♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 24, 2015

"တခြားသူကို မချစ်ခင် ကိုယ့်ကိုကိုယ် အရင်ချစ်တတ်ဖို့ လို "

 
သင်ဟာ သင့်ရှေ့ကမှန်ကိုကြည့်ပြီး စိတ်ထဲမှာ ကျေနပ်သွားတာမျိုး ခံစားဖူးပါသလား။ တစ်ခါတစ်လေမှာ ကျွန်မတို့ဟာ မျှော်လင့်ချက်၊ အိပ်မက်တွေ အချစ်တွေ၊ အကြောက်တရားတွေကို အရှုံးပေးပြီး နာကျင်ခံစားကြရတဲ့အချိန် တွေရှိပါတယ်။ တခြားလူတွေ ကိုယ့်ကိုတကယ်မပေးပါပဲ ရသလိုလို ခံစားနေကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါကိုတနည်းအားဖြင့်  ကိုယ့်ဒုက္ခကိုယ်ရှာနေကြတယ်လို့ ဆိုရပါလိမ့်မယ်။ ဘယ်သူကများ သင့်ကို သင့်ကိုယ်သင်ချစ်တာထက် ပိုချစ်နိုင်မှာလဲ။ ဒါ့အပြင် သင်လည်းတခြားသူကို သင့်ကိုယ်သင်ချစ်တာထက် ပိုမချစ်နိုင်ပါဘူး။ ပိုချစ်တယ်လို့ ဆိုရင်လည်း ဒါမှားတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် မချစ်တတ်ပဲ အခြားသူကို ချစ်ပြနေတာမျိုးက ပိုဆိုးတာပေါ့။ ဒီတော့ တခြားသူကို မချစ်ခင် ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ကိုယ့်ကိုကိုယ် ပထမဦးစားပေးနေရာမှာထားပါ။
အထူးသဖြင့် အမျိုးသမီးတွေဟာ ကိုယ့်အတွက် မစဉ်းစားပဲ အခြားသူအတွက် စဉ်းစားပေးတဲ့နေရာမှာ သိပ်ထူးချွန်ကြပါတယ်။ ခံစားနာကျင်ရမယ့်နေရာတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ၀င်ခံစားတတ်ကြတာမျိုးပေါ့၊ ဒါမဖြစ်သင့်ပါဘူး။ ကိုယ့်ကိုကိုယ် ဦးစားပေးတယ်ဆိုလိုက်ရင် ဒါတကိုယ်ကောင်းဆန်တာလို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ထင်ကြပါစေ။ တကယ်တော့ ကိုယ့်ကိုကိုယ် အရေးပေးမှ၊ အလေးထားမှသာ တခြားသူတွေကလည်း သင့်ကိုအလေးထားကြပါလိမ့်မယ်။ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း သင်တစ်ပါးသူကို ပျော်ရွှင်အောင် လုပ်ပေးချင်တယ်ဆိုပါစို့၊ သင်ကိုယ်တိုင် မပျော်ပဲ သူများကိုဘယ်လိုပျော်အောင် လုပ်ပေးမှာလဲ။

" ရင်သားအိကျခြင်း ကင်းဝေးစေမယ့် သဘာဝနည်း "


အမျိုးသမီးအများစု အထူးသဖြင့် အသက်နည်းနည်းရလာပြီဖြစ်တဲ့ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အဖြစ်များဆုံး ပြသနာတစ်ရပ်က ရင်သားအိကျခြင်းဖြစ်ပါတယ်။ အသက်ကြီးရင့်မှုကြောင့် ရင်သားမှာ ကျုံ့နိုင်ဆန့်နိုင်အား မရှိတော့ဘဲ အိကျလာပါတယ်။ ဒီအဖြစ်က တစ်ဘက်မှာ ကိုယ့်ကိုယ်ကို  ဂရုစိုက်မှုနဲ့ မိမိရုပ်ရည်အတွက် စိုးရိမ်စိတ်တွေ ပိုဖြစ်စေပေါ်လာစေပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေ့စဉ်အစားအစာ၊ ကိုယ်အလေးချိန် ရုတ်တရက် တက်ခြင်း သို့မဟုတ် ကျဆင်းခြင်း၊ ပင်ပန်းမှုဒဏ်၊ အံကိုက်မဖြစ်တဲ့ အတွင်းခံ (ဘရာစီယာ)၊ အရက်သေစာ နဲ့ တခြားအရာများစွာ အပါ အကြောင်းရင်းများစွာတို့ရဲ့ အကျိုးရလဒ်တစ်ခုအဖြစ် ရင်သား ကျစ်လစ်တောင့်တင်းမှု ဆုံးရှုံးပါတယ်။ ကိုယ်ဝန်လွယ်အခါ ရင်သားအိတွဲကျစေတာက ကလေးကိုနို့တိုက်ခြင်းကြောင့် မဟုတ်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်းကြောင့်သာ ဖြစ်တယ်။

ရင်သားအသွင်ဖြည်းဖြည်းနဲ့ပုံမှန်ပြောင်းလဲမှုကို နည်းလမ်းများစွာဖြင့် ကာကွယ်နိုင်
၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
၂။ ရေများများသောက်ပါ။
၃။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေစဉ်အစားအစာနဲ့ ပုံမှန်လေ့ကျင့်ခန်း ဆောင်ရွက်ပါ။
၎။ သလဲသီး သို့မဟုတ် ရှားစောင်းလက်ပတ်ဖြင့်လုပ်ထားတဲ့ ဆီ သို့မဟုတ် ခရင်မ်တွေ  ပုံမှန်လိမ်းပါ။

ရင်သားအိကျခြင်းကာကွယ်ရာမှာ အလွန်အမင်းထိရောက်သော ကုထုံးတချို့လည်းရှိပါသေးတယ်။

"မိတ်ကပ်ဖျက်ဖို့ဘာကြောင့် အရေးကြီးတာလဲ"


ညမအိပ်ခင် လိမ်းထားတဲ့မိတ် ကပ်တွေကို စင်ကြယ်အောင်ဆေးပြီးမှ အိပ်စက်တာဟာ အလှအပ ဂရုပြုသူတိုင်းအတွက် အခြေခံကျတဲ့အချက်ဆိုတာ နားလည်ကြမှာပါ။ အိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဒေါက်ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။

မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ၀င်ရောက်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။

- မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား?

ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့ ဆိုပါတယ်။ ဆိုတော့ ဒီပုဝါမျိုးဟာ လုံးဝကိုအသုံးမ၀င်တော့
ဘူးလား။

- သန့်စင်ပုဝါများအား မှန်ကန်စွာအသုံးပြုနည်း

" ရဲနဲ့ဓားပြ လုပ်တမ်းကစားရင်း ညီဖြစ်သူကို သေနတ်နဲ့ ပစ်သတ်မိခဲ့တဲ့ ခြောက်နှစ်အရွယ် ကလေး "

 
အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ရဲနဲ့ ဓားပြလုပ်တမ်းကစားရင်း အဖေဖြစ်သူရဲ့သေနတ်နဲ့  ညီငယ်ကို ပစ်သတ်မိမှုဖြစ်ပွားခဲ့ပါတယ်။

ညီဖြစ်သူ Eian Santiago ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့သေနတ်ဒဏ်ရာရရှိကာ စနေနေ့ ညမှာပဲ ချီကာဂိုဆေးရုံမှာ
 သေဆုံးသွားခဲ့ပါတယ်။

ချီကာဂိုရဲဌာနပြောရေးဆိုခွင့်ရှိသူ Anthony Guglielmi ရဲ့ပြောကြားချက်အရ အသက်ခြောက်နှစ်အရွယ် အစ်ကိုဖြစ်သူဟာ ရေခဲသေတ္တာပေါ်က ခြောက်လုံးပြူးသေနတ်ကိုတွေ့ ရှိပြီးနောက် သေနတ်ကိုယူကာ ညီဖြစ်သူဆီ ပစ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

ညီအစ်ကိုနှစ်ယောက်ရဲ့အဖေဖြစ်သူ၊ အသက် ၂၅ နှစ်အရွယ် Michael Santiago ကို ဖမ်းဆီးခဲ့ပြီး ကလေးငယ် အန္တရာယ်ဖြစ်စေမှုပြစ်မှုနဲ့ တရားစွဲဆိုထားပြီး တနင်္ဂနွေနေ့ ကရုံးထုတ်ခဲ့ပါတယ်။

အစိုးရရှေ့ နေ Joseph DiBella က Michael ဟာ မှောင်ခိုဝယ်ယူခဲ့တာဖြစ်ပြီး ကျည်အပြည့်ဖြည့်ထားကာ ကလေး ည၀တ်ဘောင်းဘီနဲ့ ထုပ်ကာ ရေခဲသေတ္တာပေါ်တင်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ တရားခံဟာ အသက်ခြောက်နှစ်အရွယ်သားဖြစ်သူကို သေနတ်ထားတဲ့နေရာကို ပြသခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူဟာ လူဆိုးဂိုဏ်းသားဟောင်းတစ်ယောက်ဖြစ်ပြီး လူသတ်မှုနဲ့  စွဲချက်တင်ခံထားရတဲ့ဂိုဏ်းသားတစ်ယောက်ရဲ့ အမှုတစ်ခုမှာ အစိုးရဘက်က ထွက်ဆိုပေးခဲ့တာကြောင့် မိမိကိုယ်ကိုကာကွယ်ဖို့ သေနတ်ဆောင်ထားတာဖြစ်ကြောင်း ဗီဒီယိုတိပ်ထွက်ဆိုမှုမှာ ၀န်ခံခဲ့ပါတယ်” လို့ အစိုးရရှေ့ နေ Joseph က ပြောကြားခဲ့ပါတယ်။

Michael Santiago ဟာ သေနတ်လိုင်စင် နဲ့ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်မပြနိုင်ဘဲ ပွိုင့် 32

"အမျိုးသားတွေအနေနဲ့ ပိုငယ်ရွယ်၊ ပိုထက်မြက်တဲ့ အမျိုးသမီးကို လက်ထပ်သင့် "

 

အိမ်ထောင်သည်တွေနဲ့ အတည်တွဲနေတဲ့ စုံတွဲပေါင်း ၁၀၀၀ ကို သိပ္ပံပညာရှင်တွေက ငါးနှစ်ကြာ စမ်းစစ်လေ့လာခဲ့ပြီး ဘယ်လိုအတွဲတွေက ခုထက်တိုင် တည်မြဲနေလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။

အမျိုးသားဟာ ၅နှစ်အထက် အသက်ပိုကြီးပြီး၊ အမျိုးသမီးက ပိုပညာတတ်နေတယ်ဆိုရင် အဲ့ဒီ့အတွဲဟာ တည်မြဲကြောင်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ တင်ပြချက်ကို ဥရောပဂျာနယ်ဖြစ်တဲ့ Operational Research မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာ “အချစ်၊ ရုပ်ပိုင်းဆွဲဆောင်မှု၊ ထပ်တူညီမျှမှု၊ ယုံကြည်ချက်၊ သဘောထား” စသဖြင့် ကြည့်ပြီး ရွေးချယ်ကြတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အသက်၊ ပညာရေး၊ ယဉ်ကျေးမှုရင်းမြစ် စသဖြင့် “မျှော်မှန်း အချက်အလက်” တွေနဲ့ရွေးချယ်တာဟာ အိမ်ထောင်ကွဲမှုကို မဖြစ်စေဘူးလို့လည်း ပြောပါတယ်။

