♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 25, 2015

" မိန်းမဖြစ်သူနဲ့ ဘောလုံးပွဲ ကြည့်သောအခါ " ဟဟ... (ဟာသ)

  
 ကြည့်စမ်းပါဦးဟယ်...မျက်နှာကြီးကို လုပ်ထားပုံကများ... မသိလို့မေးမိတာကို
 တက်သေတော့မလိုပဲ.....ဂယ်ဘဲ ဝူး..
မိန်းမ ။ ။ ဘယ်အသင်းတွေ ကစားနေတာလဲ။
ယောက်ျား ။ ။ အာစင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်။

မိန်းမ ။ ။ မိုက်တယ်၊ အာစင်နယ်ကို ကြိုက်တယ်။
ယောက်ျား ။ ။ အာစင်နယ်က အသင်းကောင်းပဲလေ ချစ်ရဲ့။

မိန်းမ ။ ။ ဒရော့ဘာ ပါလား။
ယောက်ျား ။ ။ သူက ဒီနှစ်သင်းမှာ မကစားဖူးဘူးလေ။

မိန်းမ ။ ။ ဟုတ်လား။ ဟိုမှာ ခရစ်စ် ဘရောင်းလား။
ယောက်ျား ။ ။ မဟုတ်ဘူး ချစ်။ အဲဒါ ချိန်ဘလိန်။

မိန်းမ ။ ။ ဟုတ်ပါပြီ။ ဒါပေမယ့် တူတယ်လေကွာ။ ဒါနဲ့ အဲဒီ အ၀ါကတ်ပြတော့ ဘာဖြစ်လဲ။
ယောက်ျား ။ ။ သတိပေးတာပေါ့။
 
ခဏအကြာ ရွန်နေးက ဂိုးသွင်းသွားသည်။

မိန်းမ ။ ။ ဂိုးးး ။ အဲဒါ ချိန်ဘလိန် သွင်းသွားတာလား။
ယောက်ျား ။ ။ မဟုတ်ဘူး။ ရွန်နေးက မန်ချက်စတာ ယူနိုက်တက်အတွက် သွင်းသွားတာ။

မိန်းမ ။ ။ ဟာ…ဘယ်လိုဖြစ်လို့လဲ။ တကယ်က အာစင်နယ် သွင်းရမှာ။

ယောက်ျား ။ ။ ဘာမှ ပြန်မပြော။

မိန်းမ ။ ။ အနီကတ်ပြတော့ ဘာဖြစ်လဲ။
ယောက်ျား ။ ။ ကွင်းထဲမှာ ဆက်ကစားလို့ မရတော့ဘူး။

မိန်းမ ။ ။ ဆက်မကစားတော့ သူက နည်းပြသွားလုပ်မလို့လား။
ယောက်ျား ။ ။ အမ် … မဟုတ်ဘူး။

မိန်းမ ။ ။ တကယ်တော့ မီးပွိုင့်နဲ့ အတူတူပဲ။ အ၀ါက သတိပေးတယ်။ အနီက အန္တရာယ် ရှိတယ်။
ယောက်ျား ။ ။ မှန်တာပေါ့ ချစ်ရယ်။

မိန်းမ ။ ။ အစိမ်းကတ်က ကျတော့ ဘာအဓိပ္ပါယ်လဲ။
ယောက်ျား ။ ။ အစိမ်းကတ်တော့ မရှိဘူး ချစ်။

မိန်းမ ။ ။ သြော်။ အဲလိုလား။ အာစင်နယ်ကို ကမ္ဘာ့ဖလား ရစေချင်တယ်။
ယောက်ျား ။ ။ အမ်…

မိန်းမ ။ ။ မတ်တပ်ရပ်နေတဲ့လူက မစ္စတာ ဘင်းန် နဲ့ တူတယ်နော်။ သူက ဘယ်သူလဲ ကို။
ယောက်ျား ။ ။ သူက အာစင်နယ်နည်းပြ အာစင်ဝင်းဂါး။

မိန်းမ ။ ။ အဲဒါဆို မန်ချက်စတာ ယူနိုက်တက်နည်းပြက မန်ချက်စ်ဝင်းဂါး လား။
ထိုအခါ ယောက်ျားက ဘာမှမပြောတော့ပဲ တီဗီလိုင်း ပြောင်းလိုက်သည်။




Credit: Troll Football
Credit : http://www.searchmyanmar.com/link/frame/cid/54138/domain/myanmarlatestnews.com

No comments:

Subscribe

လာလည်သူများ

free counters