♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 18, 2015

"တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၅၀ ကီလို ကျအောင် အလွန်ရိုးရှင်းတဲ့ နည်းဖြင့် ခရိုအေးရှား အမျိုးသမီး လျော့ကျစေခဲ့"


ခရိုအေးရှားနိုင်ငံက Tatyana ဆိုသူက တစ်နှစ်အတွင်း ခန္ဓာကိုယ် အလေးချိန်တစ်ဝက် လျော့ချပြီး ကျန်းကျန်းမာမာ
 နေထိုင်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ အခုလက်ရှိ သူမဟာ ၅၅ ကီလို ကိုယ်အလေးချိန်ရှိပါတယ်။ အတိအကျပြောရရင် ကိုယ်အလေးချိန် လျော့ချဖို့ မဆုံးဖြတ်မီ သူမ ၁၂၀ ကီလိုဂရမ် ရှိခဲ့တယ်။
ဘဝနေထိုင်မှု အမူအကျင့်တွေ ပြောင်းလဲဖို့ သူမ ဆုံးဖြတ်ခဲ့ပါတယ်။ အစားအစာလေးလေးတွေ စားတာ၊ အစားကို အများကြီးစားပြီး အိပ်တာမျိုးတွေ မလုပ်တော့ဘူးလို့ သူမက ဆိုပါတယ်။ ကိုယ်အလေးချိန် လျော့ချနေစဉ်ကာလအတွင်း နည်းလမ်း ထူးထူးခြားခြား သူမ မကျင့်သုံးခဲ့ပါဘူး။ သူမရဲ့ ပုံမှန်စားတဲ့ အစားအစာနဲ့ ပတ်သက်ရင် ပေါင်မုန့်မစားတော့တာလောက်ပဲ ရှိပြီး တခြားဟာတွေ ဆက်လက်စားသုံးနေဆဲ ဖြစ်ပါတယ်။
သူမ ထမင်းစားပြီးတာနဲ့ ပန်းကန်တွေ ပန်းကန်ဆေးစက်ထဲ ထည့်ထားလိုက်ပြီး လမ်းလျှောက်ထွက်လိုက်တယ်။ မီတာ ၅၀၀
လမ်းလျှောက်တယ်။ လမ်းလျှောက်တာ တဖြည်းဖြည်းနဲ့ တိုးတိုးသွားပြီး နောက်ဆုံး ၁၂ ကီလိုမိုင် အထိ သူမ လျှောက်ခဲ့တယ်လို့ Tatyana က ဆိုပါတယ်။
အခုတော့ ပိုကောင်းသွားတယ်ဆိုတာထက်ကို ပိုတယ်လို့ Yatyana က ဆိုပါတယ်။
Ref: timefornaturalhealthcare
Credit : http://www.trend.com.mm/2015/10/13/beauty-7864

No comments:

Subscribe

လာလည်သူများ

free counters