♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 26, 2015

" ရောဂါတွေအတွက် သစ်ကြားသီးအစိမ်း ပျားရည်စိမ်ရဲ့ အံ့မခန်းဖွယ် အကျိုးကျေးဇူးများ"

Green Walnuts In Honey - Amazing Cure
သစ်ကြားသီး အစိမ်းတွေဟာ ဗိုက်တာမင်(ဗီတာမင်) စီဓါတ်ကြွယ်ဝသည့်အတွက် အနီးမီးယား ခေါ်သံဓါတ်နဲသည့် ရောဂါ၊
အသဲကို ဆေးကြောရာတွင်၎င်း၊ အစာအိမ်နှင့် သွေးများကို သန့်စင်ရာတွင် အလွန်အသုံးဝင်ပါသည်။ ထို့ပြင် အဝလွန်ခြင်း၊
အသက်ရှူလမ်းကြောင်းမကောင်းခြင်း၊ အစာချေစနစ်နှင့် ဝမ်းတွင်း အင်္ဂါများပုံမမှန်ခြင်း၊ ဟော်မုန်းဓါတ်များမမျှခြင်း၊ အား
အင်နည်းပါးခြင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုများအတွက် အထောက်အကူဖြစ်စေသည့်အပြင် လည်ပင်းနှင့်
သက်ဆိုင်သော ရောဂါများ၊ လည်ပင်းကြီးရောဂါ၊ လည်ပင်းကြီးစေသည့် အကျိတ်အတွင်းမှ အိုင်အိုဒင်းဓါတ်  ထုတ်လုပ်မှု
နည်းပါးခြင်းတို့ကိုလည်း ပျောက်ကင်းစေကာ အိုင်အိုဒင်းဓါတ်ပိုမိုထုတ်ပေးစေခြင်း၊ ဆဲလ်များကို အားပေးခြင်း၊ အဆိပ်အ
တောက်များကို ဖယ်ရှားပေးခြင်းတို့ကို ပြုလုပ်ပေးစေပါတယ်။ အလွန်အကျိုးရှိသော ဆေးနည်းဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ။
  • မမှည့်သေးသော သစ်ကြားသီး အစိမ်း အလုံး (၄၀)
  • ပျားရည်စစ်စစ် (၂)ပေါင်

ပြုလုပ်ပုံပြုလုပ်နည်း။
သစ်ကြားသီးတွေကို ရေကောင်းကောင်းဆေး အခြောက်ခံပြီး ဓါးဖြင့်ပါးပါးလှီးပါ။ သစ်ကြားသီးများကို ပုလင်းကြီးတလုံးထဲ ထဲထည့်ပါ၊ အပေါ်မှ ပျားရည်လောင်းချပြီး အဖုံးကိုသေချာပိတ်ပါ။ နေပူထဲတွင် တစ်လတိတိ အပူခံလှန်းပေးပါ။ ထိုသို့ နေလှန်း

" ချစ်သူစုံတွဲတွေသာမက အိမ်ထောင်သည်တွေပါ မြဲစေဖို့အတွက် သိထားရမယ့် အချက် (၅) ချက် "

 
တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့

၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။
ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။

၂။သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။
ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် အဲ့ဒီလို နေတတ်တာများပါတယ်။ ဒါ့ကြောင့် သင်လိုချင်တာဟာ ဘယ်လိုမျိုး၊ သင်ဖြစ်ချင်တဲ့အရာက ဘယ်လိုမျိုး ဆိုတာ သင့်ချစ်သူကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပါ။

၃။မလုပ်ဖူးသေးတဲ့ အရာတွေကို နှစ်ဦးသားအတူ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။
နေ့စဉ်လုပ်ဆောင်နေကျ၊ အမြဲတမ်းလိုလိုရောက်ဖြစ်နေကျ ဟောင်းနေတဲ့ လမ်းစဉ်ကို ခဏထားခဲ့ပြီး နှစ်ဦးသားအတွက် အသစ်ဖြစ်စေမယ့် အရာတွေကို အတူပြုမူလုပ်ဆောင်ပါ။ သင်တန်းအသစ်တစ်ခုကို အတူတက်တာမျိုး

" ကင်းမြီးကောက်ထောင်ကာခြေအစုံဖြင့် ပစ်ကွင်း ကိုမှန်အောင်မြှားဖြင့် ပစ်နိုင်သူလေး..."

  Stunning: Contortionist Lilia Stepanova takes extreme performances to a new level firing a bow and arrow over her own head using her feet
 အံ့ သြမင်သက်မိလောက်အောင်ကို ကျွမ်းကျင်လှပါပေတယ်...
Stunning: Contortionist Lilia Stepanova takes extreme performances to a new level firing a bow and arrow over her own head using her feet

အံ့ မခန်းပြကွက်ဆန်းများဖြင့် ပ၇ိတ်သတ်အားဖျော်ဖြေတင်ဆက်သည့် အမျိုးသမီးလေးတစ်ဦးဟာ သူမရဲ့ မယုံကြည်
နိုင်လောက်ဖွယ် အံ့ သြထူးခြားသည့် ကိုယ်ခန္ဓာပျော့ ပြောင်းမှုကို အဆုံးစွန်ဆုံးသောအတတ်ဖြင့်ဖန်တီးကွေးကောက်
ကာ ကင်းမြီးကောက်ထောင်ပြီး ခြေထောက်ဖြင့် ပစ်မှတ်ကိုထိမှန်အောင်မြှားပစ်ပြနိုင်ခဲ့ ပါတယ်... အသက် ၂၄ နှစ်အရွယ်ရှိ လီလီယာစတီပါနိုဗာ ဟာ သာမန်လူတွေဆိုလျှင်ဖြင့် ခါးကျိုးနိုင်လောက်ဖွယ်ဖြစ်သည့် ခန္ဓာကိုယ်
ပုံစံအနေအထားဖြင့် ဟန်ချက်ထိန်းပြီးကင်းမြီးကောက်ထောင်ကာအခက်ခဲဆုံးပုံသဏ္ဍာန်ဖြင့် ပေါင်းစပ်အစွမ်းပြခဲ့ တာဖြစ်
ပါတယ်...ချီးကျူးအံ့ သြဖွယ်ရာ၊မယုံနိုင်စရာကတော့ ခြေထောက်နှင့် ခြေချောင်းများကိုသာအသုံးပြုပြီး ခပ်လှမ်းလှမ်း ရှိ ပစ်မှတ်စက်ဝိုင်းထဲသို့ မြှားတစ်စင်းဝင်အောင်ပစ်ပြနိုင်ခဲ့ တာလည်းဖြစ်ပါတယ်...

သူမရဲ့ ကျွမ်းကျင်မှုဟာပြောင်မြောက်ထူးဆန်းလွန်းတာမို့ အမေရိကန်နိုင်ငံမှ ရုပ်သံအစီအစဉ်တွေများစွာတွင်
 ပါဝင်တင်ဆက်ခဲ့ ရပြီး နာမည်ကျော် အမေရိကန်မှ အစွမ်းအစရှိသူများ အစီအစဉ်ပြိုင်ပွဲ တင်ဆက်မှုတွင် ဆီမီးဖိုင်နယ် 
( အကြိုဗိုလ်လုပွဲအဆင့် ) အထိပင် ရောက်ရှိနိုင်ခဲ့ ပါတယ်...
" ကျွန်မရဲ့ ပြကွက်ကတော့ တစ်ခြားအားကစားနည်းများလို ပါပဲ....သူတစ်ပါးကိုယ့် ထက်သားမသွားစေချင်ယင်တော့ 

" ခြေဖ၀ါး နှိပ်နယ်ပေးခြင်း၏ ကောင်းကျိုး "

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထမ်းပြီး အလုပ်တွေအများကြီးလုပ်ရတဲ့  ခြေဖ၀ါးအစိတ်အပိုင်း ကို ဂရုစိုက်မှုအနည်း
ဆုံးဖြစ်လေ့ ရှိကြပါတယ်။ ခြေထောက်အမြဲကျန်းမာသန်စွမ်းနေစေဖို့ဆိုရင် တော့ မိနစ်အနည်းငယ်လောက် နေ့စဉ်ဂရုစိုက်ပြီး
 နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။

ခြေထောက်နှိပ်နယ်မှုဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိ ခဲ့တဲ့    အလေ့အထတစ်ခုဖြစ်ပြီး ခြေဖ၀ါးရဲ့ အစိတ်အပိုင်း

တိုင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ချိတ်ဆက်နေပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ ဂလင်းတွေကို အကျိုးပြုပါတယ်။ ခြေထောက်နှိပ်
နယ်ပေးရင် ဘာ တွေကောင်းကျိုးပြုသလဲဆိုရင် နှစ်ခြိုက်စွာ  အိပ်ပျော်အောင် ကူညီ ပေးပါတယ်။ နောက်ပြီး သွေးလည်ပတ်
မှုကောင်းစေပြီး အာရုံကြောတွေကိုလည်း ထောက်ကူပေးပါတယ်။တစ်နေကုန်သွားလာ လှုပ်ရှားပြီး ပင်ပန်းနွမ်းနယ်နေချိန်
မှာ ခြေဖ၀ါးကို နှိပ်နယ်ပေးတာဟာ ခန္ဓာကိုယ်စွမ်းအင်တွေကို ပြန်ပြည့်စေတဲ့  အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ ငါးမိနစ်ကနေ ၁၀ မိနစ်အထိခြေဖ၀ါးကို နေ့စဉ်ပုံမှန်နှိပ်နယ်ခြင်းဖြင့်    နေထိုင်ကောင်းစေပါ တယ်။
 နောက်ပြီး စိတ်ဖိစီးမှုကို လည်း လျော့ကျစေပါတယ်။

ဒါ့အပြင် ခြေဖ၀ါးနှိပ်နယ်တာကြောင့်   အနာအကျင်၊  အကိုက်အခဲအမျိုးမျိုးဖြစ်တဲ့ ခေါင်းကိုက်တာတွေ၊ ခေါင်းတစ်ခြမ်းကိုက်

" ရေတံခွန်ပုံစံ ကျစ်ဆံမြီးကျစ်နည်း "

 
 
ဒီ waterfall braid လို့ခေါ်တဲ့ ရေတံခွန်ပုံ ဆံပင်လေးတွေ ဖြာကျနေဟန် ဖွတ်မြီးထိုးခြင်းဟာ အစမှာတော့ သင့်အတွက် အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ သပ်ရပ်စွာ လုပ်ကြည့်မယ်ဆိုရင်တော့ အလွန်
လှပတဲ့ ရလဒ်လေးကို တွေ့ရမှာပါ။ အားထိုးရကြိုး နပ်ပါတယ်။  ပေးထားတဲ့ အဆင့်လေးတွေကို သေချာ ကြည့်ရအောင်။ ဆံပင်အစုလေးတွေ အပေါ်မှာ နံပါတ်လေးတွေ ရေးပြထားပါတယ်။


(၁)     အရင်ဆုံး စကျစ်မယ့်နေရာမှာ အခါတိုင်းလိုပဲ ဆံပင်သုံးလိုင်း အညီအမျှယူလိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်းကျစ်လိုက်ပါ။

" Frozen (modifined) Keyboard " (မောင်ပေါက်)


မင်္ဂလာပါ
အခုတင်ပေးမဲ့ဆော့ဝဲလေးကFrozen(modifined)
ဆိုတဲ့ဆော့ဝဲလေးပါ
ဒီKeyboardလေးရဲ့ထူးခြားချက်က

Eng/Zawgyi/MM Unicodeအကုန်ရိုက်လို့ရပါတယ်
လိုအပ်ရင်တော့အောက်ကလင့်မှာဒေါင်းပါ

Admin=ရေနီသားဖြိုးလေး

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >   
Credit : www.maungpauk.org


September 25, 2015

" မှော်နှင့် သက်ဆိုင်သော မှန်..ကြက်..သံနှင့် သင်္ကေတများ၏ လျှို့ဝှက်ချက်များ "

မှော်နှင့် မှန်
အယူသည်းသော အနောက်တိုင်းအ မျိုးသမီးများသည် မင်္ဂလာဆောင်အ၀တ်အစားဝတ်ပြီး မှန်ကို  မကြည့်ကြချေ။ သို့ သော်
လက်ထပ်ပွဲပြီးသွားလျှင်ကား သတိုး သား၊ သတိုးသမီး မှန်ရှေ့တွင်ရပ်ကြသည်။ ထိုသို့ လုပ်ခြင်းသည်ကံကောင်းသည်ဟုဆို
သည်။  တစ်ဖန် မှန်ကြည့်နေသူတစ် ယောက်၏ ပခုံးပေါ်မှကျော်ပြီး မှန်မကြည့်သင့်ချေ။ မှန် ထဲတွင်ပုံရိပ်နှစ်ခုပြူးပြီးပေါ်သွား
လျှင် ပခုံးပေါ်မှကျော်ပြီး အကြည့်ခံသူမှာ သေသည်ဟူ၏၊ တစ်ဖန်မှန်ကြည့်၍ မိမိကိုယ်မိမိ မမြင်ရပါလျှင် မကြာခင်သေတတ်
သည်ဟု ဆိုကြသည်။ တရုတ်များက မူကြည့်မှန်ကို လက်ဆောင်ရရှိလျှင် ရာထူးကြီးကြီးနှင့် သားသမီးရတနာရသည်ဟု
ယုံကြည်ကြ၏
မှော်နှင့်ကြက်
မှော်ဆန်သောကြက်အကြောင်းကို ဖော်ပြရလျှင် အနောက်ဥရောပတွင် အနတ်ရောင်ကြက်မှာအလွန်မှ အဖိုးတန်လေသည်။

ရှေးပြင်သစ်သားတို့ သည် လောကီအစီအ ရင်ပြုလုပ်လိုလျှင်ညဥ့်သန်ခေါ်င်းယံအချိန် လမ်းဆုံလမ်းခွတွင်ကြက်နက်ကိုကိုင်ကာ
ပိုက်ကာ ကြက်ရောင်း မည်ဟုသုံးကြိမ်အော်လေသည်။ ထိုအခါမကောင်းဆိုးဝါးက ငွေထုတ်နှင့်ကြက်နတ်ကိုလာဝယ်သည်

" ဓာတ်လှေကား အထပ်မှားတက်ရင် Cancel လုပ်နည်း "



ဓာတ်လှေကားကုမ္ပဏီပေါ် မူတည်ပြီး အထပ်မှားတက်ရင် Cancel လုပ်နည်းက အမျိုးမျိုးရှိပါတယ်။ Cancel လုပ်နည်းကို

သိထားရင်တော့ အချိန်ကုန်သက်သာမှာ အမှန်ပါ။
 

MITSUBISHI ဓာတ်လှေကားဆိုရင်
၀၁.Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို ၂ ခေါက် နှိပ်ပါ။
၀၂. Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို တောက်လျှောက် နှိပ်ထားပါ။
 

OTIS ဓာတ်လှေကားဆိုရင်
၀၁. Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို ၂ ခေါက် နှိပ်ပါ။
၀၂.ဓာတ်လှေကားတံခါးကပွင့်နေသေးရင် ဓာတ်လှေကားဖွင့်ခလုတ်ကို နှိပ်ထားရင်း Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို ၂ ခေါက် နှိပ်ပါ။


MATSUSHITA - Panasonic ဓာတ်လှေကားဆိုရင်
၀၁. Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို ၂ ခေါက် နှိပ်ပါ။


TOSHIBA ဓာတ်လှေကားဆိုရင်
၀၁. Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို ၂ ခေါက် နှိပ်ပါ။
၀၂. Cancel လုပ်ချင်တဲ့ အထပ်ခလုတ်ကို တောက်လျှောက်(၂စက္ကန့် ကနေ ၃ စက္ကန့်) နှိပ်ထားပါ။

" သမီးရှိသော ဖခင်များသိထားရန် ၁၃ ချက် "

ကျွန်တော်မှာ သမီး၎ယောက်နဲ့ သားတစ်ယောက်ရှိပါတယ်။
ကလေးတွေရှိပြီး မိန်းကလေးသမီးတွေရှိတယ်ဆိုတော့ စောင့်ရှောက်ရတာ မလွယ်ဘူးလို့ အများကထင်ကြပါတယ်။ ကျွန်တော်ကတော့ တခါမှ စိတ်ထဲမှာတောင် မတွေးမိခဲ့ပါ။ မိသားစုနဲ့ စည်းစည်းလုံးလုံးနေရတာကိုပဲ စိတ်ထဲမှာ ပျော်လှပါတယ်။ သမီး
တွေကို ဒီနေ့ထက် မနက်ဖြန် ပိုပြီးချစ်လာတာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှု
စောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။

၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်။
ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် ဖခင်ဖြစ်သူထံမှ အချစ်ကိုလိုလားကြပါတယ်။ သင့်အပြင် ဖခင်အဖြစ်နှင့်
ပြုစုစောင့်ရှောက်နိုင်သူ မရှိပါ။ ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုသောအကြောင်း ပြောဖို့ ဝင်မလေးပါနဲ့။

၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်။
သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေဖြစ်သူနဲ့ တူနေတတ်ပါတယ်။ သမီးတွေက အဖေနဲ့တူသောသူကသာ ကိုယ်နဲ့ကိုက်မည့်သူလို့ ခံယူထားသူတွေများပါတယ်။

၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်။
သမီးတွေနဲ့ ကားအတူတူစီးသောအခါ သူတို့နားထောင်နေသောသီချင်းကိုအဖေဖြစ်သူကလည်း လေးလေးစားစားနားထောင်
သင့်ပါတယ်။ဒါမှသာလျှင် အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ်သလို သူတို့နဲ့လည်း အတူတူပျော်နိုင်မှာပါ။

၎. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်။
သမီးတွေကိုပဲ ဂရုစိုက်နေယုံနဲ့တော့ မပြီးပါ။ အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေရဲ့လားဆိုတာကို ဂရုပြုပါ။ သူတို့က မိခင်ကို ဂရုတစိုက်မရှိတဲ့ ဖခင်ကိုမုန်းတတ်ပါတယ်။

၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ။
တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖခင်ဖြစ်သူနဲ့လည်း စကားတွေနည်းလာတတ်ပါတယ်။ မိန်းကလေးသဘာဝ အ
လှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာပြောင်းလဲမူတွေကို အကြောင်းပြပြီး ဖခင်ဖြစ်သူက မရှောင်သွားရန်လိုအပ်ပါ

" ချစ်ဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ "


မိန်းကလေးတစ်ယောက်ကို အဝေးကပဲဖြစ်ဖြစ်၊ အနီးအနားမှာပဲဖြစ်ဖြစ် တွေ့လိုက်ချိန်မှာ သူရဲ့အပြုအမူလေးက ချစ်ဖို့ကောင်း
နေတဲ့အခါမျိုးရှိတတ်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို မထင်မှတ်ပဲ လုပ်မိကြပါလိမ့်။

၁. တစ်ယောက်နဲ့တစ်ယောက် ကြည့်မိချိန်
ဒါက ဖြစ်တတ်ပါတယ်။ နည်းနည်းပိုပြီး ရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။ သူ့အနားမှာရှိနေချိန်မှာ မျက်နှာချင်းဆိုင်မိချိန်မှာ အကြည့်တွေလည်းဆုံမိချိန်မှာ ရင်တွေခုန်သွားလိမ့်မယ်။ ဟင်၊သူငါ့ကို ကြည့်နေတယ် ? ဆိုပြီး ယောင်္ကျားလေးက ဒီမိန်းကလေးက ကိုယ့်ကို ကြိုက်နေတယ်ဆိုပြီး အထင်မှားတတ်ပါတယ်။ (ရယ်)

၂. နား၊ ပုခုံး၊ ခြေထောက်လေးတွေကို မထင်မှတ်ပဲ မြင်ရချိန်
မိန်းကလေးတွေရဲ့ အဝတ်အစား၊ အနေအထိုင်အပေါ် မူတည်ပြီး ဆံပင်သိမ်းလိုက်ချိန်မှာ ပုံမှန်ဆို မမြင်နိုင်တဲ့နေရာလေးတွေကို တွေ့လိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ ထီပေါက်သလို ဖြစ်နေတတ်တယ်။

၃. ပိပိရိရိနေထိုင်နေချိန်
ယခုအချိန်မှာ သွားလာလှုပ်ရှားနေချိန် အဝတ်အစား တိုတို ဝတ်ထားပင်မဲ့လည်း မိန်းကလေး ပီသစွာ နေထိုင်နေပုံလေးက ချစ်စရာပါ။

၎. မွှေးနံ့လေးက သင်းနေချိန်
ရေမွှေးစွတ်ထားလို့ မဟုတ်ပါ။ သူ့ရဲ့အင်္ကျီအနံ့လေးက ဆပ်ပြာမွှေးရည်ကြောင့် သင်းနေတတ်ပါတယ်။ ဒီအနံ့လေးကို ယောင်္ကျားလေးတိုင်းတော့ မဟုတ်ပင်မဲ့လည်း ကြိုက်တဲ့သူရှိပါတယ်။

၅. အင်္ကျီမှာ ကပ်နေတဲ့ အမှိုက်ကို သုတ်ပေးချိန်
ဘာရယ်လို့မဟုတ် စကားပြောနေချိန်မှာ အနားလာပြီး အင်္ကျီမှာ ကပ်နေတဲ့ အမှိုက်ကို သုတ်ပေးလိုက်တဲ့အခါ အံ့သြသွားတာက

" မိန်းမဖြစ်သူနဲ့ ဘောလုံးပွဲ ကြည့်သောအခါ " ဟဟ... (ဟာသ)

  
 ကြည့်စမ်းပါဦးဟယ်...မျက်နှာကြီးကို လုပ်ထားပုံကများ... မသိလို့မေးမိတာကို
 တက်သေတော့မလိုပဲ.....ဂယ်ဘဲ ဝူး..
မိန်းမ ။ ။ ဘယ်အသင်းတွေ ကစားနေတာလဲ။
ယောက်ျား ။ ။ အာစင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်။

မိန်းမ ။ ။ မိုက်တယ်၊ အာစင်နယ်ကို ကြိုက်တယ်။
ယောက်ျား ။ ။ အာစင်နယ်က အသင်းကောင်းပဲလေ ချစ်ရဲ့။

မိန်းမ ။ ။ ဒရော့ဘာ ပါလား။
ယောက်ျား ။ ။ သူက ဒီနှစ်သင်းမှာ မကစားဖူးဘူးလေ။

မိန်းမ ။ ။ ဟုတ်လား။ ဟိုမှာ ခရစ်စ် ဘရောင်းလား။
ယောက်ျား ။ ။ မဟုတ်ဘူး ချစ်။ အဲဒါ ချိန်ဘလိန်။

မိန်းမ ။ ။ ဟုတ်ပါပြီ။ ဒါပေမယ့် တူတယ်လေကွာ။ ဒါနဲ့ အဲဒီ အ၀ါကတ်ပြတော့ ဘာဖြစ်လဲ။
ယောက်ျား ။ ။ သတိပေးတာပေါ့။
 
