဲ့ ဦးနှောက်ကြောင့် ကိုယ်နဲ့ မတွဲချင်တဲ့ ယောက်ျားတွေနဲ့ ဝေးသွားလို့ဘာဖြစ်သွားမှာလဲ။ ဘာမှ မဖြစ်ပါဘူး။သူတို့ကကိုယ်နဲ့ မပြိုင်ခင်ကတည်းက ရှုံးပြီးသားလို့ ယူဆထားတဲ့သူတွေပါ။ 
 
ဒါကြောင့် ကိုယ့်အတွက် သင့်တော်ပြီးကိုယ့်တန်ဖိုးကိုသိတဲ့ ယောက်ျားတစ်ယောက်ကို တစ်နေ့မှာ တွေ့နိုင်မှာဖြစ်တဲ့အတွက်

" သင်မသိသေးတဲ့ ရယ်စရာကောင်းပေမဲ့ အမြဲမှန်နေတဲ့ အချက်များ "

အလုပ်တွေ တစ်ချိန်လုံးလုပ်နေရလို့ ပျင်းရိငြီးငွေ့နေပြီဆိုရင် အပျင်းလည်းပြေ ဗဟုသုတလည်းရနိုင်မယ့် ဒီအချက်လေးတွေကိုအချိန်နည်းနည်းပေးပြီးဖတ်ကြည့်လိုက်ပါ။ 
 
(၁) နံရံကိုခေါင်းနဲ့တိုက်တာကတစ်နာရီကို ၁၅၀ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။
 
(၂)ရေမြင်းတွေဒေါသထွက်ရင် ချွေးတွေက အနီရောင်ပြောင်းသွားတတ်ပါတယ်။
 
(၃) မိန်းမတစ်ယောက်က ၅ နှစ်အတွင်းမှာ သူ့အရပ်အမြင့်လောက်ရှိတဲ့ နှုတ်ခမ်းနီတွေကိုအသုံးပြုလေ့ရှိပါတယ်။
 
(၄) မေလ ၂၉ ရက်နေ့က သင့်ရဲ့ရေခဲသေတ္တာပေါ်မှာခေါင်းအုံးထားရတဲ့နေ့(Put a pillow on your fridge Day) ဖြစ်ပါတယ်။
 
(၅) လူ့တံထွေးရဲ့ ရေဆူမှတ်က ပုံမှန်ရေရဲ့ ရေဆူမှတ်ထက် ၃ဆပိုများပါတယ်။
 
(၆) ဆိတ်ထီးတွေက ဆိတ်မတွေကိုဆွဲဆောင်နိုင်ဖို့အတွက် သူတို့ခေါင်းပေါ်ကို သူတို့ဘာသာအပေါ့သွားကြပါတယ်။
 
(၇) နှလုံးရောဂါကတနလာင်္နေ့မှာ ဖြစ်နိုင်ချေပိုများပါတယ်။
 
(၈) သင်က ၆ နှစ်နဲ့ ၉ လကြာအောင် ဆက်တိုက် လေလည်မယ်ဆိုရင် အနုမြူဗုံးတစ်လုံးရဲ့ အစွမ်းကိုဖန်တီးနိုင်ပါတယ်တဲ့။

" WhatsApp က "Reply" feature သစ် အသုံးပြုနည်း "

 
ယခုနောက်ဆုံးပြုလုပ်ထားတဲ့ update ကြောင့် WhatsApp ကနေ message တစ်ခုချင်းစီ တိုက်ရိုက်ပေးပို့တော့မှာ ဖြစ်ပါတယ်။ Messages တွေဟာ သင့် reply ပြန်စာထဲ ကြားဝင်နေပါလိမ့်မယ်။ ဒီ feature ကို Android နဲ့ iOS နှစ်ခုလုံးမှာ အသုံးပြုနိုင်ပါတယ်။
အသုံးပြုနည်း သေချာမသိသေးရင် လမ်းညွန်ချက်အဆင့်ဆင့်တွေက
အဆင့် (၁)
တိုက်ရိုက် reply ပြန်လိုတဲ့ message ကို ခေတ္တဖိထားပါ။ အပေါ်နားလေးမှာ ရွေးချယ်စရာ menu

