♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 21, 2015

"ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များအသုံးပြုတဲ့ ထူးထူးဆန်းဆန်းယာဉ်များ"

 
ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ ထိပ်သီးခေါင်းဆောင်များ အသုံးပြုတဲ့ ထူးထူးဆန်းဆန်းယာဉ်များ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

၁။ ဗလာဒီမာပူတင်
ဂျွန်လ လယ်လောက်တုန်းက ရရုးသမ္မတ ပူတင်ဟာ ဂျိမ်းစ်ဘွန်းဇာတ်လမ်းဆန်ဆန် အထူးပြုလုပ်ထားတဲ့ ရေငုပ်သဘောင်္ငယ် ကို အသုံးပြုပြီး ဖင်လန် ပင်လယ်ကွေ့ က သဘောင်္ပျက်ကို သွားရောက်ကြည့်ရှူခဲ့ပါတယ်။ ရုရှားနိုင်ငံခေါင်းဆောင်ဟာ ဒေါ်လာ ၂.၄ သန်းခန့် တန်တဲ့ အဲဒီ့အထူးရေငုပ်သဘောင်္နဲ့ ပင်လယ်ရေအောက် ပေ ၂၀၀ အထိ
ဆင်းသက် ပြီး ရေတပ်သဘောင်္ပျက် Oleg ရဲ့ အကြွင်းအကျန်တွေကို ကြည့်ရှုခဲ့တာပါ။



၂။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်မှာ တော့ အရှည် ပေ ၂၀၀ ကျော်ရှိတဲ့ ရွက်သဘောင်္တစ်စီးရှိတယ်  လို့ သူနဲ့ ရင်းနှီးတဲ့ အမေရိကန်ဘတ်စကတ်ဘောကစားသမား Dennis Rodman က ဆိုပါတယ်။ ဒစ်စနေး ကစားကွင်းက လှေလိုမျိုး ဖြစ်တယ်လို့ ဒင်းနစ်စ်က ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအွန်မှာ နောက်ထပ် ဒေါ်လာ ၄.၅ သန်းတန်တဲ့  ၉၅ ပေ အရှည်ရှိတဲ့ ဇိမ်ခံရွက်လှေသဘောင်္တစ်စင်းလည်း ရှိပါသေးတယ်။



၃။ ဘားရက် အိုဘာမား
Air Froce One လေယာဉ်ဆိုတာ အမေရိကန်သမ္မတော်တော်များများအသုံးပြုခဲ့ကြတာပါ။ ဒါပေမယ့် အိုဘားမားရဲ့ Air Force One ကတော့ အထူးပြုလုပ်ပြင်ဆင်ထားတဲ့ လေယာဉ်တစ်စီးဖြစ်ပါတယ်။ ကောင်းကင်ယံမှာ ဆီဖြည့်နိုင်တာ၊ အထူးအဆင့်မြင့် ဆက်သွယ်ရေးပစ္စည်းတွေ၊ စတာတွေကြောင့် Air Force One ဟာ အဆင့်မြင့်ရွေ့ လျားထိန်းချုပ်ခန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ လေယာဉ်ပေါ်မှာ အစည်းအဝေးခန်းမ ၊ တစ်ပြိုင်တည်း လူ ၁၀၀ ကျော်ကို ချက်ပြုတ်ကျွေးမွေးနိုင်တဲ့ စားသောက်ခန်း ၂ခန်း၊ ခွဲစိတ်ဆေးပေးခန်း၊ ဧည့်ခန်း တွေ အစုံပါဝင်တဲ့ Air Force One ဟာ အမေရိကန်သမ္မတကြီးအတွက် ပြီးပြည့်စုံတဲ့ ယာဉ်တစ်စင်း ဖြစ်လာပါတယ်။



၎။ အီတလီသမ္မတ ဂျော်ဂျီယို နပိုလီတာနို
ထိပ်တန်း ကမ္ဘာ့ခေါင်းဆောင်တွေဟာ အဆင့်မြင့် သယ်ယူပို့ ဆောင်ရေးယာဉ်တွေ အသုံးပြုနေပေမယ့် အီတလီသမ္မတ ရဲ့ စီးတော်ယာဉ်ကတော့ သူ့ ရဲ့ သုံးဘီးယာဉ်ပဲဖြစ်ပါတယ်။ သူ့ အိမ်တော်ရှေ့ မှာ အမြဲရပ်ထား တဲ့ အပြာရောင် သုံးဘီးယာဉ်ကို သမ္မတကြီးက အရမ်းနှစ်သက်တယ်လို့ သိရပါတယ်။ အစိုးရကပေးထားတဲ့ ကျည်ကာဇိမ်ခံယာဉ်ရှိပေမယ့် ဒီ သုံးဘီးကိုပဲ အများဆုံးအသုံးပြုလေ့ရှိပါတယ်။



၅။ ဂျိုဆေး မူဂျီကာ - ဥရုဂွေးသမ္မတ
ဥရုဂွေးသမ္မတကြီးကို ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ တွေထဲက တစ်ယောက်လို့ သတ်မှတ်ထားပါတယ်။ သမ္မတဟာ သူ့ ရဲ့ စည်းစိမ်ချမ်းသာမှု ၉၀ ရာခိုင်နှုန်းကို လူမှုအဖွဲ့ တွေကို လှူဒါန်းခဲ့ပြီး ၁၉၈၇ ခုနှစ်ထုတ် ဗောက်စ်ဝက်ဂွန် ကားစုတ်ကလေးကိုပဲ စီးနင်းနေပါတယ်။ အစိုးရက ပေးထားတဲ့ ဇိမ်ခံကျည်ကာ ချက်ဗလက်ကား တစ်စီးပေးထားပေမယ့် ဒီ ဗောက်စ်ဝက်ဂွန်ကားကိုပဲ အသုံးပြုတယ်လို့ သိရပါတယ်။

၆။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ များပြားထူထပ်လှတဲ့ လူအုပ်ကို နှုတ်ခွန်းဆက်တဲ့အခါမှာ လူတွေသူ့ ကို ပိုမို မြင်နိုင်အောင်လို့ အထူးပြုလုပ်ထားတဲ့ ယာဉ်ကို အသုံးပြုပါတယ်။ အမိုးဖွင့်ထားတဲ့ အဲဒီ့ ကျည်ကာယာဉ်ငယ်ကိုPopemobile လို့ အမည်ပေးထားပါတယ်။



Credit : http://www.trend.com.mm/2013/12/14/news-1113

No comments:

Subscribe

လာလည်သူများ

free counters