ခဏအကြာ ရွန်နေးက ဂိုးသွင်းသွားသည်။

မိန်းမ ။ ။ ဂိုးးး ။ အဲဒါ ချိန်ဘလိန် သွင်းသွားတာလား။
ယောက်ျား ။ ။ မဟုတ်ဘူး။ ရွန်နေးက မန်ချက်စတာ ယူနိုက်တက်အတွက် သွင်းသွားတာ။

မိန်းမ ။ ။ ဟာ…ဘယ်လိုဖြစ်လို့လဲ။ တကယ်က အာစင်နယ် သွင်းရမှာ။

" ကမ္ဘာ့အကြီးဆုံး စားသောက်ဖွယ်ရာကြီးများ "



(အသားညှပ်ပေါင်မုန်ကြီး )

ဒီပုံထဲက အသားညှပ်ပေါင်မုန့်ကြီးဟာ အသားအလွှာပေါင်း ၄၁ လွှာ သွတ်သွင်းထားတဲ့ ပေါင်မုန့်ကြီးပါ။ ဒီအသားညှပ်ပေါင်မုန့်ကြီးကို ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့က အင်္ဂလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ပထမ  တန်းစား စားကောင်းသောက်ဖွယ်များပြသတဲ့ပွဲအတွက် ပြုလုပ်ခဲ့တာပါ။

ဒီကြီးမားတဲ့ အသားညှပ်ပေါင်မုန့်ကြီးရဲ့ အမြင့်ဟာ ၁၅ လက်မရှိပြီး ၂၄ လက်မ ကျယ်ဝန်းပါတယ်။ ဒီ      အသားညှပ်ပေါင်မုန့်ကြီးထဲမှာ ၀က်ပေါင်ခြောက် ၁၄၄၅ ဂရမ်၊ ဆလာမီ၊ ကြက်ဆင်နှင့် ၀က်ဆားနယ်ခြောက် ၂ ကီလိုဂရမ်၊ ၀က်အူချောင်း၊ အမဲအူချောင်း ၁ ကီလိုဂရမ် နှင့် ၀က်အူချောင်းလို အမျိုးအစားတမျိုးဖြစ်တဲ့ chorizo ၇၂၀ ဂရမ်တို့ပါဝင်ပါတယ်။

September 24, 2015

" တင်ပါးလေးလှအောင် လေ့ကျင့်နည်း ၄ ချက် "


အလုပ်၊ ကျောင်းနဲ့ သွားလာလှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဆိုတာလည်း အရေးကြီးတဲ့အပိုင်းပါ။ မိန်းကလေးတွေ အနေဖြင့် ခန္ဓာကိုယ်မှာလည်း တင်ပါးလေးလှအောင်ဆိုပြီး Gym မှာသွားကစားရအောင်လည်း အချိန်နဲ့ ပိုက်ဆံက စကားပြောလာမှာပါ။ အဲဒီတော့ လွယ်လွယ်နဲ့မြန်မြန်လှအောင်တော့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့အချိန်မှာပဲ လေ့ကျင့်ခန်းလေးကို လုပ်လိုက်ကြရအောင်နော်။

၁. ရပ်နေတဲ့အချိန်မှာ
ကားကိုစောင့်နေတဲ့အချိန်၊ တယောက်ယောက်ကိုစောင့်နေတဲ့အချိန်၊ မတ်တတ်ရပ်နေတဲ့အချိန်ကို အသုံးချကြရအောင်နော်။ အဲဒီအချိန်မှာ တင်ပါးကိုအားထည့်ပြီး ကြုံ့ကြည့်ပါ။ ၅စက္ကန့်ကြုံ့ပြီး ၅ စက္ကန့်နားပါ။ဒီလေ့ကျင့်ခန်းလေးကို အကြိမ်ကြိမ်လုပ်နိုင်ပါတယ်။ တခုပဲ သတိထားရမှာကတော့ ခါးကိုမတ်မတ်ထားဖို့လိုပါတယ်။

၂. ထိုင်နေတဲ့အချိန်မှာ
ထိုင်နေတဲ့အချိန်မှာ ကိုယ်အနေအထားကမမှန်တတ်ပါ။ထိုင်နေတဲ့အချိန်ကို အသုံးချပြီး တင်ပါးအတွက်ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲဆိုတော့ ခြေထောက်နှစ်ချောင်းညီညီညာညာ ဒူးကနေစပြီးကပ်ထားပါ။အချိန်နည်းနည်းကြာလာလျှင်ပေါင်အတွင်း ကြွက်သားက တဖြေးဖြေးနာလာပါလိမ့်မယ်။တင်ပါးနဲ့ဘာမှမဆိုင်ဘူးမဟုတ်လားလို့ မထင်ပါနဲ့။ ကိုယ်ခန္ဓာရဲ့ အလေးချိန်က ခြေထောက်ရဲ့အပြင်ပိုင်းမှာ များတာကြောင့် ခြေထောက်ရဲ့အတွင်းပိုင်းရဲ့ ကြွက်သားတွေက ပုံမှန်အခြေအနေမှာ သိပ်အလုပ်မလုပ်သောကြောင့် တင်ပါးကလည်း ဘေးသို့ကားသွားစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် တင်ပါးမှ ကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေမှာပါ။

၃. လမ်းလျှောက်တဲ့အချိန်မှာ
လမ်းလျှောက်ပုံဆိုတာလည်း အမျိုးမျိုးရှိပါတယ်။လမ်းလျှောက်တဲ့ပုံကို ကြည့်ပြီးတော့ အဲဒီသူက ဘယ်သူလဲဆိုတာကို

" မျက်တွင်းညိုတာကို ဘယ်လိုကာကွယ်မလဲ"

 

မိန်းကလေးတွေအတွက် စိတ်ညစ်စရာတစ်ခုကတော့ မျက်တွင်းညိုတာပါပဲ။မျက်တွင်းညိုတော့ ပင်ပန်းလို့ပဲလား။ အိပ်မပျော်တဲ့
ညတွေပဲ များလို့လား။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။

၁. မျက်တွင်းကို နှိပ်ပေးပါ။
မျက်တွင်းကို နှိပ်ပေးခြင်းဖြင့် မျက်တွင်းအရေပြားမှာရှိတဲ့ သွေးကြောလေးတွေရဲ့ သွေးလက်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး မျက်တွင်းညိုတာကို သက်သာစေမှာပါ။ ညမအိပ်ခင်မှာ နှိပ်ပေးရင်လည်း ကောင်းပါတယ်။ ဒါပင်မဲ့ အားထည့်ပြီး နှိပ်တာကိုတော့ ရှောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်တွင်း ပတ်ဝန်းကျင်က အရေးပြားက ပါးလွှာ
တာကြောင့်ပါ။

၂. မျက်နှာသုပ်ပဝါ ပူပူလေးနဲ့ အုပ်ပေးပါ။
ပေါင်းထားတဲ့ မျက်နှာသုပ်ပဝါ ပူပူလေးနဲ့ အုပ်ပေးရင်လည်း နှိပ်ပေးတာနဲ့တူတူပါပဲ။ အိပ်ခါနီးမှာ လုပ်ရင်တော့ ပိုပြီး အကျိုးသက်ရောက်မှုရှိမှာပါ။

၃. Cream လိမ်းဖို့သင့်ပါတယ်။
မျက်နှာ Cream ကိုလိမ်းဖို့လည်း လိုအပ်ပါတယ်။ အရမ်းပင်ပန်းနေချိန်မှာ နှိပ်ပေးတာထက် Creamကို သေသေချာချာ

" ဂျပန်ကရွေးသော တရုတ်ပြည်မှ အလှဆုံးမိန်းကလေး "

 
တရုတ်ပြည်မကြီးမှာ နာမည်ကြီး မင်းသမီးတွေကို ဘေးထားပြီး ရွေးချယ်ခံလိုက်ရတာကတော့ Ju Jing Yi ပါ။
သူကတော့ ဂျပန်နိုင်ငံက နာမည်ကြီး အဆိုတော်အဖွဲ့ဖြစ်တဲ့ AKB48 ရဲ့လက်အောင်အဖွဲ့တစ်ခုဖြစ်တဲ့ SNH48​NIIအဖွဲ့ဝင်ဖြစ်ပါတယ်။
သူရဲ့ ချစ်စရာကောင်းသော သရုပ်ဆောင်မှုတွေကြောင့် ဂျပန်နိုင်ငံမှာလည်း လူသိများလာခဲ့ပါတယ်။

" ရင်ခုန်စေတဲ့ ယောက်ျားလေးဆိုတာ "




အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ခန့်တဲ့ယောင်္ကျားလေးဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။

☆ သန့်ရှင်းသပ်ရပ်သောသူ
ချောခန့်တာထက်ကို အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေတယ်။ အင်္ကျီကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး လက်ကိုင်ပဝါကိုလည်း ဆောင်ထားတယ်။ ဘယ်လောက်ပဲ ချောနေပါစေ၊ တကိုယ်ရည် သန့်ရှင်းမှုမရှိသူဆိုတာကတော့ ကြိုက်ဖို့နေနေသာသာ အနားတောင်မကပ်ချင်ပါ။

☆ ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံသောသူ
အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ ကြိုက်ကြိုက်။

☆ အမြဲတမ်း မိန်ကလေးကို ဦးစားပေးသူ
ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောင်္ကျားလေးတွေက ချစ်ဖို့ကောင်းပါတယ်။

☆ စားပုံသောက်ပုံက စည်းကမ်းရှိသူ
အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်

" ခွေးခြေခုံနှစ်လုံး အသုံးပြုပြီး တောင်ပေါ်တက်ခဲ့တဲ့ မသန်စွမ်းအမျိုးသားတဦး "



Henan ခရိုင် Xinxiang မြို့မှ  အသက် ၃၄ နှစ်အရွယ် Zhao Bo ဆိုသူအမျိုးသားတဦးဟာ သူ့ရဲ့ ခြေထောက် နှစ်ဖက်လုံး
 ဖြတ်တောက်ခဲ့ရသူပါ။ သူဟာ တရုတ်ပြည်မြောက်ပိုင်းရှိ Mount Tai ဆိုသော သမိုင်းဝင်  တောင်တတောင်ရဲ့ Red ဂိတ်ကနေ စတင်ပြီး သေးငယ်သော ခွေးခြေနှစ်လုံးရဲ့အကူအညီနဲ့ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက တက်ရောက်ခဲ့ပါတယ်။

Zhongtian ဆိုတဲ့ ဂိတ်ကို ရောက်တဲ့အခါမှာ ကျဉ်းမြောင်းသေးသွယ်လှတဲ့ လှေကားတွေကြောင့် ဆက်မတက် တော့ဘဲ ရပ်နားခဲ့ပါတယ်။

Zhao Bo ဟာ တောင်ပေါ်သို့ ခွေးခြေနှစ်လုံးရဲ့ အကူအညီနဲ့ သူ့ခန္တာကိုယ်ကို ထိန်းပြီး ဖြေးဖြေးနှေးနှေးတက် ခဲ့တာပါ။ သူနဲ့အတူ သူငယ်ချင်းနှစ်ယောက်လည်း အတူလိုက်ပါလာကြပါတယ်။ ရာသီဥတုက ပူလောင် လှတဲ့အတွက် သူ့တကိုယ်လုံးမှာလည်း ချွေးသံတရွဲရွဲနဲ့ပါ။ ခွေးခြေကို အားပြုကိုင်ထားရတဲ့ သူရဲ့ ဘယ်လက်လက်မှ လက်အိတ်ကို

" ညီလင်းသစ်၏ ကလောတစ်ဝိုက် ဆင်စီး တောလည် ခရီးသွားဗဟုသုတများ "




