♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 24, 2015

" အမျိုးသမီး ထုရဲ့ ၃ ပုံ ၁ ပုံဟာ ညစ်ညမ်း ရုပ်ရှင်တွေကို ပုံမှန် အားဖြင့် ကြည့်ရှုလေ့ရှိ "

 
အမျိုးသမီး ထုရဲ့ ၃ ပုံ ၁ ပုံဟာ ညစ်ညမ်း ရုပ်ရှင်တွေကို ပုံမှန် အားဖြင့် ကြည့်ရှုလေ့ရှိတယ်လို့ စစ်တမ်းကောက်ယူမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

စစ်တမ်းကောက်ယူမှု အရတော့ အမျိုးသမီးတွေဟာ အဲဒီလို ညစ်ညမ်း ရုပ်ရှင် ပုံမှန်ကြည့်ရှု ဖို့အတွက် ဘယ်သူကမှ အတင်းအကျပ် စေခိုင်းခြင်းမရှိပဲ သူတို့ သဘောနဲ့ သူတို့ ကြည့်နေကြတာဖြစ်ပါတယ်။ ထို ၃ ပုံ ၁ ပုံ သော အမျိုးသမီး ထုရဲ့ ၃ ပုံ ၂ ပုံကတော့ ထိုရုပ်ရှင်တွေကို သူတို့ရဲ့ စမတ်ဖုန်းတွေက တစ်ဆင့် ကြည့်ရှုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုကြည့်ရှုခြင်းဟာ သူတို့ကို လျင်မြန်စွာ အထွတ်အထိပ် ရောက်စေနိုင်လို့ပါ။

ဒီ စစ်တမ်းကောက်ယူမှု တစ်ကမ္ဘာလုံးက အမျိုးသမီး အားလုံးကို မေးမြန်းထားတာတော့ မဟုတ်ပါဘူး။ အမျိုးသမီး အယောက် ၃၀၀၀ ခန့်ကို ပဲ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီအခါမှာတော့ ထို အမျိုးသမီး အယောက် ၃၀၀၀ ရဲ့ ၈၃ ရာခိုင်နှုန်းဟာ Straight တွေဖြစ်ကြပါတယ်။ ဆိုလိုချင်တာက သူတို့ဟာ ဆန့်ကျင်ဘက်လိင်နဲ့ အချစ်ရေး တွေ ရှိကြပြီး အဲဒီ ၈၃ ရာခိုင်နှုန်း သော အမျိုးသမီးတွေထဲကမှ ၃၁ ရာခိုင်နှုန်းက
သူတို့ဟာ တစ်ပတ်တစ်ခါတော့ ညစ်ညမ်း ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

၃၀ ရာခိုငှ်ုန်းကတော့ တစ်လ မှာ အကြိမ်ရေ အနည်းငယ်သာ ကြည့်ရှုဖြစ်တယ်လို့ ၀န်ခံထားပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ ကြည့်ချင်စိတ်ရှိတဲ့ ညစ်ညမ်းရုပ်ရှင် အမျိုးအစားတွေကို စစ်တမ်း ကောက်ယူကြည့်တဲ့အခါမှာတော့ ၆၃ ရာခိုင်နှုန်း ဆန့်ကျင်ဘက်လိင်နဲ့ ဆက်ဆံတဲ့ ညစ်ညမ်းရုပ်ရှင် အမျိုးအစားကို စိတ်ဝင်စားကြပြီး ၄၄ ရာခိုင်နှုန်းကတော့ အမျိုးသမီးချင်း လိင်တူ ဆက်ဆံတဲ့ ဗီဒီယိုတွေကို ရှာဖွေလေ့ရှိပါတယ်တဲ့။

ထို အမျိုးသမီးတွေရဲ့ ၉၀ ရာခိုင်နှုန်းကတော့ ထို ညစ်ညမ်းရုပ်ရှင်တွေကို အွန်လိုင်းမှာပဲ ကြည့်ရှုကြပြီး ၇၃ ရာခိုင်နှုန်းကတော့ ရွေးချယ်ပြီးမှာ ကြည့်ရှုလေ့ရှိတယ်လို့ ဆိုကြပါတယ်။

ရုပ်သံ အစီအစဉ်တင်ဆက်သူဟောင်းတစ်ယောက်ဖြစ်ပြီး ဓါတ်ပုံဆရာမ တစ်ယောက်အဖြစ်နဲ့လည်း ရပ်တည်နေတဲ့ Amanda de Cadenet ဆိုသူအမျိုးသမီးက ထို အမျိုးသမီးတွေ ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့ကိစ္စ ကို စစ်တမ်းကောကယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Marie Claire မဂ္ဂဇင်းအတွက် အမျိုးသမီးတွေရဲ့ အချစ်ရေးမှာ ညစ်ညမ်းရုပ်ရှင်တွေဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတဲ့ အကြောင်းအရာကို ချပြခဲ့ကြတာပဲဖြစ်ပါတယ်။

Mario - သစ်ထူးလွင်
Ref : Mirror

Credit : http://www.lwinpyin.com/2015/10/blog-post_859.html

No comments:

Subscribe

လာလည်သူများ

free counters