♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 21, 2015

"ချစ်သူအမျိုးသားတွေနဲ့ ဆုံတဲ့အခါ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ အရာ (၅)မျိုး"

 
ပထမဆုံး ချစ်သူနဲ့ ချိန်းတွေ့ရမယ့်နေ့မှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ပြောရင်ကောင်းမလဲဆိုပြီး တွေးဖြစ်ကြတယ်ဟုတ်။ စိတ်ဝင်စားစရာလည်းကောင်းအောင်၊ တစ်ဖက်လူလည်း မပျင်းရအောင်၊ စိတ်မပျက်ရအောင်ပေါ့။ ဘာပဲဖြစ်ဖြစ် ပထမဆုံး ချိန်းတွေ့ကြတဲ့နေ့ဟာ အနည်းအကျဉ်းတော့ အနေရခက်ပြီး အူကြောင်ကြောင်နိုင်တယ် မဟုတ်လား။ ဒီတော့ အဲ့ဒီလို ကိုယ့်တွဲတော့မယ့် အဖြေပေးလိုက်ပြီဖြစ်တဲ့ ချစ်သူအမျိုးသားကောင်လေးနဲ့အတူရှိချိန်မှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ပြောသင့်သလဲ၊ အမျိုးသားတွေက သင့်ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်သွားစေမယ့် အရာတွေက

၁။ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေထက် ခရီးထွက်တုန်းက ကြုံရတဲ့အရာတွေကို ဝေမျှပြောဆိုတာမျိုး

စစ်တမ်းကောက်ကြည့်မယ်ဆိုရင် ချိန်းတွေ့တဲ့အတွဲတွေထဲမှာ ၈ရာခိုင်နှုန်းသာ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေပြောပြီး အဆင်ပြေသွားတာရှိပါတယ်။ များသောအားဖြင့် အဲ့ဒီလို ဇာတ်ကားအကြောင်း ပြောရင် နောက်ထပ် ဒိတ်ထပ်မလုပ်ဖြစ်တော့တာ များလို့ပါ။ အဲ့ဒီအစား အခြားသော စုံတွဲတွေကတော့ ခရီးသွားရခြင်းက ဘယ်လိုဆိုတာမျိုးတွေ ပြောခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အဲ့ဒီ့အကြောင်းအရာမျိုး ပြောတဲ့ အမျိုးသမီးတွေကို ပိုစိတ်ဝင်တစား အာရုံစိုက်နားထောင်ပေးလေ့ရှိပါတယ်။ တစ်ချိန်တည်းမှာ သင်သွားခဲ့ဖူးတဲ့နေရာတွေ၊ အတွေ့အကြုံတွေပြောရင်းနဲ့ သင်သွားချင်တဲ့နေရာတွေကိုပါ ထည့်ပြောသွားနိုင်တယ်လေ။

၂။စကားပြောတဲ့အခါ တစ်ဖက်သတ် ပြောဆိုတာမျိုး မလုပ်ပဲ နှစ်ဖက်မျှအောင် နားထောင်ပြောဆိုတာမျိုး

ပထမဆုံးနေ့မှာ တစ်ယောက်အကြောင်း တစ်ယောက်သိသွားအောင် ကိုယ့်အကြောင်း သူ့အကြောင်း ဖလှယ်ပြောဆိုရတာမျိုးပါ။ ပြောဆိုရင်းနဲ့ နှစ်ဦးသားတူညီတဲ့အရာလေးတွေ တွေ့ရင် ဒါပျော်စရာပေါ့။ ဒါပေမယ့် သင်က တစ်ဖက်သတ်ဆန်ဆန် သင်ချည်းပြောဆိုနေမယ်ဆိုရင်တော့ တစ်ဖက်လူလည်း အနည်းအကျဉ်း စိတ်ညစ်သွားမှာပါ။
ဘာဆိုဘာမှမပြောပဲ နားချည်းထောင်နေမယ်ဆိုရင်လည်း မကောင်းပါဘူး။ မျှမျှတတလုပ်ဆောင်တတ်ပါစေ။

