♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 19, 2016

" ဒီ စနေမှာ အညာခရမ်းချဉ်သီးထောင်း လုပ်စားကြစို့လား "


ဒီတစ်ခါတော့ ထမင်းစားမြိန်စေမယ့် အရံဟင်းလေးဖြစ်တဲ့ ခရမ်း ချဉ်သီးထောင်းလေး လုပ်စားရအောင်လို့
 ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကိုင်းခရမ်းချဉ်သီးများကို ရေစင်အောင်ဆေး၍ မီးဖုတ်ပါ။ ခရမ်းချဉ် သီးများ အိကျလာလျှင် အခွံခွာ၍ ပန်းကန်တစ်ခုထဲသို့ အရည်သက် သက်ညှစ်ထည့်ထားပါ။

၂။ ပုစွန်ငါးပိကို မီးဖုတ်၍ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို ပါးပါးလှီးထားပါ။

၃။ ပထမဦးစွာ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ပုစွန်ငါးပိမီးဖုတ်တို့ကိုထည့်၍ ညက်အောင် ထောင်းပါ။

၎။ ထို့နောက် ခရမ်းချဉ်သီးအဖတ်၊ အရသာမှုန့်၊ ဆားတို့ကိုထည့်၍ ထောင်းပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်ထားပါ။

၅။ စားခါနီးလျှင် ခရမ်းချဉ်သီးအရည်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးအလှော်မှုန့်တို့နှင့် ရောမွှေကာ သုံးဆောင်နိုင်ပါပြီ။

ပါဝင်သော ပစ္စည်းအမယ်များ

ကိုင်းခရမ်းချဉ်သီး(ကြီး)၃လုံး

ကြက်သွန်နီ၂ လုံး

ကြက်သွန်ဖြူ၅ မြွှာ

ပုစွန်ငါးပိစားပွဲတင်ဇွန်းတစ်ဇွန်း

ငရုတ်သီးစိမ်း၁၅ တောင့်

ငရုတ်သီးအလှော်မှုန့်အနည်းငယ်

နံနံပင်အနည်းငယ်


Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။


Credit : http://7daydaily.com/story/60607

No comments:

Subscribe

လာလည်သူများ

free counters