" ချွေးနံ့ပျောက်ဆေးထဲက အလူမီနီယံက ရင်သားကင်ဆာဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်အနံ့ဆိုးဖျောက်ရန် သံပုရာသီး အသုံးပြုပါ "

 
ချွေးထုတ်ခန်းမဟုတ်ရင် ချွေးထွက်တာ သိပ်အဆင်မပြေပါဘူး။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေ ဖယ်ရှားပြီး အပူလွန်ကဲမှုမဖြစ်အောင် တားဆီးပေးပါတယ်။ ဟော်မုန်းမတည်ငြိမ်မှုနဲ့ စိုးရိမ်သောက၊ ကြောက်စိတ်တို့လို အလွန်ပြင်းထန်တဲ့ စိတ်ခံချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Eccrine ဂရင်းက ချွေးထုတ်ပေးတဲ့အချိန်မှာ apocrine ဂရင်းမှ အဆီအက်စစ်နဲ့ အရည်ပုံစံဖြင့် ပရိုတိန်းတွေ ဖျက်ဆီးပေးတဲ့ ဘက်တီးရီးယားတွေ ထုတ်လုပ်ပေးပါတယ်။ အကျိုးပြု ဘက်တီးရီးယားနဲ့ မကျိုးမပြုတဲ့ဘက်တီးရီးပိုးတွေ အရေပြားပေါ် ဟန်မချက်မညီတဲ့အခါ မကောင်းတဲ့ ဘက်တီးရီးယားတွေ အနိုင်ရပြီး ခန္ဓာကိုယ်အနံ့ဆိုးဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ် စိုစွတ်တဲ့အချိန်မှာ ကိုယ်နံ့ဆိုးဖြစ်တာ အကြာဆုံးပါပဲ။
ချွေးထွက်တာက သဘာဝနဲ့ မရှိမဖြစ်လိုအပ်တဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တစ်ခုဖြစ်ပေမယ့် လူတွေ ဒါကို မဖြစ်သင့်ဘူး၊ တစ်ကိုယ်သန့်ရှင်းမရှိဘူးဟု ယူဆကြပါတယ်။ ဒီအချက်က လူတွေ ချွေးမထွက်ပစ္စည်းနဲ့ ချွေးနံ့ပျောက်ဆေးတွေ သုံးစွဲလာစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်ချွေးထွက်မှုဖြစ်စဉ် အနှောင့်အယှက်ဖြစ်စေပြီး ရင်သားကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတောင် ဖြစ်စေပါတယ်။
ခန္ဓာကိုယ်တစ်စုံတစ်ရာ အနှောင့်ယှက်မဖြစ်စေဘဲ သန့်ရှင်းလန်းဆန်းစေဖို့အတွက် အောက်ပါနည်းလမ်းကို စမ်းသပ်ကြည့်ပါ။
သံပုရာသီးကို နှစ်ခြမ်းလှီး၊ ချိုင်းကြားကို သန့်ရှင်းခြောက်သွေ့အောင် သုတ်ပြီး တစ်ဖက်တစ်ခုစီ ပွတ်လိမ်းပေးပါ။
ပထမတော့ အသားရေအနည်းငယ် နီမြန်းနိုင်ပေမယ့် ခဏအတွင်း အသားကျသွားပါလိမ့်မယ်။ ထိခိုက်လွယ်တဲ့

" Note 5 Root လုပ်နည်းနှင့် 5.0 to 6.0 MMfont Installing 99%(All Update Samsung Model Knowledge) "