ကလောရောက်ပြီး နောက်တစ်ရက်နေတော့ သူငယ်ချင်းတွေဖြစ်တဲ့ ထွန်းထွန်းနဲ့မော်တို့ ဖွင့်ထားတဲ့ဆင်စခန်းကို သွားလည်ကြတယ်၊ ကလောဇာတိဖြစ်တဲ့ ထွန်းထွန်းက ငယ်ငယ်လေးကတည်းက တောတောင်ရေမြေကို ချစ်မြတ်နိုးသလို ကျနော်တို့နဲ့ tourism လောကထဲမှာမဆုံခင် ကလောမှာ trekking guide လည်း လုပ်ခဲ့သေးတယ်၊ အခု သူတို့ ဆင်စခန်းလုပ်နေတာ ၃ နှစ်ထဲတောင် ရောက်လာပေမယ့် ကျနော်တို့ကလည်း တစ်ခါမှ မရောက်နိုင်ဘူး ဖြစ်နေခဲ့တယ်၊ ဒီတစ်ခေါက်မှပဲ အဲဒီအတွက်ကို သီးသန့်အချိန်ပေးပြီး သွားဖြစ်ပါတော့တယ်…၊


ထွန်းထွန်းတို့ရဲ့ ဆင်စခန်းက ကလောကို တက်လာတဲ့လမ်းမှာ ရှိပါတယ်၊ ကလောအတက်မှာရှိတဲ့ နန့်ပန်တစ်ရွာကြီးရဲ့ အလွန် မကွေဆိုတဲ့ ရွာကလေးနားက တောထဲမှာ ဖွင့်ထားတယ်၊ ကလောမြို့ထဲကနေ ဆင်စခန်းကို ပြန်ဆင်းသွားတော့ လမ်းတလျှောက်က ရေယား၊ ဝက်ဖြူရေ စတဲ့ရွာလေးတွေမှာ ခြံထွက်အသီးအနှံတွေကို အိမ်ဆိုင်လေးတွေဖွင့်ပြီး တပိုင်တနိုင် ရောင်းနေကြတယ်၊ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းကအတိုင်း မပြောင်းမလဲပါပဲ၊ ဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ကျွဲကောသီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး… အစုံပဲ တွေ့ရတယ်၊ ကလောကနေ စခန်းအထိ ၄၅ မိနစ်လောက် မောင်းသွားရပါတယ်၊

September 23, 2015

" ဖုတ်တို့၏ မာယာ "

 
ကျွန်တော်အခုပြောပြမှာကတော့ ဖုတ်ဝင်တဲ့ အကြောင်းပါ။ ကျွန်တော့်မိတ်ဆွေအန်တီတစ်ယောက်၏ ဖခင်ရဲ့ ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားတဲ့ ဖုတ်အကြောင်းပါ။ ကျွန်တော်မိတ်ဆွေအန်တီက မိသားစုသုံးယောက်ရှိပါတယ် ....သူ့ ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ်သားတစ်ယောက်နဲ့ အတူနေထိုင်ကြပါတယ်...အန်တီ့အမျိုးသားကတော့  မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်နေပါတယ်... အဲဒီလိုနဲ့ နယ်မှာနေတဲ့အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူမိသားစုကိုလည်း စောင့်ရှောက်ရင်း မိမိမှာခံစားနေရတဲ့ သွေးတိုး၊ဆီးချိုရောဂါကို ရန်ကုန်မှာရှိတဲ့ ဆရာဝန်(အထူးကု)များနဲ့ ပြသဖို့ အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီစဉ်နဲ့ သမီးရှိရာရန်ကုန်မြို့တော်ကြီးဆီကို တက်လာခဲ့ ပါတယ်။ ရန်ကုန်ကိုရောက်တော့ ချစ်စရာကောင်းတဲ့ မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊ မြေးလေးသွားချင်တဲ့အားကစား
ကွင်းတွေလည်းလိုက်ပို့ နဲ့ အရမ်းကိုပျော်နေတာပေါ့ ဗျာ။ ဆေးခန်းကိုလည်းသွားပြီးဆေးစစ်ကြတယ်။ဆေးစစ်ချက်အဖြေကတော့ ဆီးချိုကသိပ်မတက်ပေမဲ့ သွေးကတော့တော်တော်တက်နေတဲ့အတွက် ဆရာဝန်ကသွေးကျဆေးတွေပေးလိုက်ပြီး သွေးတက်စေနိုင်မယ့် အစားတွေရှောင်ဖို့ သတိပေးလိုက်တယ်။ ဒီလိုနဲ့ အန်တီ့အဖေဟာ သမီးနဲ့ မြေးနှစ်ယောက်ထဲကိုစိတ်မချတာနဲ့ သားမက်ပြန်လာတဲ့အချိန်အထိ ရန်ကုန်မှာခဏနေမယ်လို့ ဆုံးဖြတ်လိုက်တယ်....တစ်ရက်တော့ ညနေ ညီအကိုမသိတသိအချိန်မှာ အဲဒီဘကြီးက အိမ်ရှေ့ မှာထိုင်ခုံနဲ့ ထိုင်နေရင်းမြေးလေးက သူ့သူငယ်ချင်းနဲ့ ကစားနေတာကိုကြည့်နေရင်းရုတ်တရက်လဲကျသွားတယ်.... အဲဒါကိုမြင်တဲ့ အိမ်ထဲကသမီးနဲ့ ကစားနေတဲ့ မြေးလေးတို့က အပြေးအလွှားရောက်လာပြီးတော့ ဘာဖြစ်တာလဲလို့ မေးလိုက်တယ်... အဲဒီအခါဘကြီးကဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို့ ပြောပြီးအိမ်ထဲပြန်ဝင်သွားရာက... အဲအချိန်စပြီး အဲဒီဘကြီးဟာအရမ်းပြောင်းလဲသွားတော့တာပဲ....အိပ်ခန်းထဲကအပြင် ကိုသိပ်မထွက်တော့ ဘူး....အိမ်သားတွေနဲ့လည်း စကားသိပ်မပြောတော့ ဘူး... အမြဲတမ်းဘုန်းကြီးဆွမ်းလောင်းနေတဲ့ ဘကြီး၊ မနက်တိုင်းတရားခွေဖွင့် နေတဲ့ သူဟာ ဆွမ်းလည်းမလောင်းတော့သလို တရားခွေလည်း မဖွင့် တော့ ဘူး ။ သမီးဖြစ်သူကဘာလို့ ဆွမ်းမလောင်းတာလဲလို့ မေးရင် နေမကောင်းလို့ ခေါင်းမူးလို့ အကြောင်းပြတယ်.... သမီးက မနက်တရားခွေဖွင့် ပြန်ရင်လည်း ဒေါသထွက်ပြီး နားညီးတယ် အိပ်လို့ မရဘူးဆိုပြီးသောင်းကြမ်းပြန်ပါရော... သူ့ သမီးကလည်း တစ်ခါမှသူ့အဖေအဲဒီလိုမဖြစ်ဖူးဘူးဆိုပြီး အရမ်းအံ့ သြနေတယ်။ဆေးခန်းပြဖို့ ပြောပြန်ရင်လည်း ငါနေကောင်းသွားပြီ၊ ဘာမှမဖြစ်ဘူးလို့ပဲ ပြန်ပြောတယ်...ထမင်းစားချိန်ရောက်ရင်လည်း အရင်တုန်းကဆိုရင် သမီးနဲ့ မြေးနဲ့ အတူစားနေကျ ဘကြီးက အခုအခန်းထဲမှာ တစ်ယောက်တည်းစားတယ်....နေ့လည်စာ သိပ်မစားဘူး....ဟင်းသီးဟင်းရွက်ချက်ရင် ခံတွင်းပျက်နေတယ်ဆိုပြီးလုံးဝမစားဘူး....အသားငါးဆိုရင်တော့ အများကြီးစားတယ်တဲ့.....့ အရင်က အသားငါးသိပ်မစားတဲ့ သူဆိုတော့ သူ့ သမီးကလည်း အရမ်းထူးဆန်းနေတယ်။ အဖေဘာစားချင်လဲလို့ သမီးကဈေးသွားခါနီးမေးရင် အမဲသားကျွေးပါလိုပြောတယ်...အဖေအမဲသားမစားဘူးမဟုတ်လားလို့ မေးရင် အဲဒါအရင်က...အခုကျန်မာရေးမကောင်းလို့ အားရှိအောင်စားပီလို့ ပြောတယ်တဲ့... ဘာလဲ နင်ကငါ့ ကိုမသထာလို့ လားလို့ မျက်ထောက်နီကြီးနဲ့ ပြန်မေးသေးသတဲ့.... သူ့ သမီးကလည်း အဖေစိတ်ချမ်းသာအောင် ချက်ကျွေးပါတယ်။ အမဲသားတို့၊ ကြက်သားတို့ ချက်ကျွေးတဲ့နေ့ဆိုရင်ပြုံးရွှင်နေတာပဲ.... အသီးအရွက်ချက်တဲ့နေ့ဆိုရင်တော့ ရန်လုပ်တယ်တဲ့ ဗျ.... အဲဒီလိုနဲ့ တစ်လခွဲလောက်ကြာလာတယ်လေ။ ထူးခြားတာကအနှိပ်သည်ကို သုံးရက်တခါနှစ်ရက်တခါလောက်ခေါ်ခိုင်းတတ်တာပဲ.... သူ့ မြေးလေကိုရော၊ တခြား သူ့ကို လူမမာလာမေးတဲ့ လူတွေကိုလည်း နှိပ်ခိုင်းတယ်.... နောက်ပြီးတော့ နောက်နေ့ မနက်ဆွမ်းလောင်းဖို့အသားဟင်းတွေချက်ထားရင် ပျောက်ပျောက်သွားတယ်....

" ဖေ့ဘုတ်စာမျက်နှာ်ထက်မှာ ရေပန်းစားနေတဲ့ ထိုင်းဆယ်ကျော်သက်တဦးရဲ့ ဟုမ်းမိတ်ဖက်ရှင် "

photo - madaew's fashionist

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ ထိုင်းဆယ်ကျော်သက်တဦးဟာ ပစ္စည်းပစ္စယ အစုံအလင်နဲ့ ပြုလုပ်ထားသော ကိုယ်ပိုင်ဒီဇိုင်း
ဖက်ရှင်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်လိုက်ပြီးနောက် မကြာခင်မှာပဲ ဖက်ရှင်ပုဂ္ဂိုလ်တဦးဖြစ်လာပါတော့
တယ်။

" ခေတ်နဲ့အညီ သဘာဝ အလှပေါ်လွင်စေမယ့် နေ့စဉ် မိတ်ကပ်အပြင်အဆင် "

ဓာတ်ပုံများ - မဟေမာ
Model - Sally Dec
Makeup - Chue Dgray

ဖက်ရှင်နဲ့ အလှအပကို ဦးစားပေး ပြင်ဆင်လာကြတဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲက မိန်းကလေးတွေအတွက် အလှအပနဲ့ ပတ်သက်ပြီး နေ့စဉ် မိတ်ကပ်ပြင်ဆင်မှု (Daily Makeup) နဲ့ သဘာဝဆန်ဆန် မိတ်ကပ်ပြင်ဆင်မှု (Natural Look) လိမ်းခြယ်ပုံ အဆင့်ဆင့်တို့ကို အလှအပရေးရာဆိုင်ရာ ဗဟုသုတအနေနဲ့ မိန်းကလေးတိုင်းသိစေဖို့ Chue’s Makeup of the Day ရဲ့ Beauty Blogger “Chue Dgray” ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

" အသက်အာမခံကြေးငွေတွေကို လောဘဇောတိုက်ပြီး လိုချင်မှုကြောင့် ဇနီးဖြစ်သူတွေကို သတ်ခဲ့တဲ့ လူယုတ်မာကြီး"


အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကို အိမ်ထောင်သက် နှစ်ပတ်လည်နေ့ မှာ လမ်းလျှောက်ထွက်နေတုန်း ချောက်
ကမ်းပါးပေါ်က တွန်းချသတ်ဖြတ်ခဲ့မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။

Harold Henthorn ဆိုသူ အမျိုးသားဟာ ဇနီး Toni ရဲ့ အသက်အာမခံကြေး ပေါင် ၂.၉ သန်းကို ထုတ်ယူဖို့ 
အတွက် အခုလို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ တရားရုံးမှာ အမှုကို စစ်ဆေးကြားနာခဲ့ပြီးနောက် အသက် ၅၉ နှစ်အရွယ် Harold Henthorn ကို အကြံအစည်ရှိရှိ လုပ်ကြံသတ်ဖြတ်
မှုကြောင့် အပြင်းထန်ဆုံးပြစ်ဒဏ်ကို တနလာင်္နေ့ မှာ ချမှတ်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်၊စက်တင်ဘာလကRockyMountainအမျိုးသားပန်းခြံမှာအိမ်ထောင်သက်၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကို ကျင်းပနေတုန်းမှာ Mrs Henthornဟာ ပေပေါင်း၁၂၀ မြင့်တဲ့ ချောက်ကမ်းပါးပေါ်ကနေ စောက်ထိုးပြုတ်ကျ သေဆုံးခဲ့
ရတာဖြစ်ပါတယ်။ Mr Henthorn ဟာ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းကလည်း ပထမဇနီးဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးပြီး အဆိုပါပြစ်မှု အတွက် ပြစ်ဒဏ် မကျခံခဲ့ရဘူးလို့ အစိုးရရှေ့ နေတွေက ပြောကြားခဲ့ပါတယ်။

ယခုအမှုမှာတော့ Mr Henthorn ဟာ ပြစ်မှုဆိုင်ရာဥပဒေအရ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရမှာဖြစ်ပြီး

" သင့်မှာ...သင့်ကို....တစ်စုံတစ်ယောက် ...ဆက်သာ ဖတ်ကြည့်ပေတော့ "

 

 သင့်မှာ" သင့်ကိုနားလည်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်

သင့်ကို" စိတ်ရှည်သည်းခံေ
ပးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို" စစ်မှန်စွာချစ်ခ
င်နိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို" ဂရုစိုက်ပေးနိုင
်တဲ့ တစ်စုံတစ်ယောက်
သင့်ကို" အလေးထားပေးနိုင်
တဲ့ တစ်စုံတစ်ယောက်
သင့်ကို " ဂုဏ်ယူလေးစားနို
င်တဲ့ တစ်စုံတစ်ယောက်
သင့်ကို" နေ့စဉ် ဖုန်းမခေါ် စာမပို့ပဲ မနေနိုင်တဲ့ တစ်စုံတစ်ယောက်

သင့်ကို" ပေးထားတဲ့ အချိန်တွေမှာ
မပျက်ကွက်နိုင်တ
ဲ့ တစ်စုံတစ်ယောက်
သင့်ကို" ဆုံးရှုံးသွားရမ
ှာကို ကြောက်နေတဲ့ တစ်စုံတစ်ယောက်
အဲလို" တစ်စုံတစ်ယောက် ရှိနေပါက
သူ့ကို ပြန်ချစ်ခင်ပေးလ
ိုက်ပါ။
အဲဒီ" တစ်စုံတစ်ယောက်ရ
ဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ခွင့်ပြုဖို့ရန်အတွက် နှောင့်နှေးမနေပါစေနဲ့။
အဲဒီ တစ်စုံတစ်ယောက်က
ို အရေးမပါတဲ့ တိုက်ဆိုင်မှု အနည်းငယ်ကြောင့် သင့်လက်မှ လက်လွတ်ဆုံးရှုံးမှု ဖြစ်သွားဖို့

" သိသင့်သော ယောက်ျား မိန်းမကွာခြားချက် နှင့် အချစ်ဆိုတာ ဘယ်လို ဘယ်ဝါ ဘယ်ချမ်းသာဆိုပြီး ဖွင့်ဆိုချက် "


၁။ယောက်ျားသည် မိမိအတွက် အလွန်လိုအပ်နေသည့်ပစ္စည်းဖြစ်လျင် တစ်ဒေါ်လာတန်ဖြစ်သော်လည်း
နှစ်ဒေါ်လာပေး၍၀ယ်သည်။ မိန်းမသည် မိမိ အတွက်လုံးဝလိုအပ်ခြင်းမရှိသည့်တိုင် နှစ်ဒေါ်လာတန်
ပစ္စည်းကို တစ်ဒေါ်လာနှင့်ရလ
ျှင် အမြဲတမ်းဝယ်သည်။
၂။ယောက်ျားမယူမခ
ျင်း မိန်းမသည် အနာဂါတ်အတွက် စိတ်ပူ၏။ ယောက်ျားသည် မိန်းမ မယူမခြင်း
အနာဂါတ်အတွက် စိတ်မပူ။

၃။အောင်မြင်သော ယောက်ျားဆိုသည်မ
ှာ မိန်းမဖြစ်သူ ဘယ်လောက်သုံးသုံး မကုန်နိုင်အောင် ၀င်ငွေ
ရှိသူဖြစ်သည်။အေ
ာင်မြင်သော မိန်းမဆိုသည်မှာ အထက်ပါယောက်ျားမျိုးကို ရအောင်ယူထား နိုင်သူ
ဖြစ်သည်။

၎။ယောက်ျား ယူပြီး အိမ်ထောင်ရေး ပျော်ရွင်မှုရလို
လျှင် သူ့ကိုများများနားလည်ပြီး နည်းနည်းချစ်ဖို
လိုသည်။မိန်းမယူ
ပြီး အိမ်ထောင်ရေး ပျော်ရွှင်မှုကိုရလိုလျှင် သူမကို အများကြီးချစ်ဖို့လိုသည်။
နားလည် ဖို့ ကြိုးစားစရာမလို

၅။မိန်းမရှိသော ယောက်ျားတိုင်း ကိုယ့်အမှားတွေက
ို မေ့ထားနိုင်သည်။ မိန်းမက သတိဖော်ပေးလိမ့်မည်။
၆။ယူမည့်ယောက်ျာ
းသည် အချိန်တန်လျှင် ပြောင်းလဲသွားမှာပဲလေ ဆိုသောမျှော်လင့်ချက်ဖြင့် မိန်းမသည်

September 22, 2015

"လျှာရင်း၊ လျှာဖျားဆိမ့်အောင် ကောင်းတဲ့ ဒူးရင်းသီး ဆနွင်းမကင်း "


***... ဒူးရင်းသီး ဆနွင်းမကင်း လုပ်ဖို.အတွက် လိုအပ်တာလေးတွေ…

1. အပိုင်းပိုင်း ပြတ်အောင် ညှပ်ထားသော ဒူရင်းသီးအသား – 1 cup (250 ml)
2. ရွှေကြည်မှုန်. (semolina coarse) – 1 cup (250 ml)
3. သကြား – 1 cup (250 ml)
4. အုန်းနို. (creamy coconut) – 800 ml
5. ဆား – 1/4 tsp
6. ခလောက်ထားသော ကြက်ဥ – ၂ လုံး
7. ခဲနေသော ကုလားထောပတ် (ghee) – 2 tbsp
8. ဘိန်းစေ့ (poppy seed) အဖြူ၊ အမဲ – အနည်းငယ်စီ

ရွှေကြည်မှုန်.ကို မကပ်နိုင်သည့် ဒယ်အိုးထဲထည့်ကာ ပုံပါ အပူရှိန်နှင့် ၁၀ မိနစ်ခန့် မွှေလှော်ပေးပါ။

၅ မိနစ်ခန်. အအေးခံပြီးလျှင် ဘိန်းစေ့မှလွဲ၍ ကျန်ပါဝင် ပစ္စည်းအားလုံးကို ထည့်ကာ အထက်ပါ အပူရှိန်နှင့် မကြာခဏ မွှေကာ ကျိုပေးပါ။

အဖတ်များစုပြီး ခဲမသွားစေရန် ဇွန်းအောက်ခြေနှင့် ဖိချေပေးပါ။

မိနစ် ၂၀ ခန်. ကြာပြီးနောက် ပုံပါအတိုင်း ခပ်ပျစ်ပျစ် ဖြစ်ကာ ဆီပြန်ပြီး မွှေးလာလျှင် ထောပတ် အနည်းငယ်

" အဆိပ်ပြင်း မြွေဟောက်ကို (၁၀) စက္ကန့်အနမ်းပေးတဲ့ အံ့ဖွယ်လူသား "

အလွန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်း ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ဦးဟာ အလွန်အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင်ရဲ့ ဦးခေါင်းကို (၁၀) စက္ကန့်ကျော် ကြာအောင် နမ်းပြခဲ့တာကြောင့် ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ တွားသွားသတ္တ၀ါတွေကို ကာကွယ် စောင့်ရှောက် ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုမှ လုပ်အားပေး တစ်ဦးဖြစ်တဲ့ ပူတူအက်ဒီက ထူးဆန်းတဲ့ ပြကွက်ကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ပူတူအက်ဒီဟာ ၀ါးတုတ် တစ်ချောင်းနဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် လုပ်ပြီး မြွေဟောက် ဦးခေါင်းကို (၁၀) စက္ကန့်ကြာအောင် နမ်းပြခဲ့တာ ဖြစ်ပါတယ်။ ဒါကို သြစတြေးလျနိုင်ငံသား ဂိုးလ်စမစ်က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂိုးလ်စမစ်က ဗစ်တိုးရီးယားမှာ မြွေတွေနဲ့ ပတ်သက်ပြီး ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေသူဖြစ်ပြီး၊ ဒီပြကွက်ကို ချီးကျူးခဲ့ပေမယ့် သိပ်ထူးခြားမူ မရှိကြောင်း ဟြေကြားခဲ့ပါတယ်။

ဂိုးလ်စမစ်ဟာ ငယ်စဉ်ကတည်းက မြွေတွေနဲ့ ရင်းနှီးစွာနေခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း (၄၀) အတွင်း မြွေတွေကို လိုက်လံကယ်တင်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ဂိုးလ်စမစ်ဟာ ငယ်စဉ်က မြွေတွေကို လိုက်လံဖမ်းဆီးရင်း အိမ်ကို ယူဆောင်လာလေ့ ရှိပါတယ်။ မြွေတွေကို တွေ့တဲ့အခါ ရှောင်ထွက်သွားခြင်းဟာ အကောင်းဆုံးဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့

" အမျိုးသမီးတစ်ဦး လင်ငယ်နဲ့ ဖောက်ပြန်နေစဉ် ခင်ပွန်းဖြစ်သူ ရောက်လာလို့ လင်ငယ် အဲယားကွန်းစင်ပေါ်ရောက်"

