♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 19, 2016

" ကဒ်ထူပုံးလေးတွေနှင့် အိမ်သေးသေးလေးတွေ ဆောက်ကြရအောင်လား " (ရုပ်သံ)


မူရင်း ယူတျူဗ် လင့်က..
https://youtu.be/lfn1oGAmIfI

အိမ်နံရံအတွက် ပလပ်စတစ်ပေါ်လက်နှင့် တင်ပြားနေတဲ့ ရွှံ့လိုလို အလုံးကြီးဟာ သတင်းစာ စက္ကူဟောင်းတွေကို ရေစိမ်ပြီး
ပျော့လာတဲ့အခါ ချေစက်နှင့် ချေပြီး ရေတွေ စစ်ထုတ်ကာ ကော်မှုန့်တွေ အနည်းငယ်ရောထားပြီး သမအောင်နှက်ထားတဲ့
စက္ကူပျော့ဖတ်လုံးကြီးပါ။ အိမ်ခေါင်မိုး အိမ်နံရံအတွက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ ကဒ်ထူပုံးကို အသုံးပြုထားတာဖြစ်
ပါတယ်။ မြက်စိမ်းတွေကတော့ တံမြက်စည်းမွေးတွေကို မင်အစိမ်းရင့်ရောင်၊ စိမ်းဝါရောင်၊ သူ့ပင်ကိုယ် အရောင်မစိုးထားတဲ့ အရောင်လေးအတိုင်း အသုံးပြုနိုင်ပါတယ်။ တံမြက်မွေးရဲ့ ထိပ်ဖျား အမွေးနုလေးတွေကို အရောင်စိုးပြီး ကတ်ကျေးနှင့်ညှပ်ပြီး သုံးနိုင်ပါတယ်။ အပင်ကိုတော့ သစ်ကိုင်းကောင်းကောင်း သို့  လမ်းဘေး သို့မဟုတ် အိမ်နောက်ဖေးမှာ ပေါက်တဲ့ တပေအ
မြင့်စာ ရှိတဲ့ ပင်စည်အခေါင်းမပါတဲ့ ပင်စည်မာတဲ့ အပင်ငယ်ကို အမြစ်ကနုတ်ပြီး ရေဆေးကာ အခြောက်လှန်းထားပါ။ အပင်အစစ်ကို အသုံးပြုလျှင် ပိုပြီး ပီပြင်ပါတယ်။ 
အရွက်တွေကိုတော့ တံမြက်စည်းမွေးတွေနှင့် အသုံးပြုပြီး လှလှလေး လုပ်နိုင်ပါတယ်။ အောက်မှာ အပင်ပြုလုပ်ပုံ ဗီဒီယိုလေး
တင်ပေးထားပါတယ်။
အိမ်လေးတွေပြုလုပ်ပြီး အလှဆင်ကာ ရောင်းချနိုင်သလို ကျေးလက်တောရွာက အိမ်လေးများ၊ တဲကုပ်လေးများ၊ လယ်စောင့်

" တော်တော်ဆိုးတဲ့ အဖွားကြီး "

 

အကွက်စေ့လိုက်တဲ့ အဘွားအို ...

သေလုမြောပါး ရောဂါသည်းထန်နေတဲ့ အဘိုးအိုတစ်ဦးဟာ အိပ်ရာထက်မှာ လဲလျောင်းနေပါတယ်။
အဲဒီအချိန်မှာပဲ အဘိုးအိုဟာ အိမ်အောက်ထပ် မီးဖိုချောင်ထဲကနေ ပျံ့လွင့်လာတဲ့ ချောကလက်
ကွတ်ကီးအနံ့ကို ရုတ်တရက်ဆိုသလို ရလိုက်ပါတယ်။
သူ့အကြိုက်ဆုံးမုန့် ရနံ့ဖြစ်တာကြောင့် သူကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ အိပ်ရာထဲကနေ
ထပြီး လှေကားကနေ မီးဖိုချောင်ထဲကို ရောက်သွားပါတော့တယ်။
ဇနီးသည် အဘွားကြီးက ကွတ်ကီးတွေကို ဖုတ်နေတာမို့ အဘိုးအိုဟာ ရှိသမျှနောက်ဆုံး

" ဖရဲသီးအခွံတွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း "

ဖရဲသီးစားတဲ့အခါမှာ အရသာရှိ တဲ့ အနီရောင်အသားတွေ စားပြီး တာနဲ့ ဖရဲခွံတွေ လွှင့်ပစ်လေ့ရှိကြ ပါတယ်။ တကယ်တော့ ဖရဲသီး ရဲ့ အဖြူသားတွေမှာလည်း အာ ဟာရဓာတ်တွေပါဝင်ပြီး ဆေးဖက်ဝင်တာမို့ ဖရဲခွံတွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
ဖရဲသီးအဖြူသားတွေမှာ အမိုင်နိုအက်ဆစ်ပါဝင်တဲ့အ တွက် အားကစားခန်းမတွေမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ယူသူတွေအတွက် ကြွက်သား တွေ အားကောင်းဖို့ထောက်ကူ ပေးပါတယ်။ ဒါကြောင့်မို့ လေ့ ကျင့်ခန်းယူသူတွေ စားတဲ့အစား အစာတွေမှာ ဖရဲသီးအဖြူသား၊ တူနာငါးနဲ့ ကြက်ရင်အုံသားတို့ပါ ၀င်တာ ဖြစ်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့ ဖရဲ သီးအဖြူသားဟာ ကိုယ်အလေး ချိန်လျော့နေသူတွေ လက်မလွှတ် သင့်တဲ့အရာပါ။ အစားတွေအ လွန်အကျွံ မစားမိအောင်နဲ့ ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့ကယ်လို ရီကို စုဆောင်းပေးတဲ့အပြင် ရေ ဓာတ်လည်း ပြည့်ဝနေစေပါတယ်။
သွေးတိုးတတ်သူပဲဖြစ်ဖြစ်၊ သွေးအားနည်းသူပဲဖြစ်ဖြစ် ပုံမှန် သွေးဖိအားဖြစ်စေဖို့လည်း ထောက်ကူပေးတဲ့အပြင် ကျောက်ကပ်ကျန်းမာရေးကောင်းစေကာ၊ ဆီးလမ်းကြောင်းကိုလည်း သန့် ရှင်းစေပါတယ်။ ဖရဲသီးအဖြူသားတွေမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိရှိတာကြောင့် ပရော့စတိတ်ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်သလို ခံတွင်း၊ အစာပြွန်၊ အစာအိမ်၊ ပန်ကရိယ၊ အူမနဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ တွေကိုလည်း ကာကွယ်ပေးနိုင် တယ်လို့ ဆိုပါတယ်။
ဖရဲသီးအဖြူသားကို သစ် သီးခြောက်၊ အသီးယို၊ သကြား လုံးစတာတွေအဖြစ်လည်း ထုတ်လုပ်စားသုံးကြသလို

" ဒီ စနေမှာ အညာခရမ်းချဉ်သီးထောင်း လုပ်စားကြစို့လား "


ဒီတစ်ခါတော့ ထမင်းစားမြိန်စေမယ့် အရံဟင်းလေးဖြစ်တဲ့ ခရမ်း ချဉ်သီးထောင်းလေး လုပ်စားရအောင်လို့
 ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကိုင်းခရမ်းချဉ်သီးများကို ရေစင်အောင်ဆေး၍ မီးဖုတ်ပါ။ ခရမ်းချဉ် သီးများ အိကျလာလျှင် အခွံခွာ၍ ပန်းကန်တစ်ခုထဲသို့ အရည်သက် သက်ညှစ်ထည့်ထားပါ။

၂။ ပုစွန်ငါးပိကို မီးဖုတ်၍ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို ပါးပါးလှီးထားပါ။

၃။ ပထမဦးစွာ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ပုစွန်ငါးပိမီးဖုတ်တို့ကိုထည့်၍ ညက်အောင် ထောင်းပါ။

၎။ ထို့နောက် ခရမ်းချဉ်သီးအဖတ်၊ အရသာမှုန့်၊ ဆားတို့ကိုထည့်၍ ထောင်းပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်ထားပါ။

၅။ စားခါနီးလျှင် ခရမ်းချဉ်သီးအရည်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးအလှော်မှုန့်တို့နှင့် ရောမွှေကာ သုံးဆောင်နိုင်ပါပြီ။

ပါဝင်သော ပစ္စည်းအမယ်များ

ကိုင်းခရမ်းချဉ်သီး(ကြီး)၃လုံး

ကြက်သွန်နီ၂ လုံး

ကြက်သွန်ဖြူ၅ မြွှာ

ပုစွန်ငါးပိစားပွဲတင်ဇွန်းတစ်ဇွန်း

ငရုတ်သီးစိမ်း၁၅ တောင့်

ငရုတ်သီးအလှော်မှုန့်အနည်းငယ်

" ကလေးတွေကို လိုက်ဖမ်းတဲ့ လူပိန်ရှည်ကြီး "

၂၀၀၉ ခုနှစ်လောက်မှာ စတင်ပြီး အင်တာနက်ပေါ်ကနေတဆင့် လူသိများပျံ့နှံ့လာခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

အဲဒီလူကြီးက အလွန်ပိန်သလို အရပ်လည်းရှည်ပါတယ်။ အမဲရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားတတ်ပါတယ်။ ကြောက်စရာကောင်းတာကတော့ သူ့မျက်နှာမှာ မျက်လုံး၊ နှုတ်ခမ်း၊ နှာခေါင်း ဘာမှမရှိတာပါပဲ။

တချို့တွေပြောစကားအရတော့ သူဟာ သူ့ရဲ့လက်တွေကို ကြိုက်သလောက် ရှည်လာအောင် ဆန့်ထုတ်လို့ ရသလို လက်သည်းရှည်တွေလည်း ရှိတယ်လို့လည်း ဆိုပါတယ်။ သူ့ကို တောအုပ်တွေထဲမှာ တွေ့ရတတ်တယ်လို့ ပြောကြပါတယ်။

သူ့ရဲ့သားကောင်တွေကတော့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။ အခုထက်ထိရှာလို့မတွေ့ဘဲ ပျောက်ဆုံးနေတဲ့

" မဆင်မခြင် ပြောမိလိုက်တဲ့ စကားလေးတခွန်းက အခန့်မသင့်ရင် လူသတ်မိစေပါတယ်.. တကယ့် ဖြစ်ရပ်ပါ "

ဒါဟာ တကယ့်အဖြစ်အပျက်တစ်ခုပါ။ ရင်နင့်ဖွယ် ဒီအဖြစ်အပျက်ဟာ နယ်မြို့လေးတစ်မြို့ရဲ့ အထက်တန်းကျောင်းမှာ ဖြစ်
ခဲ့တာပါ။ မူလတန်းကျောင်းပဲရှိတဲ့ ရွာလေးတစ်ရွာကနေ မြို့တက်ပြီး အထက်တန်းကျောင်းလာတက်တဲ့ ၁၀ တန်းကျောင်း
သားလေး မောင်သန်းဆွေ ဟာ ရိုးကျိုးလိမ္မာပြီး စာကြိုးစားတဲ့ကလေးဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ မြို့ထဲက လူပျိုတွေရဲ့နှုတ်
ခမ်းဖျားမှာ ရေပန်းစားလှတဲ့ အချောအလှလေးကို လူပျိုသဘာဝစိတ်ဝင်စားမိပါတယ်။ တစ်တန်းတည်းဖြစ်ဖို့ ကံပါလာတော့ ၁၀ တန်းတက်တဲ့နှစ်မှာ တခန်းတည်းတူတူကျကာ ခင်မင်သွားခဲ့ပါတယ်။

ကောင်မလေးက ပေါ့ပေါ့တွေးတတ်ကာ အလိုလိုက်ခံရတဲ့ကလေးပီပီ လိုတမျိုး မလိုတမျိုးလုပ်တတ်တာ မသိတဲ့
 မောင်သန်းဆွေဟာ ကောင်မလေး ခိုင်းသမျှအနွံတာခံလုပ်ပေးရှာပါတယ်။နောက်ဆုံးမှာတော့ ကောင်မလေးကို ချစ်ရေးဆို
မိပြီး ရည်းစားဖြစ်ခဲ့ ကြပါတယ်။ သူ့အတွက် တန်ဖိုးရှိလှတဲ့မြို့ သူအချောအလှလေးကို အရိပ်တကြည့်ကြည့် ချစ်မ၀ခင်မှာပဲ
 ကောင်မလေးက ဘာမပြောညာမပြောဖြတ်ပါတော့တယ်။ “အစတည်းက မကြိုက်ခဲ့သင့်ဘူး” ဆိုတဲ့စကားတစ်ခွန်း ကိုပဲ သိခဲ့ရတဲ့မောင်သန်းဆွေဟာ ဆယ်ကျော်သက် အရွယ်လည်းဖြစ်တော့ အရမ်းကို ခံစားကြေကွဲနေခဲ့ပါတယ်။

တစ်နေ့မှာ ကောင်မလေးကို အကျိုးအကြောင်းသေချာပြောပြရင် လက်လျှော့မယ်ဆိုတာ ပြောဖို့ကြိုးစားတဲ့အခါ ကောင်
မလေးက အတန်းပိုင်ဆရာမကို တိုင်ပါတယ်။ အတန်းပိုင်ဆရာမဟာ မောင်သန်းဆွေ တို့ နေတဲ့အိမ်နဲ့ မနီးမဝေးမှာနေ
တာမို့ မောင်သန်းဆွေနဲ့လည်း ရင်းနှီးပြီး အိမ်မှာလည်း လာကူညီနေကျ ကလေးပါ။ ဒါကို ဆရာမက ကလေးလိမ္မာ တယ်ဆို
တဲ့အချက်ကို အပိုင်တွက်မိတာများလားမသိပေမဲ့ အတန်းထဲက လူအားလုံးရဲ့ရှေ့မှာ “ဒီလောက်တောင် ရည်းစားထား
ချင်နေရင် ကိုယ့်ညီမကိုပဲ သွားကြိုက်လိုက်တော့” ဆိုတဲ့စကားမျိုးပါ ပါတဲ့အထိ ရင့်ရင့်သီး သီးပြောခဲ့ ပါတယ်။

ကောင်လေးက ရိုးအေးကာ စကားနည်းသူလည်းဖြစ်ပြီး ဆရာဆရာမစကားကို နားထောင်ကာ ကျောင်းအလုပ်ဆိုလည်း တက်ကြွစွာလုပ်တတ်တာ လူတိုင်းအသိပါ။ဒါပေမဲ့ မောင်သန်းဆွေဟာ သိပ်ရှက်ပြီး သိပ်ကို အထိနာသွားခဲ့ပါပြီ။ မဆင်မခြင်ပြောလိုက်မိတဲ့စကား တစ်ခွန်းကြောင့် အကြီးအကျယ် အရှက်ရသွားတဲ့ကောင်လေးဟာ စကားတစ်ခွန်း
မှ ပြန်ပြောခြင်း မရှိခဲ့ပဲ ကျောင်းဆင်းချိန်မှာ အိမ်ပြန် ဓါးယူပြီး ဆရာမကို ကျောင်းပြန် လမ်းမှာ စောင့်ပြီး ဓါးနဲ့ခုတ်လိုက်

March 18, 2016

" လေယာဉ်ပေါ်မှာ လိင်ဆက်ဆံခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတဲ့ အမျိုးသား "

Garczynski, a current MBA candidate at the WP Carey School of Business at Arizona State, was found in the lavatory where he and the teen allegedly had sexual relations and was arrested by the Salt Lake Airport Authority
Jasper Garczynski 27

အမေရိကန် ပြည်တွင်းလေကြောင်းလိုင်းတစ်ခု ပျံသန်းနေစဉ်မှာဆယ်ကျော်သက် မိန်းကလေးတစ်ယောက်နဲ့လိင်ဆက်ဆံခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးဟာ အဖမ်းခံခဲ့ရပါတယ်။

အသက်၂၇နှစ်အရွယ် ဂျက်စပါ  ဂါ့ဇိုင်စကီ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က US,Phoenixကနေ Salt Lake Cityကို ပျံသန်းခဲ့တဲ့ Delta လေကြောင်းလိုင်းမှာ တရားမ၀င်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဂါ့ဇိုင်စကီဟာ  အရီဇိုနားပြည်နယ် WP Carey School of Business က MBA ကျောင်းသားတစ်ယောက်ဖြစ်ပြီးသူနဲ့အသက် ၁၆နှစ်အရွယ် မိန်းကလေးတို့ဟာ လေယာဉ် အိမ်သာထဲမှာလိင်ပိုင်းဆိုင်ရာဆက်ဆံရေးတွေအကြောင်း ပြောနေခဲ့တာကိုတွေ့ခဲ့ပါတယ်။

ဂါ့ဇိုင်စကီဟာ လေယာဉ်ဆင်းသက်တဲ့အခါ လေဆိပ်အာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။The University of Chicagoရဲ့ ဘွဲ့ရကျောင်းသားလည်းဖြစ်တဲ့ ဇိုင်စကီကို လေယာဉ်မယ်တစ်ဦးက အိမ်သာထဲမှာတွေ့ရှိခဲ့တာပါ။

အဲဒီအချိန်မှာဆယ်ကျော်သက်မိန်းကလေးက အိမ်သာထဲက ထွက်ပေါ်လာပြီး သူမတို့လိင်ဆက်ဆံခဲ့တယ်လို့ လေယာဉ်ဝန်ထမ်းကိုပြောခဲ့ပါတယ်လို့ New York Daily News Reports က

" ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်မယ့် နည်းလမ်းများ "

 
လူတွေမှာ အင်အားတွေကုန်ခမ်းပြီး အရမ်းပင်ပမ်းနွမ်းနယ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ ဒီလိုခံစားရတာဟာ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေ လျော့နည်းသွားတာကြောင့် ဖြစ်တတ်ပါတယ်။

အိပ်ရေးမ၀တဲ့အခါ၊ နားချိန်အပြည့်အ၀မရှိတဲ့အခါ၊ စိတ်ဖိစီးမှုတွေရှိတဲ့အခါ၊ ကျန်းမာရေးမကောင်းတဲ့အခါမျိုးတွေမှာ ဒီလိုပင်ပမ်းနွမ်းနယ်တာတွေ ပိုပြီးဖြစ်လေ့ရှိကြပါတယ်။ ဒီတော့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ
ပင်ပမ်းနွမ်းနယ်မှုနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့အကြား ဆက်သွယ်မှုတွေကို မှားယွင်းစွာနားလည်ထားတတ်ကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်တာဟာ လိုအပ်တဲ့စွမ်းအင်တွေကို ပိုမိုထုတ်လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နှလုံးကြွက်သားတွေက အောက်ဆီဂျင်တဲ့ အဟာရဓါတ်တွေကို သွေးကြောတွေထဲကို ပိုမိုထုတ်လွှတ်ပေးနိုင်တာမို့ ခန္ဓာကိုယ်ကို ပိုမိုသွက်လက်စေပြီး ဦးနှောက်ကိုလည်း ပိုမိုကြည်လင်လန်းဆန်းစေပါတယ်။

သမ်းဝေပါ
သမ်းဝေခြင်းကလည်း ဦးနှောက်ကို အနားပေးတဲ့ ခန္ဓာကိုယ်ရဲ့နည်းစနစ်တစ်ခုပဲ ဖြစ်တာမို့ အရေးကြီးတဲ့

" ဆံပင် အတို အရှည်က ပြောတဲ့ အမျိုးသမီးတွေအကြောင်း "

 
ဆံပင်အတို အရှည် ဘယ်လိုပုံစံ ထားတတ်သလဲဆိုတဲ့အပေါ် မူတည်ပြီး အမျိုးသမီးတွေရဲ့အကြောင်းကို ခန့်မှန်းကြည့်နိုင်တယ်ဆိုရင် ယုံနိုင်မလား။ ဆံပင်အတို အရှည်က အမျိုးသမီးတစ်ဦးရဲ့ စိတ်နေစိတ်ထားကို ဘယ်လောက်အထိ ပြောပြနိုင်လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

တိုတိုပြတ်ပြတ်နဲ့ နားရွက်အထိလောက်ပဲ ဆံပင်အရှည်ထားတတ်တဲ့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေပါ။ သူတို့ဟာ အဓိပ္ပါယ်မဲ့တဲ့ အကြောင်းအရာနဲ့ ဦးတည်ချက်တွေကို စိတ်မဝင်စားတတ်ကြပါဘူး။

မေးစေ့နားအထိ ဆံပင်အရှည်ထားတတ်တဲ့ အမျိုးသမီးတွေက ဖန်တီးမှုအားကောင်းပြီး အထူးသဖြင့် ဖက်ရှင်နဲ့ပတ်သက်ပြီး အားကောင်းသူတွေ ဖြစ်ပါတယ်။

ပခုံးနားအထိ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေက အပြောင်းအလဲ မြန်တတ်တယ်လို့ ဆိုပါတယ်။

ချိုင်းကြားနားအထိ ရှည်လျားတဲ့ ဆံပင်ရှိသူ အမျိုးသမီးတွေက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ပြုမူဆက်ဆံတတ်သူတွေပါ။

ခါးအထက်ပိုင်နားလောက်အထိ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေဟာ ချစ်တတ်သူတွေပါတဲ့။

ခါးအောက်ပိုင်းအထိ ရှည်လျားတဲ့ ဆံပင်ပိုင်ရှင် အမျိုးသမီးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပြီး သူတို့ဟာ လက်တွေ့ထက်

" ထသွားထလာ ကျစ်ဆံမြီး ကျစ်နည်းလေး လုပ်ကြည့်ချင်တယ်ဆိုရင် "

 
၁။ ပထမဆုံးအနေနဲ့ ဆံပင်ကို ပုံမှာပြထားသလို အလည်ခွဲလိုက်ပါ။

၂။ ဒုတိယအဆင့်ကတော့ ဆံပင်ကို သရဖူပုံစံလေး ရအောင် ထပ်ခွဲရမှာ ဖြစ်ပါတယ်။ အောက်ကနေ အပေါ်ပိုင်းတစ်ခုလုံးကို ခွဲလိုက်ရမှာပါ။ ခွဲလိုက်တဲ့ ဆံပင်တွေကို သာရေးကွင်းတစ်ခုခုနဲ့ ချည်လိုက်ပါ။

၃။ တတိယအဆင့်ကတော့ ပုံမှာပြထားသလို စည်းလိုက်တဲ့ ဆံပင်အနည်းအများက နှစ်ဖက်ညီမျှနေရပါလိမ့်မယ်။ တစ်ဖက်ကများပြီး တစ်ဖက်နည်းနေတာမျိုး မဖြစ်ပါစေနဲ့။

၎။ ပြီးတာနဲ့ ဆံပင်အနည်းငယ်ကိုယူပြီး တစ်ဖက်ချင်းစီ ပုံမှာပြထားသလို ခေါင်းအနောက်ဘက်ကို ကျစ်သွားရပါမယ်။ ကျစ်ပြီးသွားရင် အနောက်ဘက်မှာ သာရေကွင်း ဒါမှမဟုတ် ကလစ်လေး ထိုးပြီး ကျစ်ဆံမြီးကို ထိန်းထားလိုက်ရုံပါပဲ။

" ခေါင်းလျှော်ဘေဇင်က ဦးနှောက်သွေးကြောပိတ်မှု ဖြစ်စေနိုင်ဟု ဆရာဝန်များ သတိပေး "