ပေါ့ပ်စတား Beyonce ဟာ အသက် ၃၃နှစ်ဖြစ်ပြီး သူ့အမျိုးသား Rap ဆရာကြီး Jay Z ကတော့ အသက် ၄၄နှစ် ဖြစ်ပါတယ်။ Jay Z က အသက် ၁၁နှစ် ပိုကြီးပါတယ်။ Beyonce က ပညာရေးပိုင်းမှာ ပိုသာပါတယ်။ ဒီလို

" အမျိုးသမီး ထုရဲ့ ၃ ပုံ ၁ ပုံဟာ ညစ်ညမ်း ရုပ်ရှင်တွေကို ပုံမှန် အားဖြင့် ကြည့်ရှုလေ့ရှိ "

 
အမျိုးသမီး ထုရဲ့ ၃ ပုံ ၁ ပုံဟာ ညစ်ညမ်း ရုပ်ရှင်တွေကို ပုံမှန် အားဖြင့် ကြည့်ရှုလေ့ရှိတယ်လို့ စစ်တမ်းကောက်ယူမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

စစ်တမ်းကောက်ယူမှု အရတော့ အမျိုးသမီးတွေဟာ အဲဒီလို ညစ်ညမ်း ရုပ်ရှင် ပုံမှန်ကြည့်ရှု ဖို့အတွက် ဘယ်သူကမှ အတင်းအကျပ် စေခိုင်းခြင်းမရှိပဲ သူတို့ သဘောနဲ့ သူတို့ ကြည့်နေကြတာဖြစ်ပါတယ်။ ထို ၃ ပုံ ၁ ပုံ သော အမျိုးသမီး ထုရဲ့ ၃ ပုံ ၂ ပုံကတော့ ထိုရုပ်ရှင်တွေကို သူတို့ရဲ့ စမတ်ဖုန်းတွေက တစ်ဆင့် ကြည့်ရှုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုကြည့်ရှုခြင်းဟာ သူတို့ကို လျင်မြန်စွာ အထွတ်အထိပ် ရောက်စေနိုင်လို့ပါ။

ဒီ စစ်တမ်းကောက်ယူမှု တစ်ကမ္ဘာလုံးက အမျိုးသမီး အားလုံးကို မေးမြန်းထားတာတော့ မဟုတ်ပါဘူး။ အမျိုးသမီး အယောက် ၃၀၀၀ ခန့်ကို ပဲ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီအခါမှာတော့ ထို အမျိုးသမီး အယောက် ၃၀၀၀ ရဲ့ ၈၃ ရာခိုင်နှုန်းဟာ Straight တွေဖြစ်ကြပါတယ်။ ဆိုလိုချင်တာက သူတို့ဟာ ဆန့်ကျင်ဘက်လိင်နဲ့ အချစ်ရေး တွေ ရှိကြပြီး အဲဒီ ၈၃ ရာခိုင်နှုန်း သော အမျိုးသမီးတွေထဲကမှ ၃၁ ရာခိုင်နှုန်းက

October 23, 2015

" ပျော်ရွှင်သော ချစ်သူစုံတွဲတိုင်း နေ့စဉ်ပြုမူကျင့်သုံးတဲ့ အချက်များ "

 
ချစ်သူစုံတွဲဘဝက ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ စတင်ပြီး တစ်ဖြည်းဖြည်းနဲ့ ပျင်းရိငြီးငွေ့ဖွယ်ဖြစ်ကာ အေးစက်သွားကြမြဲဆိုတာ ကြိုတင်တွက်ဆဖို့ မခဲယဉ်းပါဘူး။ ဒါတွေဟာ ချစ်သူစုံတွဲဘဝရဲ့ သဘောသဘာဝဖြစ်နေချိန်မှာ ရင်းနှီးဆက်ဆံမှုက ရိုးအီသွားလေ့ရှိပါတယ်။ ဒါပေမယ့် ချစ်သူချင်း ဆက်ဆံရေးကို အစပိုင်းကလို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပြောရရင် အရာရာ စိတ်လှုပ်ရှားဖွယ်ရှိနေစေဖို့ နေ့စဉ်ပုံမှန်လုပ်ပေးရမယ့်အထဲ ဒီ အချက် (၁၀) ချက် ပါဝင်တယ်။

သူ့ကို ချီးမွမ်းစကားဆိုပါ
လူတိုင်း အချီးမွမ်းခံတာ ကြိုက်နှစ်သက်ကြတယ်။ သူလည်း ဘာမှမခြားနားပါဘူး။ သူ့ကို ချီးမွမ်းစကား ပြောဆိုပါ။ သူ အလေးပေးမှုရပြီး ချစ်ချင်းမေတ္တာ ခံစားလာရမှာဖြစ်ပါတယ်။

ယုယမှုပေးပါ
သူ့လက်ကလေးကိုင်ပြိး ပွေ့ဖက် သို့မဟုတ် နမ်းရှုံ့ကာ ဂရုစိုက်ကြောင်း ဖော်ပြပါ။

တမူထူးသော မနက်ခင်းလေးတွေ ဖန်တီးပါ
စနေ၊ တနင်္ဂနွေ အားလပ်ရက်များမှာ အနည်းငယ်စောထ သူကြိုက်တတ်တဲ့ ထမင်းဟင်းတွေ ချက်ပြုတ်ပြီး သီချင်းလေးဖွင့်ကာ ပျော်ရွှင်ဖွယ် မနက်ခင်းလေးတစ်ခု ဖန်တီးပါ။

ဖုန်းကို ဝေးဝေးထားပါ
သူ သင့်ကို စကားပြောဆိုတဲ့အခါ အာရုံစူးစိုက်မှုပေးပြီး ဖုန်းကို ခဏမေ့ထားပါ။ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုနေစဉ်

"အကောင့်တုနဲ့နှောင့်ယှက်ခြင်းခံရတယ်လို့ ဆိုလာတဲ့ အဆိုတော် ဥာဏ်လင်းအောင်ရဲ့ အချစ်ရေးဂယက် "

 
ဂီတသက်တမ်း ၅ နှစ်ကျော်အတွင်းမှာ ပရိသတ်ရဲ့ အားပေးမှုတွေနဲ့ အတူ ဂီတအလုပ်ကို ကြိုးစားဖြတ်သန်းလျှောက်လှမ်းလာတဲ့ ဥာဏ်လင်းအောင်က အချစ်ရေးသတင်းနဲ့ပတ်သက်ပြီးတော့ အထူးတလည် နာမည်ပျက် မရှိခဲ့ဖူးပေမယ့် များမကြာမှီရက်ပိုင်း အတွင်းမှာ ဖေ့စ်ဘွခ်လူမှုကွန်ယက်တွေပေါ် တက်သစ်စမော်ဒယ်လ် ချမ်းချမ်းပိုင်နဲ့ချစ်ကြိုက်နေတဲ့သတင်းထွက်လာခဲ့ပြီးနောက် ပရိသတ် ဝေဖန်မှု၊ မကျေနပ်ချက်တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။

အဆိုပါဂယက်ဖြစ်နေစဉ်အတွင်းမှာ ဥာဏ်လင်းအောင်က မန္တလေးနဲ့မုံရွာမှာ နယ်ရှိုးလက်ခံထားလို့ သွားဆိုနေခဲ့တဲ့အတွက် ထိုသတင်းနဲ့ပတ်သက်ပြီး ဥာဏ်လင်းအောင်ရဲ့ မိခင်ဖြစ်သူ အန်တီလှလွန်းဆွေက ခုလို ပြောသွားပါတယ်။ "သားက မနေ့ညကမှ မုံရွာကပြန်ရောက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူရေရေလည်လည် မပြောပြတတ်ဘူး။ သားက နဂိုကတည်းက စကားနည်းတယ်။ အိမ်မှာက မိသားစုဝင်လဲ နည်းတယ်။ အိမ်မှာရှိရင် အခန်းထဲမှာ အင်တာနက်သုံးရင် သုံးတယ်။ သီချင်းနားထောင်တယ်။ ကိစ္စရှိမှာပဲ စကားပြောဖြစ်တယ်။ မီဒီယာပိုင်းဆိုရင်လဲ စလုပ်ကာစကဆို အင်တာဗျူးလုပ်ရမှာကြောက်တယ်။ မေးရင် ဘာဖြေရမှန်းလဲမသိဘူး။ သူက အခုချိန်ထိလဲကြောက်တယ်။ သူ့ကို မေးတဲ့ ကလေးတွေဆို အားမရကြဘူး။ သူကတစ်ခွန်းမေးတစ်ခွန်းဖြေပဲ။ အခုလိုပြသနာတွေဖြစ်နေတဲ့အချိန်မှာ သူကလဲ ဘာပြောရမှန်းသိမှာ မဟုတ်ဘူး။ သူလဲပြောမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အန်တီက ကိုယ်စားဝင်ပြောပေးတာပါ။ ဖေ့စ်ဘုတ်ဆိုတာ သိတဲ့အတိုင်းပဲ။ နည်းနည်းဆိုများများပြောကြတယ်။

ပြီးတော့ ကာယကံရှင်တွေ အကောင့်ပိတ်ထားတာတောင် အကောင့်တုတွေနဲ့ထပ်တင်ပြီး ပရိသတ်အ ထင်လွဲအောင်ပရိသတ်ကို စော်ကားတဲ့ စာတွေပုံတွေတင်ပြီး တိုက်ခိုက်ကြတယ်။ ပရိသတ်နဲ့သားကို အထင်လွဲအောင်

"ကလိထိုးပေးခြင်းဖြင့် သင့်ကလေး စကားပြောတတ်လာဖို့ ကြိုးစားကြည့်နိုင်"

အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။
ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။
“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား

"ပဒေါင်ဟင်း "