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ လင်ငယ်နဲ့ ဖောက်ပြန်နေတုန်း ခင်ပွန်းဖြစ်သူ ရောက်လာလို့ အရှက်တကွဲ ဖြစ်သွားရကြောင်း သိရပါတယ်။ ဒီဖောက်ပြန်မှုကို အိမ်နီးနားချင်းတွေကပါ သိသွားခဲ့တာကြောင့် ပိုပြီးအရှက်ရစရာ ဖြစ်ခဲ့ပါတယ်။ ဖူဂျီအန်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ နေထိုင်ရာ တိုက်ခန်းမှာ ခင်ပွန်းမရှိစဉ် ချစ်သူဟောင်းနဲ့ အကြည်ဆိုက် နေခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူဟာ ရုတ်တရက် အိမ်ကိုပြန်ရောက်ခဲ့တာကြောင့် အမျိုးသမီးအနေနဲ့ အကျပ်ရိုက်ခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးဟာ ချစ်သူဟောင်းကို နောက်ဖေးပြတင်းပေါက်ကနေ ထွက်စေခဲ့ပါတယ်။ ဒီအမျိုးသမီးဟာ ခုနစ်ထပ်မှာ နေထိုင်တာဖြစ်ပြီး ချစ်သူဟောင်းက ထွက်ပြေးသွားခဲ့လို့ ဖောက်ပြန်မှုကို ခင်ပွန်းဖြစ်သူက မသိလိုက်ပါဘူး။ နောက်တစ်နေ့ကို ရောက်တဲ့အခါ ခင်ပွန်းဖြစ်သူက အလုပ်ကိုသွားခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးဟာ ချစ်သူဟောင်းကို စိုးရိမ်စိတ်နဲ့ ပြန်ရှာရာ နောက်ဖေးက အဲယားကွန်းထားတဲ့ နေရာလေးမှာ ပုန်းခိုနေတာ တွေ့ရပါတယ်။ ဘယ်လိုလုပ်ပြီး ရောက်ရှိသွားသလဲဆိုတာ ကာယကံရှင် ကိုယ်တိုင် မသိခဲ့ပါဘူး။ ကြောက်လန့်စိတ်နဲ့ ခုန်ပျံကျော်လွှားပြီး ပုန်းခိုခဲ့ပေမယ့် နောက်တစ်နေ့မှာတော့ ပြန်လည်တက်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် အမျိုးသမီးဟ မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ခင်ပွန်းဖြစ်သူက မျက်ဝါးထင်ထင် မတွေ့ရပေမယ့် ပတ်ဝန်းကျင်က လူတွေ၊ အိမ်နီးနားချင်းတွေကြောင့် အမျိုးသမီးရဲ့ ဖောက်ပြန်မှုကို အကုန်လုံး သိသွားခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေမှာ တိုက်ခန်းနောက် အဲယားကွန်းနေရာမှာ ပုန်းနေတဲ့ အမျိုးသားဖြစ်သူကို ကြိုးတွေနဲ့ ချည်နှောင်ပြီး ကယ်တင်ခဲ့ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာ မေးမြန်းခဲ့ရာ

" အိမ်ထောင်ဘက် ရွေးတဲ့ကိစ္စ (နေ့နံမတူလို့စိတ်ညစ်နေသူများအတွက် ) "



ငယ်ငယ်တုန်းက တက်ခဲ့တဲ့ အလယ်တန်းကျောင်းဘေးမှာ အစိုးရသစ်စက်ဝင်းကြီးရှိတယ်။ သစ်စက်ဝင်းရဲ့ အနောက်ထဲမှာ ၀န်ထမ်းတန်းလျားကြီး ရှိတယ်။ အဲဒီဝန်ထမ်းတန်းလျားမှာ ကျောင်းက သူငယ်ချင်းတွေ ရှိကြတော့ မကြာခဏ ရောက်ဖြစ်တယ်။ သစ်စက်ဝင်း ၀င်ပေါက်က လူတကာ ပေးမ၀င်ဘူး။ အဲဒီတော့ တန်းလျားထဲကို သွားချင်ရင် ရထားလမ်းဘေး လူသွားလမ်းကနေ သွားရတယ်။ ရထားလမ်းဆိုတဲ့အတိုင်း ကျူးကျော်တဲတွေ အများကြီး ရှိသလို ၀က်တွေလည်း ခြံခတ်ပြီး မွေးထားကြတယ်။

တစ်ရက်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီ အသွား လမ်းတ၀က်မှာ ၀က်သိုးကြီးတစ်ကောင်ကို ဂါလီပေါ်မှာ တင်လာတာ တွေ့ရတယ်။ ဂါလီဆိုတာ ဆိုက်ကားလိုပဲ။ ဒါပေမယ့် လူစီးဖို့ မဟုတ်ဘူး။ ပစ္စည်းတင်ဖို့ပါ။ ၀က်ပိုင်ရှင်ကလည်း ဂါလီဘေးကနေ လိုက်လာတယ်။ ရထားလမ်းဘေးက လူသွားလမ်းလေးကို ဂါလီကြီး တွန်းဝင်လာတော့ လူတွေတောင် သွားရလာရ ခက်ကုန်တယ်။ ဂါလီပေါ်က ၀က်သိုးကလည်း ငြိမ်ငြိမ်မနေတော့ ဂါလီလည်း ယိမ်းထိုးနေတာပါပဲ။ ၀က်ခြံတစ်ခု အရှေ့ရောက်တော့ ဂါလီ ရပ်သွားတယ်။ အဲဒီခြံထဲမှာက ၀က်မတစ်ကောင် ရှိနေတယ်။ လူတွေက ၀က်သိုးကြီးကို မနိုင်မနင်းဝိုင်းပြီး မကြတယ်။ ပြီးတော့ ၀က်မခြံထဲ ထည့်လိုက်တယ်။ အဲဒီလို ၀က်မင်္ဂလာဆောင် လုပ်ပြီးတော့ ၀က်ကလေးတွေ မွေးလာရင် ၀က်သိုးပိုင်ရှင်လည်း အချိုးကျ ဝေစုရတယ် ဆိုပဲ။

ဟိုတလောက အမေရိကားမှာနေတဲ့ အစ်ကိုတစ်ယောက် ရန်ကုန်ပြန်ပြီး ဇနီးလောင်း ရှာတယ်။ ထုံးစံအတိုင်း နီးရာနီးရာ စပ်ကြဟပ်ကြပေါ့။ ညီဖြစ်တဲ့ ကျွန်တော့်ဆီကိုလည်း အကူအညီ လှမ်းတောင်းလို့ ၀ိုင်တီယူက သူငယ်ချင်းတစ်ယောက်ရဲ့ ညီမနဲ့တောင် ချိတ်ပေးလိုက်သေးတယ်။ ဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တောင်း၊ ဟိုဘက်ရော ဒီဘက်ရော အီးမေးလ်တွေ ပို့ပေး၊ ကြားထဲက ငထွားခါးနာရပြီး အလုပ်တွေတောင် များကုန်တယ်။ အားလုံး အိုခေပြီ ဆိုတော့ ကိုယ်တော်က

" “GF” ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ…"

http://www.myanmarlatestnews.com/wp-content/uploads/2015/07/1024x1024_20150715_053311_985.jpg

ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင်တွေ့ဆုံခဲ့ကြတယ်..
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို
ပြောတယ် “ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား” တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်…ပြီးတော့ “မသိဘူးလေ အဲတာဘာလဲ”
လို့ ပြန်မေးလိုက်တယ်…ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်…
“GF ဆိုတာ Good Friend” ပါတဲ့…

နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွား
တယ်..
အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်..
“GF ဆိုတာ ဘာလဲ ခုသိပြီလား” တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး…
“GF ဆိုတာ Girlfriend” ပါတဲ့…

အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်…
“GF ဆိုတာ သိပြီလား ချစ်သူ” တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ “Girlfriend” လေလို့ဖြေတယ်…
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်…
“မဟုတ်ဘူး GF ဆိုတာ
ကိုယ့်အတွက်မင်းဟာ Great Future” ပါတဲ့…

အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..
ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်…

" ဖုန်းတစ်လုံးရဲ့ တုန်ခါမှုနှင့် ပုရွက်ဆိတ်တစ်အုံတို့ရဲ့ ထူးခြားသော ရင်ဆိုင်မှု " (ကိုပေါက်)

iphone ring
ဖုန်းတုန် ခေါ်ဆို လိုက်တဲ့အခါ တုန်ခါသွားပြီး ယင်း တုန်ခါမှုကြောင့် ဘေးပတ်ပတ်လည်မှာ ရှိတဲ့ ပုရွတ်ဆိတ်များဟာ စက်ဝိုင်း ပုံစံ လည်ပတ်ကြ ပါတယ်။ ယင်း ပုံစံ တည်ဆောက်ဖွဲ့မှုကို Ants Mill သို့မဟုတ် death spirals လို့ခေါ်ပါတယ်။ သူတို့ဟာ မသေမချင်း ယင်းကဲ့သို့ အဝိုင်းပုံစံ လည်ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြခြင်း ဖြစ်ပါတယ်။ ထူးဆန်းပါတယ်။
တောမှာ ပေါက်ဖွားတဲ့ ပုရွတ်ဆိတ်အများစုမှာသာ မြင်တွေ့ရတဲ့ အလေ့အထ တစ်ခုက မဆုံးနိုင်သော စက်ဝိုင်ပုံစံ လည်ပတ်သွားလာခြင်း ဖြစ်ပါတယ်။ ယင်းဟာ ၎င်းတို့ရဲ့ ခေါင်းဆောင်က ခွဲထွက်တဲ့အခါ သို့မဟုတ် သူတို့ရဲ့ အသိုက်အဝန်းဆီကို အခြား ရန်သူ ပုရွတ်ဆိတ်တွေ ရောက်လာတဲ့အခါကျရင် သုံးပါတယ်။ တိုက်ခိုက်ခြင်း နည်းဗျူဟာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယင်း တိုက်ခိုက်မှုက သူတို့ကို သေစေ ပါတယ်။ ပင်ပန်းပြီး ဘာမှ မလုပ်နိုင်တော့တဲ့အထိ အဝိုင်းပုံစံ လှုပ်ရှားသွားလာပြီး နောက်ဆုံးတော့ တစ်ကောင်ပေါ် တစ်ကောင်ပိ၊ အားလုံး ပင်ပန်းပြီးတော့ သေဆုံးသွားကြ ပါတယ်။
ယခု ဖုန်းကို ပုရွတ်ဆိတ် အနေများတဲ့ နေရာမှာ သွားချထားပြီး ဖုန်ခေါ်တဲ့အခါ ပုရွတ်ဆိတ်များဟာ အလိုအလျောက် အဝိုင်းပုံစံ ပြုလုပ်ပါတယ်။ ယင်း ပြုလုပ်မှုဟာ တိုက်ခိုက်မှုလည်း ဖြစ်သလို၊ ခေါင်းဆောင်တစ်ကောင်ရဲ့ စေခိုင်းမှုကြောင့်လည်း သက်ဆိုင် ပါတယ်။ ယင်း အချိန်မှာ သူတို့ရဲ့ လုပ်ဆောင်ချက်ဟာ ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။
ဒီတော့ တွေ့ရှိချက်က ဖုန်းကနေထွက်တဲ့ အလက်ထရိုမဂ္ဂနတစ်လှိုင်း (လျှပ်စစ်သံလိုက်စက်ကွင်းလှိုင်း) ဟာ ပုရွတ်ဆိတ်တွေကို

September 21, 2015

" ၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု တစ်ခု အကြောင်း( ဖြစ်ရပ်မှန်) "


ယုံကြည်ရန် ခက်ခဲ လာသော ခေတ်ပေါ် နည်းပညာများ

အမေရိကန်ပြည်ထောင်စု တပ်မတော်တွင် အသုံးပြုရန်ရည် ရွယ်၍ ထုတ်လုပ်နေသော ကိုယ်ပျောက် ၀တ်စုံသည် အောင်မြင်လု နီးပါးရှိနေပြီ ဟု သိရသည်။ တစ်စ တစ်စ တိုးတက် လာသော သိပ္မံနည်း ပညာများ သည် ယုံကြည်ရန် ခက်ခဲလာသည်။