အမျိုးသမီးတစ်ဦး အလှပြင်ဆိုင် တစ်ခေါက်သွားရောက်ပြီးတဲ့နောက် ဦးနှောက်သွေးကြောပိတ်မှု ဖြစ်ပွားစေခဲ့ကြောင်း ထုတ်ဖော်ပြောဆို လိုက်တာကြောင့် အခုအခါ ခေါင်းလျှော်ဘေဇင်ဟာ ဦးနှောက်သွေးကြောပိတ်မှု ဖြစ်စေနိုင်ကြောင်း ဆရာဝန်များ သတိပေးထားပါတယ်။
ကယ်လ်လီဖိုးနီးယားပြည်နယ်မှ ၄၈ နှစ်အရွယ် Elizabeth Smith ဆိုသူဟာ ၂၀၁၃ ဒီဇင်ဘာလအတွင်း သူမရဲ့ ဆံပင်အလှပြင်ဆရာထံသွားပြီး မိနစ် ၁၀ အချိန် ကုန်ဆုံးစေခဲ့ပါတယ်။
၈ ရက်အကြာမှာ သူမ ဘယ်ဘက်လက်မောင်းနဲ့ ခြေထောက် အားနည်းမှု တွေ့ကြုံခံစားခဲ့ပြီး တစ်ပတ်အပြီး ဦးနှောက်သွေးကြောပိတ်မှုဝေဒနာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။
"ကျွန်မ အော့အန်တယ်။ ခေါင်း ပူထူလာပြီး မခံနိုင်တော့ဘူး။ လက်မောင်းတွေနဲ့ ခြေထောက်တွေ ချိနဲ့ခဲ့တယ်။ ကျမ အသက်ရှင်မယ်လို့ သူတို့ မထင်ခဲ့ဘူး" လို့ သူမက ABC 10News ကို ပြောပြခဲ့ပါတယ်။
ဦးနှောက်သွေးကြောပိတ်မှု အများဆုံးဖြစ်ပွားရခြင်းအကြောင်းဖြစ်တဲ့ Beauty Parlour Stroke Syndrome ခေါ် အလှပြင်ဆိုင် ဦးနှောက်သွေးကြောပိတ်ရောဂါ အကြောင်း ဆရာဝန်များ ရှင်းပြတဲ့အခါ Elizabeth ထိတ်လန့်တုန်လှုပ်မှု ဖြစ်ခဲ့ပါတယ်။
အဖြစ်နည်းပေမယ့် မှတ်တမ်းရှိခဲ့ဖူးတဲ့ ဒီ Beauty Parlour Stroke Syndrome ဟာ လည်ပင်းသွေးတိုးခြင်းကြောင့် ပင်မသွေးလွှတ်ကြော ၄ ခုထဲမှ သွေးကြောတစ်ခုမှာ သွေးခဲတဲ့အခါ ဖြစ်ပေါ်ပါတယ်။
လည်ပင်းသွေးတိုးတဲ့အခါ အနေအထား သို့မဟုတ် အရိုးများ တစ်ခုကနေ နောက်တစ်ခုသို့ ပြောင်းလဲပေးခြင်းကနေတဆင့် သွေးလွှတ်ကြောပေါ် အနည်းငယ် ဖိခံရမှုရှိနိုင်ကြောင်း Minnesota မှာ သွေးကြောခွဲစိတ်အထူးကုဆရာဝန် Peter Gloviczki က Self ကို ပြောပြခဲ့ပါတယ်။
ဆံပင်ညှပ်ဆိုင်တွေမှာ သွေးတိုးရောဂါ ပွားနိုင်သည့်အပြင် တင်းနစ်ကစားခြင်း၊ သွားစစ်ဆေးခြင်းနဲ့ ယောဂထိုင်ခြင်းစတဲ့

" ကျောက်ကပ်နဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်များ "

 
ကျောက်ကပ်ရောဂါစတဲ့ အားအင်ကုန်ခန်းစေတဲ့ ရောဂါတွေ ခုခံ တိုက်ခိုက်တဲ့အခါ နည်းမှန်လမ်းမှန် စားသောက်ခြင်းက အင်မတန်အရေးကြီးပါတယ်။
အာဟာရဓာတ် အလုံအလောက်ရရှိခြင်းက လိုအပ်တဲ့ ကယ်လိုရီအားလုံးအပြင် ရောဂါခုခံတိုက်ခိုက်ဖို့ အရေးကြီးတဲ့ အာဟာရဓာတ်များလည်း ရရှိစေပါတယ်။
ကျောက်ကပ်ရောဂါလို့ ပြောရင် အထူးသတိပြုရမယ့် ဆိုင်ရာဆိုင်ရာ အာဟာရဓာတ်တွေ ရှိပါတယ်။
ကိုယ်ခန္ဓာတစ်ရှူး တည်ဆောက်ခြင်းအတွက် ပရိုတင်းဓာတ် အရေးကြီးပါတယ်။ သို့သော် ကျောက်ကပ်က ကောင်းမွန်စွာ အလုပ်မလုပ်တဲ့အခါမှာ ပရိုတင်းစွန့်ထုတ်ပစ္စည်းက ခန္ဓာကိုယ်ထဲ ကျန်ရှိနိုင်ပါတယ်။
နာမကျန်းဖြစ်တဲ့အခါ ကောင်းမွန်နေတဲ့ ကျောက်ကပ်က ခန္ဓာကိုယ်အတွင်း တွေ့ရတဲ့ ဆိုဒီယမ်ပမာဏကို ပုံမှန် ဖြစ်အောင်လုပ်ပေးပါတယ်။ ဆိုဒီယမ် ဖြစ်တည်ပြီး ခန္ဓာကိုယ်အရည်ကြည် ပိုမိုများပြားစေနိုင်ပါတယ်။ အဲဒါက သွေးပေါင်တက်ခြင်းနဲ့ ခြေထောက်ယောင်ခြင်းစတဲ့ ပြသနာတွေ ဖြစ်စေပါတယ်။
ပိုတက်ဆီယမ်က ကျောက်ကပ်ဝေဒနာခံစားရတဲ့အခါ အထူးသတိထားရမယ့် နောက်အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ငှက်ပျောသီး၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ သစ်သီးဖျော်ရည်၊ ပဲ နဲ့ အခွံမာသီးစတဲ့ ပိုတက်ဆီယမ်းများပြားတဲ့အစားအစာများကို

March 16, 2016

သင့်လက် (၅) ချောင်းတစ်ခုချင်းစီ နှိပ်နယ်ပေးတဲ့အခါ ဖြစ်လာတဲ့ အံ့ဖွယ်အချက်များ


ခန္ဓာကိုယ်နေထိုင်မကောင်းဖြစ်ခြင်းဟာ ခန္ဓာကိုယ် အတွင်းပိုင်းမှာ အဆင်မပြေမှုကနေ ဖြစ်ကြောင်း ရှေးခေတ်နဲ့ အခုခေတ် လူအတော်များများ ယုံကြည်ထားကြပါတယ်။ အဲဒီအဆင်မပြေဖြစ်မှုဟာ အစားအသောက်မသင့်လျှော်မှု၊ အလေ့အကျင့် မမှန်ကန်မှုနဲ့ အတွေးစိတ်ကူး ညံ့ဖျင်းမှုတို့ကြောင့် ရရှိနိုင်ပါတယ်။

ဂျပန်နိုင်ငံမှ ရှေးခေတ် အနှိပ်ကျွမ်းကျင်ပညာရှင် Jin Shin Jyutsu က ခန္ဓာကိုယ်အတွင်းပိုင်း သဟဇာတပြန်ဖြစ်စေဖို့ ဆိုင်ရာဆိုင်ရာ နှိပ်နယ်နည်းတွေ အသုံးပြုပါတယ်။

" ရုပ်ရင့်စေတဲ့ အစားအသောက်များ "



အစာလဲဆေး၊ ဆေးလဲအစာဆိုတဲ့ အတိုင်းကျန်းမာရေးနဲ့ ညီညွတ်မျှတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးမယ်ဆိုရင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် အလွန်အထောက်အကူ ပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဘယ ကင်းစင်ယုံသာမက ရုပ်ရည်လှပနုပျိုနေစေဖို့ကလဲ အစားအသောက်နဲ့ ဆိုင်နေလို့ပါ။ နဂို ရှိရင်းစွဲထက် အိုမင်းရင့်ရော်နေရင် ဘယ်သူမှ ပျော်နိုင်မယ်မထင်ပါဘူး။ အောက်ဖော်ပြပါ အစားအသောက်တွေကတော့ ရုပ်ကိုရင့်စေတဲ့အတွက် လျှော့နိုင်သမျှ လျှော့စားနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

ချိုသောအစားအသောက်များ

သကြားပါဝင်မှုများတဲ့ အစားအသောက်တွေစားရင် အရေပြားကို ထိခိုက်စေပါတယ်။ ကိုယ်ထဲကဆဲလ် တွေ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သကြားပမာဏထက် များနေရင် ပိုနေတဲ့ သကြားမော်လီကျု (sugar molecules) တွေက ပရိုတင်းတွေနဲ့ ပေါင်းပြီး နောက်ဆုံးရလဒ်အဖြစ် ဓာတ်ပစ္စည်းတခု (advanced glycation end products) ထွက်ပေါ်လာပါတယ်။

"ခြေထောက်နာကျင်ကိုက်ခဲမှု သက်သာစေနည်း"


သင်ဟာ တစ်နေကုန် ဒေါက်ဖိနပ်စီး၊ လက်လီရောင်းချမှု လုပ်ငန်းမှာ အလုပ်လုပ်နေတယ် ဒါမှမဟုတ် ခြေထောက်သုံးရတဲ့ အလုပ်တစ်ခုခု လုပ်နေတဲ့သူဆိုရင် ဒါသင့်အတွက် အခွင့်အရေး ဖြစ်ပါတယ်။ ခြေထောက်နာကျင် ကိုက်ခဲခြင်းက အဆိုးဆုံး ခံစားမှုတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ အဲဒီ နာကျင်မှုဝေဒနာ ပျောက်ကင်းစေတဲ့ နည်းလမ်းတစ်ခုက ထိုင်ချပြီး နှိပ်နယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ပျားပန်းခတ် လှုပ်ရှားမှုကြောင့် ပိုသက်သာအောင် ကြာကြာထိုင်ဖို့ အခက်အခဲ ရှိကောင်း ရှိနိုင်ပါတယ်။ ကံအားလျှော်စွာနဲ့ပဲ ကိုက်ခဲနေတဲ့ ခြေထောက်ကို သက်သာစေမယ့် လွယ်ကူတဲ့ အိမ်တွင်းနည်းတစ်ခု ရှိပါတယ်။

" လည်ပတ်မှုအများဆုံး ကမ္ဘာ့ထိပ်တန်းမြို့ကြီး (၁၀) ခု "


MasterCard မှ ကမ္ဘာ့လည်ပတ်မှုအများဆုံးမြို့ကြီးများစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ယင်းစာရင်းညွှန်းကိန်းမှ ကမ္ဘာတစ်ဝှမ်း လည်ပတ်မှုအများဆုံး နိုင်ငံ ၁၃၂ နိုင်ငံရဲ့ အဆင့်သတ်မှတ်ချက်ကို ဖော်ပြပေးထားပါတယ်။ ဒီနှစ်မှာတော့ ဥရောပမြို့တချို့နဲ့အတူ အာရှမြို့ကြီးများက ယင်းစာရင်းကို လွှမ်းမိုးထားပါတယ်။

ကိုယ်စိတ်ဝင်စားနေတဲ့ Crush ကို ရုပ်မပေါက်အောင် ဘယ်လို ပိုးပန်းရမလဲ


တစ်ယောက်က တစ်ယောက်ကို ချစ်တယ်လို့ ပြောတဲ့နေရာမှာ ကြိုတင်ပြင်ဆင် ထားသင့်တာ လေးတွေရှိပါတယ်။ ဥပမာ မိန်းကလေးတွေဘက်ကဆို အခွင့်ကောင်းကို စောင့်ပြီး ဖွင့်ပြောဖို့ အဆင်မပြေပါဘူး။ ယောကျာင်္းလေးဘက်က ဖွင့်ပြောလို့ရမယ့် အခွင့်ကောင်း ကို ဖန်တီးပေးလို့ပဲရပါတယ်။ ယောကျာင်္းလေးဘက်က ဖွင့်ပြောမယ် ဆိုရင် လည်း ကောင်မလေးက ကိုယ့်ကို စိတ်ဝင်စားနိုင်ချေ ရှိလားဆိုတာကို အရင် တွက်ချက်ရဦးမှာပါ။ ကဲ ဒါဆိုရင်တော့ ကိုယ် စိတ်ဝင်စားနိုင်တဲ့သူနဲ့ နီးစပ်နိုင်ဖို့အရေး ရုပ်မပေါက်အောင် ဘယ်လို လှုပ်ရှားရမလဲ။

" ဟိတ်ကောင် မင်း စက်ဘီးကို နွားနို့ရအောင် အရင်ညှစ်ပြ ရရင်ငါဝယ်မယ် ဒါပဲ "

 