Image result for odin download mode imageမင်္ဂလာပါ ကိုယ်ပိုင်နည်းပညာပို့စ်လေးတွေလည်း မရေးဖြစ်တာကြောင့် အခုနည်းလမ်းလေးတစ်ခု ပေးမလို့ပါ ကလေးအထာပါ သိပြီးသားဖြစ်မှာပါ မသိသေးသူတွေအတွက်ပေးလိုက်ခြင်းပါ နောက် ပိုင်း 5.0 to 6.0 တွေအတွက်ရည်ရွှယ်ထားခြင်းပါ Note5 နဲ့စမ်းပြထားခြင်းဖြစ်ပါတယ် နောက် Model တွေ Root လုပ်ချင်ရင် 09-455724355 သို့ဆက်သွယ်မေးမြန်းနိုင်ချင်တာပဲဖြစ်ဖြစ် Samsung ရဲ့ Official Handset များဖြစ်ပြီး firmware ခြားနေရင်လည်း ဖုန်းဆက်ပြီးမေးမြန်းနိုင်တယ်နော့် ကျေးဇူးတင်ရင်ဘေဖြည့်ပေးနော့် တစ်ခုတော့ရှိတယ် ကျန်တာမမေးရဘူး ဒီပို့စ်နဲ့ပတ်သတ်တာပဲမေးရမှာနော် ဆရာမဟုတ်ပါ သင်ယူလေ့လာနေဆဲ ဘ၀တူတွေပါ ကူညီတာပါ ဆရာလုပ်တာမဟုတ်ပါဘူး

ကဲစမယ်

Model မျိုးစုံကိုလိုက်လုပ်မပြတော့ဘူးနော် တစ်မျိုးပဲလုပ်ပြမှာကျန်တာ cf file လေးတွေပေးထားမယ်လေ



Download tools for root Samsung Galaxy Note 5 SM N920T:

File NameDownload link

June 26, 2016

" ချစ်သူဘေးမှာ ထိုင်ချင်တဲ့ ခရီးသည်အမျိုးသမီးက လေယာဉ်မယ်ကို ခေါက်ဆွဲပြုတ်ရည်ပူတွေနဲ့ လောင်းချခဲ့ "

 
Thai AirAsia လေယာဉ်တစ်စီးပေါ်မှာ ရုပ်ရှင်ဆန်ဆန်ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဓါတ်ပုံရိုက်ယူထားတဲ့ အကြောင်းပါ။

လေယာဉ်မယ်တစ်ဦးကို ရေနွေးပူတွေနဲ့ ပက်လိုက်တဲ့ ခရီးသည်တစ်ဦးနဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မှ တရုတ်ပြည် Nanjing ကို ပျံသန်းမယ့် လေယာဉ်ပေါ်ရှိ တရုတ်ပြည်က အမျိုးသမီးခရီးသည်ဟာ ချစ်သူဘေးမှာ မထိုင်ရတဲ့အတွက် ဆူပူသောင်းကျန်းခဲ့ပြီး လေယာဉ်မယ်ကို ရေနွေးပူနဲ့ ပက်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်ရှိ ခရီးသည်တွေဟာ ဖုန်းတွေထုတ်ပြီး ဒီအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပြီး လေယာဉ်မယ်လေးကတော့ မျက်နှာကိုလက်နဲ့ကာထားပြီး နာကျင်စွာအော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။

ရလဒ်ကတော့ တရုတ်ပြည်အရှေ့ပိင်းကို မိနစ် ၉၀ စာ ပျံသန်းရမယ့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး ဘန်ကောက်လေဆိပ်ကို ပြန်လည်ပျံသန်းခဲ့ပြီး အရေးပေါ်လေယာဉ်ဆင်းသက်မှု ပြုလုပ်ခဲ့ရတာပါပဲ။

ဒီအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်လွှားက စိတ်ဝင်စားခဲ့ကြပြီး တရုတ်ခရီးသွားတွေကိုတော့ “ လူရိုင်းလူကြမ်းကြီးများ “ လို့

