♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 22, 2015

" အဆိပ်ပြင်း မြွေဟောက်ကို (၁၀) စက္ကန့်အနမ်းပေးတဲ့ အံ့ဖွယ်လူသား "

အလွန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်း ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ဦးဟာ အလွန်အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင်ရဲ့ ဦးခေါင်းကို (၁၀) စက္ကန့်ကျော် ကြာအောင် နမ်းပြခဲ့တာကြောင့် ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ တွားသွားသတ္တ၀ါတွေကို ကာကွယ် စောင့်ရှောက် ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုမှ လုပ်အားပေး တစ်ဦးဖြစ်တဲ့ ပူတူအက်ဒီက ထူးဆန်းတဲ့ ပြကွက်ကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ပူတူအက်ဒီဟာ ၀ါးတုတ် တစ်ချောင်းနဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် လုပ်ပြီး မြွေဟောက် ဦးခေါင်းကို (၁၀) စက္ကန့်ကြာအောင် နမ်းပြခဲ့တာ ဖြစ်ပါတယ်။ ဒါကို သြစတြေးလျနိုင်ငံသား ဂိုးလ်စမစ်က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂိုးလ်စမစ်က ဗစ်တိုးရီးယားမှာ မြွေတွေနဲ့ ပတ်သက်ပြီး ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေသူဖြစ်ပြီး၊ ဒီပြကွက်ကို ချီးကျူးခဲ့ပေမယ့် သိပ်ထူးခြားမူ မရှိကြောင်း ဟြေကြားခဲ့ပါတယ်။

ဂိုးလ်စမစ်ဟာ ငယ်စဉ်ကတည်းက မြွေတွေနဲ့ ရင်းနှီးစွာနေခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း (၄၀) အတွင်း မြွေတွေကို လိုက်လံကယ်တင်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ဂိုးလ်စမစ်ဟာ ငယ်စဉ်က မြွေတွေကို လိုက်လံဖမ်းဆီးရင်း အိမ်ကို ယူဆောင်လာလေ့ ရှိပါတယ်။ မြွေတွေကို တွေ့တဲ့အခါ ရှောင်ထွက်သွားခြင်းဟာ အကောင်းဆုံးဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့

ကြိုးစားခြင်းသည် အန္တရာယ် များကြောင်း၊ မြွေတွေဟာ သူတို့ကို ရန်ပြုလာသူတွေရဲ့ ဆန့်ကျင်ဘက်မှာ နေထိုင်ရခြင်းကို နှစ်သက်ကြောင်း ဟြေကြားခဲ့ပါတယ်။ ဂိုးလ်စမစ်က မိမိအနေဖြင့် နှစ်ပေါင်း (၄၀) အတွင်း အဆိပ်ပြင်း မြွေတွေနဲ့ ရင်းနှီးစွာနေခဲ့ပေမယ့် ဒဏ်ရာကြီးမားစွာ ရရှိခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

The Messenger
 

No comments:

Subscribe

လာလည်သူများ

free counters