♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 19, 2016

" ကလေးတွေကို လိုက်ဖမ်းတဲ့ လူပိန်ရှည်ကြီး "

၂၀၀၉ ခုနှစ်လောက်မှာ စတင်ပြီး အင်တာနက်ပေါ်ကနေတဆင့် လူသိများပျံ့နှံ့လာခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

အဲဒီလူကြီးက အလွန်ပိန်သလို အရပ်လည်းရှည်ပါတယ်။ အမဲရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားတတ်ပါတယ်။ ကြောက်စရာကောင်းတာကတော့ သူ့မျက်နှာမှာ မျက်လုံး၊ နှုတ်ခမ်း၊ နှာခေါင်း ဘာမှမရှိတာပါပဲ။

တချို့တွေပြောစကားအရတော့ သူဟာ သူ့ရဲ့လက်တွေကို ကြိုက်သလောက် ရှည်လာအောင် ဆန့်ထုတ်လို့ ရသလို လက်သည်းရှည်တွေလည်း ရှိတယ်လို့လည်း ဆိုပါတယ်။ သူ့ကို တောအုပ်တွေထဲမှာ တွေ့ရတတ်တယ်လို့ ပြောကြပါတယ်။

သူ့ရဲ့သားကောင်တွေကတော့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။ အခုထက်ထိရှာလို့မတွေ့ဘဲ ပျောက်ဆုံးနေတဲ့
ကလေးငယ်လေးတွေရဲ့ ဓာတ်ပုံတွေနောက်မှာ သူ့ပုံပေါ်နေတတ်တာကိုလည်း ရှာဖွေတွေ့ရှိကြတယ်လို့ဆိုပါတယ်။
ဒီဖြစ်ရပ်ကို Slender Man အမည်နဲ့ ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာလည်း ရှိပါတယ်။

Credit -Duwun
Credit : http://www.searchmyanmar.com/link/comment/cid/57420/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters