♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 15, 2016

" ငှက်ကုလားအုတ် အလိုက်ခံရ၍ သေလုမျောပါး ထွက်ပြေးခဲ့ရသည့် စက်ဘီးသမားနှစ်ဦး "


တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့မှာ မတ်လ ၇ ရက်နေ့က ကျင်းပတဲ့ စက်ဘီးစီးခရီးစဉ် တခုတွင်းမှာ စက်ဘီးသမား ၂ ဦးဟာ ငှက်ကုလားအုပ် အလိုက်ခံခဲ့ရလို့ သေလုမျောပါး ထွက်ပြေးခဲ့ရပါတယ်။
ကိပ်တောင်းစက်ဘီးစီးပွဲဟာ ကမ္ဘာတလွှား စက်ဘီးသမား ၃၅၀၀၀ နီးပါး ပါဝင်ဆင်နွှဲကြတဲ့ လူသိများတဲ့ပွဲတခု ဖြစ်ပါတယ်။
အကွာအဝေး ၆၈ မိုင်ရှိတဲ့ ခရီးကို စက်ဘီးနဲ့ စီးနင်းကာ ဖြတ်သန်းချိန် လမ်းခုလတ်မှာ ငှက်ကုလားအုတ်တကောင်ဟာ ရုတ်တရက် သူတို့နောက်က ပြေးလိုက်ခံခဲ့ရတာပါ။
ငှက်ကုလားအုတ်တွေဟာ မပျံသန်းနိုင်ပေမယ့် ယှဉ်ပြိုင်တာကို နှစ်သက်တာကိုတော့ မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့နိုင်ပါတယ်။
အဲဒီငှက်ကုလားအုတ်ဟာ သူ့ရဲ့ အင်အားရှိတဲ့ ခြေတံတွေကို တက်မအဖြစ် အသုံးပြုပြီး စက်ဘီးသမား ၂ ဦးနောက်ကို တနာရီ ၄၃ မိုင်နှုန်းနဲ့ ပြေးလိုက်ခဲ့တာလို့ ဆိုပါတယ်။
ကံကောင်းထောက်မစွာပဲ စက်ဘီးသမား ၂ ဦးကို အဲဒီငှက်ကုလားအုတ်က မဖမ်းမိခဲ့ဘဲ လွတ်မြောက်ခဲ့တာပါ။
ငှက်ကုလားအုတ်တွေမှာ ရှည်လျားချွန်ထက်တဲ့ ခြေသည်းတွေ ပါဝင်တဲ့ သန်မာတဲ့ ခြေထောက်တွေပါရှိပြီး ခြင်္သေ့လိုသတ္တ၀ါနဲ့ လူတွေကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိတဲ့အတွက် ခုလို
လွတ်မြောက်ခဲ့တာဟာ ကံကောင်းတယ်လို့ ဆိုရမှာပါ။

Credit : http://burmese.dvb.no/archives/138641

No comments:

Subscribe

လာလည်သူများ

free counters