၃။သင့်ခံစားချက်၊ ကိုယ်ရေးကိုယ်တာ တစ်ချို့ကို အကုန်မဟုတ်တောင် အနည်းအကျဉ်း ဖွင့်ဟပြောဆိုတတ်တာမျိုး

တစ်ဖက်လူနဲ့ သင့်လျှို့ဝှက်ချက်အားလုံးကို တစ်ခုမကျန် ပြောဆိုနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အတွက် အပျော်ရွှင်ရဆုံးလို့ ခံစားရချိန်တွေဟာ ဘယ်အချိန်တွေလဲ ဆိုတာမျိုး၊ သင့်စိတ်ထဲ အမြဲကြောက်ရွံမိနေတဲ့ အချိန်တွေက ဘာတွေဆိုတာမျိုး..စတာလေးတွေကိုတော့ သင်သူတို့ကို ဝေမျှနိုင်ပါတယ်။ ဒါဟာ သင်တို့နှစ်ဦးကြားထားရှိတဲ့ သံယောဇဉ်ကြိုးကိုတောင် ပိုခိုင်မာစေပါတယ်တဲ့။

၎။သိချင်တဲ့ မေးခွန်းမျိုးဆိုရင်လည်း မေးဖို့တွန့်ဆုတ်မနေတတ်တာမျိုး

တစ်ခါတစ်လေ ဒီလိုမေးခွန်းမျိုး မေးလို့မှ သင့်တော်ပါ့မလားရယ်လို့ သူရော ကိုယ်ရောတွေးပြီး သာမာန်မေးခွန်းတွေဖြစ်တဲ့ မောင်နှမက ဘယ်နှစ်ယောက်ရှိတာလဲ။ ၀ါသနာပါတဲ့အရာတွေက ဘာတွေလဲဆိုတဲ့ မေးခွန်းတွေကိုသာ တစ်ယောက်နဲ့တစ်ယောက် မေးတတ်ကြပါတယ်။ သင့်စိတ်ထဲ သူနဲ့ပတ်သက်ပြီး ရည်းစားဘယ်နှစ်ယောက်ထားခဲ့သလဲ။ ဘယ်သူ့ကို အသည်းခွဲခဲ့ဖူးသလဲ။ ကိုယ်ဝန်ဖျက်ကြတဲ့ကိစ္စတွေကို ဘယ်လိုမြင်သလဲ၊ လက်မထပ်ပဲ အတူနေလာကြတာကို ဘယ်လိုမြင်သလဲ စတဲ့ မေးခွန်းမျိုးတွေကိုလည်း မေးဖို့ ၀န်မလေးပါနဲ့။

၅။ တစ်ဖက်လူကို ခန့်မှန်းတဲ့ မေးခွန်းလေးတွေ မေးတတ်တာမျိုး

လူတစ်ယောက်ဟာ ဘယ်လိုသွင်ပြင်မျိုးဆိုရင် ဘယ်လိုအကျင့်မျိုးရှိတတ်တယ်၊ ဘယ်လိုကာလာမျိုး သဘောကျ၇င် သူ့ဟာ ဘယ်လိုလူမျိုး စတဲ့ ခန့်မှန်းနိုင်တဲ့ မေးခွန်းလးတွေ မေးကြည့်ပါ။ ဒါ့အပြင် ဘီယာကြိုက်သလားဆိုတာမျိုးပေါ့။ ဘီယာကြိုက်တဲ့သူတွေထဲက ၆၀ရာခိုင်နှုန်းဟာ သူတို့ဒိတ်လုပ်တဲ့သူတွေနဲ့ သိပ်မကြာခင် အတူနေဖြစ်ကြတာများပါတယ်။ သင်သိထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးသူ့ကို ကြိုတင်ခန့်မှန်းကြည့်လိုက်ပါ။

Credit : http://www.trend.com.mm/2015/10/19/relationships-7906

No comments:

Subscribe

လာလည်သူများ

free counters