♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 24, 2015

" မျက်တွင်းညိုတာကို ဘယ်လိုကာကွယ်မလဲ"

 

မိန်းကလေးတွေအတွက် စိတ်ညစ်စရာတစ်ခုကတော့ မျက်တွင်းညိုတာပါပဲ။မျက်တွင်းညိုတော့ ပင်ပန်းလို့ပဲလား။ အိပ်မပျော်တဲ့
ညတွေပဲ များလို့လား။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။

၁. မျက်တွင်းကို နှိပ်ပေးပါ။
မျက်တွင်းကို နှိပ်ပေးခြင်းဖြင့် မျက်တွင်းအရေပြားမှာရှိတဲ့ သွေးကြောလေးတွေရဲ့ သွေးလက်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး မျက်တွင်းညိုတာကို သက်သာစေမှာပါ။ ညမအိပ်ခင်မှာ နှိပ်ပေးရင်လည်း ကောင်းပါတယ်။ ဒါပင်မဲ့ အားထည့်ပြီး နှိပ်တာကိုတော့ ရှောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်တွင်း ပတ်ဝန်းကျင်က အရေးပြားက ပါးလွှာ
တာကြောင့်ပါ။

၂. မျက်နှာသုပ်ပဝါ ပူပူလေးနဲ့ အုပ်ပေးပါ။
ပေါင်းထားတဲ့ မျက်နှာသုပ်ပဝါ ပူပူလေးနဲ့ အုပ်ပေးရင်လည်း နှိပ်ပေးတာနဲ့တူတူပါပဲ။ အိပ်ခါနီးမှာ လုပ်ရင်တော့ ပိုပြီး အကျိုးသက်ရောက်မှုရှိမှာပါ။

၃. Cream လိမ်းဖို့သင့်ပါတယ်။
မျက်နှာ Cream ကိုလိမ်းဖို့လည်း လိုအပ်ပါတယ်။ အရမ်းပင်ပန်းနေချိန်မှာ နှိပ်ပေးတာထက် Creamကို သေသေချာချာ

လိမ်းသင့်ပါတယ်။
ပင်ပန်းနေပြီဆိုရင်တော့ မျက်တွင်းညိုလာမှာ မိန်းကလေးတွေအတွက် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်သင့်ပါတယ်။



Hydrolyze® Under Eye Treatment  ကရင်မ်လေးက အရမ်းကောင်းပါတယ်။ မျက်ကွင်းညိုတာတွေကို ပျောက်
ကင်းစေပါတယ်။
သူ့လင်က https://hydroxatone.com/shipinfo/Hydrolyze_Advanced_Under_Eye_Formula

၎. ကျန်းမာရေး စစ်ဆေးကြည့်ဖို့သင့်ပါတယ်။
ဓမ္မတာ အရမ်းဆင်းတာ၊ အဖြူဆင်းတာ၊ သွေးထဲမှာ သံဓါတ်နဲတာ၊ အားအင်တွေ ယုတ်လျော့တာတွေ လိင်ဆက်ဆံတာတွေ
အတိုင်းထက်အလွန် များပြားတာတွေဟာလည်း မျက်ကွင်းညိုစေတတ်ပါတယ်။ သင့်တော်သော ကုသမှု၊သင့်တော်သော ဆေး
ဝါးတွေ၊ သင့်တော်သော အားဆေးများ အဟာရများကိုလည်း အလျင်းသင့်သလို မှီဝဲသွားသင့်ပါတယ်။ 

#ChelmoTeam
Credit. woman.navi

Credit : http://chelmo.tips/all-life/fashion/491-201509050001.html

No comments:

Subscribe

လာလည်သူများ

free counters