 ရေဒီယို၊ တီဗီ၊ ဂြိုလ်တု၊ မောင်းသူမဲ့လေယာဉ်၊ ကွန်ပြူတာ အစရှိသည့် ခေတ်ပေါ် ကိရိယာများသည် အံ့ဖွယ် များပင်ဖြစ်သည်။ ယင်း ကိရိယာများ မပေါ်ခင် ယင်း ကိရိယာများ၏ အလုပ်လုပ်ပုံ ကိုပြောပြလျှင် မည်သူမျှ ယုံမည်မဟုတ်ပေ။ 

ကမ္ဘာတစ်ခြမ်း တစ်နေရာမှ ဖြစ်ပျက်နေသည် တို့ကို ရုပ်ရော အသံရော တစ်ပြိုင်နက်ကြားနိုင်မြင်နိုင် ရခြင်းသည် ရှေးယခင် ခေတ်က ဆိုလျှင် သဘာဝလွန် စွမ်းအင် များကို ပိုင်ဆိုင်မှ သာလျှင် ဖြစ်နိုင်မည် ဟုယူ ဆကြလိမ့်မည်။ 

ယခု အမေရိကန်တို့ စမ်းသပ်နေသော ကိုယ်ပျောက်ကား များနှင့် ကိုယ်ပျောက် ၀တ်စုံ တို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။

လွန်ခဲ့သည် နှစ်ပေါင်း ၆၀ ခန့် ကပင် သင်္ဘောကြီး တစ်စီးလုံးကို ပျောက်အောင် ဖျောက်နိုင်ခဲ့သည် မှာလဲ အမှန်ပင်ဖြစ်သည်။


၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု ၏ အစ  Philadephia Experiment

ထူးဆန်းသော ပညာရှင်ကြီး တက်စလာ သည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှု တစ်ခုကိုပြုလုပ်ခဲ့သည်။ ထို စမ်းသပ်မှု ကို အစ က လျို့ဝှက်ပြုလုပ်ခဲ့သော်လဲ စမ်းသပ်မှု တွင် ကိုယ်တိုင် ပါဝင်ခဲ့သူများ မှ ပေါက်ကြားကာ ကမ္ဘာကျော် ခဲ့သော စမ်းသပ်မှု တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကား တစ်ကား ထွက်ရှိခဲ့သည်။

Experiment စပြီ

မူလ အစ ၁၉၃၆ ခုနှစ်ပိုင်း ကတည်းက ဤ စမ်းသပ်မှု ကို တိရိစ္ဆာန် များဖြင့်စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား

" အိမ်ထောင်ရေး (၃)မျိုး ဆိုတာ ဒီလိုရှိပါတယ် "

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။

ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။

တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။

ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့

"ဖခင်တွေအနေနဲ့ ကိုယ့်အိမ်သူသက်ထားတွေကို မပြောသင့်တဲ့ စကားများ"

မိခင်တွေ အထူးသဖြင့် ကလေးမီးဖွားထားတာ ၊ကလေးရထားတာ တစ်နှစ်မပြည့်သေးတဲ့ မိခင်မျိုးတွေဟာ စိတ်ခံစားချက်တွေ ထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အရင်တုန်းက နှစ်ယောက်တည်းရှိချိန် ပြောနေကျ စကားမျိုးတွေကိုတောင် သူတို့စိတ်ထဲ နာကျင်ခံစားနေတတ်ကြတာပါ။ ဒါပေမယ့် ဖခင်တွေအနေနဲ့လည်း ငါဟာ အပြင်မှာပိုက်ဆံရှာရတာပဲ၊ အလုပ်တွေ လုပ်နေရတာပဲ၊ သူကတော့ အိမ်မှာကလေးနဲ့ ဘာများပူပင်ရလို့လဲဆိုတဲ့ မှားယွင်းတဲ့ အတွေးမျိုးတွေနဲ့ သူတို့ကို ပြောဆိုဆက်ဆံတာမျိုး မဖြစ်သင့်ပါဘူး။ အိမ်သူသက်ထားတွေဟာ သူတို့အမျိုးသားတွေလို အပြင်ထွက် အလုပ်မလုပ်ရရင်တောင် အိမ်တွင်းမှုကို ဘယ်လိုနိုင်နင်းအောင် လုပ်ဆောင်ရမယ် ဆိုတာမျိုးတွေ၊ ကလေးတွေအတွက် ဆိုတဲ့ စိတ်၊ ဒါ့အပြင် ကိုယ့်အမျိုးသားလိုအင်ကို ဘယ်လိုဖြည့်စွမ်းရမယ် ဆိုတာတွေနဲ့ ပင်ပန်းနေရသူဆိုတာ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်။ သူတို့နေရာမှာ ငါသာဆိုရင် ဆိုပြီး ကိုယ်ချင်းစာစိတ်လေး ထားပေးမှ ရပါလိမ့်မယ်။ ဒီတော့ ခိုင်မြဲတဲ့ အိမ်ထောင်ရေး၊ သာယာပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်စေနိုင်ဖို့ ကိုယ့်အိမ်သူသက်ထားကို ဒီလိုစကားမျိုးတွေ မပြောမိပါစေနဲ့။

၁။ငါတစ်ယောက်တည်း သီးသန့်အချိန်လေး လိုချင်တယ်။
တစ်နေ့လုံးအလုပ်လုပ်ပြီး ပြန်လာလို့ ကိုယ့်အမျိုးသမီးက ကိုယ့်နားလိုက်ပြီး စကားပြောတာမျိုး၊ ထမင်းစားပြီးချိန်မှာ ကိုယ့်ဘေးနားကပ်ပြီး ရှိနေတာမျိုးဆိုရင် ကလေးမွေးထားတာ လေး ငါးလလောက်သာ ရှိသေးတဲ့ အမျိုးသမီးကို ခုလို

" ဆံပင်ပျော့ဆေး (conditioner) နဲ့ပတ်သက်လို့ သင်လုံးဝ မသိသေးတဲ့ အရာများ "

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး (conditioner) သုံးကိုသုံးပေးသင့်တယ်ဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူး။ အဲ့ဒီဆံပင်ပျော့ဆေးကနေ ကိုယ့်ဆံသားအတွက် ကောင်းကျိုးပြုတဲ့အရာတွေ အများကြီးပါ။ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့ ဆံပင်ပျော့ဆေးအကြောင်း နည်း နည်းပြောပြပေးချင်ပါတယ်။

၁။ပုံသွင်းဖို့ လွယ်ကူပါတယ်။

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးက ဆံပင်သားထဲ ရောက်သွားတာပဲဖြစ်ဖြစ်၊ ကုန်စင်အောင် မလျှော်နိုင်ခဲ့ရင်တောင် သင့်ဆံပင်သားကို ခပ်ထူထူနဲ့လှိုင်းတွန်းပုံစံမျိုးလိုချင်သူတွေအတွက်တော့ အိုကေ ပါပဲ။ အခြောက်ခံပြီး ဆံပင်အုံကို ပိုထူအောင် ခေါင်းဖြီးချလိုက်ရုံနဲ့ အထာကျတဲ့ ဆံပင်ပုံစံကို ရနိုင်ပါတယ်။

၂။ခေါင်းမလျှော်ခင် ဆံပင်ပျော့ဆေးကို အရင်သုံးပါ။

ဒီလိုပြောလိုက်လို့ ဟင်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆံသားကျွမ်းကျင် ပညာရှင်တွေ ကတော့ ခေါင်းလျှော်ပြီး ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေနဲ့စင်အောင် ပြန်လျှော်နိုင်ဖို့ ခက်ခဲတာကြောင့် ဆံပင်သား ပိုမိုလှပစေဖို့ ပိုမိုကျန်းမာစေဖို့ ဆံပင်ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ဖို့ လိုပါတယ်တဲ့။

၃။ဆံပင်ပျော့ဆေးအမျိုးစားကို မသုံးခင် ကိုယ့်ဆံပင်နဲ့ အဆင်ပြေမပြေ သေချာလေ့လာပါ။

တွေ့ရာ ဆံပင်ပျော့ဆေးကို ကောက်သုံးလိုက်မယ်ဆိုရင် သင့်ဆံပင်သားကျန်းမာရေး အတွက် ရှော့ခ် နည်းနည်းရှိပါတယ်။

" ဆရာဝန်တွေ ဖန်တီးထားသော လူလုပ်မိန်းကလေး "



လောကကြီးကတော့ အတော့်ကို ဆန်းကြယ်လှပါတယ်။ခေတ်သစ် ဆေးပညာတိုးတက်လာမှု့နဲ့အတူ လိင် ပြောင်းလဲမှု့ဆိုင်ရာ ဆေးပညာရပ်တွေလည်း တိုးတက်လာခဲ့တယ်။ ဟိုရက်ကတောင် နေပြည်တော် မှာဒွိလိင်ခလေးငယ်တစ်ယောက်မွေးဖွာတယ်လို့ ဖတ်လိုက်ရသေးတယ်။ ဒီနေ့ အင်တာနက်မှာဖတ်လိုက် ရတဲ့ သတင်းလေးကတော့် အတော်လေးထူးဆန်းတယ်။ဒါကတော့ ရခဲလှတဲ့လူ့ဘ၀မှာ ဒွိလိင်အဖြစ် နဲ့ မွေးဖွားလာတဲ့ တရုတ်နိုင်ငံက ၀ီလိုဆိုတဲ့လူတစ်ယောက်အကြောင်းပါ။ သူဟာ မွေးဖွားလာတော့ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။ လူအသိုင်းအ၀ိုင်းမှာယောကျာ်းလေး၊ မိန်းခလေးဆိုတဲ့ သတ်မှတ် ချက်တွေကြားထဲမှာ သူဟာ ပျောက်ဆုံးခဲ့ရတယ်။ သူ့ကိုယ်သူ ကျားလား၊ မလားခွဲလို့မရတဲ့ ဘ၀မှာ သူဟာရုန်းကန်ခဲ့ရတယ်။

ဒီလိုနဲ့ သူဟာ နောက်ဆုံးမှာ ယောက်ျားလေးဘ၀ကိုခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ ခွဲစိတ်ဖို့ပါ။ သူ့တစ်သက်တာမှာ ကျား၊ မမခွဲခြားနိုင်တဲ့ လူအဖြစ်နာကျင်ခံစားတွေရတဲ့ နေ့ရက်တွေကို ခွဲစိတ်ခန်း ထဲမှာ နာရီပေါင်းအနည်းငယ်အတွင်း နာကျင်ခံစားရမယ့်ဝေဒနာနဲ့ လဲလှယ်ခဲ့တာပါ။ သူ ၁၀နှစ်အသက် အရွယ်မှာယောက်ျားလေးအဖြစ် ရွေးချယ်ပြီးတော့ ခွဲစိတ်ခံခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူဟာ ယောက်ျားလေးတစ်ယောက်အဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။ ၆ နှစ်ကြာ လက်တွဲခဲ့တဲ့ သူ့ချစ်သူနဲ့လဲ ဘယ်လိုမှယောက်ျားလေးတစ်ယောက်လို ပြုမူနေထိုင်လို့ မရပါဘူး။ နောက်ဆုံးမှာတော့ သူဟာမိန်း

" အသက်ရှည်ကာ ရောဂါတွေကို တိုက်ဖျက်တဲ့ ဂျုံမြက်နု ခေါ် ဂျုံပင် အရွက်နုစိမ်း၏ အကြောင်းအစုံအလင် "

