♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 24, 2015

" ရင်ခုန်စေတဲ့ ယောက်ျားလေးဆိုတာ "




အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ခန့်တဲ့ယောင်္ကျားလေးဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။

☆ သန့်ရှင်းသပ်ရပ်သောသူ
ချောခန့်တာထက်ကို အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေတယ်။ အင်္ကျီကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး လက်ကိုင်ပဝါကိုလည်း ဆောင်ထားတယ်။ ဘယ်လောက်ပဲ ချောနေပါစေ၊ တကိုယ်ရည် သန့်ရှင်းမှုမရှိသူဆိုတာကတော့ ကြိုက်ဖို့နေနေသာသာ အနားတောင်မကပ်ချင်ပါ။

☆ ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံသောသူ
အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ ကြိုက်ကြိုက်။

☆ အမြဲတမ်း မိန်ကလေးကို ဦးစားပေးသူ
ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောင်္ကျားလေးတွေက ချစ်ဖို့ကောင်းပါတယ်။

☆ စားပုံသောက်ပုံက စည်းကမ်းရှိသူ
အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်
စားသောက်တတ်တယ်ဆိုတာလည်း ချစ်ဖို့ကောင်းပါတယ်။

☆ ကိုယ့်ရင်ထဲကစကားတွေကို အမြဲနားထောင်ပေးသူ
စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲဖြစ်ဖြစ် ပြောချင်တာတွေအားလုံးကို လက်ခံနားထောင်ပေးတတ်သူလည်း မီးမီးတို့ အကြိုက်ဖြစ်ပါလိမ့်မယ်။
ကဲ ဘယ်နှစ်ချစ်မှန်တဲ့ ယောက်ျားလေးက ကိုယ့်အနားမှာ ရှိသလဲဆိုတာကို ကြည့်လိုက်နော်။
#ChelmoTeam
Credit. news.livedoor
Credit Photo. tabi-labo
Credit : http://www.searchmyanmar.com/link/frame/cid/54133/domain/chelmo.tips

****
ချစ်ဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ  (မျှော်)

No comments:

Subscribe

လာလည်သူများ

free counters