♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 23, 2015

" ခေတ်နဲ့အညီ သဘာဝ အလှပေါ်လွင်စေမယ့် နေ့စဉ် မိတ်ကပ်အပြင်အဆင် "

ဓာတ်ပုံများ - မဟေမာ
Model - Sally Dec
Makeup - Chue Dgray

ဖက်ရှင်နဲ့ အလှအပကို ဦးစားပေး ပြင်ဆင်လာကြတဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲက မိန်းကလေးတွေအတွက် အလှအပနဲ့ ပတ်သက်ပြီး နေ့စဉ် မိတ်ကပ်ပြင်ဆင်မှု (Daily Makeup) နဲ့ သဘာဝဆန်ဆန် မိတ်ကပ်ပြင်ဆင်မှု (Natural Look) လိမ်းခြယ်ပုံ အဆင့်ဆင့်တို့ကို အလှအပရေးရာဆိုင်ရာ ဗဟုသုတအနေနဲ့ မိန်းကလေးတိုင်းသိစေဖို့ Chue’s Makeup of the Day ရဲ့ Beauty Blogger “Chue Dgray” ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။



ပထမဦးဆုံး နေ့စဉ်ရုံးတက်၊ ကျောင်းသွားနေတဲ့ ကုမ္ပဏီဝန်ထမ်း၊ ကျောင်းသူမိန်းကလေးတွေအတွက် နေ့စဉ် မိတ်ကပ်လိမ်းခြယ်မှုပုံစံကို အရင်ပြောပြချင်ပါတယ်။ ဒီနှစ် ၂၀၁၅ ခုနှစ်မှာ Skincare နဲ့ Cosmetics တွေကို ဒီနေ့ခေတ် မိန်းကလေး တော်တော်များများ သုံးလာကြတာကို တွေ့ရပါတယ်။


အရင်တုန်းကဆိုရင် မိတ်ကပ်၊ Cosmetics ပစ္စည်းတွေနဲ့ Skincare တွေကို Make-up Artist တွေလောက်ပဲ သိကြပြီး အခု နောက်ပိုင်းမှာတော့ မိန်းကလေးတိုင်း လေ့လာကြ၊ သိလာကြပါတယ်။ မိန်းကလေးတိုင်းလိုလို သူတို့ကိုယ်တိုင် မိတ်ကပ်ကို လိမ်းခြယ်လာကြတာ တွေ့ရပါတယ်။


ထသွားထလာနဲ့ နေ့စဉ် ရုံးတက်ရုံးဆင်း Daily Makeup ဆိုရင် BB Cream ၊ ဒါမှမဟုတ် Foundation လိမ်းပေးရပါတယ်။ အဲဒါကို လိမ်းပြီးတဲ့အခါကျရင် မျက်လုံးနဲ့ မျက်ခုံးအလှအတွက် Liner နဲ့ Eye Shadow  လိမ်းခြယ် အသုံးပြုပေးရပါမယ်။ မိတ်ကပ်ပြင်ဆင်မှုက ပွဲသွားပွဲလာ မိတ်ကပ်လိုမျိုး Eye Primer, Face Primer တွေနဲ့ လိမ်းခြယ်ဖို့၊ စသဖြင့် ပြင်ဆင်ဖို့ မလိုပါဘူး၊ မိတ်ကပ်ကို ပါးပါးလေး လိမ်းပေးရုံပါပဲ။


မျက်လုံးအတွက် Eye Shadow ခြယ်ရမယ် ဆိုရင်လည်း ပွဲသွားပွဲလာမှသာ အထူကြီး ခြယ်ကြပေမယ့် နိစ္စဓူဝ မိတ်ကပ်ပြင်ဆင်မှုမှာတော့ အဲဒီလိုမျိုး Smoky Eye ပုံစံ Eye Shadow ခြယ်တာမျိုး ပြုလုပ်စရာမလိုပါဘူး။ Eye Liner လည်း ထိုနည်းလည်းကောင်းပါပဲ။ Eye Liner ပဲဖြစ်ဖြစ်၊ Eye Shadow ပဲဖြစ်ဖြစ် ခပ်ပါးပါးလေးပဲခြယ်ပေးဖို့ Beauty Blogger “ခြူး”ကအကြံပြု တိုက်တွန်းထားပါတယ်။