" လိင်ဆက်ဆံရင်း သေဆုံးခဲ့တဲ့ အမျိုးသားကို ခေါ်သွားရာမှာ ပြည့်တန်ဆာမပါ တွဲရက် ပါသွား "

 
လိင်ဆက်ဆံနေရင်း သေဆုံးသွားခဲ့တဲ့ ပင်စင်စားတစ်ဦးကို ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေက သူ့အိမ်ထဲကနေ ဘီးတပ်ကုတင်နဲ့ ဆွဲထုတ်သွားခဲ့ရာမှာ သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ပြည့်တန်ဆာမဟာလည်း တွဲရက် ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို ထူးဆန်းတဲ့ ဗီဒီယို ဟာ အွန်လိုင်းမှာလည်း အကြိမ်ရေ ထောင်ပေါင်းများစွာ ဝေမျှခြင်းခံခဲ့ရပါတယ်။ ထို သေဆုံးသူ အမျိုးသားဟာ ဘီးတပ်ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့အပေါ်မှာလည်း အမျိုးသမီး တစ်ဦးလို့ ထင်မှတ်ရသူတစ်ဦးဟာ ကပ်လျက် ပါဝင်နေပြီး အပေါ်ကနေ စောင်အပြာ တစ်ထည်နဲ့ ဖုံးအုပ်ထားခဲ့တာကို တွေ့ရပါတယ်။

ပြောဆိုနေကြတာကတော့ ထို အသက်ကြီးကြီး အမျိုးသားဟာ မသေဆုံးခင်အချိန်အထိ လိင်ဆက်ဆံနေခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ ရှားပါးဖြစ်စဉ်တစ်မျိုးပါ။ ဒါကိုတော့ “Penis Captivus” လို့ခေါ်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံနေစဉ်အတွင်း အတူတကွ ညပ်သွားတဲ့အနေအထားမျိုးပါ။

ဒါဟာ အမျိုးသမီးဘက်က ပြီးမြောက်မှု(Orgasm) ဖြစ်တဲ့အချိန်မှာ မိန်းမအင်္ဂါတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေက ကျုံ့ လိုက်တဲ့တွက် ယောကျာင်္းအင်္ဂါ ကို ဖြစ်ညှစ်ပစ်လိုက်တဲ့ အနေအထားမျိုးပါ။ များသောအားဖြင့်တော့ စက္ကန့်အနည်းငယ်သာ

" ဆေးရုံမှာ ဆရာဝန်အဖြစ် တစ်လလောက်ဟန်ဆောင်နေတဲ့ ဆယ်ကျော်သက် "



အသက် ၁၇နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးသည် ဆရာဝန်ဝတ်စုံ ဝတ်ဆင်ကာ သူ့မျက်နှာတွင်လည်း ခွဲစိတ်ခန်း ဝင်သည့်အခါ တပ်ဆင်ရသည့် mask ကို တပ်ဆင်ထားပြီး သူ့ကိုသူ “Dr. Robinson” ဟု ပြောကာ Florida ရှိ ဆေးရုံတစ်ရုံတွင် ဆရာဝန်ဟန်ဆောင်နေခဲ့သည်မှာ ၁လ ခန့်ကြာခဲ့ပါတယ်။

West Palm ကမ်းခြေရှိ St Mary Medical Center ရှိ ဝန်ထမ်းတစ်ဦးအား လူနာတစ်ယောက်က ကလေး တစ်ယောက်က ဆရာဝန်ပုံစံဝတ်ဆင်ထားတယ်လို့ သူထင်တယ် ဆိုပြီး အရင်ဦးစွာ သတိပေး ခဲ့ပါ တယ်။  ပြင်ပ လူနာဌာနတွင် အလုပ်လုပ်သည့် Dr Sebastian Kent ၏ WSB-TV သို့ ပြောကြားချက်အရ လက်တွေ့လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ သူဟာ လူနာတစ်ယောက်အဖြစ် သရုပ်ပြလေ့ရှိပြီး Dr Robinson  ဖြစ် ပါတယ် လို့လည်း သူကိုယ်သူ မိတ်ဆက်ပေးခဲ့ပါတယ်။

