♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 24, 2015

" တင်ပါးလေးလှအောင် လေ့ကျင့်နည်း ၄ ချက် "


အလုပ်၊ ကျောင်းနဲ့ သွားလာလှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဆိုတာလည်း အရေးကြီးတဲ့အပိုင်းပါ။ မိန်းကလေးတွေ အနေဖြင့် ခန္ဓာကိုယ်မှာလည်း တင်ပါးလေးလှအောင်ဆိုပြီး Gym မှာသွားကစားရအောင်လည်း အချိန်နဲ့ ပိုက်ဆံက စကားပြောလာမှာပါ။ အဲဒီတော့ လွယ်လွယ်နဲ့မြန်မြန်လှအောင်တော့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့အချိန်မှာပဲ လေ့ကျင့်ခန်းလေးကို လုပ်လိုက်ကြရအောင်နော်။

၁. ရပ်နေတဲ့အချိန်မှာ
ကားကိုစောင့်နေတဲ့အချိန်၊ တယောက်ယောက်ကိုစောင့်နေတဲ့အချိန်၊ မတ်တတ်ရပ်နေတဲ့အချိန်ကို အသုံးချကြရအောင်နော်။ အဲဒီအချိန်မှာ တင်ပါးကိုအားထည့်ပြီး ကြုံ့ကြည့်ပါ။ ၅စက္ကန့်ကြုံ့ပြီး ၅ စက္ကန့်နားပါ။ဒီလေ့ကျင့်ခန်းလေးကို အကြိမ်ကြိမ်လုပ်နိုင်ပါတယ်။ တခုပဲ သတိထားရမှာကတော့ ခါးကိုမတ်မတ်ထားဖို့လိုပါတယ်။

၂. ထိုင်နေတဲ့အချိန်မှာ
ထိုင်နေတဲ့အချိန်မှာ ကိုယ်အနေအထားကမမှန်တတ်ပါ။ထိုင်နေတဲ့အချိန်ကို အသုံးချပြီး တင်ပါးအတွက်ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲဆိုတော့ ခြေထောက်နှစ်ချောင်းညီညီညာညာ ဒူးကနေစပြီးကပ်ထားပါ။အချိန်နည်းနည်းကြာလာလျှင်ပေါင်အတွင်း ကြွက်သားက တဖြေးဖြေးနာလာပါလိမ့်မယ်။တင်ပါးနဲ့ဘာမှမဆိုင်ဘူးမဟုတ်လားလို့ မထင်ပါနဲ့။ ကိုယ်ခန္ဓာရဲ့ အလေးချိန်က ခြေထောက်ရဲ့အပြင်ပိုင်းမှာ များတာကြောင့် ခြေထောက်ရဲ့အတွင်းပိုင်းရဲ့ ကြွက်သားတွေက ပုံမှန်အခြေအနေမှာ သိပ်အလုပ်မလုပ်သောကြောင့် တင်ပါးကလည်း ဘေးသို့ကားသွားစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် တင်ပါးမှ ကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေမှာပါ။

၃. လမ်းလျှောက်တဲ့အချိန်မှာ
လမ်းလျှောက်ပုံဆိုတာလည်း အမျိုးမျိုးရှိပါတယ်။လမ်းလျှောက်တဲ့ပုံကို ကြည့်ပြီးတော့ အဲဒီသူက ဘယ်သူလဲဆိုတာကို

မှန်းလို့ရတဲ့အခါမျိုးကို ကြုံဖူးမှာပါ။အနှစ်နှစ်အလလ ဒီပုံအတိုင်းပဲလျှောက်နေမယ်ဆိုရင်တော့ အရိုးနှင့်ကြွက်သားတွေကို ဒဏ်ပေးသလိုဖြစ်နေမှာပါ။ဥပမာ အပေါ်အောက် ခုံသလိုလမ်းလျှောက်နေတဲ့သူဟာ ခြေဖျားထောက်ပြီး လမ်းလျှောက် နေလို့ပါ။ တင်ပါးလေးလှအောင် ဘယ်လိုလုပ်ရမှာဆိုတော့ ဖနောင့်ကို စနစ်တကျ အသုံးချဖို့လိုအပ်ပါတယ်။ခြေထောက်ကို မြေကြီးနဲ့စပြီးထိတဲ့အချိန်မှာ ဖနောင့်ကနေစ၍ ထိစေဖို့လိုပါတယ်။ဒါကြောင့် ပေါင်အနောက်ပိုင်းက ကြွက်သားတွေကို လှုပ်ရှားစေပြီး တင်ပါးမှာရှိသော ကြွက်သားတွေကိုလည်း အလုပ်လုပ်စေမှာဖြစ်ပါတယ်။

၎. လှေကားအတတ်အဆင်းလုပ်တဲ့အချိန်မှာ
လှေကားတတ်တဲ့အချိန်မှာ လေ့ကျင့်ခန်းကိုလုပ်ရမယ် ဟုတ်လား။စိတ်ညစ်စရာကောင်းလိမ့်မယ်လို့ထင်ပါတယ်။
ဒါပင်မဲ့ ခက်တဲ့လေ့ကျင့်ခန်းမဟုတ်ပါ။လှေကားကို မြန်မြန်မတတ်ပဲ ခြေဖျားကနေ ခြေဖနောင့်အထိ ထိထိမိမိ နင်းပြီး ဖြေးဖြေးတတ်ဖို့ပဲလိုပါတယ်။တင်ပါးမှ ပေါင်ရင်း၊ ကိုယ်ခန္ဓာအောက်ပိုင်းကို အသုံးချပြီး တတ်သွားရုံပါပဲ။ဆင်းရင်လည်း တူတူပါပဲ။ ကိုယ်ခန္ဓာကို အရှေ့ကို ငိုက်မကျစေဖို့သတိထားပါနော်။
အပေါ်ကလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်ဖို့ဆိုတာ ခက်ပင်မဲ့ သတိရရင် လုပ်စေချင်ပါတယ်။
 
 

Happiness Is To You
Chelmo Team
Ref.http://mdpr.jp/
Photo By. http://www.hankyu-hanshin-dept.co.jp/

Credit :  http://chelmo.tips/all-life/fashion/204-2014-09-01-00-02.html

No comments:

Subscribe

လာလည်သူများ

free counters