ပြီးရင် မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ Contour, Concealer စတာတွေကို နိစ္စဓူဝ မိတ်ကပ်ပြင်ဆင်မှုမှာ လိမ်းပေးဖို့ မလိုအပ်ပါဘူး။ ပါးဖောင်းနေတဲ့ မိန်းကလေး တချို့သာ Bronzer ကို Contour အနေနဲ့ Brush အသုံးပြုပြီး ပါးရိုးကို ခပ်ပါးပါး လိမ်းခြယ်ပေးနိုင်ပါတယ်။ ပွဲတွေမှာ ပြင်ဆင်သလိုမျိုး Contour ကို အသေးစိတ် အဆင့်ဆင့် လိမ်းစရာမလိုဘူးလို့ “ခြူး”က ဆိုပါတယ်။


မျက်ခုံးမွှေး ပြင်ဆင်မှုအပိုင်းကတော့ အခုနောက်ပိုင်း မျက်နှာအလှအပကို ဦးစားပေးလာတဲ့ ခေတ်မှာတော့ မျက်ခုံးမွှေးကို နှစ်ပတ်တခါ ရိတ်ပေးတာမျိုး မိန်းကလေးတွေ ပြုလုပ်ပေးသင့်ပါတယ်တဲ့။ မျက်ခုံးမွှေးရဲ့ ဆွဲထားပုံ လိုင်းကြောင်းက လှနေမယ်ဆိုရင် မျက်လုံးအလှကလည်း ပိုပေါ်လွင်ပြီး ပိုဆွဲဆောင်မှု ရှိစေပါတယ်လို့ သူက ပြောပြပါတယ်။


“မျက်ခုံးမွေး ခြယ်သတဲ့ နေရာမှာတော့ မျက်ခုံးမွှေးကထူထူခြယ်တာ ကောင်းတယ်ဆိုပေမယ့် အရမ်းကြီး ထူ လွန်း တာလည်း မကောင်းပါဘူး။ ပြီးတော့ နှာခေါင်းစင်းတဲ့နေရာမှာ ထူထူကြီး ခြယ်တာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး၊ အဲဒီလို ခြယ်တဲ့အခါ မျက်ခုံးကြီးက မျက်နှာပေါ်မှာ တင်ထားတဲ့ပုံစံမျိုး ဖြစ်နိုင်တာကြောင့် မျက်ခုံးမွှေး ကိုလည်း အလွန်အကျွံမခြယ်သင့်ဘူး” လို့ ခြူးက အကြံပေးပါတယ်။

Eye Liner ခြယ်မယ်ဆိုရင်တော့ မျက်ရစ်မရှိတဲ့သူတွေအနေနဲ့က Liner အကြီးကြီးတွေ ခြယ်တာမျိုး မပြုလုပ်သင့်ပါဘူး။ မျက်ရစ်မရှိဘူးဆိုရင်လည်း မျက်ရစ်ဖော်တဲ့ ကိရိယာနဲ့ မျက်ရစ် အရင်ဖော်ပြီးမှ Eye Liner ကို ခပ်ပါးပါးပဲ ခြယ် သင့်ပါတယ်တဲ့။ ဒါမှမဟုတ် Eye Shadow ကို ခဲရောင်၊ အညိုရောင် စသဖြင့် ကိုယ်ကြိုက်တဲ့အရောင်ကို သုံးပြီး Liner ခြယ်ပေးနိုင်ပါတယ်။