မြို့ပေါ်က စက်ဘီးအရောင်းဆိုင် တစ်ဆိုင်က တောရွာလေးတစ်ရွာကို
စက်ဘီးအရောင်းမြှင့်တင်ရေး သွားပါရော၊
အရောင်းစာရေးတစ်ယောက်က ရွာကနွားမွေးထားတဲ့ အဘိုးအိုတစ်ဦးကို
စက်ဘီးကောင်းကြောင်း ရှင်းပြပြီး တစ်စီးဝယ်ဖို့ တိုက်တွန်းလိုက်ပါတယ်၊
" မ၀ယ်တော့ပါဘူးကွာ စက်ဘီးက နွားတွေလောက် ကောင်းမှာမဟုတ်ပါဘူး"
" ဟာ အဘကလည်း စက်ဘီးက နွားပြေးတာကိုလောက်တော့ အသာလေးပဲ
ကျော်တက်သွားနိုင်တာပေါ့၊ မယုံရင်
တစ်စီးလောက် ၀ယ်စီးကြည့်ပါလား အဘရာ၊ စက်ဘီးကောင်းတာ အဘလက်ခံသွားမှပါ။"
" ဟိတ်ကောင် မင်း စက်ဘီးကို နွားနို့ရအောင် အရင်ညှစ်ပြ ရရင်ငါဝယ်မယ် ဒါပဲ "

Credit :  http://cherrypoem.blogspot.co.uk/2009/10/blog-post_3970.html

" ဘူတာရုံနဲ့တူတဲ့ ကောင်မလေး "

 

ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့

" ဘယ်သန်တွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၆) ချက် "

 
ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်က ဘယ်သန်တွေ ဖြစ်ပါတယ်။ ဒါတွေကတော့ လူသိပ်မသိသေးတဲ့ ဘယ်သန်တွေနဲ
့ပတ်သက်တဲ့ အချက်တွေပါ။

၁။ ရေအောက်ထဲမှာ ပိုမြင်နိုင်တယ်
အတော်ထူးဆန်းတဲ့အချက်ပါ။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ သိရပေမဲ့ အကြောင်းရင်းကိုတော့ သူတို့မသိပါဘူး။ ဘယ်သန်တွေမှာ လူတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းက ကွဲပြားခြားနားလို့ ဖြစ်နိုင်ပါတယ်။

၂။ ပန်းချီဆွဲပုံ ထူးခြားတယ်
ဘယ်သန် အများစုဟာ ညာဘက်ကို မျက်နှာမူနေတဲ့ ပန်းချီပုံတွေကို ဆွဲတတ်ပေမဲ့ ဘယ်ဘက်ကို ကြည့်နေတဲ့ ပုံတွေကို ဆွဲရာမှာ သူတို့အတွက် ခက်ခဲပါတယ်။ လီယိုနာဒို ဒါဗင်ချီဟာ နာမည်အကျော်ကြားဆုံး ဘယ်သန် ပန်းချီဆရာတစ်ယောက် ဖြစ်ပေမဲ့ ညာဘက်ကိုလှည့်တဲ့ ပုံတွေကို ပိုအားသန်ပါတယ်။

၃။ ယာဉ်မောင်းစာမေးပွဲအောင်တာ မြန်တယ်
 လေ့လာမှုများအရ ဘယ်သန် ၅၇ ရာခိုင်နှုန်းဟာ ယာဉ်မောင်းစာမေးပွဲကို ပထမဆုံးအကြိမ် ဖြေဆိုချိန်မှာပဲ အောင်မြင်ကြပြီး ညာသန်တွေထက် ၁၀ ရာခိုင်နှုန်း ပိုပါတယ်တဲ့။ ပြိုင်ကားမောင်းသမား Ayrton Senna အပါအဝင် အကောင်းဆုံး

" ပင်လယ်ထဲကနေ အကြိုက်ဆုံးစားသောက်ဆိုင်ကို နေ့တိုင်းလာပြီး အစာတောင်းတဲ့ ဖျံကြီး "

 
ဒီဖျံကြီးကတော့ အစွဲအလန်းကြီးပုံပါပဲ။ ဒီရဲ့ ပင်လယ်ဖျံကြီးကတော့ ပင်လယ်ထဲကနေ ကမ်းခြေနားမှာရှိတဲ့ မီးပြတိုက်
လို့အမည်ရ ပင်လယ်စာ စားသောက်ဆိုင်ကြီးကို နေ့တိုင်းလိုလို လာရောက်စားသောက်တတ်တယ်လို့ သိရပါတယ်။

ဒီလိုလာဖို့အတွက်တော့ ဖျံကြီးဟာ ကုန်းပေါ်မှာ လမ်းတစ်လမ်းကိုလည်း ကူးရပါသေးတယ်။

စားသောက်ဆိုင်အရောက်မှာ အစားအစာတွေတောင်းစားပြီး ပင်လယ်ထဲကို ပြန်ဆင်းသွားတတ်တယ်။

တစ်ခါတစ်လေမှာတော့ ဒီဖျံကြီးကို စားသောက်ဆိုင်ပိုင်ရှင်က ခုံတစ်ခုံနဲ့ ခြောက်ပြီး ပင်လယ်ဘက်ကို ပြန်ခေါ်သွားတတ်ပြီး

" တချိန်ကျရင် ရရှိလာနိုင်တဲ့ နောင်တများ "

 
ဆည်းဆာချိန် နောင်တများ
လူသားတွေဟာ သေခြင်းတရားနဲ့ နီးနီးကပ်ကပ်ရင်ဆိုင်လာရချိန်မှာ ပိုမိုပြီးရင့်ကျက်လာတတ်ကြပါတယ်။ နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ တစ်ယောက်ခြင်းစီဟာ စိတ်ခံစားမှုအမျိုးမျိုးကို တွေ့ကြုံခံစားကြတတ်ပါတယ်။ တချို့တွေက လက်မခံနိုင်ဖြစ်မယ်၊ တစ်ချို့တွေကတော့ ကြောက်လန့်တတ်ကြသလို ဒေါသဖြစ်တဲ့သူ၊ သံဝေဂရသူနဲ့ လက်ခံနိုင်စွမ်းရှိသူတွေဆိုပြီး အမျိုးမျိုးပါပဲ။ ဒီလို ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ နောင်တအရဆုံးကိစ္စတွေကို မေးမြန်းဆွေးနွေးကြည့်တဲ့အခါမှာတော့ အခုဖော်ပြပေးမယ့် ကိစ္စ()ခုက အများစုမှာ ခံစားနေကြရတာကို တွေ့ရပါတယ်။

၁။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ပဲ ငါ့ဘ၀ကို ငါ့စိတ်တိုင်းကျရှင်သန်ခဲ့ဖို့ သတ္တိရှိခဲ့ချင်တယ်။
ဒီကိစ္စက အများဆုံးရလေ့ရှိတဲ့ နောင်တတစ်ခုပဲဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ဘ၀အဆုံးသတ်ခါနီးပြီဆိုတာကို သဘောပေါက်ပြီါ် အတိတ်ကို ရှင်းရှင်းလင်းလင်းပြန်ကြည့်ကြတဲ့ အခါတိုင်းမှာ သူတို့ရဲ့အိမ်မက်တွေ မပြည့်ဝခဲ့တာကို အလွယ်တကူပဲ မြင်နိုင်ကြပါတယ်။ လူအများစုဟာ သူတို့ရင်ထဲမှာရှိတဲ့ စိတ်ကူးအိပ်မက်တွေရဲ့ ထက်ဝက်လောက်ကိုတောင် ပြည့်ဝအောင် မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့စိတ်ကူးအိမ်မက်တွေ၊ သင်လုပ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့ အချိန်ရှိတုန်း ကြိုးစားရမှာဖြစ်ပါတယ်။ သင့်ရဲ့ကျန်းမာရေးယိုယွင်းလာချိန်မှဆိုရင် အရမ်းကိုနောက်ကျနေပြီဖြစ်ပါတယ်။

၂။ အလုပ်တွေချည်းပဲ လုပ်မနေခဲ့သင့်ဘူး။
အမျိုးသားတွေ နောက်ဆုံးအချိန်မှာရတတ်တဲ့ နောင်တတစ်ခုဖြစ်ပါတယ်။ အမျိုးသားအများစုဟာ အလုပ်အတွက်ပဲ အချိန်ကုန်နေတတ်ပြီး ကလေးတွေ ဘယ်လိုအရွယ်ရောက်လာသလဲဆိုတာကိုတောင် သတိမပြုမိတတ်ကြပါဘူး။ အမျိုးသမီးတွေလည်း ဒီလိုနောင်တမျိုးရနိုင်ပါတယ်။ ဒါပေမယ့် အချိန်ပြည့် အလုပ်တာဝန်တွေနဲ့ ရှုပ်နေတတ်တဲ့ အမျိုးသားတွေလောက်တော့ နောင်တမရတတ်ကြပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့လည်း အလုပ်နဲ့ ဘ၀ကို ညီညွတ်မျှတအောင် စီမံနိုင်ဖို့အရေးကြီးပါတယ်။

၃။ ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ သတ္တိရှိခဲ့ချင်တယ်။
လူအများစုဟာ အခြားသူတွေနဲ့ ပြေလည်နေဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြပါတယ်။ ဒီလိုမျိုသိပ်ထားတဲ့အတွက်ပဲ သူတို့ဟာ သာမာန်မျှပဲ ရပ်တည်ရှင်သန်ခဲ့ရပြီး လုပ်ချင်တာကို အပြည့်အ၀မလုပ်ခဲ့ကြရပါဘူး။ မချိတင်ကဲဖြစ်တာတွေ၊ ခံပြင်းနာကျည်းတာတွေကနေ နာမကျန်းမှုတွေတောင်ဖြစ်လာနိုင်ပါတယ်။ တကယ်တော့

" ချစ်သူနှစ်ဦးကြား ပြီးပြည့်စုံသော ဆက်ဆံရေး၏ သဘောတရားများ "

 
ချစ်သူနှစ်ဦးကြား ပြီးပြည့်စုံသော ဆက်ဆံရေး၏ သဘောတရားများ
သင်နဲ့ သင့်ရဲ့ချစ်သူအကြား နှစ်ဦးသားဆက်ဆံရေးဟာ ပြီးပြည့်စုံနေပြီလို့ ယူဆပါသလား။ သင်တို့ရဲ့ဆက်ဆံရေးကို အခြားစုံတွဲတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ချစ်သူစုံတွဲတွေအကြား စံထားသတ်မှတ်ထားတဲ့ ဆက်ဆံရေးမျိုးမရှိပါဘူး။ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့လက်တွဲဖော်အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ပဲ လိုအပ်တာပါ။ သင်တို့နှစ်ဦးစလုံးက လက်ရှိအခြေအနေမှာ ပျော်ရွှင်ချမ်းမြေ့နေမယ်ဆိုရင် ပြီးပြည့်စုံနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ပြီးပြည့်စုံတဲ့ နှစ်ဦးသားဆက်ဆံရေးက ဘယ်လိုလဲဆိုတာကို ပိုပြီးသိရှိနိုင်ဖို့ တကယ်ပြီးပြည့်စုံတဲ့ စုံတွဲတွေရဲ့ အမူအကျင့်တွေကို လေ့လာကြည့်ပါ။

၁။ ငြင်းခုံတတ်ခြင်း
နှစ်ဦးသား ငြင်းခုံကြတာဟာ သာမန်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ သင်တို့နှစ်ဦးစလုံးက လူသားတွေဖြစ်တဲ့အတွက် တစ်ဦးပြောတာကို တစ်ဦးက လက်မခံနိုင်ရင် ငြင်းခုံကြရမှာပဲဖြစ်ပါတယ်။ ဒီလိုငြင်းခုံတာက ပုံမှန်ပဲဆိုလို့ အငြင်းပွားစရာကိစ္စတွေ များလာလို့တော့မဖြစ်ပါဘူး။ အငြင်းပွားစရာကိစ္စပေါ်လာရင် နှစ်ဦးမှာ တစ်ဦးက စိတ်ရှည်သည်းခံပြီး ကျိုးသင့်ကြောင်းသင့်ရှင်းပြတတ်ရမှာဖြစ်ပါတယ်။ အတူတကွအဖြေရှာကြဖို့ပဲ ဖြစ်ပါတယ်။
၂။ သီးခြားရပ်တည်မှုကို အသိအမှတ်ပြုခြင်း
သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိပြီဆိုရင် သူအကြိုက်အရာအားလုံးကို လုပ်ဆောင်တတ်ကြပြီး သင့်ရဲ့သီးခြားဖြစ်တည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီလိုဖြစ်ဖို့မလိုပါဘူး။ ပြီးပြည့်စုံတဲ့ စုံတွဲတွေမှာ တစ်ဦးရဲ့ ၀ါသနာ၊ အကျင့်စရိုက်စတာတွေကို တစ်ဦးက လေးစားသမှုနဲ့ အသိအမှတ်ပြုတတ်ကြပြီး သူတို့လက်တွဲဖော်ရဲ့ သီးခြားဖြစ်တည်မှုကို အလေးထားတတ်ကြပါတယ်။ ဒါကပဲ နှစ်ဦးသားဆက်ဆံရေးရဲ့လှပမှုဖြစ်ပါတယ်။

