♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 26, 2015

" ခြေဖ၀ါး နှိပ်နယ်ပေးခြင်း၏ ကောင်းကျိုး "

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထမ်းပြီး အလုပ်တွေအများကြီးလုပ်ရတဲ့  ခြေဖ၀ါးအစိတ်အပိုင်း ကို ဂရုစိုက်မှုအနည်း
ဆုံးဖြစ်လေ့ ရှိကြပါတယ်။ ခြေထောက်အမြဲကျန်းမာသန်စွမ်းနေစေဖို့ဆိုရင် တော့ မိနစ်အနည်းငယ်လောက် နေ့စဉ်ဂရုစိုက်ပြီး
 နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။

ခြေထောက်နှိပ်နယ်မှုဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိ ခဲ့တဲ့    အလေ့အထတစ်ခုဖြစ်ပြီး ခြေဖ၀ါးရဲ့ အစိတ်အပိုင်း

တိုင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ချိတ်ဆက်နေပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ ဂလင်းတွေကို အကျိုးပြုပါတယ်။ ခြေထောက်နှိပ်
နယ်ပေးရင် ဘာ တွေကောင်းကျိုးပြုသလဲဆိုရင် နှစ်ခြိုက်စွာ  အိပ်ပျော်အောင် ကူညီ ပေးပါတယ်။ နောက်ပြီး သွေးလည်ပတ်
မှုကောင်းစေပြီး အာရုံကြောတွေကိုလည်း ထောက်ကူပေးပါတယ်။တစ်နေကုန်သွားလာ လှုပ်ရှားပြီး ပင်ပန်းနွမ်းနယ်နေချိန်
မှာ ခြေဖ၀ါးကို နှိပ်နယ်ပေးတာဟာ ခန္ဓာကိုယ်စွမ်းအင်တွေကို ပြန်ပြည့်စေတဲ့  အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ ငါးမိနစ်ကနေ ၁၀ မိနစ်အထိခြေဖ၀ါးကို နေ့စဉ်ပုံမှန်နှိပ်နယ်ခြင်းဖြင့်    နေထိုင်ကောင်းစေပါ တယ်။
 နောက်ပြီး စိတ်ဖိစီးမှုကို လည်း လျော့ကျစေပါတယ်။

ဒါ့အပြင် ခြေဖ၀ါးနှိပ်နယ်တာကြောင့်   အနာအကျင်၊  အကိုက်အခဲအမျိုးမျိုးဖြစ်တဲ့ ခေါင်းကိုက်တာတွေ၊ ခေါင်းတစ်ခြမ်းကိုက်


တာ၊ လည်ပင်းနာတာ၊ ခါးနာခါးကိုက် ဝေဒနာစတာတွေကို လျော့ပါးသက်သာစေပါတယ်။ ဒါ့အပြင် ခြေချင်းဝတ်တို့၊
 ခြေဆစ်၊ခြေချောင်းစတာတွေ    ညောင်းကိုက်တာတွေကိုလည်း ပျောက်ကင်းနိုင်သည်။ ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း
 ညောင်းကိုက်မှု မရှိအောင် ခြေဖ၀ါးကို ညင်သာစွာနှိပ်ပေးသင့်ပါတယ်။ သွေးပေါင်ချိန်   အရမ်းတက်နေတဲ့အခါမှာ နည်း
စနစ်မှန်ကန်တဲ့ ခြေဖ၀ါးနှိပ်နယ်ခြင်းမျိုး ပြုလုပ်ပေးခြင်းဖြင့် ပုံမှန်သွေးပေါင်ချိန်ရအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ခြေထောက်ကို လုံးဝအနားမပေးတဲ့အခါ ညောင်းညာကိုက်ခဲပြီး   အိပ်မပျော်တာတွေ၊ စိတ်ဖိစီးမှုဝမ်းနည်းမှု၊ စိတ်ကသိကအောက်ဖြစ်မှု၊ ပင်ပန်းနွမ်းနယ်မှု စတာတွေ ကင်းပြီး အမြဲ ကျန်းမာဖို့အတွက် လုပ်ဆောင်ရတာ မခက်ခဲတဲ့ ခြေဖ၀ါးနှိပ်နယ်ပေးတာလေး    စလုပ်ကြည့်ကြရအောင်ပါ။
-Ref: tophomeremedies.com




Credit : http://bagohealth.blogspot.co.uk/2015/01/blog-post.html?m=0

No comments:

Subscribe

လာလည်သူများ

free counters