ရိုမေးနီးယားနိုင်ငံ ၊ အရှေ့ မြောက်ဘက် က Vaslui ဒေသမှာ ရှိတဲ့ Drogomiresti ဆိုတဲ့ ကျေးရွာလေးမှာ နေထိုင်သူ အသက် ၃၉ နှစ်အရွယ် Ionel Popa ဟာ ဝှေးစေ့ အရေပြားတွေ စုတ်ပြဲ ကုန်တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတာပါ။
Ionel Popa ရဲ့  ဇနီးဖြစ်သူ က သူ့ရဲ့  ဝှေးစေ့ကို ဖြစ်ညှစ်ပြီး ဆုတ်ဖြဲလိုက်တာကြောင့် အခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး ဇနီးသည်ကတော့ သူမရဲ့  ကိုယ်ပိုင်ခွန်အားကို မခန့်မှန်းမိခဲ့လို အခုလိုဖြစ်သွားရခြင်း ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
Ionel Popa ရဲ့  ဝှေးစေ့ အရေပြားဟာ စုတ်ပြဲသွားတာကြောင့်သူ့ရဲ့ ဘယ်ဘက် ဝှေးစေ့ တစ်လုံးဟာ ပြုတ်ထွက်သွားခဲ့ရပြီး ဆေးရုံရောက်ရောက်ချင်းပဲ ထိုထိခိုက်မှုကို ကုသဖို့ အရေးပေါ် ခွဲစိတ်မှု
ခံယူခဲ့ရတယ်လို့ သိရပါတယ်။
“Ionel က မူးလာရင် အချိုးပြောင်းသွားတယ်။သူ အေးနေလို့ ကျွန်မကို မီးမွှေးခိုင်းထားတယ်။ ကျွန်မလည်း စကားမများချင်လို့ လုပ်ပေးလိုက်ပါတယ်။ မနက်ပိုင်းမှာတော့ ကျွန်မ လိုက်ကာ တွေဖွင့်ပြီးတာနဲ့ သူ့ကို အိမ်ကထွက်ပြီး အလုပ်လုပ်ဖို့ ပြောပါတယ်။ မဟုတ်ရင်လည်း ကျွန်မကို အိမ်အလုပ်တွေ ကူလုပ်ပေးဖို့ပြောလိုက်ပါတယ်။ ဒါပေမယ့် သူက အော်ဟစ်ပြီး ကျွန်မကို အမိန့်မပေးဖို့ ပြန်ပြောပါတယ်။ ကျွန်မလည်း ဒေါသထွက်ပြီး သူ့ရဲ့ ဝှေးစေ့ကို ညှစ်လိုက်ပါတယ်။ ရေခဲနည်းနည်းအုပ်ရင် သက်သာမယ်ထင်ထားပေမယ့်လည်း ဆေးရုံကားခေါ်ခဲ့ရပါတယ်။” လို့ သူ့ရဲ့  ဇနီးဖြစ်သူ Marinela Benea က ဆိုပါတယ်။
သူတို့လင်မယားဟာ အတူတကွနေထိုင်ခဲ့တာ ၁၅ နှစ်ရှိပြီဖြစ်သလို သူတို့မှာ အသက် ၁၅ နှစ်ခန့်ရှိနေပြီဖြစ်တဲ့ သား တစ်ယောက်လည်း ထွန်းကားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး Ionel ကတော့ ဆေးရုံမှာပဲ ဆက်လက် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
Credit : http://thithtoolwin.knowledge.mmbloggers.com/Home/Detail/4795149633389145790

No comments:
Post a Comment