အရည်သောက်ဆိုတော့ ဒီလိုလေးမှ အဆင်ပြေတယ်ဗျ

ဒီလတော့ ဦးဦးဖျားဖျား ဟင်းခွက်လေးစပြီး တင်လိုက်တယ်ဗျာ။ ပဒေါင်ဟင်းဆိုလို့ အညာသားနဲ့ ဘယ်လိုဆက်စပ်လဲ မတွေးနဲ့အုံးနော်။ အဖေနဲ့အမေ အိမ်ထောင်ကျခါစက ကယားပြည်နယ်၊ လွိုင်ကော်မြို့နားလေးက မိုးဗြဲရေလှောင်ကန်မှာ တော်တော်ကြာ နေလာခဲ့ဖူးလိုပါ။  ကယားပြည်နယ်နားက ဆိုတော့ ပဒေါင်လူမျိုးတွေလည်း ရှိတယ်။ ကျွန်တော်ဆယ်တန်းအောင်ပြီးစ အဲ့ဒီကို အမေနဲ့ အလည်ရောက်တုန်းက အမေ့အသိ ပဒေါင်မတစ်ယောက်က ထမင်းခေါ်ကျွေးလို့ ပဒေါင်ဟင်းစားဖူးတာ။ ချက်တာလေးကို အမေကတဆင့် စပ်စုမိတယ်ဗျ။ သူတို့လူမျိုးက ဟင်းကို သုံးလေးခွက်မချက်စားကြဘူး။ တစ်မျိုးထဲမှာပဲ စုထည့်ပြီးချက်စားတာ များတယ်။ ဒါကြောင့် အိမ်မှာတခါတလေ အမေဟင်းချက်ရင် ပဒေါင်ဟင်း ဆိုပြီး အမေကပြောတယ်။ သူ့ဟင်းသူ နာမည်မပေးတတ်လို့။ ပဒေါင်လူမျိုးတွေက ငရုတ်သီးတော့ အတော်လေး စားတယ်။ ဟင်းတိုင်းမှာ ငရုတ်သီးစပ် ချက်တာများတယ်။ အရည်သောက် ဆိုလည်း ငရုတ်သီးစပ်ပဲ။

"စမတ်ဖုန်း တက်ဘလက်များဖြင့် သုတရတနာသိုက်များကို တူးဆွကြမယ်"

ယနေ့အခါ စမတ်ဖုန်းတွေတက်ဘလက်တွေကိုလူတိုင်းလိုလိုကိုင်ဆောင်အသုံးပြုနေကြပါတယ်။ဖုန်းတွေဆက်ကြမယ်၊ဂိမ်းတွေဆော့ကြမယ်၊ facebook သုံးကြမယ် ၊ chatting လုပ်ကြမယ်၊ စသဖြင့်ပေါ့။ အင်တာနက်လိုင်းလည်းရရှိနေခြင်းက မိမိတို့လေ့လာသိရှိချင်သည်များကိုးလွယ်လင့်တကူရှာဖွေလေ့လာနိုင်တာကလည်း အခွင့်အလမ်းကောင်းတစ်ရပ်ပါပဲ။တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ဟာ လွယ်လင့်တကူရရှိနေသော အရာများကို တန်ဖိုးထားလေ့မရှိတတ်ကြပါဘူး။ကျွန်တော် နယ်မှာနေစဉ် အငယ်တုန်းက စာတော်တော်ဖတ်ဖြစ်ပါတယ်။ နယ်မှာဆိုတာက ထွေထွေထူးထူး အာရုံလည်းမများလှတဲ့အတွက် စာဖတ်ရမယ့် အလုပ်ကလွဲပြီး ကျန်တာသိပ်မရှိဘူး။ ပျင်းရိဖွယ်အချိန်တွေက စာအုပ်တွေရဲ့ ကယ်တင်မှုကြောင့် ပျော်ရွှင်ဖွယ်အချိန်တွေဖြစ်ခဲ့ရတယ်ပေါ့။ နှစ်ဆိုင်သုံးဆိုင်လောက်သာရှိတဲ့ စာအုပ်ဆိုင်လေးတွေမှာ တင်သမျှအကုန်ဖတ်၊ ဖတ်စရာမရှိတော့ရင် သိုင်းဝတ္ထုလိုမျိုး၊ ဂမ္ဘီရလိုမျိုးစာအုပ်တွေဖတ်၊ လဆန်းရောက်တာနဲ့ ထွက်ရှိလာတဲ့ မဂ္ဂဇင်းအသစ်တွေကို သူများထက်ဦးအောင်ငှားပြီးဖတ်ရတာတွေက တော်တော်အရသာရှိတာ။ကုန်စုံဆိုင်လုပ်တာဆိုတော့ ဈေးထုတ်ဖို့ ဝယ်ထားတဲ့ သတင်းစာတွေလည်းဖတ်ပေါ့။ အဲဒိတုန်းက ဂျာနယ်တွေကလည်း တံခွန်၊အင်အားလိုမျိုး အားကစားဂျာနယ်တွေပဲရှိပြီး ပရီးမီးယားလိဂ်ကလည်း မြန်မာ့ရုပ်မြင်သံကြားကနေ စနေ၊တနင်္ဂနွေလိုမျိုးနေ့တွေမှာ highlight လောက်ပဲပြသခဲ့တာပေါ့။ အဲဒိ highlight ကိုကြည့်ပြီး အားကစားဂျာနယ်တွေဖတ်ရတာလည်း တော်တော်အရသာရှိတာ။
မဂ္ဂဇင်းတွေဖတ်တော့ စာရေးဆရာတွေရေးရေးနေတဲ့ ပန်းဆိုးတန်းလမ်းတို့၊ ၃၇လမ်းစာအုပ်အဟောင်းတန်းတို့၊လေထန်ကုန်းလက်ဖက်ရည်ဆိုင်တို့ ဆိုတာတွေက ကျွန်တော်တို့လို တောကစာသမားတွေအတွက် စိတ်ကူးယဉ်အိပ်မက်ကြီးတွေပေါ့။ရန်ကုန်မြို့ကြီးကိုလည်းညညအိမ်မက်ထဲ ခဏခဏမက်ပေါ့။
အမျိုးသားစာကြည့်တိုက်မှာလည်း မှတ်ပုံတင်ပါရင် အခမဲ့ဖတ်ရတယ်လို့သိခဲ့ရသလို ရွှေတိဂုံ ဘုရားအနောက်ဖက် ပြခန်းအောက်ထပ်က စာကြည့်တိုက်တို့၊ British Council, USIS တို့၊ စာပေဗိမာန်စာကြည့်တိုက်တို့မှာလည်းစာဖတ်လို့ရတယ်ဆိုတာက တောကလူငယ်တစ်ယောက်အတွက် ရန်ကုန်ဆိုတာကြီးက နတ်ဘုံနတ်နန်းကြီးသဖွယ်ပဲပေါ့။
ယခုခေတ်တော့ အရာရာပြောင်းလဲခဲ့ပါပြီး တောကနေ ရန်ကုန်ထိအောင်လာစရာမလိုဘဲ မိမိတို့ရဲ့ စမတ်ဖုန်းတွေ၊တက်ဘလက်တွေနဲ့ စာတွေဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။ အင်္ဂလိပ်စာအုပ်တွေကို ဈေးကြီးပေးဝယ်စရာမလိုဘဲ အခမဲ့ဖတ်ရှုလို့ရနိုင်မယ့် site တွေများစွာရှိနေသလို မြန်မာစာအုပ်တွေကိုလည်း ဝယ်ယူဖတ်ရှုနိုင်မယ့် apps တွေလည်းရှိနေပြီဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်စာအုပ်များစွာကိုလည်း လွယ်လင့်တကူ download ချပြီးဖတ်ရှုနိုင်မယ့် Dhamma Download ,Dhamma Library လိုမျိုး site တွေလည်းရှိနေပါပြီ။တစ်ခုရှိတာက မြန်မာစာအုပ်များအနေဖြင့် ebook ဗားရှင်းနဲ့ရောင်းချတာအလွန်အားနည်းနေသေးတာက အားမရစရာပါပဲ။Amazon လိုမျိုး site တွေမှာ မြန်မာစာအုပ်တွေတင်ရောင်းတာမရှိပါဘူး။ လစဉ်ထွက်မဂ္ဂဇင်းတွေကိုလည်း နိုင်ငံတကာမှာလို ebooks အဖြစ်တင်ရောင်းတာမရှိကြသေးပါဘူး။နေ့စဉ်ထွက်သတင်းစာတွေ၊

October 22, 2015

"ချစ်သူများဖြစ်တတ်သော အလေ့အထ(ချစ်သူ စည်းကမ်း) "

 
ကျွန်တော်ဒီနေ့ ကျွန်တော် အမြင်လေတစ်ခုကို တင်ပြပါမယ်.။
ချစ်သူရည်စားတွေ အတွက်ပါ.။
တစ်ယောက်နဲ့ တစ်ယောက်ချစ်သူဖြစ်သွားကြပြီးဆိုပါစို့.။
ချစ်စ ခင်စ ကြင်နာစ အချိန်မှာ.တစ်ဦးရဲ့စကား တစ်ဦးက မှားနေရင်တောင်
ချစ်စိတ်လေးတွေနဲ့ ဖြည့်တွေးပြီး အကောင်းမြင်တက်ကြပါတယ်.။
နောက်ပိုင်းနည်းနည်းကြာလာတော့..တစ်ဦးနဲ့တစ်ဦး အမြင်မတူလာတွေ တွေ့လာတော့
နည်းနည်းစကားများကြပြီးပေါ့..။
ဥပမာ ။ ။
ကောင်းမလေးတစ်ယောက် က သူချစ်သူလေးကို မေးတယ်
ကို.မှာ အရင်က ချစ်သူ ရည်စား ရှိဖူးလား????
ကောင်းလေးက ပြန်ဖြေတယ်.။
မရှိပါဘူး.
ကောင်မလေးက ပြုံးသွားတယ်..ပျော်သွားတယ်ပေါ့ဗျာ.။နောက်တစ်ခု ထပ်မေးတယ်.
ကို. မှာ သူငယ်ချင်း ကောင်းမလေးတွေ ရှိလား???..
ကောင်းလေးက ရိုးရိုးသားသားပဲ ရှိပါတယ်ပေါ့.ဘယ်သူကို
ဘယ်လောက်ခင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြတယ်.။ဒါကို ကောင်မလေးက စတင်ပြီး နှုတ်ခမ်းစူ လာပြီး.
ကောင်လေးက ထပ်ပြောတယ်..။သူငယ်ချင်းကောင်းမလေးတစ်ယောက်ကို ဆို ရင် ကိုက အရမ်းခင်တာ..
သူအတွက်နဲ့ ရန်တောင်ဖြစ်ဖူးတယ်ပေါ့.. ကောင်းလေးက ရိုးရိုးသားသားပါပဲ ပြောပြတယ်.။
ဒီမှာ ကောင်မလေးက စတင်ပြီးကောက်ပါပြီး.။စကားမပြောတော့ဘူး.။
ကောင်လေးက စဉ်စားတယ် ဘာဖြစ်လို့ကောက်တာလဲပေါ့.သူက ရိုးရိုးသားသားဟုတ်မှန်ကြောင့် ဖွင့်ပြောတာကို..။
ဒီအကြောင်းရာလေးကို ပဲ နောက်ရူထောင့်တစ်ခုကနေ ထပ်တွေးမယ်.။
တကယ်လို့ ကောင်းလေးက လိမ်ပြီး သူငယ်ချင်းကောင်းမလေးလည်း မရှိပါဘူး..လို့ပြောရင် ကောင်းမလေးလည်း

"သင့်ကို ဆေးရုံတက်ရတဲ့အထိ ဖြစ်စေနိုင်တဲ့ သင်မထင်ထားမိတဲ့ အရာများ "

