♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 18, 2016

" ကျောက်ကပ်နဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်များ "

 
ကျောက်ကပ်ရောဂါစတဲ့ အားအင်ကုန်ခန်းစေတဲ့ ရောဂါတွေ ခုခံ တိုက်ခိုက်တဲ့အခါ နည်းမှန်လမ်းမှန် စားသောက်ခြင်းက အင်မတန်အရေးကြီးပါတယ်။
အာဟာရဓာတ် အလုံအလောက်ရရှိခြင်းက လိုအပ်တဲ့ ကယ်လိုရီအားလုံးအပြင် ရောဂါခုခံတိုက်ခိုက်ဖို့ အရေးကြီးတဲ့ အာဟာရဓာတ်များလည်း ရရှိစေပါတယ်။
ကျောက်ကပ်ရောဂါလို့ ပြောရင် အထူးသတိပြုရမယ့် ဆိုင်ရာဆိုင်ရာ အာဟာရဓာတ်တွေ ရှိပါတယ်။
ကိုယ်ခန္ဓာတစ်ရှူး တည်ဆောက်ခြင်းအတွက် ပရိုတင်းဓာတ် အရေးကြီးပါတယ်။ သို့သော် ကျောက်ကပ်က ကောင်းမွန်စွာ အလုပ်မလုပ်တဲ့အခါမှာ ပရိုတင်းစွန့်ထုတ်ပစ္စည်းက ခန္ဓာကိုယ်ထဲ ကျန်ရှိနိုင်ပါတယ်။
နာမကျန်းဖြစ်တဲ့အခါ ကောင်းမွန်နေတဲ့ ကျောက်ကပ်က ခန္ဓာကိုယ်အတွင်း တွေ့ရတဲ့ ဆိုဒီယမ်ပမာဏကို ပုံမှန် ဖြစ်အောင်လုပ်ပေးပါတယ်။ ဆိုဒီယမ် ဖြစ်တည်ပြီး ခန္ဓာကိုယ်အရည်ကြည် ပိုမိုများပြားစေနိုင်ပါတယ်။ အဲဒါက သွေးပေါင်တက်ခြင်းနဲ့ ခြေထောက်ယောင်ခြင်းစတဲ့ ပြသနာတွေ ဖြစ်စေပါတယ်။
ပိုတက်ဆီယမ်က ကျောက်ကပ်ဝေဒနာခံစားရတဲ့အခါ အထူးသတိထားရမယ့် နောက်အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ငှက်ပျောသီး၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ သစ်သီးဖျော်ရည်၊ ပဲ နဲ့ အခွံမာသီးစတဲ့ ပိုတက်ဆီယမ်းများပြားတဲ့အစားအစာများကို
အကောင်းဆုံး ဆင်ခြင် စားသုံးရပါမယ်။
ခန္ဓာကိုယ်အတွင်း ဖော့စ်ဖော့ရပ်စ်နဲ့ ကယ်လ်ဆီယမ်နှစ်ခု ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။ ဖော့စ်ဖောရပ်စ်များလွန်းခြင်းက ကယ်လ်ဆီယမ်ပမာဏ လျော့နည်းစေကာ အရိုးအားနည်းပျော့ပျောင်းမှု ဖြစ်စေပါတယ်။

Ref: Standardmedia 
Credit : http://www.trend.com.mm/2016/03/17/lifestyle-9104

No comments:

Subscribe

လာလည်သူများ

free counters