♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 18, 2015

" မာမာရဲ့ ကြက်သား ထမင်းကြော် "

ဒီထမင်းကြော်လေးက မာမာ့သမီးလေးကြော်ထားတာပါ သူကျောင်းပိတ်တဲ့ရက်တွေမှာထမင်းချက် ဟင်းချက် မုန့်လုပ်ရတာကို ဝါသနာပါတဲ့ အလျှောက်မီးဖိုဆောင်ထဲ ဝင်ဖြစ်ပါတယ် တစ်ခါတရံ သူစားချင်တာကိုသူ့ဘာသာသူ ချက်တတ်သလို ကျမတို့စားချင်တာလေးတွေကိုလဲ သူ့စိတ်ကူးနဲ့သူ ချက်ပေး တတ်ပါတယ်။

အခု ထမင်းကြော်လေးကိုလဲ သူ့စိတ်ကူးနဲ့သူ ကြော်ထားတာပါ ဒါပေမဲ့ အရမ်းစားလို့ကောင်းပါတယ် မာမာကတော့ သူကြော်ထားတာလေး စားပြီး သူ့ထမင်းကြော်ကို နံမည်ပေးလေးတစ်ချုပးမိခဲ့ပါတယ်
လျာပေါ်ဝဲ ထမင်းကြော်လေးလို့ပေါ့နော် စားလိုက်တိုင်း အရသာကောင်းပြီး လျာပေါ်မှာ အရသာရှိရှိလေးရ တာကြောင့်မို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

သူကြော်တဲ့နည်းလေးပြောပြပါ့မယ်

  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ခပ်ပါးပါး လှီးထားသော ကြက်သားပြား - လက်ဖက်ရည်ပန်းကန်လုံး တလုံး
  • ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် တလုံးစာ
  • အနေတော်လှီး ထားသောကြက်သား - 150g 
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  ကြော်ရန်အတွက်
  • ဆီကိုအပူပေးပြီး ဆီပူလာပါ ကြက်သွန်နီကို ညိုသွားတဲ့ထိကြော်ပေးပါ
  • ကြက်သားကို လေးမိနစ်လောက်ထဲ့ ကြော်ပေးပါ
  • ကြက်သားကျက်သွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  • ထမင်း  ဆား အရသာမှုန့်နှင့် ပဲငံပြာရည်တို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာနှစ်မိနစ်လောက် ကြော်ပေးပြီးရင်ရပါပြီ။
Credit : http://mmlazp.blogspot.co.uk/2015/10/hta-min-kyaw.html?m=0

No comments:

Subscribe

လာလည်သူများ

free counters