ကိုယ်တွေနေ့စဉ် ပြုလုပ်နေတဲ့ အရာတစ်ချို့ဟာ ကျန်းမာရေးအတွက် တော်တော်လေးဆိုးရွားစေတယ်ဆိုတာ သတိပြုမိဖို့ ခဲယဉ်းတတ်ကြပါတယ်။ ဥပမာ ခဏခဏ နှာချေတတ်တဲ့သူဟာ နောက်ကျောရိုးတွေ နာကျင်စေတဲ့အပြင် ခြေတွေ လက်တွေ လှုပ်ရှားဖို့အတွက် ထိန်းချုပ်နိုင်တဲ့ အကြောတွေထိတောင် ဒဏ်ဖြစ်စေနိုင်တာပါ။ ဒီလိုမျိုး ဘာမဟုတ်တာလေးလို့ ကိုယ်ထင်မြင်နေတဲ့ အရာတစ်ချို့ဟာ သင့်ကို ဆေးရုံး၊ ဆေးခန်းရောက်စေတဲ့အထိ ဒုက္ခပေးနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့အရာတွေကတော့

ခြေညှပ်ဖိနပ်အပါးလေးများ စီးခြင်း

Flip Flop လို့ခေါ်တဲ့ ခြေညှပ်ဖိနပ်အပါးလေးတွေ စီးရတာ ဘယ်လောက် ပေါ့ပေါ့ပါးပါး ရှိုလိုက်သလဲ။ လွတ်လည်း လွတ်လပ်တယ်လေ။ ဒါပေမယ့် ဒီဖိနပ်တွေကြောင့် ကိုယ်တွေလမ်းလျှောက်တဲ့ပုံစံ ပြောင်းလဲသွားတတ်ပြီး တင်ပါးတွေနဲ့ ဒူးခေါင်းနာကျင်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးလေးတွေ ၀ယ်မယ်ဆို ကိုယ်နဲ့တကယ်အဆင်ပြေတဲ့ ဖိနပ်မျိုး၊ ခြေထောက်နဲ့ ကွက်တိဖြစ်မယ့် ဖိနပ်မျိုးတွေကို အသားပေးဝယ်ပါ။

ပိုက်ဆံအိတ်ထဲ ပြုံစုထည့်ပြီး ဘောင်းဘီနောက် အိတ်ကပ်ထဲ ထည့်ခြင်း

များသောအားဖြင့် ယောင်္ကျားလေးတွေဟာ ပိုက်ဆံအိတ်အသုံးပြုတဲ့အခါ ရှိသမျှ စာရွက်အပိုင်းအစ၊ ဘောက်ချာ စတာတွေကိုပါ ပိုက်ဆံအိတ်ထဲ ထိုးထည့်တတ်ကြပါတယ်။ ဒီလိုထည့်တဲ့အခါတိုင်း ခါးလိမ်လိမ်ပြီး နောက်ဘောင်းဘီ အိတ်ကပ်ထဲက ပိုက်ဆံအိတ်ထုတ်၊ ပြန်ထည့်နဲ့ တစ်ရက်တစ်ရက် အခါပေါင်းမနည်း ဒီလိုလှုပ်ရှားမှုမျိုး လုပ်တတ်ကြပါတယ်။ ဒါဟာ ခါးနဲ့ဇက်ကို ပြသနာပေးတော့တာပါပဲ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ဘောင်းဘီနောက်အိတ်ထဲ ပိုက်ဆံအိတ် ထည့်တာမျိုး မလုပ်ပါနဲ့။

အရမ်းကျပ်တဲ့ ဘောင်းဘီတွေ ၀တ်ခြင်း

skinny ဘောင်းဘီတွေထဲမှာ တစ်ချို့ဘောင်းဘီတွေက ၀တ်ရတာ တော်တော်ကို အဆင်မပြေပါဘူး။ ဒီလိုဘောင်းဘီမျိုးကို

"ချစ်သူဖတ်ဖို့ အတွက် ရင်ထဲက ခံစားချက် တစ်ခုတော့ ပါတယ် with ရွက် သစ်"

 
နေရာဒေသတွေဝေးကွာလာတာနဲ့
နင်နဲ့ငါ့ကြား ပိုဝေးကွာစေတာလား

မတွေ့ဖြစ်တဲ့ရက်လတွေများလာတာနဲ့
နင်နဲ့ငါ့ကြား သံယောဇဉ်တွေ အဆုံးသတ်စေပြီလား

ဖုန်းမဆက်ဖြစ်တဲ့အကြိမ်တွေများလာတာနဲ့
နင်နဲ့ငါကြား အမှတ်တရဆိုတာတွေ မရှိတော့ပြီလား

မနက်ခင်းတိုင်း ငါမနှုတ်ဆက်ဖြစ်တော့ပေမယ့်
ငါ့မနက်ခင်းတိုင်းမှာ နင်ပါဝင်ပါတ်သတ်နေဆဲ

သတိရကြောင်းဖုန်းမဆက်ဖြစ်တော့ပေမယ့်
ငါသတိရတဲ့အကြောင်း ငါ့နှလုံးသားလေးကသက်သေဖြစ်နေဆဲ

October 21, 2015

အားကစားခန်းမ မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အမှား (၅) မျိုး


သင်ဟာ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေပေမယ့် သင့်ခန္ဓာကိုယ် ရဲ့ ရလဒ်က သိပ်မထူးဘူးဆိုရင်တော့ သင်ဟာ အားကစားခန်းမ ကို သံသယ ရှိလာမှာပါ။ အမှန်တစ်ကယ် အပြစ်ရှိတာကတော့ သင်ကိုယ်တိုင် ပါပဲ ။ သင့်အနေနဲ့ ရှောင်ကြဉ်ဖို့ လိုအပ်တာကတော့ ခန္ဓာကိုယ် ကျစ်လစ် တောင့်တင်းဖို့ ကြိုးစားနေချိန်မှာ မလုပ်သင့်တဲ့ အမှား လေးတွေပါပဲ ။ အဲဒါတွေကတော့ -

၁။ မဖြစ်နိုင်တဲ့ Goal တွေ သတ်မှတ်ခြင်း

ဒီတစ်လတည်းနဲ့ ငါ ပေါင် ၂၀ ၀ိတ်ကျသွားအောင် လေ့ကျင့်ခန်းလုပ်ပစ်မယ်။ ပထမဆုံးနေ့မှာပဲ ၁၀ ကီလိုမီတာ ပြေးပလိုက်မယ်။ အဲဒီလိုမျိုး မဖြစ်နိုင်တဲ့ Goal တွေကို ကျော်မချလိုက်ပါနဲ့။ ဖြည်းဖြည်းချင်း သွားပါ။ တစ်ဆင့်ချင်းသွားပါ။

ယောကျာ်းနဲ့မိန်းမ နှလုံးသား ကြီးရင့်လာပုံချင်းမတူ


ယောကျာ်းတွေနဲ့  မိန်းမတွေရဲ့ နှလုံးသား ကြီးထွားပုံချင်းဟာ သိသိသာသာ မတူကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလို ကွဲပြားချက်ကို လေ့လာတွေ့ရှိတာဟာ ဒါပထမဆုံးအကြိမ်ပါ။ ယောကျာ်းတွေနဲ့ မိန်းမတွေမှာ တွေ့ရတဲ့ နှလုံးပုံစံ ခြားနားချက်နဲ့ ပတ်သက်ပြီး အလင်းပြနိုင်ခဲ့တာပါ။

ဒါဟာ လိင်ကွဲပြားမှုကိုလိုက်ပြီး ကုသမှုတွေလုပ်ဆောင်ဖို့ရာ ဦးတည်သွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ Johns Hopkins တက္ကသိုလ် သုတေသီ တွေဟာ အရွယ်ရောက်ပြီးသူ ၃၀၀၀ ခန့်ရဲ့ နှလုံးကြီးရင့်ကြီးထွားလာမှုကို MRI Scans တွေနဲ့ လေ့လာသုံးသပ်ခဲ့ပါတယ်။

"ချစ်သူအမျိုးသားတွေနဲ့ ဆုံတဲ့အခါ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ အရာ (၅)မျိုး"

 
ပထမဆုံး ချစ်သူနဲ့ ချိန်းတွေ့ရမယ့်နေ့မှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ပြောရင်ကောင်းမလဲဆိုပြီး တွေးဖြစ်ကြတယ်ဟုတ်။ စိတ်ဝင်စားစရာလည်းကောင်းအောင်၊ တစ်ဖက်လူလည်း မပျင်းရအောင်၊ စိတ်မပျက်ရအောင်ပေါ့။ ဘာပဲဖြစ်ဖြစ် ပထမဆုံး ချိန်းတွေ့ကြတဲ့နေ့ဟာ အနည်းအကျဉ်းတော့ အနေရခက်ပြီး အူကြောင်ကြောင်နိုင်တယ် မဟုတ်လား။ ဒီတော့ အဲ့ဒီလို ကိုယ့်တွဲတော့မယ့် အဖြေပေးလိုက်ပြီဖြစ်တဲ့ ချစ်သူအမျိုးသားကောင်လေးနဲ့အတူရှိချိန်မှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ပြောသင့်သလဲ၊ အမျိုးသားတွေက သင့်ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်သွားစေမယ့် အရာတွေက

၁။ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေထက် ခရီးထွက်တုန်းက ကြုံရတဲ့အရာတွေကို ဝေမျှပြောဆိုတာမျိုး

စစ်တမ်းကောက်ကြည့်မယ်ဆိုရင် ချိန်းတွေ့တဲ့အတွဲတွေထဲမှာ ၈ရာခိုင်နှုန်းသာ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေပြောပြီး အဆင်ပြေသွားတာရှိပါတယ်။ များသောအားဖြင့် အဲ့ဒီလို ဇာတ်ကားအကြောင်း ပြောရင် နောက်ထပ် ဒိတ်ထပ်မလုပ်ဖြစ်တော့တာ များလို့ပါ။ အဲ့ဒီအစား အခြားသော စုံတွဲတွေကတော့ ခရီးသွားရခြင်းက ဘယ်လိုဆိုတာမျိုးတွေ ပြောခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အဲ့ဒီ့အကြောင်းအရာမျိုး ပြောတဲ့ အမျိုးသမီးတွေကို ပိုစိတ်ဝင်တစား အာရုံစိုက်နားထောင်ပေးလေ့ရှိပါတယ်။ တစ်ချိန်တည်းမှာ သင်သွားခဲ့ဖူးတဲ့နေရာတွေ၊ အတွေ့အကြုံတွေပြောရင်းနဲ့ သင်သွားချင်တဲ့နေရာတွေကိုပါ ထည့်ပြောသွားနိုင်တယ်လေ။

၂။စကားပြောတဲ့အခါ တစ်ဖက်သတ် ပြောဆိုတာမျိုး မလုပ်ပဲ နှစ်ဖက်မျှအောင် နားထောင်ပြောဆိုတာမျိုး