၃။ အပြန်အလှန် နေရာပေးခြင်း
ပြီးပြည့်စုံတဲ့ နှစ်ဦးသားဆက်ဆံရေးဆိုတာဟာ တစ်ယောက်ဘေးမှာ တစ်ယောက်အချိန်တိုင်းအတူရှိနေဖို့ မဟုတ်ပါဘူး။ တစ်ဦးချင်းကိုယ်ပိုင်အချိန်တွေ ကိုယ်စီကိုယ်ငှလိုအပ်ကြပါတယ်။ ဒါ့ကြောင့် လက်တွဲဖော်အတွက် အချိန်ပေးသလို၊ အခြားလူတွေအတွက် ဒါမှမဟုတ် သင်စိတ်ဝင်စားတာကို လုပ်ဆောင်ဖို့ အချိန်ပေးသင့်ပါတယ်။

၎။ ကွဲပြားခြားနာမှုများကို လက်ခံနိုင်ခြင်း
အရာအားလုံးအတွက် စိတ်သဘောချင်းထပ်တူကျနေဖို့ မလွယ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ထင်မြင်ယူဆမှုတွေ ကွဲလွဲနေနိုင်ပါတယ်။ ဒီလို ကွဲပြားမှုကို လက်ခံပြီး အတူနေထိုင်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ သင့်ရဲ့အယူအဆကို တစ်ဖက်က လက်ခံဖို့ကိုလည်း အတင်းလုပ်ယူလို့မရပါဘူး။ ဒါ့ကြောင့် ကွဲပြားခြားနားမှုတွေကို နားလည်လက်ခံနိုင်ဖို့က အဓိကကျပါတယ်။

၅။ အမှားတွေကို ခွင့်လွှတ်ပေးနိုင်ခြင်း
အမှားလုပ်တတ်တာဟာ လူ့သဘာဝဖြစ်ပါတယ်။ ဒီအချက်ကို လက်ခံပြီး အမှားလုပ်မိရင် နားလည်ခွင့်လွှတ်ပေးနိုင်ဖို့

March 15, 2016

" မြန်မာနိုင်ငံမှာ အသားဖြူဆေးထိုးလိုသူတွေအတွက် အသားဖြူထိုးဆေးဘယ်မှာ ထိုးနိုင်သလဲဆိုရင် "

http://static.kaymu.com.mm/p/other-4734-34189-1-zoom.jpg

 ခရုသင်းစွဲလို့ အသားအရေ မညီမညာကွက်တိကွက်ကြားဖြစ်နေသူတွေလဲ တပြေးတည်း အသားအရေညီသွားအောင်
ဖြူဝင်းသွားအောင် အသားဖြူ ဆေးထိုးလို့ရပါပြီ.......

-Glutax 75GS Nano Pro Stem Cell (Italy Made ISO 9001 & GMP certified) အသားဖြူ ထိုးဆေး (၁၀) ကြိမ်စာလုံး ကို 350000 Ks နဲ့ Beauty Island မှာ ဝယ်ယူရင်တော့ အသားအရေကို ကြည်လင်တောက်ပစေမဲ့ Ascorbic Vitamin C injection ကိုပါ လက်ဆောင် ပေးအုန်း မှာပါ။ -Nano Glutathione , Nano Ascorbic acid and Epidermal Growth Factor and Best Active Ingredient and Apple Stem Cell ပါဝင်လို့ အသားအရေ ဖြူဝင်းမူနဲ့  နုပျိုမူကိုပါ တပြိုင်နက်တည်း ရရှိစေပါတယ်. -Epidermic Growth Factor ပါဝင်လို့ အမာရွတ် တွေကိုပါ မှေးမှိန် ပျောက်ကင်းစေပါတယ်. -Nano Glutathione and Ascorbic Acid(Active Vitamin C) ကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည် နဲ့  ကိုယ်ခံအားကိုလည်း အလွန်ကောင်းမွန်စေပြီး ကျန်းမာစေပါတယ် ။ -Apple Stem Cell အစွမ်းကြောင့် နေရောင်ကြည် ကြောင့် ပျက်စီးနေသောသားအရေကို ဖြူဝင်းစိုပြေစေပြီး ဝက်ခြံ၊ ချွေးပေါက်များကိုပါ သက်သာပျောက်ကင်းစေပါတယ်။ -Collegen , Pro Vitamin B3 , B5 , E တွေ ကြောင့် မည်းနေတဲ့ ဆဲလ် အဟောင်းများကို ဖြူဝင်းသော ဆဲလ်အသစ်များ အဖြစ် ပြောင်းလဲပေးပါတယ်. -တပတ် တကြိမ်

" အမည်မသိရေနေသတ္တ၀ါ သောင်းနှင့်ချီ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေပေါ် တက်လာ "

 aHR0cDovL3BlMi5pc2Fub29rLmNvbS9ucy8wL3VkLzM5Mi8xOTYwNjc0L2Rjc2RkLmpwZw==
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးကစ်ကမ်းခြေမှာ အမည်မသိရေနေသတ္တ၀ါတမျိုး  ထောင်နဲ့ချီ ကုန်းပေါ်တက်လာတယ်လို့ ဒေသခံများရဲ့အပြောကို ကိုးကားပြီး Sanook.com သတင်းမှာ ဖော်ပြပါတယ်။
ဒီကနေ့မနက်က ဖူးခက် ကမ်ခြေနဲ့ မီတာ ၅၀၀ လောက်အကွာမှာ အရင်က တကြိမ်တခါမှ မတွေ့ဖူးသေးတဲ့ အရိုးမဲ့ ရေသတ္တ၀ါတမျိုး အကောင်ရေ ၁ သောင်းကျော် ကုန်းပေါ်တက်လာတာ တွေ့ရှိရကြောင်း ဒေသခံများရဲ့ အပြောကို ကိုးကားဖော်ပြလိုက်တာ ဖြစ်ပါတယ်။
တချို့ဒေသခံတွေကလည်း အဲဒီအကောင်ဟာ သူ့ဖာသာတက်လာတာမဟုတ်ဘဲ လှိုင်းပုတ်လို့ ရောက်လာတာလို့ ပြောကြပါတယ်။
သတင်းထောက်တွေက ကမ်းခြေရှိရာသွားရောက်ပြီး ထူးဆန်းတဲ့အကောင်တွေကို ဗွီဒီယို၊ ဓာတ်ပုံ ရိုက်ယူကာ ဖူးကစ်ခရိုင် ကပ္ပလီပင်လယ်နဲ့ကမ်းစပ်ဆိုင်ရာသဘာဝ အရင်းအမြစ်ဖွံ့ဖြိုးရေး သုတေသနဌာနကို ပေးပို့ခဲ့ပါတယ်။
ညွှန်ကြားရေးမှူး နိုင်းဆုမ်ကစ် ခေါကလစ်ဝုန်းက ဒါဟာ ပင်လယ်မျှော့တမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပြီး အမျိုးအစားအတိအကျကို သိရဖို့အတွက်တော့ ၀န်ထမ်းတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး  အဲဒီအကောင်တွေကို ဓာတ်ခွဲခန်းပို့ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
အဆိုပါအကောင်မျိုးဟာ လွန်ခဲ့တဲ့ ၂-၃ နှစ်ခန့်ကတော့ မလေးရှားနိုင်ငံကမ်းခြေပေါ်လည်း  တက်လာခဲ့ဖူးတယ်လို့

" ငှက်ကုလားအုတ် အလိုက်ခံရ၍ သေလုမျောပါး ထွက်ပြေးခဲ့ရသည့် စက်ဘီးသမားနှစ်ဦး "


တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့မှာ မတ်လ ၇ ရက်နေ့က ကျင်းပတဲ့ စက်ဘီးစီးခရီးစဉ် တခုတွင်းမှာ စက်ဘီးသမား ၂ ဦးဟာ ငှက်ကုလားအုပ် အလိုက်ခံခဲ့ရလို့ သေလုမျောပါး ထွက်ပြေးခဲ့ရပါတယ်။
ကိပ်တောင်းစက်ဘီးစီးပွဲဟာ ကမ္ဘာတလွှား စက်ဘီးသမား ၃၅၀၀၀ နီးပါး ပါဝင်ဆင်နွှဲကြတဲ့ လူသိများတဲ့ပွဲတခု ဖြစ်ပါတယ်။
အကွာအဝေး ၆၈ မိုင်ရှိတဲ့ ခရီးကို စက်ဘီးနဲ့ စီးနင်းကာ ဖြတ်သန်းချိန် လမ်းခုလတ်မှာ ငှက်ကုလားအုတ်တကောင်ဟာ ရုတ်တရက် သူတို့နောက်က ပြေးလိုက်ခံခဲ့ရတာပါ။
ငှက်ကုလားအုတ်တွေဟာ မပျံသန်းနိုင်ပေမယ့် ယှဉ်ပြိုင်တာကို နှစ်သက်တာကိုတော့ မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့နိုင်ပါတယ်။
အဲဒီငှက်ကုလားအုတ်ဟာ သူ့ရဲ့ အင်အားရှိတဲ့ ခြေတံတွေကို တက်မအဖြစ် အသုံးပြုပြီး စက်ဘီးသမား ၂ ဦးနောက်ကို တနာရီ ၄၃ မိုင်နှုန်းနဲ့ ပြေးလိုက်ခဲ့တာလို့ ဆိုပါတယ်။
ကံကောင်းထောက်မစွာပဲ စက်ဘီးသမား ၂ ဦးကို အဲဒီငှက်ကုလားအုတ်က မဖမ်းမိခဲ့ဘဲ လွတ်မြောက်ခဲ့တာပါ။
ငှက်ကုလားအုတ်တွေမှာ ရှည်လျားချွန်ထက်တဲ့ ခြေသည်းတွေ ပါဝင်တဲ့ သန်မာတဲ့ ခြေထောက်တွေပါရှိပြီး ခြင်္သေ့လိုသတ္တ၀ါနဲ့ လူတွေကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိတဲ့အတွက် ခုလို

" မိန်းမတစ်ယောက်ရဲ့ ဘယ်အရာတွေကို ယောက်ျားတစ်ယောက်က အရင်ဆုံး သတိပြုမိပါသလဲ "

 
 ယောက်ျားတိုင်းမှာ မိန်းမတစ်ယောက်ကိုတွေ့တဲ့အခါ သတိပြုမိလေ့ရှိတဲ့အရာတွေက တူညီလေ့ရှိပါတယ်။့် ဦးနှောက်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်ကြောင့် ဘယ်လိုယောက်ျား အမျိုးအစားဖြစ်ပါစေ မိန်းမတစ်ယောက်ကို ပထမဆုံးတွေ့တဲ့ အချိန်မှာ သတိအပြုမိဆုံး အရာတွေက အများအားဖြင့် ထပ်တူပါပဲ။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ ထူးခြားတဲ့ သတိထားမှုလေးတွေကို မိန်းကလေးတွေ သိထားနိုင်ဖို့အတွက် ဖော်ပြပေးချင်ပါတယ်။

ဆံပင် ။ မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ကို ကြည့်ပြီး အဲ့ဒီမိန်းကလေးက သူ့ကိုယ်သူ ဘယ်လို ထိန်းသိမ်းလဲဆိုတာ အများကြီး သိနိုင်သလို ယောက်ျားလေးတွေ အရင်ဆုံး သတိပြုမိတဲ့ အရာဖြစ်ပါတယ်။

ကိုယ်လုံး ကိုယ်ပေါက် ။မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားက လူအများကြီးထဲကနေ တစ်ယောက်ထဲ ခွဲထုတ်ပြီး ပြသလို ပြနိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။ဒါကြောင့် ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ကို သတိထားမိစေတာ ကိုယ်လုံး ကိုယ်ပေါက် ဆိုရင် မမှားနိုင်ပါဘူး။