 ပထမဦးဆုံး ကျွန်တော် တွေးမိတာက ဒီဆရာဝန်ငယ်လေးကို ကြည့်ပြီး ကျွန်တော့အသက်ဟာ အရမ်း ကြီးလာပြီလို့ ထင်မိပါတယ် လို့ Dr Kent ကပြောပါတယ်။ ရဲများ၏ ပြောကြားချက်အရ Dr Sebastian Kent စာမေးပွဲစစ်နေချိန်မှာ သူဟာ အခန်းထဲမှာ ရှိနေခဲ့ပါတယ်။ CCTV ကို ပြန်လည် စစ်ကြည့်ခဲ့တဲ့အခါမှာလည်း ထို ချာတိတ်ဟာ ဆေးရုံအတွင်း လှည့်လည် သွားလာနေခဲ့တာ အနည်းဆုံး ၁လ ခန့်ရှိပြီ ဖြစ်ပါတယ်။ အမည်မဖော်လိုသူ ထိုဆယ်ကျော်သက် ချာတိတ်ကို ဇန်နဝါရီလ ၁၃ရက်နေ့မှာ လုံခြုံရေးက ဖမ်းဆီး ခဲ့ ပါတယ်။

 ဆေးရုံဘက်မှ ထိုဆယ်ကျော်သက် ကလေးဟာ ဘယ်တော့မှ လူနာတွေနဲ့ မဆက်သွယ်ခဲ့ပါဘူး ဘယ်လူ နာတွေကိုမှလည်း

" တစ်နေ့ကို ကယ်လိုရီ ၁၀၀ အထိ လျှော့ချပေးနိုင်စေမယ့် နည်းလမ်းဆယ်ခု "

 
တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။

အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင် ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်း စေပါတယ်။

နည်းလမ်း (၁)

သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီး ပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါး ထည့်စားပါ။

နည်းလမ်း (၂)

သင်အစာ စားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။

နည်းလမ်း (၃)

သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေ

" ထိုင်း အသားငါးဆိုင်များတွင် အသားများ မပုပ်အောင်သုံးနေသည့် လက်ချား မှုန့်  ကျန်းမာရေး အန္တရယ်ရှိကြောင်း ထုတ်ပြန် "

 
ထိုင်းနိုင်ငံ ပထုံဌာနီ လန်လုကာမြို့ နယ်ဈေးတွေက သားငါးရောင်းဆိုင်တွေကို ထိုင်းကျန်းမာရေးဌာနက က ဇွန်လ ၂၀ ရက်ညနေပိုင်းမှာ ၀င်ရောက် စစ်ဆေးခဲ့ပြီး အသား စိမ်းရောင်ဆိုင် (၃၆) ဆိုင်ကရောင်းနေ တဲ့ အသားစတွေကို ယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးနေကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။



ထိုင်းလူမျိုးတွေ နေ့ စဉ် စားသုံးနေကြတဲ့ သားငါးဈေးတွေ တက်နေချိန်မှာ ကြက်-၀က်-အမဲ အသားတွေ အရောင်စိုပြီးကြာကြာခံအောင် လက်ချား(borax) အမှုန့် သုံးနေကြတယ် လို့ သိရပါတယ်။

ထိုင်းကျန်းမာရေးဌာနရဲ့  ထုတ်ပြန်ချက်မှာ လက်ချားမှုန့်တွေနဲ့ သုံးထားတဲ့ အသားတွေဟာ ရက်ကြာနေခဲ့ရင်
Subscribe

လာလည်သူများ

free counters