ပထမဆုံးနေ့မှာ တစ်ယောက်အကြောင်း တစ်ယောက်သိသွားအောင် ကိုယ့်အကြောင်း သူ့အကြောင်း ဖလှယ်ပြောဆိုရတာမျိုးပါ။ ပြောဆိုရင်းနဲ့ နှစ်ဦးသားတူညီတဲ့အရာလေးတွေ တွေ့ရင် ဒါပျော်စရာပေါ့။ ဒါပေမယ့် သင်က တစ်ဖက်သတ်ဆန်ဆန် သင်ချည်းပြောဆိုနေမယ်ဆိုရင်တော့ တစ်ဖက်လူလည်း အနည်းအကျဉ်း စိတ်ညစ်သွားမှာပါ။

"ပလပ်စတစ်ဆာဂျီရီရဲ့ အကျိုးနဲ့အပြစ်"

 
နာမည်ကျော်တွေမှာ များသောအားဖြင့် သူတို့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားဟာ သိသိသာသာ ကွဲပြားသွားတာမျိုး မရှိပါဘူး။ ဒါပေမယ့် အခုဖော်ပြပေးမယ့် သူတွေကတော့ သူတို့ရဲ့အရင်ပုံစံနဲ့ သိသိသာသာ ကွဲပြား ခြားနားသွားပြီး အဲ့ဒီအတွက်လည်း ပလပ်စတစ်ဆာဂျရီကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်တဲ့။
(၁)    Megan Fox
ဟောလီးဝုဒ်စတားတစ်ဦးဖြစ်တဲ့ Megan Fox ဟာ သူမရဲ့ ယခင်သွင်ပြင်နဲ့ လုံးဝ ခြားနားသွားပါတယ်။ နှာခေါင်းဆိုင်ရာ အထွေထွေပြင်ဆင်ခြင်း ၊ မျက်ခွံခွဲစိတ်ခြင်း၊ အသားအရေ တင်းရင်းဖို့ ဘိုတော့စ် ထိုးခြင်းအပြင် အခြားအရာတွေပါ ပြင်ထား ပါတယ်။ ကုန်ကျမှုကတော့ အမေရိကန်ဒေါ်လာ ၆၀၀၀၀ လောက် ရှိပါတယ်တဲ့။

"Facebook အသုံးကောင်းလို့ တံတားပေါ်က ပြုတ်ကျပြီး ရေထဲမျောပါသွားတဲ့ ထိုင်ဝမ်သူ"

သြစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့ အနီးနားက St.Kilda ဆိပ်ခံတံတားမှာ လမ်းလျှောက်နေတဲ့ ထိုင်ဝမ်သူ ခရီးသည် အမျိုးသမီးဟာ သူမရဲ့ ဖေ့ဘွတ်တုံ့ ပြန်ချက်တွေကို ဖုန်းကနေ ဖတ်ရှုနေရင်း နဲ့ တံတားပေါ်က ပြုတ်ကျသွားခဲ့ပါတယ်။ ချမ်းအေးလှတဲ့ ဖိလစ်ဘေးလ် ဆိပ်ကမ်းရဲ့ ရေပြင်ထဲ ပြုတ်ကျသွားတဲ့ သူမကို ဗစ်တိုးရီးယားပြည်နယ် ရဲဝန်ထမ်းတွေက မိနစ် ၂၀ ကြာပြီးမှ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သူမပြုတ်ကျသွားတာကိုမြင်လိုက်ရတဲ့မျက်မြင်တစ်ယောက်က အကူအညီအော်တောင်းခဲ့ပြီး ရဲတွေက သူမကို စပိဘုတ်တစ်စင်းနဲ့ ရေထဲလိုက်ရှာကြပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီထိုင်ဝမ်သူ အမျိုးသမီးကို မိနစ် ၂၀ အကြာမှာ တံတားနဲ့  ၆၅ ပေ အကွာမှာ ရေထဲ ပေါလောမျောနေတာကို တွေ့ ရှိပြီး ကယ်ဆယ်လိုက်နိုင်ပါတယ်။ တကယ်လို့ ရဲတွေသာ မတွေ့ ခဲ့ဘူးဆိုရင် သူမဘယ်ထိ မျောပါသွားမလဲ ဆိုတာ မပြောနိုင်ပါဘူး ။
“သူမက ရေထဲမှာ ပက်လက်ပေါလောမျောနေတာကို ကျွန်တော်တို့ တွေ့ လိုက်ရပါတယ်။ နောက်တော့ သူပြောတာက သူရေမကူးတတ်ဘူးတဲ့ ၊ ကျွန်တော်တို့ အချိန်မီလိုက်လို့ ပေါ့ဗျာ” လို့  ဆိပ်ကမ်းရဲအကြီးအကဲ ဒင်းန်ကယ်လီက သြစကြေးလျရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။ “ သူမလက်ထဲမှာ မိုဘိုင်းဖုန်းကို ကိုင်ထားတုန်းပဲ၊ ပြီးတော့

"ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များအသုံးပြုတဲ့ ထူးထူးဆန်းဆန်းယာဉ်များ"

 
ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ ထိပ်သီးခေါင်းဆောင်များ အသုံးပြုတဲ့ ထူးထူးဆန်းဆန်းယာဉ်များ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

၁။ ဗလာဒီမာပူတင်
ဂျွန်လ လယ်လောက်တုန်းက ရရုးသမ္မတ ပူတင်ဟာ ဂျိမ်းစ်ဘွန်းဇာတ်လမ်းဆန်ဆန် အထူးပြုလုပ်ထားတဲ့ ရေငုပ်သဘောင်္ငယ် ကို အသုံးပြုပြီး ဖင်လန် ပင်လယ်ကွေ့ က သဘောင်္ပျက်ကို သွားရောက်ကြည့်ရှူခဲ့ပါတယ်။ ရုရှားနိုင်ငံခေါင်းဆောင်ဟာ ဒေါ်လာ ၂.၄ သန်းခန့် တန်တဲ့ အဲဒီ့အထူးရေငုပ်သဘောင်္နဲ့ ပင်လယ်ရေအောက် ပေ ၂၀၀ အထိ

"လက်ကို ကိုင်ထားရင် လမ်းလျှောက်တတ်တဲ့ မကောင်းဆိုးဝါး အရုပ်ဗီဒီယို အင်တာနက်မှာ ပျံ့ နှံ့ နေ "

 
လမ်းလျှောက်တတ်တဲ့ အရုပ်တစ်ရုပ် ရဲ့ ကျောချမ်းစရာ ဗီဒီယိုဟာ အင်တာနက်မှာ ပျံ့ နှံ့ နေပြီး ကြည့်ရှုသူတွေဟာ အရုပ်ရဲ့ မယုံကြည်နိုင်စရာ လူသားတစ်ယောက်လို လမ်းလျှောက် တတ်ခြင်းကြောင့် သွေးပျက်ထိတ်လန့် နေကြပါတယ်။

ဆိုရှယ်မီဒီယာဆိုက်အများအပြားမှာ share လုပ်မှု သန်းပေါင်းများစွာရှိခဲ့ပြီး ပေါက်သွားခဲ့တဲ့ ဗီဒီယိုဟာ တကယ်တော့ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက အွန်လိုင်းမှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အနက်ရောင် ကြီးမားတဲ့မျက်လုံးတွေရှိတဲ့ ဒီထူးဆန်းတဲ့ အရုပ်မဟာ လူတစ်ယောက်ယောက်က သူ့ လက်ကို ဆွဲကိုင်ထားရင် လူနဲ့  အတူတူ လမ်းလျှောက်သွားနိုင်ပါတယ်။

ဒီ ထိတ်လန့် ဖွယ်ရာဗီဒီယိုကို မက္ကဆီကိုနိုင်ငံ၊ ဆော်တီလိုမြို့ မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး Antonio Lopez ဆိုတဲ့ အမျိုးသမီးက Youtube မှာ တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လက်ထဲမှာ ဒီအရုပ်မ ရှိနေတာ နှစ်ပေါင်း ၄၀ နီးပါးလောက်ရှိပြီလို့ ဆိုပါတယ်။ မက္ကဆီကန်သတင်းစာ Excelsior က ဒီအရုပ်မဟာ ၇၀ပြည့်နှစ်နဲ့ ၈၀ ပြည့်နှစ်တွေမှာ ထုတ်ခဲ့တဲ့ Lily Lady ခေါ် အရုပ်မ စီးရီးထဲက ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ Lily Lady အရုပ်မတွေဟာ ကလေးမ လေးတွေ လမ်းလျှောက်တတ်အောင် ကူညီပေးဖို့ အတွက် ထုတ်ထားတဲ့ အရုပ်မတွေဖြစ်တယ်လို့  သိရပါတယ်။

ကြည့်ရှုမှုပေါင်း နှစ်သန်းကျော်ရှိထားပြီဖြစ်တဲ့ အဆိုပါဗီဒီယိုကို လူတွေဟာ သူတို့ ရဲ့ တစ်ယောက် တစ်ပေါက် အမြင်တွေနဲ့ ပြန် share လုပ်နေကြတာဖြစ်ပါတယ်။ Leon Carlos ဆိုတဲ့ user တစ်ယောက်က “ ဒီအရုပ်က

October 20, 2015

"ကိုယ့်အပေါ် အရမ်းလွှမ်းမိုး ချုပ်ကိုင်ချင်တဲ့ ချစ်သူမျိုးကို ဘယ်လိုတုန့်ပြန်မလဲ ..."

လူတွေက ကိုယ့်ဘဝကို ကျေနပ်မှု မရှိတဲ့အခါ တစ်ခြားသူတစ်ယောက်ရဲ့ ဘဝကို လွှမ်းမိုး ချုပ်ကိုင်ချင်လာကြပါတယ်။ ဒီတော့ သူဒီလိုမျိုးဖြစ်ရတဲ့ အကြောင်းအရင်းကို မြင်အောင်ကြည့်ပြီး ဖြည့်ဆည်းနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ဥပမာ- သူကမေတ္တာငတ်ခဲ့တဲ့သူဆိုရင် သူ့ကို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းစေမယ်။ တစ်စုံတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းခံရတာကြောင့်ဆိုလည်း သူ့ယုံကြည်မှုရအောင် အမြဲ ကြိုးစားနေထိုင်တာမျိုးပေါ့။ တဖြည်းဖြည်းနဲ့ သူသင့်အပေါ် လွှမ်းမိုးချုပ်ကိုင်ချင်တဲ့ စိတ်တွေ လျော့ကျသွားပါလိမ့်မယ်။


၂။ သူ့လွှမ်းမိုးချုပ်ကိုင်မှုအပေါ် ကိုယ်ဘယ်လို ခံစားနေရလဲ ဆိုတာ သူသိအောင် ပြောပြပါ။

သူ့ရဲ့ အလွန်အမင်း ထိန်းချုပ်လိုမှုတွေ၊ ပြုပြင်ပြောင်းလဲ လိုမှုတွေက သင့်ကို ဘယ်လောက်ထိ အကျပ်အတည်းဖြစ်စေလဲ၊ နာကျင်စေလဲဆိုတာ သူသိအောင် အပြုသဘောဆောင်ပြီး ရင်ဖွင့် ပြောဆိုပါ။ သူသာ သင့်ကို တကယ် ချစ်မြတ်နိုးတဲ့သူဆိုရင် သင့်စိတ်တွေ မနာကျင်ဖို့ သူ့ခံယူချက်တွေကို ပြုပြင်ပါလိမ့်မယ်။