နှုတ်ခမ်း ။ယောက်ျားတွေကို မိန်းမတွေရဲ့ ပထမဆုံး ဆွဲဆောင်နိုင်တဲ့ အရာက နှုတ်ခမ်းပဲ ဖြစ်ပါတယ်။

ဖိနပ် ။မိန်းမတစ်ယောက်မှာ ယောက်ျားတွေ သတိပြုမိတဲ့အရာက ဖိနပ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲကြနိုင်ပေမဲ့ ဒါက အမှန်တရားပါပဲ။ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်တွေ စီးလေ့ရှိတယ်လို့ ယူဆထားတဲ့သူတွေ အများကြီးရှိပါတယ်။

မျက်လုံး ။မိန်းမတစ်ယောက်ရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံထက် ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ညှို့ငင်နိုင်တဲ့ အရာမရှိပါဘူး။

အပြုံး ။မိန်းကလေးတစ်ယောက်ရဲ့ အပြုံးက ယောက်ျားတစ်ယောက်ကို ပစ်ကျသွားစေနိုင်တဲ့ အကြီးမားဆုံး လက်နက်ပဲ ဖြစ်ပါတယ်။

ရင်သား ။ယောက်ျားလေးက မိန်းကလေးတစ်ယောက်ရဲ့ ရင်သားကို သတိမပြုမိပါဘူးလို့ ဆိုခဲ့ရင် အကြီးမားဆုံး

" နင်နဲ့ငါ လက်ထပ်ကြတဲ့အခါ "

တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ဒါပေမယ့်စကားများတဲ့အခေါက်တိုင်
ယောက်ျားဖြစ်သူက အလျှော့ပေးတတ် တယ်။
.
တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့မေးလာမိတယ်။
.
"ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"
.
သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။ "မင်းက ကိုယ့်မိန်းမ လေကွ။ဘာပဲပြောပြော ရှေ့ ဘဝက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာ
ှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။

တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့

" အ၀တ်စားအသစ်များကို ရေမလျှော်ဘဲ လုံးဝ လုံးဝ မ၀တ်နဲ့နော် "

ခုဆိုရင် အထည်ချုပ်တွေတော်တော်များများက တရုတ်ပြည်ဘက်မှာ တော်တော်များများ ရပ်တည်လာကြတာပါတယ်။
ရှန်ဟိုင်းက အမျိုးသမီးငယ်တစ်ဦး ဖက်ရှင်ဆိုင်တစ်ခုမှ ဂျင်းဘောင်းဘီ ၀ယ်လာပြီး ရေမလျှော်ဘဲ ၀တ်ဆင်မိတဲ့အတွက် ၄င်းဂျင်းဘောင်းဘီ ဆိုးဆေးကြောင့်ဖြစ်လာတဲ့ ဓါတ်သဘာဝနဲ့ မတည့်တဲ့အတွက် အလာဂျီလ်တွေ ထလာပြီး အ၀တ်မကပ်နိုင်အောင် ဖြစ်ပြီး ဆေးရုံတောင်တက်ယူလိုက်ရပါတယ်။
ဘာပဲပြောပြော သူ့အရေပြားဟာ Sensitive ဖြစ်လို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မနုဿ အားလုံးကိုပြောချင်တာက ဘယ်အ၀တ်စားမဆို အထည်ချုပ်ကနေ ထုတ်လိုက်တာနဲ့ တန်းရောင်းလိုက်ရတာမရှိပါဘူး ။ အထည်ချုပ်တော်တော်များများက လည်း ဘောင်းဘီ ၊ အကျီ င်္ ချုပ်ပြီးတာနဲ့ ပြန်လည်ရေလျှော်ကြတာမဟုတ်ပါဘူး။ တန်းပြီး ဈေးကွက်မှာ ချရောင်းလိုက်တာပါပဲ။ ဈေးကွက်ရောက်လာတဲ့ အထည်တွေကလည်း ၀ယ်သူလက်ထဲကို တန်းရောက်တာမဟုတ်ဘဲ အချိန်အတော်ကြာထိ ချိတ်ဆွဲပြသ ထားတာမျိုးလည်းရှိတဲ့အတွက် ဖုန့်မှုန့်တွေ ပိုးမွှားတွေအလွယ်တကူကပ်ညှိနိုင်ပါတယ်။
နောက်ပြီး အ၀တ်ထည်တွေကို မ၀ယ်ဖြစ်ဘဲ စမ်းကြည့်တဲ့သူတွေလည်း ဒီအထည်မထွက်ခင်ချိန်ထိ အမြောက်အမြားရှိနိုင်ပြီး သူ့မှာလည်း အရေပြားရောဂါ မရှိဘူးဆိုတာလည်း ဘယ်သူမှ အသေချာမသိကြပါဘူး။
ဒါကြောင့် မနုဿ အဓိကပေးချင်တဲ့ အသိပညာလေးကတော့ အ၀တ်အစားတွေ ဆိုင်က၀ယ်ပြီးတာနဲ့ တန်းဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့ ။အိမ်ရောက်ပြီး လျှော်ဖွတ် မီးပူထိုးပြီးမှ ၀တ်တာ အကောင်းဆုံးပေါ့။ အထူးသဖြင့် ကလေးအ၀တ်အစားတွေရော ကျားဝတ် မ၀တ် အတွင်းခံတွေက ပို ဂရုတစိုက်ရှိရပါမယ်။
သိသွားသူတွေလည်း မသိသေးတဲ့သူတွေကို လက်ဆင့်ကမ်းဝေမျှရင်း ကျန်းမာရေး အသိတွေ တိုးပွားလာအောင်

March 14, 2016

" အမျိုးသားတွေကို စိတ်လှုပ်ရှားသွားစေနိုင်တဲ့ အထိအတွေ့ (၄) မျိုး "


ဒါကတော့ ချစ်သူရှိပြီးသား၊ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေ သိထားသင့်တဲ့ အရာတွေပါ။ ကိုယ့်ချစ်သူကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိတွေ့တဲ့အခါ စိတ်လှုပ်ရှား သွားတတ်ကြပါသလဲ။ အမျိုးသမီးတွေလိုပဲ သူတို့မှာလည်း ထိလိုက်တာနဲ့ အသည်းယား၊ စိတ်လှုပ်ရှားသွားတဲ့ နေရာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ မေးရိုး
အမျို သားတွေဟာ သူတို့ရဲ့ မေးရိုး၊ မေးစေ့တွေကို ချစ်သူ အမျိုးသမီးက လက်ချောင်းလေးတွေနဲ့ လာရောက် ထိတွေ့တဲ့အခါ စိတ်လှုပ်ရှားတတ်ကြပါတယ်တဲ့။ ပျော်ရွှင်မှုကိုလည်း ခံစားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ပြောပြထားသူကတော့ အိပ်ယာထဲက အမျိုးသားများ (Men in Bed) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Barbara Keesling ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်သူကောင်လေးနဲ့ အနမ်းမခြွေခင် သင့်ရဲ့ လက်ချောင်းလေးတွေနဲ့ နားအောက်ပိုင်း မေးရိုးတောက်လျှောက် ညင်သာစွာ ပွတ်သပ်ပေးဖို့ လိုပါတယ်။

၂။ ပခုံးသား
နောက်ထပ် အမျိုးသားတွေ စိတ်လှုပ်ရှားစေတဲ့ နေရာကတော့ ပခုံးသားတွေပါပဲ။ ပခုံးကို ပွတ်သပ်ပေးခြင်းအားဖြင့် အမျိုးသားတွေဟာ extra sensitive ဖြစ်တယ်လို့ ဆိုရတဲ့အထိကို သူတို့စိတ်ထဲ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေကို သင်ဖန်ဆင်းပစ်လိုက်နိုင်မှာပါ။ ပခုံးဆိုတာ စိတ်ဖိစီးမှုတွေရှိတဲ့အခါ တောင့်တောင့်တင်းတင်းလည်း အရှိနိုင်ဆုံးနေရာပါ။ ဒီတော့ ချစ်သူနဲ့ မျက်နှာချင်းဆိုင်လိုက်ပါ။ အဲ့ဒီနောက်မှာ လက်မလေးကိုသုံးပြီး သူ့ပခုံးတစ်လျှောက် ညင်သာစွာ ပွတ်ဆွဲပေးလိုက်ပါ။ သူ့ပုံစံက သက်သက်သာသာရှိလာပြီ၊ ဖိစီးမှုတွေနည်းသွားတဲ့ပုံပေါက်မှသာ သင့်လက်ကိုလွှတ်ချလိုက်ပါ။

၃။ ပေါင်အတွင်းသား
အမျိုးသားတွေဟာ သူတို့ပေါင်အတွင်းဘက်ကို ထိမိလိုက်ရင် နည်းနည်းတွန့်သွားတတ်ပါတယ်။ ကိုယ့်ချစ်သူ ပေါင်အတွင်းသားကို ဆွဲယူပြီး ကိုင်ထိရမယ်ဆိုတာကလည်း နှစ်ယောက်စလုံးအတွက် အူတိအူကြောင်နိုင်လွန်းတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ပေါင်အတွင်းဘက်က သွေးကြောတွေကို ထိတွေ့ပေးခြင်းဟာ အမျိုးသားတွေကို စိတ်လှုပ်ရှားစေနိုင်သလို ကာမစိတ်လည်း နိုးကြားစေတယ်လို့ သိရပါတယ်။ ဒီအချက်ကတော့ အိမ်ထောင်သည်တွေ

" ကောင်မလေးရေ........."


ကောင်မလေးရေ……
နင်မရှိတော့ မှ……
ရွက်ခြောက်တွေကို  လှေလုပ်စီး….
မျက်ရည်မြစ်ကြီးမှာလည်း….
အဆွေးတွေနဲ့ စီးမျော….
မပြီးနိုင်တဲ့  အချိန်ရဲ့ သဘောကို
လွမ်းချင်းတွေနဲ့ ရောဖူးတယ်…

ကောင်မလေးရေ…..
နင်မရှိတော့မှ…..
အချိန်မှန် ရွေ့လျားတဲ့  နာရီ တစ်လုံးရဲ့ဘေး
မျက်ရည်တွေနဲ့ ဆွေးလို့
အချိန်တွေရယ် ပြေးနေတာကို
အတွေးတွေ နဲ့ ငေးဖူးတယ်…..

ကောင်မလေးရေ……
နင်မရှိတော့မှ…..
တမ်းတမှုတွေ ငါ့ရှေ့ချ….
မှန်းဆ မရတဲ့ တို့နှစ်ယောက် အချစ်တွေကို
မျှော်လင့်ခြင်းတွေနဲ့ ရောသမ
လွမ်းလှလို့ မောရ
ပြောမရအောင်  ကြေကွဲရတယ်……

ကောင်မလေးရေ……
အတိတ်တွေ ကြားကို  တို့နှစ်ယောက်ပြေး……

" ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက်နေစေဖို့ စားသင့်တဲ့ အစားအစာများ"


အသက်အရွယ် ရလာတာနဲ့အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ်တွေဟာ ကျဆင်းသွားတယ် ဆိုတာ မဟုတ်ပါဘူး။

ဦးနှောက်အတွက် အာဟာရ ပြည့်နေရင်တော့ အသက်ကြီးလာပေမယ့်လည်း ဦးနှောက်ထဲမှာ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုအားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ အောက်ကနည်းလမ်းလေးတွေကတော့ ဦးနှောက်အမြဲကောင်းနေအောင် အစားအသောက်ပုံစံနဲ့ ထိန်းသိမ်းတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ 

မှတ်ဉာဏ်ကောင်းအောင် ငါးစားပါ

ပင်လယ်စာကို တစ်ပတ်နှစ်ကြိမ် စားပေးတာဟာ ဦးနှောက်အတွက် အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ပါဝင်တဲ့ Omega-3 အဆီတွေဟာ မှတ်ဉာဏ် ဆုတ်ယုတ် စေတတ်တဲ့ ဦးနှောက်အတွင်း ရောင်ရမ်းမှုတွေကို လျှော့ချနိုင်လို့ပါ။ ငါးစားလို့ရတဲ့ အကျိုးကျေးဇူးဟာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အပတ်စဉ် ငါးဟင်း များများ စားတာကြောင့် မှတ်ဉာဏ်ပြဿနာ ၆၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

