♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 22, 2015

" အမျိုးသမီးတစ်ဦး လင်ငယ်နဲ့ ဖောက်ပြန်နေစဉ် ခင်ပွန်းဖြစ်သူ ရောက်လာလို့ လင်ငယ် အဲယားကွန်းစင်ပေါ်ရောက်"

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ လင်ငယ်နဲ့ ဖောက်ပြန်နေတုန်း ခင်ပွန်းဖြစ်သူ ရောက်လာလို့ အရှက်တကွဲ ဖြစ်သွားရကြောင်း သိရပါတယ်။ ဒီဖောက်ပြန်မှုကို အိမ်နီးနားချင်းတွေကပါ သိသွားခဲ့တာကြောင့် ပိုပြီးအရှက်ရစရာ ဖြစ်ခဲ့ပါတယ်။ ဖူဂျီအန်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ နေထိုင်ရာ တိုက်ခန်းမှာ ခင်ပွန်းမရှိစဉ် ချစ်သူဟောင်းနဲ့ အကြည်ဆိုက် နေခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူဟာ ရုတ်တရက် အိမ်ကိုပြန်ရောက်ခဲ့တာကြောင့် အမျိုးသမီးအနေနဲ့ အကျပ်ရိုက်ခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးဟာ ချစ်သူဟောင်းကို နောက်ဖေးပြတင်းပေါက်ကနေ ထွက်စေခဲ့ပါတယ်။ ဒီအမျိုးသမီးဟာ ခုနစ်ထပ်မှာ နေထိုင်တာဖြစ်ပြီး ချစ်သူဟောင်းက ထွက်ပြေးသွားခဲ့လို့ ဖောက်ပြန်မှုကို ခင်ပွန်းဖြစ်သူက မသိလိုက်ပါဘူး။ နောက်တစ်နေ့ကို ရောက်တဲ့အခါ ခင်ပွန်းဖြစ်သူက အလုပ်ကိုသွားခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးဟာ ချစ်သူဟောင်းကို စိုးရိမ်စိတ်နဲ့ ပြန်ရှာရာ နောက်ဖေးက အဲယားကွန်းထားတဲ့ နေရာလေးမှာ ပုန်းခိုနေတာ တွေ့ရပါတယ်။ ဘယ်လိုလုပ်ပြီး ရောက်ရှိသွားသလဲဆိုတာ ကာယကံရှင် ကိုယ်တိုင် မသိခဲ့ပါဘူး။ ကြောက်လန့်စိတ်နဲ့ ခုန်ပျံကျော်လွှားပြီး ပုန်းခိုခဲ့ပေမယ့် နောက်တစ်နေ့မှာတော့ ပြန်လည်တက်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် အမျိုးသမီးဟ မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ခင်ပွန်းဖြစ်သူက မျက်ဝါးထင်ထင် မတွေ့ရပေမယ့် ပတ်ဝန်းကျင်က လူတွေ၊ အိမ်နီးနားချင်းတွေကြောင့် အမျိုးသမီးရဲ့ ဖောက်ပြန်မှုကို အကုန်လုံး သိသွားခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေမှာ တိုက်ခန်းနောက် အဲယားကွန်းနေရာမှာ ပုန်းနေတဲ့ အမျိုးသားဖြစ်သူကို ကြိုးတွေနဲ့ ချည်နှောင်ပြီး ကယ်တင်ခဲ့ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာ မေးမြန်းခဲ့ရာ

အမျိုးသား ဖြစ်သူက မဖြေချင်ပေမယ့် အမျိုးသမီးဖြစ်သူက အကြောင်းစုံ ရှင်းပြခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တွေက ဟြေကြားခဲ့ပါတယ်။ အမျိုးသားဖြစ်သူဟာ ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ အရက်သောက်ထားတာကြောင့် လုပ်နိုင်ခဲ့တာဖြစ်ပြီး အရက်မူးပြေသွားချိန်မှာ ပြန်မဆင်း နိုင်တော့ပါဘူး။ အမျိုးသမီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူ အလုပ်ကိစ္စနဲ့ ရက်ရှည် ခရီးသွားမယ့် အထင်နဲ့ ချစ်သူဟောင်းကို ခေါ်ပြီး ချစ်ကြည်နူးဖို့ ပြုလုပ်ဖို့ ကြိုးစားရာမှာ ခင်ပွန်းဖြစ်သူက ပြန်ရောက်လာပြီး ဒုက္ခတွေ ဆက်တိုက် ကြုံခဲ့တာကြောင့် စိတ်ပျက်သွားကြောင်း သိရပါတယ်။


The Messenger

No comments:

Subscribe

လာလည်သူများ

free counters