၃။ ကိုယ်မနိုင်တဲ့ ဝန်တွေ ဇွတ်ထမ်းတာမျိုး မလုပ်ပါနဲ့။

ကိုယ့်ချစ်သူပြောသမျှ၊ သူဆုံးဖြတ်သမျှ လိုက်လျောနေမယ်ဆိုရင် သင့်အပေါ် သူပိုပြီး လွှမ်းမိုးချင်လာပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေအတွက် ငြင်းဆိုဖို့ သတ္တိရှိပါ။ အဲဒီအချိန်မှာ ချစ်သူရဲ့ ငြိုငြင်မှုတွေ ခံကောင်း ခံရပါလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ့်ဆန္ဒမပါဘဲနဲ့ အလွန်အမင်းလိုက်လျောတာမျိုးက ကြာလာရင် နှစ်ဦးလုံးအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

၎။ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ရွေးချယ်မှုတွေကိုတော့ ကိုယ်တိုင်ပဲ ချုပ်ကိုင်ပါ။

သင့်ချစ်သူဟာ လွှမ်းမိုးချုပ်ချယ်ချင်တဲ့ သူဆိုရင် သင်လုပ်သမျှ အသေးစိတ်လေးတွေက အစ လိုက်ပြီး စွက်ဖက်ချင်နေပါလိမ့်မယ်။ လူတစ်ယောက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိသင့်ပါတယ်။ အသေးအဖွဲကစပြီး ကိုယ့်ရဲ့

"ချစ်သူနှစ်ဦးကြား မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေ ..."

 
လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီးလမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။ အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်းအပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။

(၁) မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။

 မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။

 (၂) အိမ်  ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။

 ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ်တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။

(၃) သူမရဲ့ယုံကြည်ရသူ ဖြစ်ပါစေ။

ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့်

"တရုတ်ကျောင်းသူကို အမှိုက်ပုံးထဲ ခေါင်းနှစ်အနိုင်ကျင့်သည့် ရုပ်သံပျံ့နှံ့ "

 
တရုတ်နိုင်ငံ၊ ဟန်နန်းပြည်နယ်၊ ဂျောင်းဆိုးမြို့က အလယ်တန်းကျောင်းတခုမှာ ဆယ်ကျော်သက်ကျောင်းသူလေးကို အမှိုက်ပုံထဲခေါင်းနှစ်အနိုင်ကျင့်တဲ့ ဗွီဒီယို ဖိုင်ဟာ အွန်လိုင်းပေါ်ပျံ့နှံ့နေပါတယ်။

ဝမ်အမည်ရတဲ့ကျောင်းသူက ဘီယန်အမည်ရတဲ့ တခြားကျောင်းသူတဦးကို အော်ဟစ်ကြိမ်းမောင်းပြီး အမှိုက်ပုံးထဲက တုတ်ထိုးသကြားလုံးကိုသူ့ပါးစပ်နဲ့ ပြန် ကောက်ယူခိုင်းတာကို အောက်တိုဘာ ၁၅ ရက်နေ့ စီစီတီဗွီသတင်း ဗွီဒီယိုဖိုင်ထဲမှာ ဖော်ပြထားပါတယ်။

ကျောင်းသူဘီယန်ဟာ အမှိုက်ပုံးထဲကို ခေါင်းနှစ်လိုက်ပြန်ဆွဲတင်လိုက် အကြိမ် ကြိမ်ခံရပြီး ၀မ်ရဲ့ ဆဲဆိုကြိမ်းမောင်းပြီး ထိုးနှက်ကန်ကြောက်မှုတွေကိုလည်း ခံခဲ့ရတာပါ။

အွန်လိုင်းအသုံးပြုသူတွေအများစုက ၀မ်အမည်ရတဲ့ ကျောင်းသူရဲ့ အပြုအမူကို အံ့သြပြီး ဒေါသထွက်နေကြပြီး တချို့ကတော့

"တင့်ကား ၀ယ်ပြီး ရပ်စရာနေရာ မရှိလို့ အိမ်ပြောင်းရတော့ မယ့် အမျိုးသား "

 
အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ အိပ်ခန်း၂ ခန်းပါ တိုက်ခန်းကနေ ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ မက်ထရစ်တန် ၇ တန် လေးလံတဲ့ သံချပ်ကာ ကားတစ်စီးကို ၀ယ်ယူခဲ့လို့ပါ။

Jeff Woolmer ဆိုသူ အမျိုးသားဟာ စစ်တပ်သုံး မော်တော်ယာဉ် ( တင့်ကား ) အဟောင်း တစ်စင်းကို ၀ယ်ယူပြီး တဲ့နောက် ထိုတင့်ကားကို ပါကင်ထိုးဖို့ ကိစ္စဟာ ပြသနာ တစ်ခုသဖွယ်ဖြစ်လာခဲ့တဲ့နောက်မှာတော့ သူဟာ အိမ်ကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထို ကနေဒါစစ်တပ် ပိုင် စစ်လက်နက်(တင့်ကား) အဟောင်းကို Mr Woolmer ဟာ စတာလင်ပေါင် ၉၀၀၀ ပေးပြီး လေလံတင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် မေ့ပြီးဝယ်လိုက်မိတာပါ။ အလုပ်ထဲမှာရောက်နေတော့မှ ဖုန်းဆက်ပြီး ဟယ်လို ဆရာ သင် တင့်ကားတစ်စီး ၀ယ်ယူထားပါတယ် လို့ အကြောင်းကြားလာတာပါ။ တစ်ရုံးလုံးက ကျွန်တော့်ကို ၀ိုင်း ရယ်ခဲ့ကြပါတယ်။" လို့ Mr Woolmer က ဆိုပါတယ်။

Mr Woolmer ဟာ ဗြိတိန် နိုင်ငံ Bristol မြို့ ရဲ့ အစွန်အဖျားက တင့်ကား သိမ်းဆည်း ရပ်နားနိုင်မယ့် ဧရာမ အိမ်တစ်လုံးကို ပြောင်းရွှေ့ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ CVRT အမျိုးအစား Scorpion တင့်ကား အသေးစားလေးဟာ အရှိန်အားဖြင့် တစ်နာရီကို မိုင် ၅၀ နှုန်းအထိ သွားနိုင်ပြီး ၇၅ မီလီမီတာ ကျယ်တဲ့ အမြှောက်တစ်ခုလည်း ပါဝင်ပါတယ်။

"အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ "

မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါဝင်နေသလို
 ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါဝင်နေကြပါတယ်။

ဥပမာအားဖြင့် မိမိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေအောင် ကျောက်ကျဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ကို ခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲ တွဲရောင်းပေးလေ့ရှိကြတယ်။

မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။

အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၄င်းအစားအစာတို့တွင် ပါဝင်သော အဆိပ်အတောက်များကို ပြေပျောက်စေပါမည်။

(၁) အသားကင်များစားလျှင် အစာအိမ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်ဝတဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။

(၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ

October 19, 2015

"ဦးညိုစိမ့် သရဲမွေးသည်"

 
ကျွန်တော်တို့ ဒေသက ကဆုန်လရောက်ရင်စလင်းမြို့ ကုသိဏ္ဍာရုံဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိတယ်။
 ဈေးသည်ဆိုင်ခန်းတွေ ပွဲလမ်းသဘင်တွေနွားပြိုင်ပွဲ နွားဝှေ့ပွဲနဲ့ အဲဒီမှာအထူးခြားဆုံးကတော့
လက်ဝှေ့ပွဲပေါ့ဗျာ။
 ထိုခေတ်ကပါ အခုတော့ ဇာတ်ပွဲနဲ့ နွားပြိုင်ပွဲရှိတော့တယ်။ ကဆုန်လ ကုသိဏ္ဍာရုံ
ဘုရားပွဲနီးပြီဆိုရင် ရွာထဲကယောက်ျားသားတွေ တက်ကြွနေတဲ့ ကြက်ဖတွေလိုပဲ လက်ဝှေ့ပွဲကြည့်ရ
ဖို့အရေး အချိန်မှီလုပ်ငန်းတွေပြီးဆီးအောင် လုပ်ကြရတယ်။

ထိုနှစ်မှာတော့ အခါတိုင်းထက်ထူးခြားတယ်ဗျ လက်ဝှေ့ထိုးပွဲမှာ `ကျားကြီး ' ဆိုပြီးအလွန်
နာမည်ကြီးတဲ့ လက်ဝှေ့သမား ဘုရားပွဲမှာ လာထိုး မယ်ဆိုတဲ့သတင်းကတော့စိမ့်ရွာလေးမှာ ပျံ့နှံ့နေတာပဲ။ ဦးညိုစိမ့်အပေါင်းသင်းတွေထဲကကိုလှဆောင်ကတော့ ဒီနှစ်ဘုရားပွဲမှာ `ကျားကြီး '
ဆိုတဲ့သူနဲ့ လက်ဝှေ့ထိုးမလို့ ထန်းတောထဲမှာ လက်ဝှေ့ကျင့်နေသည်။

 ဦးညိုစိမ့်ကတွေ့တော့

``ဟကောင် လှဆောင် မင်းကငါ့ထန်းတောထဲမှာလာပြီး ထူးထူးခြားခြား လက်ဝှေ့လာကျင့်လို့ပါလား
ဘာအရူးထနေတာလဲကွ လို့မေးတော့ ဟာညိုစိမ့် အဲလောက်တောင်အရလားကွ မြို့ ဘုရားပွဲမှာ လာထိုးမယ့် ကျားကြီး ဆိုတဲ့ကောင်နဲ့ ငါထိုးဖို့ လေ့ကျင့်နေတာ '' ဦးညိုစိမ့်က ရီတယ်။

ပီးတော့မှကိုလှဆောင်ကို ခနဲ့သလိုပြောလိုက်သေးတယ်`လှဆောင် မင်း ကျားကြီးနဲ့ ထိုးတာတော့ဟုတ်ပါပီမနိုင်လို့ကတော့ ငါတို့တော့စိမ့်သားတွေ တစ်ခြားရွာက ဟားတိုက်တာခံနေရအုံး ကြည့်လည်းလုပ်အုံး တောစိမ့်သားတွေ အစဉ်လာမပျက် ထိန်းသိန်းလာတဲ့ သိက္ခာတွေ မင်းကြောင့်တော့ အကြမခံဘူးမောင်။်ဒါကြောင့်မင်းငါခိုင်းတဲ့အတိုင်း လုပ်မလား''လို့ဦးညိုစိမ့်ကမေးတယ်