အာရုံစူးစိုက်မှု ပိုကောင်းအောင် အသားစားပါ

ပစ်မှတ်အပေါ် အာရုံစိုက်မှု ကောင်းအောင် ကူညီနိုင်တဲ့ dopamine ခေါ်တဲ့ Neurotransmitter ဦးနှောက်မှ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့

" အိမ်အလုပ် ကူမလုပ်ပေးလို့ ခင်ပွန်းရဲ့  ဝှေးစေ့ကို တစစီ စုတ်ဖြဲလိုက်တဲ့ အမျိုးသမီး"


အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဇနီးသည်ကို ပန်း လက်ဆောင်ပေးဖို့ မေ့နေခဲ့သလို ဇနီးသည်က အိမ်အလုပ်တွေကူလုပ်ပေးဖို့ တောင်းဆိုရာမှာလည်း ငြင်းဆိုခဲ့တဲ့ ခင်ပွန်းတစ်ဦးရဲ့ ဝှေးစေ့ ကို ဇနီးသည် ရိုမေးနီးယားနိုင်ငံသား အမျိုးသမီးက တစစီ ဆုတ်ဖြဲလိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ရိုမေးနီးယားနိုင်ငံ ၊ အရှေ့ မြောက်ဘက် က Vaslui ဒေသမှာ ရှိတဲ့ Drogomiresti ဆိုတဲ့ ကျေးရွာလေးမှာ နေထိုင်သူ အသက် ၃၉ နှစ်အရွယ် Ionel Popa ဟာ ဝှေးစေ့ အရေပြားတွေ စုတ်ပြဲ ကုန်တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတာပါ။

Ionel Popa ရဲ့  ဇနီးဖြစ်သူ က သူ့ရဲ့  ဝှေးစေ့ကို ဖြစ်ညှစ်ပြီး ဆုတ်ဖြဲလိုက်တာကြောင့် အခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး ဇနီးသည်ကတော့ သူမရဲ့  ကိုယ်ပိုင်ခွန်အားကို မခန့်မှန်းမိခဲ့လို အခုလိုဖြစ်သွားရခြင်း ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

Ionel Popa ရဲ့  ဝှေးစေ့ အရေပြားဟာ စုတ်ပြဲသွားတာကြောင့်သူ့ရဲ့ ဘယ်ဘက် ဝှေးစေ့ တစ်လုံးဟာ ပြုတ်ထွက်သွားခဲ့ရပြီး ဆေးရုံရောက်ရောက်ချင်းပဲ ထိုထိခိုက်မှုကို ကုသဖို့ အရေးပေါ် ခွဲစိတ်မှု

"မက္ကဆီကိုကမ်းခြေတွင် အမျိုးအမည်မသိ သတ္တ၀ါကြီးတစ်ကောင် လာရောက်သောင်တင်"


မက္ကဆီကိုစီးတီး ၊ ၁၃-၃-၂၀၁၆

ကျွမ်းကျင်ပညာရှင် များက အမျိုးအမည် အတည်ပြု ပေးနိုင်ခြင်း မရှိသော ကြောက်မက်ဖွယ် အသွင်သဏ္ဌာန် ရှိသည့် ရေနေ သတ္တဝါကြီး တစ်ကောင်သည် မက္ကဆီကိုနိုင်ငံ ရှိ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်ပတ်လေ့ ရှိသော ကမ်းခြေတစ်ခုသို့ လာရောက် သောင်တင်လျက် ရှိကြောင်း သိရသည်။

အရှည် ၄ မီတာ(၁၃ ပေ) ရှိသည့် ခြေလေးချောင်းပါ အဆိုပါ သတ္တဝါကြီးကို မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း ဂူရီရိုပြည်နယ် အကာပူလ်ကိုမြို့ ရှိ ဘွန်ဖီလ် ကမ်းခြေတွင် သောင်ပြင် လမ်းလျှောက်သူ များက တွေ့ရှိခဲ့ခြင်း

March 13, 2016

" ချစ်မိတဲ့ မိန်းကလေးတွေရဲ့ ဒုက္ခ (၇) မျိုး "

 
ဘယ်လိုပဲ စိတ်ကို တင်းထားပါစေ၊ နောက်ဆုံးမှာ အချစ်မှာ အဖတ်ဆယ်လို့မရအောင် ပျော်ဝင်သွားတတ်ကြတာ မိန်းကလေးတွေပါ။

၁။ ခံစားချက်ကို ဖော်ပြရမလား၊ ထိန်းထားရမလား ဝေခွဲမရဘူး

ကိုယ်ချစ်တဲ့သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြလိုက်ရင်လည်း သူအနိုင်ယူသွားမှာာဆိုးတယ်။ ထိန်းထားပြန်ရင်လည်း ကိုယ့်ကို မချစ်တတ်သူ၊ အေးစက်သူလို့ ထင်ခံရမှာ စိုးပြန်တယ်။

၂။ ပိုချစ်တတ်တယ်

ကိုယ်ချစ်သလောက် ဘယ်တော့မှ ပြန်အချစ်မခံရပါဘူး။ ချစ်တယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောရတာ ကိုယ်ပဲ ဖြစ်နေပြီး အသေးစိတ် ဂရုစိုက်မိတာလည်း ကိုယ်ပဲ ဖြစ်နေတတ်တယ်။ ကိုယ်ပြောသလို ပြန်မပြောရင် ကိုယ်ဂရုစိုက်သလို ပြန်မစိုက်ရင် သေလုအောင် ခံစားရတာလည်း ကိုယ်တွေပါပဲ။

၃။ ချောင်းမြောင်းရတာလည်း အခါခါ

သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို တစ်ရက်တည်းနဲ့ ဖွင့်ကြည့်မိတာ ဘယ်နှကြိမ်မှန်းမသိတော့။ နောက်ဆုံး သူဘာမှ အသစ်မတင်ရင်တောင် အရင်တုန်းက သူတင်ခဲ့တာတွေကို ပြန်ကြည့်စစ်ဆေးမိနေတယ်။

၎။ မက်ဆေ့ပြန်မပို့ရင် ကမ္ဘာပျက်တဲ့အလား

ကိုယ်က မက်ဆေ့ပို့ပြီး ပြန်မပို့ရင် အရူးလိုပဲ။ သူများ ကိုယ့်ကို စိတ်မဝင်စားတော့တာလားပေါ့။ ပြီးတော့ ကိုယ်ချစ်သလောက် ပြန်မချစ်သူအပေါ် ခံစားချက်တွေ ပိုတိုးတိုးလာတော့တာပဲ။

၅။ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားတယ်

သေချာစဉ်းစားတယ်။ ကိုယ်က ဘယ်လောက်ကောင်းတဲ့သူဆိုတာ သိတယ်။ ဒါပေမဲ့လည်း သိမ်ငယ်စိတ်တွေက ဖြစ်ပေါ်နေတာ အကြိမ်ကြိမ်။

၆။ ကိုယ့်ရဲ့အချစ်ကြီးမှုကြောင့် တစ်ဖက်သူမှာ စိတ်ဒုက္ခရောက်ရတယ်

ကိုယ့်ကို တကယ်လက်တွဲလိုတဲ့ ယောက်ျားဆိုရင်တောင် ကိုယ့်ရဲ့ တွယ်တာမှုက အရမ်းလွန်ကဲလာတဲ့အတွက် လန့်လာတယ်။ တချို့ယောက်ျားတွေဆိုရင် မခံနိုင်လို့ ထွက်ပြေးသွားတဲ့အထိ ဖြစ်ရရော။

၇။ ပြောသင့်တာရော မပြောသင့်တာရော သူ့ကို အကုန်ပြောချင်မိတယ်

ချစ်မိပြီဆိုတာနဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ အလျှို့ဝှက်ဆုံးအရာတွေကို ပြောတတ်ကြတယ်။ တစ်ခါတလေမှာ

" ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်." (သရဲတစ္ဆေ ကဏ္ဍ)

 
ကျွန်တော့်အတွက် ကိုယ်ရံတော် လို့ပဲခေါ်မလား.. သူတော်ကောင်းသရဲမ လို့ပဲခေါ်မလား..။ အဲ တစ်ခုသေချာတာကတော့ ကျွန်တော့်ကိုတော့ ကောင်းကျိုးပေးတာပဲ..။အရင်တုန်းက ကျွန်တော်တို့ မန်းလေးမှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖူးပါတယ်..။ စဖွင့်တုန်းက ကျွန်တော်တောင် အသက် ငယ်ငယ်လေးပဲရှိသေးတယ်.. စားသောက်ဆိုင်ဆိုပေမဲ့ ဘီယာပါတွဲရောင်းတဲ့ ဆိုင်ပေါ့.. အဲ...လွယ်လွယ်ကူကူ ဘီယာဆိုင်ပေါ့ဗျာ..။ အခု.. ကျွန်တော်အသက် ၁ရ ကျော်လို့ ၁၈ ထဲဝင်လာပါပြီ.. ဒါပေမဲ့ ဒီအိမ်မက်ကို ကျွန်တော့်အသက် ၆နှစ် ၇နှစ်ထဲက မက်တာပါ.. ဒီလို၁၀နှစ်ကျော်လောက်ကြာတဲ့အိပ်မက်ကိုပြန်မှတ်မိတာတော့ တော်တော်ထူးဆန်းတယ်ဗျ..။

                     ကျွန်တော်မှတ်မှတ်ရရ အဲ့ညက လေတွေမိုးတွေကြီးနေတဲ့ည.. ။ အခုထိစဉ်းစားရင်အသေးစိပ်ကိုမှတ်မိတယ်.. ။ ဘယ်သူတွေပါတယ်ဆိုတာ...။ ကျွန်တော်တို့မိသားစုမှာ ကျွန်တော်ရယ် မေမေရယ် ဖေဖေရယ် ကိုကိုရယ် ဘွားဘွားရယ် ရှိတယ်.. အဲ မေမေ့ ညီမ တစ်ယောက်တော့ရှိတယ်.. သူမှာက သမီး၃ယောက်ရှိတယ်..။ ကျွန်တော်တို့တွေက ဘယ်လောက်ရင်းနှီးလဲဆိုရင် ဘယ်သူမေးမေး မောင်နှမ ၅ ယောက်ရှိတယ်လို့ပဲဖြေတာ..။ အဲ့လောက်ကိုရင်းနှီးတာ..။အဲ့နေ့ညက ကျွန်တော်မက်တဲ့အိပ်မက်က ဘယ်လိုလဲဆိုတော့..။ကျွန်တော့်ကို ကျွန်တော့်ဒေါ်လေးက ပွေ့ထားတယ်...။ဘေးကိုလှည့်ကြည့်လိုက်တော့ အမ၂ယောက်နဲ့ ညီမလေးက ဘေးမှာ ရပ်နေတယ်..။ အရှေ့မှာက ဘွားဘွားရယ် မေမေရယ်.. ။ ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်တော့ တော်တော်လေးကိုမှောင်မဲနေတာပဲ...။ မျက်လုံးကျင့်သားရမှ မေမေ့ကိုလှမ်းမေးလိုက်တယ်.. ။ "မေမေ.. ဖေဖေနဲ့ကိုကိုဘယ်သွားလဲဗျ.. ဘာလို့ဆိုင်ကလဲအဲ့လောက်မှောင်နေတာလဲ ? ""သြော်.. သားတောင်နိုးလာပြီလား... သားဖေဖေနဲ့ ကိုကိုက မီးချောင်းသွားဝယ်တယ်လေ..။မီးတွေအကုန်ကျွှမ်းကုန်လို့လေ.. ။ သားကအိပ်နေလိုက်တာ ညနေကတည်းက အခုမှနိုးတယ်.. ။ အခုည ၃နာရီတောင် ရှိနေပြီ..။ "