Eye Liner ခြယ်တဲ့အခါမှာ အထူကြီး မဆွဲဘဲ၊ Liner ရဲ့ အမြီးကိုလည်း အရှည်ကြီး ဆွဲတာမျိုးက ရုံးတက် မိတ်ကပ်အပြင်အဆင်နဲ့ မအပ်စပ်တဲ့အတွက် Liner ကို တကြောင်းပဲ ဆွဲပေးတာက ပိုပြီး သင့်တော်ပါတယ်တဲ့။ မျက်လုံး၊မျက်ခုံးနဲ့ မျက်နှာ မိတ်ကပ်ပြင်ဆင်မှု ပြီးသွားပြီဆိုတော့ နှုတ်ခမ်းနီဆိုးပုံကို ပြောပြပေးချင်ပါတယ်။

မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုရင် အခုနောက်ပိုင်း Lip Cream တွေ၊ နှုတ်ခမ်းနီတွေ စသဖြင့် Brand အမျိုးမျိုး၊ နှုတ်ခမ်းနီ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ နှုတ်ခမ်းနီဆိုးတဲ့အခါ ဘယ်နှုတ်ခမ်းနီပဲဆိုးဆိုး တနေကုန် နှုတ်ခမ်းနီ ဆိုးထားပြီး အိမ်ပြန်ရောက်တဲ့အခါ Lip Remover နဲ့ ဆိုးထားတဲ့နှုတ်ခမ်းနီးကို ပြန်ဖျက်ပေးဖို့ အရေး ကြီးပါတယ်တဲ့။ ဆိုးပြီးသား နှုတ်ခမ်းနီတွေကို Lip Remover မဖျက်ဘူးဆိုရင် နောက်ပိုင်းမှာ နှုတ်ခမ်းသား မဲတာတွေ ဖြစ်လာနိုင်ပါတယ်။


နိစ္စဓူဝ ရုံးတက်ရုံးဆင်းတဲ့မိန်းကလေးတွေနဲ့ အထူးသဖြင့် မိတ်ကပ်ပြင်ဆင်မှု ဦးစားပေးရတဲ့ Hotel Life မှာ အလုပ်လုပ်နေတဲ့မိန်းကလေးတွေ နေ့စဉ် မိတ်ကပ်ပြင်ဆင်မှု (Daily Makeup) ကို ပြင်မယ်ဆိုရင် နှုတ်ခမ်းနီကိုအသားအရောင်၊ ဒါမှမဟုတ် ပန်းဆီရောင်၊ ပန်းရောင်အဖျော့လေးတွေ ဆိုးပေးသင့်ပါတယ်။ Hot Look ဖြစ်စေတဲ့ အနီရောင် တောက်တောက်ကြီးတွေ မဆိုးပေးသင့်ပါဘူး။


ကဲ… ဒီလောက်ဆိုရင်တော့ အခုလို ရာသီ မိုးအေးအေးမှာ ရုံးတက်၊ ကျောင်းတက်နေရတဲ့ ခေတ်ရေစီးထဲက ခေတ်ပျိုမေ မိန်းကလေးတွေအတွက် အလှမပျက် ရုံးတက်၊ ကျောင်းတက်နိုင်အောင် သဘာဝဆန်တဲ့ “Natural Look”၊ နေ့စဉ် မိတ်ကပ် ပြင်ဆင်မှုပုံစံ “Daily Makeup” အကြောင်း အလှပရေးရာ ဗဟုသုတအတွက် လုံလောက်မယ် ထင်ပါတယ်။

ပုံမှာပြထားတဲ့မိတ်ကပ်ပြင်ဆင်မှု အဆင့်ဆင့်ကိုတော့ “Chue’s Make-up of the Day” Facebook Page ရဲ့Beauty Blogger “Chue Dgray” ဆီကနေ ရယူထားတာပါ။


သီဟတိုး
Credit : http://www.searchmyanmar.com/link/frame/cid/52104/domain/blog.irrawaddy.org

No comments:

Subscribe

လာလည်သူများ

free counters