ကိုလှဆောင်က နားမရှင်းတာနဲ့ ဦးညိုစိမ့် ကို`ဟကောင် ညိုစိမ့် မင်းကငါ့ကိုဘာခိုင်းမှာလဲ နောက်
ပြီး မင်းခိုင်းသလိုငါလုပ်ရင် ဘာတွေဖြစ်လာမှာလဲအဲဒါပြောပြမှ ငါလုပ်နိုင်မှာပေါ့ကွ ငါလည်းတောစိမ့်

"ကိုယ်ပိုင်ကလေးမရှိလို့ ကြောင်လေးနှစ်ကောင်ကို မွေးစားခဲ့တဲ့ ဂေါ်ရီလာမလေး ကိုကို "


ကိုကို လို့အမည်ရတဲ့ ဂေါ်ရီလာမတစ်ကောင်ဟာ အမေရိကန် သင်္ကေတဘာသာစကား အဆင့်မြင့်ဗားရှင်းကနေ လက်ပြသင်္ကေတအများကြီးကို သင်ယူတတ်မြောက်ထားသူပါ။ ဒါပေမဲ့ သူက ကိုယ်ပိုင်ကလေးရဖို့ အခွင့်အလမ်းမရှိပေမဲ့ ကလေးတွေချစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ သိပ်မသိကြပါဘူး။
သူဟာ ဂေါ်ရီလာအရုပ်လေးတွေကို သူ့လက်မှာပွေ့ပြီး “ကလေး” ဆိုတဲ့စကားလုံးကို သင်္ကေတပြလေ့ရှိပါတယ်။ သူ့ရဲ့ လက်မောင်းတွေ၊ လက်တွေကိုလှုပ်ရှားပြီး အရုပ်လေးတွေကပဲ သင်္ကေတ ပြသယောင် ဟန်ဆောင်လိုက်ပါသေးတယ်။ ကိုကိုရဲ့ ၄၄နှစ်မြောက် မွေးနေ့မှာ သူ့ရဲ့လေ့ကျင့်ပေးသူ Francine Patterson ကနေ သူ့ကိုတခြားကလေးလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကြောင်ပေါက်လေးတွေပါပဲ။

သူကြောင်လေးတွေနဲ့ တွေ့တော့၊ “ကလေး” ဆိုတဲ့ သင်္ကေတကိုလုပ်ပြပြီးတဲ့အခါမှာ “ကြောင်” ဆိုတဲ့သင်္ကေတကို ဆက်လုပ်ပြခဲ့ပါတယ်။ ဒီကြောင်လေးတွေက သူအခုမွေးစားလိုက်တဲ့ ကလေးလေးတွေဆိုပြီး သူ့ရဲ့ လေ့ကျင့်ပေးသူကို ပြောခဲ့ပါတယ်။ ကြောင်လေးတစ်ကောင်ကို သူ့ရဲ့ခေါင်းပေါ်မှာ တင်ထားခွင့်ပြုပါ ဆိုပြီး

"မှတ်မိချင်လား??? အော်ဖတ်ပါ "


ဟိန်းထက်
လန်ဒန် ၊ အောက်တိုဘာ ၈
          အကြောင်းအရာ တစ်ခုခုကို စွဲစွဲမြဲမြဲ မှတ်မိလိုပါက တစ်ယောက်တည်း အော်ဖတ်ခြင်း၊ ဘေးလူ တစ်ယောက်ယောက်ကို လှမ်းပြောပြခြင်းမျိုး လုပ်ပါဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
          တစ်ယောက်တည်း စကားပြောသူမျိုးသည် ဘေးလူများအဖို့ မြင်ရတာ ရယ်စရာ ကောင်းနေသော်လည်း ထိုသူမျိုးသည် အကြောင်းအရာများ မှတ်မိနိုင်စွမ်းတွင်မူ နှုတ်ဆိတ် နေသူများထက် ပိုအားသာကြောင်း စစ်တမ်းက ဆိုသည်။ အော်ဖတ်ခြင်းသည် စာမေးပွဲဖြေမည့် ကျောင်းသူ/ကျောင်းသားများမှ အစ တစ်ခုခုကို မှတ်သားထားလိုသော ပုံမှန်လူများအထိပါ ကောင်းကျိုး ပေးနိုင်သည်ဟု လေ့လာမှု စစ်တမ်းက ဆိုသည်။
          ကနေဒါနိုင်ငံ မွန်ထရီအဲ တက္ကသိုလ် သုတေသန အဖွဲ့က တက္ကသိုလ် ကျောင်းသား (၄၄) ယောက်ကို ကွန်ပျူတာ ဖန်သားပြင်ပေါ်က စာလုံးများ ဖတ်ခိုင်းပြီး စမ်းသပ်ထားခြင်း ဖြစ်သည်။ စာလုံးများကို ပုံစံလေးမျိုးဖြင့် ဖတ်ခိုင်းသည်။ စိတ်ထဲက ဖတ်ခြင်း၊ နှုတ်ခမ်းတရွရွ လှုပ်ဖတ်ခြင်း၊ တစ်ကိုယ်တော် အသံထွက်ဖတ်ခြင်း၊ အခြားသူများကိုပါ လှမ်းဖတ်ပြခြင်းဟူ၍ ဖြစ်သည်။
          လေးမျိုးရလဒ်များကို နှိုင်းယှဉ်ကြည့်သည့်အခါ သူများကိုပါ လှမ်းအော်ပြော ဖတ်ပြသူများသည် အများဆုံး မှတ်မိကြကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှု စစ်တမ်း အပြည့်အစုံကို Consciousness and Cognition ဂျာနယ်တွင်

" (၄) လက်မအရွယ်ရှိ ဆံပင်လုံးကြီး အစာအိမ်ထဲ ရောက်နေ"

 
အသက် (၇)နှစ်အရွယ် ကောင်မလေး တစ်ဦးသည် အစာအိမ်ထဲတွင် လေးလက်မ အရွယ်ရှိ   ဆံပင်လုံးကြီး ရှိနေသောကြောင့် ခွဲစိတ်ကုသမှု ခံလိုက်ရကြောင်း သိရသည်။ တရုတ်နိုင်ငံတောင်ပိုင်း  ရှန်ဇန်ဒေသရှိ ဆေးရုံးတွင် ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး၊ ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့သည်။

 ဗိုက်အောင့်သောကြောင့် ဆေးရုံသို့ ရောက်လာသဖြင့် ဓာတ်မှန်ရိုက် စမ်းသပ်ရာ အစာအိမ်ထဲတွင် ဆံပင်လုံးကြီး ရောက်နေသောကြောင့် အရေးပေါ် ကုသမှုပေးခဲ့ရခြင်း ဖြစ်သည်။ ဓာတ်မှန်ရိုက်ရာတွင် အလုံးကြီးသည် ကျောက်ခဲတုံးပုံစံ ဖြစ်နေပြီး  အရွယ်အစားမှာလည်း  ဂရိတ်ဖရုသီးခန့် ရှိနေသည်။

      အဆိုပါ ကလေးငယ်သည် Pica ဟု ခေါ်သည့် ရောဂါခံစားနေရခြင်း ဖြစ်သည်။ ယင်းရောဂါသည် အစာမဟုတ်သည့် အရာများကို စွဲလမ်းနှစ်သက်စွာ စားသုံးခြင်း ဖြစ်သည်။

"မျက်ကပ်မှန်တပ်ခြင်း " (မောင်ပေါက်)

ဒီဖက်ခေတ် လူသုံးများလာတဲ့

မျက်ကပ်မှန်အကြောင်း နည်းနည်းပြောပါရစေ။ မျက်ကပ်မှန်ဆိုတာ မျက်စိပေါ်မှာ ဖုံးအုပ်လို့ရတဲ့ သေးငယ်တဲ့ မှန်အသေးစား တမျိုး ဖြစ်တယ်။ မှန်ဆိုပေမယ့် ပလတ်စတစ် အကြည်တမျိုးပဲ။ မျက်ကပ်မှန်ကို polymethyl methacrylate (PMMA),silicone acrylate, hydrogels စတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။ မျက်ကပ်မှန်တခုမှာ အရေးကြီးဆုံးက အောက်စီဂျင်ဝင်ရောက်လွယ်ဖို့နဲ့ အစိုဓာတ်ထိန်းဖို့က ဖြစ်ပါတယ်။ ဒါမှ မျက်ကြည်လွှာကို မထိခိုက်စေမှာ ဖြစ်ပါတယ်။

မျက်ကပ်မှန်တွေပေါ်ပေါက်လာတာ ရာစုနှစ်တခုကို ကျော်လွန်ခဲ့ပါပြီ။ပထမဆုံးမျက်ကပ်မှန်အိုင်ဒီယာကို စတင်အကြံပြုခဲ့တာကတော့ ၁၆ရာစုကတည်းက ဖြစ်ပါတယ်။ လီယိုနာဒိုဒါဗင်ချီက Codex of the eye မှာ အဲဒီအကြောင်း စတင်အကြံပြုဖော်ပြခဲ့တယ်။ ဒါပေမယ့် လက်တွေ့အကောင်ထည်ဖော်နိုင်ခဲ့တာတော့ ၁၈၈၈ ခုနှစ် ရောက်မှပါ။ ဂျာမန်လူမျိုး Adolf Fick ဆိုသူက မျက်စိနဲ့ကိုက်ညီမယ့် ပထမဆုံးမျက်ကပ်မှန်က်ု အောင်မြင်စွာ စတင်တီထွင်နိုင်ခဲ့တယ်။ စပေါ်ခါစက မှန်အစစ်ကို အသုံးပြုခဲ့ပြီး အရွယ်အစားက လက်ညှိုးတဆစ်စာ( ၂-စင်တီမီတာ) လောက်ရှိတယ်။ ဒါ့ကြောင့် သုံးရတာ သိပ်အဆင်အပြေပါ။ ပိုဆိုးတာက မျကိကြည်လွှာကို အောက်စီဂျင်မရောက်နိုင်တာ ဖြစ်ပါတယ်။

၁၉၈၀နှောင်းပိုင်းကာလတွေရောက်တော့ polymer နဲ့လုပ်တဲ့ မျက်ကပ်မှန်တွေ ပေါ်ပေါက်လာတာမို့ သုံးစွဲသူတွေ ပိုအဆင်ပြေလာတယ်။ ၁၉၉၈ ခုနှစ်မှာ silicone hydrogelsနဲ့ လုပ်တဲ့ ပထမမျိုးဆက် မျက်ကပ်မှန်အပျော့တွေ ဈေးကွက်ထဲစရောက်လာပါတယ်။ ဆီလီကွန်ရဲ့ အားသာချက်က အောက်စီဂျင်ပျံ့နှံ့မှု အားကောင်းတာပဲ ဖြစ်တယ်။ hydrogelsပါလို့ တပ်ဆင်ရပိုမိုလွယ်ကူပြီး အစိုဓာတ်ထိန်းနိုင်တယ်။ ဒုတိယမျိုးဆက်ဖြစိတဲ့ silicone hydrogels(galyfilcon A)မှာ Tanaka monomer ဆိုတဲ့ပစ္စည်းကို သုံးလာကြတယ်။ အတွင်းမျက်နှာပြင်က စိုစွတ်မှု ပိုထိန်းပေးနိုင်တယ်။ အခုနောက်ဆုံး တတိယမျိုးဆက် ဆိုတာတွေပါ ပေါ်ပေါက်လာပြီ။ enfilcon A ဆိုရင် ရေဓာတ် ၄၆%ထိ ပါတယ်။

မျက်ကပ်မှန်တွေကို ယေဘုယျအမျိုးအစားခွဲလိုက်ရင် နှစ်မျိုးသာ ရှိတယ်။

October 18, 2015

"သင် အသက်(၂၀မှ ၂၈ )အတွင်း ဆိုရင် ဒါကိုမဖြစ်မနေဖတ်ပါ"


အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်..

အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူပါ။

သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။

၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ

၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှ

" မာမာရဲ့ ကြက်သား ထမင်းကြော် "

ဒီထမင်းကြော်လေးက မာမာ့သမီးလေးကြော်ထားတာပါ သူကျောင်းပိတ်တဲ့ရက်တွေမှာထမင်းချက် ဟင်းချက် မုန့်လုပ်ရတာကို ဝါသနာပါတဲ့ အလျှောက်မီးဖိုဆောင်ထဲ ဝင်ဖြစ်ပါတယ် တစ်ခါတရံ သူစားချင်တာကိုသူ့ဘာသာသူ ချက်တတ်သလို ကျမတို့စားချင်တာလေးတွေကိုလဲ သူ့စိတ်ကူးနဲ့သူ ချက်ပေး တတ်ပါတယ်။

အခု ထမင်းကြော်လေးကိုလဲ သူ့စိတ်ကူးနဲ့သူ ကြော်ထားတာပါ ဒါပေမဲ့ အရမ်းစားလို့ကောင်းပါတယ် မာမာကတော့ သူကြော်ထားတာလေး စားပြီး သူ့ထမင်းကြော်ကို နံမည်ပေးလေးတစ်ချုပးမိခဲ့ပါတယ်
လျာပေါ်ဝဲ ထမင်းကြော်လေးလို့ပေါ့နော် စားလိုက်တိုင်း အရသာကောင်းပြီး လျာပေါ်မှာ အရသာရှိရှိလေးရ တာကြောင့်မို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

သူကြော်တဲ့နည်းလေးပြောပြပါ့မယ်

  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ခပ်ပါးပါး လှီးထားသော ကြက်သားပြား - လက်ဖက်ရည်ပန်းကန်လုံး တလုံး
  • ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် တလုံးစာ
  • အနေတော်လှီး ထားသောကြက်သား - 150g 
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်

"အမျိုးသမီးတွေ သူတို့ချစ်သူအမျိုးသားတွေကို မထင်မှတ်ပဲ အဝေးကိုတွန်းပို့သလို ဖြစ်စေတဲ့ အရာ (၄) မျိုး"

သင့်ချစ်သူကောင်လေးကို သင်အရမ်းချစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော သင့်အပြောအဆို အပြုအမူတွေကြောင့် တစ်ဖက်လူက စိတ်ပျက်သွားရတဲ့ အခြေအနေမျိုးတွေ သင်ကြုံဖူးပါသလား။ တစ်ခါတစ်လေ ကိုယ်မထင်မှတ်ပဲ ပြောလိုက်မေးလိုက်တဲ့ အရာတွေက သင့်ချစ်သူကို သင့်ရဲ့အဝေးကို တွန်းပို့လိုက်သလို ဖြစ်စေတတ်တာမျိုးရှိပါတယ်။ ဒီတော့ အဲ့ဒီအရာ (၄) မျိုးကို ပြောပြရရင်ဖြင့်

၁။ မေးခွန်းတွေ တရစပ်မေးမြန်းတတ်ခြင်း
နှစ်ဦးသားတွေ့ဆုံတဲ့အခါ သင်ဟာ သင့်ချစ်သူကို သံသယမေးခွန်းတွေနဲ့ အမြဲမေးခွန်းထုတ်တတ်တယ်။ အထူးသဖြင့် ကျွန်မ ၀နေပြီလားဆိုတာမျိုး၊ ဘာကြောင့်ခုလို ပြောဆိုရတာလဲဆိုတာမျိုး၊ ကျွန်မကို မချစ်တော့ဘူးမလား စတာတွေကို သင့်ချစ်သူကို အမြဲမေးမြန်းနေတယ်ဆိုရင်တော့ ကြာရင် ဒီလိုမေးခွန်းမျိုးတွေ တစ်ဖက်လူက ဖြေချင်စိတ်ရှိတော့မှာ မဟုတ်ပါဘူး။  ဒီလိုမေးခွန်းမျိုးတွေဟာ တစ်ဖက်လူကို အကြပ်အတည်းဖြစ်စေတာကြောင့် သူတို့ကို စိတ်ပျက်စိတ်ကွက်စေတဲ့ မေးခွန်းမျိုးတွေပါပဲ။

၂။ သူပေးတဲ့အချစ်က ဘယ်တော့မှ မလုံလောက်ကြောင်း အထွန့်တက်ခြင်း
နှစ်ယောက်သားအတူလမ်းလျှောက်တဲ့အခါ လက်ကိုတင်းနေအောင် တွဲထားမှ၊ ကိုယ့်ပခုံးကို သူဖက်ထားမှ၊ လူကြားသူကြားထဲ သိပ်ချစ်တဲ့ပုံစံ လုပ်ပြနေမှ၊ ရုပ်ရှင်ရုံထဲ နေကြာစေ့ အခွံခွာကျွေးမှ ဆိုပြီး သူ့ကို စည်းကမ်းတွေတော့ မထုတ်ထားပါနဲ့။ ဒီလိုမျိုး ဘယ်သူကမှ လုပ်ချင်မှာ မဟုတ်ပါဘူး။ သူတို့စိတ်ထဲရှိတဲ့အတိုင်းသာ လုပ်ဆောင်ချင်ကြမှာပါ။ ဒါ့အပြင် အမျိုးသားတွေ မနှစ်သက်တဲ့ စည်းကမ်းတွေ အလွန်အမင်း တင်းကြပ်ထားပြီး သင်မကျေနပ်တာ တစ်ခုခုလုပ်လိုက်တိုင်း သင့်ကိုမချစ်လို့ ဒါမျိုးလုပ်တာမို့ မကျေနပ်ကြောင်း ပြောတာမျိုးတွေဟာ ရေရှည်လက်တွဲသွားချင်တဲ့သူတွေအတွက်တော့ စိတ်ပျက်စရာပါပဲ။ နာရီဝက်တစ်ခါ

"ဆံပင်ရေစိုစိုနဲ့ ဘာကြောင့် ညမအိပ်သင့်လဲ ဆိုတာ "

ဆံပင်ရေစိုကြီးနဲ့ ညအိပ်တာ အန္တရာယ်မရှိဘူးလို့ပဲ ကျွန်ုပ်တို့ အများစု မှတ်ယူကြပါတယ်။ ဒီအလေ့အကျင့်က အအေးမိ၊အအေးပတ်ခြင်းဖြစ်ပေါ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိခဲ့ပေမယ့် ညအိပ်ရာမဝင်ခင် ဆံပင်ကို ခြောက်အောင် သုတ်သင့်တဲ့ အကြောင်းအရင်း ၃ ချက်ကိုတော့ တင်ပြချင်ပါတယ်။

၁။ ခေါင်းကိုက်ခြင်း
သင့်ခန္ဓာကိုယ် အပူချိန်က အိပ်စက်နေစဉ်အချိန်မှာ တိုးလာပါတယ်။ ခန္ဓာကိုယ် ပူနွေးလာပြီး တဘက် ပတ်ထားတဲ့ခေါင်းပေါ်က အစိုဓာတ်တွေဟာ ခေါင်းကို အပြင်းအထန်ကိုက်ခဲ စေနိုင်ပါတယ်။

၂။ ရောဂါကူးစက်မှုဖြစ်ပွားခြင်း
ခေါင်းအုံးတွေဆိုတာ ဘက်တီးရီးယားကြီးထွားမှုအတွက် အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ချွေး၊ ဆဲလ်သေများနဲ့ အရေပြားပေါ်က အဆီတွေကို စုပ်ယူပေးလို့ပဲဖြစ်ပါတယ်။ ရေစိုနေတဲ့ဆံပင်က ခေါင်းအုံးကို စိုစေပါတယ်။ ဒါ့ကြောင့် ရောဂါကူးစက်မှုအတွက် အကောင်းဆုံးမြေဆီလွှာတစ်ခု ဖြစ်လာတော့တာပါပဲ။

၃။ ဆံပင်နှစ်ခွ ကွဲတတ်ခြင်း
ဆံပင်က ကွဲအက်လွယ်ပါတယ်။ အဲဒီပြသနာက ဆံပင်ရေစိုတဲ့အချိန်မှာ ပိုလို့တောင် ဆိုးရွားပါသေးတယ်။ ဆံပင်ရေစိုစိုဖြင့်

"တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၅၀ ကီလို ကျအောင် အလွန်ရိုးရှင်းတဲ့ နည်းဖြင့် ခရိုအေးရှား အမျိုးသမီး လျော့ကျစေခဲ့"


ခရိုအေးရှားနိုင်ငံက Tatyana ဆိုသူက တစ်နှစ်အတွင်း ခန္ဓာကိုယ် အလေးချိန်တစ်ဝက် လျော့ချပြီး ကျန်းကျန်းမာမာ
 နေထိုင်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ အခုလက်ရှိ သူမဟာ ၅၅ ကီလို ကိုယ်အလေးချိန်ရှိပါတယ်။ အတိအကျပြောရရင် ကိုယ်အလေးချိန် လျော့ချဖို့ မဆုံးဖြတ်မီ သူမ ၁၂၀ ကီလိုဂရမ် ရှိခဲ့တယ်။
ဘဝနေထိုင်မှု အမူအကျင့်တွေ ပြောင်းလဲဖို့ သူမ ဆုံးဖြတ်ခဲ့ပါတယ်။ အစားအစာလေးလေးတွေ စားတာ၊ အစားကို အများကြီးစားပြီး အိပ်တာမျိုးတွေ မလုပ်တော့ဘူးလို့ သူမက ဆိုပါတယ်။ ကိုယ်အလေးချိန် လျော့ချနေစဉ်ကာလအတွင်း နည်းလမ်း ထူးထူးခြားခြား သူမ မကျင့်သုံးခဲ့ပါဘူး။ သူမရဲ့ ပုံမှန်စားတဲ့ အစားအစာနဲ့ ပတ်သက်ရင် ပေါင်မုန့်မစားတော့တာလောက်ပဲ ရှိပြီး တခြားဟာတွေ ဆက်လက်စားသုံးနေဆဲ ဖြစ်ပါတယ်။
သူမ ထမင်းစားပြီးတာနဲ့ ပန်းကန်တွေ ပန်းကန်ဆေးစက်ထဲ ထည့်ထားလိုက်ပြီး လမ်းလျှောက်ထွက်လိုက်တယ်။ မီတာ ၅၀၀
Subscribe

လာလည်သူများ

free counters