♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 25, 2015

" ချစ်ဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ "


မိန်းကလေးတစ်ယောက်ကို အဝေးကပဲဖြစ်ဖြစ်၊ အနီးအနားမှာပဲဖြစ်ဖြစ် တွေ့လိုက်ချိန်မှာ သူရဲ့အပြုအမူလေးက ချစ်ဖို့ကောင်း
နေတဲ့အခါမျိုးရှိတတ်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို မထင်မှတ်ပဲ လုပ်မိကြပါလိမ့်။

၁. တစ်ယောက်နဲ့တစ်ယောက် ကြည့်မိချိန်
ဒါက ဖြစ်တတ်ပါတယ်။ နည်းနည်းပိုပြီး ရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။ သူ့အနားမှာရှိနေချိန်မှာ မျက်နှာချင်းဆိုင်မိချိန်မှာ အကြည့်တွေလည်းဆုံမိချိန်မှာ ရင်တွေခုန်သွားလိမ့်မယ်။ ဟင်၊သူငါ့ကို ကြည့်နေတယ် ? ဆိုပြီး ယောင်္ကျားလေးက ဒီမိန်းကလေးက ကိုယ့်ကို ကြိုက်နေတယ်ဆိုပြီး အထင်မှားတတ်ပါတယ်။ (ရယ်)

၂. နား၊ ပုခုံး၊ ခြေထောက်လေးတွေကို မထင်မှတ်ပဲ မြင်ရချိန်
မိန်းကလေးတွေရဲ့ အဝတ်အစား၊ အနေအထိုင်အပေါ် မူတည်ပြီး ဆံပင်သိမ်းလိုက်ချိန်မှာ ပုံမှန်ဆို မမြင်နိုင်တဲ့နေရာလေးတွေကို တွေ့လိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ ထီပေါက်သလို ဖြစ်နေတတ်တယ်။

၃. ပိပိရိရိနေထိုင်နေချိန်
ယခုအချိန်မှာ သွားလာလှုပ်ရှားနေချိန် အဝတ်အစား တိုတို ဝတ်ထားပင်မဲ့လည်း မိန်းကလေး ပီသစွာ နေထိုင်နေပုံလေးက ချစ်စရာပါ။

၎. မွှေးနံ့လေးက သင်းနေချိန်
ရေမွှေးစွတ်ထားလို့ မဟုတ်ပါ။ သူ့ရဲ့အင်္ကျီအနံ့လေးက ဆပ်ပြာမွှေးရည်ကြောင့် သင်းနေတတ်ပါတယ်။ ဒီအနံ့လေးကို ယောင်္ကျားလေးတိုင်းတော့ မဟုတ်ပင်မဲ့လည်း ကြိုက်တဲ့သူရှိပါတယ်။

၅. အင်္ကျီမှာ ကပ်နေတဲ့ အမှိုက်ကို သုတ်ပေးချိန်
ဘာရယ်လို့မဟုတ် စကားပြောနေချိန်မှာ အနားလာပြီး အင်္ကျီမှာ ကပ်နေတဲ့ အမှိုက်ကို သုတ်ပေးလိုက်တဲ့အခါ အံ့သြသွားတာက
တစ်ပိုင်း၊ ဘယ်လုပ်ရမလဲဆိုတာကို မေ့သွားတဲ့ ယောင်္ကျားလေးတွေလည်း ရှိတတ်ပါတယ်။

၆. အစားအသောက် ဂျီးမများပဲ အကုန်စားနေချိန်
သူနဲ့ အတူတူ ထမင်းသွားစားရင် ဝမှာစိုးလို့တို့ ဘာမှာမရှိ ဖြစ်နိုင်ရင် အကုန်စားမယ်။ စားရတာကို ပျော်စရာကောင်းတယ်လို့ ထင်နေတဲ့သူ့ကိုကြည့်နေတဲ့ ကိုယ်ကတောင် ပျော်လာမှာပါ။

၇. မျက်နှာလေးကို အရှိကိုအရှိအတိုင်း ပြလိုက်ချိန်
မိန်းကလေးမှာ အချိန်မရလို့ အပြေးအလွှားလာရချိန်မှာ သူ့မျက်နှာမှာ မိတ်ကပ်မပါ။ မျက်နှာပြောင်လေးနဲ့ ရောက်လာချိန်မှာ သူ့မျက်နှာလေးက သဘာဝအတိုင်းက ပိုပြီး ချစ်စရာကောင်းနေတတ်ပါတယ်။

၀၈. တတောင်ဆစ်ကို ဆွဲကိုင်လိုက်ချိန်
လူတွေများနေတဲ့နေရာမှာ တွန်းတိုက်နေရင်းရဲ့ လူကွဲသွားမှာ စိုးရိမ်ရချိန်မှာ မိန်းကလေးက ယောင်္ကျားလေးရဲ့ တတောင်ဆစ်ကို ဆွဲကိုင်လိုက်ချိန်မှာတော့ ယောင်္ကျားလေးတွေကတော့ သူ့ကို ကာကွယ်ရမယ်လို့ စိတ်ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

၉. အင်္ကျီကို ပြင်ပေးချိန်
ယောင်္ကျားလေးရဲ့ အင်္ကျီက သွားလာရင်း ရွဲ့စောင်းနေရင် မိန်းကလေးက သေသေချာချာ ကြည့်ကောင်းအောင် တည့်ပေးချိန်မှာတော့ ယောင်္ကျားလေးတွေ ရင်တွေခုန်နေပြီပေါ့။
ကဲ ဘယ်လိုလဲ။ မိန်းကလေးတွေကော၊ ယောင်္ကျားလေးတွေကော ပြန်မေးလိုက်မယ်နော်။ အပေါ်က အကြောင်းလေးတွေနဲ့ ကိုက်ညီချက်တွေရှိလား

#ChelmoTeam
Credit. nanapi
Credit Photo. kojiharunyan

Credit : http://chelmo.tips/all-life/general-life/507-201509170001.html

No comments:

Subscribe

လာလည်သူများ

free counters