 
 လင်ဗန်းထဲတွင် ဂျုံစေ့လေးတွေကိုပျိုးပြီး သူ့အရွက်ကို ကြိတ်လိုက်ရင် ဂျုံမြက်နု ဖျော်ရည်ရပါပြီ။
စွုထဲထည့်ထောင်းပြီး အရည်ညှစ်လဲရပါတယ်။ ဂျုံစေ့တွေကို လင်ဗန်း (သို့) ထည့်စရာတစ်ခုခုထဲမှာ ဖွဲပြာ (သို့) အုန်ဆံဖတ် အမှုန့်တွေကို ရေဖျန်းပြီး ပျိုးထားပါ။ အပင်ပေါက်လေးတွေ တစ်ထွာအရွယ်လောက်ရောက်ရင် ကတ်ကြေးနှင့်ညှပ်ပြီး ကြိတ်လိုက ကြိတ်ပါ ထောင်းလိုက ထောင်းပါ။ အခါးပန်းကန်လုံး (လက်ဘက်ရည် အကြမ်း ပန်းကန်လုံး) တခွက်လောက်ရလျှင် ရေသန့်ဗူးတစ်ဗူးနှင့် ရောပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ လိုအပ်သလို သောက်သုံးသွားပါ
 ရယ်ဒီမိတ် ဂျုံမြက်နု အခြောက်မှုန့်တွေကိုလည်း ဝယ်ယူသုံးစွဲလို့ရပါတယ်။ (ရောရောသမမွှေ)

 
ပန်းအိုးထဲ၌ ပျိုးထားပုံ 

                                                ဂျုံမြက်နု ပေါင်ဒါ
ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့ဂျုံမြက်နုဆေးပင်ဆိုပြီးသတင်းစာမျက်နှာ တွေပေါ်မှခုတ လော တော်တော်လေး
တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို ပြည်တွင်းမှာ ပထမဦးဆုံး စတင်ဖြန့်ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့ FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာ သေးမီက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ

September 20, 2015

" ဒီတနင်္ဂနွေမှာ.. ကြက်ခြေထောက် အရေခွံသုပ် ..လုပ်စားကြရအောင်လား "

 
(ကျွန်မရဲ့ တတိယစာအုပ်(အပန်းရောင်) မှာ ပါပြီးသားလေးပါ။)
ကြက်ခြေထောက် အရေခွံခွါပြီးသား ဝယ်မရတာနဲ့ မစားရဘူး မဖြစ်ရအောင် ကိုယ်တိုင်ခွါပြီး သုပ်ကြရအောင်…..

**... ကြက်ခြေထောက် အရေခွံခွါရန် အတွက် လိုအပ်တာလေးတွေ…

1. ခြေသည်းများဖြတ်ကာ အကြေးခွံခွါထားသော ပြည့်ပြည့်ဖြိုးဖြိုး ကြက်ခြေထောက် – ၁၅ ချောင်း
2. ရှာလကာရည်(vinegar) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ပွက်ပွက်ဆူနေသော ရေ – ကြက်ခြေထောက် မြှုပ်မည့် ပမာဏ
4. ခဲလုနီးပါးအေးနေသော ရေ – ကြက်ခြေထောက် မြှုပ်မည့် ပမာဏ
5. ရေခဲတုံး – 2 cups (500 ml)ခန့်


ကြက်ခြေထောက် မြှုပ်လောက်အောင် ထည့်ထားသည့် ရေ ပွက်ပွက်ဆူလာလျှင် ရှာလကာရည် နှင့် ကြက်ခြေထောက်များကို ထည့်ပါ။
အိုးအဖုံး အနည်းငယ်ဟပြီးဖုံးကာ medium heat ဖြင့် ၁၅ မိနစ် နှင့် မိနစ် ၂၀ ကြား ပြုတ်ပေးပါ။ (နူးအိသွားအောင် မပြုတ်ရပါ။)
ပြီးလျှင် ရေပူများသွန်ပစ်ပြီး ရေခဲစိမ်ထားသည့် ရေခဲရေထဲ ချက်ချင်း ထည့်ပေးပါ။ (အရမ်းပူနေရာမှ အရမ်းအေးသွားသောကြောင့် ကျုံ့ပြီးမာသွား သဖြင့် ခွါရလွယ်ကူသွားစေပါတယ်။)
ဓါးဦးချွန်ကို သုံးပြီး ခြေခလယ်အောက်၊ ခြေဖဝါးနေရာမှစ၍ အရိုးကိုထိပြီး လှီးချပေးပါ။
ပြီးလျှင် ဘေးတစ်ဖက်စီကိုခွါချပေးပြီး ပေါ်လာသည့် အလယ်ရိုးအကြီးကို ချိုးလိုက်ပါ။

" ဟာသမဟုတ်တဲ့ ဟာသ တစ်​ပုဒ်​ ..တကယ်တန်ဖိုးရှိပါတယ်ဗျာ "

ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။ တစ်ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့ဟိုက် မလွယ်ပါ့လားပေါ့။"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူးသူက ဆက်ပြောတယ်။"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ

" Facebook သုံးတဲ့ သူငယ်ချင်းများ အထူးသတိပြုပါ "


Facebook သုံးနေရင်း အောက်ကPhoto လို Please log in again. ဆိုတဲ့ စာတန်းလေး ပေါ်လာရင်
OK ဆိုတဲ့ စာလုံးလေးကို မနှိပ်ပါနဲ့  Photo Lock ကျသွားပါတယ်။ အဲ့ဒီလိုဖြစ်နေရင်......


Home ကို နှိပ် ပြီးထွက်ပါ ပြီးရင် Facebook app ကို Uninstall လုပ်ပါ ပြီရင် facebook app ကို Install ပြန်လုပ်ပါ စိတ်အေးချမ်းသာစွာ အသုံးပြုလို့ ရပါပြီ။ မသိသေးသည့် သူငယ်ချင်းများကို သိအောင်ပြန် ရှယ်ပေးပါကျွန်တော် အတွက် Like လုပ်ရန်မလိုပါ ကိုယ်တွေ့ကြုံလို မျှဝေတာပါ။
 

" အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်း?

“အိမ်ထောင်မူ့ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ကျောင်းထိုင်ပင်
့ မြတ်သံဃာ၊ စာချုပ်ရန် ခက်သည့်အမျိုး။”အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်း? ဒီမေးခွန်းရဲ့ အဖြေကိုတော့ လူတိုင်းသိချင်ကြမှာပါ။
(အထူးအားဖြင့် အိမ်ထောင်ရှင်မျ
ား) တကယ်တမ်းတော့ တစ်ယောက်နဲ့ တစ်ယောက်ချစ်လို့ အိမ်ထောင်ကျခဲ့ပြီးပြီးပဲ၊ ဘာလို့များအိမ်ထောင်တစ်ခုကိုလွယ်လွယ်လေးနဲ့ ဖျက်စီးတတ်ကြသလဲတော့မပြောတတ်ပါဘူး။သူ့အကြောင်းနဲ့သူတော့ရှိကြမှာပါပဲ။
ဒီနေရာလေးမှာ တစ်ယောက်နဲ့တစ်ေ
ယာက်ချစ်တယ်ဆိုရာဝယ် ရှေးဘ၀ကအတူတကွနေထိုင်ပေါင်းသင်း သီတင်းသီလတူမျှစွာ ပြုခဲ့ဖူးခြင်း၊ မျက်နှာမြင်ချစ်ခင်ပါစေဟု သူ၏ကောင်းမူတစ်ခုခု၌ ဆုတောင်းပြုခဲ့ခြင်း၊ယခုမျက်မှောက်ဘ၀၌ သူ၏အကျိုးစီးပွား လိုလားဆောင်ရွက်ပေးမူပြုခြင်းဟူသောအကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံ၍ ချစ်ခဲ့ရတာပါ။
ချစ်ခြင်းရဲ့လမ်
းမပေါ်ရောက်ဖို့ ဒီလမ်းကြောင်းသုံးသွယ်က ထွန်းပြပေးခဲ့တာပေါ့။ ဒီအဆင့်ကိုကျော်ဖြတ်ပြီးမှ အိမ်ထောင်သည်ဘ၀သို့ရောက်ရတာပါ။
တစ်ချို့တွေလည်း
အိမ်ထောင်သည်ဘ၀မရောက်ခင် ချစ်သူ့ဘ၀နဲ့ပဲ လမ်းခွဲသွားရတယ်၊ တစ်ချို့ကြတော့လည်း ချစ်သူသမီးရည်းစားဖြစ်ကတည်းကအိမ်ထောင်ဘက်အဖြစ်ထိရွေးချယ်သွားကြတာတွေလည်းရှိပါတယ်။
စာဖတ်သူကတော့ ထင်ကောင်းထင်ပါလ
ိမ့်မယ်၊
စာရေးသူကအချစ်ြေ
ကာင်းတွေသိနေပါလာပေါ့၊ စာရေးသူလည်းအချစ်ရှိပါတယ်၊ ချစ်တာခြင်းတော့တူချင်မှတူမှာပါ။ အချစ်ကလည်းသုံးမျိုးတောင်
ရှိတာ၊ ၁။ ချစ်သူအချစ်(တဏှ
ာပေမ) မိသားစုအချစ်(ဂေဟသိတပေမ)ပါရမီအချစ်(မေတ္တာပေမ)ဆိုပြီး သုံးမျိုးရှိပါတယ်။ လူသားတိုင်းအချစ
နဲ့မကင်းကြပါဘူး
၊ ဒါပေမယ့်ချစ်ပုံချစ်နည်းလေးတွေတော့ကွာသွားတတ်ကြပါတယ်။
ချစ်သူအချစ်ဆိုတ
ာက ချစ်သူအချင်းချင်းချစ်တာ၊ ဇနီးမောင်နှံအချင်းချင်းချစ်တာ အဲဒီလိုအချစ်မျိုးကိုချစ်သူအချစ်လို့ခေါ်တာပါ။ မိသားစု
အချစ်ဆိုတာက ကိုယ့်ရဲ့မိသားစ
ုအချင်းအချင်း၊ ဆွေမျိုးသားခြင်းချစ်တာကို မိသားစုအချစ်လို့ခေါ်ပါတယ်။
ပါရမီအချစ်ဆိုတာ
က ကိုယ်ကနေသူ့ကို ကုသိုလ်ရအောင်လုပ်ပေးတာမျိုး၊သူကလည်း ကိုယ့်ကို ကုသိုလ်ရအောင်လုပ်ပေးတာမျိုးကိုပါရမီအချစ်လို့ခေါ်
ပါတယ်။ ပြောချင်တာကတော့
ကိုယ်ကုသိုလ်ဖြစ်အောင်သူကဖန်တီးပေးတယ်၊
ကိုယ်ကလည်းတစ်ဖန
်းသူကုသိုလ်ဖြစ်အောင်ဖန်တီးပေးတယ်၊ တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ကျေးဇူးပြုနေတဲ့အချစ်မျိုးကိုပါရမီ
အချစ်လို့ခေါ်ပါတ
ယ်။ စာရေးသူမှာဘာအချစ်ရှိသလဲလို့ ကိုကိုယ့်ကို မေးကြည့်လိုက်ပါတယ်။
အချစ်အကြောင်းအစ
ပျိုးနေတာနဲ့ ပြောချင်တဲ့ဆီမရောက်ဘဲနေလိမ့်မယ်။ အချစ်ကိုအထင်မသေးပါနဲ့၊ အချစ်က နိဗ္ဗာန်အထိအကျိုးပေးနိုင်ပါတယ်၊
ပဋ္ဌာန်းပစ္စည်းနဲ့
တွက်ကြည့်မယ်ဆိုရင် အချစ်ကိုအကြောင်းပြု၍ ဒါနတွေပြုမယ်၊ သီလတွေဆောက်တည်မယ်ဆိုရင်နိဗ္ဗာန်အထိရောက်နိုင်
ပါတယ်။

မိမိက အိမ်ထောင်သည်ဘ၀ေ
ရာက်နေသူဖြစ်လျှင် နကုလပိတာနကုလမာတာတို့၏နည်းကို အမြဲတမ်းရင်ထဲမှာထည့်ထားဖို့လို
Subscribe

လာလည်သူများ

free counters