                             ည၃နာရီ.. ? ည၃နာရီမှဘာလို့ဖေဖေနဲ့ကိုကိုနဲ့က မီးချောင်းသွားဝယ်ရတာလဲ..? ဘာလို့အားလုံးကလဲ ဘာလို့မအိပ်ကြသေးတာလဲ..?မေးမယ်လို့ပါးစပ်ပြင်လိုက်တော့... ။
 " ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်...။ အပြင်မှာ မိန်းမကြီးတစ်ယောက်ရပ်နေတယ်.. ဘယ်သူလဲ.? ဘာလို့အဲ့မိန်းမကြီးက ဆံပင်ကို မျက်နှာအရှေ့ချထားရတာလဲ ? ဘာလို့အဖြူရောင်ဝတ်ပြီး လေပေါ်မှာပျံနေတာလဲ ? ကျွှန်တော်ကြည့်ဖူးတဲ့ ကာတွန်းကားထဲက ဟို စူပါမန်းဆိုလား ဘာလား.. ။ အဲ အဲ့လိုအကောင်လား.. ။  ဒါပေမဲ့ ဟိုကာတွန်းကားက အဖြူမဝတ်ပါဘူး..။ ဒါကဘာလဲ ?အဲ့တုန်းက ငယ်ငယ်လေးဆိုတော့ အကုန်လျှောက်တွေးတာ.. ။ ကျွန်တော်မညာဘူး.. ။ ကျွန်တော် အဲ့လောက်ထိကိုအသေးစိပ်မှတ်မိနေတာ..။ တစ်သက်မှာ ဒါမျိုးအိပ်မက် ၂ခါပဲမက်ဖူးတယ်.. ဒါက

" မိန်းကလေးတွေ အမြဲပျောက်တတ်တဲ့ ပစ္စည်း (၅) မျိုး "

မိန်းကလေးတိုင်း ဒီထဲက အနည်းဆုံး တစ်ခု၊ နှစ်ခုတော့ ဖြစ်ဖူးတဲ့အတွက် ဒီခံစားချက်ကို နားလည်မှာပါ။

၁။ ခေါင်းစည်းကြိုး

တော်တော်ထူးဆန်းတယ်။ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ။ ဝယ်ထားတာ အခု ၁၀၀ လောက်ရှိတယ်။ တစ်ခုမှ ရှာမတွေ့တော့ဘူး။


၂။ ဖုန်း၊ သော့၊ ပိုက်ဆံအိတ်

အရေးကြီးပြီဆို ရှာမတွေ့တော့ဘူး။ ဒီအိတ်လေးထဲမှာ ဘယ်လို ပျောက်နေမှန်းကို မသိတာ။ နောက်ဆုံးတော့

" မိုက်ခရိုဝေ့ဖ်ထဲ ကြက်ဥထည့်ပြုတ်၍ မျက်စိ ၂ လုံးကွယ်ခဲ့ရ "

 
တရုတ်နိုင်ငံသားတစ်ဦးဟာ မိုက်ခရိုဝေ့ဖ် (အစာနွှေးစက်) ထဲမှာ ကြက်ဥပြုတ်မိတဲ့အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး မျက်စိ ၂ ဘက်လုံး ကွယ်သွားခဲ့ရတယ်လို့ www.siamupdate.com သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အသက် ၃၀ ရွယ် ဖခင်တဦးဟာ သားဖြစ်သူကျောင်းမသွားခင် စားဖို့ ကြက်ဥ ကို ရေဇလုံထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲ ထည့်ထားခဲ့ပါတယ်။

၂ မိနစ်လောက်အကြာ မိုက်ခရိုဝေ့ဖ်ထဲမှာ ကျယ်လောင်တဲ့ အသံကြားလိုက်ရပြီး သူက မိုက်ခရိုဝေ့ဖ် အဖုံးကို ဖွင့်လိုက်တဲ့အခါမှာ ပေါက်ကွဲစတွေ မီးဖိုချောင်တခုလုံး ပြန့်ကျဲအောင် လွှင့်စင်လာပြီး သူ့မျက်စိ ၂ ဘက်လည်း ပေါက်ကွဲစကြောင့် မီးစနဲ့အထိုးခံရသလို ပူလောင် နေတယ်လို့ ပြောပါတယ်။


ဆေးရုံရောက်တဲ့အခါ ဆရာဝန်က သူ့မျက်ခွံရော မျက်လုံးရော ၂ ဘက်လုံး ပြင်းထန်စွာ ဒဏ်ရာရတဲ့အတွက် ကွယ်သွားပြီလို့ ပြောပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ကြက်ဥကို ရိုးရိုးမီးဖိုနဲ့ ပြုတ်တဲ့အခါမှာ အပူချိန်တွေဟာ ပြင်ပကနေ အတွင်းသို့ စီးဝင်ပြီး မိုက်ခရိုဝေ့ဖ်နဲ့ ပြုတ်ရင်တော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပူချိန်တွေက အတွင်းပိုင်းကနေ အပြင်ကိုစီးထွက်တယ်လို့ ဆရာဝန်က ပြောပါတယ်။

မိုက်ခရိုဝေ.ဖ်ထဲက ကြက်ဥဟာ အတွင်းဘက်မှာ အပူရှိန်တွေ ပြင်းထန်လာပြီး သိပ်သည်းတဲ့ ကြက်ဥခွံကို ဖောက်ထွင်းဖို့ကြိုးစားတဲ့အတွက် ကြက်ဥခွံတုန်ခါလာကြောင်း၊ ဇလုံထဲမှာရှိတဲ့ ရေအပူချိန်လည်း မြင့်လာပြီး

" ပိုက်ဆံထုတ်၊ ငွေလဲတဲ့အခါ သတိထားတတ်ဖို့အတွက်..."

ငွေစက္ကုထုပ်အတွင်း ပိုက်ဆံအရွယ်ကဒ်ထူပြားတွေ ခုပြီးထုပ်ပိုးပေးလိုက်ပုံ
၂၆.၂.၂၀၁၆ ညနေ ၄:၃၀ နာရီအချိန်ခန့် မှာ သင်္ဃန်းကျွန်းမြို့နယ် ဇဝနလမ်းဆုံ ကမ္ဘောဇဘဏ်နဲ့ဘေးချင်းကပ်လျက် 
Money Changer မှာ ဒေါ်လာ၄၀၀၀ထောင် ဝင်ရောင်းတာ မြန်မာကျပ်ငွေကို စက်နဲရေပေးပါပြော တော့ အမဘဏ်အုပ်တွေပါပြောပေမယ့် ရေပေးပါဆိုလို့ အဲ့ဒီဆိုင်မှာ ယောက်ျားလေးနှစ်ယောက်မှာ တယောက်ကရေပြီး တယောက်ကရေ ထားတဲ့ပိုက်ဆံကို ကောင်တာအောက်က အိတ်ထဲထည့်ပေးပါတယ်။ ပိုက်ဆံထုတ်ယူနေတုန်း တယောက်က အပြင်ထွက်သွားတာ သတိထားမိတယ် ကိုယ်တွေလည်း ရှေ့မှာရေတွက်ထားတာကို ပြန်စစ်ရင် သူတပါးကိုမယုံသလို ဖြစ်ပြီး တဘက်လူကို အားနာစိတ်နဲ့ ယုံကြည်စွာနဲ့ပဲ သေချာမစစ်ဆေးဘဲ့ ချလံယူပြီးပြန်ခဲ့တယ်။

အိမ်ရောက်တော့လည်း အထုတ်အတိုင်းသိမ်းထားပြီး ၃ရက်နေ့ အိမ်ငှားတွေဆင်းလို့ စပေါ်ငွေပေးမယ်လုပ်မှ ၅၀၀၀တန်တအုပ်ကိုမသင်္ကာလို့ကြည့်မှ အပေါ်မှာ၁၈ရွက် အောက်မှာ ၂၂ရွက် ကြားထဲမှာ ကဒ်ထူ (အောက်ပုံပါအတိုင်း) တွေ့ရတော့တာပဲ ၃သိန်းလျော့နေတာကို သိလိုက်တော့ တော်တော်လေးစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတယ် စိတ်လည်းတိုတယ် လူတွေဒီလောက်တောင် အကျင့်စာရိတ္တတွေပျက်နေကြပြီလားလို့ တွေးမိတယ် ရက်ကလည်းကြာသွားပြီ ပြန်မစစ်မိတဲ့ ကိုယ့်ပေါ့ဆမှုကို အပြစ်လို့ ခံယူပြီး သွားလည်းပြန်မပြောခဲ့ပါဘူး ဒီလူတွေ ကိုယ့်ပြုတဲ့ကံ သူထံပြန်လာမှာပဲဆိုပြီး ဖြေသိမ့်လိုက်ပါတယ်။

ယခု FB ပေါ်တင်ရတာက ကိုယ့်လိုနောက်လူတွေမခံစားရအောင် နမူနာယူစေချင်ပါတယ် ကျွန်မတို့ကို နမူနာယူပြီး

" အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း "

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍများတွင် ဝင်ရောက်နေရာယူနိုင်ခဲ့သည့် ကုမ္ပဏီများ၏  လုပ်ငန်းရှင်သူဌေးအချို့အကြောင်း တစေ့တစောင်းကို ဖော်ပြအပ်ပါသည်။

ဦးဇော်ဇော်
အသက် - ၄၈
အဓိက လုပ်ငန်း - မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group
အဓိက လုပ်ငန်းအမျိုးအစားများ - ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ
ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသများမှာ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ရေဘေးသင့် ဧရာဝတီတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကဲ့သို့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ၎င်းနှင့် ၎င်း၏ ကုမ္ပဏီပုံရိပ်ကို နာမည်ဆိုးများမှ လွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။
ယနေ့အချိန်တွင် မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group ၏လုပ်ငန်းများထဲ၌ ပါဝင်လာခဲ့သော မက်စ်ဓာတ်ဆီဆိုင်များ၊ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ထားသည့် နိုဗိုတယ် ဟိုတယ် Novotel Hotel နှင့် မွန်ပြည်နယ်မှ

" စိတ်ဖိစီးမှု ဖြေလျော့ဖို့ နည်းလမ်း ၁၁ သွယ် "

 
စိတ်ဖိစီးမှုဆိုတာ ကောင်းတဲ့ ခံစားမှုတစ်ခု မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာမှာ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့လို လက္ခဏာတွေ ခံစားရနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလဲ အထီးကျန်ခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ စိတ်ကျခြင်းတို့လို ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
လုပ်ငန်းရှင်တွေအတွက်ကတော့ စိတ်ဖိစီးမှုဆိုတာ အမြဲလိုလို ရှိနေမှာပါ။ စိတ်ဖိစီးမှုက သင့်ရဲ့ ဘဝကို စားသုံးမသွားရလေအောင် ကျွန်တော် ပေးချင်တဲ့ အကြံဉာဏ် ၁၁ ခု ရှိပါတယ်။ အဲဒါတွေကတော့
. ဘာက စိတ်ဖိစီးစေလဲ ဆိုတာ လေ့လာပါ
သင့်ကို ဘာတွေက စိတ်ဖိစီးစေလဲဆိုတာ လေ့လာပါ။ သင် ဘယ်လို အချိန်မှာ စိတ်ဖိစီးလဲ၊ စိတ်ဖိစီးရင် ဘာလုပ်မိလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ဖြေကြည့်ရင် ဘာကြောင့်စိတ်ဖိစီးလဲဆိုတာ ပေါ်လာမှာပါ။ ဘာကြောင့် စိတ်ဖိစီးလဲ သိရရင် စာရင်းလုပ်ထားပြီး ထိပ်ဆုံးကဟာတွေကို ဖျောက်လို့ရရင်ဖျောက်နိုင်ဖို့၊ မရရင် စိတ်လျှော့ထားနိုင်ဖို့ ကြိုးစားကြည့်ပါ။
. ကျန်းမာအောင် နေထိုင်ပါ
လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ အဆီများတဲ့ အစားတွေ မစားတာ၊ ညဘက် ကောင်းကောင်းအိပ်တာ တို့လိုမျိုး သင့်ခန္ဓာကိုယ်ကို သင် ဂရုစိုက်ခြင်းဟာ စိတ်ဖိစီးမှု လျော့နည်းစေဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။
. စနစ်တကျ နေပါ
သင့်ရဲ့ ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ် စနစ်တကျနေပါ။ ဘာလို့လဲဆိုတော့ တစ်ခုခုကို အရေးတကြီးလိုက်ရှာနေရပြီး မတွေ့ရင် ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုတာ သိကြမှာပါ။
. အချိန် မဆွဲပါနဲ့
အချိန်ဆွဲသူတွေဟာ စိတ်ဖိစီးမှု ပိုများလေ့ ရှိပြီး ပိုပြီးနိမ့်ကျတဲ့ ဘဝမှာ နေတတ်ကြရပါတယ်။ အဲဒါကို ဖြေဖျောက်နိုင်ဖို့
Subscribe

လာလည်သူများ

free counters